အပိုင်း ၁၂
Viewers 16k

Chapter 12


ရေသူငယ်လေးကိုကြည့်ပြီး ဖုယွမ်ချွမ်းသက်ပြင်းရှူထုတ်လိုက်သည်။ ရေမွန်းသွားမှာကို စိုးရိမ်သဖြင့် သူ့လက်ကို အဝေးကိုဖယ်လိုက်သည်။


ကျွင်းချင်ယွီက ရယ်နေတာကို ရပ်လိုက်ပြီး ရေထဲမှနေ၍ ဖုယွမ်ချွမ်းအား တိတ်ဆိတ်ကြည့်နေသည်။


ဖုယွမ်ချွမ်းက မူလတွင် သူ့ကိုကြည့်နေသော်လည်း ရေသူငယ်လေးသည် မကောင်းတာတစ်ခုခု လုပ်ချင်ပုံနေသောကြောင့် ရေသူငယ်လေးအား ဆက်ကြည့်နေရန် သူ့အတွက် အနည်းငယ်အဆင်မပြေ ဖြစ်သွားသည်။


ဖုယွမ်ချွမ်းက သူ့မျက်လုံးများအား ပေါ့ပေါ့ပါးပါးဖြင့်ခနကြည့်ပြီးနောက် အကြည့်လွှဲလိုက်သည်။


ကျွင်းချင်ယွီက တိတ်တဆိတ် သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး သူ့လက်မှရေများဖြင့် ဖုယွမ်ချွမ်း၏အဝတ်များပေါ်သို့ ဖိလိုက်သည်။


လက်ဗွေငယ်လေးတစ်ခုထင်သွား၏။


အထူးပြည့်စုံသည်။


ဖုယွမ်ချွမ်းက ရေကို ငါးအမြှီးဖြင့် ရိုက်ခတ်ပစ်လိမ့်မည်ဟု တွေးထားခြင်းပင်။ သို့သော်လည်း ဤကဲ့သို့ နူးညံ့သော ကျီစယ်မှုလေးဖြစ်မည်ဟု မထင်ထားမိပေ။


ဖုယွမ်ချွမ်းက ရေသူငယ်လေး၏ ခေါင်ထိပ်လေးကို ထိလိုက်ပြီး


"အိမ်ကိုရောက်တော့မယ်''


"Eh~"


ပြောနေစဥ်မှာပဲ ယာဥ်ရပ်သွားသည်။


ကျွင်းချင်ယွီ၏ခေါင်းလေးက မြင့်တက်လာကာ လှမ်းကြည့်လိုက်ပြီး  ထိုနေရာအားတွေ့သွားသည်။


တစ်ချက်ကြည့်ရုံမျှဖြင့် ဘယ်နှင့်ညာ နှစ်ဘက်စလုံးကိုမြင်ရသည်။


ကျယ်ဝန်းသည့် ဧရိယာက နေရာယူထားသည်။ အလယ်တွင် မိသားစုဗီလာကြီးရှိပြီး မနီးမဝေး တစ်ဖက်စီတွင် နှစ်ထပ်အိမ်တစ်လုံးစီရှိသည်။ သို့သော် အလယ်မှတစ်ခုထက် ပိုသေးသည်။


ဗီလာသုံးခုကြားတွင် ချိတ်ဆက်မှုများရှိနေပြီး စိမ်းလန်းသော အပင်ကြီးများရှိသည်။ယာဥ်ပျံသည် ခြံဝင်းတံခါးဝမှ ဗီလာဝင်ပေါက်ထိ တိုက်ရိုက်မောင်းနှင်သွားသည်။


ကျွင်းချင်ယွီ တွေးလိုက်မိသည်။ ဒါက အင်ပါယာမာရှယ်လ်တစ်ယောက်နေသင့်သည့် နေရာပင်။


ဖုယွမ်ချွမ်းက ယာယီနေရာတွင် မှားယွင်းစွာနေထိုင်ခဲ့၏။


ဗီလာတံခါးကိုဖြတ်သွားသည်နှင့် အိမ်ထိန်းက သူ့ကို နှုတ်ဆက်လေသည်။ သူကဘေးတွင်ရပ်ကာ ပြောလာ၏။


"မာရှယ်လ်၊ မစ္စတာဖုနှင့်မစ္စဖုရဲ့ခရီးဆောင်အိတ်တွေကို ထုတ်ပိုးပြီးသွားပါပြီ"


"ကောင်းပြီ" 


ဖုယွမ်ချွမ်း ဖျော့တော့စွာပြောလိုက်သည်။


"သူတို့အားလုံးကို ဆေးရုံပို့ပြီး စောင့်ကြည့်ထားပါ..."


အိမ်ထိန်းကပြန်ဖြေသည်။


"ဟုတ်ကဲ့ပါမာရှယ်လ်"


ကျွင်းချင်ယွီ ဖုယွမ်ချွမ်းကိုကြည့်လိုက်သည်။ မစ္စတာဖု...အဲဒါ ဖုယန်ဟုန်လား။


ဖုယွမ်ချွမ်းက သူ့အကြည့်ကို သတိပြုမိသွားပြီး ရေသူငယ်လေးကိုထိကာ ပြောလိုက်သည်။


"မကြောက်ပါနဲ့ ၊ မင်းကိုဘယ်သူကမှ ထပ်အနိုင်ကျင့်မှာမဟုတ်ဘူး"


ကျွင်းချင်ယွီ သူ့ပါးစပ်ကိုဖွင့်ကာ တစ်စုံတစ်ခုပြောရန်ကြိုးစားလိုက်သော်လည်း သူ့ပါးစပ်ကိုဖွင့်လိုက်သည်နှင့် သူ့လည်ချောင်းက အနည်းငယ်ယားယံနေသည်ကို ခံစားလိုက်ရသည်။


လူတွေကထိုသို့ပင်ဖြစ်၏။ တစ်ခါတစ်ရံမှာ အပြည့်အဝတာဝန်ယူနိုင်ပြီး အရာအားလုံးကို အေးဆေးတည်ငြိမ်စွာဖြင့် ဘာမှမထူးခြားသလို ဖြေရှင်းနိုင်သည်။


သိူ့သော်လည်း တစ်စုံတစ်ယောက်က ချော့မြူလာလျှင်တော့ တစ်ခုခုဖြစ်သလိုခံစားရပြီး အကြောင်းအရင်းအချို့ကြောင့် ငိုချင်လာပေလိမ့်မည်။


ကျွင်းချင်ယွီ ဘာမှမပြောဘဲ ဖုယွမ်ချွမ်း၏လက်ကို ပွတ်သပ်လိုက်သည်။


အိမ်ထိန်းကပြောလာသည်။


"မာရှယ်လ်၊ ကျွန်တော့်ကို ရေသူလေးကိုပေးပါ၊ သူ့ကိုရေသူအခန်းကို ပို့လိုက်ပါ့မယ်"


ဖုယွမ်ချွမ်းကဆိုသည်။


"မဟုတ်ဘူး ၊ သူကငါနဲ့နေမှာ"


ထိုစကားလုံးများကိုကြားသည့်အခါ အိမ်ထိန်းကအံ့သြသွားသည်။ ပြီးနောက်တွင် သူကတိတ်တဆိတ်လှည့်ထွက်သွားပြီး ဗီလာတွင် ဖုယန်ဟုန်နှင့်သူ့ဇနီးကျန်ခဲ့သည့် ခရီးဆောင်သေတ္တာများကို ကိုင်တွယ်တော့သည်။


ဖုယွမ်ချွမ်းက ကျွင်းချင်ယွီကိုသယ်လျက် အပေါ်ထပ်ကိုတက်လာလိုက်သည်။ သူတို့အိတ်ကြီးအိတ်သေးများကို သယ်ချနေကြသည်ကို မြင်နေရဆဲပင်။


ဖုယန်ဟုန်နှင့်ပတ်သက်ပြီး ကျွင်းချင်ယွီ သူ့မျက်ခုံးတွေကိုပင့်လိုက်သည်။ သူတို့က ဒီမတိုင်ခင်က ဖုယွမ်ချွမ်းနှင့်အတူနေခဲ့တာလား။


ပစ္စည်းတွေကများလွန်းသည်။ ရက်အနည်းငယ်သာနေခဲ့ခြင်းမဟုတ်သည်မှာ ထင်ရှား၏။


ဖုယန်ဟုန် သူတို့၏ယာယီနေထိုင်ရာကို လာစဥ်က ဖုယွမ်ချွမ်းက အိမ်ပြန်မလာဘူးဟု ပြောခဲ့သည်။


သို့သော်လည်း ဖုယွမ်ချွမ်း အိမ်မပြန်ခြင်းက ထိုစုံတွဲရှိနေခြင်းကြောင့်ဟူ၍ ပြောင်းလဲသွား၏။


ဖုယန်ဟုန်နှင့်သူ့ဇနီးက လူကောင်းများမဟုတ်ရကား သူတို့နှင့်အတူမနေရလျှင် အဆင်ပြေပါသည်။


ဤသည်ကိုတွေးပြီးနောက် ကျွင်းချင်ယွီ ရုတ်တရက် ရပ်တန့်လိုက်သည်။ သူကထိုလူနှစ်ယောက် လူကောင်းမဟုတ်တာကိုသိသော်လည်း ဖုယွမ်ချွမ်းကမသိချေ။


ဖုယွမ်ချွမ်းက ရေသူကိုဝယ်ပြီးနောက် အိမ်မပြန်ဘဲ ယာယီနေထိုင်ရာမှာသာနေခဲ့သည်။ ဖြစ်နိုင်သည်မှာ...


ဖုယွမ်ချွမ်းသည်လည်း ထိုလူနှစ်ဦးနှင့်ပတ်သက်၍ ပြဿနာရှိနေသည်ကို သတိပြုမိခြင်းပေလား။


"ဘာတွေကို အလေးအနက်တွေးနေတာလဲ"


ကျွင်းချင်ယွီ ဖုယွမ်ချွမ်း၏လက်ကိုဖက်လိုက်သည်။


"Eh~!"


ခင်များကိုလွမ်းတယ်!


ဖူယွမ်ချွမ်းက သူဘာပြောနေသလဲမသိသော်လည်း ရေသူငယ်လေးပျော်နေသည်ကိုကြည့်ကာ သူသည်လည်း စိတ်အခြေအနေတိုးတက်လာသည်။


သူတို့ ပင်မအိပ်ခန်း(မာစတာအိပ်ခန်း)ကို ရောက်လာသောအခါ ပိုင်ရှင်က အတော်ကြာအောင် ပြန်မလာသော်ငြား နေရာကတော့ စနစ်တကျရှိနေဆဲဖြစ်ကြောင်းတွေ့လိုက်ရသည်


ကုတင်ခေါင်းရင်းတွင် လှပစွာအလှဆင်ထားသော ငါးကန်တစ်ခုလည်းရှိသည်။


ဖုယွမ်ချွမ်းက ရေသူလေးကို ငါးကန်ထဲတွင် ထည့်ပေးလိုက်ကာ ငါးကန်၏ စင်္ကြပေါ်တွင် ငါးခြောက်ကို တင်ထားပေးပြီးနောက် ပြောလိုက်သည်


"အနာဂတ်မှာ ဒီမှာအိပ်ကြမယ်."


"Eh!" 


ကျွင်းချင်ယွီက ငါးကန်ကို သူ့အမြီးဖြင့် အသာအယာ ပုတ်လိုက်သည်။


ခဏ၊ ဒါက ဘာပစ္စည်းအမျိုးအစားလဲ၊ ဖန်နဲ့လည်းမတူဘူး။


ထိုအရာက ဖန်ကဲ့သို့ဖောက်ထွင်းမြင်ရသည့်တိုင် ဖန်သို့မမာကျောပေ။


ကျွင်းချင်ယွီက ငါးကန်ကိုညွှန်ပြလိုက်ပြီး ခေါင်းမော့ကာမေးလိုက်သည်။ 


"Eh''


''ဒါက ခံနိုင်အားဆန့်ကျင်ပစ္စည်းလေ..._'' 


ဖုချွမ်းယွမ်က ခဏလောက်စဥ်းစားပြီး ထိုအရာကိုဖော်ပြရန် သင့်လျော်သော စကားလုံးကို ရွေးချယ်လိုက်သည်။


'' ခံနိုင်ရည်ရှိတယ်(လွယ်လွယ်မကွဲ)''


တစ်ခါက ငါးကန်ကို အမြှီးနှင့် ရိုက်ပစ်ခဲ့ဖူးသော ရေသူငယ်လေးသည် အပြစ်ကင်းစွာ အမြှီးလေးကို ခါလိုက်သည်။


ဖုယွမ်ချွမ်း၏ နှုတ်ခမ်းထောင့်စွန်းများက အနည်းငယ်ကွေးတက်သွားပြီး မတ်တပ်ထရပ်ကာ ပြောလိုက်သည်။ 


" ကစားရအောင်၊ ကိုယ်သန့်ရှင်းပေးမယ်''


ဖုယွမ်ချွမ်းက တခြားတစ်စုံတစ်ယောက်၏လက်နှင့်ထိထားသော အဝတ်အစားများအား မနှစ်သက်ပေ။


သူကိုယ်တိုင်လုပ်ရသည်ကိုသာ ကြိုက်၏။


ခရီးဆောင်အိတ်ကို ပြန်ယူလာပြီးနောက် အခန်းထဲတွင်ထားခဲ့ပြီး ယင်းကိုမဖွင့်ထားခဲ့ပေ။


သူ အဲ့ဒါကို ရှင်းလင်းရမည်။


 "ဟေး။"  


ကျွင်းချင်ယွီက စဥ်းစားရင်း ကမာခွံအိပ်ယာဆီသို့ ကူးသွားလိုက်သည်။


အိပ်ယာအဖုံးကိုမပိတ်မီတွင် ဖုယွမ်ချွမ်းဝင်လာသည်ကို တွေ့လိုက်ရကြောင်း အတိအကျ အတည်ပြုလိုက်သေးသည်။


သူမအိပ်ချင်သေးပေ။


သူနေရာလွတ်ကိုသွားရမည်။


ဖုယွမ်ချွမ်း၏မိခင်ထံမှ လုယူခဲ့သည့် လီဂျီယန်အမှတ်တံဆိပ်မှာ သူ၏နေရာလွတ်တွင် ရှိနေသေးသည်။


ထိုအရာက အတော်လေး အရေးကြီးပြီး ဖုယွမ်ချွမ်းကို ပြန်ပေးဖို့ နည်းလမ်းရှာရမည်။


ဝတ္ထု၏ခိုးယူခြင်းဇာတ်ကွက်မှာ ပြီးသွားပြီဖြစ်ပြီး အခြားတစ်စုံတစ်ဦးမှ ခိုးယူမည်ကို မစိုးရိမ်ရတော့ပေ။


ဇာတ်ကွက်တစ်ခုလုံးမှာ မူရင်းစာသားနှင့် လုံးဝလွဲနေပြီး အနာဂတ်တွင် ဖုယွမ်ချွမ်းက ပိုကောင်းသထက်ပိုကောင်းလာမှာ သေချာသည်။


သူကအတွေးတစ်ချက်ဖြင့် ရွေ့လျားလိုက်ပြီး

 နေရာလွတ်ထဲတွင်ပေါ်လာလိုက်၏။


အမြိတ်(ပန်းဖွားလိုအမြီးလေး)က သူ့လက်ထဲတွင် ပါလာသည်။


ကျွင်းချင်ယွီ အမြိတ်ကို ကောက်ကိုင်လိုက်ပြီး ခွဲထုတ်လိုက်သည် ။ အဖြူရောင်ချည်မျှင်၏ အလယ်တွင် အမှတ်တံဆိပ်အား ချိတ်ထားသည်ကို သူမြင်နေရသည်။


ထိုအရာက ငွေဖြူရောင်ဖြစ်သည်။


အလွန်ကြည့်ကောင်း၏။


အမှတ်အသားကို အမြိတ်တစ်ခုခုတွင် တွယ်ကပ်ထားသည်။ ကျွင်းချင်ယွီ အားဖြင့်ဆွဲသော်ငြား သူတို့ကို မခွဲနိုင်ပေ။


ဘယ်တစ်ဖက်ညာတစ်ဖက်ကိုင်ကာ အားဖြင့်ဆွဲ၏။


'ကလစ်'


ကျွင်းချင်ယွီ : "!!!"


အသံက မူမမှန်သည့်အခါ ကျွင်းချင်ယွီ၏ လှုပ်ရှားမှုများ ရုတ်တရက် ရပ်တန့်သွားသည်။ သူ၏ညာလက်ကို ဖြည်းညှင်းစွာဖြန့်ပြီး အမှတ်တံဆိပ်ကိုကြည့်လိုက်ရာ ယင်းက အထဲတွင် သုံးပိုင်းကွဲနေပြီဖြစ်သည်။


ကျွင်းချင်ယွီ : "..."


ကျွင်းချင်ယွီ ထိုခဏတွင် မည်သို့တုံပြန်ရမည်ကို မသိတော့ပေ။


အမှတ်တံဆိပ်ကို ကြယ်တာယာခေတ်မှာ အမာဆုံးပစ္စည်းနှင့် လုပ်ထားခြင်းဟု ပြောထားသည်မလား။


အဲတာက အဲဒီ့တံဆိပ်တွေက ကျိုးပဲ့မသွားနိုင်ဘူးဆိုသည့်အဓိပ္ပါယ်ပဲမလား။


ဒါကဘာဖြစ်တာလဲ။


အလွန်ပျက်စီးလွယ်ရကား အမြှုပ်သို့ပင် ကြေမွသွားနိုင်သည်။


ကျွင်းချင်ယွီသည် မည့်သည့်အရာများ ဖြစ်သွားမှန်းမသိတော့သော်လည်း အပြင်ဘက်မှ ဖုယွမ်ချွမ်း၏ အသံအား ကြားလိုက်ရသည်။


''ငါးလေး?''


ထိုအကြောင်း မတွေးခင်တွင် ကျွင်းချင်ယွီက နေရာလွတ်ထဲမှ လျှင်မြန်စွာထွက်ကာ အခွံထဲသို့ ပြန်သွားလိုက်သည်။


ဖုယွမ်ချွမ်းက တံခါးခေါက်သကဲ့သို့ သူ့လက်ချောင်းထိပ်များနှင့် အခွံအား ပုတ်နေသည်ကို တွေ့လိုက်ရသည်။


ကျွင်းချင်ယွီက အခွံကိုဖွင့်ပြီး ရေကူးထွက်လာကာ


"Eeeeeeee?"


"နိုးလာပြီလား?"


ကျွင်းချင်ယွီ ခေါင်းယမ်းလိုက်ပြီး ဖုယွမ်ချွမ်း၏ လက်ကို မှီလိုက်ကာ သူ့ကို မော့ကြည့်ရင်း


"ဟမ်း~?"


ဘာဖြစ်လို့လဲ 


ဖုယွမ်ချွမ်းကပြောလိုက်သည်။ '


"ကိုယ် တစ်ခုခုယူစရာရှိလို့''


ကျွင်းချင်ယွီက သံသယဖြင့် ကြည့်လိုက်ရာ ဖုယွမ်ချွမ်းသည် သူ၏အခွံအိပ်ယာထဲမှ ကူရှင်အား ကိုင်ထားသည်ကို တွေ့လိုက်ရသည်။


ထို့နောက် အခွံမာအိပ်ယာ၏ အောက်ခြေကိုတစ်ချက်ခေါက်လိုက်ကာ အထဲမှ ဗဟုဂံပုံစံ ငွေရောင်အရာတစ်ခုအား ထုတ်ယူလိုက်သည်။


ကျွင်းချင်ယွီ : "..."


ဒါက အမှတ်တံဆိပ်မလား။


အမှတ်တံဆိပ်အားထုတ်ယူလိုက်ပြီးနောက် ကမာခွံအိပ်ယာသည် ရွှေရောင်အလင်းဖြင့် တောက်ပမနေတော့ပဲ အဝိုင်းစက်လေးသို့ဖြစ်သွားသည်။


သူ့အိပ်ရာက ရုတ်တရက် မီးခိုးရောင် ရုတ်ခြည်းဖြစ်သွားတာကို မြင်လိုက်ရရာ ကျွင်းချင်ယွီမျက်တောင်ခတ်လိုက်မိသည်။


ဖုယွမ်ချွမ်းက ယင်းကို တိုက်ရိုက်မယူသွားဘဲ ရေသူငယ်လေးအား ပြောလိုက်သည်။


"ဒီစွမ်းအင်ကျောက်မျိုးက အရမ်းထူးခြားပြီး တစ်ခုပဲရှိတော့တာ၊ ဒါကို ကိုယ်အရင်သုံးပါရစေ၊ ပြီးရင် မင်းသုံးဖို့ ပြန်ပေးမယ် အဆင်ပြေရဲ့လား''


ကျွင်းချင်ယွီ : "..."


ဖုယန်ဟုန်နှင့်အခြားလူများက သူတို့ခိုးယူဖိူ့ကြိုးစားခဲ့သည့်အမှတ်အသားကို ငါးလေးအားချော့မြူရန်အတွက် ဖူယွမ်ချွမ်းကသုံးလိမ့်မည်ဟု စိတ်ပင်ကူးဖူးမည်မဟုတ်ပေ။


ထို့မတိုင်မှီက ဖုယွမ်ချွမ်းက ယင်းကိုသူနှင့်အမြဲဆောင်ထားသည်ကို ကျွင်းချင်ယွီ အကြိမ်ပေါင်းများစွာ မြင်ဖူးလေသည်။


သို့သော် ယခုမူ ဖုယွမ်ချွမ်းကသူနှင့်ယူမသွားဘဲ စားပွဲပေါ်တွင် ထားခဲ့လေသည်။ 

ထို အမှတ်တံဆိပ်ကို အတုဟူ၍ ယူဆ၍ရနိုင်၏။


ပစ္စည်းတုများကို ကိုယ်နှင့်မကွာယူသွားရန်မလိုအပ်သလို ယင်းကိုငါးစာချပြီး သူခိုးများကိုလည်းဖမ်း၍ရနိုင်သည်။


သူခိုးများ၏ကျွမ်းကျင်မှုက မလုံလောက်ရုံမျှသာ။ အချိန်အတော်ကြာ ခိုးယူပြီးမှ အတုကိုပင် မယူသွားနိုင်ပေ။ သူတို့၏အသွင်အစစ်ပေါ်သွားပြီး ဖုယွမ်ချွမ်းထံမှ ဗီလာအပြင်ကို နှင်ထုတ်ခံလိုက်ရသည်။


မူရင်းဝတ္ထုတွင် ဖုယွမ်ချွမ်းမှာ ချောက်ထဲ ဆွဲငင်ခံရပြီး အဆုံးသတ်သွားသည် ။


ကျွင်းချင်ယွီ ကမာခွံအိပ်ယာလေးကို ကြည့်လိုက်သည်။ 


သူလာသည့်အချိန်တွင် ထိုအခွံအိပ်ယာကို မြင်လိုက်သည့်အခါ ရင်းနှီးသလိုခံစားရတာ သိပ်မထူးဆန်းတော့ပါချေ။


ထိုအရာက ယခင်ကကွဲကြေသွားသည့်ငါးကန်ထဲတွင်ရှိခဲ့ပြီး ဖုယန်ဟုန်ကြောင့်ကွဲကြေသွားသည့်ငါးကန်ထဲမှာလည်း ရှိခဲ့လေသည်။


မူလက ဖုယွမ်ချွမ်းက အများကြီးဝယ်ခဲ့တာဟု တွေးခဲ့သော်လည်း ယခု အားလုံးက တူညီသည့် ကမာခွံအိပ်ရာ ဖြစ်ပုံရသည်။


အမှတ်တံဆိပ်ကို အထူးစွမ်းအင်ကျောက်တုံးဖြင့် ပြုလုပ်ထားပြီး ကမာခွံအိပ်ယာထဲတွင် ထားထားသည်။ မူလအဝါရောင် ကမာခွံအိပ်ရာသည် ရွှေရောင်ဖြစ်လာပြီး တချက်ကြည့်ရုံမျှဖြင့် အပြင်ဘက်တွင် ရွှေရောင်အလွှာတစ်ခု ရှိနေသည်နှင့်တူသည်။


ကျွင်းချင်ယွီက ဤအိပ်ရာမှာ အနည်ငယ်ဇိမ်ခံလွန်သည်ဟု ခံစားရသော်လည်း ဖုယွမ်ချွမ်းကတော့ ထိုအရာက ဘာမှမဟုတ်ဟုသာ တွေးသည်။


ထပ်ပေါင်းထည့်ရသော် ထိုအရာမှာ အမှတ်တံဆိပ်၏အရောင်လောက် သိပ်ကြည့်မကောင်းရုံသာ။


ရေသူလေးနှင့် လိုက်ဖက်စေရန်အတွက် ဖုယွမ်ချွမ်းက အမှတ်တံဆိပ်ကို အလင်းမီး

အဖြစ် အသုံးပြုခဲ့ပြီး ရေသူလေးအိပ်ရတာနှစ်သက်သည့် ကမာခွံအိပ်ယာအဖြစ် ပြောင်းလဲခဲ့ခြင်းသာ


ရေသူငယ်လေးက တိတ်ဆိတ်နေဆဲဖြစ်ကာ အရောင်မှိန်နေသည့်ကမာခွံအိပ်ယာကိုသာ စိုက်ကြည့်နေသည်ကိုကြည့်ပြီး ဖုယွမ်ချွမ်းကပြောလိုက်သည်။


"ငါးလေး၊ ကိုယ်မင်းကို ဆယ်မိနစ်အတွင်းပြန်ပေးမယ်၊ အိုခေ..."


"Hey." 


ကျွင်းချင်ယွီ အမြှီးကိုလှန်လျက် ဖုယွမ်ချွမ်း၏လက်ကောက်ဝတ်ကို တွန်းလိုက်သည်။


ယူလေ။


ပြီးသွားတဲ့အခါ ကျွန်တော့်ဆီ ယူခဲ့၊ ခင်များအတွက် စောင့်ကြည့်ပေးမယ်။


မတော်တဆတစ်ခုခုဖြစ်လာရင် တံဆိပ်အစစ်ကို နေရာလွတ်ထဲယူသွားလိုက်မယ်။ ဘယ်သူမှမရနိုင်တော့ဘူး။


ဖုယွမ်ချွမ်းက ရေသူငယ်လေး၏ဆံပင်ကို သူ၏လက်ချောင်းထိပ်များဖြင့် ပွတ်သပ်ပေးလိုက်ပြီး ဖီးသင်ပေးလိုက်သည်။


"ကျေးဇူးပဲ"


"ဘူး~" 


ကျွင်းချင်ယွီ ပူဖောင်းတစ်ခုကို မှုတ်ထုတ်လိုက်၏။ ကျေးဇူးတင်စရာမလိုပါဘူး။


ဖုယွမ်ချွမ်းကအဝေးကြီးမသွားခဲ့ပေ။ ဘယ်ဘက်ကစားပွဲခုံမှာသာရှိနေသည်။


သူက စက်ကိုဖွင့်ပြီး တံဆိပ်ကိုထည့်လိုက်သည်။


စက်က အလုပ်လုပ်လာပြီး ရှေ့ပြေးပုံစံကို ရေးဆွဲဖို့ အချိန်သိပ်မကြာပါချေ။


ကျွင်းချင်ယွီက ငါးကန်အစွန်းတွင် မှီ၍ ငါးခြောက်များစားရင်း စက်၏ သုံးဖက်မြင် ပုံနှိပ်စက်ကို ကြည့်နေသည်။


အတုတစ်ခုကိုလုပ်ပြီး အပြင်တွင်ထားကာ လူတွေကိုလှည့်စားသည်။


မဆိုးပါချေ။


သုံးဖက်မြင် ပုံနှိပ်စက်၏ အရှိန်မှာ အလွန်မြန်သည်။


အတိအကျတူညီသော အတုတစ်ခုပြုလုပ်ရန် ဆယ်မိနစ်ပင် မကြာပေ။


ပစ္စည်းများမတူသည်မှလွဲ၍ ကွဲပြားမှု မရှိသလောက်ဖြစ်သည်။


ဖူယွမ်ချွမ်းက အတုများကို စားပွဲပေါ်တွင် ပေါ့ပေါ့ပါးပါး ထားလိုက်သည်။


ထို့နောက် သူက တံဆိပ်အစစ်အမှန်ကို ကမာခွံအိပ် ယာထဲပြန်ဖိသွင်းလိုက်သည်နှင့် အိပ်ယာက ဖြည်းညှင်းစွာ ရွှေရောင်ပြောင်းကာ လင်းလက်စပြုလာပြန်သည်။


ကျွင်းချင်ယွီက ငါးခြောက်ကိုစားပြီးနောက် လက်ကို ဆေးကြောသန့်စင်လိုက်သည်။


ပိတ်စသည် ရေစိုခံသော်လည်း သူက ရေများလုံးဝစိုရွှဲနေကာ ပိတ်စပင် ရေစုပ်ရန်မကူညီနိုင်ပေ။


အတော်ကြာအောင် စုပ်ယူလိုက်ရသည်။


သူစားပြီးသည်နှင့် ဖုယွမ်ချွမ်းက သူ့လက်များကို သုတ်ပေးပြီး ဆေးဗူးပေါ်တွင် ပိတ်စအသစ်တစ်ထည်ကို ထားပေးလိုက်သည်။


''လမ်းလျှောက်ဖို့သွားချင်လား ကစားကွင်းကို ရေသူအခန်းမှာ ထားထားတယ်"


ကျွင်းချင်ယွီက ထိုမျှကြီးကျယ်သော ကစားကွင်းကြီးကို မလိုချင်ဘူးဟုဆိုပါက ဖြုန်းတီးရာရောက်သည်ဟု ခံစားမိဆဲဖြစ်သည်။ ဖုယွမ်ချွမ်းက ယခုကဲ့သို့ တွေးပေးပြီး ၄င်းကို ယူလာပေးလိမ့်မည်ဟု မထင်ထားခဲ့ပေ။


ကျွင်းချင်ယွီက ချက်ချင်း လက်နှစ်ဖက်ကို ဖွင့်လိုက်ကာ


"Eh~"


ခေါ်သွားပါ


ဖုယွမ်ချွမ်း ရေသူငယ်လေးကို သူ့လက်ထဲမှာ ကိုင်ထားပြီး ထွက်လာခဲ့သည်။


ကျွင်းချင်ယွီက ပတ်ပတ်လည်ကို ကြည့်လိုက်ရာ ဗီလာ၏ အတွင်းပိုင်းကလည်း အရမ်းကျယ်သည်ကိုတွေ့လိုက်ရသည်။


ဓာတ်လှေကားလည်း ရှိသည်။


စင်္ကြံတွင် အစေခံတစ်ယောက်မျှမရှိဘဲ ကြီးမားသောနေရာတစ်ခုလုံးက ဗလာဖြစ်နေပုံရသည်။


ထွက်လာပြီး သိပ်မကြာခင်မှာပင် ကျွင်းချင်ယွီက မရေရာသော အသံတစ်ခုကို ကြားလိုက်ရသည်။


ဖုယွမ်ချွမ်းက သူ့နားရွက်တွေကို ပွတ်သပ်ကာ မေးလာသည်။


"ဆူလို့လား"


ကျွင်းချင်ယွီ ခေါင်းယမ်းပြပြီး မော့ကြည့်လိုက်သည်။ မီးဖိုချောင်မှ အသံထွက်လာသည်။


အထဲမှာ ဟင်းချက်နေသော စားဖိုမှူးက ဖျော်ရည်ပြုလုပ်ရန် ဖျော်ရည်စက်ကိုလည်း အသုံးပြုနေ၏။။


အဖျော်စက်လား?


ကျွင်းချင်ယွီက အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များကို မည်သို့ထင်ထင်ရှားရှားထုတ်ယူရမည်ကို ရှုပ်ထွေးနေသေးသည်။


ဖျော်ရည်စက်ဖြင့် ဖျော်ရည်အသွင် တိုက်ရိုက်ညှစ်ထားလျှင် သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ၏ မူလအသွင်အပြင်ကို မမြင်ရတော့သည့် အဓိပ္ပါယ်မလား။


Xxxxxx