အပိုင်း ၁၃
Viewers 16k

Chapter 13


ကျွင်းချင်ယွီ ဖုယွမ်ချွမ်း၏ လက်သီးဆုပ်များကို ဆုပ်ကိုင်လိုက်ပြီး လှုပ်ခါကာ မီးဖိုချောင်ကို လက်ညှိုးထိုးပြလိုက်သည်။ 


"Eh~Eh!"


"ဟင်?"  


ဖုယွမ်ချွမ်းက ရေသူငယ်လေးမှာ တစ်စုံတစ်ခုကို အလွန်စိတ်ဝင်စားနေသည်ကို မြင်နိုင်သည်။ 


သူက မီးဖိုချောင်ကိုချဥ်းကပ်ကာဖြင့်


"ဗိုက်ဆာလို့လား"


ကျွင်းချင်ယွီ အဖျော်ဆရာကိုညွှန်ပြရင်း အမြှီးကိုလှုပ်ယမ်းလိုက်သည်။


"Eh!"


အဲတာကို လိုချင်တယ်။


ဖုယွမ်ချွမ်း ဝင်လာသည်ကိုမြင်ပြီး စာဖိုမှူးက သူလုပ်နေသည်ကို ရပ်လိုက်သည်။


"မာရှယ်လ်"


ဖုယွမ်ချွမ်းက သူ့လက်ကိုမြှောက်ကာ အလုပ်ဆက်လုပ်ရန် အချက်ပြလိုက်သည်။ 


ဖုယွမ်ချွမ်းက ရေသူငယ်လေးကို မေးလိုက်သည်။


"မင်း အဖျော်စက်ကို လိုချင်လို့လား"


ရေသူငယ်လေးက အသီးအရွက်တွေကိုသဘောမကျသည်ကို သူမှတ်မိသည်။ ကြိတ်ချေထားတာတွေကလည်း အတူတူဟု သူထင်၏။


မင်းလိုချင်တာက ဖျော်စက်ပေါ့လေ။


"Oh!"


ဖုယွမ်ချွမ်းက ထိုအရာကို ရေသူငယ်လေး ဘာအတွက်လိုချင်သလဲဆိုတာကို မမေးပဲ တိုက်ရိုက်ပြောလိုက်သည်။


"ဖျော်စက်အသစ်တစ်လုံး ငါ့အခန်းထဲလာထည့်ထားလိုက်"


စားဖိုမှူးကပြောသည်။


"ဟုတ်ကဲ့ပါ၊ မာရှယ်လ်"


ကျွင်းချင်ယွီ အမြှီးလေးကိုယမ်းလိုက်သည်


မည်သူကမှ ဖုယွမ်ချွမ်း၏အခန်းထဲကို အဆင်အခြင်မဲ့ ဝင်လာမည်မဟုတ်သလို သူ့လှုပ်ရှားမှုကိုလည်း ခန့်မှန်းမိကြမည်မဟုတ်ပေ။


ရေသူတို့၏အမြှီးများတွင် သူတို့၏စိတ်အခြေအနေက အမြဲရောင်ပြန်ဟပ်နေတတ်သည်။


သူ၏လက်ကောက်ဝတ်တွင်ရစ်တွယ်နေသည့် အမြှီးလေးကိုကြည့်ကာ ဖုယွမ်ချွမ်းမေးလိုက်သည်။


"ကြိုက်လို့လား"


ကျွင်းချင်ယွီ အပြုံးလေးဖြင့် ခေါင်းညိတ်ပြလိုက်သည်။


ဖျော်ရည်စက်လေးတစ်ခုဖြင့် လက်ရှိအရှုပ်အထွေးကို အလွယ်တကူဖြေရှင်းနိုင်သည်။


စားဖိုမှူးက အိပ်ခန်းထဲကို ဖျော်ရည်ဖျော်စက်အသစ်တစ်ခုသယ်ကာ သွားသည်ကို မြင်လိုက်ရသဖြင့် ကျွင်းချင်ယွီမှာ ရုတ်တရက် ရေသူခန်းသို့ မသွားချင်တော့ပေ။


သူက ဖျော်ရည်ဖျော်စက်ဖြင့် ဆော့ချင်နေသည်။


ကျွင်းချင်ယွီက စာဖိုမှူး၏နောက်ကျောကို ညွှန်ပြလိုက်သည်။


"Eh!"


ဖုယွမ်ချွမ်းကပြောသည်။


"ရေသူအခန်းကို ခဏသွားကြမယ်လေ၊ ပြီးမှ ဖျော်စက်နဲ့ပြန်လာပြီးဆော့ပေါ့၊ ဟုတ်ပြီလား"


"အွီး...~" 


သံရှည်ဆွဲကာ အော်လိုက်သည်။ အထင်အရှားပင် သူက ညှိနှိုင်းချက်ကို သဘောမတူဘဲ ကလေးကဲ့သို့ပြုမူနေခြင်းပင်။


ဖုယွမ်ချွမ်းက ရေသူငယ်လေး ယနေ့ လေ့ကျင့်ခန်း မလုပ်ဖြစ်သေးဟု တွေးလိုက်သည်။


အကယ်၍ သူဤကဲ့သို့ပြန်သွားပါက လူငယ်လေး၏ ဖျော်ရည်ဖျော်စက်အပေါ်စိတ်ဝင်စားမှုအရဆိုလျှင် ဖျော်ရည်ဖျော်စက်နှင့် ခဏတာမျှဆော့ပြီးနောက် ပြန်ထွက်လာနိုင်မည်မဟုတ်ပေ။


"အရင်ရေသွားကူးရအောင်၊ နှစ်ပတ်လောက်ပဲ၊ ပြီးရင်..."


ဖူယွမ်ချွမ်း၏စကားဆုံးသွားသည်။


သူ့ကို ဆွဲဆောင်ဖို့ သူပြောချင်တာကို မပြောနိုင်ပေ။


အဘယ်ကြောင့်ဆိုသော် ရေသူငယ်လေး၏မျက်လုံးထဲမှ မျက်ရည်များ ရုတ်တရက် ကျဆင်းလာခြင်းကြောင့်ပင်။


သူစကားတစ်ခွန်းထွက်သည်နှင့် ရေသူငယ်လေးက အကျယ်ကြီးငိုပစ်လိမ့်မည်။


မျက်ရည်ကျနေသည့် ရေသူငယ်လေးကို သုံးစက္ကန့်မျှကြည့်ပြီးနောက် ဖုယွမ်ချွမ်း သက်ပြင်းချလိုက်ကာ


"ကောင်းပြီ၊ အခန်းအရင်ပြန်ကြမယ်"


"အူး...."


ရေသူငယ်လေး၏ မျက်ဝန်းထဲမှမျက်ရည်များ ရုတ်တရက် ပျောက်ကွယ်သွားသည်။


ဖျော်ရည်စက်အပြင် ဖုယွမ်ချွမ်းက သစ်သီးနှင့် ဟင်းသီးဟင်းရွက်အချို့ကိုလည်း ပို့ပေးခဲ့သည်။


ကျွင်းချင်ယွီက စိုက်ကြည့်နေတာကို မရပ်နိုင်ပေ။


ဖျော်ရည်ညှစ်ရန် ဤအသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များကို အသုံးပြုရန် အစီအစဉ်မရှိသော်လည်း သူသုံးလိုသည့်ပစ္စည်းများအား လေထဲမှ ထုတ်ယူပြ၍လည်းမရပေ။


ဤသီးနှံနှင့် ဟင်းသီးဟင်းရွက်များအား အယောင်ပြကာ နေရာလွတ်ထဲမှအရာများအား ထုတ်ယူ၍ရနိုင်သည်။


ရေသူငယ်လေး စိတ်အားထက်သန်နေသည်ကို မြင်သောကြောင့် ဖုယွမ်ချွမ်းက အဖျော်စက်ကို တပ်ဆင်ရန် ကူညီပေးလိုက်သည်။


ဤရိုးရှင်းသည့် ဖျော်ရည်စက်မှာ ဖျော်ပြီးသားသစ်သီးကို အရည်နှင့်အဖတ် မခွဲခြားပေးပဲ တိုက်ရိုက်ပေါင်းစပ်ကာ ဖျော်ပေးသည်။


ဖုယွမ်ချွမ်းက ယင်းအား ရေသူငယ်လေး အသုံးမ ပြုတတ်မည်ကို စိုးရိမ်သဖြင့် လက်ချင်းထပ်ကာ သင်ပြပေးလေသည်။


ကျွင်းချင်ယွီက ငါးကန်ထဲတွင် စိမ်နေရင်း အလေးအနက်ထား ကြည့်ရှုလိုက်သည်။ ပြုလုပ်နေသည်များ အားလုံးပြီးသည်နောက်တွင် သူ ဖုယွမ်ချွမ်း၏ ရှေ့တွင် မနေနိုင်တော့ပေ။


ဖုယွမ်ချွမ်းက အလေးအနက်ထားပြီး ဖျော်ထားသော ဖျော်ရည်များကို လောင်းထည့်လိုက်ရာ တစ်ခုခုမှားနေကြောင်း ကျွင်းချင်ယွီ သတိပြုမိသွားသည်။


"Eh...huh?"


''သောက်လိုက်''


"..."


ထူးဆန်းသည့်အရောင်ရှိသော ဖျော်ရည်ဖန်ခွက်ကိုကြည့်ရင်း ကျွင်းချင်ယွီသည် ရေထဲသို့ တိုက်ရိုက်ခုန်ဆင်းပြီး ခေါင်းကိုလှည့်ကာ ပြေးသွားခဲ့သည်။


မသောက်ဘူး!


သို့သော်ငြား ဖုယွမ်ချွမ်းက သူ့ထက်မြန်သည်။


အထဲကို တိုက်ရိုက်ရောက်သွားပြီး ထွက်ပြေးဖို့ ကြိုးစားနေသည့် ရေသူငယ်လေးအား ဖမ်းဆုပ်လိုက်၏။


"Eh~"


ကျွင်းချင်ယွီ သူ့အမြီးကို ခါယမ်းနေသော်လည်း မလွတ်မြောက်နိုင်ပေ။


ဖုယွမ်ချွမ်းက ရေသူငယ်လေးကို ငါးကန်ထဲမှ ဆွဲထုတ်ပြီး သူ့လက်ဖဝါးပေါ်တွင် တင်ကာ ရေသူငယ်လေးအား ကြည့်ကာဆိုလိုက်သည်။ 


 “ပြေးလည်း မသောက်ပဲနေလို့ ရမယ်ထင်လို့လား''


"Eh~" 


ကျွင်းချင်ယွီက တိုးတိုးလေးအသံထွက်ပြီး သူ့ကို အပြစ်ကင်းစွာ ကြည့်နေသည် ။


ဖုယွမ်ချွမ်းက သစ်သီးနှင့် ဟင်းသီးဟင်းရွက်ဖျော်ရည်ကို တစ်ငုံမျှသောက်လိုက်ပြီး ပြောလိုက်သည်။


"အရသာရှိလိုက်တာ "


ကျွင်းချင်ယွီ : "..."


ကျွန်တော် မသောက်ရတော့ဘူးလား


တစ်ယောက်ကို တစ်ယောက် မျက်နှာချင်းဆိုင်ကြည့်ရင်း၊ ဖုယွမ်ချွမ်းသည် ကြုံတောင့်ကြုံခဲ အပြစ်ရှိစိတ် ခံစားနေရသည်။


ဖုယွမ်ချွမ်းသည် အားကိုးရာမဲ့စွာဖြင့် စကားစပျိုးရန်ပြင်နေသည်။ စားပွဲပေါ်ရှိ ကွန်ပြူတာ အသံမြည်လာသည်။


ဖုယွမ်ချွမ်းက ဘာများဖြစ်နေသလဲဆိုတာကို ထကြည့်လိုက်သည်။


အသီးအနှံနှင့် ဟင်းသီးဟင်းရွက်ဖျော်ရည်ကို ရေသူငယ်လေး ထိုင်နေသည့် သူ၏ဘယ်ဘက်လက်ပေါ်တွင် တင်ထားလိုက်သည်။


သူသောက်ချင်ရင် ခေါင်းမော့ပြီး သောက်၍ရသည်။


ဖုယွမ်ချွမ်းက အီးမေးဘောက်စ်ကိုဖွင့်ပြီး အတွင်းမှ အချက်အလက်များကို စစ်ဆေးလိုက်သည်။


ကျွင်းချင်ယွီက ခွက်ကို အဝေးကို တိတ်တဆိတ် တွန်းထုတ်လိုက်သည်။


ဖုယွမ်ချွမ်းက ခွက်ရွေ့သွားသည်ကို သတိပြုမိသွားရာ နောက်တစ်ကြိမ် ထပ်မတွန်းတော့ပေ။


ရေသူငယ်လေးက အဲတာကို တကယ်မကြိုက်ရင် မေ့ထားလိုက်တော့ ။ ခဏကြာလို့ သူသောက်လိုက်တဲ့အခါ ဖြုန်းတီးရာမရောက်တော့ပါဘူး။


ကျွင်းချင်ယွီက ဖုယွမ်ချွမ်း၏လက်ဖဝါးပေါ်တွင် လှဲလျောင်းရင်း ငြီးငွေ့လာပြီး သူ့ကို မော့ကြည့်လိုက်သည်။


ခဏလောက်စဉ်းစားပြီး သူ့လက်မောင်းပေါ်ရှိအဝတ်အစားများပေါ်သို့ တက်သွားလိုက်သည်။


တွားသွားပြီးတက်သွားရာ အမြှီးသဏ္ဍာန်ရေလမ်းကြောင်းလေးကို ချန်ရစ်ခဲ့သည်။ 


နောက်ဆုံးတွင် ဖုယွမ်ချွမ်းက virtualကွန်ပျူတာကိုကြည့်မနေဘဲ သူ့ကိုကြည့်နေသည်ကိုပင် သတိမပြုမိချေ။


အကွာအဝေးက ပို၍နီးကပ်လာပြီး မြင်ကွင်းကလည်း နီးလာသည်။


ကျွင်းချင်ယွီက ရှက်ရွံ့စွာဖြင့် သူ့အမြှီးလေးကို ယမ်းကာ virtualကွန်ပျူတာကို ညွှန်ပြရင်း တိုးတိုးလေးအော်လိုက်သည်။


 "Eh~"


ဘာလို့ကျွန်တော့်ကို ကြည့်နေတာလဲ။ အလုပ်လုပ်လေ။


 ဖုယွမ်ချွမ်း လက်ချောင်းလေးများကို ကွေးကာ ရေသူလေး၏ပါးပြင်ကို ညင်သာစွာပွတ်သပ်လိုက်၏။ 


"အင်း…"


ကျွင်းချင် ကစားနေမှန်သိပြီး   ဖုယွမ်ချွမ်း၏ လက်ချောင်းများကို ဆုပ်ကိုင်ရန် ပြင်လိုက်သည်။ 


သူ့ဘက်က မလှုပ်ရှားနိုင်ခင်မှာတင် ဖုယွမ်ချွမ်းက လက်ကိုပိတ်လိုက်ကာ အသီးနှင့်အရွက်ဖျော်ရည်ခွက်ကို ကောက်ကိုင်လိုက်သည်။ 


ကျွင်းချင်ယွီ: "?!"


ကျွင်းချင်ယွီ ‌တွေဝေကာ   ဖုယွမ်ချွမ်း၏ လည်ပင်းကို လှမ်းဖက်လိုက်၏။ 


သို့သော် အရွယ်အစားကြောင့် တစ်ခုလုံးကို မဖက်နိုင်ဘဲ တစ်ဝက်ကိုသာ ဖက်တွယ်ထားနိုင်လေသည်။ 


သို့သော် သူ့ကို ဖွက်ထားရုံနှင့်ပင် လုံလောက်နေပေပြီ။ 


ကျွင်းချင်ယွီ ဖုယွမ်ချွမ်း၏လည်ပင်းပေါ်တွင် နားရွက်များကို ကပ်ထားသကဲ့သို့ မျက်နှာကိုအပ်ကာ ခေါင်းလောင်းကို ခိုးယူလိုက်၏။ "အာ... အာ.."


ရေသူလေးမှာ ယခုထိ မလုပ်ရသေး။ 


အေးစက်နေသော်လည်း နူးညံ့နေသော လည်မျိုတွင်တွယ်ကပ်နေသည်။။


 ဖုယွမ်ချွမ်း ရပ်တန့်သွား၏။ 


ခေါင်းကိုမမေ့ာဘဲ ကျွင်းချင်ယွီ သူ့လက်ဖြင့် မေးစေ့ကိုပင့်လိုက်သည်။ "အာ~"


ကိုယ့်ဘာသာ သောက်ပါ။ ငါ့ကိုမပေးနဲ့။ 


ထိုရှုထောင့်မှာကြည့်လျှင်,  ဖုယွမ်ချွမ်း ကျွင်းချင်ယွီကိုမမြင်ရပေ။ 


သို့သော် ပုံရိပ်ယောင် ကွန်ပြူတာထဲတွင် ရေသူလေး၏ ပြတ်သားသော အသွင်အပြင်ကို ရောင်ပြန်ဟပ်နေသောပုံရိပ်များပေါ်နေသည်။


အသီးအရွက်ဖျော်ရည်ကို မသောက်လိုသော ရေသူလေးကို ကြည့်ကာ မသိချင်ယောင်ဆောင်နေရန် ကြိုးစားလိုက်သည်။ 


 ဖုယွမ်ချွမ်း မတတ်နိုင်ပဲ ရယ်မိသွားသည်။ ထုတ်မပြောသည့်တိုင်အောင် ရေသူလေး၏ အသီးအရွက်ဖျော်ရည်ကို ငြင်းဆန်နေသည့်ပုံကို မြင်နေရသည်။ 


ရေသူလေး ပျော့ခွေကျသွားသည်ကို မြင်ရသည့်အခါ ထိန်းချုပ်မရလောက်အောင် ဖြစ်သွား၏။  


ဖုယွမ်ချွမ်း မြင်သွားသောအခါ မစနောက်တော့ဘဲ ကျွင်းချင်ယွီ၏ အားအင်နှင့်အညီ သူ့ခေါင်းကိုလိုက်မော့လိုက်သည်။ 


ယေဘုယျပြောရလျှင် ရေသူလေးမှာ ခန္ဓာကိုယ်အတွက်လိုအပ်သော အားဖြည့်စာများအနေနှင့် အသီးအရွက်များစားရန် လိုအပ်သည်။ 


သို့သော် ရေသူလေးမှာလည်း အသီးအရွက်များကို လုံးဝမနှစ်သက်ချေ။ 


အသီးအရွက်ဖျော်ရည်ကို အစားထိုးနိုင်သောအရာကို ရှာဖွေရန် အချိန်ရှိလျှင် ကောင်းမည်ဟု ဖုယွမ်ချွမ်း တွေးလိုက်၏။ ရေသူလေး၏ ကြီးထွားမှုအတွက် အာဟာရပြည့်ဝရန်မဖြစ်မနေလိုအပ်ပေသည်။ 


 ဖုယွမ်ချွမ်း အသီးအရွက်‌ဖျော်ရည်ကို သောက်လိုက်ပြီး လက်ထဲတွင် ရေသူလေး၏ အမြီးကို ကိုင်ကာ ကိုယ်နေဟန်ထားကို ပြင်လိုက်၏။ 


ကျွင်းချင်ယွီ မျက်တောင်ခက်ကာ လေထဲမှ အသီးအရွက်ဖျော်ရည်အနံ့မှာ တဖြည်းဖြည်းပျောက်သွားသည်ကို ခံစားမိသည်။


သူ့ခေါင်းကို ငြိမ်သက်စွာ မော့လိုက်ကာ ကြည့်သော‌အခါ လွတ်နေသော ဖန်ခွက်ကို  ဖုယွမ်ချွမ်းစားပွဲပေါ်တွင် တင်လိုက်သည်ကို မြင်လိုက်၏။ 


 


ဖျော်ရည်စက်အသစ်မှာ သန့်ရှင်းပြီးဖြစ်ကာ ဖျော်ရည်အသစ်ဖြင့်ဖြည့်ထား၏။ 


ဆိုးရွားသော အရသာမှလွဲ၍ အခြားအရာများမှာ အပြင်မှာရောင်းသောအရာများနှင့် ထပ်တူကျလုနီးပါးပင်ဖြစ်သည်။ 


သို့သော် ထိုအရသာဆိုးမှာ ကျွင်းချင်ယွီအဖို့ သေစေလောက်သည်။ 


အသီးအရွက်ဖျော်ရည်ကို သောက်ပြီးနောက် အချက်ပေးသံမှာလည်း ရပ်သွားသည်။


ကျွင်းချင်ယွီ လက်ကိုလွှတ်လိုက်ကာ ထပ်၍မကိုင်ထားတော့သော်လည်း ညာဘက်ကိုပွတ်သပ်ကာ ဖုယွမ်ချွမ်းကို မှီလျက် ကွန်ပျူတာကို ကြည့်နေသည်။ 


အမြီးကို တခါခါဖြင့် အလွန်ပျော်နေပုံရသည်။ 


 ဖုယွမ်ချွမ်း အလုပ် ကြိုးစားပြီး လျင်မြန်စွာ လုပ်သည်။ အကြမ်းဖျင်းပြောရလျှင် မေးလ်ကိုဖွင့်ပြီးနောက် တစ်မိနစ်အတွင်း စာကိုပြန်နိုင်သည်။ 


အနောက်ကို မြင်ရသောအခါ  ကျွင်းချင်ယွီ အနည်းငယ် မူးဝေသလိုခံစားလိုက်ရသည်။


ပုံရိပ်ရောင် ကီးဘုတ်မှာ ထွင်းဖောက်မြင်နေရပြီး တွဲလောင်းဆွဲထား၏။ ထိလိုက်လျှင် လက်ဖျားထိပ်တွင် အရောင်ဖျော့ဖျော့ဖြင့် တုံ့ပြန်ပေးသည်။ 


 ဖုယွမ်ချွမ်း၏ လက်ချောင်းများမှာ သေးသွယ်ပြီး ဖြူဖွေးနေသည်။ သို့သော်  မလွဲမသွေ အသားမာလေးများလည်းရှိနေ၏။ 


သို့သော် ၎င်း သူ့လက်ချောင်းများကို လှပသည်ဟုထင်နေသော  ကျွင်းချင်ယွီ၏ ခံစားချက်များအပေါ် သက်ရောက်မှု မရှိပေ။ 


 ဖုယွမ်ချွမ်း အလုပ်ရှုပ်နေသည်ကို ခဏလောက်ကြည့်နေပြီးလောက် ကျွင်းချင်ယွီ ကီးဘုတ်သံရပ်သွားသည်ကို သတိထားလိုက်မိ၏။ 


 


ကျွင်းချင်ယွီ  ခေါင်းမော့ကြည့်လိုက်ပြီး မေးလိုက်၏။ 


"အွီး...."

ဟင် ပြီးသွားပြီလား…" 


ဖုယွမ်ချွမ်း အံဆွဲကိုဖွင့်လိုက်ကာ ဝါဂွမ်းစအနည်းငယ်ကို ထုတ်လိုက်ပြီး ရေသူ၏  အမြီးကို ရေစွတ်ပေးလိုက်သည်။ 


အမြီးမှာ အမြဲတမ်းစိုစွတ်မှသော ကျန်းမာသော ရေသူတစ်ယောက်ဖြစ်နိုင်မည်။ 


ရေထဲ မစိမ်ရတာ တော်တော်ကြာပြီ…အမြီးက ရေကိုထိလိုက်ရတဲ့ ခံစားချက်က တော်တော်သိသာတယ်…


ကျွင်းချင်ယွီ မတတ်နိုင်ဘဲ အမြီးကို ယမ်း လိုက်သည်။ 


"အာ…" 


မူလမှာ စာ‌တစ်စောင်သာဖတ်ရန်ဖြစ်သော်လည်း  

အဟောင်းများကိုဖတ်နေရင်း အသစ်များမှာ အဆက်မပြတ်ဝင်လာနေ၏။ 


အားလုံး ပြီးသွားသောအခါ နာရီအနည်းငယ်ပင် ကြာမြင့်သွားပေပြီ။ 


ဖုယွမ်ချွမ်း ကွန်ပျူတာပိတ်သည်ကို မြင်လိုက်ရပြီးနောက် ကျွင်းချင်ယွီ အနည်းငယ် လှုပ်ရှားလိုက်သည်။ သူ့မျက်လုံးလေးများက အိပ်ချင်နေကြသည့်ပုံ‌ ပေါ်နေသည်။ 


 ဖုယွမ်ချွမ်း မျက်လုံးများကို ပွတ်နေသော ရေသူလေးကို ကြည့်ကာမေးလိုက်၏။ "အောက်ဆင်းပြီး လေ့ကျင့်ခန်းသွားလုပ်ကြမလား…" 


ကျွင်းချင်ယွီ ခေါင်းခါလိုက်သည်။ အရမ်းအိပ်ချင်နေသောအချိန်တွင် မျက်လုံးများပင် မဖွင့်နိုင်သောကြောင့် လေ့ကျင့်ခန်းလုပ်ရန်မှာ မဖြစ်နိုင်ချေ။ 


 ဖုယွမ်ချွမ်း ပြောလိုက်၏။ "အိပ်ချင်နေပြီလား…ခဏလောက်အိပ်ရင် အိပ်လိုက်လေ..ကိုယ်ရေချိုးလိုက်ဦးမယ်…" 


ကျွင်းချင်ယွီ လေ့ကျင့်ခန်းလည်းမလုပ်ချင် အိပ်လည်းမအိပ်ချင်ဖြစ်နေသည်။ 


 


ကော်ဖီစားပွဲပေါ်မှ ငါးကန်နှင့် မကွာမဝေးတွင်ရှိနေသော ဖျော်ရည်စက်ကို မြင်သောအခါ ခေါင်းခါရန်ပြင်လိုက်သည်။ 


 ဖုယွမ်ချွမ်း ရေချိုးနေသောကြောင့် အသီးအရွက်များကို ထုတ်ကာ ညစ်ထုတ်ရန် အချိန်အလုံအလောက်ရှိသည်။ 


ထို့အပြင် ရေသံကလည်း ဖျော်ရည်စက်၏ အသံကို ဖုံးထားနိုင်မည် ဖြစ်သည်။ 


"ကောင်းပြီ…" 


"အာ…" အလျင်အမြန် ခေါင်းညိတ်ကာ အိပ်တော့မည်ပုံစံပြလိုက်သည်။ 


 


အိပ်ချင်နေသော်ည်း ပိုတက်ကြွလာသည့်ပုံပေါက်နေသော ရေသူလေးကိုကြည့်ကာ  ဖုယွမ်ချွမ်း မျက်ခုံးများကို ပင့်လိုက်သည်။ 


"အိပ်မယ့်ပုံတော့မပေါ်ဘူး…" 


ကျွင်းချင်ယွီ ခေါင်းလေးစောင်းကာ သံသယများဖြင့်ကြည့်လိုက်၏။ "အယ်.." 


"ဘာမှ မဟုတ်ပါဘူး အိပ်တော့"  ဖုယွမ်ချွမ်း ရေသူလေးကို ငါးကန်ထဲထည့်ကာ ပုံမှန်အတိုင်းရေသူလေးကြိုက်သော သရေစာများကို ပြင်ထားလိုက်သည်။ 


ရေသူလေးကို ပြင်ဆင်ပေးပြီးသောအခါ  ဖုယွမ်ချွမ်း အပေါ်တက်သွားပြီး ရေချိုးဝတ်ရုံကို ထုတ်ကာ ပြောလိုက်သည်။ 


" တစ်ခုခုလိုရင်ခေါ်လိုက်နော်…" 


"အာ…"


Xxxxxx