အပိုင်း (၂၆၇)
Viewers 31k

Chapter 267


ယွမ်ရှက ရယ်မောလိုက်ပြီး သူမကို ၅.၂၀ယွမ်တည်းပို့သည်ကို အပြစ်မရှာရန် ဆုံးဖြတ်လိုက်သည်။ သူမက ဝမ်လေး၏ ဉာဏ်ကောင်းသည့်ဗီဇမှာ ချိုမြိန်သည့်စကားများကို ပြောရာတွင်ပင် ဉာဏ်လွှာသုံးပါသော ဤလူထံမှ ဆက်ခံထားကြောင်း သေချာသွားခဲ့သည်။ 


အတိတ်တုန်းက သူမက ယောက်ျားများဆိုသည်မှာ ဝက်ခြေထောက်များဟုသာတွေးပြီး သူတို့နှင့်တွဲခုတ်ခြင်းမှာ အဓိပ္ပါယ်မရှိဟုတွေးခဲ့သည်။ သို့သော်ယခုတွင် သူမပြောခဲ့သမျှစကားလုံးတိုင်းကို ပြန်ရုတ်သိမ်းလိုက်ပြီဖြစ်သည်။ စုန့်ထင်ရှန်းက သူမပြောခဲ့သည်များက မှားယွင်းကြောင်း သက်သေပြခဲ့သည်။


သမီးရည်းစားထားခြင်းမှာ အတော်လေး စိတ်ဝင်စားစရာကောင်းပေသည်။


သို့သော်မှန်ကန်သော လူကိုရွေးချယ်ရပေမည်။ အကယ်၍ ချင်ယွီလိုကောင်မျိုးနှင့် တွဲရပါက အသက်ပင်တိုသွားဦးမည်ဖြစ်သည်။ သူမကမူ စုန့်ထင်ရှန်းကလွဲ၍ အခြားသော ယောက်ျားများနှင့်တွဲရန် စဉ်းပင်မစဉ်းစားဖူးပေ။ သူက ယောက်ျားကောင်းတစ်ယောက်ဖြစ်သလို သစ္စာရှိသည့်လူလည်းဖြစ်၍ ယခုတွင် စုန့်ထင်ရှန်းဟုပြောသည်နှင့် ဂုဏ်ယူမိနေပြီဖြစ်သည်။


ယွမ်ရှက စာပြန်မပို့တော့သည်ကိုတွေ့၍ စုန့်ထင်ရှန်းက ဖုန်းကိုဘေးချကာ အလုပ်ပြန်လုပ်လေတော့သည်။


အမှန်တကယ်တွင် ယွမ်ရှတစ်ယောက်တည်းသာ ထိုသို့ခံစားနေရခြင်းမဟုတ်ဘဲ စုန့်ထင်ရှန်းကပါ ထိုသို့တွေးနေခြင်းဖြစ်သည်။ အတိတ်တုန်းက ဝမ်လေးနှင့် သူ့အလုပ်မှာ ကမ္ဘာပေါ်တွင် အရေးအကြီးဆုံး အရာများဟု တွေးခဲ့သည်။ အခြားအရာတိုင်းက နောက်ဆုံးနေရာတွင်ရှိပြီး သူ၏စိတ်ဝင်စားမှုနှင့်ပင် မထိုက်တန်ချေ။


စုန့်ထင်ရှန်းက သူ့နှာခေါင်းအလယ်ကို သူ့ဘာသာဖျစ်လိုက်ပြီး ရယ်လိုက်လေသည်။


လီယွမ်ဟန့်စကားများက မှန်ပေသည်။ သူ၏နွေဦးအချိန်လေးတို့ ကျရောက်လာလေပြီ။


သူပင်မသိလိုက်ဘဲ သူ့ဖုန်းစခရင်၊ သူ၏ပိုက်ဆံအိတ်နှင့် သူ၏အလုပ်စားပွဲပေါ်တွင် သူမနှင့်ဝမ်လေး၏ ပုံများပေါ်လာခဲ့သည်။ သူထိုပုံများတွင် ကြည့်ချင်သည်လူ့မှာ ဝမ်လေးလား သူမလားဆိုတာ သူသာသိပေသည်။


---


ယွမ်ရှက သူ့ကိုစာမပြန်ရခြင်းမှာ သူ၏ဒဲ့တိုးဆန်သော အချစ်စကားများကို မည်သို့ ပြန်ဖြေမရလဲမသိ၍ မဟုတ်ဘဲ အလုပ်အကိုင်ဝဘ်ဆိုက်တစ်ခုတွင် အလုပ်ရှာနေ၍ဖြစ်သည်။ သူမတစ်စုံတစ်ခုကို လုပ်ကိုင်ရန် ရှာနေဆဲဖြစ်သည်။ သူမ၏အချိန်များကိုအလကား ကုန်ဆုံးစေရန် စိတ်မဝင်စားပေ။ အရင်လက သူမလုပ်ရသည့် အလုပ်ပမာဏမှ နည်းပါးသော်လည်း သူမ၏အစီအစဉ်ဇယားများက အပြည့်ပင်။ အဆုံးတွင် သူမက ပိုအလုပ်ရှုပ်လေလေ ဘဝက ပိုမိုလုံခြုံကာ အန္တရာယ်ကင်းလေဟု ခံစားရလေသည်။ သူမကိုယ်သူမ ဆန်ပိုးလေးတစ်ကောင်လို နေ၍ရကြောင်းသိသော်လည်း စိုးရိမ်ပူပန်မှုမရှိဘဲ ထိုင်မစားချင်ပေ။ သူမက မည်သည့်အချိန်တွင် ဆန်ပြတ်တောက်သွားမလဲမသိသော စိုးရမ်ပူပန်မှုအပြည့်ဖြစ်နေရသည့် ဆန်ပိုးတစ်ကောင်သာဖြစ်ချင်သည်။


ဝဘ်ဆိုက်ထဲတွင် သင့်တော်သည့်အလုပ်တစ်ခုမှ မတွေ့ခဲ့ပေ။ မည်သို့ပင်ဆိုစေ ယခုလက်ရှိမှာအလုပ် ရှာရန်အချိန်ကောင်းတစ်ခု ဟုတ်မနေခဲ့ပေ။ နှစ်သစ်မကုန်ခင် လအနည်းငယ်သာ လိုတော့ပေသည်။ ယွမ်ရှထပ်စဉ်းစားကြည့်သောအခါ စုန့်ထင်ရှန်းက သူမကိုကိုယ်ပိုင်လုပ်ငန်းတစ်ခုလုပ်ရန် တိုက်တွန်းခဲ့ကြောင်း တွေးမိလေတော့သည်။ သူမတွင် စုငွေများစွာရှိပြီး စုန့်ထင်ရှန်းကလည်း တစ်လတစ်ခါ သူမဖြုန်းမကုန်သော ပိုက်ဆံအများကြီးပေးလေသည်။ ထို့ကြောင့် လအနည်းငယ်အကြာတွင် သူမ ပိုက်ဆံများစွာ စုမိခဲ့သည်။ ယခုလက်ရှိတွင် သူမကဆိုင်လေးတစ်ဆိုင်ဖွင့်ရန်ပင် အခွင့်အရေးမရှိပေ။


ယွမ်ရှက စုန့်ထင်ရှန်းကို ဖုန်းခေါ်ကာ ထိုအကြောင်းပြောချင်သော်လည်း သူ့ဘက်က အလုပ်ရှုပ်နေလောက်သည်ဟု တွေးမိ၍ ဖုန်းမဆက်တော့ပေ။ ထို့ကြောင့် သူပြန်လာမှသာ ထိုအကြောင်းဆွေးနွေးမည်ဟု ဆုံးဖြတ်ချက်ချလိုက်လေသည်။ မည်သိုပင်ဆိုစေ ဤသည်က သူမအတွက် ပထမဆုံးအကြိမ် စီးပွားရေးတစ်ခုစလုပ်ခြင်းဖြစ်၍ ထိုနယ်ပယ်တွင် အတွေ့အကြုံရှိသူ၏ အကြံအဉာဏ်ကိုတောင်းသည်က ပိုကောင်းလေသည်။


---


စုန့်ထင်ရှန်းကလည်း အလကားမနေပေ။ သူ၏အဆက်အသွယ်အားလုံးကို အသုံးချကာ ချင်ယွီကို အကောင်းဆုံး စုံစမ်းစစ်ဆေးနေသည်။


ယခုတစ်ခေါက် သူရလာခဲ့သော အချက်အလက်များမှာ ပိုမိုအသေးစိတ်ကျ၍ တိကျမှန်ကန်ပြီး ချင်ယွီ၏ရည်းစားဦးနာမည်ပင် ပါလာခဲ့သေးသည်။ ဤစုံစမ်းစစ်ဆေးမှုတွင် သူ၏  ကြီးကြီးငယ်ငယ် ကိစ္စတိုင်းအားလုံး ပါဝင်လေသည်။


သူ့သူငယ်ချင်းများက သူနှင့် ဆက်နွယ်မှုမရှိသည့် လူတစ်ယောက်ကို ဘာကြောင့် စုံစမ်းရသလဲ ပဟေဠိဖြစ်နေကြသော်လည်း သူတို့က အသုံးဝင်နေဆဲဖြစ်သည်။  ချင်းယွီအကြောင်း အရာအားလုံးကို ဂရုတစိုက်ကြည့်ပြီးသည်နှင့် စုန့်ထင်ရှန်း စိတ်သက်သာရာရသွာ သက်ပြင်းချလိုက်သည်။


xxxxxx