Chapter 37
တိုင်းပြည်ခေါင်းဆောင်များမှာ အချိန်အတန်ကြာပြင်ဆင်ထားခဲ့ကြခြင်းဖြစ်သောကြောင့် အလွန်ယုံကြည်ချက်ရှိနေသည်မှာ မထူးဆန်းချေ။
ကျွင်းချင်ယွီ နှုတ်ခမ်းများကို တင်းကြပ်နေအောင်စေ့ထားလိုက်သည်။ လူများနှင့်စက်များကို ရောထွေးလိုက်ခြင်းက အလွန်ပင်ထူးဆန်း၏။ သူကမေးလိုက်သည်။
"စမ်းသပ်ခန်းက အကြောင်းတွေကို ဖော်လိုက်လို့မရဘူးလား..."
ဖုယွမ်ချွမ်းက ပြန်ပြောလာသည်။
"ကိုယ် M ကြယ်ကို လူတွေလွှတ်ပြီးတော့ စမ်းသပ်ခန်းကို စစ်ဆေးခိုင်းထားတယ်..၊.ဒါပေမယ့် အပေါ်ယံပြထားတာတွေက ပုံမှန်စမ်းသပ်ပစ္စည်းတွေဘဲ ဆိုတော့ လူတွေနဲ့မဆိုင်သလို ဖြစ်နေတယ်..."
"ထပ်ပြီးတော့ စစ်ဆေးဖိူ့ အချိန်ကလည်းမရှိဘဲ ကိုယ့်အခြေအနေကလည်း ရုတ်တရက်ကြီး ဆိုးလာတော့ တခြားကိစ္စတွေကိုအာရုံစိုက်ဖို့ အချိန်လည်းမရှိဘူး ဖြစ်သွားတယ်....၊ အချက်အလက်တွေကိုတော့ တော့ဒစ်စ်ကို ပေးထားပြီး အကူအညီတောင်းထားတာ..."
ယခုအချိန်တွင်...နှစ်ခြိုက်လောက်စရာကောင်းသော သက်သေကို မပေးနိုင်သေးခြင်းသာ ဖြစ်၏။
တစ်ဖက်တွင်လည်း စမ်းသပ်ခန်းထဲ၌ တော့ဒစ်စ်ထည့်ထားသော သူများရှိနေ၏။
ကျွင်းချင်ယွီ မျက်မှောင်ကြုတ်လိုက်သည်။ ထိုသို့ဆိုလျှင် ဖုယွမ်ချွမ်း၏ရောဂါမှာ အင်ပါယာခေါင်းဆောင်နှင့် ပတ်သက်နေသည်များလား။
စမ်းသပ်ခန်းကို ဖျက်ဆီးပြီးနောက် တိုက်ပွဲမှ ပြန်လာပြီး မကြာခင်မှာပင် ဖျားနာခြင်းဖြစ်သောကြောင့် တိုက်ပွဲနှင့်ပတ်သက်သည့် ပြဿနာရှိနေပေလိမ့်မည်။
အင်ပါယာခေါင်းဆောင်များမှာ ဘာမှမလုပ်သေးပုံပေါက်သော်ငြားလည်း အမှန်တွင် လုပ်နိုင်သမျှ အကုန်လုပ်ပြီး ဖြစ်၏။
ယခုလောလောဆယ်မှာတော့ မာရှယ်တော့ဒစ်စ်နှင့် ဖုယွမ်ချွမ်းတို့မှာ ကြိုးတစ်ချောင်းတည်းပေါ်တွင် လမ်းလျှောက်နေသူများ ဖြစ်ကြပုံရသည်။
ကျွင်းချင်ယွီ မေးလိုက်ပြန်သည်။
"မာရှယ် တော့ဒစ်စ်နားမှာရော တစ်ယောက်ယောက်ရှိလား..." (ရေသူကိုဆိုလိုခြင်း)
"ရှိတယ်၊ ရထားတာတောင် ကြာပြီ..."
ကျွင်းချင်ယွီ ခေါင်းညိတ်လိုက်ရင်း ထိုသို့ဆိုလျှင်တော့ သူ့ခန္ဓာကိုယ်မှ ပြဿနာကို ဖြေရှင်းပေးနိုင်လိမ့်မည် ဟုတွေးလိုက်လေသည်။
သူက အသစ်တွေလုပ်ကြည့်ဖို့ကြိုးစားဖူးပြီး ကုသမှုကကြာဦးမှာဖြစ်သည်။ အခုအရင်းမြစ်ကို ဖယ်လိုက်နိုင်ပြီဆိုတော့ ပြန်ကောင်းဖို့က အချိန်တစ်ခုသာ လိုတော့ခြင်းဖြစ်သည်။
ကျွင်းချင်ယွီ ခေါင်းလေးကို စောင်းကာ ဖုယွမ်ချွမ်း၏ပုခုံးပေါ်မှီလျက် ညင်သာစွာ ပြောလိုက်၏။
" မပူပါနဲ့၊ ငါ ကူညီပေးပါ့မယ်..."
ဖုယွမ်ချွမ်း ရေသူလေး၏ခေါင်းကို ဖွဖွလေးပုတ်ကာ
"M ကြယ်အကြောင်းက အဲ့ဒါအကုန်ပဲ...၊ ခုနက တိုက်ခိူက်နေခဲ့တာလား..."
ကျွင်းချင်ယွီ: "..."
ထိုစဉ် ကားပျံမှာ ရပ်တန့်သွားကာ တံခါးပွင့်လာပြီး ကျွင်းချင်ယွီက ဘာမှမပြောဘဲ ခုန်ဆင်းသွားသည်။
ခြေထောက်နာသည်မနာသည်ကိုလည်း ဂရုမစိုက်တော့ဘဲ ပြေးသွားလေသည်။
ဖုယွမ်ချွမ်း ထွက်ပြေးသွားသော ရေသူလေးနောက်မှပြေးလိုက်ကာ ရေသူလေးကိုဖမ်းပြီး သူ့ပုခုံးပေါ်တင်လိုက်သည်။
ကျွင်းချင်ယွီ အရှေ့ဘက်ကို ကြည့်ကာ "အာ..."ဟု အသံပြုလိုက်၏။
ထပ်ပြီး ပြဿနာမရှာရသေးမှီ ကျွင်းချင်ယွီ အိမ်ကြီးထဲခေါ်သွားခံရကာ ဆိုဖာပေါ်ရောက်သွားသည်။
အမြန်ထထိုင်လိုက်ကာ စကားပြောရန်ပြင်လိုက်စဉ် သူ့ရှေ့တွင် ရုတ်တရက်ဒူးထောက်ထိုင်ချလိုက်သော ဖုယွမ်ချွမ်းကို မြင်လိုက်ရသည်။
ကျွင်းချင်ယွီ မှင်သက်သွားကာ ခြေဖနောင့်များနွေးထွေးသွားသည်ကို ခံစားလိုက်ရပြီး ခေါ်လိုက်သည်။
"ယွမ်ချွမ်း ..."
ဖုယွမ်ချွမ်း သူ့ဖိနပ်လေးများကိုချွတ်ပေးကာ ဘယ်ဘက်ခြေထောက်မှဘောင်းဘီကို ဒူးအထိ မတင်လိုက်သည်။
ဘယ်ဘက်ခြေထောက်၏ ခြေသလုံးပေါ်တွင် ဒဏ်ရာလေးများရှိနေသည်။
ကျွင်းချင်ယွီ အနည်းငယ်လန့်သွားသည်။ ဘယ်ဘက်ခြေထောက်တွင် နာကျင်မှုကို အနည်းငယ်ခံစားရသော်လည်း ရေထဲတွင်မနေရတာ ကြာလာပါက ခြောက်သွေ့ကာ အဆင်မပြေဖြစ်လိမ့်မည်သာ။
သို့သော် ယခုလောက်ဒဏ်ရာများမည်မှန်း မထင်ခဲ့ပေ။ တစ်စုံတစ်ယောက်က ရိုက်နှက်ထားသည်နှင့်ပင် တူလေသည်။
ကျွင်းချင်ယွီ၏ အသားအရေမှာ အလွန်ဖြူဖွေးကာ ထိုမျှလောက် ဒဏ်ရာလေးများကပင် ကြောက်စရာကောင်းနေ၏။
လက်တလော တိုက်ခိုက်စဉ်တုန်းက ရခဲ့သောဒဏ်ရာများ ဖြစ်ပုံရပြီး ကျွင်းချင်ယွီကိုယ်တိုင်ပင် သတိမထားမိလိုက်ချေ။
ဖုယွမ်ချွမ်း ဝါဂွမ်းစလေးကို ဆေးအဆီတွင် နှစ်ပြီး ဒဏ်ရာပေါ်သို့ ညင်သာစွာသုတ်ပေးနေသည်။ "နာလား..."
ကျွင်းချင်ယွီ ခေါင်းခါပြကာ "ဟင့်အင်း...မနာပါဘူး..."
အေးမြသော ဆေးအဆီမှာ နေလို့ပင်ကောင်းနေ၏။
အများအပြား ထိခိုက်သွားသော ရေသူလေးကို ကြည့်ကာ ဖုယွမ်ချွမ်း သတိပေးလိုက်သည်။
"မင်း တိုက်ခိုက်လို့တော့ ရပါတယ်...၊ ဒါပေမယ့် ကိုယ့်ကိုကိုယ်တော့ ထိခိုက်အောင် မလုပ်ပါနဲ့..."
ထိုစကားကိုကြားသောအခါ ကျွင်းချင်ယွီ ကိုယ့်ကိုယ်ကို ကာကွယ်ချင်လာသည်။ သူသည် အလွယ်တကူ ကစားတတ်ပြီး ထိခိုက်အောင် လုပ်လေ့မရှိပေ။
သို့သော် ခြေထောက်ပေါ်မှ သူ့ဒဏ်ရာမှာ ထိုသို့မထင်ရချေ။
စဉ်းစားပြီးသောအခါ ကျွင်းချင်ယွီက ပြောလိုက်သည်။ "အဲ့ဒါဆို မနိုင်ရင် ဘယ်လိုလုပ်မလဲ၊ အနာခံပြီး တိုက်ရမှာပေါ့"
အဆုံးသတ်တွင် သူသည် ပျော့ညံ့ပြီး သနားစရာကောင်းသော ရေသူလေးသာ ဖြစ်နေသည်။
ဖုယွမ်ချွမ်းက "မနိုင်ရင် ပြေးပေါ့..." ဟု ပြန်ပြောလာ၏။
ကျွင်းချင်ယွီ နှာခေါင်းရှုံ့ကာ ပြောလိုက်လေသည်။ "အဲ့လိုဆိုရင်ကျ ကြည့်မကောင်းဘူးလေ..."
"ပြေးပြီးတော့ကိုယ့်ကိုလာရှာ... ၊ကိုယ်က ကူပြီးတော့ နိုင်အောင် လုပ်ပေးမယ်..."
ကျွင်းချင်ယွီ ထိုစကားလုံးများကို ကြားသောအခါ ခဏအကြာ ငြိမ်သက်သွားပြီးနောက် နှုတ်ခမ်းထောင့်စွန်းလေးများ ကွေးတက်သွားသည်အထိ ပြုံးလိုက်လေသည်။
ဖုယွမ်ချွမ်း၏ လည်တိုင်ပေါ်သို့မှီလိုက်ကာ ပွတ်သပ်၍ "ကောင်းပြီလေ.." ဟု ပြုံးပြုံးလေး တုန့်ပြန်လိုက်လေသည်။
ဆေးလိမ်းပြီးနောက် ကျွင်းချင်ယွီက ဆိုဖာပေါ်တွင် နားနေ၏။ ဘောင်းဘီကို ဆေးများ ပေသွားမည်ကို စိုးရိမ်သောကြောင့် ဘောင်းဘီခေါက်တင်ထားသည်ကိုပင် ပြန်မချပေ။
ဖုယွမ်ချွမ်းက မီးဖိုခန်းထဲတွင် ချက်ပြုတ်နေ၏။ ကျွင်းချင်ယွီက သူ့ဘေးတွင် လှဲနေကာ လက်မောင်းကိုလက်တန်းပေါ်တွင် တင်လျက် တစ်ဖက်က ခေါင်းအုံးကိုဖက်ကာ ဖုယွမ်ချွမ်းကိုကြည့်နေလေသည်။
ချက်ပြုတ်လျှင် အချိန်အနည်းငယ်ကြာပြီး ခဏအတွင်းမပြီးချေ။ ဖုယွမ်ချွမ်းက သစ်သီးတစ်ပန်းကန်ခွဲကာ အပြင်ကိုသယ်လာပြီး ပြောလိုက်သည်။
“ဗိုက်ဆာရင် အသီးအရင်စားထားနော်…”
"ကောင်းပါပြီ…"
ဖုယွမ်ချွမ်းက သစ်သီးပန်းကန်ကိုချကာ မီးဖိုခန်းထဲသို့ ပြန်ဝင်သွားလေသည်။
ကျွင်းချင်ယွီ ခဏအကြာတွေးပြီးနောက် ဉာဏ်ရည်တုစက်ကို ထုတ်ကာ ဓာတ်ပုံရိုက်ရန်လုပ်လိုက်သည်။
သို့သော် ဉာဏ်ရည်တုစက်ကို ထုတ်ထုတ်ချင်းပင် သတင်းတစ်ချို့နှင့် ကြုံလိုက်ရသည်။
ကျွင်းချင်ယွီ ဂရုမစိုက်ဘဲ ဖုယွမ်ချွမ်း၏ ပုံအချို့ကိုသာ အရင်ရိုက်ယူလိုက်သည်။
အရပ်ရှည်သောသူများမှာ ဘယ်လိုပင်ရိုက်ရိုက်ကြည့်ကောင်းသည်။
ထိုထဲမှ ဖုယွမ်ချွမ်း၏ ဘေးတိုက်မျက်နှာကိုမြင်ရသည့် ပုံကိုရွေးကာ နောက်ခံမျက်နှာပြင်အဖြစ် ထားလိုက်သည်။
အားလုံးလုပ်ပြီးသောအခါ မက်ဆေ့များကို နှိပ်ကြည့်လိုက်၏။
ယခင်က နာမည်မဖော်ပြဘဲ အသီးအရွက်ဖျော်ရည်မှာယူဖူးသော ဝယ်သူဖြစ်နေ၏။
အမည်မဖော်လိုသော ဝယ်သူ : [ ဆိုင်က ဒီမှာလား…၊ အသီးအရွက်ဖျော်ရည် ရှိသေးလား…၊ အခုလိုချင်လို့ပါ…]
အမည်မဖော်လိုသော ဝယ်သူ : [ စျေးကို ကြိုက်သလောက် တင်လို့ရပါတယ် ]
...
အနီရောင် စာအိတ်များ အများအပြားလည်း ရောပါနေသည်။
အမည်မဖော်လိုသော ဝယ်သူ : [ ဆိုင်ရှင် လိုင်းပေါ်ရှိနေရင် စာပြန်ပေးပါနော်…၊ ကျေးဇူးတင်ပါတယ်…]
ထို့နောက်တွင် အနီရောင် စာအိတ်ကြီးတစ်အိတ်ရှိနေပြန်သည်။
ဉာဏ်ရည်တုစက်မှ သတင်းအများအပြားထွက်လာသောကြောင့် ကျွင်းချင်ယွီ ဉာဏ်ရည်တုစက်မှာ ရပ်တန့်လုနီးပါးဖြစ်သွားသည်။
သူ ထိုအနီရောင် စာအိတ်များကို လက်မခံဘဲ စာပြန်ရန် စကားပြောခန်းကို ဖွင့်လိုက်သည်။
သို့သော် စာမရိုက်ခင် တစ်ဖက်က ထပ်ပြောလေသည်။
အမည်မဖော်လိုသော ဝယ်သူ : [ ဆိုင်ရှင် လိုင်းပေါ်ရောက်လာပြီ…၊ အသီးအရွက်ဖျော်ရည်ရှိသေးလားဗျ၊ ကျန်သေးရင် ကျန်တာအကုန်လုံးကို မူရင်းစျေးထက် ဆယ်ဆပေးပြီး ဝယ်ပါ့မယ်…]
ကျွင်းချင်ယွီ: "..."
ဒီလိုစျေးတင်တာမျိုးကို ဆိုင်ပိုင်ရှင်က လုပ်ရမှာမဟုတ်လား။
မင်းက ဒီလိုနဲ့ ငါ့ကိုရူးချင်လာအောင် လုပ်နေတာပဲ။
ကျွင်းချင်ယွီက အဘယ်ကြောင့် သူ့ထံမှတစ်ကြိမ်ဝယ်ပြီးနောက် အသီးဖျော်ရည်ကို ထပ်ဝယ်ရသည်ကို ခန့်မှန်းနိုင်လေသည်။
အားလုံးပြီးတဲ့နောက် စာမျက်နှာပေါ်တွင် အသေးစိတ်ဖော်ပြထားသည်များမှာ အပိုပြောထားခြင်းမဟုတ်ပေ။ ဝယ်သူက စမ်းသပ်လိုစိတ်ဖြင့် ဝယ်ယူခဲ့သော်လည်း အမှန်တကယ် အရသာကို မြည်းစမ်းပြီးနောက် ဖျော်ရည်ထဲတွင်ပါဝင်သည့် ဝိညာဉ်စွမ်းအင်နှင့် အရသာကိုခံစားလိုက်ရသည့်အခါ ဤကြယ်တာယာခေတ်ရှိ မည်သည့်အရာနှင့်မျှမတူသည်ကို သိရှိသွားပုံရသည်။
ကျွင်းချင်ယွီ မထင်ထားသည်က ယခုကဲ့သို့ ဝယ်သူမှ ငွေပမာဏအများကြီး ကမ်းလှမ်းလာမည်ကိုပင်။
ရက်ရောလွန်းသော ကမ်းလှမ်းချက်ဖြစ်သော်လည်း ကျွင်းချင်ယွီက [ အသီးအရွက်ဖျော်ရည်က ကုန်သွားပါပြီ] ဟု စာပြန်လိုက်၏။
နေရာလွတ်မှ အသီးအရွက်များမှာ သူတို့နေ့စဉ်စားသုံးရန်အတွက် ဦးစားပေးဖြစ်ကာ ပိုလျှံသည်များကို ဖုယွမ်ချွမ်း၏ တပ်ဖွဲ့ထံသို့ ပို့ပေးမည်ဖြစ်သည်။ ယခု မာရှယ်တော့ဒစ်စ်ပါ ပါလာသဖြင့် အရေးပေါ်အတွက် အသီးအရွက်များကို ပြင်ဆင်ရန်လိုလာပြီ ဖြစ်သည်။
ယခုဝယ်သူကို ကယ်တင်ရှင်အနေဖြင့် အသီးအရွက်ဖျော်ရည်ကို ရောင်းပေးခဲ့သော်လည်း ယခုကဲ့သို့ ရေရှည်ရောင်းချရန် မရည်ရွယ်ထားချေ။
အမည်မဖော်လိုသော ဝယ်သူ : [ညီမလေးဖြစ်သူက အရမ်း နေမကောင်းဖြစ်နေခဲ့တာပါ…၊ ဆိုင်က အသီးအရွက်ဖျော်ရည်ကိုသောက်ပြီးတော့ သိသိသာသာကို ပြန်ကောင်းလာပါတယ်…၊ အဲ့တာကြောင့် ဆက်သောက်နေရင် လုံးဝပြန်ကောင်းသွားမယ်ထင်လို့ပါ…၊ အနှောင့်အယှက်ဖြစ်နေမှာသိပေမယ့်လည်း အမှာ လက်ခံဖို့ကို ပြန်စဉ်းစားပေးနိုင်မလား…]
အမည်မဖော်လိုသော ဝယ်သူ : [ငါ့နာမည်က ဝမ်ချန်းယောင်ပါ…၊ အသီးအရွက်ဖျော်ရည်သာ ရောင်းပေးမယ်ဆိုရင် ငါလုပ်နိုင်သမျှ ခိုင်းတာကိုအကုန်လုပ်ပေးနိုင်ပါတယ်…]
ဝမ်ချန်းယောင်...
ဘယ်သူများလဲ။
အချင်းချင်း မသိသော်ငြားလည်း ယခုလိုမိတ်ဆက်လိုက်ခြင်းက ကောင်းမွန်သည့်အပေးအယူတစ်ခုလုပ်လိုက်သလို ခံစားလိုက်ရသည်။
ထို့နောက် ကျွင်းချင်ယွီ ထိုနာမည်ကို ကူးယူကာ အွန်လိုင်းတွင် ရှာကြည့်တော့သည်။
ထိုနာမည်နှင့် လူကို မတွေ့ချေ။
ကျွင်းချင်ယွီ: "......"
ထိုသို့ လုပ်နိုင်သော သူမျိုးမှာ ချမ်းသာပြီး နာမည်ကြီးသောသူများသာ ဖြစ်နိုင်သည်ဟု သူတပ်အပ်ပြောရဲသည်။
သို့သော် အွန်လိုင်းတွင် သူဘာမှ ရှာမတွေ့။
ကျွင်းချင်ယွီ ထကာ မီးဖိုခန်းထဲ ဝင်၍ လက်မြှောက်လိုက်ပြီး သူ့မေးစေ့လေးကို ဖုယွမ်ချွမ်းပုခုံးပေါ်တွင် တင်ကာ ခေါင်းလေးစောင်းလျက်မေးလိုက်၏။ “ယွမ်ချွမ်း… ဝမ်ချန်းယောင်ကို သိလား…”
"ဝမ်ချန်းယောင်…၊ ကြယ်တာရာကဓားပြလေ ဘာလို့လဲ..” ဖုယွမ်ချွမ်း ကြက်သားပိုင်းလေးကို ယူလိုက်ကာ ကျွင်းချင်ယွီ ပါးစပ်ထဲ မခွံ့မှီ အအေးခံလိုက်သည်။
ကျွင်းချင်ယွီ ကြက်သားဖတ်လေးကို ကိုက်ကာ ဝါးရင်းပြောလိုက်၏။ “ အရင်က အသီးအရွက်ဖျော်ရည်ဝယ်ဖူးတဲ့သူက ဝမ်ချန်ယောင်တဲ့…”
“ သူ ထပ်ရောက်လာတယ်…၊ အနီရောင်စာအိတ်တွေ အများကြီးပို့ပြီးတော့ စျေးဆယ်ဆပေးဝယ်မယ်ပြောတယ်…”
"အဆ တစ်ရာပေးလို့ပြောလိုက်…" ဟု ဖုယွမ်ချွမ်း ကပြော၏။"သူက ပိုက်ဆံတွေ ပေါနေတာလေ…"
ကြယ်တာရာဓားပြက နေရာတကာမှာ ဓားပြတိုက်နေခြင်းဖြစ်ပြီး အင်ပါယာမှာ သူ့လက်ထဲတွင် အခြေအနေမကောင်းချေ။ ထိုသို့သော အခြေအနေတွင် အရှက်မရှိဆယ်ဆပေးမည်ဟု အဘယ့်ကြောင့် ပြောနိုင်ရပါသနည်း။
ကျွင်းချင်ယွီ ကြက်သားဖတ်နင်မလိုပင် ဖြစ်သွား၏။
အသီးအရွက်ဖျော်ရည်၏ မူလတန်ဖိုးကပင် မနည်းချေ။ ဆယ်ဆမှာ အလွန်များ၏။ ယခု အဆတစ်ရာ ဆိုလျှင်။
သို့သော် တစ်ဖက်လူမှာ ကြယ်တာရာ ဓားပြဖြစ်နေ၏။
ဝမ်ချန်းယောင်အကြောင်း ပြောနေရင်း ဖုယွမ်ချွမ်း မျက်မှောင် ကြုတ်လိုက်သည်။ "သူ့မှာ ရေသူတစ်ကောင် ရှိတယ်မလား…၊ ဘာလို့အသီးအရွက်ဖျော်ရည်ဝယ်ချင်ရတာလဲ…”
ကျွင်းချင်ယွီက သူ့တွင် ရေသူလေးရှိမရှိကို မသိချေ။ သို့သော် သူကိုယ်တိုင်အတွက်တော့ ဝယ်ခြင်းဟုတ်ပုံမရ။ “ သူ့ ညီမလေးကအရမ်းနေမကောင်းလို့ သောက်ဖို့ ဝယ်တာလို့ ပြောတယ်…”
ဖုယွမ်ချွမ်းခေါင်းညိတ်လိုက်၏။
ကျွင်းချင်ယွီ မေးလိုက်သည် : "အဲ့ဒါဆို ကျွန်တော် သူ့ကို ရောင်းလိုက်ရမလား…"
နဂိုက မရောင်းရန်ရည်ရွယ်ထားသော်လည်း ဖုယွမ်ချွမ်းဆိုလိုသည်ကို ကြားပြီးနောက် ရောင်းရန်တိုက်တွန်းနေသလို ထင်ရ၏။
ကြယ်တာရာဓားပြကို ပစ္စည်းများရောင်းပေးခြင်းကိုရှာတွေ့သွားပါက ဖုယွမ်ချွမ်းအပေါ်တွင်ရော သက်ရောက်မှု ရှိမည်လား။
"မင်းသဘောပါ…" ဟု ဖုယွမ်ချွမ်း ပြောလိုက်သည်။ "မင်းပျော်ရင် အသီးအရွက်တွေ အလုံအလောက်ရှိသေးရင်ပေါ့…”
"ကိုယ့်အတွက် မပူနဲ့…၊ သူက ကိုယ်နဲ့ မဆိုင်ဘူး…၊ သူက အင်ပါယာခေါင်းဆောင်နဲ့ပဲ လေးနက်တဲ့ ပတ်သက်မှုရှိတာ…”
အင်ပါယာခေါင်းဆောင်နှင့် လေးနက်သည့် ပတ်သက်မှုရှိသူ။
သူရောင်းမည်။
ကျွင်းချင်ယွီ ဉာဏ်ရည်တုစက်ကိုယူကာ အသီးအရွက်ဖျော်ရည်ကို ရောင်းရန် တင်လိုက်သည်။
“ ငါ အင်တာနက်မှာ ဝမ်ချန်းယောင်ဆိုတဲ့ နာမည်ကို အခုပဲရှာပြီးပြီ ဘာမှပေါ်လာဘူး…”
"ကြယ်တာရာဓားပြရဲ့ အချက်အလက်က ဘယ်ရှာလို့ရမလဲ …၊ ဖမ်းလိုတဲ့ စာရင်းကို သွားကြည့်လိုက်လေ ထိပ်ဆုံးမှာတွေ့လိမ့်မယ် …”
ကျွင်းချင်ယွီ ခေါင်းညိတ်ကာ သူရှာသောနေရာလွဲနေမှန်း သဘောပေါက်သွား၏။
"လက်သွားဆေးတော့ စားလို့ရပြီ "
"ကောင်းပါပြီ"
စင်ပေါ်မှ အသီးအရွက်ဖျော်ရည်များကို ဝမ်ချန်းယောင်ကိုယ်တိုင် ရွေးချယ်မှာယူနိုင်သည်။ ထို့နောက် အမှာများကို ဖုယွမ်ချွမ်းအားဆက်လက် ကိုင်တွယ်ခိုင်းကာ ကျွင်းချင်ယွီက ထပ်မံ၍ ဂရုမစိုက်တော့ချေ။
---
Xxxxxxx