Chapter 33
အစကတည်းက သူကသစ်သီးရောင်းဖို့ အစီအစဥ်မရှိချေ။ စင်ပေါ်တွင် သစ်သီးများပြသထားခြင်းက ဟန်ပြသက်သက်သာဖြစ်သည်။
ထို့အပြင် သစ်သီးများ၏စျေးနှုန်းကိုလည်း ပုံမှန်ထက် အဆများစွာတင်ထားသေးသည်။
ကြယ်စုတွင် သစ်သီးများရှားပါးသော်လည်း ဤကဲ့သို့ အဆမတန်စျေးတင်ထားသောသစ်သီးများကိုမူ မည်သူမှမဝယ်လိုကြချေ။ သူတို့က အလိမ်အလည်တစ်ခုဟူ၍သာ သတ်မှတ်လိုက်ကြမှာဖြစ်သည်။
တစ်စုံတစ်ဦးက သစ်သီးများအကြောင်း စိတ်ဝင်တစားလာမေးလိမ့်မည်ဟု ကျွင်းချင်ယွီထင်မထားခဲ့ချေ။
အမည်မသိဝယ်သူ: [ဘယ်အချိန်လောက်ပြန်ရမလဲမသိဘူး...ကြိုမှာလို့ရောရလား..】
ကျွင်းချင်ယွီ: [အမှာစာ လက်မခံပါဘူး...】
ထို့နောက် သူက ဉာဏ်ရည်တုကိုပိတ်ပစ်လိုက်သည်။
သို့သော် ဝယ်သူကဆက်လက်၍မေးနေတုန်းပင်။
[ကျေးဇူးပြုပြီး စတိုးဆိုင်ကိုမေးပေးနိုင်မလား...ငါ သစ်သီးတွေကို အရေးတကြီးလိုအပ်နေလို့ပါ...မင်းကြိုက်တဲ့စျေးကိုတောင်းနိုင်တယ်... 】
[ငါ့ညီမလေးက အရမ်းခံစားနေရတယ်...ကျေးဇူးပြုပြီး သစ်သီးရောင်းပေးပါ... 】
[ကျေးဇူးပြုပြီး... 】
…
အဆက်မပြတ်ကျလာသည့် စာများကိုတွေ့ပြီးနောက်တွင် ကျွင်းချင်ယွီက တစ်ဖက်လူ၏ဇွဲကို အနည်းငယ်လေးစားသွားသည်။
ဤသို့သော လိမ်စားသည့်အွန်လိုင်းစတိုးပုံစံဖမ်းထားသည့်ဆိုင်ကိုပင် ထိုသူက စျေးကြီးပေး၍ လာရောက်ဝယ်ယူနေလေရာ သစ်သီးများကို အမှန်တကယ်လိုအပ်နေခြင်းဖြစ်ရမည်။
သို့သော် နေရာလွတ်ကအသီးအရွက်များမှာ ကြယ်စု၏အသီးအရွက်များနှင့် အလွန်ကွဲပြားသည်။ ထို့ကြောင့် ဒီတိုင်းရောင်းချ၍မဖြစ်နိုင်ချေ။
ကျွင်းချင်ယွီက ခဏတွေးလိုက်ပြီးနောက် စာပြန်လိုက်သည်။ [လောလောဆယ် အသီးအရွက်တွေတော့မရှိသေးဘူး...ဒါပေမယ့် လတ်လတ်ဆတ်ဆတ်အရည်ညှစ်ထားတဲ့ သစ်သီးဖျော်ရည်တွေတော့ရှိတယ်.... 】
ဖျော်ရည်ထဲသို့ ကြယ်စု၏အသီးအနှံအချို့ရောစပ်လိုက်လျှင် ဘာပြသနာမှမရှိတော့ချေ။
အမည်မသိဝယ်သူ: [ရတယ်...စိတ်စွမ်းအားကိုထိန်းချုပ်နိုင်တဲ့ ဘယ်အရာမဆိုရောင်းပေးပါ... 】
ကျွင်းချင်ယွီက စျေးနှုန်းမသတ်မှတ်တတ်ရာ ဖုယွမ်ချွမ်းကိုမေးလိုက်၏။ "တစ်ယောက်ယောက်က အသီးဖျော်ရည်လာဝယ်နေတယ်...ကျွန်တော် စျေးဘယ်လိုသတ်မှတ်ရမလဲ..."
ဖုယွမ်ချွမ်းက စျေးကိုရိုက်ပေးလိုက်သည်။ "ဒီလောက်ဆိုရင်ရော..."
"ကောင်းသားပဲ..."
ကျွင်းချင်ယွီ သစ်သီးဖျော်ရည်ပုလင်းပုံစံငယ်များအား စျေးနှုန်းနှင့်အတူ စင်ပေါ်တင်လိုက်သည့်အခါ ဝယ်သူဘက်မှ ဆယ်ပုလင်းမှာလာသည်။
ငွေပေးချေပြီးသည့်အခါ စာထပ်ပို့လာ၏။
အမည်မသိဝယ်သူ: [လိပ်စာကဒီမှာပါ..တတ်နိုင်သလောက်မြန်မြန်ပို့ပေးပါ...ကျေးဇူးတင်ပါတယ်... 】
ထို့နောက် လိုင်းပေါ်မှဆင်းသွားခဲ့သည်။
ကျွင်းချင်ယွီက သူ့အစွမ်းနှင့်သူပိုက်ဆံရှာနိုင်သည့်အတွက် ရှင်းပြ၍မရသောကျေနပ်နှစ်သိမ့်မှုကို ခံစားလိုက်ရသည်။ သူက ပြုံးလျှက် "ကျွန်တော် အသီးဖျော်ရည် ဆယ်ပုလင်းတောင်ရောင်းလိုက်ပြီ..."
"တော်တယ်...." ဖုယွမ်ချွမ်းက ချီးကျူးသည်။ "ကိုယ် မင်းပစ္စည်းပို့ဖို့စီစဥ်ပေးမယ်..."
"ကောင်းပြီလေ...."
ကျွင်းချင်ယွီက သင်္ကာမကင်းဟန်ဖြင့် "သူက တိုက်ရိုက်ကိုဝယ်သွားတာသိလား...ကျွန်တော် လိမ်မှာမကြောက်ဖူးလားမသိဘူး..."
ဖုယွမ်ချွမ်း: "အသီးအရွက်တွေက တကယ့်ကိုအကျိုးသက်ရောက်မှုကောင်းတာလေ...မင်းက ညာရောင်းတာမှမဟုတ်တာ..."
ကျွင်းချင်ယွီက အွန်လိုင်းစတိုးပေါ်ရှိ အသီးအရွက်များကို အသက်ရှည်ဆေးအနေနှင့်ပင် တင်စားကာရေးသားထားခြင်းဖြစ်သည်။
ကျွင်းချင်ယွီက ပြောလိုက်၏။ "သစ်သီးဖျော်ရည်လုပ်ရင် နေရာလွတ်ထဲကအသီးပိုထည့်ပေးရမယ်..."
ဖုယွမ်ချွမ်းက ခေါင်းညှိတ်လိုက်သည်။ "ကောင်းတယ်..."
ထို့နောက် ကွန်ပြူတာကိုပိတ်လိုက်၏။
သူက ရေသူလေးကိုလက်ဖဝါးပေါ်တင်ကာ မတ်တပ်ရပ်လိုက်သည်။
"ကိုယ်ခဏနေရင် အခမ်းအနားကိုသွားရမယ်...လိမ်လိမ်မာမာနဲ့ ကိုယ့်ကိုစောင့်နေနော်...အိပ်ခန်းအပြင်ကိုမထွက်နဲ့..."
ကျွင်းချင်ယွီက ငါးခြောက်ကိုကိုက်ရင်း "ကျွန်တော့်ကို ခင်ဗျားနဲ့အတူခေါ်မသွားဘူးလား..."
အခမ်းအနားကို ကျွန်တော်မပါပဲ တစ်ယောက်ထဲသွားမယ်ပေါ့လေ...
ဖုယွမ်ချွမ်းက ပြောသည်။ "အပြင်လောကက မင်းအတွက်အန္တရာယ်ရှိတယ်..."
"အဲ့လောက်လည်းမဟုတ်ပါဘူး..." ကျွင်းချင်ယွီက တစ်ဖက်လူ၏လက်ချောင်းကို ပွတ်သပ်လိုက်သည်။ "ခေါ်သွားနော်..."
ဖုယွမ်ချွမ်းက သူ့ကိုကပ်ချွဲနေသည့်ရေသူလေးကို ချော့မော့လိုက်၏။ "ကိုယ်ပြန်လာရင် မင်းနဲ့အတူတူဆော့ပေးမယ်လေ..."
ကျွင်းချင်ယွီ နှုတ်ခမ်းစူသွားသည်။ "တစ်ယောက်ထဲ အိမ်မှာမကျန်ခဲ့ချင်ဘူး....လို့...တစ်ခုခုဆို နေရာလွတ်ထဲဝင်ပုန်းနေမယ်လေ...နော်..."
ဖုယွမ်ချွမ်းက ဘာမှပြန်မပြောချေ။ နေရာလွတ်ထဲဝင်ပုန်းစေကာမူ မည်သည့်ရှုထောင့်မှဖြစ်စေ ရေသူလေး လေထဲတွင်ပျောက်သွားခြင်းက မေးခွန်းထုတ်စရာဖြစ်လာမှာဖြစ်သည်။
သူက ခေါင်းကိုခါယမ်းလိုက်၏။
ကျွင်းချင်ယွီက ခါးထောက်လိုက်သည်။ "အရင်တစ်ခေါက် ကျွန်တော်မပါပဲအပြင်သွားတော့ ခင်ဗျားရဲ့ကုတ်အင်္ကျီထဲကိုခိုးဝင်ပြီး ကျွန်တော်လိုက်ခဲ့တာနော်..အရင်နည်းလမ်းအတိုင်း ထပ်သုံးမှာမစိုးရိမ်ဘူးလား..."
စိတ်ဆိုးနေသည့်ရေသူလေးကိုကြည့်ရင်း ဖုယွမ်ချွမ်းကပြောသည်။ "စိုးရိမ်တာပေါ့...ကိုယ်အဲ့ဒီ့အဖြစ်အပျက်ကနေ သင်ခန်းစာယူထားတယ်လေ...."
ကျွင်းချင်ယွီ ကြောင်အသွားသည်။ "ဟမ်...ဘာများလဲ..."
ဖုယွမ်ချွမ်း: "ကိုယ်ဒီတစ်ခါ ကုတ်အင်္ကျီမဝတ်ပဲသွားမှာ..."
ကျွင်းချင်ယွီ: "..."
ခင်ဗျား မတရားဘူး...
"ခင်ဗျား..." ကျွင်းချင်ယွီက ဘာပြောရမှန်းမသိတော့ချေ။
ဖုယွမ်ချွမ်းက ရေသူလေး၏အမြှီးကို သူ့လက်ထိပ်ကလေးဖြင့် ဆော့ကစားလိုက်သည်။ "ပြန်ရင် အရသာရှိတာဝယ်ခဲ့မယ်..."
ကျွင်းချင်ယွီက ထိုင်ချလိုက်၏။ "ကျွန်တော်က အခမ်းအနားက အစားအစာတွေပဲစားချင်တာ..."
"လိမ္မာပါကွာ..."
ကျွင်းချင်ယွီ အထွန့်တက်လိုက်သည်။ "တစ်ယောက်ယောက်က ခင်ဗျားကိုဒုက္ခပေးရင်ရော...အဲ့လိုကျ ကျွန်တော်ကာကွယ်ပေးနိုင်တယ်လေ..."
အခမ်းအနားက လူရှုပ်နေမှာဖြစ်ရာ တစ်စုံတစ်ဦးကိုအကောက်ကြံရန် အလွန်လွယ်ကူပေသည်။
ဖုယွမ်ချွမ်းက ရေသူလေး စိုးရိမ်နေသည့်အရာကိုသိသည်။ "ငါးကလေး...မင်းကိုယ့်ကိုစိုးရိမ်သလို ကိုယ်လည်းမင်းကိုစိုးရိမ်တယ်လေ..."
ကျွင်းချင်ယွီ အကူအညီမဲ့စွာ သက်ပြင်းချလိုက်သည်။ "ကောင်းပြီလေ...ဒါဖြင့် ကျွန်တော် ခင်ဗျားကိုအိမ်ကစောင့်နေမယ်..."
ဖုယွမ်ချွမ်းက ထပ်မံ၍ချော့မော့ရန်ပြင်နေစဥ် ရေသူလေးထံမှ ကတိစကားကိုကြားလိုက်ရခြင်းဖြစ်၏။
သူက ရေသူလေး၏အပြစ်ကင်းသော မျက်ဝန်းများကိုကြည့်ကာ ခေါင်းညှိတ်လိုက်သည်။ "ကောင်းပြီ..."
ကျွင်းချင်ယွီက ဖုယွမ်ချွမ်းအဝတ်လဲနေချိန်တွင် မှတ်ဉာဏ်တုနှင့်ဆော့ကစားနေသည်။
သူက စက်ရုပ်၏ခေါင်းပေါ်တွင် အမြှီးလေးတွဲလောင်းချထိုင်ရင်း ဖုယွမ်ချွမ်းကို တံခါးဝအထိလိုက်ပို့ပေးလိုက်သည်။
"ဒါဆို...ကိုယ်သွားပြီနော်..."
ကျွင်းချင်ယွီက လက်ကလေးဝေ့ယမ်းလျှက် ပြောလိုက်၏။ "ဂရုစိုက်နော်..."
"ဟုတ်ပါပြီ...."
ကျွင်းချင်ယွီက ဖုယွမ်ချွမ်း ကားပေါ်ရောက်သွားသည်နှင့် ကားထွက်သွားသည်ကိုပင် မစောင့်တော့ပဲ အိမ်တံခါးကိုပြန်ပိတ်လိုက်သည်။ ထို့နောက် လူသားပုံစံအဖြစ် အသွင်ပြောင်းလိုက်၏။
အခမ်းအနားသို့ ရေသူလေးအဖြစ်မသွားနိုင်သော်လည်း လူသားတစ်ဦးအနေနှင့် သွားနိုင်လေသည်။
ဖုယွမ်ချွမ်း အရင်ကမှာထားပေးခဲ့သော အဝတ်အထည်များက အိမ်သို့ရောက်တာကြာပြီဖြစ်သည်။ ကျွင်းချင်ယွီက ထသွားထလာအဝတ်အစားကို လဲလှယ်လိုက်သည်။ သူ့တွင် ပွဲတက်ရန်ဝတ်စုံပြည့်မရှိချေ။
ထို့နောက် မှန်ရှေ့တွင်ရပ်ကာ ရွှေအိုရောင်ဆံနွယ်ရှည်များကို နားရွက်နောက်တွင်စုချည်ပြီးသည့်နောက် အံဆွဲထဲမှ ငွေရောင်မျက်နှာဖုံးကိုထုတ်ယူလိုက်၏။
မျက်နှာဖုံးက ရွှေအိုရောင်မျက်ဝန်းတစ်စုံမှလွဲ၍ မျက်နှာအပေါ်ပိုင်းကို အပြည့်အဝဖုံးကွယ်လျှက်ရှိသည်။
လူအနည်းငယ်သာ သူ့ကိုတွေ့ဖူးကြသော်လည်း ဖုံးကွယ်ထားခြင်းက အကောင်းဆုံးဖြစ်သည်။
အားလုံးပြင်ဆင်ပြီးနောက် ကျွင်းချင်ယွီ ဗီလာအပြင်ဘက်သို့ထွက်လိုက်၏။ ဗီလာ၏လုံခြုံရေးစနစ်က အိမ်ထဲတွင်လူရှိသည့်အချိန်နှင့် လူတစ်ဦးမှမရှိသည့်အချိန်ဟူ၍ နှစ်မျိုးခွဲခြားထားလေရာ ပြန်၍ချိန်ညှိရန်လိုအပ်သည်။
ပရိုဂရမ်မှာ ရိုးရှင်းဟန်ပေါ်သော်လည်း လျှို့ဝှက်ကုဒ်အဆင့်ဆင့်၊ လက်ဗွေ၊ သူငယ်အိမ်စစ်ဆေးမှု အားလုံးလိုအပ်လေသည်။
"အပြင်သွားမလို့လား.."
ရင်းနှီးနေသည့်အသံက အနောက်ဘက်မှထွက်လာသဖြင့် ကျွင်းချင်ယွီအမှတ်တမဲ့ပြန်ဖြေလိုက်မိသည်။ "အင်း...."
ထို့နောက် တစ်စုံတစ်ခုမှားယွင်းသည်ဟု ခံစားမိသဖြင့် နောက်လှည့်ကြည့်လိုက်သည့်အခါ မားမားကြီးရပ်နေသော ဖုယွမ်ချွမ်းကိုတွေ့လိုက်ရသည်။
"..."
ကျွင်းချင်ယွီက ကားလမ်းထံအကြည့်ရောက်သွား၏။ ဖုယွမ်ချွမ်းကားပေါ်တက်သွားပြီးကာမှ သူတံခါးပိတ်လိုက်တာဖြစ်သည်။
သူက ပရိုဂရမ်ကိုပိတ်ကာ တံခါးကိုကျောမီလိုက်၏။ ထို့နောက် မလုံမလဲဖြင့်မေးလိုက်သည်။
"တစ်ခုခုမေ့ခဲ့တာလား..."
ဖုယွမ်ချွမ်း ခေါင်းခါလိုက်၏။ "ကိုယ်ငါးဖမ်းဖို့ပြန်လာတာ..."
ရေသူလေးအိမ်တွင် လိမ်မာစွာကျန်ခဲ့မည်ဟု သူ မယုံကြည်ချေ။
အရင်တစ်ခါကတောင် သူ့အိတ်ထဲခိုးဝင်ပြီးရအောင်လိုက်တာ...အခုဆိုပိုပြီးမယုံစရာကောင်းသေးတယ်...
ကျွင်းချင်ယွီက စိတ်ဆိုးနေပုံရသည့် ဖုယွမ်ချွမ်းကိုကြည့်ရင်း နှုတ်ခမ်းအသာကိုက်လိုက်မိသည်။
ထို့နောက် ချော့မော့ရန်လက်ဦးမှုယူသည့်အနေဖြင့် ဖုယွမ်ချွမ်း၏ခါးကို ခပ်ဖွဖွဖက်ကာ လည်တိုင်ကိုခေါင်းကလေးနှင့်တိုးဝှေ့လိုက်သည်။
"စိတ်မဆိုးပါနဲ့..."
ဖုယွမ်ချွမ်း မျက်နှာတည်နေသော်လည်း ရေသူလေးကိုဆူပူရန်မရည်ရွယ်ထားချေ။ သူက ကျွင်းချင်ယွီ၏အကွက်ထဲ ဝင်တော့မလိုဖြစ်သွားသည့်အပေါ်သာ စိတ်ဆိုးနေတာဖြစ်သည်။
ဖုယွမ်ချွမ်းက ရေသူလေး၏ခါးကို ထိန်းကိုင်လိုက်ကာ အေးစက်စက်ပြောသည်။ "ကလေးလိုလုပ်နေတာ အသုံးမဝင်ဘူး..."
ကျွင်းချင်ယွီက လက်ကလေးနှင့် ဖုယွမ်ချွမ်းရင်အုပ်ကို အသာအယာပုတ်ပေးလာ၏။ "အသုံးဝင်ပါတယ်...စိတ်မဆိုးပါနဲ့..."
သူက ချော့နေရင်း ခေါင်းလေးမော့ကာ ဖုယွမ်ချွမ်းကိုခိုးကြည့်လိုက်သည်။
"ကောင်းပြီလေ..."
ကျွင်းချင်ယွီ၏ မျက်ဝန်းကလေးများ တောက်ပသွား၏။ "စိတ်မဆိုးတော့ဘူးလား..."
"မဆိုးတော့ပါဘူး...ပရိုဂရမ်ကိုလက်စသတ်ပြီးရင် သွားရအောင်..."
"ဘယ်ကိုသွားမှာလဲ..."
"အခမ်းအနားကို မလိုက်ချင်ဘူးလား..."
ကျွင်းချင်ယွီ ရုတ်တရက်ပြုံးလိုက်ကာ ဖုယွမ်ချွမ်း၏ခါးကို လှုပ်ယမ်းလိုက်သည်။ "ခင်ဗျားက အကောင်းဆုံးပဲ..."
"တံခါးပိတ်လိုက်ဦး..."
"ဟုတ်..."
---
ရပ်ထားသည့်ကားထဲတွင် ရှီခိုင်ရှင်းက ကျွင်းချင်ယွီအား ဇဝေဇဝါဖြင့်ကြည့်လိုက်သည်။
"ဘော့စ်...သူက...." မာရှယ်ကိုယ်တိုင်ခေါ်လာခြင်းသာမဟုတ်ပါက ရှီခိုင်ရှင်း ထိုသူအားလက်ထိပ်ခတ်လိုက်မှာဖြစ်သည်။
ခင်ဗျားပြောတော့ အိမ်မှာတစ်ခုခုဖြစ်နေလို့ဆို...ဘာလို့လူတစ်ယောက်ကို ခေါ်ထုတ်လာတာလဲ...
နောက်ပြီး လုံးဝမမြင်ဖူးတဲ့တစ်ယောက်ဖြစ်နေသေးတယ်...
မာရှယ်၏အိမ်တွင် အစေခံအနည်းငယ်သာရှိတာဖြစ်ပြီး အားလုံးကိုရှီခိုင်ရှင်းသိလေသည်။
ဒီမျက်နှာဖုံးနဲ့တစ်ယောက်က ဘယ်သူလဲ...
ကျွင်းချင်ယွီက တိတ်ဆိတ်နေ၏။
ကားပေါ်တွင် သူတို့နှစ်ဦးထဲမဟုတ်ပဲ အခြားလူများလည်းရှိသေးသည်ကို သူမေ့လျော့သွားခဲ့ခြင်းဖြစ်၏။
ဒါပေမယ့် သူနဲ့ဖုယွမ်ချွမ်းရဲ့ဆက်ဆံရေးကို ဘယ်လိုရှင်းပြရမှာလဲ...
ဖုယွမ်ချွမ်းကပြောသည်။ "မိသားစုလေ..."
"ဒါပေမယ့် ဘော့စ် ကျွန်တော် ဘော့စ်ရဲ့မိသားစုအားလုံးကိုသိ..."
ဖုယွမ်ချွမ်း၏ အကြည့်စူးစူးကြောင့် ရှီခိုင်ရှင်း ပြောတော့မည့်စကားများကို အမြန်မြိုချလိုက်၏။ ထို့နောက် သူက လည်ချောင်းရှင်းလိုက်ကာ
"အဟမ်း..အဟမ်း...ဟဲလို...ကျွန်တော်က ရှီခိုင်ရှင်းပါ..."
ကျွင်းချင်ယွီက နာမည်အမှန်ကို လွှတ်ကနဲ့ပြောမိတော့မလို ဖြစ်သွားသည်။ "ကျွင်း...ဖုချင်ယွီပါ.."
သူက ဖုယွမ်ချွမ်းဘက်သို့ ခေါင်းလေးစောင်းကာ နာမည်အဆင်ပြေမပြေအတည်ပြုလိုက်သည်။
မိသားစုဆိုတော့ မျိုးရိုးနာမည်တူရမှာမဟုတ်လား...
ရေသူလေး၏အမူအရာကိုကြည့်ရင်း ဖုယွမ်ချွမ်းမျက်ဝန်းများပြုံးလာသည်။
ဖုယွမ်ချွမ်းထံမှအပြုံးက ကျွင်းချင်ယွီထံသို့ ကူးစက်သွားကာ မျက်ဝန်းထောင့်လေးများ ကွေးညွှတ်သည်အထိ လိုက်ပါပြုံးလိုက်မိ၏။
ရှီခိုင်ရှင်းက ဘယ်ဘက်ကိုကြည့်လိုက်၊ ညာဘက်ကိုကြည့်လိုက် ဖြစ်နေသည်။
ဘာလို့စကားပြောနေရင်း ပြုံးနေကြတာလဲ....
ရုတ်တရက်ကြီး နေရခက်လာပါလား....
ဒီနှစ်ယောက်က အရမ်းရင်းနှီးနေသလိုပဲ....
လူငယ်လေးက သူ၏လက်များကို မာရှယ်၏ပေါင်ပေါ်တင်ထားကာ မာရှယ်ကလည်း မနှစ်မြို့ဟန်မရှိချေ။
ထိုစဥ် ဖုယွမ်ချွမ်း၏လက်က အနည်းငယ်လှုပ်ရှားသွား၏။ ရှီခိုင်ရှင်းက လူငယ်လေးအရိုက်ခံရတော့မည်ထင်ကာ ဝင်ဖြောင်းဖျရန်ကြိုးစားလိုက်သည်။
သို့သော် ဖုယွမ်ချွမ်းက ခေါင်းအုံးကိုယူလိုက်ပြီး လူငယ်လေး၏ကျောဘက်၌ နေရာချပေးလိုက်၏။
ရှီခိုင်ရှင်း : "..."
တစ်ခုခုတော့မှားနေပြီ...
ဘော့စ်...ဘာဖြစ်နေတာလဲ...
Xxxxxxx