အပိုင်း ၃၆
Viewers 16k

Chapter 36


ရုန်းနေတုန်းပေါ့လေ...


ကျွင်းချင်ယွီက စားပွဲထိုး၏ခေါင်းကို နံရံနှင့်ဆောင့်ချလိုက်ကာ ဓားမြှောင်ကိုကိုင်မြှောက်လိုက်သည်။ ထို့နောက် နံရံပေါ်ထိုးစိုက်ချလိုက်၏။


ချွန်မြနေသောဓားမြှောင်က နံရံအတွင်းသို့ တစ်ဝက်ခန့်စိုက်ဝင်သွားသည်။ စားပွဲထိုး၏မျက်ဝန်းက ကြောက်လန့်တကြားပြူးကျယ်လာ၏။ သူက ထပ်မံ၍မရုန်းရဲတော့ချေ။


သွမ့်ဟမ်ကျင်းက ရှေ့သို့တစ်လှမ်းတိုးကာ ပြောလိုက်သည်။ "ကျွန်တော့် တာဝန်ထားလိုက်ပါ..."


စားပွဲထိုး၏ရည်ရွယ်ချက်က ဖုယွမ်ချွမ်းကို ထိခိုက်စေလိုခြင်းမဟုတ်ချေ။ ကျွင်းချင်ယွီက ဆက်လက်ကိုင်တွယ်ရမည်ကို ပျင်းရိလေရာ စားပွဲထိုးအား သွမ့်ဟမ်ကျင်းထံ လက်လွှဲပေးလိုက်၏။


သွမ့်ဟမ်ကျင်းက နံရံထဲတွင်စိုက်ဝင်နေသည့် ဓားမြှောင်ကို ပြန်နှုတ်ကြည့်သည်။ သို့သော် နှုတ်၍မရချေ။


သူ့မျက်နှာထက်တွင် ရှက်ရိပ်သမ်းလာကာ ထပ်မံကြိုးစားကြည့်သည်။ သို့သော် ဓားမြှောင်က နံရံတွင်းသို့နက်ရှိုင်းစွာ စိုက်ဝင်နေမြဲပင်။


"အဟမ်း...ကျွန်တော် တစ်ယောက်ယောက်ကိုလွှတ်ပြီး ဓားကိုယူခိုင်းလိုက်ပါ့မယ်..."


ကျွင်းချင်ယွီက ခေါင်းအသာယမ်းကာ ဓားကိုနှုတ်ပေးလိုက်သည်။ "ရော့..."


သွမ့်ဟမ်ကျင်း : "ကျေးဇူးပါ...."


ထိုအချိန်တွင် စက်ရုပ်က သွမ့်ဟမ်ကျင်းကိုင်ထားသည့်လက်ကိုဖြတ်ကာ တဟုန်ထိုးပြေးတော့သည်။


ကျွင်းချင်ယွီ၏မျက်ခုံးများက စိတ်ဝင်စားဟန်ဖြင့် မြင့်တက်သွားသည်။


သွမ့်ဟမ်ကျင်းက လက်ထဲတွင်ကျန်ခဲ့သည့် လက်ပြတ်ကိုကြည့်ရင်း စိတ်​လေသွားသည်။ ပိုပြီးစိတ်ပျက်စရာကောင်းသည်မှာ ထိုသူက သူ့ဘေးတွင် အကြာကြီးအလုပ်လုပ်ခဲ့ခြင်းပင်။


ရှီခိုင်ရှင်းက စားပွဲထိုး၏လမ်းကိုပိတ်ထားသည်။


သူ မလွတ်နိုင်ကြောင်းသိသွားချိန်၌ စက်ရုပ်က ကျွင်းချင်ယွီဘက် ပြန်လှည့်လာသည်။ သူက ကျွင်းချင်ယွီအား သတ်တော့မည့်ပုံဖြင့် တစ်ဟုန်ထိုးပြေးဝင်လာလေသည်။ 


ကျွင်းချင်ယွီ တိုက်ခိုက်ရန်ပြင်လိုက်ချိန်တွင် သွမ့်ဟမ်ကျင်းက သူ့ရှေ့မှကာဆီးလိုက်၏။


"မကြောက်နဲ့...ခင်ဗျားပြေးတော့...ကျွန်တော် ခင်ဗျားကိုကာကွယ်ပေးမယ်..."


ကျွင်းချင်ယွီ ခဏတိတ်ဆိတ်သွားကာ သွမ့်ဟမ်ကျင်း၏လက်မောင်းကိုဆွဲ၍ ဘေးသို့တွန်းဖယ်လိုက်သည်။ ထို့နောက် စက်ရုပ်ကို ရင်ဆိုင်လိုက်၏။


စက်ရုပ်အနားရောက်လာသည့်အခါ ကျွင်းချင်ယွီက ၎င်း၏လည်ပင်းမှဆွဲမြှောက်လိုက်သည်။ ထို့နောက် သူ၏ဝိဉာဥ်စွမ်းအင်ကို စက်ရုပ်၏လည်ပင်းမှတဆင့် လက်ချောင်းထိပ်များအထိ တစ်ကိုယ်လုံးအနှံ့ဖြန့်ကျက်​စေသည်။


စက်ရုပ်နဖူးပေါ်ရှိ အနီရောင်အလင်းက ငြိမ်းသွား​ခဲ့သည်။


စက်ရုပ်တစ်ခုလုံး ဘက်ထရီကုန်သွားကာ ခြေလက်များက ခန္ဓာကိုယ်နံဘေးသို့ တွဲလောင်းကျသွား​လေသည်။


ကျွင်းချင်ယွီလက်လွှတ်လိုက်သည့်အခါ စက်ရုပ်က မြေပြင်ပေါ်လဲကျသွား၏။


ရှီခိုင်ရှင်းနှင့်သွမ့်ဟမ်ကျင်းတို့နှစ်ဦးလုံး ကြောင်အလျှက်ရှိသည်။


ကျွင်းချင်ယွီက တစ်ရှူးကိုယူကာ လက်သုတ်လိုက်သည်။


ထို့နောက် သူ့ကိုငေးကြည့်နေသော လူနှစ်ဦးအားကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိ၏။ "စုံစမ်းစစ်ဆေးဖို့ ပြင်ဆင်တော့လေ..."


သွမ့်ဟမ်ကျင်း သတိပြန်ဝင်လာသည်။ "အိုး...ကောင်းပါပြီ..."


ထိုစဥ် စာကြည့်ခန်းတံခါးပွင့်လာ​လေသည်။


အပြင်ဘက်ရှိရှုပ်ပွနေသည်များကို ဖုယွမ်ချွမ်းတွေ့သွား၏။ "ရှောင်ယွီ...ဘာတွေဖြစ်နေတာလဲ..."


ဖုယွမ်ချွမ်းအသံကိုကြားသည်နှင့် ကျွင်းချင်ယွီ၏ အေးစက်စက်မျက်နှာထား အရည်ပျော်သွားကာ သူ့မျက်နှာထက်တွင် အပြုံးတစ်ခုပေါ်လာသည်။


သူက ဖုယွမ်ချွမ်းထံလျှောက်သွားကာ တစ်ဖက်လူ၏လက်မောင်းများအတွင်းသို့ တစ်ကိုယ်လုံးပစ်ဝင်လိုက်၏။ "ဆွေးနွေးပြီးပြီလား..."


ရှီခိုင်ရှင်းက ကျွင်းချင်ယွီ၏ ရုတ်ချည်းပြောင်းလဲသွားသော အပြုအမူကြောင့်ကြောင်အသွားသည်။


ခုနက အေးတိအေးစက်တိုက်ခိုက်နေတဲ့တစ်ယောက်နဲ့ ဘာမှလည်းမဆိုင်ပါလား...


ရှီခိုင်ရှင်း : "..."


ဖုယွမ်ချွမ်း သူ့ရင်ခွင်ထဲသို့ရောက်လာသော ရေသူလေးကို ဖက်ရန်လက်ကိုအမှတ်တမဲ့ မြှောက်လိုက်ပြီး ပြောလိုက်သည်။


"ကိစ္စက မပြီးသေးဘူး၊ အပြင်က အသံကြားရလို့ ထွက်လာကြည့်တာ..."


ထိုစကားကို ပြောပြီး ဖုယွမ်ချွမ်း ရှီခိုင်ရှင်းကို ကြည့်လိုက်သည်။


"ဘာဖြစ်တာလဲ..."


"အာ၊ ကျွန်တော်..."


ရှီခိုင်ရှင်း ပါးစပ်ဟလိုက်သည်။ အကြောင်းမှာ ယခုလေးတင် ဖြစ်ပျက်ခဲ့သည်တို့အား ဖုယွမ်ချွမ်းကိုပြောပြခဲ့သင့်ခြင်းကြောင့်ပင်။


သို့သော် ဘာကြောင့်မှန်းမသိ ရှီခိုင်ရှင်း တွန့်ဆုတ်နေမိသည်။


သူဘာပြောသင့်လဲ။


သူပြောသင့်လား။ မာရှယ်... မင်းပြောတဲ့ အားနည်းတဲ့ ကျွင်းချင်ယွီက ကျွန်တော့်ကိုကာကွယ်ဖို့ ဒေါသကြီးတဲ့ စက်ရုပ်ကို အမှောက်သိပ်လိုက်ပြီ။ ပြီးတော့ စက်ရုပ်ကို ကိုယ့်ဟာကိုယ် ဖောက်ကွဲမရအောင်တောင် တားဆီးလိုက်သေးတယ်ဆိုပြီးတော့လေ။


အဲလိုပြောရင် အဆင်ပြေရဲ့လား။


သူက ကျွင်းချင်ယွီကို တိတ်တခိုး မျက်လုံးချင်းအချက်ပြလိုက်သည်။


ငါဘာပြောလိုက်သင့်လဲ?


ကျွင်းချင်ယွီ ချောင်းဟန့်လိုက်ကာ စကားလမ်းကြောင်းလွှဲလိုက်သည်။


" ယွမ်ချွမ်း၊ ကျွန်တော်တော့ စက်ရုပ်မှာ ပြဿနာ ရှိနေတာလို့ထင်တယ်..."


"စက်ရုပ်နဲ့ တူနေပေမယ့် သာမန်လူလိုလည်း ခံစားရတယ်..."


"ခုနက စာကြည့်ခန်းထဲကို တစ်ခုခုပို့မလို့ လုပ်နေတာတွေ့ပြီး စားစရာက တစ်ခုခုလွဲနေတယ်ထင်လို့ တားလိုက်တာ..."


သူ ဘယ်လိုတားလိုက်တယ်ဆိုတာကိုတော့ ကျွင်းချင်ယွီက မပြောဖို့ရွေးချယ်ကာ လျစ်လျူရှုထားလိုက်သည်။


မာရှယ်တော့ဒစ်စ်က ကျွင်းချင်ယွီစကားများကို ကြားပြီးသည်နှင့် မျက်နှာမှာ မှောင်မိုက်သွားသည်။


မိမိစားစရာထဲတွင် တစ်ခုခု ရောထားသည်ကိုကြားရသောသူတိုင်း ထိုသို့ဖြစ်မည်ပင်။


ထို့အပြင် သူ့ခန္ဓာကိုယ်မှာ ယခင်ကလိုမကျန်းမာတော့ကြောင်းကိုလည်း တော့ဒစ်စ် သတိထားမိသည်။


ယုံကြည်ရသောသူကို ချက်ပြုတ်ရန်စေခိုင်းသည်အထိ သတိထားခဲ့သော်လည်း တစ်ခုခု လွဲသွားမည်ဟု မထင်ခဲ့ချေ။


သွမ့်ဟမ်ကျင်းက စက်ရုပ်ကို ချည်နှောင်ထား၏။ အသိမရှိတော့သည့် စက်ရုပ်မှာ အခန်းထောင့်တွင် ချထားသော သတ္တုပုံကြီးနှင့်ဆင်တူသည်။


မာရှယ်တော့ဒစ်စ်က ထိုနေရာသို့လျှောက်သွားကာ စက်ရုပ်၏ သနားစရာအသွင်အပြင်ကိုကြည့်ပြီး ပြောလိုက်လေသည်။


 " အစကတော့ ဘာမှ အလေးအနက်မဟုတ်ဘူး၊ လေပိုဝင်လာပေမယ့် လေကပိုနည်းသွားသလိုပဲ(အရှုံးနဲ့အမြတ်မကာမိ)၊ အခုဒီလိုဖြစ်သွားမှတော့ ဘယ်လိုစစ်ဆေးနိုင်တော့မှာလဲ..."


လေ့ကျင့်ထားသည့် သွမ့်ဟမ်ကျင်းမှာ ရှက်ရွံ့စွာဖြင့် ခေါင်းကို ငုံ့ကာ "မာရှယ်... ဒါက... ကျွန်တော် မဟုတ်ပါဘူး... "


သူစပြီးမလှုပ်ရှားရသေးမှီမှာပင် စက်ရုပ်ကို ဖြေရှင်းပြီးနေပြီဖြစ်သည်။


မာရှယ်တော့ဒစ်စ်က ပြောလာသည်။


 "ဘာက မင်းမဟုတ်တာလဲ၊ ဒါဆို ရှီခိုင်ရှင်းလား၊ ရှီခိုင်ရှင်းက ကောင်းကောင်းစလိုက်တာပဲ၊ မာရှယ်ဖု လုပ်တယ်လို့များ မင်းထင်နေတာလား၊ သူက ခုနကလေးတင် အိမ်ထဲမှာ ငါနဲ့ စကားပြောနေခဲ့တာ...."


မာရှယ်တော့ဒစ်စ်က သွမ့်ဟမ်ကျင်း၏အကြည့်နောက်ကိုလိုက်ကာ ရယ်မောလိုက်ပြီး ပြောလိုက်၏။


 "မင်းလို့တော့ ပြောလို့မရဘူးလေ..."


"အဲ့ဒါက..." ကျွင်းချင်ယွီ ရုတ်တရက် တော့ဒစ်စ်၏စကားကို ဖြတ်ပြောလိုက်သည်။


ဖုယွမ်ချွမ်း လှမ်းကြည့်လိုက်ရာ ကျွင်းချင်ယွီက ကြမ်းပြင်ပေါ်မှ သံပုံကြီးကို ညွှန်ပြလိုက်ပြီး ပြောလာသည်။


"ဘာမှ မပြောနဲ့တော့၊ စက်ရုပ်ကိုပဲအရင်ထိန်းကြရအောင်"


သူ၏ အလေးအနက်ဖြစ်နေသည့်မျက်နှာပေးကို မြင်လိုက်ရသည်နှင့် လေထုကိုပြေလျော့သွားစေရန်အလို့ငှာ တော့ဒစ်စ်က ပြုံးလျက် ပြောလိုက်၏။


" မဟုတ်ဘူး၊ ပရိုဂရမ်က အဖောက်ခံရပြီးတော့ ပြန်ရေးခံထားရတာဖြစ်မယ်... ၊ပြန်ပြောင်းလိုက်ရုံပါပဲ...၊ မဟုတ်ရင်လည်း မူလစက်ရုံကို ပြန်ပို့ပြီးတော့ ပြင်ခိုင်းလိုက်တာပေါ့..."


ကျွင်းချင်ယွီ ခေါင်းကိုခါလိုက်ပြီး " မဟုတ်ဘူး...၊ ဒါက ပရိုဂရမ်ကြောင့်ဖြစ်တဲ့ ပြဿနာမဟုတ်ဘူး၊ စက်ရုပ်လက်တွေက ပြန်ထွက်လာလိမ့်မယ် ..."


"ပြန်ထွက်တယ်..."


ထိုစကားကို ကြားလိုက်သည်နှင့် ရှိနေသောသူအားလုံး မှင်သက်သွားကြ၏။


"ဟုတ်သားပဲ..." သွမ့်ဟမ်ကျင်း အမြန်ထောက်ခံကာ ဆက်ပြောလိုက်သည်။ "ခုနက ကျွန်တော် စက်ရုပ်ကို ဖမ်းချုပ်လိုက်တော့ သူက လက်ကိုဖြုတ်ပြီး ထွက်ပြေးသွားတာ...၊ ဒါပေမယ့် အခုကျ သူ့လက်က ခန္ဓာကိုယ်ပေါ်မှာ ပြန်ရောက်နေပြီ..."


ပြောရလျှင် ယခု မမြင်နိုင်သော်လည်း ပေါက်ကွဲပြီးပြီးချင်း ကျွင်းချင်ယွီ ထံသို့လက်ဖြင့် ပြေးသွားနေသောစက်ရုပ်၏ပုံစံကို သွမ့်ဟမ်ကျင်း ကောင်းကောင်းမှတ်မိသည်။


သွမ့်ဟမ်ကျင်း သံပုံကြီးကို ဖြေရှင်းရန်ထိုင်ချလိုက်ကာ ကြမ်းပြင်ပေါ်တွင် ခြေထောက်များကို ဆန့်လျက် စက်ရုပ်၏ လက်တလောတင် ပြုတ်သွားခဲ့သော လက်ကို တပ်လိုက်သည်။ ထိုအခါ အနည်းငယ် ရှင်းလင်းသွားစေ၏။


ဖုယွမ်ချွမ်း လက်ကိုမြှောက်ပြီး ရေသူလေး၏မျက်လုံးများကို ကာလိုက်သည်။ သူက မြေကြီးပေါ်မှ စက်ရုပ်ကို မျက်မှောင်ကြုတ်ကာ ကြည့်ရင်း ပြောလိုက်သည်။


" M ကြယ် ထွက်လာတော့"


ထိုစကားကိုကြားသောအခါ ရှီခိုင်ရှင်း လန့်သွားပြီး ပြောလိုက်သည်။


"အဲ့ဒီ စမ်းသပ်ခံ ဂြိုဟ်လား..."


"ကောင်းပြီ"


မာရှယ်တော့ဒစ်စ်လည်း မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။


" အဲ့ဒီမှာ တကယ်ရှိနေတာပဲ..."


M ကြယ်အကြောင်းထွက်လာသည့်အခါ အားလုံးက ယင်းက ဘယ်မှာရှိသည်ကို သိနေကြပုံရသည်။


ကျွင်းချင်ယွီတစ်ဦးတည်းကသာ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြင့် လိုက်ကြည့်နေရလေသည်။ ဘာကိုစပ်းသပ်တာလဲ၊ ဘာကြယ်လဲ။


ရေသူလေး၏ မျက်တောင်များမှာ အလွန်ရှည်လျားကာ လက်ဖြင့်ထိမိလျှင် နူးညံ့သော ခံစားချက်ကို ရစေ၏။


သူ သိချင်နေသည်ကို သိသောအခါ ဖုယွမ်ချွမ်းက ပြောလာသည်။


 "လိမ္မာနော်၊ ပြန်ရင်ပြောပြမယ်"


"ကောင်းပါပြီ" 


ကျွင်းချင်ယွီက ဖုယွမ်ချွမ်းလက်ကိုဖယ်ပြီး ကြမ်းပြင်ပေါ်မှ စက်ရုပ်ကိုအနီးကပ် ကြည့်ဖို့ပင် မကြိုးစားတော့ပေ။


ရှီခိုင်ရှင်း ယင်းကိုမြင်ပြီး သူ့သွားများပင် ချဥ်တူးလာကာ ကြမ်းပြင်ပေါ်မှ စက်ရုပ်ကိုသာ ကြည့်လိုက်တော့သည်။


သူ Mကြယ်အကြောင်း ပြောစဉ်က မာရှယ်တော့ဒစ်စ်၏မျက်နှာထားမှာ တင်းမာလာကာ "နည်းပညာ အဖွဲ့က လူတွေကိုပြောလိုက်...၊ ဒီစက်ရုပ်က ဒေတာတွေကို ထုတ်ပြီးတော့ နောက်ကွယ်ကသူတွေကို ပုံရိပ်ယောင်ဒေတာ ဖန်တီးပြီး ပြန်ပေးလိုက်..."


"စက်ရုပ်ဖော်ထုတ်ခံလိုက်ရတာကို သူတို့ကို သိခွင့်မပေးနဲ့..."


သွမ့်ဟမ်ကျင်းက တုန့်ပြန်လိုက်သည်။


 "ဟုတ်ကဲ့!"


မာရှယ်တော့ဒစ်စ်ပိုင်နက်တွင် ဖမ်းမိထားသော စက်ရုပ်မှာ သဘာဝကျကျပင် မာရှယ်တော့ဒစ်စ် ကိုင်တွယ်ရမည်ဖြစ်သည်။


ဖုယွမ်ချွမ်း ဘာမှဝင်မစွက်ဖက်သော်လည်း ပြောလိုက်သည်။


"နောက်ကျနေပြီ၊ ငါမင်းကို အတတ်နိုင်ဆုံး မြန်မြန်အကြောင်းပြန်လိုက်မယ်..."


မာရှယ် တော့ဒစ်စ်က တုန့်ပြန်သည်။


"ကောင်းပြီ လောစရာမလိုပါဘူး..."


ဖုယွမ်ချွမ်းခေါင်းညိတ်ကာ ပြန်ရန်ပြင်လိုက်စဉ် အခန်းထောင့်တွင် တပ်ထားသော ကင်မရာကို ရုတ်တရက်သတိရလိုက်ပြီး သတိပေးလိုက်သည်။


"ခုနကမှတ်တမ်းတွေ ဖျက်ဖို့ မမေ့နဲ့နော်..."


မာရှယ် တော့ဒစ်စ်လည်း ကြားကြားချင်းပင် ဉာဏ်ရည်တုစက်ကို တိုက်ရိုက်သုံးကာ အမြင့်ဆုံးအာဏာကိုသုံးပြီး မှတ်တမ်းများကို ရှင်းလင်းလိုက်သည်။


ကျွင်းချင်ယွီ ထိုစကားများကို ကြားသောအခါ တွန့်ဆုတ်သွားပြီး ဖုယွမ်ချွမ်းကို လှမ်းကြည့်လိုက်၏။


ဖုယွမ်ချွမ်း၏ လက်ညှိုးလေးက သူ့မျက်ခုံးကိုလာထိ၏။ သူ၏ လှုပ်ရှားမှုက အနည်းငယ်ထူးဆန်းနေသည်။။


ကျွင်းချင်ယွီ အရာအားလုံးကို ချက်ချင်းနားလည်လိုက်သည်။ ယခုလေးတင် ဖြစ်ပျက်ခဲ့သမျှကို စဉ်းစားမိပြီး မရှင်းပြနိုင်သောအပြစ်ရှိနေသည့်ခံစားချက်ဖြင့် ခေါင်းလေးကို ဖုယွမ်ချွမ်းရင်ခွင်ထဲတွင် မြှုပ်ကာ လွတ်မြောက်ရန် ကြိုးစားလိုက်သည်။


ဖုယွမ်ချွမ်းမှာ ထိုအမူအရာနှင့် အလွန်ရင်းနှီးနေ၏။


ရေသူလေး၏ ဆံပင်လေးကိုထိပြီးသောအခါ ရေသူလေးကို ပွေ့လိုက်ကာ "သွားကြမယ်..." ဟုပြောလိုက်လေသည်။


"ကောင်းပြီ၊ လမ်းမှာ သတိထားဦးနော်...."


ရှီခိုင်ရှင်း သွမ့်ဟမ်ကျင်းကို အမြန်နှုတ်ဆက်လိုက်ကာ ဖုယွမ်ချွမ်းနောက်ကို အမြန်လိုက်ထွက်သွား၏။


အားလုံးပြန်သွားသောအခါ ဗလာဖြစ်သွားသော လျှောက်လမ်းကြီးမှာ ခဏအကြာ တိတ်ဆိတ်သွား၏။


မာရှယ် တော့ဒစ်စ် သက်ပြင်းချကာ "မီးဖိုခန်းထဲရော အကုန်စစ်ကြည့်ပါဦး...ရှင်းလင်းနေမှ ဖြစ်မယ်..."


သွမ့်ဟမ်ကျင်း ခေါင်းညွတ်ကာ အရိုအသေပြုလိုက်သည်။


ရှီခိုင်ရှင်း ပြန်သောအခါ သူတို့နှင့်လိုက်မသွားဘဲ အစီရင်ခံစာရေးမည်ဆိုသော အကြောင်းပြချက်ဖြင့် ထွက်သွား၏။


ကားပေါ်သို့ ရောက်ရောက်ချင်း ကျွင်းချင်ယွီက မေးလိုက်လေသည်။ "M ကြယ်က ဘာလဲ... ဘာလို့ စမ်းသပ်ခံဂြိုဟ်လို့ ခေါ်ရတာလဲ..."


ထိုစကားလုံး နှစ်လုံးနှင့်ရင်ဆိုင်ရသော ခံစားချက်ကို နားလည်သည်။


ဖုယွမ်ချွမ်း ကားမှ ဒိုင်းကာကိုတင်လိုက်ရင်း ရှင်းပြလာသည်။


"အင်ပါယာ ခေါင်းဆောင်က M ကြယ်ကို စမ်းသပ်မှုအသေးစားလေးတွေ လုပ်နေတာလေ..."


"စမ်းသပ်မှုက တော်တော်လေးကျယ်ပြန့်တယ်...၊ပြီးတော့ အမျိုးအစားကလည်း အများကြီးပဲ...၊ ကိုယ်သိသလောက်တော့စက်ရုပ်နဲ့ လူတွေကြားက တူညီချက်ကို စမ်းသပ်နေတာလည်း ပါတယ်..."


လူသားတွေနဲ့ စက်ရုပ်တွေ....


ကျွင်းချင်ယွီ ခဏအကြာတွေးနေပြီးမှ ပြောလိုက်သည်။


"အဲ့ဒါဆိုရင် ခုနက စက်ရုပ်က လူလား...စမ်းသပ်ချက်လုပ်ပြီးတော့ စက်ရုပ်အဖြစ်ပြောင်းခံထားရတာလား..."


ဖုယွမ်ချွမ်း ခေါင်းညိတ်ပြကာ "အရင် စမ်းသပ်ချက်က အဝေးက ဂြိုဟ်တစ်ခုမှာလေ...၊ စစ်ပွဲပြီးတော့ ကိုယ်က တပ်ဖွဲ့ကို အဲ့ဒီဂြိုဟ်မှာအခြေချဖို့ ခေါ်သွားခဲ့တာ....၊ အဲ့ဒီတုန်းက တစ်ခုခုလွဲနေတာကို သိပြီးတော့ စမ်းသပ်ခန်းကို ဖြေရှင်းခဲ့သေးတယ်..."


"M ကြယ်က တည်ဆောက်ထားတာ မကြာသေးဘူး..."


ကျွင်းချင်ယွီ ရုတ်တရက် အံ့ဩသွားကာ အင်ပါယာခေါင်းဆောင်က ဘာကြောင့် ဖုယွမ်ချွမ်းကို ယခုလိုပစ်မှတ်ထားရသည်ကို သဘောပေါက်သွားသည်။


အကြောင်းမှာ ဖုယွမ်ချွမ်းသည် စွမ်းအားအလွန်ကြီးကာ တိုင်းပြည်အတွက်လည်းအရေးပါပြီး အာဏာအတွက်လည်းတိုက်ခိုက်လိုစိတ်မရှိချေ။ ထိုသို့သော သူများမှာ အင်ပါယာခေါင်းဆောင်များ၏ အသုံးချခံများ ဖြစ်သွားတတ်သည်။


သို့သော် အင်ပါယာခေါင်းဆောင်များမှာ ဖုယွမ်ချွမ်းကိုရှင်းရန် စိတ်ပိုင်းဖြတ်ထားကြသည်။


ဖုယွမ်ချွမ်းက လျှို့ဝှက်ချက်ကို သိသွားကြောင့်ရှင်းပစ်ရန် လိုအပ်သည်လား။


ထို့အပြင် ထိုစက်ရုပ်၏ လက်များပြန်ပေါက်နိုင်သောအရည်အချင်းဟာဆိုလျှင် အလွန်ကောင်းသော စွမ်းရည်ဖြစ်သောကြောင့် အသုံးဝင်လာနိုင်သည်။


Xxxxxxx