Chapter 8
ကျွင်းချင်ယွီ သူ့အမြှီးနှင့်ပိတ်ထားသည့် စာကြည့်ခန်းတံခါးကို ကြည့်လိုက်သည်။
တံခါးဖွင့်ပေးရန်အပြင်ထွက်ဖို့ရာ မဆိုထားနှင့်၊ စာကြည့်ခန်းအပြင်ကိုပင် မထွက်နိုင်ပေ။
ယခုမူ ဖုယွမ်ချွမ်းကို နှိုးဖို့ နည်းလမ်းတစ်ခုရှာရုံသာရှိတော့သည်။
အပြင်ဘက်မှ တံခါးခေါက်သံက ဖုယွမ်ချွမ်းကို မနှိုးနိုင်ချေ။ ကျွင်းချင်ယွီမှာ သူကိုယ်တိုင် လုပ်ရန်သာရှိတော့၏။
"Eh!"
တိတ်ဆိတ်နေသည်။
"Eh-yah!"
တိတ်ဆိတ်နေဆဲပင်။
ကျွင်းချင်ယွီ : "..."
မနှိုးနိုင်သည့်အခါ ကျွင်းချင်ယွီအနေဖြင့် ငါးကန်အပြင်ဘက်ကို ခုန်ထွက်ရုံမျှသာ။
ကံကောင်းစွာဖြင့် ငါးကန်က စားပွဲစွန်းတွင်ရှိနေပြီး အိပ်ယာနှင့်နီး၏။
ကျွင်းချင်ယွီက တစ်လှမ်းစာမျှ ခုန်လိုက်သည်။
ဘေးရှိခေါင်းအုံးအပေါ်တည့်တည့် ပြုတ်ကျသွားပြီးနောက် အသံတစ်ခုထွက်လာသည်။
သူနှင့်အတူပါလာသည့်ရေများက အိပ်ယာခင်းနှင့်ခေါင်းအုံးကို စိုစွတ်သွားစေ၏။
ကျွင်းချင်ယွီ ခေါင်းအုံးပေါ်လှဲနေပြီး ဖုယွမ်ချွမ်း၏ဘေးတိုက်မျက်နှာက သူနှင့်လက်တစ်ကမ်းတွင်ဖြစ်သည်။
"Eh..."
ကျွင်းချင်ယွီ သူ့လက်ကိုဆန့်ထုတ်ကာ တွန်းလိုက်သည်။ တစ်ယောက်ယောက်လာနေပြီ၊ ထတော့။
တစ်ယောက်မှလာမဖွင့်ရင် မကောင်းတော့ဘူးလို့တွေးပြီး အထဲဝင်ဖို့တံခါးဖျက်ကြလိမ့်မယ်။
လှုပ်ရှားမှုကို ခံစားမိသဖြင့် ဖုယွမ်ချွမ်းကလှည့်လာပြီး ကျွင်းချင်ယွီနှင့်မျက်နှာချင်းဆိုင် လှဲလိုက်သည်။ သူကလက်ကိုဆန့်ကာ ရေသူငယ်လေး၏ခေါင်းကိုပွတ်ပေးရင်း ချော့မြူသလိုဆိုသည်။
"လိမ္မာပါကွာ"
လက်တစ်ဖက်က သူ့ကိုတိုက်ရိုက်ပင် ဆွဲချလိုက်လေသည်။
ကျွင်းချင်ယွီ သူ့လက်ကိုတွန်းလိုက်သည်။
"Eh?"
တစ်ခုခုမှားနေတာကို သတိပြုမိသွားသည့် ဖုယွမ်ချွမ်းက ခဏအတွင်း ထိတ်လန့်သွား၏။ သူ့မျက်လုံးကိုဖွင့်လိုက်သည့်အခါ သူ့လက်နှင့်ခေါင်းအုံးကြားတွင် ရွှေရောင်ဖျော့ဖျော့ဆံနွယ်အချို့တွယ်ငြိနေတာကို တွေ့လိုက်ရသည်။
လက်ကိုဖြည်းဖြည်းချင်းမလိုက်ရာ ရေသူငယ်လေးက သူ့ကိုပြုံးပြနေသည်ကို မြင်လိုက်ရ၏။
ကျွင်းချင်ယွီ: "Eh!"
အခုတော့နိုးပြီပေါ့"
မနက်လင်းနေပြီ။
ထိုအပြုံးက သူ့တစ်ကိုယ်လုံးရှိတက်ကြွမှုကို ထိခိုက်စေပုံပင်။
ဖုယွမ်ချွမ်းက ရေသူငယ်လေးကို ကိုင်ထားရင်းမေးလိုက်သည်။
"ဘာလို့ဆင်းလာတာလဲ"
"အာ..."
ကျွင်းချင်ယွီ တံခါးကိုညွှန်ပြလိုက်သည်။ တစ်ယောက်ယောက် တံခါးခေါက်နေတယ်။
ဖုယွမ်ချွမ်း သူ့မျက်လုံးတွေကို ဖွင့်ကြည့်လိုက်သည့်အခါ သူ့မျက်လုံးတွေက ရေသူလေးနှင့်ပြည့်သွားသည်။ ထိုအခါမှသာ အပြင်ဘက်မှ တံခါးခေါက်သံကို သူကြားလိုက်ရသည် ။
သူထလိုက်ပြီး အဝတ်ဝတ်လိုက်ကာ ရေသူလေးကိုသယ်၍ လျှောက်ထွက်သွားသည်။
သူတံခါးထံလျှောက်သွားသည့်အခါ တံခါးခေါက်သံမကြားရတော့ချေ။ ထိုအစား တံခါးဝထံမှ စူးရှသည့်အော်သံဖြင့် အစားထိုးသွားသည်။
ဖုယွမ်ချွမ်းတံခါးကိုဖွင့်လိုက်သည့်အခါ သူ၏ငယ်သားများကို အိမ်တံခါးဝတွင် ထိုင်နေကြသည်ကို တွေ့လိုက်ရလေသည်။
"ဘော့စ်၊ မင်းအဆင်ပြေသားပဲ"
တံခါးပွင့်လာတာကိုမြင်ပြီးရှီခိုင်ရှင်းချက်ချင်းပင် စိတ်သက်သာရာရသွားသည်။
"အတော်ကြာတဲ့အထိ မင်းတံခါးမဖွင့်လို့ ကျွန်တော် မင်းရဲ့ဥာဏ်ရည်တုကိုဆက်သွယ်လိုက်တော့လည်း ပိတ်ထားတယ်တဲ့၊ မင်းတစ်ခုခုဖြစ်နေပြီထင်တာ"
"ဝင်လာ..."
တစ်ချက်ကြည့်ရုံမျှဖြင့် ထိုလူက မနေ့ကခရစ္စတယ်လုံးမှာရုတ်တရက်ပေါ်လာပြီး သူ့ကိုလှန့်လိုက်သူဆိုတာကို ကျွင်းချင်ယွီ မှတ်မိသွားသည်။
ထိုလူက သူ့ကို ပစ္စည်းတွေဖျက်ဆီးမိအောင်လုပ်သူပင်။ ကျွင်းချင်ယွီ ဖုယွမ်ချွမ်း၏လက်ဝါးထဲလဲလျောင်းကာ ကိုယ်ကိုလှည့်လိုက်သည်။ ထိုလူကို မကြည့်လိုပေ။
ခရစ္စတယ်ဖန်လုံးက သုံးလို့ရနေသေးရင်တောင် အတွင်းဘက်မှာ ကွဲကြေနေပြီ။ နောက်ပိုင်းအသုံးပြုသည့်အခါ ရုတ်တရက်ပေါက်ကွဲပြီး ဒဏ်ရာရခြင်းမှကာကွယ်ဖို့ရာ ဖုယွမ်ချွမ်းက ထိုအရာကို လွှင့်ပစ်လိုက်သည်။
ဆက်သွယ်ရေးခရစ္စတယ်ဖန်လုံးကိုကြည့်ရသည်မှာ အလွန်စျေးကြီးပုံပင်။
ထို့အပြင် ငါးကန်အသစ်တစ်ခုကိုလည်း ဝယ်ခဲ့ရသေးသည်။
ရှီခိုင်ရှင်းက သူ၏ဖျက်ဆီးလိုက်မှုအတွက် တစ်စိတ်တစ်ပိုင်း တာဝန်ရှိသူပင်။
ရှီခိုင်ရှင်းက ဖုယွမ်ချွမ်းလက်ထဲမှ ရွှေရောင်ဖျော့ဖျော့ရေသူလေးကိုကြည့်ကာ လက်တွေယားလာ၏။
"ဘော့စ်၊ တကယ်လို့ငါ့ကို ရေသူလေးကို ကာကွယ်ပေးစေချင်ရင် ကျွန်တော့်ဆီသူ့ကိုပေးပြီး အရင်ဆုံးရင်းနှီးအောင်လုပ်ခိုင်းသင့်တယ်မလား၊ ဟင်"
ကျွင်းချင်ယွီ ခေါင်းမော့ကာ သူ့ကိုစိုက်ကြည့်လိုက်သည်။
အိမ်မက်မက်နေလိုက်!
ရှီခိုင်ရှင်းက ဤသို့အမူအရာကျွမ်းကျင်လှသည့် ရေသူလေးမျိုးကို မမြင်ဖူးပေ။ သူက စပ်စုလိုက်သည်။
"ဟေး ဘော့စ်၊ မင်းမိသားစုဝင်လေးက ငါ့ကိုစိုက်ကြည့်နေတယ်၊ သူအညိုးများရှိနေတာလား"
"သူ့ကို အနှောင့်အယှက်မပေးနဲ့"
ဖုယွမ်ချွမ်းက ရေသူငယ်လေးကိုနှစ်သိမ့်ဖို့ရာ ခေါင်းလေးကိုထိလိုက်သည်။ ရှီခိုင်ရှင်းက အားလုံးထဲတွင် အသန်မာဆုံး စွမ်းရည်ရှိသူတစ်ဦးဖြစ်သည့်အလျောက် ရေသူလေးအား ကာကွယ်ရန် သူကပို၍သင့်လျော်သည်။
"ဒါက ဒီနေ့အတွက် သူ့အစာ၊ အချိန်မှန်ကျွေးဖို့မမေ့နဲ့"
ရပ်လိုက်ပြီးနောက် ရေသူလေး၏ ရှီခိုင်ရှင်းအပေါ် အငြိုးအတေးထားနေမှုကို အခြေခံ၍ သူပြောလိုက်သည်။
"အဲဒါကို ငါးကန်ဘေးက စင်္ကြမှာပဲထားလိုက်၊ သူ့ဘာသူစားလိမ့်မယ်"
ရှီခိုင်ရှင်းက ဆိုသည်။
"ကောင်းပြီ၊ စိတ်မပူပါနဲ့၊ သူ့ကိုအစာကျွေးတဲ့အချိန် လုံးဝခိုးမထိပါဘူး"
ကျွင်းချင်ယွီ အမြီးလေးကိုယမ်းလိုက်သည်။ သူခိုးထိရဲရင် သူ့လက်ကို ဖြတ်ပစ်မယ်။
ဖုယွမ်ချွမ်းက အခြားကြိုတင်ကာကွယ်ရမည်တို့ကို ရှင်းပြပြီးနောက် နောက်ဆုံးအနေဖြင့် ပြောလိုက်သည်။
"ရေသူလေးကိုကာကွယ်ရမှာက အရေးအကြီးဆုံးအရာပဲ၊ နားလည်ရဲ့လား"
ရှီခိုင်ရှင်း အံ့အားသင့်သွားသည်။ ဒီအဓိပ္ပါယ်က...
ရှီခိုင်ရှင်းက လေးနက်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
"ဟုတ်ကဲ့ပါ"
အသေးအဖွဲကိစ္စလေးများကို ရှင်းပြပြီးသောအခါ အချိန်က နီးကပ်နေပြီဖြစ်သည်။
ကျွင်းချင်ယွီက ဖုယွမ်ချွမ်း၏လက်ထဲတွင် လဲလျောင်းနေရင်း သူနှင့်အတူ လိုက်သွားလိုစိတ်ပြင်းပြနေသည်။
သို့သော်လည်း အတူမသွားနိုင်ပေ။
သူက ကူညီဖို့သေးငယ်လွန်းနေပြီး ဖုယွမ်ချွမ်းက သူ့ကိုကာကွယ်ဖို့ စွမ်းအင်တွေ သုံးနေရတာတောင်ဖြစ်နိုင်သည်။
ယင်းက ဒုက္ခဖြစ်စေလိမ့်မည်။
ဒါပေမယ့် သူကြီးလာတာကို စောင့်နေလိုက်စမ်းပါ။
ကြယ်တာယာခေတ်က ရေသူများက ကြီးထွားနိုင်သည်။ သူတို့ကြီးထွားလာသည်နှင့်အမျှ အမြှီးမှအကြေးခွံများက မာသထက်မာလာပြီး သန်မာလာလိမ့်မည်။
ပြောကြသည်ကတော့ အရွယ်ရောက်ပြီးရေသူတစ်ကောင်က အမြှီးနှင့်တစ်ချက်ရိုက်ရုံမျှဖြင့် အမာဆုံးစတီးကိုပင် ဖြတ်နိုင်သည်ဟူ၏။
အနာဂတ်တွင် သူ့ထံရှိလာမည့် တိုက်ခိုက်ရေးစွမ်းအားကို တွေးတောရင်း ကျွင်းချင်ယွီတစ်ယောက် ဖုယွမ်ချွမ်း၏ လက်ချောင်းများကို ဆုပ်ကိုင်လိုက်ာ ခေါင်းကိုမော့ပြီးပြောလိုက်သည်။
"အာ..."
ကျွန်တော် ကြီးပြင်းလာတာနဲ့ ခင်များကို ကာကွယ်ပေးမယ်။
"လိမ္မာတယ်"
ဖုယွမ်ချွမ်းက ရေသူလေး၏ဆံပင်ကို သပ်ရပ်စေရန် ညင်သာစွာ ကူညီပေးရင်း ပြောလိုက်သည် ။
"အိမ်မှာ ကိုယ်ပြန်လာတာကိုစောင့်နေ"
"အွီး..!"
ကျွင်းချင်ယွီက ပုံစံပြောင်းကာ ဖုယွမ်ချွမ်း၏ လက်ဖဝါးပေါ်တွင် ထိုင်လိုက်ပြီး သူ့လက်ကို မြှောက်လိုက်သည်။
အရင်တုန်းက ဤလုပ်ရပ်က ပွေ့ဖက်ဖို့အတွက် ရည်ရွယ်တာဆိုပေမယ့် အခုချိန်မှာတော့ ပွေ့ဖက်နေကြပြီဖြစ်သည်...။
ဖုယွမ်ချွမ်းက သူ့လက်ကို သံသယအပြည့်ဖြင့် မြှောက်လိုက်သည်။ မှန်ရဲ့လား။
သူကရေသူလေး၏ အပြုအမူနှင့်ပတ်သက်၍ ခန့်မှန်းရဆဲပင်။
ကျွင်းချင်ယွီက အမြင့်မှာရောက်နေသည်ကို အခွင့်ကောင်းယူပြီး လက်ကိုမြှောက်ကာ ဖုယွမ်ချွမ်း၏ မျက်နှာကို ပွေ့ဖက်လိုက်ပြီး သူ့ကို ညင်သာစွာ နမ်းလိုက်သည်။
"အွီး"
လုံခြုံဖို့အာရုံစိုက်ပြီး ကိုယ့်ဟာကိုယ် ကာကွယ်ပါ။
ဖုယွမ်ချွမ်းက ဘာမှမတုန့်ပြန်ပေ။
ရေသူလေးက သူ့ကို ရေသူပျိုးထောင်ရေးအခြေစိုက်စခန်း၌ လက်ချောင်းတွေကိုနမ်းခဲ့သည်မှလွဲ၍ ဘယ်တုန်းကမှ မနမ်းဖူးချေ။
သို့သော်လည်း ယခုတစ်ကြိမ်တွင်တော့ လက်ချောင်းတွေကို နမ်းခြင်းမဟုတ်တော့ပေ။
ဖုယွမ်ချွမ်း၏နှလုံးသားလေး နွေးထွေးသွားပြီး သူ့လက်ဖဝါးထဲတွင်ထိုင်နေသည့် ရေသူလေးက ပိုပိုပြီးချစ်ဖို့ကောင်းလာသည်ဟု ခံစားရသည်။
ဖုယွမ်ချွမ်းက ညင်သာစွာပြောလိုက်သည်။
"ကိုယ်မင်းအတွက် အရသာရှိတာတွေ ယူလာပေးမယ်"
ထိုစကားကိုပြောရင်း ရေသူလေးအား ဧည့်ခန်းထဲရှိ ငါးကန်ထဲသို့ ပြန်ထည့်ရန် အနည်းငယ် ဝန်လေးနေခဲ့သည်။
ဤနည်းအားဖြင့် သူပြန်လာသောအခါတွင် ရေသူလေးကို ချက်ချင်းမြင်တွေ့နိုင်ပေသည်။
ရေသူငယ်လေးကို ဖြေရှင်းပြီးနောက် ဖုယွမ်ချွမ်းက ထကာပြောလိုက်သည်။
"ရေသူလေးနဲ့ပတ်သက်ပြီး တစ်ခုခုအဆင်မပြေရင် ငါ့ကိုချက်ချင်းဆက်သွယ်ပါ"
ရှီခိုင်ရှင်းက သူ့ရင်ဘတ်သူပုတ်ကာ ကတိပေးသည်။
"စိတ်မပူပါနဲ့ ဘော့စ်၊ ကျွန်တော် သူ့ကို သေချာဂရုစိုက်မှာပါ"
ကျွင်းချင်ယွီကလည်း သူ့ငါးမြှီးလေးကိူ ယမ်းပြလိုက်သည်။
"Eh~!"
စောစောပြန်လာခဲ့ပါ။
ဖုယွမ်ချွမ်းက ရေသူငယ်လေး၏မျက်ဝန်းထဲကိုကြည့်လိုက်ကာ သူ့မျက်နှာထက်တွင် ထူးထူးခြားခြား နူးညံ့သိမ်မွေ့သော အမူအရာနှင့် အပြုံးဖျော့ဖျော့ရှိနေကာ ပြောလိုက်သည်။
"ညရောက်ရင်တွေ့မယ်"
Chpater 7
Ti AmoDecember 31, 2022
ဖုယွမ်ချွမ်း ထွက်သွားသည်နှင့် အခန်းကတိတ်ဆိတ်သွားသည်။
ရှီခိုင်ရှင်းက ပြုံးလိုက်ရင်း ချစ်စရာကောင်းသည့် ရေသူငယ်လေးကိုကြည့်ကာ ပြောလိုက်၏။
"ဟယ်လို ရေသူလေး၊ ငါဘယ်သူဆိုတာ မင်းသိသင့်..."
သူပြော၍မပြီးသေးမှီမှာပင် ကျွင်းချင်ယွီက တင်းမာသည့်မျက်နှာပေးဖြင့် သူ့ကိုမကြည့်ပဲ အောက်ကိုငုံ့ချလိုက်သည်။
ရှီခိုင်ရှင်း : "...."
မင်း ခုလေးတင် မာရှယ်လ်နဲ့ရှိတုန်းက ဒီလိုမျက်နှာပေးမဟုတ်ပါဘူး!
ကျွင်းချင်ယွီက အေးတိအေးစက်ဖြစ်နေဆဲပင်။
ဖုယွမ်ချွမ်း၏လက်ထဲမှ ချစ်ဖို့ကောင်းပြီးနာခံမှုရှိသည့် ရေသူငယ်လေးကိုတွေးကြည့်ရင်း ရှီခိုင်ရှင်းသူ့ကို နှစ်သက်သွားရသည်။
ရေသူငယ်လေး အခွံထဲဝင်သွားသည်ကိုစောင့်ကြည့်ပြီး ရှီခိုင်ရှင်းကဆိုသည်။
"ကောင်းပြီ၊ ကောင်းပြီ၊ သွားအိပ်တော့၊ ငါမင်းကိုမနှောင့်ယှက်တော့ဘူး"
"မင်းဗိုက်ဆာလာရင် ဒီအစ်ကိုကြီးကိုပြောလိုက်၊ မင်းအတွက် အရသာရှိတာတွေ ယူလာပေးမယ်"
ကျွင်းချင်ယွီက ကူရှင်ကိုဖက်ကာ အိပ်စက်ရန်မျက်လုံးတွေကို မှိတ်လိုက်လေသည်။
သိူ့သော်လည်း သူ့မျက်လုံးတွေမှိတ်ပြီးမကြာမှီ တံခါးဘဲလ်မြည်လာသည်။
ကျွင်းချင်ယွီ အခွံကိုအမြန်ဖွင့်ပြီး ရေကူးလျက်ထွက်လာခဲ့၏။ ဖုယွမ်ချွမ်း ပြန်လာတာလား။
ဖြစ်နိုင်တာက သူတစ်ခုခုမေ့ခဲ့လို့နေမယ်။
ရှီခိုင်ရှင်း လမ်းလျှောက်သွားပြီးတံခါးဖွင့်လိုက်သည်။
ကျွင်းချင်ယွီ ခေါင်းလေးစောင်းကာ ကြည့်လိုက်၏။
"အမ် ဟမ်?"
စုံတွဲတစ်တွဲလာခြင်းပင်။
ထိုလူက ဖုယွမ်ချွမ်းမဟုတ်သည်ကိုကြည့်ပြီး ညှာတာခြင်းအလျဥ်းမရှိ ရေထဲပြန်ငုပ်လျှိုးသွားတော့သည်။
ရှီခိုင်ရှင်းက ပြောလိုက်သည်။
"ဦးလေးဖု၊ အဒေါ်... ဘာလို့ဒီကိုလာကြတာလဲ"
ကျွင်းချင်ယွီ ပျင်းရိစွာဖြင့် ပူဖောင်းတွေကို မှုတ်ထုတ်လိုက်၏။ မျိုးရိုးနာမည်ဖုဆိုတော့ ဖုယွမ်ချွမ်းနှင့်တူနေတာပဲ။
နောက်ဆုံးနာမည်က ဖု?
ကျွင်းချင်ယွီ တံခါးဝမှ လူနှစ်ဦးကို အံ့သြတကြီး ကြည့်လိုက်သည်။
မူလစာအုပ်တွင် ဖုယွမ်ချွမ်းအိမ်မှာရှိမနေချိန် သူ၏လီဂျီယန်အမှတ်အသားကိုခိုးယူသွားသူမှာ ဖုယွမ်ချွမ်း၏ဖခင်ဖြစ်သူ ဖုယန်ဟုန်ပင်။
တစ်ခုခုတော့ မှားနေပြီဖြစ်သည်။ ဘာလို့ဖုယန်ဟုန်က ဖုယွမ်ချွမ်း၏မိခင်ဖြစ်သူကို ခေါ်လာရသည်လဲ။
ယင်းကမူလစာအုပ်တွင်ပါသည့် ခိုးယူခြင်းနှင့်မတူပေ။
မူလစာအုပ်တွင် ဖုယွမ်ချွမ်း၏မိဘများနှင့်ပတ်သက်၍ ဖော်ပြချက်အနည်းငယ်သာ ပါ၏။ သူပစ္စည်းတွေကို ခိုးယူသည့်တစ်ကြိမ်ကလွဲ၍ ဇာတ်ကွက်မရှိချေ။
ဤတစ်ကြိမ်က ဘာအတွက်ဆိုသည်ကို သူမသိပေ။
ကျွင်းချင်ယွီ ခေတ္တမျှစဥ်းစားပြီး အခွံထဲတွင်ထိုင်ကာ ထိုလူနှစ်ဦးကို လေ့လာလိုက်သည်။
ဖုယန်ဟုန်က ပူပန်စွာဆိုလာသည်။
"ယွမ်ချွမ်းက အိမ်ကိုမဆက်သွယ်တာအတော်ကြာပြီ၊ ငါတို့သူ့ကျန်းမာရေးကိုစိတ်ပူလို့ သူ့ကိုလာတွေ့တာ"
ဖုယန်ဟုန် သက်ပြင်းချကာဖြင့်
"သူ့ကိုအိမ်ပြန်လာဖို့ပြောရင်မလာဘူး၊ အပြင်မှာသူဘယ်လိုနေနေတာလဲ"
ထိုလူက ဖုယွမ်ချွမ်း၏အကြီးအကဲဖြစ်ကာ ရှီခိုင်ရှင်းကလည်း စကားတွေကိုပြန်ဖြေရာ၌ မကျွမ်းကျင်ပေ။ သူကရိုသေစွာပြောလိုက်သည်။
"မာရှယ်လ်ကအခုဒီမှာမရှိပါဘူး၊ ဒီလိုဆိုရင်ရော ဦးလေးဖု၊ ဦးလေးအရင်ပြန်သွားပြီး နောက်မှထပ်လာစောင့်ရင်ရော"
"မရဘူး၊ ငါလည်းဘာမှလုပ်စရာမရှိဘူး၊ သူပြန်လာတဲ့အထိ စောင့်နေမယ်"
ဖုယန်ဟုန်က ဆိုဖာပေါ်မှ ဖုန်မှုန့်များကိုခါလိုက်ကာ ထိုင်လိုက်သည်။
ကျွင်းချင်ယွီက ဖုယန်ဟုန်ကိုကြည့်လိုက်သည်။ လူတစ်ဦး၏အသွင်အပြင်က နှလုံးသားမှအခြေခံ၍လာသည်ဟုဆိုသည်။ ဤလူကိုကြည့်ရသည်မှာ ကောင်းမွန်သည့်မျိုးစေ့တော့ဖြစ်ပုံမရချေ။
နှလုံးသားမရှိသည့်လူအိုကြီးက သူ့သားကိုရောင်းစားနေ၏။
သူ၏ဖခင်တစ်ဦးပမာ အယောင်ဆောင်နေသည်ကိုကြည့်ရသည်မှာ သူသာဇာတ်ကွက်ကိုမသိထားပါမူ အရူးလုပ်ခံရနိုင်သည်။
ဖုယန်ဟုန်က ကော်ဖီစားပွဲပေါ်မှငါးကန်ကို သတိပြုမိသွားပြီး ပြောလိုက်သည်။
"ဒီရေသူလေးက ဖုယွမ်ချွမ်းပြန်ခေါ်တဲ့တစ်ကောင်လား"
ရှီခိုင်ရှင်းကဆိုသည်။
"ဟုတ်ကဲ့"
ဖုယန်ဟုန်က စိတ်ရှုပ်သွားပြီးပြောလိုက်သည်။
"သူ့ပုံစံက ဘာလို့ဒီလောက်အထိ ခက်ထန်နေရတာလဲ၊ ပိုကောင်းတဲ့တစ်ကောင်ကို ဘယ်လိုဝယ်ရမလဲဆိုတာမသိတာလား၊ ဒီလောက်ဆိုးနေတဲ့အကောင်နဲ့ဆိုမှတော့ ရောဂါကိုဘယ်လိုကုမလဲ"
ကျွင်းချင်ယွီ မျက်ခုံးပင့်လိုက်မိ၏။ ကျွန်တော်ခင်များကို ဘာဒုက္ခမှမပေးတာတောင် လာဆွနေသေးတယ်။ခင်များနဲ့တန်လို့လား။
Xxxxx