Chapter 7
နောက်ဆုံးတွင် ကျွင်းချင်ယွီက လက်ချောင်းများကို ဆတ်ခနဲ အားဖြင့်ရိုက်ချလိုက်ပြီး ရေပေါ်သို့ ခုန်တက်ကာ သူ့ကိုပွေ့ဖက်လိုက်သည်။
သူ့လက်ထဲရှိ လက်ချောင်းထိပ်များက အနည်းငယ်ရွေ့လျားသွားပြီး မျက်ခုံးထောင့်များကို ပွတ်တိုက်ကာ ၎င်းတို့ပေါ်ရှိ ရေစက်များကို သုတ်ပေးလိုက်သည်။ နဖူးထက်နှင့်နားရွက်နောက်မှ ရှုပ်ပွနေသည့်ဆံပင်တို့ကိုလည်း ရှင်းပေးလိုက်သည်။
ကျွင်းချင်ယွီက မျက်လုံးများမှိတ်ထားရင်း သူ့နှုတ်ခမ်းထောင့်လေးများကလည်း မြင့်တက်နေကာ အသံသေးသေးလေးများထွက်နေသည်။
"Eh~~ah''
ဖုယွမ်ချွမ်း၏ လေးနက်ပြီး ခံစားချက်မဲ့နေသည့် မျက်နှာက လျှင်မြန်စွာ ပြုံးလာပြီး ရေသူငယ်လေး၏ ဆံပင်များကို လက်ချောင်းထိပ်များဖြင့် ဖွဖွထိလိုက်သည်။
သူက အဆာပြေမုန့်တစ်ခုကိုယူပြီး ရေသူငယ်လေး၏ ပါးစပ်ထဲကိုထည့်ပေးလိုက်သည်။
ကျွင်းချင်ယွီက တစ်ကိုက်ကိုက်လိုက်သည်။ ချိုမြမြအရသာအရ ပျားရည်အရသာအသားခြောက်ဖြစ်ပုံပင်။
၎င်းက ကြာရှည်ခံအစာခြောက်အမျိုးအစားမဟုတ်ပေ။
ငါးခြောက်ကိုစားချိန်တိုင်း သူကအမြဲလိုလို ဖက်ထားရင်းစားတတ်လေသည်။ ယခုအသားခြောက်ကိုသာ ဖက်ထားပြီးစားလျှင် သူ့တစ်ကိုယ်လုံး ဖျော်ရည်တွေဖုံးလွှမ်းသွားပေလိမ့်မည်။
ကျွင်းချင်ယွီက တစ်ကိုက်ပဲစားပြီးထပ်မစားတော့ဖို့ စီစဉ်ခဲ့သော်လည်း ဖုယွမ်ချွမ်းကတော့ ထိုအတိုင်းသာ ဆုပ်ကိုင်ထားပြီး လက်မလွှတ်ခဲ့ပေ။
ကြည့်ရတာ သူ့ကိုကျွေးချင်နေပုံပင်။
ကျွင်းချင်ယွီက ဖုယွမ်ချွမ်း၏ လက်ကိုဆုပ်ကိုင်ထားကာ ငါးကန်ဘေးတွက်လဲလျောင်းနေရင်း အသားခြောက်တစ်ပိုင်းလုံးကို စားလိုက်သည်။
ဖုယွမ်ချွမ်းက သူ့လက်များကို သုတ်လိုက်ပြီး ဖျော်ရည်ပုလင်းအသေးလေးအား ဖွင့်လိုက်သည်။
ပါးစပ်ထဲက အသားခြောက်တွေကို မျိုချလိုက်ပြီး ပိုက်လေးကို ဖိလိုက်သည်။
ကျွင်းချင်ယွီသည် သစ်သီးဖျော်ရည်ကို သောက်လိုက်သည်။
ကျွင်းချင်ယွီ : "..."
သစ်သီးဖျော်ရည်၏အရသာက မကောင်းသလို ထိုဖျော်ရည်၏အရသာကိုလည်း များစွာဖော်ပြရန်ပင် မလိုအပ်ပေ။
ကျွင်းချင်ယွီသည် ထိုတစ်ကျိုက်သာသောက်လိုက်ပြီး ဖုယွမ်ချွမ်း မည်သို့ပင်တိုက်စေကာမူ ထပ်မသောက်တော့ပေ။
ထိုအချင်းရာကိုမြင်သော ဖုယွမ်ချွမ်းက သစ်သီးဖျော်ရည်ကိုဖယ်လိုက်ပြီး သကြားလုံးအပိုင်းအစတစ်ခုကို ပေးလိုက်သည်။
ယင်းမှာ အလွန်သေးငယ်သည့်အပိုင်းလေးဖြစ်ပြီး ကျွင်းချင်ယွီကလည်း စားလိုက်သည်။
သစ်သီးသကြားလုံး၏ ချိုမြိန်မှုသည် သစ်သီးဖျော်ရည်၏ ထူးဆန်းသောရနံ့ကို ဖယ်ရှားပေးရာ ကျွင်းချင်ယွီသည် သူ၏အမြီးကို ခါယမ်းကာ ငါးကန်ဘေးရှိ စင်မြင့်ပေါ်တွင် ကိုယ့်ကိုယ်ကို ဖော်ပြလိုက်သည်။
မြဲမြံစွာထိုင်နေစဥ်တွင် တစ်စုံတစ်ယောက်၏ စကားသံကို ကြားလိုက်ရသည်။
" ဘော့စ် မင်းမိသားစုဝင်လေးက အရမ်းတိတ်လွန်းတယ်၊ မင်း သူ့ပါးစပ်ကို ပိတ်ထားတာလား''
ကျွင်းချင်ယွီ : "?"
ဖုယွမ်ချွမ်းကပြောသည်
"ငါးလေးက အတော်လေးတိတ်ဆိတ်တယ်"'
သူက လိုအပ်တဲ့အခါမှသာ စကားပြောလေသည်။
''မင်းကျွန်တော့်ကို မပြရင် မယုံဘူး''
ကျွင်းချင်ယွီက သူ့ခေါင်းလေးကို ထွက်ပြူလိုက်ပြီး "Eh~''
ဗီဒီယို၏ တခြားတစ်ဖက်ကလူက ရုတ်တရက် အော်လိုက်သည်။
တစ်စုံတစ်ယောက်က ကျွင်းချင်ယွီကို နှုတ်ဆက်လိုက်သည်။
''ဟေး မင်္ဂလာပါ ရေသူလေးရေ''
ကျွင်းချင်ယွီက သူ့မျက်နှာကိုပြပြီးနောက် ရေထဲသို့ တစ်ဖန်ငုပ်လိုက်သည်။
ဒါကိုမြင်တော့ ဖုယွမ်ချွမ်းကပြောလိုက်သည်။
"အစည်းအဝေးပြီးပြီ၊ ပြန်သွားပြီးတော့ ပြင်ဆင်ပါ"
''ဟုတ်ကဲ့''
''စိတ်မပူပါနဲ့၊ သေချာလုပ်ခဲ့ပါ့မယ်''
ဖုယွမ်ချွမ်း အစည်းအဝေးပြီးသွားသည်ကို မြင်သောအခါ ကျွင်းချင်ယွီကရေမျက်နှာပြင်ပေါ် တက်လာပြီး သူ့လက်မောင်းများအားဖွင့်ထားကာ ပြောလိုက်သည်။
"Eh"
အချိန်အတော်ကြာ ဖြတ်သန်းလာပြီးနောက် ဖုယွမ်ချွမ်းသည် ရေသူငယ်လေး၏လုပ်ရပ်က ဘာကိုဆိုလိုကြောင်း အကြမ်းဖျင်းခန့်မှန်းနိုင်နေပြီဖြစ်သည်။
ဖုယွမ်ချွမ်းက သူ၏လက်များအား ဆန့်တန်းလိုက်သည်။
ကျွင်းချင်ယွီက သူ့လက်ချောင်းများကို အားပြုပြီး ရေပေါ်ကို အရှိန်ဖြင့်ခုန်တက်လာခဲ့သည်။
စိုစွတ်နေသည့်အမြှီးက လက်များကို မလွဲမသွေ စိုသွားစေလိမ့်မည်။
ဖုယွမ်ချွမ်းက သူ့လက်ပေါ်ရှိရေများကို မခြောက်သွေ့စေခဲ့ပေ။
ရေသူလေးက စိုစွတ်သည့် ပတ်ဝန်းကျင်တွင် ပို၍သက်တောင့်သက်သာ ရှိပေလိမ့်မည်။
ရေသည် ရေသူငယ်လေးအတွက်အချိန်အကြာကြီးနေနိုင်သည့်အကောင်းဆုံးနေရာဖြစ်ရကား သူ့လက်များကိုလည်း ငါးငယ်လေး၏ အသိုက်ကဲ့သို့ ဖြစ်နေစေလိုက်သည်။
ကျွင်းချင်ယွီက သူ၏ငါးအမြှီးကို ဖုယွမ်ချွမ်း၏ လက်ကောက်ဝတ်တွင် တင်ကာ ရုပ်ပိုင်းဆိုင်ရာအခြေအနေကို ထပ်မံစစ်ဆေးခဲ့သည်။
သို့သော် သူ၏ဝိညာဉ်စွမ်းအားများက ပျံ့နှံ့သွားပြီး ပြန်ဝင်လာသဖြင့် ကျွင်းချင်ယွီ အံ့အားသင့်သွားသည်။
မနေ့က ဖုယွမ်ချွမ်း၏ကိုယ်ထဲသို့ သူထည့်ပေးလိုက်သော ဝိဥာဥ်စွမ်းအားက တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။
ပျောက်ကွယ်သွားသော အရှိန်သည် အလွန်နှေးကွေးသော်လည်း နောက်ဆုံးအကြိမ်စစ်ဆေးခဲ့စဥ်ကထက် များစွာလျော့နည်းနေသည်။
ဘယ်လိုဖြစ်တာလဲ
ကျွင်းချင်ယွီက သူ၏ပါးစပ်ထောင့်ကို ဖိလိုက်ကာ ဖုယွမ်ချွမ်း၏ ရောဂါသည် အပေါ်ယံတွင်မြင်နေရသလောက် မရိုးရှင်းကြောင်း ခံစားလိုက်ရသည်။
နောက်ကွယ်မှာ အခြားဇာတ်လမ်းတစ်ခုရှိရမည်။
ဖုယွမ်ချွမ်းက စာရွက်များအား အမျိုးအစားခွဲပြီးနောက် မနက်ဖြန်အတွက် ရေသူငယ်လေး၏အစားအသောက်အား ပြင်ဆင်ရန် မီးဖိုချောင်သို့ သွားလိုက်သည်။
ဖုယွမ်းချွမ်းက ပြောလိုက်သည်။
''ကိုယ်မနက်ဖြန် မနက်စောစော အပြင်သွားဖို့ရှိတယ် ၊ တစ်ယောက်ယောက်က မင်းကိုလာဂရုစိုက်ပေးလိမ့်မယ်၊ အဲ့ဒီလူက မင်းအခု အစည်းအဝေးမှာ တွေ့ခဲ့တဲ့လူလေ''
"အာ.."
ကျွင်းချင်ယွီက သူ့ကို ဂရုစိုက်ဖို့ ဘယ်သူ့ကိုမှ မလိုအပ်ဘူးလို့ ပြောချင်ခဲ့သည်။ သူ့ကိုယ်သူ ရေထဲမှာ စိမ်ထားရင်း တစ်နေ့တာက ကုန်သွားမှာပင်။
ဖုယွမ်ချွမ်းက မနက်၊ ညလယ်နှင့် ညနေဟူ၍ ပန်းကန်သုံးခု ခွဲထားပြီး ရေသူငယ်လေးမကြိုက်သော သစ်သီးနှင့် အသီးအရွက်များကို လျော့၍ထည့်လိုက်သည်။
ကျွင်းချင်ယွီက အစားကို စိတ်မဝင်စားပဲ ဖုယွမ်ချွမ်း၏ လက်ကို ကိုင်ပြီး ဝိဥာဥ်စွမ်းအား ထုတ်လွှတ်ရန်သာ အာရုံစိုက်လိုက်သည်။
ကုန်ဆုံးသွားသော ဝိဥာဥ်စွမ်းအားကို ပြန်ဖြည့်တင်းရန်လိုအပ်သည်။
ထိုမှသာ မနက်ဖြန်၌ ဖုယွမ်ချွမ်းထွက်သွားပြီး ဇာ့ဂ်တစ်ကောင်နှင့် တွေ့ပါက တိုက်ခိုက်နိုင်ရန် အခွင့်အလမ်း ပိုများမည်ဖြစ်သည်။
ဖုယွမ်ချွမ်း နာမကျန်းဖြစ်လျှင်တောင်မှ ဝိဥာဥ်စွမ်းအင်က စိတ်စွမ်းအင်ကို ဖိနှိမ်ဖို့ လုံလောက်ပြီး ဖုယွမ်ချွမ်း၏ လုံခြုံရေးအတွက် အရံအကာအကွယ်တစ်ခုအဖြစ် မှတ်ယူနိုင်သည်။
ဖုယွမ်ချွမ်းက နောက်နေ့အတွက် အစားအစာများကို ပြင်ဆင်ပြီး တစ်ခုခုပြောရန်ပြင်လိုက်သည်။
သူ့လက်ဖဝါးထဲရှိ ရေသူငယ်လေးအားမြင်လိုက်ရသောအခါ အံ့အားသင့်သွားသည်။
အသေးလေးက သူ့လက်ဖဝါးထဲတွင် ကွေးနေပြီး ငါးအမြှီးက တစ်ဖက်တွင် တွန့်နေကာ သူ့လက်ကောက်ဝတ်အား ရံဖန်ရံခါ ပွတ်တိုက်နေသည်။
ရေသူငယ်လေး၏ ဒီလိုပုံစံက အလွန်ကြည့်ကောင်းသည်။
ကျွင်းချင်ယွီက ဖုယွမ်ချွမ်း၏ ထိုကဲ့သို့ အကြည့်ကို ရိပ်မိပြီး သူ့ကိုခေါင်းမော့ကာ စိုက်ကြည့်လိုက်သည်။'
'Eh?''
ဘာမှားနေလို့လဲ
ဖုယွမ်ချွမ်းက ရေသူငယ်လေး၏အမြီးကို ညင်သာစွာထိလိုက်ပြီး မေးလိုက်သည်။
"တစ်ကိုက်လောက်စားချင်လား"
ဖုယွမ်ချွမ်းလက်ထဲမှ ခရမ်ချဥ်သီးသေးလေးများကိုကြည့်ကာ ကျွင်းချင်ယွီ လှည့်လိုက်ပြီး လက်ဖဝါးပေါ်မှာ လှဲလိုက်သည်။
ကြယ်တာယာခေတ်က သစ်သီးနှင့်အသီးအရွက်တွေကို ငါတကယ်မစားနိုင်ဘူး။ အရသာကထူးဆန်းလွန်းတယ်။
ခေါင်းညိတ်ခေါင်းခါပင် လုပ်စရာမလိုပါချေ။ ငြင်းဆန်မှုက ရှင်းလင်းလို့နေသည်။
ယင်းကိုကြည့်ပြီးနောက် ဖုယွမ်ချွမ်းက ခရမ်းချဉ်သီးများကို ပန်းကန်ထဲပြန်ထားလိုက်သည်။ အရာအားလုံးကို ပြင်ဆင်ထုပ်ပိုးပြီး ရေခဲသေတ္တာထဲထည့်ထားပြီးပြီဖြစ်သည်။
နောက်ဆုံးတွင် မီးဖိုချောင်သုံးပစ္စည်းများကို သပ်ရပ်စွာပြင်ဆင်ပြီးနောက် ဖုယွမ်ချွမ်းက ရေသူလေးနှင့်အတူ စာကြည့်ခန်းကိုပြန်လာခဲ့သည်။
ကျွင်းချင်ယွီမှာ ငါးကန်ထဲ ပြန်ထည့်ခံလိုက်ရသည်။
ဖုယွမ်ချွမ်းက အနားယူဖို့မသွားခဲ့ပေ။ သူက စားပွဲတွင်ထိုင်ကာ အလုပ်လုပ်နေလေသည်။
ဖုယွမ်ချွမ်း အလုပ်လုပ်နေသည်ကိုကြည့်ကာ ကျွင်းချင်ယွီခေါင်းလေးစောင်းလိုက်သည်။ မနက်ဖြန် သူသွားရမှာမဟုတ်ဘူးလား။
အစည်းအဝေးပြီးတော့ အပြင်ဘက်မှာမှောင်နေပြီဖြစ်သည်။ ထို့အပြင်သူက မီးဖိုချောင်မှာလည်း အတော်ကြာအောင် အလုပ်ရှုပ်နေခဲ့ရာ အလွန်နောက်ကျနေပြီပင်။
ဘာလို့ ဖိုင်တွေကိုဖတ်ပြီးရင် အိပ်ယာကိုမသွားရသေးတာလဲ။
လုံလောက်အောင်မအိပ်စက်ပါက ခန္ဓာကိုယ်ခုခံအားကိုလျော့ကျစေပြီး မနက်ဖြန် အပြင်သွားပြီး ဇာ့ဂ်နှင့်တွေ့ဆုံပါက အန္တရာယ်များပေသည်။
ကျွင်းချင်ယွီ ငါးကန်ကို ပုတ်ကာ အသံထွက်အောင် ပြုလိုက်သည်။
"Eh!"
အသံကြားသည့်အခါ ဖုယွမ်ချွမ်းက ဖိုင်တွေကိုပစ်ချပြီး လျှောက်လာကာ အနည်းငယ်အစိုးရိမ်ကြီးနေဟန်ပေါ်နေသည့်ရေသူငယ်လေးကို ကြည့်လိုက်သည်။ သူစိတ်လှုပ်ရှားသွားပြီး တစ်ခုခုဖြစ်နေသည်ဟု ထင်လိုက်မိသည်။
"ဘာဖြစ်လို့လဲ "
သိပ်မဝေးသည့်နေရာမှအိပ်ယာကို ကျွင်းချင်ယွီညွှန်ပြလိုက်သည်။
"အာ"
ဖုယွမ်ချွမ်းက ရေသူငယ်လေး ထိုနေရာကိုသွားလိုသည်ဟု တွေးလိုက်ပြီး ငါးကန်ကိုမကာ နှစ်လှမ်းမျှလျှောက်လိုက်ပြီးမှ မေးလိုက်သည်။
"မင်း ကိုယ့်ကို သွားအိပ်စေချင်တာလား"
ကျွင်းချင်ယွီ ခေါင်းညိတ်လိုက်ပြီး ပြတင်းပေါက်ကို ထပ်မံ၍ညွှန်ပြလိုက်ပြန်သည်။
အပြင်မှာမှောင်နေပြီကို မအိပ်သေးဘူးလား။
ဖုယွမ်ချွမ်းက ရေသူငယ်လေး၏ဦးခေါင်းကို ထိလိုက်ပြီး အသစ်ပို့လာသည့်စာရွက်စာတမ်းတွေအကြောင်းတွေးလိုက်ကာ ချော့မြူလိုက်သည်။
"ကျန်နေသေးတဲ့စာတမ်းတွေဖတ်ပြီးမှ ကိုယ်အိပ်ရင်ရော?"
ကျွင်းချင်ယွီက ဖုယွမ်ချွမ်း၏လက်ကိုဖက်ကာ သူ့လက်ချောင်းတွေကို ပွတ်သပ်လိုက်ကာဖြင့် ထိုလက်ချောင်းတွေကို ပါးပြင်လေးဖြင့်ဖိလိုက်ပြီး ဖုယွမ်ချွမ်းကို ကြည့်လိုက်သည်။
စကားမပြောသလို ဘာမှမပြောတော့ပေ။
တိတ်ဆိတ်နေပြီး ဘာမှဖြစ်မလာတော့ပေ။
လှပပြီးစိုစွတ်နေသည့်မျက်ဝန်းတစ်စုံကသာ သူ့ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေ၏။
ဒါက...
သူအတင်းအကြပ်ငြင်းဆန်ပြီး သူ့တာဝန်တွေပြီးအောင်လုပ်ဖို့ စားပွဲမှာ ထိုင်လိုက်သင့်သည်။
သို့သော်လည်း ထိုမျက်လုံးများဖြင့်ဆုံပြီးနောက်တွင် ငြင်းဆန်လိုသည့်စကားလုံးများက ရစ်ဝဲကာပျောက်ကွယ်သွားပြီး ပြောဖို့စိတ်ပင်မကူးနိုင်တော့ပေ။
စစ်မြေပြင်တွင် မရေမတွက်နိုင်သော ရန်သူများစွာကို ဆုတ်ခွာသွားအောင်လုပ်နိုင်သည့် မာရှယ်လ်ဖုတွင် ခုခံနိုင်စွမ်းမရှိတော့ပေ။
ရေသူငယ်လေးက ဘာမှမပြောဘဲ ဒီအတိုင်းကြည့်နေတာကြောင့် ဖုယွမ်ချွမ်းမှာလည်း သူ့တောင်းဆိုချက်တွေကို မငြင်းဆန်နိုင်တော့ချေ။
ဖုယွမ်ချွမ်းက သက်ပြင်းချကာ ညှိနှိုင်းသည့်အသံလေးဖြင့် ဆိုလိုက်သည်။
"ကိုယ်အခုသွားအိပ်တော့မယ်"
"Eeee"
ပန်းတိုင်ကအောင်မြင်သွားသည့်အခါ ကျွင်းချင်ယွီ သူ့လက်ကိုလွှတ်ပေးလိုက်ပြီး ငါးကန်အောက်ခြေကိုနစ်မြုပ်သွားရင်း စက်ဝိုင်းတစ်ခုပြုလုပ်လိုက်လေသည်။
ငါးအမြီးထိပ်တွင် ရေသဏ္ဍာန်အမှတ်အသားတစ်ခုကို ရေးဆွဲထားသကဲ့သို့ပင် လှပလွန်းသည်။။
ရေအောက်မှ ရေသူငယ်လေးက သေးငယ်သည့်ပူဖောင်းလေးများကို မှုတ်ထုတ်ရင်း လှည့်ပတ်ကာ သူအိပ်ရန်အတွက် အခွံအိပ်ယာလေးကိုဖွင့်လိုက်သည်။
သူကလက်ကိုယမ်းပြလိုက်သည်။
ကောင်းသောညပါ။
ရေသူငယ်လေး အိပ်စက်တော့မည့်ပုံပေါ်နေသည်ကိုကြည့်ကာ ဖုယွမ်ချွမ်း ပြောလိုက်သည်။
"ကောင်းသောညပါ"
အခွံလေးပိတ်သွားသည်ကိုကြည့်ပြီး ဖုယွမ်ချွမ်းက စားပွဲထံလျှောက်သွားကာ ပြင်ဆင်ပြီးသားနှင့်မပြင်ဆင်ရသေးသည့် စာရွက်စာတမ်းများကိူ ခွဲထုတ်လိုက်သည်။ ထို့နောက် ပထမဆုံးဆေးကြောလိုက်ပြီးမှ အနားယူလိုက်လေသည်။
ယင်းတို့ကိုအပြီးသတ်ဖို့ မနက်ဖြန်မှာ စောစောထဖို့ စီစဥ်လိုက်၏။
အခွံလေး၏ပွင့်ဟနေသည့်နေရာကိုဖြတ်၍ ကျွင်းချင်ယွီက ဖုယွမ်ချွမ်းမီးပိတ်ကာ သူ၏နူးညံ့သည့်ကူရှင်ထက်တွင် လှဲချလိုက်သည်ကို စောင့်ကြည့်နေသည်။
ခဏကြာပြီးနောက် အခန်းထဲတွင် တိုးတိတ်ပြီး တည်ငြိမ်သည့် အသက်ရှုသံသာ ရှိတော့သည်။
---
နောက်နေ့မနက်စောစော။
ဖုယွမ်ချွမ်းက အိပ်ပျော်နေဆဲဖြစ်ပြီး ကျွင်းချင်ယွီကနိုးနေပြီဖြစ်သည်။
ယနေ့မနက်မှာ ဖုယွမ်ချွမ်းအပြင်သွားရမည်ကိုသိသဖြင့် သူ့ကိုယ်သူ အကြာကြီးမအိပ်ဖို့ တွန်းအားပေးခဲ့ရသည်။
သူကမျက်လုံးကိုဖွင့်လိုက်တော့ အချိန်မှန်ကြောင်း တွေ့လိုက်ရသည်။ ဖုယွမ်ချွမ်းက ထွက်မသွားရသေးပေ။ အပြင်ဘက်မှ ကောင်းကင်က အလင်းရောင်ထွက်လာပြီဖြစ်၏။
ဖုယွမ်ချွမ်းက မနေ့ညက သူမအိပ်မှီ ငါးကန်ကို ဘေးရှိစားပွဲကို ရွှေ့ခဲ့သည်။
စားပွဲ၏အမြင့်နှင့်အိပ်ယာက တပြေးညီတည်းပင်။
ကျွင်းချင်ယွီက ငါးကန်ထောင့်ကို အမှီသဟဲပြုထားရာ အိပ်ယာထက်အနည်းငယ် ပို၍မြင့်လေသည်။
ကျွင်းချင်ယွီက သူ့မေးကို လက်တစ်ဖက်ဖြင့်ထောက်ကာ ခေါင်းအနည်းငယ်စောင်းလျက် ဖုယွမ်ချွမ်းဘယ်အချိန်နိုးလာမလဲဆိုတာကို စိတ်ဝင်စားစွာ ကြည့်နေလေသည်။
ဖုယွမ်ချွမ်းက မနေ့က အချိန်အတိအကျ မပြောခဲ့ပေ။
ခဏအကြာမှာ သူနိုးလာသင့်သည်။
သို့သော်လည်း အပြင်ဘက်မှဘဲလ်သံမြည်လာသည်အထိ ဖုယွမ်ချွမ်းက သတိနိုးကြားမလာပေ။
ကျွင်းချင်ယွီ မျက်ခုံးပင့်လိုက်ကာ သူ၏ဝိညာဥ်စွမ်းအင်ထုတ်လွှတ်ပေးမှုကြောင့်ဟု ခံစားလိုက်ရသည်။
မနေ့က ဖုယွမ်ချွမ်းအိပ်ပျော်သွားသည်နှင့် သူအိပ်ယာကိုမသွားမှီ ဝိညာဥ်စွမ်းအင်အချို့ကို ထည့်ပေးလိုက်သည်။ ယင်းက ဝိညာဥ်စွမ်းအင်တွင်ပါဝင်သည့် ကဏ္ဍတစ်ခုဖြစ်ပြီး မတည်ငြိမ်ဖြစ်နေသည့်စိတ်စွမ်းအင်ကို သက်သာစေကာ တင်းကြပ်နေသည့်အာရုံကြောများကိုပြေလျော့စေပြီး ပိုမိုနှစ်ခြိုက်စွာ အိပ်ပျော်စေလိမ့်မည်။
ဒါပေမယ့်...
ဖုယွမ်ချွမ်းနိုးမလာမှတော့ ဘယ်သူက တံခါးသွားဖွင့်မှာလဲ။
Xxxxxxx