Chapter 17
ကျွင်းချင်ယွီ ဆံပင်ထွေးကြီးကြောင့် စိတ်တိုနေချိန် ဖုယွမ်ချွမ်းပြန်ရောက် လာသည်။
ကျွင်းချင်ယွီကိုကြည့်ကာ ဖုယွမ်ချွမ်း တစ်ခုခုလွဲနေမှန်း သိလိုက်သည့်အချိန်မှာပင် ဆံပင်များကိုမြှောက်ပြကာ “အာ…” ဟု အော်ပြောလိုက်သည်။
"ဘာဖြစ်တာလဲ…" ဖုယွမ်ချွမ်း အမြန်ရေသူလေးကို ချီလိုက်ကာ ရှုပ်ထွေးနေသောဆံပင်များကို ကြည့်လိုက်သည်။
တော်တော်ရှုပ်ထွေးနေလေပြီ။ ရေသူလေးလက်ချက်ပင် ဖြစ်ရမည်။
"ရပါတယ်…ကိုယ် စိတ်မဆိုးပါဘူး…" ဖုယွမ်ချွမ်း နှစ်သိမ့်ပေးလိုက်သည်။ : "ကိုယ် ကူလုပ်ပေးမယ်နော်"
"အို့"
ရေကန်မှာ ရေသူလေး၏ ရေသူအိမ်အဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ပင်
အလယ်ပိုင်းတွင် ရေကူးရန် အပန်းဖြေရန် သုံးကြသည့်အပြင် နှစ်ဖက်စလုံး၌ ရေသူအသုံးအဆောင်များဖြင့် ပြည့်နေသော စင်များလည်း ရှိလေသည်။
ဖုယွမ်ချွမ်း ဘီးအသေးလေးတစ်ခုကိုယူကာ ထိုင်လိုက်၏။
ရေသူလေးကို သူ့ခြေထောက်ပေါ်တွင် တင်ကာ ဘီးကိုအသုံးပြု၍ဆံပင်ကို ဖြည်ရန်ကြိုးစားတော့သည်။
ကျွင်းချင်ယွီ ထိုအရာကိုလုပ်ရန် စိတ်မရှည်ချေ။ ထို့အပြင် သေချာမလုပ်လျှင်နာဦးမည် ဖြစ်၏။
သို့သော် ဖုယွမ်ချွမ်းမှာ အလွန်သတိထားကာ ဆံပင်ချည်များကို ဖြည်၍ အမှိုက်သရိုက်များကို တစ်ခုချင်းရှင်းထုတ်နေသည်။
ဖြည်းဖြည်းချင်း ပြေလျော့လာသည်။
ပြတ်ထွက်သွားသော ဆံပင်ချည်များရှိသော်လည်း မပြောပလောက်ပေ။
ဖုယွမ်ချွမ်း “ရသွားပြီ…” ဟုပြောလိုက်၏။
"အို့"
"သွားရအောင် အရင်ဆုံး အပေါ်တက်ကြမယ် "
"အို့"
ဖုယွမ်ချွမ်း အသုံးလိုလျှင်သုံးရအောင် ဘီးလေးကိုပါ ယူလာလိုက်သည်။
ဧည့်ခန်းထဲသို့ ဝင်ဝင်ချင်းပင် ကျွင်းချင်ယွီ ထူးဆန်းသော အနံ့တစ်ခုကို ရလိုက်သည်။
ပြန့်ကျဲနေသော စိတ်စွမ်းအင်နှင့်ဆင်တူသော်လည်း အလွန်ဝေဝါးကာ ဖမ်းဆုပ်ရခက်ခဲသည်။
ဧည့်ခန်းမှာ လူများနှင့် ပြည့်နေသည်။
ကျွင်းချင်ယွီ တစ်ချက်ကြည့်လိုက်ကာ ယခင်အစည်းအဝေးတုန်းက တွေ့ခဲ့ဖူးသူများမှန်း သူ၏အလွန်ကောင်းသော မှတ်ညဏ်အရ သိလိုက်သည်။
ဖုယွမ်ချွမ်း ဝင်လာသည်ကို မြင်သောအခါ တစ်ယောက်ပြီး တစ်ယောက် ထရပ်လိုက်ကြသည်။
"မာရှယ်…"
"ခေါင်းဆောင် ပြန်လာပြီလား…"
" ဟေး ရေသူလေး ငါဘယ်သူလဲ သိလား…အစ်ကို ရှီကို လာဖက်ပါဦး…”
သူတို့ထဲတွင် ရှီခိုင်ရှင်းမှာ ခန့်မှန်းမရဆုံးသူဖြစ်သည်။
ကျွင်းချင်ယွီ မျက်နှာကိုလွှဲပစ်ကာ ဖုယွမ်ချွမ်းရင်ခွင်ထဲတွင်ပင် လှဲလျက် လျစ်လျူရှူပလိုက်သည်။
ရှီခိုင်ရှင်း ပြုံးကာ ပြောလိုက်၏။ “ခေါင်းဆောင်…ခေါင်းဆောင်ရဲ့ မိသားစုဝင်က မျက်နှာလိုက်တယ်နော် ခေါင်းဆောင်ကိုကျရယ်ပြပြီးတော့ ချစ်စရာလေးတွေ လုပ်ပြတယ် ကျွန်တော့်ကိုကျတော့ ကြမ်းတမ်းလိုက်တာ…”
ဖုယွမ်ချွမ်း ရေသူလေးကို ကြည့်ကာ တွေးလိုက်၏။ မျက်နှာ များသည်လား။ ရေသူလေးမှာ သူ့အတွက်တော့ အမြဲတမ်း နူးညံ့ကာ ချစ်ဖို့ကောင်းခဲ့သူ ဖြစ်လေသည်။
ကျွင်းချင်ယွီ ခေါင်းလေးမတ်လာကာ သူ့ကို အပြစ်ကင်းစွာ ပြုံးပြလိုက်သည်။
ဖုယွမ်ချွမ်း ဘာမှပြန်မပြောဘဲ ရေသူလေး၏ပါးနှစ်ဖက်ကို ပွတ်သပ်ပေးလိုက်သည်။
သူ့ဘေးမှ လုပ်ဖော်ကိုင်ဖက်များက ပြော၏။ “မင်းကလည်း မင်းပဲလေ… ရေသူလေးကို ခြောက်နေတာကိုး..ငါသာ ရေသူလေးဆိုရင် မင်းကို သတ်ပစ်လိုက်ပြီ…”
တစ်စုံတစ်ယောက်က ဝင်ထောက်ခံပြန်သည်။ "ဟုတ်ပ…"
ရှီခိုင်ရှင်း ခေါင်းကြောဆန့်ကာ စကားလမ်းကြောင်းလွှဲလိုက်သည်။ “ဒါနဲ့ လီဘစ်စ်က သတင်းတွေ ထွက်လာတယ်နော်…”
ဖုယွမ်ချွမ်း "အစည်းဝေးခန်းထဲမှာ စောင့်နေကြပါ…"ဟု ပြောလိုက်၏။
အားလုံး တစ်သံတည်း ဖြေလိုက်ကြသည်။ "ဟုတ်ကဲ့ပါ…"
သူတို့ထွက်သွားသည်နှင့် ကျွင်းချင်ယွီ လက်ကိုမြှောက်ကာ သူတို့ထွက်သွားရာဘက်သို့ ညွှန်ပြလိုက်သည်။ ထူးဆန်းသော အနံ့မှာလည်း ပျောက်သွားသည်။
သူတို့ထဲက တစ်ယောက်ယောက်မှာများ ပြဿနာ ရှိနေတာလား။
ကျွင်းချင်ယွီ နှုတ်ခမ်းများကို စေ့ကာ စဉ်းစားနေတော့သည်။
သို့သော် မကြာသေးသော ကာလအတွင်း မည့်သည့်ထွေထွေထူးထူးကိစ္စမှ မဖြစ်ပွါးခဲ့ပေ။ ဘယ်လိုကြောင့်များလဲ...
ကျွင်းချင်ယွီ စဉ်းစားလို့မရ ဖြစ်နေ၏။
ဖုယွမ်ချွမ်း ကျွင်းချင်ယွီကိုမေးလိုက်သည်။ "ခဏလောက် အစည်းအဝေး လုပ်ကြမလား…"
"အာ..." ကျွင်းချင်ယွီ သိပ်တောင်မစဉ်းစားဘဲ ခေါင်းညိတ်လိုက်သည်။
ထိုရောဂါရှိနေသူမှာ သူကိုယ်တိုင်ပင် သတိပြုမိပုံမရချေ။
အခုအချိန်သွား၍ ရောဂါအရင်းအမြစ်ကို ရှာရမည်။ အလုပ်အတွင်း ရေဂါဖောက်လာလျှင် သေဆုံးနိုင်ချေမှာ တစ်ရာရာခိုင်နှုန်းဖြစ်၏။
ကျွင်းချင်ယွီ ခေါင်းကိုအမြန်ခါလိုက်၏။ "အာ…"
နေရာလွတ်နယ်မြေမှ အသီးအရွက်များမှာ ထိုရောဂါကို ကုသနိုင်သည်။ ထို့ပြင် အစပိုင်းတွင်လည်း ဝိညာဉ်စွမ်းအင်ကို မလိုအပ်ပေ။
မူလက ဖုယွမ်ချွမ်း ငါးကန်ကို သွားယူရန် စဉ်းစားထားသော်လည်း ရေသူလေး အစည်းအဝေးသို့ မလိုက်လိုလျှင် အပြင်မှာ ဆော့နေ၍ရပေသည်။
အစည်းအဝေးမှာ အလွန်ပျင်းစရာကောင်း၍ ရေသူလေး အိပ်ပျော်သွားမှာ သေချာသည်။
ဖုယွမ်ချွမ်း က “အဲ့ဒါဆို အခန်းထဲ ပြန်ခေါ်သွားပေးရမလား…"
"အာ…" ကျွင်းချင်ယွီ အဝေးကြီးမဟုတ်သော မီးဖိုချောင်သို့ လက်ညိုးထိုးပြနေသည်။
"မီးဖိုချောင်လား…"
ဖုယွမ်ချွမ်း မီးဖိုချောင်ထဲသို့ လျှောက်လာကာ ထိုအချိန်တွင် မီးဖိုခန်းထဲ၌မည်သူမှ မရှိပေ။
"ဘာလိုချင်လို့လဲ…" ဖုယွမ်ချွမ်းထင်လိုက်သည်မှာ ယခင်က ဖျော်ရည်စက်ကို လိုချင်သကဲ့သို့ တစ်ခုခုကို လိုချင်သည်ဟု ထင်လိုက်သည်။
သို့သော် ရေသူလေးမှာ ယခုတစ်ခေါက်တွင် ထိုသို့ညွှန်ပြစရာ ပစ္စည်း မရှိပေ။
ကျွင်းချင်ယွီ သူသက်တောင့်သက်သာ နေလို့ရမည့်နေရာကိုရှာနေစဉ် စဉ်းတီတုံးတစ်ခုကို တွေ့သွားသည်။
အသီးအရွက်များကို လှီးဖြတ်ရန်လည်း အဆင်ပြေမည်။
ဖုယွမ်ချွမ်း စဉ်းတီတုံးကို ညွှန်ပြနေသော ရေသူလေးကိုကြည့်လိုက်သည်။ ထို့နောက် ထိုအပေါ်မှ ဓားကိုလည်းညွှန်ပြပြန်သည်။
ဖုယွမ်ချွမ်း မျက်မှောင်ကြုတ်ကာ "အရမ်းအန္တရာယ်များတယ်" ဟုပြောလိုက်သည်။
မည်သည့်ကစားစရာကို မဆိုပေးနိုင်သော်လည်း ဓားကိုတော့ မပေးနိုင်။
"ဝိုး..."
ကျွင်းချင်ယွီ ထလာကာ ငိုတော့ရန်ပြင်နေစဉ် ဖုယွမ်ချွမ်းက လှမ်းတားလိုက်သည်။
"ငိုလို့မရဘူးနော်…" ဖုယွမ်ချွမ်း ရေသူလေး၏လုံခြုံရေးအတွက် တားလိုက်သည်။
ကျွင်းချင်ယွီ မျက်တောင်လေး ပုတ်ခက်ပုတ်ခက်ဖြင့် "အာ…"ဟု အသံပြုလိုက်သည်။ ထိုအရာမရှိလျှင် သူအသီးအရွက်များကိုမလှီးဖြတ်နိုင်ပါ။
လူတွေ အရမ်းများလွန်းသည်။
နေရာလွတ်နယ်မြေမှာ အသီးအရွက်များမှာ တိုက်ရိုက်ညှစ်ရန် မလုံလောက်ပေ။
အညီအမျှဖြတ်ကာ ပို့ပေးရန်သာ ဖြစ်နိုင်သည်။
ဖုယွမ်ချွမ်း ခဏအကြာငြိမ်နေကာပြောလိုက်သည်။ “ဒီလို ကစားစရာဓားလေးရော အဆင်ပြေလား…”
ကျွင်းချင်ယွီ ခဏလောက်စဉ်းစားပြီးနောက် "အာ…"ဟု ပြန်ပြောလိုက်သည်။
ဒါလေးက သူ့အတွက် ပိုအဆင်ပြေသည်။
ရပြီ။
---
အိမ်တော်ထဲ၌ အထူးအစည်းအဝေး လုပ်နေကြသည်။
ပုံမှန်အခြေအနေများတွင် ဖုယွမ်ချွမ်း အိမ်မှာရှိနေတတ်ကာ အရေးကြီးအစည်းအဝေးအများစုကို အိမ်မှာပင် လုပ်လေ့ရှိကြသည်။
စောစောရောက်နှင့်သူများက ထိုင်နှင့်ကြကာ ရှေ့မှ စာရွက်စာတမ်းများကို စီစဉ်နေကြပြီး အစည်းအဝေးစရန် စောင့်နေကြသည်။
ခဏ အကြာတွင် အစည်းအဝေးတံခါး ခန်းမ ပွင့်လာသည်။
ဖုယွမ်ချွမ်း ဝင်လာသော်လည်း လူအများစု၏မျက်လုံးများက ဖုယွမ်ချွမ်း သယ်လာသော စဉ်းတီတုံးသေးသေးလေးကိုသာ ကြည့်နေကြသည်။
ထို စဉ်းတီတုံးပေါ်တွင်ရေသူလေးက ထိုင်နေသည်။
ရှီခိုင်ရှင်းမှာ အအံ့ဩဆုံးဖြစ်နေသည်။
"ဒါက အပိုဟင်းလျာလား…"
ကျွင်းချင်ယွီ: "..."
စိတ်နဲ့တောင် မပြစ်မှားနဲ့။
ရှီခိုင်ရှင်း ကျွင်းချင်ယွီ၏ ကူရာမဲ့မျက်နှာလေးကို ကြည့်လိုက်ကာ ရယ်မောပြီး ပြောလိုက်သည်။
"စတာပါ စတာပါ နည်းနည်းလောက် ကြည့်ပါရစေဦး…"
ရှီခိုင်ရှင်း ဘာဖြစ်နေသလဲကိုသိသော်လည်း ရေသူလေးဘယ်လို တုန့်ပြန်မလဲဆိုသည်ကို သိချင်၍သာ စနေခြင်းပင်
ကျွင်းချင်ယွီ: "..."
သူ့လက်ထဲတွင် ဓားတော့ ရှိနေပြီ။
ဖုယွမ်ချွမ်း လက်ဖြင့်လှမ်းကာလိုက်ကာ “သူ့ကို တစ်ချိန်လုံး စမနေနဲ့…”
ကျွင်းချင်ယွီ ဖုယွမ်ချွမ်းလက်ကို ကိုင်လိုက်ကာ ရှီခိုင်ရှင်းကို လှမ်းကြည့်လိုက်သည်။ ကံကောင်းသွားတယ် မှတ်ပါ။
မဟုတ်ရင် ငါ့လက်ထဲက ဓားနဲ့ ကိစ္စတုံးသွားမှာ။
ဖုယွမ်ချွမ်း ရေသူလေးကို ဘေးက စားပွဲဝိုင်းလေးတွင် ထားလိုက်သည်။
ကျွင်းချင်ယွီ မူလကစဉ်းစားထားသည်မှာ အပြင်မှာ တစ်ယောက်တည်း လုပ်ရန်ဖြစ်သည်။ သို့သော် ဖုယွမ်ချွမ်းမှာစိတ်မချချေ။
ကစားစရာ ဓားဖြင့်ပင် စိတ်မချ။
ကျွင်းချင်ယွီ ဖုယွမ်ချွမ်းတစ်ယောက်ယောက်ကို သူ့ကိုကြည့်ပေးရန်တောင်းဆိုမည်ကိုစိုးသောကြောင့်သာ ဖုယွမ်ချွမ်းနှင့်အတူလိုက်လာခြင်းဖြစ်သည်။
ဖုယွမ်ချွမ်း အသီးအရွက်များကို စဉ်းတီတုံးပေါ်တွင် နေရာချရန် ကူပေးပြီး ရေသူလေးကိုပါ နေရာချပေးကာ “ကိုယ့်ဘာသာကစားနေနော် တစ်ခုခုလိုရင် ခေါ်လိုက်…” ဟုပြောသွားလေသည်။
"ဟေး…" ကျွင်းချင်ယွီ ကိုယ့်အလုပ်ကိုယ်သွားလုပ်ပါဟူသော သဘောဖြင့် လက်ကို ဝှေ့ဝမ်းပြလိုက်သည်။
ကျွင်းချင်ယွီ အစည်းအဝေးစမည့်အချိန်ကို စောင့်ကာ ဆွေးနွေးမှု ပြီးသောအခါ နေရာလွတ်နယ်မြေမှ အသီးအရွက်များကို စယူတော့လေသည်။
စားပွဲဝိုင်းမှာ အစည်းအဝေးလုပ်နေသောနေရာနှင့် မနီးသော်လည်း အရမ်းလည်းမဝေး။
သူ့လှုပ်ရှားမှုများမှာ အလွယ်တကူမြင်နိုင်ချေရှိသည်။
အစည်းအဝေးခန်းမမှာ အိမ်တော်တွင် အလုံခြုံဆုံးနေရာဖြစ်ပြီး စောင့်ကြည့်မခံရဆုံးနေရာတစ်ခု ဖြစ်၏။
ထို့ကြောင့် ကျွင်းချင်ယွီ စိုးရိမ်ရမည်မှာ အစည်းအဝေးမှ လူများ မတွေ့သွားရန်သာ ဖြစ်သည်။
အသီးအရွက်များ ခူးသောအခါ တမင်တကာ ခါးသော အသီးများကို ခူးယူသည်။
ပိုခါးသော အသီးများ ရှိသေးသည်။ ရှီခိုင်ရှင်း အတွက်ဖြစ်၏။
ဓားမှာ သေးသော်လည်း ကျွင်းချင်ယွီ ပို၍အဆင်ပြေပြေသုံးနိုင်သည်။ နှေးတော့ နှေးနေ၏။
လူအရေအတွက်အလိုက် ပန်းကန်ပြားလေးများကို ပြင်ဆင်ထားသည်။
နည်းနည်း ပိုင်းဖြတ်ကာ သွားတင်လိုက်။ နောက်ထပ် အသီးအရွက်များကို ထပ်ဖြတ်လိုက် လုပ်နေသည်။
နေရာလွတ်နယ်မြေ ၏တစ်စိတ်အပိုင်းနှင့် မီးဖိုခန်း၏ တစ်စိတ်တစ်ပိုင်းကို အသုံးပြုနေခြင်းဖြစ်သည်။
အပိုင်းသေးလေးများဖြတ်ကာ ရောလိုက်လျှင် မည်သူမျှ ကွဲပြားမှုကိုမပြောနိုင်တော့ချေ။
ကျွင်းချင်ယွီ မှာသတိကြီးကြီးလုပ်နေသော်လည်း ဖုယွမ်ချွမ်းက အစည်းအဝေးလုပ်နေရင်း ထိုနေရာသို့ မကြာမကြာလှမ်းကြည့်၏။
ရေသူလေး ပန်းကန်ပြားများ ပြင်ဆင်နေပြီး ပျော်နေသည်ကို မြင်ရသည်မှာ အလွန် ချစ်ဖို့ကောင်းလေသည်။
ကျွင်းချင်ယွီ တစ်စုံတစ်ယောက် သူ့ကိုကြည့်နေသည်ကို သတိထားမိသွားပြီး အမှတ်တမဲ့မော့ကြည့်လိုက်သောအခါ ဖုယွမ်ချွမ်းဖြစ်နေလေသည်။
ကျွင်းချင်ယွီ ပြုံးပြလိုက်ကာ သူ့လက်ကိုမြှောက်ပြီး နှုတ်ခမ်းနှင့်ထိပြကာ အနမ်းတစ်ခုကို လေထဲမှတစ်ဆင့်ပေးပို့လိုက်လေသည်။
ကြိုးစားထား။
ဖုယွမ်ချွမ်း ပြုံးရယ်နေသည်မှာ မရပ်နိုင်တော့။
"ခေါင်းဆောင်…ခေါင်းဆောင်…"
ဖုယွမ်ချွမ်း ချောင်းဟန့်ကာ သူ့အပြုံးကို ရုတ်တရက်လျော့ချလျက် အသံဩဩဖြင့်ပြောလိုက်၏။ “ဆက်ပြောလေ…”
"ဟုတ်ကဲ့…"
ကျွင်းချင်ယွီ အစားအသောက်များကို ပြင်ဆင်ပြီးသောအခါ အစည်းအဝေးမှာလည်း ပြီးခါနီးဖြစ်နေပေပြီ။
လှီးထားသော အသီးအရွက်များထဲသို့ ဒိန်ချဉ်ကို လောင်းထည့်ကာ အသီးအရွက်ဖျော်ရည်အနည်းငယ်ဖြင့် ရောလိုက်သောအခါအရသာမှာ ဒီတိုင်းစားသော အရသာလို သိသိသာသာပေါ်လွင်မနေတော့ပေ။
“မုန့်တွေ တကယ်ရှိနေတာပဲ…”
ရှီခိုင်ရှင်း ပြုံး၍ပြောလိုက်၏။
"အစည်းအဝေးက အရမ်းပင်ပန်းတာ သိလား ရေသူလေး… မင်းက တကယ် သဘောကောင်းတာပဲ…”
ကျွင်းချင်ယွီ အသီးခါးများတစ်ဝက်လောက်ကို မသိအောင် ပစ်ထည့်လိုက်သည်။
နင့် ပါးစပ်က အရမ်းပျက်နေပြီ။
ရှီခိုင်ရှင်း ကြည့်ပင် မကြည့်ပဲ တစ်ကိုက်ကိုက်လိုက်ကာ “ဒါက ကိုယ့်အတွက်လား…မင်းက အရမ်း…”
စကားမှာ တစ်ဝက်တစ်ပျက်ရပ်သွားကာ ရှီခိုင်ရှင်း စကားပင် မပြောနိုင်တော့ပေ။
အရသာမှာ ခါးလွန်းသောကြောင့် မျက်နှာအမူအရာပင်ပျက်နေလေသည်။
ဒါက ဘာကြီးလဲ။
ရှီခိုင်ရှင်းပါးစပ်ကို ဟကာအန်ထုတ်ရန် ပြင်သော်လည်းဖုယွမ်ချွမ်း က “မဖြုန်းတီးစမ်းနဲ့…” ဟု ပြောလိုက်၏။
ရှီခိုင်ရှင်း ပါးစပ်ပြန်ပိတ်ကာ မြိုချလိုက်ရလေသည်။
"အာ…"
ဖုယွမ်ချွမ်း ရေသူလေးကို ကောက်ချီကာ သူ့လက်ပေါ်တွင် ထားလိုက်သည်။ “တစ်ယောက်ကို တစ်ပွဲနော်…”
အစည်းအဝေးပြီး၍ ပင်ပန်းနေကြသော လူတစ်ချို့မှာ လာကြည့်ကြ၏။
“ဝါး ဒါ ရေသူလေးလုပ်ထားတာလား…အရသာရှိမှာပဲ…”
“ရေသူလေးတွေက စားလိုက်သောက်လိုက် ကစားလိုက်ပဲ လုပ်တတ်တယ်လို့ ဘယ်သူပြောတာလဲ… မာရှယ်အိမ်ကို ကြည့်ပါဦး…အစားအသောက်လည်း လုပ်တတ်တာပဲ…”
"မိုက်လိုက်တာ…"
ကျွင်းချင်ယွီ ခေါင်းလေးစောင်းပြကာ အချီးကျူးခံရသော ကလေးလေးတစ်ယောက်လို ခံစားရ၏။
ဟုတ်သည်။
သူ အသီးအရွက်များကို လှီးဖြတ်နေခြင်းကပင် ကလေးလေးတစ်ယာက် ကစားနေခြင်းနှင့် တူနေပေလိမ့်မည်။
တကယ်မစားဘဲ အရသာရှိသည်ဟု ပြောခြင်းမှာ ကလေးကို ဖြေသိမ့်သည့်ပုံစံသာ ဖြစ်သည်။
ရေသူလေး၏လက်ရာကို အရသာ ရှိမည်ဟု မမှန်းထားကြဘဲ အများစုက ပန်းကန်များကို ယူသွားကြသည်။
အိမ်လုပ်တမ်း ကစားသောအခါ လုပ်ရမည့်နည်းလမ်းအတိုင်းလုပ်ကြခြင်းသာဖြစ်ပြီး ကြယ်တာရာအသီးအရွက်များမှာ တည်ခင်း၍မရသောအရာများဖြစ်ကြောင်း သိကြသည်။
အရသာရှိရန် ဘယ်သူမှ မမျှော်လင့်ထားကြပေ။
သို့သော် တစ်ကိုက်စားပြီးသောအခါ စားပွဲမှ လူအများစုမှာ အံ့ဩသွားကြသည်။
Xxxxxxx