Chapter 265
နောက်တစ်နေ့မနက်တွင်...
ဝမ်လေးတစ်ယောက် အိမ်သာခွက်သေးသေးလေးထဲတွင် ထိုင်ကာ ကိစ္စရှင်းနေသည်။
စုန့်ထင်ရှန်းက မုတ်ဆိတ်မွေးတို့ရိတ်နေသည်။ ယွမ်ရှသည်ကား အလုပ်သွားစရာမလိုတော့၍ အိပ်ရာပေါ်တွင်လှဲရင်း ဝေ့ပေါ်ပွတ်နေလေ သည်။
စုန့်ထင်ရှန်းက အဖေကောင်းတစ်ယောက်ဖြစ်သည်။ သူက ဝမ်လေး၏တင်ပါးလေးများကို သုတ်ပေးနေစဉ်တွင် မျက်နှာတစ်ချက်ပြောင်းသွားခြင်း မရှိပေ။
ဝမ်လေးက သူအဖေ၏လည်ပင်းကိုဖက်တွယ်ပြီး ကလေးဆန်တန်နို့နံ့မစင်သေးသောအသံလေးဖြင့် မေးလေသည်။
"ပါးပါး ဒီနေ့ပျော်သွားပြီလားဟင်..."
စုန့်ထင်ရှန်းက အံ့ဩသွားပြီးပြန်ဖြေလေသည်။
"ပါပါးက အစကတည်းကဝမ်းမနည်းပါဘူး..."
"လူလိမ်..."
ဝမ်လေးမှာ စုန့်ထင်ရှန်းကို ဂရုစိုက်ပေးသော သားကောင်းလေးတစ်ယောက်ဖြစ်သည်။ သူက သူ့အဖေ၏ပါးတစ်ဖက်ကို နမ်းလိုက်လေသည်။
"ပါပါးမပျော်မှန်း သားသိပါတယ်..."
စုန့်ထင်ရှန်းမှာ အားပါးတရရယ်မောလိုက်ပြီး နှလုံးသားတစ်ခုလုံး နွေးထွေးသွားရသည်။ ယွမ်ရှကို သဘောမကျမိခင်က ဤလက်ထပ်ပွဲ၏အကြီးမားဆုံး ပျော်ရွှင်မှုမှာ ဝမ်လေးဟုထင်ခဲ့သည်။ ဤကလေးငယ်မှာ သူ၏အကြီးမားဆုံးပျော်ရွှင်မှု အရင်းအမြစ်ဖြစ်ပေသည်။ ဝမ်လေး၏မွေးဖွားလာမှုက စုန့်ထင်ရှန်း၏ဘဝကို အရောင်စုံသော ပျော်ရွှင်မှုတို့ကို ဆောင်ကြဉ်းပေးခဲ့သည်။
"ပါပါးက မနေ့က နည်းနည်းတော့ဝမ်းနည်းနေတာ... ဒါပေမဲ့ အခုအဆင်ပြေသွားပါပြီ..."
ဝမ်လေးက သူ့အဖေရင်ခွင်ထဲခေါင်းလေးဝှေ့လိုက်ပြီး ပြောလိုက်သည်။
"သားက ပါပါးကိုဝမ်းနည်းအောင်လုပ်ခဲ့မိတာလား... ဒါမှမဟုတ် မာမားကလုပ်ခဲ့တာလား..."
စုန့်ထင်ရှန်းက သူ့ကိုစလိုက်သည်။
"မာမားက ပါပါးကိုဝမ်းနည်းအောင်လုပ်ခဲ့တယ်ဆိုရင်ရော သားဘာလုပ်မှာလဲ..."
ဤကလေးမှာ လတ်တလောတွင် ယွမ်ရှကို ပိုမိုတွယ်ကပ်နေလေသည်။ ကလေးများက သူတို့၏မိခင်ကို ပိုမိုတွယ်ကပ်ကြသည်မှာ သဘာဝသာဖြစ်၍ သူနားလည်ပါသော်လည်း ဝမ်လေးက ထိုကဲ့သို့သော မေးခွန်းများကိုမည်ကဲ့သို့ ဖြေမည်လဲကို သိချင်နေသည်။
ဝမ်လေးက ထိုမေးခွန်းကြောင့် အနည်းငယ်အံ့ဩသွားသည်။ သူ့အရွယ်ကလေးများမှာ ထိုမေးခွန်းမျိုးကို မည်ကဲ့သို့ကောင်းမွန် ဖြေရမလဲမသိပေ။ သူထိုမေးခွန်းကို မဖြေချင်ပါသော်လည်း သူ့အဖေက မေးလာ၍ လေးနက်တည်ကြည်ပါသော အဖြေတစ်ခုကိုပေးလိုက်သည်။
"ပါပါးပဲ အရင်က မိသားစုထဲမှာ မိန်းကလေးဆိုလို့မာမားပဲရှိပြီး ပါးပါးနဲ့သားက ယောက်ျားလေးတွေလို့ မပြောခဲ့ဘူးလား..."
ဝမ်လေးက စုန့်ထင်ရှန်းကို သတိတကြီးကြည့်ပြီး ဆက်ပြောလေသည်။
"မားမားက ပါပါးကိုဝမ်းနည်းအောင်လုပ်ရင် ခွင့်လွှတ်လိုက်ပေါ့...."
အခြားနည်းဖြင့်ဆိုရလျှင် ဤဖောင်းတုတ်တုတ်ကလေးငယ်လေး၏ နှလုံးသားမှာ သူ့မားမားဘက်သို့ ပိုပြီးဘက်လိုက်လေသည်။
စုန့်ထင်ရှန်းက သူ့သားက ဆင်ခြေပေးရာတွင် သူ့ကိုပါဆွဲထည့်ခဲ့ကြောင်း သိလိုက်ရသည်။
အမ်း... အတော်လေးမဆိုးဘူးပဲ...
သူသက်ပြင်းချလိုက်သည်။
စိုးရိမ်ပူပန်နေသော ဝမ်လေးမှာ ချက်ချင်းကြီး ရှင်းပြလာလေသည်
"ပါပါးက မာမားကိုဂရုစိုက်ရမယ် ကာကွယ်ရမယ်လို့ မပြောခဲ့ဘူးလား... ပါပါး... ယောကျာ်းဆိုတာ မကပ်တွက်ရဘူး... မာမားကပါပါးကို ဝမ်းနည်းအောင်လုပ်ရင် မာမားကို စကားနည်းနည်းနဲ့ပြောလိုက်ပေါ့.. အများကြီးတော့မပြောရဘူးနော်..."
စုန့်ထင်ရှန်းမှာ လက်ဆန့်ထုတ်လိုက်ပြီး ဝမ်လေး၏ထိုးထိုးထောင်ထောင်ဖြစ်နေသော ဆံပင်လေးများကို ဖိချလိုက်ပြီး ကူကယ်ရာမဲ့စွာပြောလိုက်သည်။
"ကောင်းပြီလေ... ပါပါးသူ့ကို စကားနည်းနည်းပြောလိုက်ပါ့မယ်... အများကြီးမပြောဘူးနော်... ပြီးတာနဲ့ ချက်ချင်းခွင့်လွှတ်ပေးလိုက်မယ်...."
ဝမ်လေးမှာ နောက်ဆုံးတွင် စိတ်ကျေနပ်သွားတော့သည်။
သူ၏ဖောင်းတုတ်နေသော သားလေးကိုကြည့်ရင်း စုန့်ထင်ရှန်းက သူ၏ပါးဖောင်းဖောင်းလေးကိုညှစ်လိုက်သည်။
"ကောင်ကလေး... သားက သားမေမေဘက်ကို အရမ်းဘက်လိုက်ရင် ပါပါးက အပြစ်တင်မှာမကြောက်ဘူးလား...."
ကောင်ငယ်လေးက သူ့ပါပါး၏ပေါက်ကိုဖက်လိုက်ပြီး သွားလေးဖြီးပြလိုက်သည်။
"ပါပါးလည်း မာမားကိုအရမ်းဘက်လိုက်တာပဲလေ... သားတို့အတူတူဘက်လိုက်မှတော့ အချင်းချင်းအပြစ်တင်လို့မှမရတာ..."
ဒီကလေးတော့....
"အိုကေလေ..."
စုန့်ထင်ရှန်းနှာ တည်ကြည်စွာ ခေါင်းငြိမ့်လိုက်သည်။
"သားကလည်း မာမားကိုဘက်လိုက်တယ် ပါပါးကလည်း သူ့ကိုဘက်လိုက်တယ်... သားကပါပါးကို အပြစ်တင်လို့မရသလို သားကလည်း ပါးပါးကိုအပြစ်တင်လို့မရဘူးနော်..."
ဤနည်းဖြင့် ဆောင်းဦးနှောင်းပိုင်းမနက်ခင်းတစ်ခုတွင် အမျိုးသားနှစ်ယောက်မှာ သူတို့နှစ်ယောက်တည်းသာသိမည့် သဘောတူညီမှုတစ်ခုကို ပြုလုပ်ခဲ့ကြသည်။
xxxxxx