အပိုင်း (၂၆၄)
Viewers 31k

Chapter 264


"ကျွန်မပြောတာမှားလို့လား..."


ယွမ်ရှမှာ အတော်လေးရွံရှာဟန်ဖြင့် ပြောလိုက်သည်။


"သွမ့်ချီက ရှင့်ကို အပြင်ခေါ်ထုတ်ပြီး ကျွန်မတို့ ဘယ်တော့ကွာရှင်းမှာလဲလို့ မေးရုံမေးတာ... ချင်ယွီကတော့မတူဘူး... သူက ကျွန်မတို့ကို မသင့်လျှော်တဲ့ဆက်ဆံရေးရှိတယ်လို့ ပြောတာလေ... သူ့ကိုရွံလွန်းလို့သေတော့မယ်... သူနဲ့ကြိုက်ရမယ့်အစား ဝက်နဲ့သာကြိုက်ချင်လိုက်တယ်..."


"အိုး...."


စုန့်ထင်ရှန်းက ခုဏက သူမ၏အပြုအမူကိုအတုခိုးကာ သူမခါးရှိ နူးညံ့သော အသားအရေကိုညှစ်လိုက်သည်။


"မင်းက ကိုယ့်ကိုဝက်လို့ပြောချင်တာလား..."


ယွမ်ရှက မျက်နှာရှုံ့လိုက်ရင်း သူ့လက်ကိုခွာချလိုက်သည်။


"ကျွန်မက အဲ့လိုပြောတာမှမဟုတ်တာ..."


"ဟုတ်ပါပြီ... အရမ်းကြီးဒေါသထွက်စရာမလိုပါဘူးကွာ..."


စုန့်ထင်ရှန်းမှာ သူတို့၏ ပုံစံချင်းပြောင်းကာ သူမကိုနှစ်သိမ့်ပေးလာသည်။


"ကိုယ်က သူ့ကိုထိုးဖို့သပ်သပ်နဲ့တင် နိုင်ငံခြားထပ်သွားရမယ်ဆိုရင်တောင် စနိုးစနောင့်မဖြစ်ပါဘူးကွာ... ပြီးသွားပြီနော်... ထပ်ပြီးမတွေးပါနဲ့တော့..."


ယွမ်ရှက ခေါင်းငြိမ့်လိုက်သည်။


"ကျွန်မသိပါတယ်... အခုကစပြီး အလကားစားရတဲ့နေ့လည်စာတွေကို မယုံတော့ပါဘူး... အဲ့တာတွေက အလကားစားရတဲ့နေ့လည်စာမဟုတ်ဘူး ထောင်ချောက်တွေပဲ..."


သူမ ထိုကုမ္ပဏီတွင် အလုပ်သွားမလုပ်ခဲ့သင့်ပေ။ သူမက ထိုကုမ္ပဏီကို လစာနှင့် ကောင်းမွန်သည့် အကျိုးအမြတ်များကြောင့် သွားခဲ့ခြင်းဖြစ်သည်။ သူမသာ သေသေချာချာတွေးခဲ့ပါလျှင် သူမကထိုကဲ့သို့သော ကောင်းမွန်လှသည့် အလုပ်မျိုးမရနိုင်ကြောင်း သိပေလိမ့်မည်။


စုန့်ထင်ရှန်းက တည်ကြည်လေးနက်နေသော အမူအယာဖြင့်ပြောလိုက်သည်။


"စိတ်ငြိမ်ငြိမ်ထားပါကွာ...အဲ့ဒါက အရမ်းကြီးတော့မဆိုးပါဘူး... အနည်းဆုံးတော့ မင်းကို ပိုပြီးသတိထားသွားတတ်စေတာပေါ့... နောက်တစ်ကြိမ်ဆို လွယ်လွယ်အလိမ်မခံရတော့ဘူးပေါ့လေ..."


"ဟေ့...."


နှစ်ယောက်သားမှာ အရေးမပါသော အရာများကို တွတ်ထိုးနေကြသည်။ စုန့်ထင်ရှန်းက မနက်ဖြန်တွင် အလုပ်သွားရမည်ဟု သတိရမိမှ ယွမ်ရှက သူမအခန်းကိုပြန်သွားလိုက်တော့သည်။


ယွမ်ရှထွက်သွားပြီးနောက်တွင် စုန့်ထင်ရှန်းက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ လီယွမ်ဟန့် ပြောတာမှန်ပေသည်။ လင်မယားဆိုသည်မှာ အချင်းချင်း ရိုးသားသင့်ပေသည်။ သူ့ဘာသာသူခန့်မှန်းနေရသည်မှာ ပေါက်ကရအကြံတို့သာထွက်လာရသည်။ ယွမ်ရှကို တိုက်ရိုက်မေးလိုက်မှသာ စိတ်သက်သာရာရသွားခဲ့သည်။


ချင်းယွီအတွက်မူ...


စုန့်ထင်ရှန်းက ချင်ယွီက သွမ့်ချီလို ခြေလှမ်းအချို့နောက်ဆုတ်သွားခဲ့သော်လည်း ဤမျှကြီးမားသည့် လှုပ်ရှားမှုကြီးကို လုပ်လာခဲ့မည်ဟု မယုံနိုင်သေးပေ။ ယွမ်ရှက မည်သည့်အချိန်ကတည်းက ဤကဲ့သို့ ပစ်မှတ်ထားခံရသောလူမျိုး ဖြစ်လာခဲ့သနည်း။ သူ့ကို စုံစမ်းကြည့်ရာတွင် များစွာသော မေးခွန်းများစွာ ကျန်ခဲ့သည်။ ယုံကြည်မှုနှင့် ဘာမှမလုပ်နိုင်ပေ။ သူ့ရန်သူ၏ အကြောင်းကိုသာ ပိုမိုသိချင်လာပေသည်။


---


စုန့်ထင်ရှန်းနှင့် ဆွေးနွေးပြီးနောက်တွင် ယွမ်ရှ စိတ်သက်သာရာ ရသွားသည်။ သူက စုန့်ထင်ရှန်းကို လုံးလုံးလျားလျား အမှန်အတိုင်းမပြောခဲ့သော်လည်း လိမ်ညာခဲ့ခြင်းတော့မရှိပေ။ သူမနှင့် ချင်ယွီတို့ကြားတွင် အမှန်တကယ်ကို ဘာမှမရှိခဲ့ပေ။ သူမ၏ကတ်များကို စားပွဲပေါ်တင်ကာ သူမက လုံးဝရိုးသားချင်ဟန်ဖြင့် သူမ၏အကြီးမားဆုံး လျို့ဝှက်ချက်များကို ပြသခဲ့သည်။ တစ်ခါတစ်ရံတွင် လုံးလုံးလျားလျားပွင့်လင်းကာ တုတ်ထိုးအိုးပေါက်ပြောဆိုမှုက ကောင်းမွန်သောဆက်ဆံရေးတစ်ခုအတွက် မလိုအပ်ပေ။


သူမ သူမ၏အခန်းထဲကိုပြန်လိုက်ပြီး အိပ်ရာပေါ်လှဲချလိုက်သည်။ သူမက ဝမ်လေး၏နူးညံ့သော အသက်ရှူသံလေးကို ကြားနေရသည်။ ထို့နောက်တွင် မျက်လုံးမှိတ်ရင်း ယခုတလောဖြစ်သွားခဲ့သော အရာများကို စဉ်းစားနေလိုက်သည်။ စုန့်ထင်ရှန်း၏စကားများကို ပြန်တွေးရင်း အရင်ကသူမလုပ်ခဲ့သော ရွေးချယ်မှုအပေါ် အတော်လေး ကြည်နူးနေမိသည်။


ချင်းယွီ၏ ကိစ္စအတွက်မူ သူမလုံးဝဂရုမစိုက်ပေ။ ၎င်းက သူမတစ်ခုခုလုပ်နိုင်သည့် အရာမျိုးမဟုတ်ပေ။ ထိုကိစ္စကို စုန့်ထင်ရှန်းကိုင်တွယ်ရန် ထားလိုက်သည်က ပိုကောင်းကြောင်း ယုံကြည်ပေသည်။


စုန့်ထင်ရှန်း၏စုံစမ်းမှုတွင် ဘာမှတွေ့မည်မဟုတ်ကြောင်း သိပေသည်။ ချင်းယွီမှ ယခင်ဘဝမှ မှတ်ဉာဏ်များဖြင့် ပြန်လည်မွေးဖွားလာသော တစ်ဦးတည်းသောလူဖြစ်သည်။ သို့သော် ထိုမှတ်ဉာဏ်များကို သူတစ်ယောက်သာ ပိုင်ဆိုင်ပေသည်။ ထိုယခင်ဘဝက မှတ်ဉာဏ်များက ယခုဘဝတွင် ဖြစ်မလာခဲ့ပေ။ ချင်ယွီကသာ သွမ့်ချီလောက် လိမ္မာပါးနပ်ပါက ပိုကောင်းသွားပေလိမ့်မည်။ 


သွမ့်ချီက အဲ့တုန်းက အရမ်းရက်စက်ကြမ်းတမ်းခဲ့ပေမဲ့ အခုတော့မဟုတ်တော့ဘူးမလား.... အိုင်း... ချင်ယွီနဲ့ယှဉ်ရင် သွမ့်ချီကတောင် ပိုချစ်ဖို့ကောင်းနေသေးတယ်...


xxxxxx