အပိုင်း ၁၀
Viewers 16k

Chapter 10


ဖုယွမ်ချွမ်း သတိပြန်ဝင်လာပြီဟု ရှီခိုင်ရှင်းက တွေးပြီးခေါ်လိုက်သည်။


"မာရှယ်...."


ဖုယွမ်ချွမ်းက သူ့ကို စိုက်ကြည့်နေသည်။


ရှီခိုင်ရှင်း ထိုနီရဲနေသော မျက်လုံးများနှင့် ဆုံတွေ့ပြီး ရင်နင့်သွားသည်။ 


မဟုတ်ဘူး၊ သူက စိတ်ပိုင်းဆိုင်ရာ ရုန်းရင်းဆန်ခတ်ဖြစ်နေတုန်းပဲ။


ဒါပေမယ့် ဘာဖြစ်တာလဲ...


ရှီခိုင်ရှင်းက ရှက်စရာကောင်းသည့်ပုံစံဖြင့် မြေပြင်ပေါ်တွင် တွားသွားနေသော ဖုယန်ဟုန်ကို ကြည့်လိုက်သည်။ 


"ယွမ်..."


ဖုယွမ်ချွမ်းက လှည့်၍ စင်္ကြံထဲသို့ ဖြည်းညှင်းစွာ လျှောက်သွားကာ စာကြည့်ခန်းအဝင်ဝတွင် ရပ်လိုက်သည်။


ကျွင်းချင်ယွီက ရုတ်တရက် အခန်းထဲတွင် မီးမှိန် သွားတာကို ခံစားလိုက်ရသည်။ သူ မော့ကြည့်လိုက်ရာ ဖုယွမ်ချွမ်းက အောက်ကိုငုံ့ကြည့်နေသည်။


ဖုယွမ်ချွမ်း၏အခြေအနေက လုံးဝသန်မာနေ၏။


သူထိုအကြောင်းမတွေးခင်တွင် ကျွင်းချင်ယွီက သူ့လက်ကို အမြန်ထုတ်လိုက်ပြီး ''Eh''


ဖုယွမ်ချွမ်း တောင့်တင့်သွားပြီး ရေသူမလေးထံသို့ ချဉ်းကပ်ကာ ဖြည်းညှင်းစွာ ငုတ်တုတ်ထိုင်လိုက်ပြီး သူ့လက်ကို ဆန့်လိုက်သည်။


ရေသူငယ်လေး၏လက်က သူ့လက်ဖဝါးပေါ် ရောက်လာသည်။


တခဏအတွင်းမှာပင် မတည်ငြိမ်သော စိတ်များ ညင်သာစွာ ပြေလျော့သွားသည်။


ဝိညာဥ်စွမ်းအားဖြင့် ညှို့ယူထားသော ကြီးမားလှသည့် မီးပင်လယ်ကို ဝိညာဉ်စွမ်းအားဖြင့် ညင်သာစွာ နှိမ်နင်းခဲ့သည်။


ဖုယွမ်ချွမ်းက သူ့လက်ထဲတွင် ရေသူငယ်လေးကို ညင်သာစွာ ကိုင်ပြီး သူ့ပါးပြင်မှ သွေးများကို လက်မနှင့် သုတ်လိုက်သည်။


တင်းကြပ်နေသည့် နှလုံးသားက အိမ်တစ်လုံးကို ရှာတွေ့သွားသကဲ့သို့ပင်။


သူပြန်လည်ရရှိလာသည့် ရတနာလေးကို ကိုင်ထားရင်း အလွန်စိတ်သက်သာရာ ရသွားခဲ့သည်။


ကျွင်းချင်ယွီ ဖုယွမ်ချွမ်း၏လက်ထဲတွင် လဲလျောင်းနေချိန်၌ ဖုယွမ်ချွမ်း ငြိမ်သက်သွားစေရန် တတ်နိုင်သမျှ စိတ်စွမ်းအားကို တတ်နိုင်သမျှ ထုတ်လွှတ်ရင်း ဘာမှမလုပ်ဘဲ နေလိုက်သည်။


စိတ်လှုပ်ရှားနေသူတွေအတွက် အတားအဆီးအဖြစ်စေဆုံးမှာ စိတ်ခံစားချက်ကိုမထိန်းချုပ်နိုင်ခြင်းပင်။


ဖုယွမ်ချွမ်း ထိုမျှမြန်မြန်ပြန်လာလိမ့်မည်ဟူ၍ ကျွင်းချင်ယွီ မမျှော်လင့်ခဲ့ပေ။ သူသာသိခဲ့လျှင် သူအလျင်စလိုပြုမူလိမ့်မည်မဟုတ်ပါချေ။


အမှတ်အသားကို ဖုယွမ်ချွမ်းကိုယ်တိုင် ပြန်ယူနိုင်လိမ့်မည်။


ယခုမူ အရာများကဖြစ်ပျက်သွားပြီး ဘာမဆိုပြောရန် နောက်ကျသွားပြီဖြစ်ရာ တတ်စွမ်းနိုင်သမျှ ထိန်းသိမ်းရုံသာရှိတော့သည်။


တကယ်တမ်းတွင် ရေသူငယ်လေးအသက်ရှင်သည်ကို သူမြင်သည့်အချိန်တွင် သူ၏ခံစားချက်များကို ထိန်းချုပ်ပြီးနေပြီဖြစ်သည်။


ယခုဆိုလျှင် မည်သည့်တင်းအားနှင့်ကြောက်ရွံ့ခြင်းမှ မရှိတော့ပေ။ 


ရှီခိုင်ရှင်း တုန်လှုပ်နေစဥ်တွင် ဖုယွမ်ချွမ်း၏လက်ထဲမှ ငါးအမြီးလေးထွက်လာသည်ကို မြင်လိုက်ရလေသည်။


"မာရှယ်လ်၊ ရေသူလေးက..."


"သူအဆင်ပြေတယ်"


ဖုယွမ်ချွမ်းက ဖျော့တော့စွာဆိုသည်။


"ဧည့်ခန်းကိုတစ်ယောက်ယောက်ကို ရှင်းခိုင်းလိုက်"


ရှီခိုင်ရှင်းက ဆိုသည်။


"ဟုတ်ကဲ့ပါ"


ရှီခိုင်ရှင်း ခေါင်းကိုလှည့်ကာထွက်လာစဥ် သူ၏အဖော်ဖြစ်သူကို ဝင်တိုက်မိသွားသည်။


"မာရှယ်လ် ဘယ်လိုနေလဲ "


ရှီခိုင်ရှင်းက ပြောလိုက်သည်။


"အဆင်ပြေပါတယ်၊ ပြီးတော့ ရေသူလေးလည်း ဘာမှမဖြစ်ဘူး ၊ ဘာလို့ မာရှယ်လ်က ရုတ်တရက်ကြီး ပြန်လာရတာလဲ၊ ဇာ့ဂ်ကို ရှာတွေ့ပြီလား"


အဖော်ဖြစ်သူက ခေါင်းခါပြလာသည်။


"မာရှယ်လ်က စာကြည့်ခန်းထဲမှာ အချက်ပြစနစ်တပ်ထားတယ်လေ၊ သူကားထဲရောက်တာနဲ့ အချက်ပေးသံမြည်လာတာပဲ၊ မာရှယ်လ်က အမြန်ပြန်ဖို့အမိန့်ပေးတာ၊ လစ်ဘစ်ရိပ်သာလမ်းကတော့... ဖြတ်ကိုမသွားရသေးဘူး"


ရှီခိုင်ရှင်းက သက်ပြင်းချလိုက်သည်။ အချက်ပြစက်... ကြည့်ရတာ စာကြည့်ခန်းထဲ တစ်ယောက်ယောက်ဝင်မယ်ဆိုတာကို မာရှယ်လ်သိနေပုံပင်။


မာရှယ်လ်ရဲ့မိဘတွေကတော့...


ရှီခိုင်ရှင်း အံကြိတ်လိုက်လိုက်မိသည်။ သူကတော့ သူတို့တွေ မာရှယ်လ်ကိုစောင့်ရှောက်ဖို့ ဒီကိုလာတာဟု တွေးလိုက်သေးသည်။


သို့သော်လည်း သူတို့၏အပြုအမူတွေအရတော့ သူတို့သားကို စိတ်ပူဟန်နည်းနည်းလေးပင်မရှိပေ။ သူ၏လူတွေစာကြည့်ခန်းထဲခိုးဝင်ရလွယ်ကူစေရန် သူ့အာရုံကိုလွှဲဖို့သာ ရောက်လာပုံရသည်။


မာရှယ့်လ်မိခင်၏ခြေလှမ်းတွေအရဆိုလျှင် ငါးကန်ပြုတ်ကျခြင်းက မတော်တဆမဟုတ်ဘဲ ရေသူငယ်လေးကို သတ်ဖို့ရည်ရွယ်ချက်ရှိရှိကြံစည်ထားခြင်းပင်။


မာရှယ်လ်က အကြာကြီးစောင့်ပြီးမှ ရေသူလေးတစ်ကောင်ကို ဝယ်နိုင်ခဲ့တာဖြစ်၏။ ဤရေသူလေးသာမရှိတော့ပါက ကုသဆေးရှိတော့မည်မဟုတ်သလို အသက်လည်းမသေချာတော့ဘူးမလား။


ကံကောင်းစွာဖြင့် မာရှယ်လ်ပြန်လာခဲ့သည်။ မဟုတ်ပါက တစ်ခုခုကြီးကြီးမားမားဖြစ်နိုင်သည်။


ရှီခိုင်ရှင်းက မာရှယ်လ်၏မိသားစုအရေးနှင့်ပတ်သက်၍ အများကြီး မပြောလိုသော်လည်း မိဘများအပေါ်မလေးစားလိုပေ။ သူကပြောလိုက်သည်။


"သွားစို့၊ ဧည့်ခန်းထဲက လူသုံးယောက်ကိုဆွဲခေါ်ခဲ့"


"ကောင်းတယ် "


အိမ်ထဲတွင်...


ဖုယွမ်ချွမ်းက ယခင်နေရာ၌ပင် ကျန်နေခဲ့သည်။ 


ရေသူငယ်လေးက မျက်လုံးဖွင့်လာချိန် ဖုယွမ်ချွမ်းကသူ့ကိုမေးလိုကွသည်။


"အဆင်မပြေတဲ့နေရာရှိလား"


ကျွင်းချင်ယွီ ခေါင်းခါလိုက်သည်။ သူလဲကျသွားစဥ်က လက်ကောက်ဝတ်နာကျင်သွားသည်ကလွဲ၍ မရှိပေ။ လက်ကောက်၀တ်မှနာကျင်မှုကလည်း နေရာလွတ်ကိုဖွင့်လိုက်ခြင်းကြောင့်ဖြစ်ပြီး လဲကျခြင်းကြောင့်မဟုတ်ပေ။


"အွီး..."


ဘာလို့ ရုတ်တရက်ကြီး ပြန်လာတာလဲ။


ဖုယွမ်ချွမ်းက ရေသူငယ်လေး၏ခေါင်းကို ထိလိုက်ပြီး ပြောလိုက်သည်။


"မကြောက်နဲ့နော် ၊ ကိုယ် အဲဒါနဲ့ပတ်သက်ပြီး ဂရုစိုက်လိုက်မယ်"


ဂရုစိုက်လိုက်မယ်..


ကျွင်းချင်ယွီ ဂရုတစိုက်မေးဖို့ရာ အချိန်မရှိသေးမှီ ဖုယွမ်ချွမ်းက သူ့လက်ကိုဆုပ်ကိုင်လိုက်သည်။ ဆုပ်ကိုင်ခြင်းထက် သူ၏လက်ညှိုးကိုသုံးကာ သူ့လက်ကောက်ဝတ်ကို ကိုင်ပြီးမြှောက်လိုက်သည်နှင့် ပို၍တူသည်။


"Hmm?" 


ဘာဖြစ်လို့လဲ။


ကျွင်းချင်ယွီ အနီးကပ်ကြည့်လိုက်ပြီး သူ့လက်ဝါးတွင် သွေးထွက်နေသည်ကို သတိမပြုမိသည်အား တွေ့လိုက်ရသည်။


အိုး...


ကော်ဇောပေါ်ရှိ အပျက်အစီးများနှင့် ခိုက်မိခြင်းဖြစ်နိုင်၏။


ထိုအချိန်က သူ၏ဝိညာဉ်ရေးစွမ်းအားကို ထုတ်လွှတ်ရန်သာ အာရုံစိုက်နေခဲ့ပြီး ကော်ဇောထက်ရှိ ဖန်ကွဲစများကို ဂရုမစိုက်မိခဲ့ပေ။


မည်သူကမှ ကွဲကြေနေသည့်ငါးကန်ကို မရှင်းလင်းခဲ့ပေ။ နေရာတိုင်းတွင် ဖန်ကွဲစများရှိနေသည်။


ရေသူငယ်လေးသွေးထွက်နေသည်ကိုမြင်ပြီး ဖုယွမ်ချွမ်းက အရေးပေါ်ဆေးသတ္တာကိုရှာရန် လှည့်လိုက်သည်။


အချိန်အတော်ကြာ ရုန်းရင်းဆန်ခတ်ဖြစ်ပြီးနောက် ကျွင်းချင်ယွီက ရေသူအတွက်ပြုလုပ်ထားသည့် ကူရှင်တစ်ခု၌ထိုင်ကာ သန့်ရှင်းရေးလုပ်ရန် ဖုယွမ်ချွမ်းထံ လက်ကိုမြှောက်ပြလိုက်သည်။


ဖုယွမ်ချွမ်းက အနာထဲတွင် ဖန်ကွဲစများ ရှိနေသေးသလားဆိုသည်ကို ဂရုတစိုက် စစ်ဆေးလိုက်ပြီး တွေ့လျှင် ညှပ်ကိုသုံးကာ ဆွဲထုတ်လေသည်။


အချိန်အတော်ကြာအောင် စစ်ဆေးခဲ့၏။


ပြီးနောက် အရက်ပျံဖြင့် ပိုးသတ်လိုက်သည်။


ဖုယွမ်ချွမ်း "နည်းနည်းတော့ နာလိမ့်မယ်"


"အာ..."


ဖုယွမ်ချွမ်းက ရေသူလေးတွေအတွက် အထူးပြုလုပ်ထားသော သေးငယ်သည့်ဂွမ်းလေးတွေကို အသုံးပြုသည်။ ယင်းတို့က အရက်ပျံထဲတိုက်ရိုက်စိမ်ထားသည့် ဂွမ်းလုံးကြီးတွေနှင့်မတူပေ။


အရက်ပျံနှင့်ဆေးခြင်းက အလွန်နာ၏။


တစ်ချိန်မဟုတ် တစ်ချိန်တော့ ဖြစ်ခဲ့သည်ပင်။


ကျွင်းချင်ယွီက နာကျင်ရခြင်းနှင့်ပတ်သက်၍ ဂရုမစိုက်သော်လည်း ဖုယွမ်ချွမ်းကတော့ ဂရုစိုက်သည်။


သေးငယ်သည့်ဂွမ်းလုံးလေးဖြင့် အနာကိုငြင်သာစွာ ဆေးပေးသည်။ မနာကျင်ရသေးမှီ ဖုယွမ်ချွမ်းက လေဖြင့်မှုတ်ပေးလာ၏။


ပိုးသတ်ပြီးနောက်တွင် ဆေးလိမ်းလိုက်သည်။ နောက်ဆုံးတွင် ပတ်တီးစည်းလိုက်၏


ကျွင်းချင်ယွီ သူ့လက်ကိုကြည့်လိုက်သည်။ စည်းထားတာက အတော်လေးကောင်းမွန်သည်။


ဖုယွမ်ချွမ်းက ရေသူငယ်လေးကိုဖက်ကာပြောလိုက်သည်။


"ဗိုက်ဆာလား၊ တစ်ခုခုစားရအောင်"


"အွီး..."


ဧည့်ခနိးကို သန့်ရှင်းပြီးသွားပြီဖြစ်၏။ သွေးနံ့အနည်းငယ်လေးပင် မရတော့ချေ။ သင်းပျံ့တဲ့ရနံ့များသာ ထုံလွှမ်းနေ၏။


ပရိဘောဂများထက်တွင်တင်နေသည့် ဖုန်မှုန့်များအားလုံး မရှိတော့ပေ။


ရှီခိုင်ရှင်းက လမ်းလျှောက်လာပြီးပြောလိုက်သည်။


"မာရှယ်လ် အားလုံးရှင်းပြီးသွားပါပြီ"


"ကောင်းပြီ..."


ကျွင်းချင်ယွီ မျက်တောင်ခတ်လိုက်သည်။ ဖုယန်ဟုန်နှင့်သူ့ဇနီးကို ဘယ်လိုလုပ်လိုက်လဲဆိုတာ သူမသိချေ။


အဲဒီ့စုံတွဲက သောက်ကျိုးနည်း ပစ္စည်းခိုးကြတာလေ!


မူလစာအုပ်၌ လီဂျီယန်အမှတ်အသားကိုသာ ဖုယန်ဟုန်မခိုးခဲ့လျှင် သူ(ဖုယွမ်ချွမ်း)သည်လည်း အစွပ်စွဲခံရမည်မဟုတ်ချေ။ သူ၏အင်အားကို ကြာရှည်ဆုပ်ကိုင်ထားနိုင်မည်ဖြစ်သည်။


အခိုးခံရသော လီဂျီယန်အမှတ်အသားက ဖုယွမ်ချွမ်း၏ နောက်ဆုံးသတိပေးချက်ဖြစ်လာသည်။


ပို၍အရေးကြီးသည်မှာ အနှီစုံတွဲက ဖုယွမ်ချွမ်းသေဆုံးရခြင်း၏ နောက်ကွယ်တွင်ရှိနေ၏။


သူ့တွင်သာ ခြေထောက်များရှိနေပါက ထိုလူနှစ်ဦးကို ကိုယ်တိုင်ကိုယ်ကျသာ ကိုင်တွယ်ဖြေရှင်းလိုက်ချင်သည်။


ထိုအကြောင်းကို တွေးလိုက်ခြင်းက သူ့ကိုနေထိုင်မကောင်းဖြစ်စေသည်။


တစ်ဖက်တွင် သူတို့ကြောင့် ဖုယွမ်ချွမ်းအပေါ်သက်ရောက်မှုမရှိခဲ့ပေ။


ရေသူငယ်လေးမှလွဲ၍ အခြားမည်သည့်အရာကမျှ သူ့ကို မထိခိုက်စေနိုင်ပေ။


ဖုယွမ်ချွမ်းက ပန်းကန်ပေါ်မှ သစ်သီးနှင့်အရွက်တွေကို ဖယ်ထားလိုက်သည်။ ရေသူငယ်လေးက ယနေ့ကြောက်လန့်သွားခဲ့ရသောကြောင့် သူစားချင်တာကိုသာ ကျွေးမည်ဖြစ်ပြီး သူမကြိုက်တာကို စားခိုင်းမည်မဟုတ်ပေ။


မျှတတဲ့အာဟာရကရောဘာဖြစ်လဲ။ နောက်ဟင်းလျာကျမှပဲ ဆွေးနွေးတော့မယ်။


ဖုယွမ်ချွမ်းက အသားခြောက်တစ်ပိုင်းကိုယူလိုက်သည်။


"လာ..."


ရေသူငယ်လေး၏လက်မှာ ပတ်တီးဖြင့်စည်းနှောင်ခံထားရသည်။ သူကအရာဝတ္ထုတွေကို မကိုင်နိုင်ရကား ဖုယွမ်ချွမ်းက ယူပြီးကျွေးရုံသာရှိသည်။


ကျွင်းချင်ယွီက အသားခြောက်ကို စားနေရင်း ဖုယွမ်ချွမ်း၏အာရုံကို မဆွဲဆောင်ဘဲ နေရာလွတ်ထဲမှ အသီးအရွက်များကို မည်သို့ထုတ်ယူရမည်ကို တွေးနေလေသည်။


ဖုယွမ်ချွမ်း ရေခဲသေတ္တာကိုဖွင့်နေစဥ် သူကတစ်ချက်ကြည့်လိုက်ရာ အသီးအရွက်များအားလုံးက စိုစွတ်နေပြီးမလတ်ဆတ်သည်ကို တွေ့လိုက်ရသည်။ 


သူ၏နေရာလွတ်ထဲမှ အသီးအရွက်များနှင့်ယှဥ်လျှင် လတ်ဆတ်မှုက ကွာခြားလွန်းလှသည်။ 


သူဘယ်လိုများလုပ်နိုင်သလဲ။


"နာနေတုန်းပဲလား"


ဖုယွမ်ချွမ်းက ရေသူငယ်လေးကိုကြည့်ကာ ပြောလိုက်သည်။


"အဆင်မပြေဘူးလား"


ကျွင်းချင်ယွီ ခေါင်းယမ်းပြလိုက်သည်။ 


ကိစ္စတွေကို ဖြေရှင်းပြီးသွားသည့်အခါ ရှီခိုင်ရှင်းလည်း စိတ်သက်သာသွားသည်။ ဘေးတွင်လှဲရင်း ခရမ်းချဉ်သီးများကို စားနေလျက်က ပြောလိုက်သည်။


"လန့်သွားလို့ဖြစ်နိုင်တယ်၊ ရေသူတွေက နုနယ်တယ်လေ"


ကျွင်းချင်ယွီ သူ့ကိုစိုက်ကြည့်လိုက်သည်။ ကောလဟာလတွေဖြန့်မနေနဲ့၊ မင်းပဲနုနယ်တာ။


ရှီခိုင်ရှင်းက ဆိုသည်။


"သူကျွန်တော့်ကို ကြည့်ရင်း ကျွန်တော်မှန်တယ်ဆိုတာ ထောက်ခံနေတယ်"


ကျွင်းချင်ယွီ အမြီးကိုယမ်းလိုက်ပေမယ့် သူ့ကိုမရိုက်နိုင်ခဲ့ပေ။


ရှီခိုင်ရှင်းက သူ့ကိုကလေးဆန်သည့်မျက်နှာပေးလုပ်ပြလာသည်။


ကျွင်းချင်ယွီ: "...အီး...!"


ကျွင်းချင်ယွီ ဖုယွမ်ချွမ်းကို ဝမ်းနည်းစွာ ကြည့်လိုက်သည် ။


ဖုယွမ်ချွမ်းက ရေသူလေး၏ ပါးစပ်ထောင့်များကို သုတ်ပေးရင်း တစ်ချိန်တည်းမှာပင် ရှီခိုင်ရှင်းကို ကြည့်လိုက်သည်။


"တိတ်တိတ်နေ"


ရှီခိုင်ရှင်း ချက်ချင်းပင် ပါးစပ်ပိတ်သွားပြီး ပန်းကန်ထဲမှ သစ်သီးနှင့်အရွက်များကို တိတ်တဆိတ်စားနေတော့သည်။


ပထမတွင် ကျွင်းချင်ယွီက တစ်ခုခုမှားနေတာကို သတိမထားမိသော်လည်း သူအသိပြန်မကပ်မှီမှာပင် အသားခြောက်တစ်ပိုင်း စားလို့ကုန်သွားသည်။ အသီးအရွက်တွေက ဘယ်ကရောက်လာတာလဲ။


ရေသူငယ်လေးက ရှီခိုင်ရှင်းကို စိုက်ကြည့်နေသည်အား ဖုယွမ်ချွမ်းမြင်သောအခါ ထိုအကြည့်အတိုင်းလိုက်ကြည့်လိုက်စဥ် သူရေသူလေးအတွက်ပြင်ဆင်းထားသည့်အသီးအရွက်များကို ရှီခိုင်ရှင်း စားလိုက်သည်ကို တွေ့လိုက်ရသည်။ 


ရှီခိုင်ရှင်း:"..."


ရှီခိုင်ရှင်းက မမျှော်လင့်ထားဘဲ မျက်လုံးနှစ်စုံထံမှ အမိဖမ်းခံလိုက်ရ၏။


"ဘာလုပ်နေကြတာလဲ"


ဖုယွမ်ချွမ်းက ပြောသည်။


"မင်းစားလိုက်တဲ့ အသီးအရွက်တွေက ရေသူလေးအတွက်"


"သိတယ်လေ၊ အရသာရှိတယ်"


ရှီခိုင်ရှင်းက ဆက်ပြောသည်။


"ဘော့စ် အင်ပါယာအရှင်ပေးတဲ့ အသီးအရွက်တွေကို မင်းရေသူလေးကိုပေးလိုက်တာလား၊ ဒီမတိုင်ခင်က ဘာလို့မတွေ့ဖူးတာလဲ"


ဖုယွမ်ချွမ်းက ဖျော့တော့စွာဆိုသည်။


"ငါအထောက်အပံ့မလိုဘူး"


ကျွင်းချင်ယွီ မျက်တောင်ခတ်လိုက်သည်။ ဒီတော့ အသီးအရွက်တွေက အကန့်အသတ်နဲ့ရတာတွေလား။


"ဘော့စ်၊ တကယ်လို့ကိစ္စမရှိရင် ကျွန်တော်အရင်သွားတော့မယ်၊ လစ်ဘစ်လမ်းအတွက်တော့..."


"ငါ့ဒဏ်ရာ ပြန်ဆိုးလာလို့ မထွက်နိုင်ဘူးလို့ သတင်းထုတ်ပြန်လိုက်"


"ကောင်းပါပြီ"


ရှီခိုင်ရှင်းက ဖြေပြီးနောက်ထွက်သွားလေသည်။


Xxxxxx