အပိုင်း (၂၆၆)
Viewers 31k

Chapter 266


ရုတ်တရက် ယွမ်ရှက သူမ၏ဘဏ်အကောင့်ထဲသို့ ယွမ် ၂၁,၀၀၀ရောက်လာကြောင်း မက်ဆေ့တစ်ခုကို မြင်လိုက်ရသည်။ သူမ ဆိုဖာပေါ်မှ ခုန်ထမိမတတ်လန့်ဖြန့်သွားမိသည်။ သူမ မြင်လိုက်ရသည်ကို မယုံနိုင်ဖြစ်နေလေသည်။ သူမက ကုမ္ပဏီမှ ကောင်းမွန်စွာနှုတ်ထွက်ခဲ့ပါသော်လည်း ကုမ္ပဏီ၏စာရင်းဌာနမှ သူမ၏လစာကို ပိုပေးခဲ့မည်ဟုမထင်ခဲ့ပေ။ ထိုအပြင် ဤပမာဏမှာ သူမထင်ထားသည်ထက်များနေလေသည်။


လူတိုင်းကို မကောင်းမြင်နိုင်ပါသော်လည်း ပိုက်ဆံဆိုသည်မှာ လူတိုင်း မကောင်းမြင်စိတ် မထားနိုင်သည့်အရာဖြစ်သည်။ သူမက ချင်ယွီကိုရွံရှာပါသော်လည်း သူ့ပိုက်ဆံများကိုတော့ လိုချင်ပါသည်။ အဆုံးတွင် သူမကဤလအတွင်း၌ ဘာမှသိပ်မလုပ်ဘဲ လစာအပြည့်ရခဲ့ပေသည်။


ယွမ်ရှ စဉ်းပင်မစဉ်းစားတော့ပဲ စုန့်ထင်ရှန်း၏ဝီချက် အကောင့်သို့ ပိုက်ဆံနှစ်ခါခွဲပို့လိုက်သည်။


ပထမတစ်ခေါက်မှာ ၁၃၁၄ယွမ်ဖြစ်ပြီး ဒုတိယတစ်ခေါက်မှာ ၅၂၀ယွမ်ဖြစ်သည်


(T/N - ၁၃၁၄ (yi san yi si) ဆိုတာက တရုတ်လိုဆိုရင် ငါ့တစ်ဘဝလုံးစာအတွက်ဆိုတဲ့ စကားနဲ့ အသံတူစာကြောင်းကွဲပါတယ်

၅၂၀ (wu er ling)ဆိုတာကလည်း တရုတ်လိုဆိုရင်ငါနင့်ကိုချစ်တယ် ဆိုတဲ့စကားနဲ့ အသံတူစာကြောင်းကွဲပါတယ်)


ပိုက်ဆံများပို့ပြီးသည်နှင့် ဆိုဖာပေါ်တွင် ပျော်ပျော်ကြီးထိုင်နေရင်း တစ်ဖက်လူစာပြန်သည်ကိုစောင့်နေလေသည်။


ချမ်းသာကြွယ်ဝသော အမျိုးသမီးတစ်ယောက်အနေဖြင့် သူမရည်းစားကို တစ်ခါတစ်ရံ၌ အလိုလိုက်ပြုမူကာ ပိုက်ဆံပေးရသည့် ခံစားချက်မှာ အတော်လေးခံစားရကောင်းပေသည်။


ချမ်းသာသည့်အမျိုးသမီးများက ကောင်ငယ်လေးများကို အဘယ်ကြောင့် အမ်းရတာကြိုက်ကြောင်း သိသွားလေသည်။ သူမက လက်ရှိတွင် ဘဝအနိုင်ရရှိသူဇာတ်ညွှန်းကိုလက်ကိုင်ထားသူဖြစ်သော်လည်း အကယ်၍ သူမသာ ဘယ်သူပြောပြောဂရုမစိုက်ဘဲ ကောင်ချောလေးများကိုအမ်းနေသည့် ချမ်းသာသောအမျိုးသမီးတစ်ယောက်အဖြစ် ကူးပြောင်းသွားခဲ့ပါလျှင်.... ထိုအထိသာတွေးပြီး ယွမ်ရှ ခေါင်းခါလိုက်သည်။ သူမ ထိုအတွေးမျိုးကိုမတွေးသင့်ပေ။ စုန့်ထင်ရှန်းနှင့်ပင် လုံလောက်ပြီဖြစ်သည်။


ယခင်က စုန့်ထင်ရှန်းအလုပ်လုပ်ချိန်တွင် အလုပ်ကိုသာ အာရုံစူးစိုက်၍ လုပ်တတ်ပေသညိ။ သို့သော် ယခုတွင် တစ်မိနစ် နှစ်မိနစ်မျှအလုပ်လုပ်ပြီးသည်နှင့် ယွမ်ရှသူ့ကိုမက်ဆေ့ပို့လေများ ဝီချက်မိုးမန့်မှာ ပုံတင်လေးမလားဟူ၍ ဖုန်းကိုခဏခဏကြည့်လေသည်။


သူ့ကိုယွမ်ရှက ပိုက်ဆံလွှဲလိုက်သည်ကို မြင်သည်နှင့် အမေးသင်္ကေတ သုံးခုကိုပို့လိုက်သည်။


ယွမ်ရှ : (ကျွန်မဒီပိုက်ဆံတွေကိုဘာအဓိပ္ပါယ်နဲ့ ပို့လဲသိလား....)


စုန့်ထင်ရှင်း :( ဘာအဓိပ္ပါယ်နဲ့လဲ...)


စိတ်ဓာတ်ကျသွားသော ယွမ်ရှမှာ ပြန်မေးလိုက်လေသည်။


ယွမ်ရှ : (ရှင်တကယ်မသိတာလား မသိချင်ယောင်ဆောင်နေတာလား...)


အခုခေတ်မှာ ၁၃၁၄နဲ့ ၅၂၀ရဲ့ အဓိပ္ပါယ်ကို မသိတဲ့လူရှိသေးတယ်လား...

သူမက စုန့်ထင်ရှန်းက ခေတ်မမှီသောလူဟု မထင်သလို ရေပန်းစားသည်အရာများကိုမသိဟုလဘ်း မယုံပေ။ သူက ရှေးခေတ်အချိန်မှ ကူးပြောင်းလာသည့်လူမဟုတ်၍ သိကိုသိရပေမည်။


စုန့်ထင်ရှန်း :( ကိုယ်မသိဘူး.. ပြောပြပါလား..)


ယွမ်ရှ :( တစ်ဘဝလုံးစာနဲ့ ငါမင်းကိုချစ်တယ်လို့ အဓိပ္ပါယ်ရတယ်လေ... ရှင်ဘာလို့ ဒီလောက်ကြီး ခေတ်မမှီဖြစ်နေရတာလဲ...)


စုန့်ထင်ရှန်းက သူ့ဖုန်းပေါ်ရှိမက်ဆေ့ကိုကြည့်ပြီး သူ့မျက်လုံးများတွင် ပျော်ရွှင်မှုတို့ လင်းလက်သွားသည်။


ယွမ်ရှက သူမ မက်ဆေပို့ပြီးသောအခါမှ အရူးလုပ်ခံရကြောင်း သိသွားရသည်။ ဒေါသတကြီးဖြင့် မစင်ပုံအီမိုဂျီအချို့ကိုပို့ပေးလိုက်ပြီး စုန့်ထင်ရှန်းကိုသူမကိုလှည့်စားပါသဖြင့် အထင်သေးသလိုပြုမူလေသည်။


တစ်ခါတစ်ရံတွင် ထိုလူမှာ အမှန်တကယ်ပင် ဉာဏ်ကောင်းလှသည့် မြေခွေးအိုကြီးဖြစ်လေသည်။


ခဏအကြာတွင် စုန့်ထင်ရှန်းကလည်း သူမကိုပိုက်ဆံလွှဲပေးလာသည်။ ယွမ်ရှက သူမ အမြင်မှားလေသလားဟု တွေးမိ၍ မျက်လုံးကို ပြူးပြဲ၍ စခရင်ပေါ်အသေအချာကြည့်သော်လည်း စခရင်ပေါ်တွင် ၅.၂၀ယွမ်ဟုသာ ပေါ်နေလေသည်။


သူမဘဝတွင်ဤမျှ ကပ်စေးနှဲသော CEOမျိုး မတွေ့ဖူးပါချေ။


ယွမ်ရှက "...." ဟုသာစာပြန်လိုက်သည်။


စုန့်ထင်ရှန်းက ရည်းစားကောင်မလေးကို ၅.၂၀ယွမ်ပို့ပေးရင် အလှောင်ခံရမယ်ဆိုတာ မသိတဲ့လူများလား... အနည်းဆုံးတော့ ၅၂ယွမ်တော့ပို ပေးသင့်တာလေ... သူမက သူ့ကို ယွမ်ထောင်ကျော်အောင်တောင် ပို့ပေးထားတာကို...


စုန့်ထင်ရှန်း : ကိုယ်ပို့လိုက်တဲ့ထဲမှာ အစက်ကလေးတစ်စက်တောင်ပါသေးတယ်လေ...


သူမစိတ်ထဲတွင် အတွေးတစ်ခုဖြတ်ပြေးသွားလေသည်။

စုန့်ထင်ရှန်းက သူမ သူ့ကိုချစ်တာထက် နည်းနည်းပိုပြီးချစ်တယ်လို့ ပြောချင်တာများလား...


(T/N : တရုတ်လို "အနည်းငယ် "ဆိုတဲ့စကားလုံးမှာ "."အစက်ကလေးတစ်စက် ပါဝင်ပါတယ်)


xxxxxxx