အပိုင်း ၁၆
Viewers 17k

Chapter 16


သူ့ဘာသာသူ မဆော့ချင်ပေ ။  သူ ဖုယွမ်ချွမ်း၏ လက်နားတွင် လဲလျောင်းနေလိုက်သည်။ 


အမြီးဖျားလေးမှာ  ဖုယွမ်ချွမ်း၏လက်ကောက်ဝတ်နားတွင် ရစ်ပတ်လျက်ရှိသည်။ 


ရေသူလေး သူ့လက်ကို ဖက်လိုက်ပြီး ပြုံးလိုက်သည်။ ငါ့ကို မင်းနဲ့အတူ ခေါ်သွားလို့ရပါတယ်။


ထိုပုံစံလေးကို မြင်သော ဖုယွမ်ချွမ်းမှာ ရေသူလေးကို ပုခုံးပေါ်တွင် တင်လိုက်သည်။ ဖုယွမ်ချွမ်း ထလိုက်သောအခါ စားပွဲပေါ်မှ အသီးအရွက်ဖျော်ရည်ကို ညွှန်ပြကာ "အာ…" ဟုအသံပြုလိုက်၏။ 


ဖုယွမ်ချွမ်း ခဏရပ်ကာ အသီးအရွက်ဖျော်ရည်နှစ်ခွက်ကို ယူလိုက်ပြီး ကွန်ပျူတာစားပွဲတွင်ထိုင်လိုက်၏။ 


ကျွင်းချင်ယွီ ခွက်အသေးလေးကိုယူကာ ဖုယွမ်ချွမ်းအလုပ်လုပ်နေသည်ကို ကြည့်ရင်းသောက်နေသည်။ 


အချိန်တစ်ခုအထိ အိမ်ထဲတွင်ကြားရသော တစ်ခုတည်းသော အသံမှာ ကီးဘုတ်တွင် စာရိုက်သံသာ ကျန်တော့သည်။ 



ရှီခိုင်ရှင်းမည်သို့သော သတင်းကို ယူလာသည်မသိသော်လည်း ဖြေရှင်းရန် ခက်ခဲပုံရသည်။ 


 


 ဖုယွမ်ချွမ်း အခုရက်ပိုင်းအလုပ်များနေသည်။ 


 


မနက်မိုးမလင်းခင် ထကြကာ ညမအိပ်ခင်နောက်ကျသည်အထိနေကြသည်။ 


မနေ့က တစ်ညလုံးအိပ်မပျော်ဘဲ ကောင်းကင်များမှောင်သည်အထိ လဲလျောင်းနေလိုက်သည်။ 


ကျွင်းချင်ယွီ ငါးကန်အစွန်တွင် မှီကာ အိပ်ပျော်နေသောဖုယွမ်ချွမ်းကို ငုံ့ကြည့်နေ၏။  


မျက်ကွင်းများက မသိမသာလေး ညိုနေသည်။ 


အသီးအရွက်ဖျော်ရည်၏ အကူအညီဖြင့် ဖုယွမ်ချွမ်း၏ ဝိညာဉ်စွမ်းအင်ကို သူ့ဝိညာဉ်စွမ်းအင်ကိုသုံးကာ ကူညီလေ့ရှိရာ နေ့နေ့ညည အလုပ်လုပ်လျှင်တောင် ခန္ဓာကိုယ်တွင် ပြဿနာကြီးကြီးမားမား မရှိလာနိုင်ပေ။ သို့သော် ဖုယွမ်ချွမ်း၏ရောဂါမှာ ကောင်းလာသော်လည်း စောစောအိပ် စောစောထရန် လိုအပ်ပေသည်။ 


ကျွင်းချင်ယွီ ငြိမ်ငြိမ်လေး ငါးကန်ထဲတွင်စိမ်နေသည်။ အောက်စီဂျင်ထုတ်သောစက်အသံဖြင့်  ဖုယွမ်ချွမ်း နိုးသွားမည်စိုးသောကြောင့် စက်ကိုပင် ဖြုတ်ထားလိုက်သည်။ 


တိတ်တဆိတ်ပင် အဖော်ပြုပေးနေသည်။ 


ခဏအကြာတွင် ငါးကန်အစွန်းကို အားပြုကာ ခုန်ထွက်လိုက်ပြီး အိပ်ရာပေါ်သို့ကျသွားလေသည်။ 

ခေါင်းအုံးနှင့် မွေ့ယာခင်းများမှာ နူးညံ့လွန်းသောကြောင့် ဘာအသံမှပင် မထွက်လာချေ။ 


ကျွင်းချင်ယွီ ရှေ့တိုးကာ ဖုယွမ်ချွမ်းခေါင်းအုံးဘေးတွင် ခွေခွေလေး အိပ်နေလိုက်သည်။ 

ထူထဲသော လိုက်ကာများက အပြင်ဘက်မှနေရောင်ကို တားဆီးထားရာ အိမ်ထဲတွင် နေ့နှင့်ညမှာ သိပ်မထူးခြားချေ။ 


ဖုယွမ်ချွမ်း၏ပုံမှန် အသံရှူသံလေးကို ကြားနေရသည်။ တော်တော်လေး ပင်ပန်းနေပုံပေါက်၏။ 


 


ယခုအခြေအနေမှာ အိပ်စက်အနားယူရန် အသင့်တော်ဆုံးဖြစ်လေသည်။ ကျွင်းချင်ယွီ မျက်လုံးများကို ပွတ်ကာ ခဏအကြာ စဉ်းစားနေ၏။ သူအတွေးများဖြင့် ကျွင်းချင်ယွီ ဖြည်းဖြည်းချင်း မျက်လုံးများကို ပိတ်လိုက်၏။ 


 ဖုယွမ်ချွမ်း သူ့အနားမှ လှုပ်ရှားမှုကိုခံစားမိသော်လည်း  မျက်လုံးများကို မဖွင့်ပေ။ 

ရေသူလေး ဘာလုပ်ချင်သည်ကို သူသိချင်သည်။ 


သို့သော် ရေသူလေးမှာ အထူးတလည် ဘာမှမလုပ်ပဲ ငါးကန်ထဲမှ ခုန်ထွက်ကာ သူ့ဘေးတွင်လှဲပြီး သူ့ကိုကြည့်နေသည်။ 


အိပ်ချင်လာသောအခါ ဘေးတွင်ခွေကာ သူ့ဘေးတွင်ပင် အိပ်ပျော်သွားလေသည်။ 


 ဖုယွမ်ချွမ်း မျက်လုံးနည်းနည်းဖွင့်လိုက်သောအခါ ခေါင်းအုံးဘေးမှ ရွှေရောင်ဖျော့ဖျော့လေးကို မြင်နေရသည်။ 


 


ရေသူလေး၏ အိပ်ပျော်နေသော ပုံစံမှာ အလွန်ပင်အေးချမ်းလေသည်။ 


ဖုယွမ်ချွမ်း ဘေးဘက်သို့လှည့်လိုက်၏။ စောင်ကိုမကာ ရေသူလေးကို ခြုံပေးလိုက်သည်။ သူ့လက်ကို ရေသူလေး၏ ကိုယ်ပေါ်တွင် လက်ကိုတင်ကာ မျက်လုံးကိုမှိတ်လိုက်လေသည်။ 


သူတို့ ပွေ့ဖက်ကာ အိပ်နေကြသည်ဟုပြော၍ ရပေသည်။ 


.......


ကျွင်းချင်ယွီ ဆယ်မိနစ်လောက် ဟိုဘက်ဒီဘက် လှိမ့်နေမိသည်။ 


သို့သော် မျက်လုံးများကို ပိတ်ပြီး ပြန််ဖွင့်လိုက်သောအခါ။ နေ့လယ် သုံးနာရီရှိနေပြီ ဖြစ်၏။ 

အချိန်များမှာ ဘာ့ကြောင့် မြန်မြန်ဆန်ဆန်ကုန်နေရသနည်း မသိတော့ပေ ။သို့သော် ယခုခံစားချက်မှာ အလွန်ပင် တည်ငြိမ်၏။ 


ကျွင်းချင်ယွီ အကြောဆန့်ကာလှုပ်ရှားမှုများကြောင့် စောင်၏ အနေအထားမှာ ပြောင်းလဲသွား၏။ ထပ်နေသော အပိုင်းက သူ့ကိုဖုံးအုပ်သွားသည်။ 


"ဟင်…"


ကျွင်းချင်ယွီ ခေါင်းလေးထုတ်ကာ ကြည့်လိုက်သည်။ ဘေးဘယ်ညာကိုကြည့်သောအခါ  ဖုယွမ်ချွမ်းကိုမတွေ့ရပေ


လူကရော။ 


စောင်ကိုဖယ်ပြီး ကြည့်လိုက်သောအခါကျွင်းချင်ယွီ ဖုယွမ်ချွမ်းကို စားပွဲတွင်တွေ့လိုက်၏။  


သူ ထထိုင်ချင်သော်လည်း ရေသူလေးအတွက် စောင်မှာ အလွန်လေးသောကြောင့် မထနိုင်ဖြစ်နေသည်။ 


 


"အို့…"


ရေသူလေး၏ အသံကို ကြားကြားချင်း ဖုယွမ်ချွမ်း အမြန်ရောက်လာပြီး ရေသူလေးကို စောင်ပုံကြီးကြားထဲမှ ကယ်တင်လိုက်သည်။ 


 ဖုယွမ်ချွမ်း ဆံပင်လေးကို သပ်ပေးလိုက်ရင်း “နိုးပြီလား…” ဟု မေးလိုက်၏။ 


 


“အာ..” ကျွင်းချင်ယွီက ဖက်ရန် လက်ကိုဆန့်တန်းပေးလိုက်သည်။ 


ဖုယွမ်ချွမ်း သူ့ကိုဖက်လိုက်ကာ မေးလိုက်၏။ “နေလို့မကောင်းဘူးလား…ရေစိမ်မလား…” 


ကျွင်းချင်ယွီ  ဖုယွမ်ချွမ်းလက်ထဲတွင်နေရင်း ခေါင်းခါကာ ရေကိုလိုအပ်သည်ဟုပင် မခံစားရချေ။ 


ရေသူလေး နေမကောင်းမဖြစ်မှန်း သေချာသွားသောအခါ ဖုယွမ်ချွမ်း သူ့ကို ရေထဲ ပြန်မထည့်တော့ချေ။ 


ထိုအစား အစားအသောက် အနည်းငယ်ယူကာ ရေသူလေးကို ပွေ့ရင်း မြေအောက်ထဲ ဆင်းသွားလိုက်သည်။ 


ကျွင်းချင်ယွီ ဖုယွမ်ချွမ်း၏လက်ဖဝါးထဲတွင် ငြိမ်နေကာ ဓာတ်လှေကားတံခါးပွင့်လာသောအခါ တစ်ချက်ကြည့်လိုက်၏။ 


ထိုအရာကို မြင်သော ဖုယွမ်ချွမ်းက မေးလိုက်၏။ “ဒီနေရာကို သဘောကျလို့လား…”  


ကျွင်းချင်ယွီ မျက်တောင်ခတ်ကာ “အာ…”ဟု အသံပြုလိုက်၏။ 


“ဒီက ရေကူးကန်က အရင်နေရာကဟာနဲ့ အတူတူပဲ ပိုတောင်ကြီးသေးတယ်…” 


ရေထဲဆင်းစရာတောင်မလိုဘဲ အထဲတွင်ကစားစရာများ အများအပြားရှိသည်ကို သိနိုင်၏။


  ဖုယွမ်ချွမ်း ရေသူလေးကို ရေထဲထည့်လိုက်သည်။ 


ကျွင်းချင်ယွီ ရေကန်ထဲတွင် အချိန်တစ်ခုအထိ ရှိနေမည်လားဖုယွမ်ချွမ်း၏ ခန္ဓာကိုယ်ပေါ်တွင် ကပ်တွယ်နေမည်လား စဥ်းစားနေမိသည် ။


တွေးကြည့်ပြီးနောက် သူ အချိန်အတော်ကြာ လေ့ကျင့်ခန်း မလုပ်ခဲ့ရသလို ခံစားမိလိုက်သည်။ 

တစ်ခါတစ်ရံ ရေကူးကန်ကြီးတွင် ကူးရသည်မှာ ခံစားလို့ကောင်း၏။ 


ကျွင်းချင်ယွီ အမြီးလေးကိုနှံ့ကာ ကူးခက်ရန်ပြင်နေချိန်တွင် သူ့နားကို ရေပေါက်များစင်လာသည်ကို ခံစားလိုက်ရ၏။ 


ခဏအကြာရပ်သွားပြီးနောက် လှည့်ကြည့်လိုက်သောအခါ ဖုယွမ်ချွမ်းလည်း ရေထဲရောက်နေသည်ကို မြင်လိုက်ရသည်။ 


ကျွင်းချင်ယွီမျက်လုံးများမှာ တောက်ပသွားလေသည်။ သူ ပြုံးလိုက်ကာ အမြီးကိုလွှဲကာ ဖုယွမ်ချွမ်းနားတွင် ကူးနေလိုက်၏။ အမြီးလေးမှာ ဖုယွမ်ချွမ်း၏ ကျောပြင်ကို ညင်သာစွာ ပွတ်သပ်သွား၏။ 

ထို့နောက်အမြီးလေး လွှဲခက်ကာ ရှေ့သို့ကူးခတ်ရသွားပြီးဖုယွမ်ချွမ်း၏ ပုခုံးပေါ်သို့ တစ်ခါတည်းရောက်သွား၏။ 


 ဖုယွမ်ချွမ်း ခေါင်းငဲ့ကြည့်လိုက်ရာ 

ရေသူလေးက သူ့ကို မော့ကြည့်နေပြီး ပြုံးလိုက်ရင်း ပါးစပ်လေးဟလျက် ပူဖောင်းလေးများကို မှုတ်ထုတ်လိုက်သည်။ 


"ဂူလူ…"


ဖုယွမ်ချွမ်း လက်မြှောက်ကာ သူ့ရှေ့တွင်ရှိနေသော ပူဖောင်းလေးများကို ဖောက်လိုက်သည်။ 


ကျွင်းချင်ယွီ ရေကူးကာ လက်ဖျားထိပ်လေးကိုကိုင်လိုက်သည်။ အမြီးလေးမှာ လက်ဖမိုးနှင့်ထိမိနေသည်။သူ ပူဖောင်းလေးတွေလုပ်ကာ ရေကူးပြီးပြန်ထွက်သွားပြန်သည်။ 


ဖုယွမ်ချွမ်း သူ့ရှေ့မှ ပူဖောင်းလေးများကို မှုတ်ထုတ်ကာ ရေသူလေးနောက်သို့ လိုက်သွားသည်။ 


လိုက်လာသည်ကို မြင်သော ကျွင်းချင်ယွီအမြန်ကူးသွားသည်။  


ရေသူလေးမှာ ရေကူးမြန်သော်လည်း  ငယ်သေးသောကြောင့် မကြာခင်ပင် ဖုယွမ်ချွမ်း လိုက်မီသွားသည်။ 


ကျွင်းချင်ယွီ အဖမ်းခံရမည်ကိုလည်းမမှုချေ။ ထိုအစား မပြေးနိုင်တော့သောအခါ အမြန်ပြန်လှည့်ကာ ဖုယွမ်ချွမ်း၏ရင်ခွင်ထဲသို့ တိုးဝင်လိုက်သည်။ သူ ခဏနားပြီးသောအခါ ဆက်ကူးပြန်သည်။ 


ရေအောက်မှ အရုပ်လေးများနှင့် အလှဆင်ထားသော ကျောက်တုံးလေးများမှာလည်း ရေနက်ထဲတွင်ရှိနေသည်။ 


ထိုနေရာကို သူတို့မသွားပေ လုံခြုံမှုရှိစေရန် စိတ်ချရသောနေရာတွင်သာ ကူးသောကြောင့် ထိခိုက်နိုင်ချေလည်း နည်းလေသည်။ 


 


ဟိုဘက်ဒီဘက် အကြိမ်ကြိမ်ကူးပြီးသောအခါ ကျွင်းချင်ယွီ လှုပ်ပင်မလှုပ်ချင်တော့ပေ သူ ယခင်လုပ်နေကျ လေ့ကျင့်ခန်းထက် အများကြီးသာလွန်နေပြီ ဖြစ်သည်။ 


ကျွင်းချင်ယွီ ရောက်နေသော နေရာတွင်ပင်ရပ်ကာ အမြီးကိုလှုပ်နေလိုက်သည်။ ဖုယွမ်ချွမ်း ကူးလာသောအခါ ပခုံးပေါ်တွင်တက်လိုက်သွား၏။ 


 ဖုယွမ်ချွမ်း အသက်ရှုရန် ရေပေါ်ပေါ်လာပြီး ပုခုံးပေါ်မှ ရေသူလေးကိုကြည့်ကာ “မောသွားပြီလား…” 


"အာ…" သိပ်တော့ မမောပါဘူး 


ရေသူလေး ပျင်းလာပြီးကို သဘောပေါက်သော ဖုယွမ်ချွမ်းက “တော်တော်လေး ကူးပြီးပြီးပဲ ပြန်ကြတော့မလား…” ဟု မေးလိုက်၏။ 


"အို့…"


 သူ ဖုယွမ်ချွမ်းကိုပွတ်ကာ အရှေ့သို့ ကူးခတ်သွားလိုက်သည်။ 


 


သူ ရေမကူးချင်သော်လည်း ဖုယွမ်ချွမ်း ရေကူးသည်ကိုတော့ ကြည့်ချင်သည်။ ကျွင်းချင်ယွီ လက်ကိုင်ကို ကိုင်ကာ ခုန်ထွက်လိုက်ပြီး ဘောင်ပေါ်တွင်ထိုင်ပြီး ကြည့်နေလိုက်သည်။ 

ထိုရှူထောင့်မှ ဆိုလျှင် ဖုယွမ်ချွမ်းရေကူးနေသည့်ပုံစံကို သေချာမြင်ရပေသည်။ 


သူကူးခတ်နေပုံက အလွန်ပုံစံကျလှသော အလွတ်ရေကူးပုံစံဖြစ်၏။ ပထမဆုံး အားကိုသေချာထိန်းထားပြီး ကူးခတ်ချက်များမှာ အလွန်မပြင်းဘဲနောက်ကျမကျန်ခဲ့အောင် မလွတ်တမ်းကူးခက်နိုင်သည်။ 


အနည်းငယ် ဝေးနေသော်လည်း ကျွင်းချင်ယွီ ဖုယွမ်ချွမ်းကျောပြင်ထက်မှ အမာရွတ်ကို ပြတ်သားစွာ မြင်နေရ၏။ 


မာရှယ်တစ်ယောက်အနေဖြင့်  ဖုယွမ်ချွမ်းမှာ သူ့အဖွဲ့၏နောက်တွင်ရှိနေပေးရုံသာမက တိုက်ပွဲတွင်လည်း ကိုယ်တိုင်ပါဝင်တိုက်ခိုက်ပေးရသေးသည်။ 


ထို့ကြောင့် အမာရွတ်ကျန်ရှိနေခြင်းဖြစ်၏။ 


အမှန်မှာ အမာရွတ်မှာ ကြီးလည်းမကြီး ထင်လည်းထင်မရှားချေ။ ကြယ်တာရာခေတ်တွင် အမာရွတ်ဖျောက်ပေးသည့် ခွဲစိတ်မှုရှိသည်။ 


အာကာသ၏လေထုဖိအားမှာ အလွန်နည်းသည်ကြောင့် အလုပ်ကိစ္စဖြင့် မကြာခဏပျံသန်းရသူများအဖို့ အရေးပေါ်အခြေအနေများတွင် အမာရွတ်မှာအလွယ်တကူ ပြဲနိုင်သည်။ 


ထို့ပြင် ကြယ်တာရာ တိုက်ပွဲများတွင် တိုက်ယာဉ်များနှင့် မက်ခါများကိုသာ အများဆုံးသုံးလေ့ရှိကြ၏။ ပြဿနာ ဖြစ်လာလျှင်မောင်းနှင်သူ၏ယာဉ်မှာ ဖိအားလျော့လာခြင်းကြောင့်  အမာရွတ်ကြောင့် အသက်ပါဆုံးရှုံးနိုင်သည်။ 


ဖုယွမ်ချွမ်း ခွဲစိတ်မှု ခံယူခဲ့သော်လည်း အပြည့်အဝ မသက်သာသေး။ 


ကျွင်းချင်ယွီ တွေးလိုက်သည်မှာ ကြယ်တာရာ၏နှည်းလမ်းများဖြင့်ပင် မပျောက်ကင်းခဲ့သော အမာရွတ်မှာ ယခင်က မည်မျှပင်ပြင်းထန်ခဲ့မည်နည်း။ 


 ဖုယွမ်ချွမ်း၏ စစ်တပ်ဆိုင်ရာ အကျိုးအမြတ်များမှာ အသက်ကိုရင်းကာ ရယူခဲ့ခြင်းဖြစ်သည်။ 


 


ဖုယွမ်ချွမ်း ရေကူးပြီး ပြန်လာသောအခါ ကန်ဘောင်တွင်ထိုင်နေလိုက်ပြီး ခေါင်းကိုလှည့်ကာ ရေသူလေးကို ကြည့်လိုက်သည်။“ရေထဲ မဆင်းတော့ဘူးလား…” 


“အာ…” ကျွင်းချင်ယွီ ခေါင်းညိတ်ပြလိုက်ပြီး သိပ်မဝေးသောနေရာမှ ရေဘူးကို လှမ်းဖက်ရန် လက်ကိုဆန့်လိုက်သည်။ 


ရေဘူးမှာ သူ့ခန္ဓာကိုယ်လောက်ကြီးပြီး ရေအပြည့်ရှိနေသည်။ 


ဖုယွမ်ချွမ်း သူထိခိုက်သွားမည်စိုးသောကြောင့် အမြန်လှမ်းယူလိုက်သည်။ 


ရေသူလေးက ကန်ဘောင်တွင် ထိုင်နေကာ အမြီးကိုသာ ရေထဲ စိမ်ထားလေရာ  ရေသိပ်မကြိုက်ဟုပင် ထင်ရလေသည်။ 


ဖုယွမ်ချွမ်း ရေတစ်ငုံလောက်သောက်ပြီး ရေသူလေး သူ့ကိုကြည့်နေသည်ကို မြင်သောအခါ “ရေသောက်ချင်လို့လား…” ဟုအထင်အမြင်ဖြင့် မေးလိုက်၏။ 


 


ကျွင်းချင်ယွီ တွန့်ဆုတ်သွားသည်။ ရေသူက ရေသောက်ရန် လိုအပ်သည်လား။ 


 


သူ ရေသက်သက်ချည်း မသောက်ခဲ့သော်လည်း အသီးအရွက်ဖျော်ရည်နှင့် အခြားသော ဖျော်းည်အမျိးမျိုးကို သောက်ဖူးလေသည်။ 


ကျွင်းချင်ယွီလည်း သူရေသောက်ရန် လိုမလိုကို သိချင်သွား၍ ပါးစပ်လေးဟကာ “အာ” ဟု အသံပြုလိုက်၏။ 


ဖုယွမ်ချွမ်း ရေဘူးနှုတ်ခမ်းဝလေးကို ရေသူလေး၏ပါးစပ်နား တေ့ပေးကာ ရေကို ဖြည်းဖြည်းချင်းထည့်ပေးသည်။ 


ကျွင်းချင်ယွီ နှုတ်ခမ်းများကို စေ့လိုက်သည်။ ရေမှာ ချိုမြပြီး အသီးအရွက် ဖျော်ရည်များထက် အရသာ ပိုရှိနေသည်။ 


"ကြိုက်လား…သောက်ဦးမလား…"


ကျွင်းချင်ယွီ ဒီတိုင်းမြည်းစမ်းချင်ယုံသာ ဖြစ်သောကြောင့်ဖုယွမ်ချွမ်း ဒုတိယအကြိမ် ရေတိုက်သည်ကို ငြင်းဆိုလိုက်သည်။ 


ဖုယွမ်ချွမ်း ရေသောက်ကာ ပြောလိုက်၏။ “ကိုယ် ရေသွားချိုးလိုက်ဦးမယ် ဒီနားမှာပဲ စောင့်နေနော်…” 


“အာ…” 


ပင်လယ်ရေမှာ ခန္ဓာကိုယ်ပေါ်တွင် စေးကပ်နေကာ ခြောက်သွားလျှင်နေရခက်သည်။ ပင်လယ်ရေကို ရေသူများမှလွဲ၍ အသားကျသူ မရှိချေ။ ရေချိုးခန်းထဲသို့  သူ့ကို(ရေသူ)ခေါ်သွားရန်မှာလည်း အရမ်းပူလွန်းနေသည်။ 


ကျွင်းချင်ယွီက ရေကန်အစပ် အပေါ်အောက်သာ ကူးနေလေသည်။ အကြောင်းရင်းမှာ  ဖုယွမ်ချွမ်းပြန်လာလျှင် သူ့ကိုမတွေ့မှာစိုးသောကြောင့်ပင်


သူ ရေငုပ်ခြင်း ဒိုင်ဗင်ထိုးခြင်းဖြင့် ကိုယ့်ဘာသာဖျော်ဖြေနေစဥ်တွင်  သူ့ဆံပင်သို့ တစ်စုံတစ်ခု လာကပ်နေသည်ကို သိလိုက်ရသည်။ ထူးဆန်းစွာ ထိုဆံပင်နေရာသို့ကိုင်ကြည့်လိုက်၏။ သေချာကြည့်နေသော်လည်း ဘယ်အရာမှန်း သူမသိချေ။ 


ရေကန်ထဲတွင် အမှတ်တမဲ့ ငြိသွားပြီး ပြန်ဖယ်မရဖြစ်နေသည်။ 


ကျွင်းချင်ယွီ အရင်ဆုံး ဖြည်းဖြည်းချင်းဖြည်ကာ ထိုအရာနောက်မှ ဆံပင်များကို ထုံးလိုက်ရာ သူ့ဆံပင်တွင်ငြိနေသော အရာများမှာ ဆံထုံးထဲရောက်သွားပြီး လက်ထဲတွင် အဖြူရောင်ဆံပင်အပိုင်းအစများပင်ကျန်ခဲ့၏


ဘယ်လိုလုပ်ရပါ့မလဲ..


ကျွင်းချင်ယွီ ဆံပင်စများကို လွှတ်လိုက်ကာ ရေစိုလျှင်အလိုလျောက်ပြေသွားမလား သိချင််မိသည်။ 


ရလဒ်မှာ ရေပေါ်တွင် ပေါ်လောပေါ်နေသော ဆံပင်လုံးကြီးသာဖြစ်ပြီး ရေနှင့်တွေ့သောအခါ ပိုရှုပ်သွားသယောင်ရှိလေသည်။ 


ကျွင်းချင်ယွီ: "..."


Xxxxx