Chapter 263
ယွမ်ရှက အသိပြန်ဝင်လာခဲ့သည်။ သူမ စုန့်ထင်ရှန်းပြောချင်သောအရာကို နားလည်ပါသည်။
သူနှင့် မူလကိုယ်တို့ အတူရှိခဲ့ကြသောညမှာ လွန်ခဲ့သည့် လေးနှစ်ကဖြစ်သည်။ ထို့ကြောင့် သူကလုံးဝမေ့သွားပြီဖြစ်လေသည်။ ယခုတွင် ယောက်ျားတစ်ယောက်က သူမခန္ဓာကိုယ်ပေါ်ရှိအမာရွတ်လေးနှင့် မှဲ့အကြောင်းကိုပြောနေသည်။
သူဘယ်လိုလုပ် ဂရုမစိုက်ဘဲနေမှာလဲ....
သူက သူမကိုအလွန်ယုံကြည်သည်။ သူမ၏တင်းကြပ်သော သတိထားမှုကြောင့် သူမ နှင့် ချင်ယွီကြားတွင်ဘာမှမဖြစ်နိုင်ကြောင်း သူသိပါသည်။ သို့သော် အရာအားလုံးက စားပွဲပေါ်တွင် တင်ပြထားသော်လည်း သူကိုယ်တိုင်ကိုယ်ကျ ထိုအမာရွတ်နှင့် မှဲ့တို့ကိုမြင်ချင်ပြီး သိချင်နေလေသည်။
ယွမ်ရှ အတော်လေးကူကယ်ရာမဲ့သွားရသည်။ ဤလူမှာအတော်လေး ကလေးဆန်လှပေသည်။ သူက အမြဲတမ်းတောင်ကြီးတစ်ခုလိုတည်ငြိမ်ကာ သူမအပေါ်လုံခြုံနွေးထွေးမှုပေးသော စောင်ကြီးတစ်ထည်လို တည်ငြိမ်ကာ လုံခြုံမှုကို ခံစားရစေသော လူတစ်ယောက်ဖြစ်သည်။ သို့သော် တစ်ခါတစ်ရံတွင်လည်း အတော်လေးရိုးသားပြီး ဆယ်ကျော်သက်လေးတစ်ယောက်နှယ် ဖြစ်တတ်သည်။
ကံကောင်းစွာဖြင့် သူမက ညဝတ်ဂါဝန်ဝတ်မထားခဲ့ပေ။ မဟုတ်ပါက ညဝတ်ဂါဝန်ကိုလှန်ပြီး သူ့ကိုပြရလျှင် အတော်လေးရှက်ဖွယ်ကောင်းပေလိမ့်မည်။
သူမ သူ့ဘက်ကိုလည်ဆန့်ပေးလိုက်သည်။ စုန့်ထင်ရှန်းက ခဏမျှတုန့်ဆိုင်းသွားလေသည်။ သူက သူမ၏ဆံပင်ရှည်များကိုမကာ ရှေ့သို့အနည်းငယ်တိုးလိုက်ပြီး သူမနားရွက်နောက်ကိုကြည့်လိုက်သည်။ ၎င်းက အတော်လေးမှိန်ဖျော့လေသည်။ သူသာသေချာမကြည့်မိပါက တွေ့နိုင်မည်မဟုတ်ပေ။
သူ အမာရွတ်ကိုမြင်လိုက်ပြီးသောအခါတွင် ယွမ်ရှက သူမ၏ရှပ်အင်္ကျီကိုမကာ သူမ၏ခါးသွယ်သွယ်လေးကိုပြလိုက်ပြီး အတော်လေးဂုဏ်ယူနေလေသည်။
တစ်ချက်ကြည့်လိုက်ပြီးတွင် အခြားလူများက သူမ၏ယောက်ျားပင်သိသောအရာကို မသိသဖြင့် မညီမမျှဖြစ်သည်ဟု မခံစားစေချင်ပေ။
သူမ၏ခါးအောက်ပိုင်း ဘယ်ဘက်တွင် မှဲ့လေးတစ်ခုရှိသော်လည်း အလွန်သိသာထင်ရှားခြင်းမရှိပေ။
စုန့်ထင်ရှန်းက ရုတ်တရက်ကြီး လက်ဆန့်ထုတ်ကာ ထိုမှဲ့လေးကို သူ၏လက်ကြီးဖြင့် အုပ်ကိုင်လိုက်သည်။ ဆောင်းဦးရာသီနှောင်းပိုင်းရောက်ပြီဖြစ်၍ အပူရှိန်မှာအတော်လေး နိမ့်ကျနေပြီဖြစ်သည်။ သူမအရေပြားပေါ်ရှိ သူ့လက်ဖဝါးကြီးမှ နွေးထွေးသည့်အထိအတွေ့မှာ ယွမ်ရှကို မယုံနိုင်လောင်အောင် ထုံကျင်သွားစေသည်။
ခဏအကြာတွင် သူက သူမ၏ခါးကိုဖက်လိုက်ပြီး သူမကို သူ့နားကိုဆွဲလိုက်သည်။
သူက အိပ်ရာပေါ်တွင်ထိုင်နေပြီး သူမက သူ့ရှေ့တွင်ရပ်နေသည်။
"ကိုယ်သိချင်တာ ကိုယ်မြင်ချင်တာက ဒါလေးတွေတင်မဟုတ်ဘူး... ကိုယ်က အခြားလူတွေမသိတဲ့အရာတွေကိုပါ သိချင်တာ..."
စုန့်ထင်ရှန်းက ပြောလိုက်သည်။ ယနေ့ညတွင် ထိုစကားလုံးများကို ပြောခြင်းမှာ အတော်လေးဒွိဟဖြစ်စေသည့် အဓိပ္ပါယ်ရစေသည်။
ယွမ်ရှက ချောင်းဟန့်လိုက်သည်။
"အခုတော့မဟုတ်သေးဘူး..."
စုန့်ထင်ရှမ်းက ပြန်ဖြေလေသည်။
"ကိုယ်လည်း အခုချက်ချင်းသိချင်မြင်ချင်တယ်လို့ မပြောပါဘူး..."
ယွမ်ရှ "...."
သူကပဲ ဒီကိစ္စကိုအရင်ပြောတဲ့သူဆိုတာ အသိအသာကြီးလေ... ဘယ်လိုလုပ်ပြီး သူမကသာ မစောင့်နိုင်ဖြစ်နေတဲ့ လူမျိုးဖြစ်သွားအောင် လုပ်လိုက်နိုင်တာလဲ...
"ကိုယ်က ချင်းယွီကို ထောက်လှမ်းနေတာကြာပြီ..."
စုန့်ထင်ရှန်းက စကားလမ်းကြောင်းလွှဲလိုက်သည်။
"ကိုယ်သူ့ကို အတွင်းကျကျပိုပြီးထောက်လှမ်းလိုက်မယ်.... မင်းနဲ့သူ့ကြားမှာ ဆက်နွယ်မှုရှိလားတော့ မစုံစမ်းပါဘူး... သူက ကိုယ့်မိန်းမကိုတပ်မက်နေတဲ့လူလေ... အဲ့တာကြီးက ကိုယ့်ကိုအတော်လေး မပျော်မရွှင်ဖြစ်စေတယ်... လိုအပ်ရင် ကိုယ် သူ့ကို တိုက်ခိုက်လိုက်မှာပဲ..."
ယွမ်ရှက ခေါင်းငြိမ့်လိုက်သည်။
"ရှင်လုပ်ချင်တာသာလုပ်ပါ... ရှင်လုပ်သမျှ ကျွန်မကိုပြောစရာမလိုပါဘူး... ရှင်ဘာလုပ်လုပ် အတိုင်းအတာရှိတယ်ဆိုတာ ကျွန်မသိပါတယ်..."
"ကိုယ်အတိုင်းအတာကိုတောင် မသိချင်တော့ဘူး..."
စုန့်ထင်ရှန်းက ပြောလိုက်သည်။
"အဲ့နေ့က မင်းအပေါ်ပြုမူနေတာကိုမြင်တော့ ကိုယ်သူ့ကိုထိုးခဲ့လိုက်တယ်..."
အခုခေတ်မှာ ဘယ်သူက အတိုင်းအတာမသိတဲ့လူ ဖြစ်ချင်ရမှာလဲ... စုန့်ထင်ရှန်းက ချင်းယွီကို မျက်ခွက်တည့်တည့်ထိုးချင်ရုံထက် မပိုပါဘူး...
ယွမ်ရှက အံ့အားသင့်သွားသည်။
"ရှင် သူ့ကိုထိုးလိုက်တယ်..."
စုန့်ထင်ရှန်းက သူမကိုကြည့်လိုက်သည်။
"သူကကိုယ့်ရှေ့မှာ မင်းအကြောင်း သွားပုတ်လေလွင့်ပြောနေတာလေ..ကိုယ်က ယောက်ျားတစ်ယောက်ဆိုတော့ အဲ့လိုပြန်ပြောလို့မှရတာ..."
ယွမ်ရှမှာ နောင်တရစွာ သက်ပြင်းချလိုက်သည်။
"နှမျောစရာကြီး... ရှင် အဲ့အမှိုက်ကိုထိုးတဲ့အချိန်က ကျွန်မမရှိတာ အတော်လေး နှမျောဖို့ကောင်းတာပဲ..."
"အမှိုက်တဲ့လား..."
စုန့်ထင်ရှန်း သဘောတကျရယ်မောလိုက်သည်။
xxxxx