Chapter 41
အတန်ငယ်ကြာသောအခါ ကျွင်းချင်ယွီသူ့ခေါင်းလေးကိုစောင်းကာ ဖုယွမ်ချွမ်းပုခုံးပေါ်တွင် မှီလိုက်ပြီး အပြင်ကို ကြည့်မနေတော့ချေ။
တစ်နာရီလောက်ကြာပြီးသည့်အခါ အပြင်ကို ဆက်တိုက်ကြည့်နေရသည်မှာ ပျင်းဖို့ကောင်းလာ၏။
ထိုအခြေအနေကိုမြင်သောအခါ ဖုယွမ်ချွမ်း မေးလိုက်လေသည်။
"ဗီဒီယိုကြည့်မလား…၊ရုပ်ရှင်ကြည့်မလား…” ထွက်လာစဥ်က ငါးကန်မယူလာခဲ့မိပေ။ မဟုတ်လျှင် ငါးလေး မပျင်းတော့ဘဲ ရေထဲတွင်ရေစိမ်ကာ ပူဖောင်းမှုတ်ရင်း ဆော့နေ၍ရလေသည်။
ကျွင်းချင်ယွီ ခေါင်းခါပြကာ စတိုးဆိုင်အကြောင်းကိုသာ တွေးလျက် မေးလိုက်၏။
“ပြင်ဆင်တာက ဘယ်လောက်ကြာဦးမှာလဲ…”
"မပြောတတ်ဘူး…၊ ပြင်မယ့်အဖွဲ့ပေါ်မူတည်သေးတယ်…” ဖုယွမ်ချွမ်း သူ့ဉာဏ်ရည်တုစက်ကိုသုံးကာ အပြင်အဆင်အချို့ကိုရှာပြီး ရှောင်ယွီကိုပြလိုက်၏။
“ကြိုက်တာရွေးကြည့်လေ အဲ့ဒါဆိုတန်းပြင်လို့ရပြီ…”
ကျွင်းချင်ယွီ ပုံအချို့ကိုကြည့်ကာ ခပ်ဆင်ဆင်ဖြစ်နေသောကြောင့် ပြောလိုက်သည်။
“ရိုးရိုးရှင်းရှင်းပဲ လုပ်ပေးပါ…၊ မြန်လေကောင်းလေပဲ…”
ဆိုင်မြန်မြန်ဖွင့်ရလျှင် ဝမ်ချန်းယောင်ကို မြန်မြန်ခေါ်၍ရမည်။
ဖုယွမ်ချွမ်းကပြောသည်။
"ဟုတ်ပါပြီ၊ ကိုယ် ပြင်ဆင်ဖို့လူရှာလိုက်ဦးမယ်…"
ပြင်ဆင်ပြီးလျှင် ဝမ်ချန်းယောင် လာလို့ရပြီဖြစ်သည်။
ကျွင်းချင်ယွီ တွေးလျက် ပြောလိုက်၏ “ ဝမ်ချန်းယောင်က ကြယ်တာရာဓားပြဆိုတော့ ပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်စေနိုင်လား…”
ဤနေရာကို ခရီးသွားအနေနှင့် လာသူကတော့ မရှိတော့ပေ၊၊ သို့ပေမယ့် ငှါးထားသည့်စာချုပ်များမှာ မကုန်သေးရကား တစ်ချို့ဆိုင်တွေမှာ ဖွင့်ဆဲရောင်းဆဲဖြစ်သည်။
ထိုသို့မေးရခြင်းမှာ ဝမ်ချန်ယောင်ကိုကြောက်၍တော့မဟုတ်ပေ၊ အခြားသူများကိုပါ ထိခိုက်မည် စိုးရိမ်သောကြောင့်ဖြစ်သည်။
ဖုယွမ်ချွမ်ကပြောသည်။ "မပူပါနဲ့၊ ကိုယ်တစ်လမ်းလုံးဝယ်လိုက်မယ်လေ…”
ကျွင်းချင်ယွီ: "…"
"တကယ်ကြီးလား…" ကျွင်းချင်ယွီ ထိုစကားကိုကြားသောအခါ နောက်နေသည်ဟုသာ တွေးလိုက်သည်။
သို့သော်လည်း ဖုယွမ်ချွမ်းကို ကြည့်ရသည်မှာ အတည်ကြီးပြောနေပုံရ၏။
ဖုယွမ်ချွမ်း ခေါင်းညိတ်လိုက်သည်။ "တကယ်ပေါ့…"
သူတွေးထားသည်မှာ ကျွင်းချင်ယွီထင်သည်ထက် ပို၏။
ဝမ်ချန်းယောင်မှာ မည်သို့သောသူဖြစ်သည်ကို ဖုယွမ်ချွမ်း သိသည်။ အမှန်အတိုင်းပြောရလျှင် ဆိုင်သေးသေးထဲ၌ ကျွင်းချင်ယွီ နှင့် ဝမ်ချန်းယောင်ကို သီးသန့်ပေးတွေ့ရန်မှာ မဖြစ်နိုင်ချေ။
အစကတည်းက ကျွင်းချင်ယွီကိုကာကွယ်ရန် အစီအစဉ်ဆွဲလာခဲ့ခြင်းသာ ဖြစ်သည်။
သို့သော် ဝမ်ချန်းယောင်၏ တိုက်ခိုက်နိုင်စွမ်းမှာ သိပ်မသန်မာသော်လည်း သူ့အနေဖြင့် လွတ်မြောက်နိုင်ပေသည်။
ထို့ကြောင့် မျှော်လင့်မထားသော အရာများအတွက်ကြိုတင်ပြင်ဆင်ထားရပေမည်။
ဖုယွမ်ချွမ်း ထိုအကြောင်းကိုတွေးကာ အလွယ်ဆုံးနှင့်အလုံခြုံဆုံးနည်းအဖြစ် တစ်လမ်းလုံးကို သူ့လူများဖြင့် ဖြည့်ထားရန် စီစဉ်လိုက်သည်။
ထိုသို့ဆိုလျှင် ထွက်ပြေးရန် ခက်ခဲပေမည်။
ဝမ်ချန်းယောင်က ပြဿနာမရှာပဲ ရိုးရိုးသားသားပင် သူ့ညီမလေးကို လာကုခြင်းလည်းဖြစ်နိုင်ပေသည်။
ကြိုတင်ကာကွယ်ထားခြင်းသာ ဖြစ်၏။
ကျွင်းချင်ယွီစိတ်ထဲတွင် ပိုက်ဆံဖြုန်းသလို ခံစားရ၏။ “ဝမ်ချန်းယောင်နဲ့တင် စျေးကြီးလိုက်တာ…”
"ရင်းနှီးမြှုပ်နှံသလိုပဲ စဉ်းစားလို့ရတာပေါ့…” ဖုယွမ်ချွမ်း ရေသူလေးကို ပေါ့ပျက်ပျက်ပြောပြရန် စိတ်ကူးမရှိချေ။ ပိုက်ဆံအနည်းငယ် သုံးရန်တန်ပေသည်။ ထို့အပြင် စတိုးဆိုင်မှာ အနာဂတ်တွင် မအောင်မြင်နိုင်ဘူးဟု မည်သူမျှမပြောနိုင်ချေ။
အမြတ်မရှိနိုင်သော ရင်းနှီးမှုတစ်ခုတွင် မြှုပ်နှံရန်မှာ ဘယ်လောက်တောင် ရူးမိုက်မှန်း ကျွင်းချင်ယွီတွေးနေမိ၏။
ကျွင်းချင်ယွီ မျှော်လင့်ချက်မဲ့စွာမေးလိုက်၏။ “ကျွန်တော်တို့ ပြန်အမ်းငွေယူလို့ရသေးတယ်မလား…”
ဖုယွမ်ချွမ်းကဆိုသည်။ "မရတော့ဘူး…"
ကျွင်းချင်ယွီ သက်ပြင်းချလိုက်သည်။ ငှါးခလည်းမရ ရောင်းလည်းမထွက်သော အိမ်တစ်အိမ်အဖို့ ပြန်အမ်းငွေကို တစ်ဖက်လူက ရူးမနေလျှင် မရနိုင်သည်မှာ သာမန်သာဖြစ်ပေသည်။
တိတ်တိတ်လေးသာနေရင်း ဝမ်ချန်းယောင်ထံတွင် ရင်းနှီးမြှုပ်နှံရန်သာ တတ်နိုင်တော့သည်။
ထိုက်တန်ဖို့သာ မျှော်လင့်ရတော့သည်။
စကားပြောနေရင်းပင် ကားရပ်သွား၏။
ဖုယွမ်ချွမ်း ကားပေါ်မှ အရင်ဆင်းကာ ပြန်လှည့်ပြီး ရေသူလေးကို ဆင်းရန် ကူညီပေးလိုက်သည်။
ကျွင်းချင်ယွီ ခြေထောက်တွင် နာကျင်မှုကိုမခံစားရတော့ချေ။ သို့သော် အကျင့်ပါကာ ဖုယွမ်ချွမ်းလက်ပေါ်သို့ လက်လေးကိုလှမ်းတင်လိုက်ပြီး အားပြုကာ လျှောက်သွား၏။
ရပ်လိုက်သော ယာဉ်ပေါ်တွင် မောင်းသူမရှိပေ။ လမ်းညွှန်သူဆင်းသွားသောအခါ အလိုလျောက်မောင်းသွားပြီး ရပ်စရာနေရာတွင်သွားရပ်မည်ဖြစ်၏။
ကားသုံးရန် လိုလာသောအခါ အဝေးမှလှမ်းခေါ်လိုက်လျှင် တည်နေရာကိုရှာကာ လာခေါ်မည်ဖြစ်သည်။
ဖုယွမ်ချွမ်း ရေသူလေးလက်ကိုဆွဲကာ "သွားကြမယ်လေ…၊ အထဲဝင်ကြည့်ရအောင်…” ဟုပြောလိုက်၏။
"ကောင်းပါပြီ…"
လူအများအပြားမရှိသော်လည်း ရှိသင့်သောအရာများတော့ ရှိနေသည်။ ဆိုင်တန်းနှစ်တန်းမှာ ဘေးဘယ်ညာတွင် အစီအရီရှိနေ၏။
စတိုးဆိုင်မှာ ဝယ်ထားပြီးဖြစ်သောကြောင့် နာမည်များဖြုတ်ကာ ဆိုင်းဘုတ်အလွတ်တစ်ခုကို ချိတ်ဆွဲထား၏။
သူတို့ ဝင်လာသောအခါ အထဲမှလူများထွက်သွားကြကာ ရှောင်ပေးကြသည်။
အငှါးစာချုပ်မှာ မကုန်သေးသောကြောင့် ပိုင်ရှင်ကပြန်ယူလိုလျှင် လျော်ကြေးပေးရမည်ဖြစ်သည်။
ပိုက်ဆံရှုံးနေသော ဆိုင်လေးမှာ ဆက်ရှုံးမနေတော့ဘဲ လျော်ကြေးရတော့မည်ဖြစ်ရာ အငှါးများက ဝမ်းသာနေကြ၏။
ဖုယွမ်ချွမ်း ထိုနေရာမှဆိုင်များကို တစ်ချက်ကြည့်လိုက်သောအခါ ဆိုင်များမှာ အရွယ်အစားမသေးသည်ကို သိလိုက်ရ၏။
“အရှေ့က ဆိုင်တွေကို ကြည့်ပါဦး…”
ကျွင်းချင်ယွီ ဆိုင်များကိုကြည့်ရန်စိတ်လှုပ်ရှားနေခဲ့သော်လည်း ဝယ်ပြီးပြီဖြစ်သောကြောင့် စိတ်လောမနေတော့ပေ။
သူ့အာရုံကို ဖမ်းစားလိုက်သော ဆိုင်မှာ ပြည်ကြီးငါးကင်ရောင်းသော ဆိုင်သေးသေးလေးဖြစ်၏။
ရွှေ့ရန်ထုတ်ထားသော ပစ္စည်းများထဲတွင် ပြည်ကြီးငါးသေတ္တာအနည်းငယ်ပါနေ၏။
ချက်လိုက်လျှင် အလွန်အရသာရှိပေမည်။
ဖုယွမ်ချွမ်း အဖြေပြန်မရသောကြော ရှောင်ယွီကိုငုံ့ကြည့်ကာ မေးလိုက်သည်။
“ဘာဖြစ်လို့လဲ…”
ကျွင်းချင်ယွီ ခေါင်းခါပြကာပြောလိုက်သည်ာ "ဘာမှ မဟုတ်ပါဘူး၊ လာပါ သွားကြည့်ကြမယ်… "
"ကောင်းပြီ…"
တစ်လမ်းလုံးတွင် ဆိုင်များအများအပြားကျန်နေသေး၏။
ကျွင်းချင်ယွီ စိတ်ထဲတွင် မှန်းထားသော ဆိုင်လေးထက်ကြီးနေ၏။
ကျွင်းချင်ယွီ ဆိုင်လေးများကို ဆက်တိုက်ကြည့်သွားကာ အရွယ်အစားမှာ သိပ်မကွာကြသလို ခံစားရသောကြောင့် သူ့ဘေးကဆိုင်ကို ထိုးပြလိုက်ကာ “ဒါလေးရော…” ဟုပြောလိုက်၏။
ထိုဆိုင်လေးမှာ လမ်းအလယ်လောက်တွင်းရှိနေကာ အငှါးလည်းမရှိ ပြန်လည်ပြင်ဆင်နေခြင်းလည်းမရှိပေ။
ထိုသို့ဆိုလျှင် မူလအပြင်အဆင်များကိုလည်းဖယ်စရာ မလိုတော့ဘဲ အချိန်ကုန်သက်သာမည်ဖြစ်၏။
ဖုယွမ်ချွမ်းကဆိုသည်။ "ကောင်းပြီလေ."
ဆိုင်နံပါတ်ကို ချရေးကာ ပြင်ဆင်မည့်အဖွဲ့ဆီသို့ ပြန်သွားကြ၏။
တစ်ချို့နေရာများတွင် မူလအပြင်အဆင်ကိုသာ သုံးထားကြသည်။ ထပ်တိုးပြင်ဆင်မှုများမရှိဘဲ အပြင်ဘက်ကိုသာ အလှဆင်ထားကြ၏။
ဝမ်ချန်းယောင် ထိုနေရာကိုတော့ လာမကြည့်လောက်ပေ။
အပြင်ဘက်ကိုသာ ကြည့်ပြီး လှည့်စားခံလိုက်ပါ။
အိမ်ဝယ်ခြင်းက ဒုက္ခများမည်ဟု ကျွင်းချင်ယွီ မူလက ထင်ခဲ့သော်လည်း နေရာလေးသာ လာရွေးရမည်ဟု မထင်ထားခဲ့ပေ။ အိမ်ရွေးရသည်မှာ လမ်းလျှောက်ထွက်သကဲ့သို့ လွယ်ကူနေသည်။
ဖုယွမ်ချွမ်း အလှဆင်ကုမ္ပဏီ၏ ပြန်စာကိုကြည့်ကာ “ပြင်ဆင်တာက ခုနစ်ရက်လောက် ကြာမယ်တဲ့…၊ ဝမ်ချန်းယောင်နဲ့စကားပြောပြီး အချိန်ညှိလိုက်လေ…”
"ခုနစ်ရက်…" ကျွင်းချင်ယွီ မျက်ခုံးပင့်လျက် ပြောလိုက်လေသည်။ သူထင်ထားသော ပြင်ဆင်ခြင်းမှာ တစ်နှစ်ခန့်ကြာကာ ဖော်လ်မယ်လ်ဒီဟိုက်(အနံ့ပြင်းတဲ့အရောင်တင်ဆေး)ဖယ်ရန်ပင် နှစ်ဝက်ခန့်ကြာလေသည်။
ခုနစ်ရက်သာ ကြာမည်တဲ့လား။
"ကောင်းပါပြီ…” ကြယ်တာရာဓားပြဆိုသည့်အတိုင်း အတည်တကျနေထိုင်သည့်နေရာ ရှိမည်မဟုတ်ပေ။ ပင်မကြယ်မှ ဝေးသောနေရာဆိုလျှင် တစ်လသို့မဟုတ်နှစ်လခန့် ကြာပေလိမ့်မည်။
ကျွင်းချင်ယွီကပြောလိုကိသည်။ "အဲ့ဒါဆို ကျွန်တော် ဝမ်ချန်းယောင်ကို စာပို့ထားလိုက်မယ်…"
သို့သော် ခရီးနှောင့်နှေးနေလျှင်တော့ နေမကောင်းသူအဖို့ အခက်တွေ့ပေလိမ့်မည်။
ကျွင်းချင်ယွီ ဉာဏ်ရည်တုစက်ကို ဖွင့်လိုက်သောအခါ ဝမ်ချန်းယောင်နှင့်ပတ်သက်၍ ဆက်သွယ်ရန်အချက်အလက် ဘာမှမရှိချေ။ အွန်လိုင်းဆိုင်လေး၏ စကားပြောခန်းမှသာ တစ်ဆင့်ဆက်သွယ်ခဲ့ကြခြင်းဖြစ်၏။
ယခင်က ဝမ်ချန်းယောင်ဘက်မှ အရင်ဆက်သွယ်နေကြ ဖြစ်ပြီး အွန်လိုင်းပေါ်ရောက်မှသူ့ဘက်က စာပြန်နေကြဖြစ်၏။
ယခုအခါ သူ့ဘက်က အရင်ဆက်သွယ်ရတော့မည်။
ထိုသို့တွေးလိုက်ပြီး ဝမ်ချန်းယောင်ဆီရောက်သွားသောအခါ မီးလင်းနေ၏။
အွန်လိုင်းလား…။
အမည်မဖော်လိုသော စျေးဝယ်သူ : [ ဆိုင်ရှင်…၊ အွန်လိုင်းရှိနေတာပဲ…]
ကျွင်းချင်ယွီ: "..."
အွန်လိုင်းကတောင် ဘာလို့ စောင့်ကြည့်နေတယ်လို့ ခံစားရတာပါလိမ့်။
ကျွင်းချင်ယွီ တည်နေရာကိုဖွင့်ကာ လိပ်စာပို့လိုက်၏။ [ဆိုင် လိပ်စာလေးပါ…]
[ ဆိုင်မှာက စည်းကမ်းလေးတွေတော့ များပါတယ်…၊ ဆိုင်မှာပဲ စားသုံးလို့ရပါမယ်…၊သယ်သွားခွင့်မရှိပါဘူး…၊ ဒါပေမယ့် ပိုကောင်းတဲ့အစားအသောက်တွေရှိနေတော့ လာဖို့ မလာဖို့ကိုစဉ်းစားကြည့်ပါ…]
မေးသာ မေးလိုက်သော်လည်း ဝမ်ချန်းယောင် သေချာပေါက်လာမည်ကို ကျွင်းချင်ယွီ သိနေသည်။
နောက်ဆုံးတွင် ဆိုင်ပြင်နေတုန်းမှာပင် ဝမ်ချန်းယောင်ဘက်မှ လာမည်ဟု ပြောလိုက်မည် မထင်ထားခဲ့ချေ။
ထိုအချိန်တွင် ဝမ်ချန်းယောင်မှာ သူ့ထက်ပင်ပို၍ စိတ်လှုပ်ရှားနေလေသည်။
အမည်မဖော်လိုသော စျေးဝယ်သူ : [ကောင်းပါပြီ၊ ကျွန်တော် အတတ်နိုင်ဆုံး အမြန်လာခဲ့ပါမယ်…]
စိတ်ချရစေရန် ကျွင်းချင်ယွီ မေးလိုက်သေး၏။ [ဘယ်လောက်မြန်မှာလဲ…]
ကြယ်တာရာဓားပြမှာ ကြယ်တာရာထဲတွင် လှည့်ပတ်နေခြင်းဖြစ်ပါက ပင်မကြယ်နှင့် နီးနေလျှင် ကြားကြားချင်း ရောက်လာမည်ဖြစ်သည်။
ပြင်ဆင်မပြီးခင်ရောက်လာပါက ရှက်ဖို့ကောင်းပေသည်။
အမည်မဖော်လိုသော စျေးဝယ်သူ : [ဆယ်ရက်လောက်နေရင် ရောက်ပါမယ်…]
အချိန်မှာ ကွက်တိဖြစ်၏။
ကျွင်းချင်ယွီ: [ကောင်းပါပြီ] ဟု စာပြန်ပြီးနောက်ဉာဏ်ရည်တုစက်ကို ပိတ်လိုက်၏။
ကြယ်တာရာ ဓားပြ ပင်မကြယ်သို့ မည်သို့လာမည်ကိုတော့ သူမစဉ်းစားတော့ချေ။
ကြယ်တာရာဓားပြမှာ သံသယဝင်စရာကောင်းကာ သေချာပေါက်သူ့ကို တစ်မျိုးထင်ပေလိမ့်မည်။ သို့သော် ကျွင်းချင်ယွီဂရုမစိုက်ပေ။ ဝမ်ချန်းယောင် လာလျှင် ပြင်ရဆင်ရဦးမည် ဖြစ်သည်။
အမှန်တွင် တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှုမရှိဘဲ အလုပ်လုပ်ရန်မှာ ခက်ခဲလှ၏။
ကျွင်းချင်ယွီ ဉာဏ်ရည်တုစက်ကို သိမ်းကာ “ အိမ်ပြန်ကြမယ်လေ…” ဟု ပြောလိုက်၏။
ကြည့်ရသလောက် ဆိုင်အပြင်တွင် လုပ်စရာမရှိတော့ပေ။ အပြင်လည်း သွားစရာမလိုတော့သောအခါ အိမ်ပြန်ပြီး လှဲနေချင်သည်။
---
အပြန်လမ်းမှာ နောက်တစ်နာရီကြာသောကြောင့် ကျွင်းချင်ယွီ ပင်ပန်းနေပေပြီ။
ခါတိုင်းဆိုလျှင် ယာဉ်ပျံမှာ ခြံထဲသို့ဝင်သွားကာ အိမ်ရှေ့ဝင်ပေါက်တွင်ရပ်လေ့ရှိသည်။
ယခု ဝင်သွားသောအခါ အနောက်ဘက်မှ ပန်းခြံထဲသို့တည့်တည့်ဝင်သွား၏။
ကျွင်းချင်ယွီ ကားပေါ်မှဆင်းကာ အကြောဆန့်လိုက်၏။ ဘေးဘီကြည့်လိုက်သောအခါ တစ်ခုခု လွဲနေသည်ကို ရိပ်မိသွားလေသည်။ ဘာဖြစ်နေသည်ကို မေးရန်ပြင်နေစဉ်မှာပင် မနီးမဝေးက မည်းနက်နေသော သံပြားကြီးက သူ့ကို ဆွဲဆောင်လိုက်သည်။
သံပြားကြီးမှာ တင့်တယ်လှသော နောက်ဘက်ပန်းခြံနှင့် မလိုက်ဖက်ချေ။
ထိုနားတွင်လှည်းသေးသေးလေး တစ်ခုလည်းရှိနေပြီး အရသာစိမ်ထားသော တစ်ဝက်ချက်ပြုတ်ထားသည့် လက်ဆက်သောပြည်ကြီးငါးများ ရှိနေသည်။
ကျွင်းချင်ယွီ အံ့ဩသွားကာ "ဘာလို့ ရုတ်တရက်ကြီး ဒါတွေ ပြင်ထားရတာလဲ…" ဟုမေးလိုက်၏။
"မင်း စားချင်နေတယ်ထင်လို့…" ဖုယွမ်ချွမ်းက ဆက်ပြောလိုက်သည်။ "အပြင်ဘက်က မသန့်လို့ ရှိခိုင်ရှင်းကိူ ဝယ်ပြီးပို့ခိုင်းတာ…”
ကျွင်းချင်ယွီမျက်လုံးထဲတွင် အံ့ဩမှုများ အရောင်လက်ကာ ဒီတိုင်းငေးကြည့်နေလျက် ဘာမှမပြောတော့။
ဖုယွမ်ချွမ်း ထိုသို့သော ကိစ္စသေးသေးလေးများကိုပါ သတိထားမိနေကာ ဝယ်ခိုင်းထားခြင်းဖြစ်၏။
ထိုအခြေအနေကို ကိုယ်တိုင်မြင်လိုက်ရပြီးနောက် ပြည်ကြီးငါးလောက်လေးကို ဖုယွမ်ချွမ်းတကယ်ပင် လုပ်ပေးမည်ဟုမထင်ခဲ့ပေ။
ကျွင်းချင်ယွီနှုတ်ခမ်းထောင့်စွန်းလေးများမှာ မသိမသာလေး မြင့်တက်သွားကာ မျက်လုံးများမှာစင်းကျနေသော်လည်း သူ့အပြုံးကိုတော့ မဖုံးကွယ်ထားနိုင်ချေ။
ပြည်ကြီးငါးကင်စားချင်၍မဟုတ်သော်လည်း အသေးစိတ်ဂရုစိုက်မှုများကိုကြည့်ကာ ရင်ထဲထိရှစေ၏။
ကျွင်းချင်ယွီ ဖုယွမ်ချွမ်း၏ပုခုံးပေါ်တွင် ခေါင်းလေးမှီကာ ပြုံးလျက် ပြောလိုက်၏။ “ဘာလို့ ကျွန်တော့်အပေါ် ဒီလောက်တောင် ကောင်းပေးနေရတာလဲ…”
ဖုယွမ်ချွမ်းသည် ရေသူလေး၏မျက်လုံးထဲတွင် သူ့အရိပ်ကိုမြင်လိုက်ရသောအခါ ခပ်ဖွဖွရယ်လိုက်ပြီး ရေသူလေး၏ဆံပင်ကို ပွတ်သပ်ပေးရင်း ပြောလိုက်သည်။
“သွားကြစို့ ကင်းမွန်တွေကို အရင်ချက်ကြမယ်…”
ကင်းမွန်အကင်များ ကျက်ရန်မှာ အချိန်လိုအပ်၏။
"ဟုတ်ပြီ"
သံပြားပေါ်တွင် တံစို့ထိုးထားသော အကင်တံများစွာ ကင်နိုင်သည်။ရေသူငယ်လေး ဘာကြိုက်တတ်သည်မသေချာသောကြောင့် အသီးအရွက်မှလွဲကာ နည်းနည်းစီဝယ်ပြီး အစုံအလင်ပြင်ဆင်ထား၏။
Xxxxxxx