အပိုင်း ၁၄
Viewers 17k

Chapter 14


ကျွင်းချင်ယွီ   ဖုယွမ်ချွမ်း ရေချိုးခန်းထဲ ဝင်သွားသည်ကို မြင်သောအခါ ချက်ချင်းမစသေးဘဲ ခဏလောက်စောင့်နေသေး၏။ ရေသံကြားရသောအခါမှ ရေကန်ထဲမှ ခုန်ထွက်လိုက်သည်။ 


ရေကန်ထဲသို့ ခုန်ဆင်းဖူးသော်လည်း ယခုတစ်ခေါက် ခုန်ထွက်သောအခါ လက်များကို ‌စားပွဲပေါ်သို့ ထောက်ကာ အားယူရ၏။ 


ယခင်ကလို အလွယ်တကူ မကျသွားပေ။ 


ကျွင်းချင်ယွီ စားပွဲပေါ်တွင် လှိမ့်ကာ ဖျော်ရည်စက်ရှေ့တည့်တည့်သို့ရောက်သွားသည်။  


ရေသူလေးအတွက် ဖျော်ရည်စက်၏ အမြင့်မှာ တော်တော်လေးမြင့်နေသည်။ 


ကျွင်းချင်ယွီ သေတ္တာတစ်ခုကိုဆွဲလိုက်ကာ တက်ထိုင်လိုက်၏။ သူ့အမြီးမှာ စားပွဲကို မထိတော့ချေ။ 


သို့သော် သူ့အရပ်မှာ ယခုလောက်မှ အတော်ဖြစ်နေသည်။


မမှီမကမ်း လှမ်းယူရင်း စားပွဲပေါ်မှ အသီးအချို့နှင့် အရွက်အချို့ကိုရလိုက်သည်။


သို့သော် သူ့မှာ ဓားမရှိသောကြောင့် အစေ့ရှိသော ခွဲစရာလိုသော အသီးများကို မယူပေ။ 


ရိုးရိုးရှင်းရှင်း ခွဲ၍ရသော အသီးနှင့် အရွက်များချွေပြီး ဖျော်ရည်စက်ထဲ ထည့်လိုက်သည်။ 


နေရာလွတ်ထဲတွင် မသန့်ရှင်းမှုများမရှိသောကြောင့် အသီးအရွက်များကို ရေဆေးစရာမလိုပေ။


ကျွင်းချင်ယွီ ဖျော်ရည်စက်ထဲသို့ အမြန်ထည့်နေသည်။ 


ထပ်မံ၍ ကြယ်တာရာသီးများကိုလည်း အရသာကိုပုံမှန်ဖြစ်စေရန် ထည့်လိုက်သေးသည်။ 


မဟုတ်လျှင် အရသာမှာကွာခြားနေမည်ဖြစ်သောကြောင့် ဖုယွမ်ချွမ်း တစ်ခုခုလွဲနေသည်ကို သတိထားမိသွားမည်ဖြစ်သည်။ 


ပြီးလျှင် အချိုးအဆအတိုင်း ရေထည့်လိုက််သည်။ 


ဖျော်ရည်စက်ကို ဖွင့်လိုက်ပြီး ကျွင်းချင်ယွီ ဖျော်ရည်အားဖြည့်ဆေးကို ထုတ်ရန်မမေ့ပေ။ 


 


မထုတ်လျှင် ညစ်နေသောအခါ အလိုလျောက်အသီးအရွက်ထဲသို့ထည့်သွားမည်ဖြစ်သည်။ 


ထို့နောက် ဖျော်ရည်ထွက်လာရန် စောင့်ဖို့သာကျန်သည်။ 


ကျွင်းချင်ယွီ မှာ အချိန်အဆကို သိပ်မထိန်းနိုင်သော်လည်း ခန့်မှန်းချေကိုတော့ သိသည်။ 


အခြားအသီးများကို နည်းနည်းသာ ထည့်ရသေးချိန်တွင် အရသာကောင်းမွန်စေသော ခရမ်းချဉ်သီးကို တစ်လုံးလုံးထည့်ပစ်လိုက်သည်။ 


ဖျော်ရည်စက်မှာ အချိန်အတော်ကြာ အသံမြည်နေသည်။ 


အသီးအရွက်ဖျော်ရည်မှာ ဖန်ခွက်ထဲတွင် ပြည့်သွားသည်။ 


အရောင်မှာ ပန်းနီရောင်လေးဖြစ်၏။ 


ခရမ်းချဉ်သီးများသွားသောကြောင့်ဖြစ်မည်။ .


ကြယ်တာရာအသီးအရွက်များထက် ချိုမြသော အနံ့လေးရှိသည်။ 


ကျွင်းချင်ယွီ အနံ့သာရှိုက်ကြည့်ပြီး သောက်တော့ မသောက်ကြည့်ချေ။ 


ပေါင်ပေါ်တွင် ခွက်ကိုကိုင်ထားကာ ရေချိုးခန်းကို တစ်ချက်လှည့်ကြည့်လိုက်ပြီး  ဖုယွမ်ချွမ်းကို စောင့်နေလိုက်သည်။ 


“ဖုယွမ်ချွမ်းက ဘယ်တော့မှ ထွက်လာမှာလဲ မသိဘူး…” 


အသီးအရွက်ဖျော်ရည်များမှာ ဖျော်ခါစတွင်ကြည့်ကောင်းသော်လည်း ကြာလာသောအခါ အနည်ထိုင်သွားမည် ဖြစ်သည်။ 


အရသာမှာ မပြောင်းသွားသော်လည်း အမြင်မှာ မကောင်းတော့ပေ။ 


ကျွင်းချင်ယွီ အမြီးကို လှုပ်လိုက်သည်။ ထိုအသီးအရွက်များမှာ ဝိညာဉ်ဆိုင်ရာများဖြစ်သောကြောင့် ဖျော်ရည်မှာလည်း အလားတူပင်ဖြစ်သည်။ 


ဖုယွမ်ချွမ်းကို အာကာသမှ အသီးအရွက်များအကြောင်း မပြောနိုင်သော်လည်း ရေသူများကိုယ်တိုင်ဖျော်ရည်လုပ်လျှင် ဖျော်ရည်မှာဝိညာဉ်စွမ်းရည်ပါသည်ဟု ဖုယွမ်ချွမ်းယုံကြည်အောင် လုပ်နိုင်သည်။ 


ထိုသို့ဆိုလျှင် ဖုယွမ်ချွမ်းကို ကြယ်တာရာအသီးအရွက်များကို ကျွေးရန် အခြာရအကြောင်းအရင်းတစ်ခု ရသွားပေပြီ။ 


ကျွင်းချင်ယွီ တွေးရင်းနှင့်ပင်ပျော်နေ၏။


ထိုအချိန်တွင် ရေချိုးခန်းတံခါးပွင့်လာလေသည်။ 


ကျွင်းချင်ယွီ အမြန်ထကာ ဖုယွမ်ချွမ်းထံသို့လက်ဝှေ့ပြလိုက်ပြီး ပြောလိုက်၏။ “အာ…” 


ဖုယွမ်ချွမ်း ထွက်လာပြီးကြည့်လိုက်သောအခါ ရေသူလေးမှာ ကော်ဖီစားပွဲပေါ်တွင် ထိုင်နေသည်ကို မြင်လိုက်၏။ 


ရေသူလေး၏ အမြီးမှာ အဆက်မပြတ်ခါရမ်းနေသည်။ ပျော်နေသည်မှာ အလွန်သိသာ၏။


သူ့ကို ထိုင်စောင့်နေသယောင်ပင် ထင်ရသည်။ 


 ဖုယွမ်ချွမ်း ရင်ထဲနွေးသွားကာ ကော်ဖီစားပွဲတွင်ထိုင်၍မေးလိုက်၏။ “ဘာလို့ ထွက်လာတာလဲ…” 


ကျွင်းချင်ယွီ လက်ထဲက အသီးအရွက်ဖျော်ရည်ကိုမြှောက်ပြကာ ပြောလိုက်၏။ “အာ…” 


"ကိုယ့်အတွက်လား…"


ကျွင်းချင်ယွီ ခေါင်းညိတ်လိုက်ပြီး အရသာရှိကြောင်း ပြောလိုက်၏။ 


ဖုယွမ်ချွမ်း သူပြုလုပ်သောအသီးအရွက်ဖျော်ရည်အရသာကို အသားကျသွားသောအခါ ကြယ်တာရာမှ အသီးများအစား နေရာလွတ်မှအသီးများကိုသာ သုံးနိုင်တော့မည်ဖြစ်သည်။ 

ထိုသို့က အရသာပိုရှိသည်။ 


ရေသူလေးမှာ အသီးအရွက်ဖျော်ရည်များကို မကြိုက်သော်လည်း ဖျော်ရည်စက်များကိုတော့ စိတ်ဝင်စားကြောင်း ဖုယွမ်ချွမ်းသိသည်။ 


သူလေးက ဒီတိုင်း ကစားကြည့်ချင်နေတာပဲ 


နဂိုကတည်းက ဘယ်လိုအရသာပင်ဖြစ်ဖြစ် အရသာရှိသည်ဟုပြောရန် စိတ်ကူးထားပြီးဖြစ်သည်။ 


 


သို့သော် သေချာအနံ့ခံကြည့်သောအခါ ယခုအသီးအရွက်ဖျော်ရည်ခွက်မှာ ကွဲပြားနေသည်။ 


ကျွင်းချင်ယွီ ခေါင်းလေးမော့ကာ ဖုယွမ်ချွမ်း အရသာခံနေသည်ကို ကြည့်နေသည်။ စိတ်လှုပ်ရှားနေသောကြောင့် မတတ်သာဘဲ လက်သီးများ တင်းကြပ်စွာ ဆုပ်ထားမိသည်။ 


 ဖုယွမ်ချွမ်း တစ်ခုခုလွဲနေသည်ကို သိလျှင် သူ့ဆီကိုလာမေးတော့မည်။ 


ကျွင်းချင်ယွီ စိတ်ထဲတွင်တွေးနေမိသည်။ ခဏအကြာ ဖုယွမ်ချွမ်းသူ့ကိုမေးလျှင် သူမည်သို့ အမူအရာများလုပ်မည် သူကလည်း မည်သို့အမူအရာများပြန်လုပ်ပြမည်ကို ကြိုတင်တွေးနေသည်။ 


စကားမပြောဘဲနှင့် ဖုယွမ်ချွမ်း သူဆိုလိုသည်ကို နားလည်အောင်မည်သို့လုပ်ရပါမည်နည်း။ 


ရှင်းပြသည်က ရှုပ်ထွေးနေလျှင် ရေးပြလိုက်ရမည်လား။ 


ဖုယွမ်ချွမ်း ဘေးတွင်မျက်လုံးဆွဲခဲတံတစ်ခု ရှိနေသည်။ အသံဖမ်းစက်ရှိမရှိ မသေချာသော်လည်း ဗီဒီယိုမရှိသည်ကတော့ သေချာ၏။ ပေါ်သွားရန်မှာလည်း လွယ်ကူနေသည်။ 


ထို့ကြောင့်စကားမပြောဘဲ ရေးပြလိုက်လျှင် အခြားသူများလည်းမသိနိုင်တော့ပေ။ 


နောက်ဆုံးတွင် ဖုယွမ်ချွမ်း ဘာမှမပြောဘဲ သူ့ဘက်လှည့်ကာခွက်အသေးလေးဖြင့် နည်းနည်းခွဲလိုက်သည်။ 


 ဖုယွမ်ချွမ်း ထိုခွက်အသေးလေးကို ရေသူလေးထံကမ်းပေးလိုက်ပြီး ပြောလိုက်၏။ “ဒါက အရင်ကဟာထက် သောက်လို့ကောင်းတယ် သောက်ကြည့်ပါလား…” 


ကျွင်းချင်ယွီ ဖုယွမ်ချွမ်း၏တုန့်ပြန်မှုကြောင့် အနည်းငယ် အံ့ဩသွား၏။ 


တည်ငြိမ်လွန်းသည်။ 


ထို့ကြောင့် သူတစ်ယောက်တည်း အူကြောင်ကြောင်ဖြစ်သွားသည်။ 


ရေသူလေး လှမ်းမယူသောအခါ  ဖုယွမ်ချွမ်းပြောလိုက်၏။ “ဒီထဲမှာဝိညာဉ်စွမ်းအားတွေပါတယ် စုပ်မယူနိုင်လောက်သေးပေမယ့် ခန္ဓာကိုယ်အတွက်ကောင်းတယ်…” 


ဖုယွမ်ချွမ်း ခံစားမိမည်ဟု မထင်ထားသော ကျွင်းချင်ယွီရပ်တန့်သွားသည်။ 


ဟုတ်ပေသည်။  ဖုယွမ်ချွမ်းထိခိုက်မိစဉ်အခါက ပင်လယ်နှင့်စွမ်းအင်များကိူ အလွန်ခံစားလွယ်သည်။ 


 


ဖုယွမ်ချွမ်း ကိုအရင်က ကုသပေးဖူးသည်။ ဝိညာဉ်စွမ်းအင်မှာ သူ့ခန္ဓာကိုယ်ထဲသို့တိုက်ရိုက်ထုတ်လွှတ်ထားသည်ကို ဖုယွမ်ချွမ်းမခံစားနိုင်ပေ။ 


သို့သော် ယခုကဲ့သို့ပြင်ပ ထုတ်လွှတ်မှုများကိုတော့ ဖုယွမ်ချွမ်းအလွယ်တကူ သိနိုင်သည်။ 


 


ကျွင်းချင်ယွီ အလွန်စိတ်ဝင်စားဖွယ်ကောင်းသော ခွက်ကိုကိုင်ထား၏။ 


အရွယ်အစားမှာ ရေသူတစ်ယောက်၏လက်ထဲတွင် ကွက်တိဖြစ်နေသည်။ 


သူ့အတွက်ရည်ရွယ်၍ပြင်ဆင်ထားသလိုပင်။ 


ကျွင်းချင်ယွီ ဖျော်ရည်ကိုယူလိုက်ပြီး မသောက်ဘဲ လက်ကလေးထောင်ကာ “အာ…” ဟုပြောလိုက်၏။ 


သူ့လှုပ်ရှားမှုများကိုကြည့်ကာ  ဖုယွမ်ချွမ်း ရေသူလေး၏စကားလုံးများကို နားမလည်သေးသော်လည်း သူဆိုလိုသည်ကို နားလည်၏။ 


ဖုယွမ်ချွမ်း ရယ်လိုက်ကာ ကျွင်းချင်ယွီ၏ ခွက်ကို သူ့အသီးဖျော်ရည်ခွက်ဖြင့်တိုက်လိုက်၏။ 


 


“ချလွမ်”ဟူသော အသံတစ်ချက်ထွက်လာသည်။ 


 ဖုယွမ်ချွမ်း “ချီးယာစ်…” ဟုပြောလိုက်သည်။ 


ကျွင်းချင်ယွီ ရုတ်တရက် မျက်လုံးလေးများကွေးသည်အထိပြုံးလိုက်၏။ “အာ…” 


ကြယ်တာရာ အသီးအရွက်များပင် ထည့်ထားစေကာမူ ဖျော်ရည်အရသာမှာ ကောင်းနေသေး၏။ 


အခြားအသီးအရွက်များ၏ အရသာကို ခရမ်းချဉ်သီး၏ ချိုချိုချဉ်ချဉ်အရသာက ဖုံးလွှမ်းထား၏။ 


သို့သော် အခြားအသီးအရွက်များ ပါဝင်နေခြင်းကြောင့် ခရမ်းချဉ်သီးဖျော်ရည်အရသာမှာ လေးပျစ်မနေဘဲ လတ်ဆတ်ကာ အရသာရှိနေသည်။ 


ရေသူလေးသောက်ပြီးသွားသည်ကိုမြင်သောအခါ ဖုယွမ်ချွမ်း မေးလိုက်၏။ “ထပ်ယူဦးမလား…” 


ရေသူလေး၏ ခွက်မှာ သေးသောကြောင့် အများကြီး မဆန့်ချေ။ 


ကျွင်းချင်ယွီ  ဖုယွမ်ချွမ်း၏အမေးကို ခေါင်းခါပြလိုက်ပြီး  "အာ…ဟုအသံပြုလိုက်သည်။ "


ကျွင်းချင်ယွီ ခွက်လေးကို ဘေးတွင်ချထားလိုက်ကာ ထိုင်၍ ဖုယွမ်ချွမ်းကိုကြည့်လိုက်သည်။ 


 ဖုယွမ်ချွမ်း အသီးအရွက်ဖျော်ရည်ကို သောက်ပြီးသွားသောအခါ “သောက်လို့ ကောင်းလိုက်တာ…” ဟု ပြောလိုက်၏။ 


ကျွင်းချင်ယွီ၏ နှုတ်ခမ်းထောင့်စွန်းလေးများ ကွေးတက်သွားပြီး “အူး…” 


မင်းကြိုက်ရင် ပြီးတာပါပဲ။ 


 ဖုယွမ်ချွမ်းရေသူလေး၏ ခေါင်းကိုကိုင်ကာ သူ့ကိုလက်ဖဝါးထဲတွင် ကိုင်ထားပြီး အမြီးအခြေအနေကို စစ်ဆေးကြည့်သည်။ 


 


ဒီနေ့ လေ့ကျင့်ခန်းမလုပ်ခဲ့သော်လည်း အမြီးမှာ အခြေအနေကောင်းနေ၏။ 


ထို့ကြောင့် ဒီနေ့အဖို့ လေ့ကျင့်ခန်းလုပ်ရန်မသွားလည်းဖြစ်မည် ထင်သည်။ ရေသူလေးမှာလည်း လှုပ်ပင်မလှုပ်ချင်တော့သည့်ပုံပေါက်နေ၏။ 


ထို့အပြင် မှောင်စပြုလာသောကြောင့် အိပ်ရေးဝဝ အိပ်ရမည့်အချိန်ရောက်သွားပြီ ဖြစ်သည်။ 


 ဖုယွမ်ချွမ်းရေသူလေးကို ငါးကန်ထဲသို့ပြန်ထည့်ကာ “နောက်ကျနေပြီ နားတော့လေ…” ဟုပြောလိုက်၏။ 


 


ကျွင်းချင်ယွီ ငါးကန်အစွန်ကိုမှီကာ ကုတင်ဘေးမှစားပွဲကို ထိုးပြနေသည်။ 


 


ဖုယွမ်ချွမ်း၏ အိပ်ရာနှင့် အလွန်ဝေးနေသည်။ 


ရေသူလေး ဘာမှမပြောသည့်တိုင်  ဖုယွမ်ချွမ်းဘာကို ဆိုလိုသည်ကို နားလည်၏။ 


နိုးလာသောအခါ ဘေးတွင် ရေသူလေးကို မြင်လိုက်ရချိန်က အနွေးထွေးဆုံးဖြစ်၏။ 


 ဖုယွမ်ချွမ်း “ကောင်းပြီလေ…” ဟုပြန်ပြောလိုက်၏။ 


ထို့နောက် ငါးကန်ကို အိပ်ရာနံဘေးမှ စားပွဲဆီသို့သယ်သွားခဲ့သည်။ 


ကျွင်းချင်ယွီ ကျေနပ်သွားပြီး အခွံမာအိပ်ရာပေါ်တွင်လဲလျောင်းလိုက်သည်။ 


ဖုယွမ်ချွမ်း ရေအပူချိန်ကို ထိန်းညှိပေးကာ အိပ်ရန်ပိုသင့်တော်ရန် ပြင်ဆင်ပေးလိုက်သည်။ 


ထို့နောက် ဖုယွမ်ချွမ်း မဖြေရှင်းရသေးသော စာရွက်ပုံကြီးဘေးမှ အိပ်ရာပေါ်တွင် လဲလျောင်းလိုက်၏။ 


ကျွင်းချင်ယွီ အမှန်တော့ မအိပ်ချင်သေးပေ။ 


ဖုယွမ်ချွမ်း ကို အစွမ်းများပါသော ဖျော်ရည်သောက်ပြီးပြီးချင်း စောစောအိပ်စေချင်သောကြောင့်ဖြစ်၏။ ထိုမှသာ ခန္ဓာကိုယ်က ကောင်းကောင်းစုပ်ယူနိုင်မည် ဖြစ်၏။ 


အပြင်ဘက်တွင် တိတ်ဆိတ်နေသောကြောင့် ဖုယွမ်ချွမ်း အိပ်ပျော်သွားပြီ ထင်သည်။ 


ကျွင်းချင်ယွီ ခဏအကြာငြိမ်သက်စွာတွေးနေကာ နေရာလွတ်ထဲသို့ ဝင်ရောက်သွား၏။ 


စိုက်ပျိုးထားသော အသီးအရွက်များအပြင် ဘာမှမစိုက်ထားသည့် လစ်လပ်နေသော မြေနေရာများကျန်ရှိနေသေးသည်။ 


မည်သည့်အရာများ စိုက်လိုသည်ကို စဉ်းစားကာ နေရာအားလုံးကို အသုံးချရန် ကြိုးစားနေသည်။ 


ထို့အပြင် နွေဦးရေလေးကလည်းရှိနေသည်။ 


ရေရှင်ပုံစံပေါက်နေသော်လည်း ထိုနွေဦးရေ ဘယ်ကလာမှန်း ကျွင်းချင်ယွီ မသိချေ။ 


နေရာလွတ် စပွင့်လာကတည်းက ရှိနေပုံပေါ်သည်။ 


နွေဦးရေမှာလည်း စွမ်းအင်အရင်းမြစ်တစ်ခုဖြစ်၏။ 


ယခင်က နွေဦးရေအကြောင်းကို မသိသော ကျွင်းချင်ယွီမှာ ယခုအခါတွင်တော့ သဘောကျနေလေပြီ။ 


နွေဦးရေကို ဟိုးအရင်ကတူးခဲ့ဖူးသော မြောင်းငယ်လေးဖြင့် သွယ်ထား၏။ 


ရေသူဖြစ်သောကြောင့် ရေထဲရှိနေချိန် အသက်ရှူကြပ်မှာ မပူရပေ။ 


ကျွင်းချင်ယွီ ရေစိမ်ရင်း အိပ်ငိုက်လာသောကြောင့် ရေအိုင်နားတွင် ခဏမှေးလိုက်၏။  


ထိုအခါ မမျှော်လင့်ပဲ အိပ်ပျော််သွားလေတော့သည်။ 


ဖုယွမ်ချွမ်း၏ အသံကို ဝိုးတဝါးကြားနေရသည်။ 


“ငါးလေး … ငါးလေး…"


ကျွင်းချင်ယွီမှာ သေချာမနိုးသေးဘဲ ယောင်ရမ်းကာ အခွံမာအိပ်ရာသို့ ပြန်သွားနေ၏။ 


ငါးမြီးလေးမှာ ပေါ့ပေါ့ပါးပါးလေးမြောက်တက်သွားကာ အခွံမာ အိပ်ရာ၏ အဖုံးကိုဖွင့်လိုက်ပြီး “အာ…” ဟုတိုးတိုးလေး ရေရွတ်လိုက်၏။ 


ဖုယွမ်ချွမ်းအထဲတွင် နှစ်ခြိုက်စွာ အိပ်စက်နေသော ရေသူလေးကို ကြည့်ကာ “ထဖို့အချိန်ရောက်ပြီလေ…”ဟု ညင်သာစွာပြောလိုက်၏။ 


နေ့လယ်ခင်းပင် ရောက်နေပြီဖြစ်သော်လည်း ရေသူလေးမှာ ထမည့်အရိပ်အယောင်မပြသေး။ 


 ဖုယွမ်ချွမ်းမှာ တစ်ခုခုဖြစ်မည်စိုးသောကြောင့် လာခေါ်သော်လည်း ဘာမှမဖြစ်ဘဲ အိပ်ရာထဲတွင် ရေသူလေးက လှဲမြဲလှဲလျောင်းနေ၏။ 


လုံခြုံစေရန် ဖုယွမ်ချွမ်း လက်ကိုလှမ်းလိုက်ကာ ရေသူလေး၏ နဖူးကို လက်ဖျားထိပ်လေးများဖြင့်သာ ထိလိုက်၏။ 


သို့သော် ထိုအချိန်တွင် အိပ်တစ်ဝက် နိုးတစ်ဝက်ဖြစ်နေသော ရေသူလေးက သူ့လက်ချောင်းများကို လှမ်းဖက်လိုက်၏။ 


"အာ…" ကျွင်းချင်ယွီမျက်လုံးများမှိတ်လျက် သူ့လက်ချောင်းများကို ပွတ်သပ်နေ၏။ 


ခန္ဓာကိုယ်ကိုကွေးကာ အိပ်စက်ခြင်းကိုနှောင့်ယှက်နေသည့် ဖုယွမ်ချွမ်း၏လက်ချောင်းများကို ဖိကာ ဝှက်ထား၏။ 


ရေအောက်တွင် ရေသူလေး၏ အသံမှာ မကွဲပြားပေ။ 


ပါးစပ်နားတွင် ရေပူဖောင်းလေးများထနေ၏။ 

အမူအရာလေးမှာ ကလေးငယ်လေးတစ်ယောက်နှင့်တူနေသည်။ 

ဖုယွမ်ချွမ်း နူးညံ့လွန်းသော ရေသူလေးကို ကြည့်နေမိသည်။ 


နှိုးလိုက်ရမည်လား… အခုလိုပုံစံလေးနှင့် ရေသူလေးကို နှိုးလိုက်လျှင် ငိုသွားမည်ကို ဖုယွမ်ချွမ်း စိုးရိမ်နေမိသည်။ 


ထိုသို့တွေးမိသောအခါ ရေသူလေးကို ဒီတိုင်းအိပ်စေလိုက်သည်။ 


ညင်ညင်သာသာလေးပင် လက်ကိုသိမ်းကာ အခွံမာအဖုံးလေးကို ပြန်ပိတ်လိုက်သည်။ 


အစားအသောက်ပြင်ဆင်ပြီးသောအခါ စတင်အလုပ်များလေပြီ။


ကျွင်းချင်ယွီနိုးလာသောအခါ မွန်းလွဲပိုင်းဖြစ်နေလေပြီ။ 


အခွံမာ အိပ်ရာပေါ်တွင်ထိုင်ကာ နံရံပေါ်မှနာရီကိုကြည့်နေသည်။ ဘာကြောင့်မှန်းတော့မသိ။ ညက အစောကြီးအိပ်ရာဝင်သည့်တိုင် မွန်းလွဲပိုင်းထိ အိပ်ပျော်သွားခဲ့သည်။ 


သူအိပ်ပျော်သွားတုန်းက ဗိုက်ဆာနေခဲ့သည်။ 


ကျွင်းချင်ယွီ ကူးခက်ကာ သရေစာများကြားမှ ငါးခြောက်တစ်ကောင်ကိုယူလိုက်၏။ 


ခွဲခြမ်းထားသော အသီးအရွက်များကို ဘေးဖယ်ကာ နောက်မှ ဖုယွမ်ချွမ်း၏ ဖျော်ရည်စက်ထဲထည့်ရန် စိတ်ကူးမိသည်။


အိပ်ခန်းမှာတိတ်ဆိတ်နေသည်။ ဖုယွမ်ချွမ်း ဘယ်ရောက်နေသနည်း။ 


သူငါးခြောက်စားပြီးသည့်တိုင် ဖုယွမ်ချွမ်းပြန်ရောက်မလာလျှင် ငါးကန်ထဲခုန်ဆင်းကာ လိုက်ရှာရန် ကျွင်းချင်ယွီတွေးလိုက်သည်။ 


သို့သော် သူတစ်ဝက်တောင်စားမပြီးသေးသည့်အချိန်တွင် ဖုယွမ်ချွမ်းပြန်ရောက်လာ၏။ 


ကျွင်းချင်ယွီ ခေါင်းလေးစောင်းကာဟုမေးလိုက်၏။ 


"အွီး...."

“ဘယ်သွားနေတာလဲ…


“ကိုယ်မင်းအတွက်ဝယ်လာတဲ့ အရုပ်ရောက်လာပြီ…”ဟု ပြောရင်း ယွမ်ချွမ်း အထုတ်ကိုလမ်းလျှောက်လာရင်းဖောက်နေသည်။ 


"ကြည့်ပါဦး…သဘောကျရဲ့လား…"  ဖုယွမ်ချွမ်း အထုတ်ထဲမှ အရုပ်များကို ထုတ်ရင်းမေးလိုက်သည်။ 


ဘက်စကက်ဘောနှင့် တူသော ရွေရောင်ဖျော့ဖျော့ ဘောလုံးလေးများဖြစ်၏။ 


အလွန်လှ၏။


Xxxxxxx