အပိုင်း ၁၁
Viewers 17k

Chapter 11


 သူအပြင်ကိုထွက်သည်နှင့် ကျွင်းချင်ယွီကို တိတ်တိတ်လေးပြောလိုက်သည်။


"မင်းရဲ့အသီးအရွက်တွေက အရသာရှိတယ်"


ကျွင်းချင်ယွီ:"..."


ဘာလို့ ဒီလူကအရမ်း!-


ကျွင်းချင်ယွီ အံကြိတ်လိုက်၏။


"အူး..."


ဖုယွမ်ချွန်းက အမြန်ချော့မြူလိုက်သည်။


"ဟေး၊ သူ့ကိုလျစ်လျူရှုထားလိုက်ပါ၊ မင်း အသီးအရွက်တွေစားချင်လို့လား"


ဖုယွမ်ချွမ်းက သူ့ကိုခရမ်းချဥ်သီးသေးသေးလေးကို ပေးလိုက်သည်။


ကျွင်းချင်ယွီက ကြည့်ပင်မကြည့်ချေ။ သို့သော်လည်း သူကရေခဲသေတ္တာကို လက်ညှိးထိုးကာဖြင့် "အွီး..."


"မင်းကိုယ်တိုင် ယူချင်လို့လား"


ကျွင်းချင်ယွီ ခေါင်းငြိမ့်လိုက်သည်။


ဖုယွမ်ချွမ်းက ရေသူငယ်လေးကို ကောက်ယူကာ ရေခဲသေတ္တာထဲတွင် မည်သည့်အသီးအရွက်များရှိသည်ကို ကြည့်ခိုင်းသည်။


သူပြင်ဆင်သည့်အချိန်တိုင်း အသီးအနှံ၊အသီးအရွက် တစ်မျိုးစီတိုင်း၏ တစ်စိတ်တစ်ပိုင်းကို ဖြတ်တောက်လေ့ရှိပြီး ရေသူလေးက တစ်ခါမှ မမြင်ဖူးပေ။


ကျွင်းချင်ယွီက အနီးကပ်ကြည့်လိုက်သည်။ အသီးအရွက်မျိုးစုံရှိသော်လည်း အရည်အသွေးကတော့မကောင်းပေ။


ခဏမျှစဥ်းစားပြီးနောက် ကျွင်းချင်ယွီက ရေခဲသေတ္တာ၏ အနက်ရှိုင်းဆုံးအပိုင်းကိုညွှန်ပြလိုက်သည်။


"အွီး..."


ဖုယွမ်ချွမ်းက သူ့လက်ကိုအနည်းငယ်မြင့်အောင်မလိုက်ပြီး ရေခဲသေတ္တာထဲကို ထည့်လိုက်သည်။


သူ၏ထောင့်မှဆိုလျှင် ရေသူငယ်လေး၏အမြှီးက လှုပ်ယမ်းနေပြီး သူဘာလုပ်နေသလဲဆိုတာကို မမြင်ရချေ။ သို့သော်လည်း ခံစားချက်ကောင်းနေသည်ကိုတော့ ခံစားရသည်။


ကျွင်းချင်ယွီက ခရမ်းချဉ်သီးအနည်းငယ်ကို သူ၏ဘယ်နှင့်ညာတွင် ထားလိုက်ပြီး ပိတ်ဆို့လိုက်သည်။ ပြီးနောက် နေရာလွတ်ထဲမှ ခရမ်းချဥ်သီးတစ်လုံးကို အမြန်ဆွဲထုတ်လိုက်သည်။


အပြင်ဘက်အခွံကို ဖယ်ထုတ်လိုက်ပြီး အနည်းငယ်ကြေမွသွားအောင်လုပ်လိုက်သည်။


ယင်းက ရေခဲသေတ္တာထဲမှပစ္စည်းများထက် ပိုလတ်ဆတ်သော်လည်း မလုပ်သည်ထက်စာလျှင် တော်ပါသေးသည်။


ကျွင်းချင်ယွီ ခရမ်းချဥ်သီးကို ဖုယွမ်ချွမ်း၏လက်ထဲ ထည့်ပေးလိုက်သည်။


အလေးချိန် အပြောင်းအလဲကို သတိပြုမိသွားသောအခါ ဖူယွမ်ချွမ်းက သူ့လက်ကို ဖယ်လိုက်သည်။


"ခရမ်းချဉ်သီးစားချင်လို့လား"


"အာ..."


ဖုယွမ်ချွမ်းက ခရမ်းချဉ်သီးကို လှီးဖြတ်ပြီး တစ်ဝက်ကိုသိမ်းထားလိုက်သည်။ ကျန်တစ်ဝက်ကို ရေသူငယ်လေးစားဖို့ အပိုင်းသေးလေးများလှီးဖြတ်လိုက်သည်။


ဖြတ်တောက်ပြီးနောက်တွင် ဖုယွမ်ချွမ်းက သေးငယ်သည့်အပိုင်းလေးကိုယူကာ ရေသူငယ်လေးကို ကျွေးလိုက်သည်။


"လာပါ..."


ကျွင်းချင်ယွီက အဝေးကို လှည့်လိုက်ပြီး စားဖို့အလျင်မလိုခဲ့ပေ။ သူက စားပွဲပေါ်မှတစ်ဝက်ကိုညွှန်ပြလိုက်သည်။


"Eh."


"ကြီးတာစားချင်တာလား"


ဖုယွမ်ချွမ်းက သူ့ကိုပိုကြီးသည့်တစ်ခုအား ကျွေးလာပြန်သည်။


ကျွင်းချင်ယွီ လက်ဖြင့်တွန်းထုတ်လိုက်သည်။


"Eh~"


ခင်များစား။


"ကိုယ့်အတွက်လား"


ကျွင်းချင်ယွီ ခေါင်းညိတ်သည်။ ဟုတ်တယ်၊ ခင်များခန္ဓာကိုယ်အတွက်ကောင်းတယ်။


ဖုယွမ်ချွမ်းကပြောသည်။


"ကိုယ်မစားချင်ဘူး...၊ မင်းဟာမင်းစားပါ..."


ဖုယွမ်ချွမ်းက သူ့ကိုဆက်ကျွေးချင်နေဆဲပင်။


ကျွင်းချင်ယွီ သူ့ပါးစပ်ကို ကာလိုက်သည်။


"Oh."


ခင်များမစားရင် ကျွန်တော်လည်းမစားဘူး။


အကူအညီမဲ့စွာဖြင့် ဖုယွမ်ချွမ်းက တစ်ဝက်ကိုယူပြီး သေးသေးလေး ကိုက်လိုက်သည်။ 


သူစားခဲ့ဖူးသည့်အရသာနှင့်မတူသလိုပင်။


အရသာရှိသည်။ အရည်များထွက်လာသည်ကိုကြည့်ကာ အံ့သြသွားရ၏။ 


ခရမ်းချဉ်သီးတစ်ဝက်ကိုယူပြီး အနီးကပ်ကြည့်လိုက်သည်။ သူမျက်မှောင်ကြုတ်လိုက်ပြီး သူ့လက်ဝါးထဲမှာထိုင်နေသည့် ရေသူလေးကိုကြည့်လိုက်သည်။


ကျွင်းချင်ယွီ မျက်တောင်ခတ်လိုက်သည်။ ဘာဖြစ်လို့လဲ ။


တစ်ခုခုကို မဖော်ထုတ်လိုက်မိဘူးမလား။


ကျွင်းချင်ယွီ၏နှလုံးခုန်နှုန်းက ဒရမ်တစ်လုံးပမာမြန်ဆန်လာပြီး အသံနိမ့်နိမ့်ဖြင့် အော်ဟစ်လိုက်သည်။


"Ehhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhh?"


"ဘာမှမဖြစ်ဘူး'' 


ဖုယွမ်ချွမ်းက ခရမ်းချဥ်သီးတစ်ဝက်အား ချထားလိုက်ပြီး သူ့ကိုကျွေးရန် ခက်ရင်းအသေးလေးယူလာကာ 


" ဒီခရမ်းချဥ်သီးက အရမ်းကောင်းတယ်၊ မင်းစမ်းကြည့်''


ကျွင်းချင်ယွီက အသေးလေးတစ်စိတ်အား စားလိုက်ပြီး ခရမ်းချဥ်သီးအများစုအား ညွှန်ပြကာ


 ''Eh"


ဖုယွမ်ချွမ်းက သူ့ပါးစပ်ထောင့်ကို သုတ်လိုက်ပြီး ပြောလိုက်သည်။


"ဒီတစ်ဝက်က မင်းနောက်တစ်ကြိမ်စားဖို့အတွက်" 


ကျွင်းချင်ယွီက မှင်သက်သွားပြီး ဖုယွမ်ချွမ်၏အတွေးများကိုပင် ခန့်မှန်းလိုက်မိသည်။


 ယခင်ကသူလှီးဖြတ်ခဲ့သော ခရမ်းချဥ်သီးများက မကောင်း၍ သူထပ်မံမစားချင်ခဲ့ခြင်းဖြစ်သည်ဟူ၍။


"Eh" 


ကျွင်းချင်ယွီက စားနေခြင်းအားရပ်ကာ ထလိုက်ပြီး ခရမ်းချဥ်သီးတစ်ဝက်ကိုကိုင်ကာ ဖုယွမ်ချွမ်း၏ ပါးစပ်ထဲသို့ထည့်လိုက်သည်။


ခင်များမစားရင် ကျွန်တော်လည်း ဘာအတွက်မှမစားဘူး


ဖုယွမ်ချွမ်းက သူ့ကို ညင်သာစွာ ချော့မော့လိုက်သည်။ 


" လိမ္မာတယ် ကိုယ့်ဟာကိုယ်စား''


ကျွင်းချင်းယွီက မတိုင်မီက ဇီဇာကြောင်လွန်းခဲ့မိသလားဟု သူ့ကိုယ်သူ စတင်တွေးမိလိုက်ကာ ဖုယွမ်ချွမ်းက အရသာရှိသော ခရမ်းချဥ်သီးများကို တွေ့သည့်တိုင် ယင်းအား နှစ်နှပ်စာအဖြစ် ချန်ထားလိုက်သေးသည်။


မရဘူး ဒါက ဖုယွမ်ချွမ်းအတွက်ပဲ


ကျွင်းချင်ယွီက ဖုယွမ်ချွမ်းစားအောင် မည်သို့လုပ်ရမည်ကို စဥ်းစားရင်း သူ၏အမြှီးများက လှုပ်ယမ်းနေခဲ့သည်။


ရုတ်တရက်ပင် ကျွင်းချင်ယွီ၏ ညဏ်ကွန့်မြူးမှုများ ဖြတ်ခနဲလက်သွား၏။


ဖုယွမ်ချွမ်းက တစ်ခုခုမူမမှန်တာကို သတိထားမိသွားသည်။


"ဘာဖြစ်လို့လဲ''


ရေသူငယ်လေးသည် မျက်ရည်များဝဲ၍ ခေါင်းကိုမော့လိုက်သည်။


 ''အွီး.......''


ဖုယွမ်ချွမ်း : "!"


ခါးသီးစွာမျက်ရည်ကျနေသည့်ရေသူငယ်လေးကိုကြည့်ကာ ဖုယွမ်ချွမ်း၏နှလုံးသားတင်းကြပ်သွားသည်။


သူ့မျက်ရည်များကို သုတ်ပေးချင်သော်လည်း ရေသူငယ်လေးက ရှောင်ဖယ်ပြီး ကျယ်လောင်စွာငိုကြွေးရင်း အဝေးကိုလှည့်သွားသည်။


ဖုယွမ်ချွမ်း စဥ်းစားပြီးနောက် ချော့လိုက်သည်။


"မငိုပါနဲ့၊ တစ်ဝက်စီစားမလား"


သူကတစ်ဝက်ပိုင်းထားသည့်ခရမ်းချဥ်သီးအား ထပ်မံခွဲထားသည့်အပိုင်းကို ရည်ညွှန်းခြင်းဖြစ်သည်။


ကျွင်းချင်ယွီ မျက်တောင်ခတ်လိုက်သည်။ ကျွန်တော်ဒီလောက်ငိုပြနေတာတောင် ခင်များက တစ်ဝက်လို့ပြောတုန်းပဲလား။


ရေသူငယ်လေးက ရုတ်တရက်ကြီး ကျယ်လောင်စွာ ငိုကြွေးလာသည်။


 "Uuuuuuuuuuuuuuuuuuuuuuuuuuuuuuuuuuuuuuuuuuuuuuuuuuuuuuuuuuu..."


ဖုယွမ်ချွမ်း : "!"


ဖုယွမ်ချွမ်းက ညှိနှိုင်းလာသည်။


"ကိုယ်တစ်ဝက်ကိုစားမယ်၊ ပြီးရင် မင်းကဒါကို အသေးလေးတွေတုံးပြီး စားလို့ရတယ်လေ"


ကျွင်းချင်ယွီ ချက်ချင်းပင်အငိုရပ်သွားသည်။


 "Eh."


သဘောတူတယ်!


ဖုယွမ်ချွမ်း အံ့အားသင့်သွားသည်။ သူကချက်ချင်းကို မျက်ရည်မကျတော့ဘူးလား...?


ကျွင်းချင်ယွီ : "Ah—"


ဖုယွမ်ချွမ်းက အပိုင်းသေးသေးလေးကို ရေသူငယ်လေးအား ကျွေးလိုက်သည်။


ကျွင်းချင်ယွီ မြည်းလိုက်သည်။ အရသာရှိကာ ချိုချဥ်လေးဖြစ်သည်။ ဤသည်က ခရမ်းချဥ်သီးတစ်လုံးမှာရှိသင့်သည့်အရသာပင်။


ခရမ်းချဥ်သီးများကို အာရုံမစိုက်မိစေရန်အတွက် သူကတမင်တကာပင် သေးသည့်အလုံးကို ရွေးလိုက်ခြင်းပင်။ သူနှင့်ဖုယွမ်ချွမ်းက အကိုက်အနည်းငယ်ကို မျှဝေခဲ့သည်။


ခရမ်းချဉ်သီးကိုစားပြီးနောက် ဖုယွမ်ချွမ်းက ရေသူငယ်လေးကို သယ်ဆောင်သွားနိုင်သည့် ရေသူသေတ္တာထဲ ထည့်လိုက်သည်။


ကျွင်းချင်ယွီ ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ ဤရေသူသေတ္တာက ပျိုးထောင်ရေးစခန်းမှသေတ္တာထက် ပို၍ကြီးသည်။ သူကခွေခေါက်နေစရာမလိုပဲ လှဲနေနိုင်သည်။


ဒီတစ်ခါမှာ ဘာလို့သေတ္တာကို သုံးရတာလဲ။


"Huh?"


ဖုယွမ်ချွမ်းက ရေသူငယ်လေးကိုဖက်ကာ ပြောလိုက်သည်။


"ကိုယ်မင်းကို လုံခြုံတဲ့နေရာကို ခေါ်သွားမယ်"


လုံခြုံတဲ့နေရာ...


ကျွင်းချင်ယွီ နှုတ်ခမ်းတွေကိုဖိလိုက်သည်။ ဒီနေရာမှာ ပြဿနာရှိနေတာကို ဖုယွမ်ချွမ်းလည်း ရှာတွေ့သွားတာလား။


ကျွင်းချင်ယွီအနေဖြင့် ဤနေရာတွင်အကြာကြီးမနေရသေးသော်လည်း ထွက်မသွားပါက သူ့အတွက်ပြဿနာတစ်ခုခုရှိလိမ့်မည်ဟု ခံစားရသည်။ သူဖုယွမ်ချွမ်းဘေးမှာ ရှိနေသရွေ့ပင်။


တစ်ခုလေးပါပဲ။ ခြံနောက်မှရေကူးကန်ကို အလှဆင်ထားသော်လည်း မသုံးရတော့ခြင်းသာ။


သူတစ်ကြိမ်သာ ကစားရသေးသည်။


ဖုယွမ်ချွမ်းက ရေသူလေး၏အမူအယာကို သတိပြုမိသွားပြီး


"မပျော်ဘူးလား"


ကျွင်းချင်ယွီ ခေါင်းယမ်းပြသည်။ မပျော်တာမဟုတ်ပါဘူး၊ သနားမိရုံပါပဲ။


သို့သော်လည်း ကျွင်းချင်ယွီက ကောင်းမွန်သည့်စိတ်အခြေအနေရှိနေပြီး အမြန်ပြောင်းလဲလိုက်သည်။


သူကဖုယွမ်ချွမ်း၏လက်ကို ပုတ်လိုက်သည်။


"Eh!"


ဖုယွမ်ချွမ်းက သူ့ခေါင်းလေးကိုထိလိုက်ကာ ရေသူလေးကို အာကာသယာဉ်ပေါ် ခေါ်သွားလိုက်သည်။


ကျွင်းချင်ယွီအတွက် ဒုတိယအကြိမ် အာကာသယာဥ်ပေါ် ရောက်ခြင်းပင်။ ယခင်ကတစ်စီးနှင့်ယှဥ်လျှင် ယခုတစ်ကြိမ်က ပိုမြန်သလိုခံစားရသည်။


ဖုယွမ်ချွမ်းက ဆိုသည်။


"လမ်းမှာနည်းနည်းကြာမယ်၊ မင်းပျင်းလာရင်အိပ်နော်"


"Eh~" 


ကျွင်းချင်ယွီ သဘောတူလိုက်သော်လည်း အိပ်ချင်စိတ်မရှိပေ။ ဖုယွမ်ချွမ်း သူ့ကို ဘယ်ကို ခေါ်သွားမယ်ဆိုတာကို အလွန်သိချင်နေခဲ့သည်။


ခရီးက အလွန်ဝေးသောကြောင့် ကျွင်းချင်ယွီက ရေသာစိမ်နေရပြီး မကစားရသလို ဖုန်းမသုံးရပေ။


ယင်းက အချိန်တိုအတွက် အဆင်ပြေသော်လည်း အချိန်အတော်ကြာပြီးနောက်တွင်တော့ ပျင်းသည်ဟု ခံစားလာရလိမ့်မည်။ 


ကျွင်းချင်ယွီသည် ရေထဲတွင် ပူဖောင်းများ မှုတ်ထုတ်လိုက်ကာ ဖောက်ပစ်ရင်း သူ့ကိုယ်သူ အချိန်ကုန်စေရန်လုပ်နေရသည်။


ဤသည်ကိုမြင်ပြီး ဖုယွမ်ချွမ်း၏လက်ချောင်းများက တွန့်ကွေးကာ သေတ္တာထဲသို့ ရောက်သွားပြီး ရေသူငယ်လေး၏ ပါးမို့လေးအား ပွတ်သပ်လိုက်သည်။


ကျွင်းချင်ယွီ အံ့အားသင့်သွားပြီး ဖုယွမ်ချွမ်း၏လက်ကို မသိစိတ်က ပွေ့ဖက်လိုက်သည်။


"Eh''


ဖုယွမ်ချွမ်းကပြောလိုက်သည်။ 


"မစိုးရိမ်ပါနဲ့ အကြာခင်ရောက်တော့မယ်''


ကျွင်းချင်ယွီသည် ဖြည်းညင်းစွာ ထထိုင်ကာ ဖုယွမ်ချွမ်း၏လက်အား ဖက်တွယ်ထားလိုက်သည်။


သူ့အမြှီးပေါ်မှ လက်ကိုကြည့်ကာ ကျွင်းချင်ယွီသည် မျက်လုံးများမှိတ်ထားလိုက်ပြီး သက်ပြင်းချတစ်ချက်လိုက်သည်။


ပူဖောင်းငယ်လေးများက လှုပ်စိလှုပ်စိဖြင့် ပေါလောပေါ်လာလေသည်။


ကျွင်းချင်ယွီက ယင်းတို့အားဖိလိုက်ရာ ပူဖောင်းငယ်လေးတစ်ခုက ဖုယွမ်ချွမ်း၏ လက်အနောက်ဘက်ဖြင့် တိုက်မိသွားသည်။


ပူဖောင်းလေးသည် 'ပလုံ' ဟူသောအသံဖြင့် ပေါက်သွားသည်။


ကျွင်းချင်ယွီသည် မရယ်ဘဲမနေနိုင်တော့ပဲ နောက်ထပ်ပူဖောင်ငယ်လေးများအား မှုတ်ထုတ်လိုက်သည်။


ဖုယွမ်ချွမ်းကသူ့ကိုကစားခွင့်ပေးထားလိုက်သည်။


ကျွင်းချင်ယွီက နောက်ထပ်ပူဖောင်းကို မှုတ်ထုတ်လိုက်ပြီး ၎င်းကို ဖိခါနီးတွင် ဖုယွမ်ချွမ်းက ရုတ်တရက် ထိုးဖောက်ရန် သူ့လက်ကို မြှောက်လိုက်သည်။


ကျွင်းချင်ယွီ၏မျက်လုံးများရှေ့တွင် ပူဖောင်းပေါက်ကွဲသွားပြီး ကျွင်းချင်ယွီ အံ့အားသင့်သွားသည်။


"Guru!'' 


ကျွင်းချင်ယွီက ဖုယွမ်ချွမ်း၏ လက်ချောင်းအား ကိုက်ပစ်လိုက်သည်။


၎င်းက တကယ်ကိုသတိလက်လွတ်တုံ့ပြန်လိုက်ခြင်းဖြစ်သည်။


ကိုက်လိုက်ပြီးနောက် ကျွင်းချင်ယွီ မျက်တောင်ခတ်လိုက်ပြီး မျက်လုံးပင့်ကာ ဖုယွမ်ချွမ်းကို ကြည့်လိုက်သည်။ 


ဤသို့ပါးစပ်ဟလိုက်သည်ကို ဖုယွမ်ချွမ်း သတိမပြုမိစရာအကြောင်းမရှိချေ။


ဖူယွမ်ချွမ်းကလည်း သူ့ကိုငုံ့ကြည့်နေ၏။


ကျွင်းချင်ယွီ ပါးစပ်ကို လွှတ်လိုက်ပြီး ထိုအမျိုးသားကို အလွန်အပြစ်ကင်းစင်စွာပြုံးပြလိုက်ပြီး အမြှီးနှင့်ခေါင်းကိုလှည့်ကာ ထွက်ပြေးတော့သည်။ 


သို့သော်လည်း သေတ္တာက သေးလွန်းရကား နေရာမရှိပေ။ ရေကူးကြီးထဲမှာဆိုလျှင်တော့ဖြင့် သူလွတ်မြောက်နိုင်သည်။


သေတ္တာထဲတွင်တော့ သူ့အမြီးဖြင့်ကူးလိုက်ရူံမျှဖြင့် ဖုယွမ်ချွမ်းက သူ့ကိုဖမ်းဆွဲမိသွားသည်။


"Eh..." 


ကျွင်းချင်ယွီ အော်လိုက်သည်။ 


ကျွင်းချင်ယွီက သူ့အမြီးကို မြှောက်လိုက်ပြီး ဖုယွမ်ချွမ်း၏ လက်ကောက်ဝတ်ကို အမြီးဖျားဖြင့် ဖြတ်ခုတ်လိုက်သည်။


"Guru~"


ဖုယွမ်ချွမ်းက သူ့လက်ပေါ်မှ သွားရာများကို ပြရန် သူ့လက်ကို လှည့်လိုက်သည်။


ကျွင်းချင်ယွီ သူ့မျက်လုံးတွေကိုငုံ့လိုက်ပြီး လက်ကိုဆန့်ထုတ်ကာ ထိုနေရာကို ဖိပွတ်ပေးလိုက်သည်။


တကယ်တော့ ကိုက်လိုက်တာက မပြင်းထန်ပေ။ အရာတစ်ခုကိုချန်ခဲ့ပြီး အတော်လေးထင်ရှားနေရုံသာ။


ကျွင်းချင်ယွီက သူ့ကို နှစ်ကြိမ်မျှ ပွတ်ပေးလိုက်ပြီး ရုတ်တရက် သူ့ခါးထက်တွင် ယားယံလာသည်ကို ခံစားလိုက်ရ၏။ သူ့ငုံ့ကြည့်လိုက်ရာ ဖုယွမ်ချွမ်း၏လက်ချောင်းများရှိနေသည်ကို တွေ့လိုက်ရသည်။ 


ကျွင်းချင်ယွီ အံ့သြထိတ်လန့်သွားရသည်။ 


"—Hmm!"


ကျွင်းချင်ယွီ သေတ္တာထဲလှည့်ဝင်လိုက်သော်လည်း ဖုယွမ်ချွမ်းကလိုက်ကလိနေသည်ကိုတော့ မရှောင်နိုင်ချေ။


ခင်များကငတုံးပဲ!


ဘယ်လိုလုပ်ပြီး ရေသူလေးတစ်ကောင်ကို လှည့်စားရဲရတာလဲ? !


ကျွင်းချင်ယွီ အပြန်ပြန်အလှန်လှန် ရှောင်တိမ်းနေသော်လည်း မပြေးနိုင်ဘဲ ရယ်မောရလွန်း၍ မျက်ရည်များထွက်လာပြီး ချက်ချင်း ရေထဲတွင် ပျောက်ကွယ်သွားသည်။


ပူဖောင်းများက သူ့နှုတ်ခမ်းမှ ဆက်တိုက်ထွက်လာသည်။


ကျွင်းချင်ယွီ ဖုယွမ်ချွမ်း၏လက်ကို ဖမ်းကိုင်လိုက်ပြီး ရယ်မောရ၍ သူ့အမြီးလေးက တုန်ယင်နေလေသည်။


အရမ်းအနိုင်ကျင့်လွန်းတယ်။


Xxxxxx