Chapter 35
မာရှယ်က ဘယ်လိုလူမို့လို့လဲ...အတိတ်တုန်းကဆို မာရှယ့်အနားကပ်ချင်တဲ့ အမျိုးသား၊ အမျိုးသမီးတွေမှ အများကြီး..ဒါပေမယ့် မာရှယ်က အားလုံးကိုသူလျှိုအနေနဲ့ပဲ သဘောထားပြီးတော့ လုံးဝအနားကပ်မခံခဲ့ဘူးမဟုတ်လား...
ဖုယွမ်ချွမ်းရှေ့တန်းကပြန်လာပြီးနောက် မည်သူမှ အနားမကပ်ဝံ့ကြတော့ချေ။ သို့သော် အချို့ကမူ အရဲစွန့်ကာချဥ်းကပ်တတ်ကြ၏။
ထို့အပြင် မာရှယ်က အလွန်အသန့်ကြိုက်တတ်ရာ ရဲဘော်ရဲဘက်များနှင့်ပင် ဖက်လှဲတကင်းမရှိခဲ့ချေ။
ခုကျတော့...ဘယ်လိုတွေဖြစ်ကုန်တာလဲ...
သွေးသားရင်းချာမဟုတ်ပဲ မိသားစုလို့ခေါ်နိုင်တဲ့ တခြားဆက်ဆံရေးတစ်ခုလား...
ရှီခိုင်ရှင်း ခေါင်းအသာယမ်းလိုက်သည်။
အိုက်ယား...သူဘာလို့ဒါကိုအခုမှတွေးမိရတာလဲ...လုံးဝမမျှော်လင့်ထားခဲ့ဘူးပဲ...
အားလုံးပြင်ဆင်ပြီးနောက် ဖုယွမ်ချွမ်းကပြောလိုက်သည်။ "သွားရအောင်..."
"ဟုတ်..." ရှီခိုင်ရှင်းက ပြုံးလိုက်ကာ ကျွင်းချင်ယွီအား နားလည်သည့်အကြည့်တစ်ချက်ပေးလိုက်သည်။
ဖုံးကွယ်ထားတဲ့လက်ထပ်စာချုပ် မဟုတ်လား...ရဲဘော်ရဲဘက်တွေကိုလည်း မသိစေချင်ဘူးပေါ့လေ...
မပူပါနဲ့...ဒီညီအကို နှုတ်လုံစေရပါ့မယ်...
အပြင်ကို လုံးဝသတင်းမပျံ့စေရဘူး...
ကျွင်းချင်ယွီ : "...."
ဒီတစ်ယောက်က နည်းနည်းထူးဆန်းနေသလိုပဲ...
ရှီခိုင်ရှင်းက သဘောကောင်းတဲ့လူပါ...ရုတ်တရက် ဘာလို့ကျောချမ်းလာရတာပါလိမ့်...
---
အပေါ်ထပ်၌...
ငါးထပ်မြောက်သို့ရောက်သောအခါ တစ်ထပ်လုံးတိတ်ဆိတ်နေလေသည်။
အဆောက်အအုံက သီးသန့်နေရာဖြစ်သည်။ အခမ်းအနားကျင်းပရာ ဒုတိယထပ်မှလွဲ၍ ကျန်သည့်အထပ်များသို့ ခွင့်ပြုချက်မပါပဲ တက်ရောက်ခွင့်မရှိချေ။
ရှီခိုင်ရှင်းက လမ်းကိုဦးဆောင်သွားသည်။
ကျွင်းချင်ယွီ ရေမထိရသည်မှာ ကြာပြီဖြစ်ရာ ခြေထောက်နည်းနည်းနာချင်လာ၏။
ဖုယွမ်ချွမ်းက ချီသွားချင်ငြား သူကငြင်းဆန်လိုက်သည်။ "ရတယ်...လက်ပဲကိုင်ထားပေး..."
နည်းနည်းပဲနာတာ...သက်သာသွားလိမ့်မယ်...
ဖုယွမ်ချွမ်းလက်ဆန့်ထုတ်ကာ ရေသူလေး၏ခါးကို ထိန်းကိုင်ပေးလိုက်သည်။
ကျွင်းချင်ယွီက ဖုယွမ်ချွမ်းကိုမီရင်း ခပ်ဖြည်းဖြည်းလျှောက်လာ၏။
တော့ဒစ်စ်က ဧည့်သည်များနှင့် စာကြည့်ခန်း၌တွေ့ဆုံလေ့ရှိသည်။ အခန်းက အပြင်ရှိလူကို စကင်န်ဖတ်ပြီးမှသာ တံခါးအလိုအလျောက်ဖွင့်ပေးလေသည်။
သူတို့တံခါးရှေ့ရောက်စဥ် ဖုယွမ်ချွမ်း၏မှတ်ဉာဏ်တုက တုန်ခါလာ၏။
သူဖွင့်ကြည့်လိုက်သည့်အခါ စာများဒါဇင်ကျော်ဝင်လာသည်။ သို့သော် အလုပ်ကိစ္စမဟုတ်ပဲ ကောင်းချီးပေးထားသော စာအိတ်နီများသာဖြစ်လေသည်။
စာဝင်လာသည့်အသံကြောင့် ကျွင်းချင်ယွီ စပ်စုလိုက်သည်။ "ဘာများလဲ..."
ဖုယွမ်ချွမ်းက မထူးခြားဟန်ဖြင့် ပြန်ဖြေလိုက်၏။ "ဘာမှမဟုတ်ပါဘူး..."
ခဏအကြာ၌ သူကထပ်ပြောသည်။ "ကိုယ့်ကိုခဏစောင့်နော်..."
"ကောင်းပြီလေ...."
ဖုယွမ်ချွမ်းက ရှီခိုင်ရှင်းဘေးတွင်ရပ်ကာ ပုခုံးကိုဆုပ်ကိုင်လိုက်သည်။ "ရှီခိုင်ရှင်း..."
"ရှိ..."
"အားလုံး ငါ့ဆီကိုစာအိတ်နီတွေရုတ်တရက်ပို့လာတဲ့ အကြောင်းအရင်းကို မင်းသိတယ်မဟုတ်လား..."
ရှီခိုင်ရှင်း ချွေးအေးများပင်ပျံလာ၏။ သူက ချောင်းအသာဟန့်ကာ "ဟားဟား...အားလပ်ရက်ကိုကြိုဆိုကြတာထင်တယ်...နှစ်သစ်ရောက်ဖို့ ရက်ပေါင်းတစ်ရာ့ငါးဆယ်လောက်လိုသေးတာကိုဗျာ...တော်တော်စိတ်လောတဲ့လူတွေ..."
ဖုယွမ်ချွမ်းက ထပ်မေးသည်။ "ဒါဆို နှစ်တစ်ရာတိုင်အောင် ပျော်ရွှင်နိုင်ပါစေ ဆိုတာကရော..."
ရှီခိုင်ရှင်း : "..."
သတင်းပျံ့တာ ကျွန်တော့်ဆီကမဟုတ်ပါဘူးလို့ပြောရင် မာရှယ်ယုံမလားမသိဘူး...
ရှီခိုင်ရှင်း တိတ်ကျသွားရာ ဖုယွမ်ချွမ်းက ထပ်မေးလိုက်သည်။
"ပြောလေ..."
ထိုစကားလုံးနှစ်လုံးမှာ ညင်သာသော်ငြား ရှီခိုင်ရှင်းတုန်တက်သွား၏။
မာရှယ်...ကျွန်တော့်လည်ပင်းကိုချိုးတော့မလို့လား...
ရှီခိုင်ရှင်းက အပြစ်ရှိဟန်ဖြင့်ပြုံးလိုက်ပြီး ဘာသံမှထပ်ထွက်မလာတော့ချေ။
ဖုယွမ်ချွမ်း : "သုံးမိနစ်အတွင်း သေချာရှင်းလိုက်..."
ရှီခိုင်ရှင်းချက်ချင်းပြန်ဖြေသည်။ "ဟုတ်...ဘော့စ်...တစ်မိနစ်အတွင်းရှင်းလင်းလိုက်ပါ့မယ်..."
ဖုယွမ်ချွမ်း ထိုပါးစပ်ဖွာသူအားလွှတ်လိုက်ကာ ရေသူလေးထံလျှောက်သွားလိုက်၏။
ရှီခိုင်ရှင်းက မှတ်ဉာဏ်တုကိုအမြန်ဖွင့်ကာ သူငယ်ချင်းဆိုးများဂရုထဲသို့ အမြန်စာပို့တော့သည်။
လောင်ဇီက သတင်းထူးတာနဲ့ပြေးပြောတာကို မင်းတို့က လောင်ဇီ့နောက်ကျောကိုဓားနဲ့ထိုးရဲတယ်ပေါ့လေ...
သူတို့နှစ်ဦး၏စကားများကို ကျွင်းချင်ယွီမကြားရချေ။ သူက ရှီခိုင်ရှင်းစာရိုက်နေပုံကိုကြည့်ကာ တစ်စုံတစ်ခုမှားယွင်းနေသည်ဟု ထင်သွား၏။
ဖုယွမ်ချွမ်းကပြောသည်။ : "ကိုယ်တို့ အရင်သွားနှင့်ကြမယ်..."
ကျွင်းချင်ယွီ ခဏတွေးလိုက်ကာ "ကျွန်တော် အထဲကိုမလိုက်တော့ဘူး..."
မာရှယ်နှစ်ဦးကြား ဆွေးနွေးရမည့်ကိစ္စမှာ အလွန်အရေးကြီးလိမ့်မည်။
သူ့ကိုခေါ်သွားရန် ဖုယွမ်ချွမ်းစိတ်မရှိသော်လည်း မာရှယ်တော့ဒစ်စ်က အပြင်လူတစ်ယောက်အား ကြိုဆိုချင်မှာမဟုတ်ချေ။
အပြင်မှာနေကျန်ခဲ့ခြင်းကသာ အကောင်းဆုံးဖြစ်လိမ့်မည်။
တံခါးနားတွင် ဆိုဖာခုံအတန်းလိုက်ရှိလေသည်။ ကျွင်းချင်ယွီက ထိုင်ခုံတစ်ခုပေါ်ထိုင်လိုက်ကာ "ကျွန်တော် ဒီမှာစောင့်နေမယ်..."
ဖုယွမ်ချွမ်းက ခဏတွေးလိုက်ကာ ရေသူလေး၏ခေါင်းလေးကို ပွတ်သပ်လိုက်၏။ "ကိုယ်မကြာခင် ပြန်ခဲ့မယ်..."
"ကောင်းပြီ..."
ထို့နောက် ဖုန်းဖြင့်အလုပ်ရှုပ်နေသည့် ရှီခိုင်ရှင်းထံလျှောက်သွားလိုက်သည်။ "သူ့ကိုသေချာကာကွယ်ထား..."
ရှီခိုင်ရှင်းက ဥာဏ်ရည်တုကို အမြန်ချလိုက်၏။ "ဟုတ်..."
ဖုယွမ်ချွမ်းအခန်းထဲဝင်သွားသည်နှင့် ရှီခိုင်ရှင်း ဂရုထဲထပ်ပြီးစာမပို့တော့ချေ။ ကျွင်းချင်ယွီကိုကာကွယ်ရန်သာ အာရုံစိုက်ထားတော့သည်။
ကျွင်းချင်ယွီက မျက်ဝန်းများမှိတ်ကာ အနည်းငယ်အိပ်စက်ရန်ပြင်လိုက်သည်။
သို့သော် တစ်စုံတစ်ဦးက သူ့အနားကပ်လာသည်ကို ခံစားမိလိုက်၏။ သူကမျက်မှောင်ကြုတ်လိုက်ကာ "ကျွန်တော် တခြားလူတွေနဲ့ နီးနီးကပ်ကပ်နေရတာ သဘောမကျဘူး..."
ကျွင်းချင်ယွီအနားတွင် ထိုင်ရန်ပြင်နေသည့် ရှီခိုင်ရှင်းက အခြားခုံသို့အမြန်ရွှေ့လိုက်သည်။
ခုဏကတော့ မာရှယ့်ပေါင်ပေါ်ထိုင်နေပြီးတော့...
ရှီခိုင်ရှင်းက မေးသည်။ "မာရှယ့်မှာ ရေသူလေးရှိတာသိလား..."
ကျွင်းချင်ယွီ ခပ်ပေါ့ပေါ့ပြန်ဖြေလိုက်၏။ "အင်း..."
"ကျွန်တော့်အထင် ခင်ဗျားကရေသူလေးနဲ့သိပ်တူတာပဲ..."
မာရှယ်ရှိလျှင် ချစ်စဖွယ်ကောင်းအောင် နေပြတတ်သလောက် မာရှယ်အပြင်ထွက်သွားသည်နှင့် ရေအောက်သို့ဆင်းကာ လူများကိုလျစ်လျူရှုတတ်သည့် ရေသူလေးနှင့် သူ့ရှေ့ရှိလူငယ်လေးမှာ တကယ့်ကိုတထေရာတည်းပင်။
ရှီခိုင်ရှင်းက ဆက်ပြောသည်။ "ဟေး...ခင်ဗျားတို့က ဆံပင်အရောင်ချင်းလည်းအတူတူပဲ..."
ရေသူလေးကျွင်းချင်ယွီ : "...တိုက်ဆိုင်တာပါ."
ကျွင်းချင်ယွီ မျက်နှာဖုံးကိုသေချာပြုပြင်ကာ ဖုံးလိုက်သည်။
ရှီခိုင်ရှင်းက မာရှယ်နှင့်လူငယ်လေးတွေ့ဆုံခဲ့ပုံကို မေးမြန်းရန် အားယူနေသည်။ သို့သော် သူ မမေးနိုင်ခင်မှာပင် အပြင်ဘက်ရှိတံခါးပွင့်လာ၏။
"သွမ့်ဟမ်ကျင်း..."
ကျွင်းချင်ယွီက ရှီခိုင်ရှင်းအသံကြောင့်မော့ကြည့်မိသည်။ ထွက်လာသူမှာ မာရှယ်တော့ဒစ်စ်၏လူဖြစ်ဟန်တူ၏။
ရှီခိုင်ရှင်းက ခပ်တိုးတိုးပြောပြလာသည်။ "သူက မာရှယ်တော့ဒစ်စ်ရဲ့ လက်ထောက်လေ..."
"ခုနက တစ်ယောက်ကရော..." စားသောက်တန်းနားတွင် သူတို့တွေ့ခဲ့သူက သွမ့်ဟမ်ကျင်းမဟုတ်ချေ။
"မာရှယ်တော့ဒစ်စ်က ရုံးအလုပ်လုပ်ရတာမကြိုက်ဖူးလေ...သူ့မှာလက်ထောက်ငါးယောက်တောင်ရှိတယ်..."
ကျွင်းချင်ယွီ : "..."
သွမ့်ဟမ်ကျင်းက သူတို့နားလျှောက်လာ၏။ "ကျွန်တော့်နာမည်ပြောနေတာ ကြားလိုက်သလိုပဲ..."
ရှီခိုင်ရှင်း ပြုံးလိုက်သည်။ "ခင်ဗျား ဘာလို့ဒီကိုရောက်လာတာလဲ..."
"မာရှယ်တော့ဒစ်စ်က စားစရာတစ်ချို့ပို့ပေးဖို့ပြောလို့လေ..." သွမ့်ဟမ်ကျင်း၏နောက်တွင် အစားအစာလှည်းကိုသယ်လာသည့် စားပွဲထိုးပါလာသည်။
သွမ့်ဟမ်ကျင်းက အစားအသောက်ဗန်းကို ရှီခိုင်ရှင်းအားပေးလိုက်၏။ "မာရှယ်က မင်းနဲ့မစ္စတာကျွင်းကို အတော်လေးဂရုစိုက်တာပဲ..."
"ကျွင်း..." ဖု မဟုတ်ဘူးလား...
"ကောင်းကောင်းသုံးဆောင်ပါ...ကျွန်တော် အခန်းထဲကို သွားပို့ရဦးမယ်..."
"ကောင်းပါပြီ...ကျွန်တော်တို့နောက်တစ်ခါ အပြင်မှာထမင်းအတူစားရအောင်..."
"ကောင်းပြီလေ..."
ထို့နောက် သွမ့်ဟမ်ကျင်း အခန်းတွင်းသို့ဝင်သွား၏။
ရှီခိုင်ရှင်းက ကျွင်းချင်ယွီအား မျက်လုံးတစ်ဖက်မှိတ်ပြသည်။ "ကျွန်တော် နားလည်ပါတယ်..."
ကျွင်းချင်ယွီ: "..."
ဘာတွေနားလည်နေတာလဲ...
ထို့နောက် တစ်ဖက်လူက စတော်ဘယ်ရီကိတ်တစ်ခုကို သူ့ထံကမ်းပေးလာသည်။ "မာရှယ် ခဏနေပြန်လာမှာပါ...တစ်ခုခုသုံးဆောင်ပါဦး..."
ကျွင်းချင်ယွီ ငြင်းဆန်လိုက်သည်။ "ကျွန်တော် စားခဲ့ပြီးပြီ..."
ရှီခိုင်ရှင်းက အမဲသားကိုလှီးဖြတ်ကာ ပါးစပ်တွင်းသို့ထည့်လိုက်၏။
"ဝိုး...အောက်ထပ်က အစားအစာတွေထက် အရသာပိုကောင်းတာပဲ...မာရှယ်က သီးသန့်စီစဥ်ပေးတာဖြစ်ရမယ်..."
ကျွင်းချင်ယွီက ကိတ်ကိုလက်လှမ်းလိုက်သည်။ သို့သော် တစ်စုံတစ်ခုမှားယွင်းနေမှန်း သတိပြုမိသွား၏။
သူက နောက်တစ်ပန်းကန်ကို စစ်ဆေးကြည့်လိုက်သည်။
ဒါရောပဲ...
ဤအစားအစာထဲတွင် စိတ်စွမ်းအားရှုပ်ထွေးစေသည့်အရာများ ပါဝင်နေလေသည်။
"မစားနဲ့..."
"ဟမ်.." ရှီခိုင်ရှင်းက ဝါးနေရင်းမေးလိုက်သည်။ "ဘာကိုလဲ..."
"ထွေးထုတ်လိုက်..."
ကျွင်းချင်ယွီ၏ လေးနက်သောအကြည့်ကြောင့် ရှီခိုင်ရှင်း အမှိုက်ပုံးဘက်လှည့်ကာ ပါးစပ်ထဲရှိအသားကို မထွေးချင်ထွေးချင်နှင့် ထွေးထုတ်လိုက်သည်။
ထို့နောက် ပါးစပ်ကိုဆေးလိုက်၏။ "ဘာဖြစ်လို့လဲ..."
ကျွင်းချင်ယွီ မျက်မှောင်ကြုတ်လိုက်သည်။ "အသားမှာ ပြသနာရှိတယ် မထင်ဘူးလား..."
"မထင်ပါဘူး...အဆိပ်ရှိနေလို့လား..."
ကျွင်းချင်ယွီ ခေါင်းခါလိုက်ရင်း မူလဇာတ်ကြောင်းတွင် ရှီခိုင်ရှင်းနှင့်အခြားလူများ စိတ်စွမ်းအားစတင်ဖောက်ပြန်သည့်အချိန်ကို စဥ်းစားကြည့်လိုက်မိသည်။
သွမ့်ဟမ်ကျင်းက တံခါးဝတွင်ရှိနေဆဲဖြစ်သည်။ သူက သူတို့ထံအမြန်ပြန်ရောက်လာကာ "အသားက အရသာမရှိလို့လား..."
ကျွင်းချင်ယွီက အစားအသောက်လှည်းထံသွားကာ ဝိုင်ခွက်တစ်ခွက်ကိုကောက်ယူလိုက်၏။ "ဒါတွေကို ဒီနေ့မှအထူးပြင်ဆင်ထားတာမဟုတ်လား..."
သွမ့်ဟမ်ကျင်းက ရှီခိုင်းရှင်းကိုကြည့်လိုက်သည်။
ရှီခိုင်ရှင်း ခေါင်းညိတ်ပြလိုက်၏။
"မဟုတ်ပါဘူး...ဒါတွေက မာရှယ်နေ့တိုင်းသုံးဆောင်တဲ့ဟင်းပွဲတွေပါ..."
"နေ့တိုင်းလား..."
"ဟုတ်ပါတယ်..."
ကျွင်းချင်ယွီက ဝိုင်ပုလင်းကိုပြန်ချလိုက်သည်။
ဖုယွမ်ချွမ်းရောက်လာမှာသိပြီး ကြိုတင်ကြံစည်ထားတာ မဟုတ်ဘူးပေါ့...
သူကသာ ထိတွေ့ရုံဖြင့် အစားအစာများ၌ ပြသနာရှိကြောင်းသိနိုင်တာဖြစ်သည်။ အခြားလူများက သတိပင်ထားမိမှာမဟုတ်ပဲ ဒီအတိုင်းစားသောက်လိုက်ကြမှာဖြစ်၏။
သွမ့်ဟမ်ကျင်းက ဆက်ပြောသည်။ "အားလုံးက ကျွန်တော်ကိုယ်တိုင်လုပ်ထားတာပါ...အဲ့ဒါကြောင့် ဘာပြသနာမှမရှိပါဘူး..."
"တခြားဘယ်သူမှ မပါဘူးလား..."
"မပါပါဘူး...ဟင်းပွဲပြင်ဆင်ဖို့ ကူညီပေးတဲ့ ဒီစားပွဲထိုးကလည်း စက်ရုပ်တစ်ရုပ်ပဲလေ...နောက်ပြီး ကျွန်တော်ကိုယ်တိုင် မြည်းစမ်းကြည့်ပြီးပါပြီ...ခင်ဗျားအနေနဲ့ သံသယကင်းကင်းထားလို့ရပါတယ်...ဖြစ်စဥ်တစ်ခုလုံးကို သေချာဂရုစိုက်ထားတာပါ..."
ကျွင်းချင်ယွီက သွမ့်ဟမ်ကျင်းလက်ကောက်ဝတ်ကို စမ်းသပ်လိုက်၏။ တစ်ဖက်လူက ရုန်းကန်ရန်ပြင်သော်လည်း ကျွင်းချင်ယွီ ရုန်းခွင့်မပေးချေ။
"ဒါဘာလုပ်တာလဲ..."
"ခင်ဗျားရဲ့စိတ်စွမ်းအားမှာ ပြသနာရှိနေတယ်..."
သွမ့်ဟမ်ကျင်း၏ဒေါသကို လျစ်လျူရှုရင်း ကျွင်းချင်ယွီခပ်ပေါ့ပေါ့ပြောလိုက်သည်။
"ပြသနာရှိနေတယ်...ဟုတ်လား..."
ကျွင်းချင်ယွီက တွန်းလှည်းပေါ်ရှိအစားအစာများကို ဆက်လက်စစ်ဆေးလိုက်၏။ သွမ့်ဟမ်ကျင်းသည်လည်းထိခိုက်ထားရာ သူက ဤလုပ်ကြံမှုနောက်ကွယ်ရှိလူ မဖြစ်နိုင်ပေ။
ဆိုတော့...ကျန်တာက...
"သတိထား..." ရှီခိုင်ရှင်းက သတိပေးရင်း ပန်းကန်ပြားတစ်ချပ်နှင့်လှမ်းပစ်လိုက်၏။
တိတ်ဆိတ်စွာရပ်နေသည့် စားပွဲထိုးက ဓားမြှောင်တစ်ချောင်းကို ရုတ်တရက်ထုတ်ကာ ရှီခိုင်ရှင်း၏ပန်းကန်ပြားပျံကို လက်နှင့်ကာလိုက်ပြီးနောက် ကျွင်းချင်ယွီအား ဓားဖြင့်ရွယ်လိုက်လေသည်။
သွမ့်ဟမ်ကျင်းက ကျွင်းချင်ယွီကိုကာကွယ်ရန် ပြင်ဆင်လိုက်၏။
ကျွင်းချင်ယွီ ခြေတစ်လှမ်းဆုတ်၍ ဓားမြှောင်ကိုရှောင်ကာ စားပွဲထိုး၏လက်ကောက်ဝတ်ကို ဖြတ်ရိုက်လိုက်သည်။
စားပွဲထိုးက ပါးစပ်ဖွင့်၍အော်လိုက်သော်လည်း ဘာသံမှထွက်မလာချေ။
ကျွင်းချင်ယွီက ဓားမြှောင်ကိုလုယူလိုက်ကာ စားပွဲထိုး၏လက်ကိုလိမ်ချိုးလိုက်ပြီး နံရံတွင်ဖိကပ်ထားလိုက်၏။
စားပွဲထိုးကရုန်းသော်လည်း လွတ်မြောက်ခြင်းမရှိပေ။
"ဒါက..." သွမ့်ဟမ်ကျင်း ကြောင်အနေသည်။ သူက စက်ရုပ်မှာအဆင်ပြေကြောင်း ပြောရုံရှိသေးသည်။ မျက်နှာကို တည့်တည့်ဖြတ်ရိုက်ခံလိုက်ရလေသည်။
"စစ်ဆေးဖို့ခေါ်သွားလိုက်...ဒါကလူမဟုတ်ဘူး..."ကျွင်းချင်ယွီက စားပွဲထိုး၏ခေါင်းဆောင်းကို ဖယ်လိုက်သည်။
"စက်ရုပ်လည်းမဟုတ်ဘူးပဲ..."
"ဒီလိုဟာမျိုးက ဝင်လာနိုင်တာလား..." ကျွင်းချင်ယွီ နှာခေါင်းရှုံ့လိုက်၏။
သွမ့်ဟမ်ကျင်းက ငြင်းချင်သော်လည်း စကားရှာမရချေ။ သူတို့၏ပေါ့လျော့မှုကြီးပင် ဖြစ်လေသည်။
"ကျွန်တော် စစ်ဆေးလိုက်ပါ့မယ်..."
ကျွင်းချင်ယွီက ရုန်းကန်နေဆဲဖြစ်သော စားပွဲထိုးကိုကြည့်လိုက်သည်။
ထိုအစားအစာကို ဖုယွမ်ချွမ်းစားလိမ့်မည်ဟု တွေးမိကာ သူအစိုးရိမ်လွန်သွားခဲ့သည်။
ရုန်းနေတုန်းပေါ့လေ...
Xxxxxxxxx