Chapter 20
ဖုယွမ်ချွမ်း၏စိတ်မှာ အေးချမ်း၍တည်ငြိမ်နေလေသည်။
သူနာပြုအကူက ပြောသည်။
"ရေသူလေးတွေက စကားမပြောနိုင်တဲ့အတွက် သူတို့ရဲ့အမူအရာကိုကြည့်ပြီးတော့ ဘာလိုချင်လဲဆိုတာ ခန့်မှန်းရမယ်..."
"ခန့်မှန်းရမယ်..."
"သူက အမြှီးကိုသုံးပြီး ခင်ဗျားကိုရိုက်လိမ့်မယ်...ခပ်ပြင်းပြင်းရိုက်ရင် ခင်ဗျားနှိပ်တဲ့အားကပြင်းတယ်လို့ပြောချင်တာ..."
ဖုယွမ်ချွမ်းကပြောလိုက်၏။ "သူတို့မကျေနပ်ကြောင်း အသံနဲ့ပြောလို့မရဘူးလား..."
သူနာပြုက ပုခုံးတွန့်လိုက်ကာ "ပုံမှန််အားဖြင့် ရေသူမျိုးနွယ်တွေက အမြှီးကိုမသိစိတ်ကအရင်လှုပ်ယမ်းပြီးမှ အော်ဟစ်လေ့ရှိတယ်..."
ထို့ကြောင့် သူတို့က ရေသူမျိုးနွယ်များပြောသည်ကို နားလည်နိုင်ရန် မဖြစ်မနေအရိုက်ခံရတာဖြစ်သည်။
ကျွင်းချင်ယွီ: "..."
ကျွင်းချင်ယွီက သူနာပြုအကူအား သနားဟန်ဖြင့်ကြည့်လိုက်သည်။
"ငါးကလေးက အဲ့လိုလုပ်မှာမဟုတ်ဘူး..." ဖုယွမ်ချွမ်းက သူ၏ရေသူလေးမှာ အလွန်သဘောကောင်းကြောင်း သိလေသည်။
သူက သတိပေးလိုက်၏။ "တကယ်လို့နာတယ်ဆိုရင် ကိုယ့်ကိုရိုက်လိုက်နော်..."
မဟုတ်ပါက သူ့အားကိုမထိန်းနိုင်မှာစိုးရိမ်လေသည်။
သူနာပြုအကူက မျက်ဝန်းများကို မှေးကျဥ်းလိုက်သည်။ အနီရောင်ရေသူလေးကို သူထိုကဲ့သို့မပြောရဲချေ။ မဟုတ်ပါက ကာကွယ်ရေးဝတ်စုံနဲ့တင်လုံလောက်မှာမဟုတ်ပဲ ဆေးသေတ္တာကိုပါ ဆောင်ထားရလိမ့်မည်။
ကျွင်းချင်ယွီက ခေါင်းမော့လိုက်၏။ သူ့အတွက် နှိပ်အား ပြင်းခြင်း၊လျော့ခြင်းက အရေးမကြီးပေ။
ဖုယွမ်ချွမ်းကို သူ မရိုက်ရက်ပါ။
"အာ~" ကျွင်းချင်ယွီက ဖုယွမ်ချွမ်း၏ခါးကို သူ့အမြှီးဖြင့်ရစ်ပတ်လိုက်သည်။
ဤနည်းဖြင့် အမြှီးကိုရွှေ့လိုက်ပါက အားကိုလျှော့ခိုင်းခြင်းမှန်း ဖုယွမ်ချွမ်းသိနိုင်လိမ့်မည်။
ကျွင်းချင်ယွီက မျက်တောင်ခတ်လိုက်၏။ ဒီလောက်ဆိုရပြီမလား...
ဖုယွမ်ချွမ်းက ရေသူလေး၏ပုခုံးကိုနှိပ်လိုက်သည်။
သူ့ခါးရှိ အမြှီးထိပ်ဖျားကကွေးညွှတ်သွားကာ ခါးတစ်ဝိုက်တင်းကျပ်သွားလေသည်။
အမှတ်တမဲ့တုံပြန်လိုက်ခြင်း ဖြစ်လေသည်။
ဖုယွမ်ချွမ်းက ရေသူလေး၏ဆံနွယ်ကိုထိလိုက်ကာ "နည်းလမ်းကောင်းပဲ..."
ထိုအခြင်းအရာကိုတွေ့သည့်အခါ သူနာပြုအကူက သူလည်းစိတ်ဝင်စားလာသည်။
အနည်းဆုံးတော့ အရိုက်ခံစရာမလိုတော့ဘူးလေ
သူက အနီရောင်ရေသူလေးကို ကြည့်လိုက်ကာ
"ကောင်းပြီ...မင်း..."
"—" အနီရောင်ရေသူလေးက သူ့အားသွားဖြဲပြလာ၏။
သူနာပြုအကူ: "...ငါကဒီတိုင်းပြောကြည့်တာပါ..."
သူက အပြုံးလေးနှင့် "ဆက်နှိပ်ကြမယ်...ဆက်နှိပ်ကြမယ်...ဟမ်...မင်းဘာလို့ငါ့မျက်နှာကိုကုတ်နေရတာလဲ...."
ထို့နောက် အတောမသတ်နိုင်သော ဆူညံသံများထွပေါ်၍လာလေသည်။
ဖုယွမ်ချွမ်းက ရေသူလေး၏ပုခုံးအား နှိပ်နယ်ခြင်းအပေါ်၌သာ အာရုံစိုက်ထားသည်။
ခဏအကြာတွင် ကျွင်းချင်ယွီ၏မျက်ဝန်းများမှေးစင်းလာ၏။
သူနာပြုအကူကမူ တိုက်ပွဲဝင်နေရဆဲဖြစ်လေသည်။
ကံကောင်းစွာဖြင့် အဆုံးသတ်တွင် နှိပ်ခြင်းလုပ်ငန်းစဥ်တစ်ခုလုံး ပြီးဆုံးသွားလေသည်။ သူနာပြုအကူမှာလည်း ချွေးပြိုက်ပြိုက်ကျနေလေပြီ။
ကျွင်းချင်ယွီက အိပ်ပျော်လုဆဲဆဲဖြစ်နေသည်။
အနှိပ်ခံရသည်က သူ့အားအိပ်မွေ့ချလိုက်သလိုပင်။
ကျွင်းချင်ယွီက သူ့ပုခုံးနှစ်ဖက်ရှိအကြောအခြင်များ အတော်လေးပြေလျော့သွားမှန်း ခံစားမိလိုက်သည်။
"အာ~" သူက ထလိုက်ကာ ဖုယွမ်ချွမ်း၏လက်ဖဝါးထဲဝင်၍ လှဲနေတော့သည်။
သူနာပြုအကူက အနှိပ်ခံရပြီးနောက် လိမ္မာစွာပြုမူနေသည့်ရေသူလေးကို ကြည့်နေမိသည်။
အနီရောင်ရေသူလေးကမူ သူ့အား စားမတတ်ဝါးမတတ်ကြည့်နေလေသည်။
သူက ပြောလိုက်၏။: "စကားမစပ် မာရှယ်...ရေသူလေးကို နှိပ်ပေးပြီးတိုင်း ရေချိုးပြီးသန့်ရှင်းပေးရင်ပိုကောင်းပါလိမ့်မယ်..."
"ရေသူမျိုးနွယ်တွေက ချွေးမထွက်တတ်ဘူးဆိုပေမယ့် ရေချိုးကန်ထဲမှာ ဆပ်ပြာအမြှုပ်များများနဲ့ရေချိူးတာက နှိပ်တာကြောင့်ရလာတဲ့အကျိုးကျေးဇူးကိူ ပိုပြီးဆွဲဆန့်ပေးနိုင်တယ်...."
ဖုယွမ်ချွမ်းက သွားရည်စာများနှင့် ကစားစရာများပြင်ဆင်ပေးခဲ့သော်လည်း ရေသူလေးကိုရေချိုးပေးရမည်ဟု တစ်ခါမှမတွေးမိခဲ့ချေ။
မဟုတ်ပါက ရေသူလေး ရေချိုးခန်းထဲဝင်ချင်ဟန်ပြစဥ်က အင်တာနက်ပေါ်၌ရှာဖွေရန်ပင် မလိုအပ်ချေ။
ဖုယွမ်ချွမ်းကပြောလိုက်သည်။ "ရေသူမျိုးနွယ်တွေအတွက် ရေချိုးခန်းသုံးပစ္စည်းတွေတပ်ဆင်ပေးပါ..."
"ကောင်းပါပြီ..." ဆေးအကူက အနီရောင်ရေသူလေးအား ငါးကန်ထဲပြန်ထည့်လိုက်ကာ "တစ်ချို့ဟာတွေက တပ်ရတာနည်းနည်းခက်တယ်...ကျွန်တော့်နောက်လိုက်ခဲ့ပါ..."
ကျွင်းချင်ယ်ီက ဖုယွမ်ချွမ်း၏လက်ပေါ်မှမဆင်းချေ။ ထိုသူ၏လက်ဖဝါးက သေတ္တာထဲတွင်နေရသည်ထက် ပိုမိုဇိမ်ကျလေသည်။
ဖုယွမ်ချွမ်းက ရေသူလေးကိုတစ်ချက်ကြည့်လိုက်ပြီး သေတ္တာထဲပြန်မထည့်တော့ပဲ သူနှင့်အတူခေါ်လာလိုက်သည်။
အခန်းထဲတွင် ပစ္စည်းအပြည့်ဖြည့်ထားသော စင်များဖြင့်ပြည့်နှက်နေလေသည်။
အများစုက ရေသူမျိုးနွယ်များအတွက် ရေချိုးပစ္စည်းများနှင့် အာဟာရဖြည့်စွက်စာများဖြစ်ကြသည်။
ဆေးအကူက ဒီတိုင်းရိုးရိုးဝင်သွားခြင်းမဟုတ်ပဲ ပစ္စည်းများကို ကြော်ငြာတော့သည်။
"ဒီဖြည့်စွက်စာကတော့ ကြီးထွားမှုနှုန်းမြန်ဖို့အတွက် အရမ်းကိုသင့်တော်ပါတယ်..."
သို့သော် ဤရေသူလေးက ကြီးပြင်းရမည့်အချိန်မရောက်သေးချေ။
ပုံမှန်လုပ်ငန်းစဥ်က အားလုံးအတူတူပဲဖြစ်လေရာ ကြိုတင်ပြင်ဆင်ထားခြင်းက အမှားမရှိနိုင်ချေ။
ဖုယွမ်ချွမ်းက ခပ်အေးအေးပြောလိုက်သည်။ "အားလုံး ပြပေးပါ.."
"ကောင်းပါပြီ...မာရှယ်..."
သူနာပြုအကူက လမ်းတစ်လျှောက်လုံး ပစ္စည်းမျာကိုရှင်းပြလိုက် သယ်လာလိုက်လုပ်နေလေသည်။
သူက ရောင်းရုံရောင်းနေခြင်းမဟုတ်ပဲ ရေသူလေးအတွက် အကောင်းဆုံးဟူသည့်အရာများကို ညွှန်းပေးနေခြင်းဖြစ်လေသည်။
ခဏအကြာတွင် သူတို့၏စျေးဝယ်တွန်းလှည်းထဲ၌ ပစ္စည်းများဖြင့် ပြည့်နှက်သွားခဲ့၏။
နောက်ဆုံးတွင် သူနာပြုက ရေချိုးဘောလုံးပုလင်းကိုယူလိူက်သည်။
"ဒီတစ်ခုက ရေထဲမှာအရည်ပျော်သွားလိမ့်မယ်...ဒါပေမယ့် ရေရဲ့သန့်စင်မှုကိုလုံးဝမထိခိုက်စေပါဘူး...ရေသူလေးကြိုက်လောက်မယ့် ဘောလုံးတွေထွက်လာလိမ့်မယ်...."
"ရေချိုးကန်နဲ့အတူတွဲသုံးပါ...ရေသူလေးနှစ်ကြိမ်လောက်ကူးလိုက်ရုံနဲ့ မမြင်နိုင်တဲ့နေရာတွေကိုပါ သန့်ရှင်းပြီးသားဖြစ်သွားလိမ့်မယ်..."
"ခဏခဏချိုးစရာမလိုဘူးနော်...တစ်လမှာတစ်ခါနှစ်ခါလောက်ချိုးပေးရင် လုံလောက်ပါတယ်..."
"ရေသူလေးကိုဆေးကြောပေးတာရဲ့ အဓိကရည်ရွယ်ချက်က ပိုးသတ်ဖို့ပါပဲ..."
"ရေချိုးဘောလုံးက အနံအမျိုးမျိုးရှိတယ်...ရေသူလေးကြိုက်တာရွေးပါစေ..."
သူက ဖုယွမ်ချွမ်းထံသို့ ရေချိုးဘောလုံးများထိုးပေးလိုက်သည်။
ဖုယွမ်ချွမ်းက ထုပ်ပိုးထားသည်ကိုဖြတ်၍ အနံဖျော့ဖျော့ကိုရှူရှိုက်လိုက်မိသည်။
သူကမေးလိုက်၏။: "ရေသူလေးက အနံ့ထွက်တာကိုမကြိုက်ရင်ရော..."
သူနာပြုအကူက ခေါင်းယမ်းကာပြောသည်။ "ကျွန်တော်တို့က အနံကိုနည်းနည်းပဲထည့်ထားတာပါ...အဲ့ဒါက ရေသူလေးတွေအတွက်ကောင်းတယ်လေ..."
ဖုယွမ်ချွမ်းက ရေသူလေးကို မေးလိုက်သည်။: "မင်း ဘယ်ဟာကြိုက်လဲ..."
"အာ..." ကျွင်းချင်ယွီအတွက်မူ အနံအားလုံးကအတူတူပဲဖြစ်သည်။ အချို့ကနို့နံရကာ အချို့ကမူ ချိုမြိန်သည့်ရနံ့ရှိလေသည်။
"ရွေးရခက်နေတာလား..." ရေသူလေးက အချိန်ကြာသည်အထိ မရွေးနိုင်ဖြစ်နေမှန်းတွေ့သည့်အခါ ဖုယွမ်ချွမ်းက ပြောလိုက်သည်။ "အကုန်လုံးယူကြမလား..."
ကျွင်းချင်ယွီက ခေါင်းညှိတ်လိုက်၏။ "အာ..."
ရေချိုးဘောလုံးရွေးပြီးနောက် သူနာပြုအကူက ဘေးချင်းကပ်အခန်းထဲသို့ခေါ်သွားသည်။
သူက ရေချိုးကန်တစ်ခုကိုထုတ်လိုက်ကာ ရေဖြည့်လိုက်၏။
"ဒီမှာရေသူမျိုးနွယ်တွေအတွက် ရေချိုးကန်အမျိုးမျိုးရှိပါတယ်...ကန်တိုင်းမှာလည်း အထဲမှာထိုင်ဖို့ခုံပါပါတယ်..."
ကျွင်းချင်ယွီက ရေချိုးကန်ကိုတစ်ချက်ကြည့်ကာ သူ့ငါးကန်ထက်ကြီးကြောင်း အတည်ပြုလိုက်၏။
"မာရှယ်...ရေသူလေးကိုထည့်ကြည့်ပါလား..."
သူနာပြုအကူကပြောလိုက်သည်။ "ကျွန်တော်တို့မှာ ဒီဇိုင်းအမျိုးမျိုးရှိပါတယ်...ဒါကိုမကြိုက်ရင် နောက်တစ်ခုထပ်ပြပေးမယ်လေ..."
ဖုယွမ်ချွမ်းက ရေသူလေးကိုငုံကြည့်ကာ "မင်း စမ်းကြည့်ချင်လား..."
ကျွင်းချင်ယွီက အမြှီးလေးလှုပ်ပြလာသည်။
"အာ..."
ဘာပဲဖြစ်ဖြစ် တစ်ခါထဲအကုန်ဝယ်ပြီးသွားတော့ နောက်ထပ်ဝယ်စရာမလိုတော့ဘူးပေါ့...
ရေသူလေးသဘောတူကြောင်းတွေ့ရသည်နှင့် ဖုယွမ်ချွမ်းက သူ့အားရေချိုးကန်ထဲသို့ ညှင်သာစွာထည့်လိုက်သည်။
ဖုယွမ်ချွမ်းက လက်များကိုရေချိုးကန်ထဲထည့်လိုက်ကာ ရေသူလေး၏အမြှီးကို ကိုယ်တိုင်ဆေးကြောပေးနေသည်။
သူနာပြုအကူက တစ်ဖက်သို့လှည့်ကာ ပစ္စည်းအချို့ကိုယူလိုက်၏။
"တကယ်တေ့ာ ရေသူလေးကို ကိုယ်တိုင်ရေချိုးပေးလို့လည်းရပါတယ်...ကျွန်တော်ဘာလို့ အကြံမပေးတာလဲဆိုရင် အရိုက်ခံရနိုင်ချေတအားများတယ်လေ....အဲ့ဒါက ခင်ဗျားနဲ့ ရေသူလေးရဲ့ဆက်ဆံရေးကို ထိခိုက်စေလိမ့်...."
သူဒီလက်ပြန်လှည့်လိုက်ချိန်တွင်မူ ဖုယွမ်ချွမ်းက ရေသူလေးအား စတင်၍သန့်ရှင်းပေးနေပြီဖြစ်သည်
သူနာပြုအကူ: "..."
ဖုယွမ်ချွမ်းက သေချာမကြားလိုက်သည့်အတွက် ပြန်မေးလိုက်သည်။ "ဘာပြောလိုက်တာလဲ..."
"ဘာမှမဟုတ်ပါဘူး...ဆက်လုပ်ပါ..."
သူနာပြုအကူက အရင်တစ်ခါ သူ ရေသူလေးတစ်ကောင်အား ရေချိုးပေးစဥ်က ကြောက်စရာကောင်းအောင် အရိုက်ခံခဲ့ရသည်ကို ပြန်၍တွေးမိသွားပြီး မငိုမိအောင်အံကြိတ်ရင်းထိန်းထားရလေသည်။
ရေသူလေးတွေအချင်းချင်းတောင် အကြီးကြီးကွာခြားနေတာပဲ...
ဖုယွမ်ချွမ်းက ရေသူလေးအား အကြမ်းဖျဥ်းဆေးကြောပေးလိုက်၏။ ထို့နောက် ရှေ့ဘက်ရှိနံရံမှပစ္စည်းများထံ အကြည့်ရောက်သွားသည်။
အဆိုပါပစ္စည်းများမှာ အရွယ်အစားသိပ်မကြီးသည့်အပြင် အရောင်အသွေးမှာလည်း စုံလင်လှသည်။
အစက ဖုယွမ်ချွမ်းထင်သည်မှာ နံရံကိုအလှဆင်ထားခြင်းဖြစ်သည်ဟု..။ သို့သော် အနီးကပ်ကြည့်လိုက်သည့်အခါ ထိုသို့်မဟုတ်ချေ။
ဖုယွမ်ချွမ်းက မေးလိုက်သည်။ "အဲ့ဒါဘာလဲ.."
"အိုး...ရေသူထီးလေးကိုအဝတ်ဆင်ပေးဖို့ မာရှယ်ကစိတ်ဝင်စားနေတာပဲ...ကျွန်တော်ယူပေးပါရစေ..."
"ရပါတယ်...." ဖုယွမ်ချွမ်းက ကိုယ့်ဟာကိုယ်ထကြည့်ဖို့ပြင်လိုက်သည်။ သူက ရေသူလေးကိုထိလိုက်ကာ
"ကိုယ့်ကို ခဏစောင့်..."
"အာ~"
သူနာပြုအကူက မာရှယ်ကိုစောင့်နေသည့် ရေသူလေးကိုကြည့်ကာ အလွန်ချစ်စရာကောင်းသည်ဟု တွေးမိလိုက်သည်။
သူက မရေမတွက်နိုင်အောင်များပြားသည့် ရေသူလေးများကိုတွေ့ဖူးသော်လည်း ဤကဲ့သို့ အမြှီးကိုပုံမှန်လိုပေးကိုင်သည့် ရေသူလေးမျိုးကို မမြင်ဖူးခဲ့ချေ။
သူနာပြုအကူက ရေသူလေး၏ဆံပင်ကို ထိချင်လာသည်။
ရေသူလေးက အရမ်းသဘောကောင်းတာပဲလေ...သူ့ကိုလည်းထိခိုင်းမှာပါ...ဟုတ်တယ်မလား...
ကျွင်းချင်ယွီက ဖုယွမ်ချွမ်းကိုစိတ်ဝင်တစားကြည့်နေရင်း တစ်စုံတစ်ခုမှားယွင်းနေမှန်း သတိပြုမိသွားသည်။
မသိစိတ်ဖြင့် သူ၏အမြှီးကိုလွှဲယမ်းလိုက်မိ၏။
ထို့နောက် ရေချ်ိုးကန်၏အခြားတစ်ဖက်သို့ လျှင်မြန်စွာကူးခတ်သွားလေသည်။
ကျွင်းချင်ယွီက ရေထဲတွင် မျက်နှာတစ်ဝက်ကိုနစ်မြှုပ်လိုက်ကာ သူနာပြုအကူအား သတိပေးသည့်အကြည့်ဖြင့်ကြည့်လိုက်သည်။
ဘာဖြစ်ချင်နေတာလဲ...
သူနာပြုအကူက မာရှယ်ကလွဲပြီး မည်သူ့ကိုမှလက်မခံသည့် ရေသူလေး၏အမူအရာကို နားလည်သွားသည်။ သူက အရိုက်ခံရမှာကြောက်သဖြင့် လက်ကိုအမြန်ပြန်ရုတ်လိုက်၏။
အသံကြားသည့်အတွက် ဖုယွမ်ချွမ်းက ရေသူလေးထံလျှောက်လာက မေးလိုက်သည်။
"ဘာဖြစ်တာလဲ..."
ကျွင်းချင်ယွီက ခုနလေးအထိရှိနေသည့် သူ၏သတိအနေအထားကို ချက်ချင်းလွှင့်ပစ်လိုက်သည်။
"အာ~"
ထို့နောက် ဖုယွမ်ချွမ်းအနားကူးခတ်သွားကာ တစ်ဖက်လူ၏လက်ကိုတိုးဝှေ့ရင်း ချွဲနွဲ့နေလေသည်။
ရေသူလေး၏ ချက်ချင်းပြောင်းလဲသွားသော အမူအရာကိုကြည့်ကာ သူနာပြုအကူက အံ့အားသင့်သွားလေသည်။
မင်း ခုနက ငါ့ကို ရိုက်တော့မလိုလုပ်နေတာလေ...
သူနာပြုအကူ၏အကြည့်မှာ တစ််ခုခုမှားနေကြောင်းခံစားရသဖြင့် ဖုယွမ်ချွမ်းက မေးလိုက်သည်။ "ဘာဖြစ်လို့လဲ..."
သူနာပြုအကူက ခေါင်းကိုလျှင်မြန်စွာခါလိုက်၏။ "ဘာမှမဟုတ်ပါဘူး..."
ရေသူလေးက မာရှယ်တစ်ဦးထဲကိုသာ မျက်လုံးထဲထည့်လေသည်။
ကျွင်းချင်ယွီက အခြားလူ၏အထိအတွေ့ကို သဘောမကျသည့်အတွက် ဖုယွမ်ချွမ်း၏လက်ဖဝါးပေါ်တွင် လဲလျောင်းလိုက်ကာ သူနာပြုအကူဘေးသို့ထပ်မံမသွားတော့ချေ။
ဖုယွမ်ချွမ်းက ငွေဖြူရောင်အဆင်တန်ဆာကို ရေသူလေး၏ခေါင်းပေါ်သို့ တပ်ဆင်ပေးလိုက်သည်။
ငွေကြိုးအသွယ်သွယ်က ကျွင်းချင်ယွီ၏ ရွှေအိုရောင်ဆံနွယ်ထက်တွင် ရစ်ခွေလျှက်ကျဆင်းနေကာ နဖူးနားတွင် ရွှေနှင့်အနားကွပ်ထားသည့် အဖြူရောင်ကျောက်မျက်တစ်ခုပါရှိလေသည်။ဖုယွမ်ချွမ်းက ရေသူလေးကိုမေးလိုက်သည်။
"မင်းကြိုက်လား..."
ကျွင်းချင်ယွီက ခေါင်းမော့လိုက်ကာ ဖုယွမ်ချွမ်းမျက်ဝန်းများတွင် ထင်ဟပ်နေသော သူ၏ကိုယ်ပိုင်ပုံရိပ်ကိုကြည့်လိုက်၏။ သူက ပြုံးလျှက် ဖုယွမ်ချွမ်း၏ခါးကို ပွေ့ဖက်လိုက်သည်။
"အာ..."
ကြည့်ကောင်းတယ်...
Xxxxxx