Chapter 42
ကျွင်းချင်ယွီသည် ကင်းမွန်ကို တစ်ခါမှမကင်ဖူးသော်လည်း အခြားသူများ ကင်သည်ကိုတော့ မြင်ဖူး၏။ကင်းမွန်ကို သံပြားပေါ်တင်ကာ ယောင်းမဖြင့် ကျက်သည်အထိ ဖိနေလိုက်ယုံထက် ဘာမျှမပိုပေ။၄င်းသည် အလွန်ရိုးရှင်းသည်။
သံပြားမှာ အလွန်ကြီးကာ ဘေးတွင် လူသုံးယောက် လေးယောက်ခန့် ဝိုင်းဖွဲ့၍ရသည်။
ယခုတွင် နှစ်ယောက်သာ ရှိသေးသောကြောင့် ပြဿနာမရှိပေ။
အစပိုင်းတွင် ဖုယွမ်ချွမ်းက သူကိုယ်တိုင်လုပ်ပေးကာ ရေသူငယ်လေးအား ဘေးတွင် ထိုင်စားစေရန် ရည်ရွယ်ထားသော်လည်း ရေသူလေးကိုကြည့်ရသည်မှာ ကိုယ်တိုင်လုပ်ရန် စိတ်ဝင်စားနေပုံရသည်။
သူစိတ်ဝင်စားမှတော့ သူ့ကို ကိုယ်တိုင်ပေးလုပ်ပြီး ကျေနပ်စေလိုက်သည်က ပိုကောင်းသည်။
လုံခြုံရေးအတွက် အဘက်ဘက်မှစဉ်းစားပြီးနောက် ဖုယွမ်ချွမ်းသည် ဆီနှင့်ရေများ စင်ခြင်းမှ ကာကွယ်ရန် အေပရွန်လေးယူလာပေးလိုက်သည်။
ကျွင်းချင်ယွီသည် ကင်းမွန်အကင်ချောင်းများကို လက်ထဲတွင်ကိုင်ထားရာ ဖုယွမ်ချွမ်းက အေပရွန် ကူဝတ်ပေးပြီး မျက်နှာအကာကိုပါ တပ်ပေးလိုက်သည်။သူ့ကို ဆီမစင်တာ သေချာအောင် ကာကွယ်ပြီးသွားသည်။
သံပြားများမှာ ကြိုသန့်ရှင်းထားပြီး လိုအပ်သည့်အပူချိန်ရောက်သည်အထိ အပူပေးထားကာ ဆီသုတ်ထားသော ကင်မွန်များတင်လိုက်သည်။
ရေဓာတ်ပါဝင်နေသော ကင်းမွန်များကို ၄င်းပေါ်သို့ တင်လိုက်သည်နှင့် “ရှဲ..''ဟူသော အသံများ ကြားရပြီး သံပြားပေါ်မှရေစက်ငယ်ကလေးများ တစ်ဖောက်ဖောက်ဖြစ်လာသည်။
မီးခိုးများ လွင့်ပျံ့လျက်ရှိသည်။
ကျွင်းချင်ယွီသည် ကင်းမွန်ကို လှန်လိုက်ပြီး ဆော့စ်သုတ်လိုက်သောအခါ ကင်းမွန်အကင်မှ ရနံ့ မွှေးပျံ့လာ၏။
၄င်းမှာ ကြည့်ကောင်းပြီး အရောင်အသွေးမှာလည်း ဆွဲဆောင်မှုရှိလှ၏။
ကျွင်းချင်ယွီသည် ကင်းမွန်ကို ဓားဖြင့်ဖြတ်ပြီး ဆော့စ်ထပ်သုတ်ကာ လေမှုတ်၍ အအေးခံလိုက်သည်။ ထို့နောက် လက်မြှောက်ကာ ဖုယွမ်ချွမ်းအား ကမ်းပေးလိုက်သည်။
''စားကြည့်''
ဖုယွမ်ချွမ်းက တစ်ကိုက်ကိုက်လိုက်ကာ ချီးကျူးလိုက်သည်
''အရသာရှိတယ် မင်းရဲ့အချက်အပြုတ်စကေးက တိုးတက်လာပြီ''
ကျွင်းချင်ယွီက သူ့အပြောကြောင့် သဘောတကျဖြစ်သွားပြီး ကင်းမွန်အားကောက်ယူကာ တံစို့သီကာ ဆော့စ်နှင့်ထပ်မွှေလိုက်သည်။
ထိုနှစ်ခုကို ရောမွှေယုံမျှသာ ဖြစ်သော်လည်း ဖုယွမ်ချွမ်းက ချီးကျူးပေးသည်။
ဖုယွမ်ချွမ်းလည်း ထိုကဲ့သို့ တစ်ချို့လုပ်ပြီးသွားကာ သူလုပ်ထားသည်များကိုလည်း ကျွင်းချင်ယွီကိုင်ထားသော ပန်းကန်ထဲသို့ထည့်ပေးရင်း ပြောလိုက်သည်။ ''ဒါကိုအရင်စား''
ကင်မွန်ကင်မှာ ပူပူနွေးနွေးစားမှ စားကောင်းကာ အေးသွားလျှင် အနည်းငယ်ညှီ၏။
ကျွင်းချင်ယွီ ပန်းကန်လေးကိုင်ကာ ဘေးမှာရပ်နေ၏။ မျက်နှာပေါ်မှ ဆီကာကွယ်သည့် မျက်နှာအကာကိုဖယ်ကာ စားရင်းဖုယွမ်ချွမ်း ကင်နေသည်ကိုကြည့်နေ၏။အခါအားလျော်စွာ သူ့ကိုခွံ့လိုက် သူ့ဘာသူလည်းစားလိုက် လုပ်နေသည်။
သံပြား၏အပူချိန်မှာ အလွန်မြင့်ပြီး ထိုအနားသို့ ကပ်သွားလျှင် အပူချိန်ကို ခံစားရသည်။ အပူချိန်မှာလည်း ဆက်လက်မြင့်လျက် ရှိသည်။
ကျွင်းချင်ယွီသည် ဖုယွမ်ချွမ်းအား တစ်ရှူးတစ်စဖြင့် ချွေးများကူသုတ်ပေးလိုက်ပြီး “ကင်ပြီးသလောက် အရင်စားရအောင် အများကြီးပိုလုပ်လိုက်ရင် ကုန်အောင်စားနိုင်မှာမဟုတ်တော့ဘူး''
အိမ်တွင် အစေခံများ တစ်ယောက်မှမရှိတော့ရာ အများကြီးလုပ်လျှင် ပိုနေမည်ဖြစ်သည်။
အစိမ်းများကို အေးခဲထား၍ရသော်လည်း ချက်ပြီးသားများမှာ သိမ်းထားရန်မလွယ်ပါ။
"ကောင်းပြီ…" ဖုယွမ်ချွမ်းက ပြောရင်း သူ့လက်ထဲမှ ကင်ပြီးသားများကို ရေသူငယ်လေး၏ပန်းကန်ထဲ ထည့်ပေးလိုက်သည်။
ကျွင်းချင်ယွီလည ဗိုက်ပြည့်လုနီးပါး ဖြစ်နေသည်။
ပန်းကန်ပြားကို စားပွဲပေါ်တင်လိုက်ကာ လက်ဗလာဖြင့်ပင် အနီရောင် ဝိုင်ပုလင်းကို ဖွင့်လိုက်၏။
ဘာတံဆိပ်မှန်းမသိသော်လည်း အနံ့ကတော့ သိပ်မကောင်းချေ။
အနီရောင်ဝိုင် အားလုံးမှာ ထိုအနံ့မျိုးပင် ဖြစ်လောက်သည်။
ကင်းမွန်ကင်များကို အနီရောင်ဝိုင်နှင့်တွဲဖက်၍ စားလိုက်သောအခါ ပြောစရာမလိုအောင်ပင် အနံ့မှာ အလွန်လိုက်ဖက်ပြီး ကင်းမွန်၏ အရသာမှာလည်း အတော်ပင်စားကောင်းပုံပေါ်သည်။
ကျွင်းချင်ယွီသည် အနီရောင်ဝိုင်အား တစ်ငုံစာခန့်သောက်ပြီး မျက်မှောင်ကြီးကြုံ့သွားသည်။
ဒါက.. ဘယ်လို ထူးဆန်းတဲ့ အရသာကြီးလဲ။
အလွန်ပြင်းကာ စပျစ်သီး အရသာပင်မပေါက်။ အခြားသူများသောက်နေသောအခါ အရသာရှိပုံပေါက်သော်လည်း ယခုမှသာအရသာကိုသိရတော့သည်။
အနံမှာထူးဆန်းသော်လည်း သောက်လိုက်သောအခါ ပိုထူးဆန်းနေသည်။
အနီးအနားတွင် အမှိုက်ပုံးမရှိသောကြောင့် ကျွင်းချင်ယွီ တောင့်ခံပြီးရင်း တောင့်ခံထားသည်။ နောက်ဆုံးတွင် ထိုအနီရောင်ဝိုင်တစ်ငုံကိုမြိုချလိုက်ကာ အသီးအရွက်ဖျော်ရည်ခွက်ကို ကောက်ယူလိုက်ပြီး အမြန်ထပ်၍မြိုချလိုက်သည်။
အနီရောင်ဝိုင်၏ အနံ့မှာပျောက်သွားသော်လည်း…ထူးတော့ ထူးဆန်းနေသေးသည်။
မည်သို့ ထူးဆန်းနေသည်ကိုတော့ ပြောမပြတတ် ေပ။ထူးတော့ ထူးဆန်းနေသည်။
ဖုယွမ်ချွမ်းသည် ရေသူငယ်လေး ရေခဲသေတ္တာထဲတွင် သွားသိမ်းထားသော အသီးအရွက်အချို့ကို ကင်လိုက် ပြီး သယ်လာသောအခါ ရေသူငယ်လေး၏ အသားအရောင်မှာ အနည်းငယ် ထူးဆန်းနေသည်။''ဘာဖြစ်လို့လဲ''
ကျွင်းချင်ယွီ ခေါင်းခါပြကာ ရီဝေဝေမျက်လုံးများ ဖြင့် ဖုယွမ်ချွမ်းဘေးကိုမှီကာ အင်္ကျီစကို ဆွဲပြီး မေးလိုက်သည်။“ဘာလို့ထွက်သွားတာလဲ…”
ဖုယွမ်ချွမ်း: "..."
မျက်ရည်ဝဲနေသော ရေသူလေးကိုကြည့်ကာ ဖုယွမ်ချွမ်း အသီးအရွက်များကို ချထားလိုက်ပြီး “ကိုယ် အသီးအရွက်နည်းနည်းသွားကင်တာ…”
ထိုရှင်းပြချက်ကို ကြားသောအခါ ကျွင်းချင်ယွီ မကျေမနပ်ဖြစ်သွားကာ ပြောလိုက်သည်။
“ဘာ အသီးအရွက်လဲ… ခုနကတင် ပျောက်သွားတာလေ…”
ဖုယွမ်ချွမ်း အံ့ဩသွားကာ စားပွဲနှင့်ထိုင်ခုံများရှိရာသို့ လှမ်းကြည့်လိုက်သည်။
ထိုအကွာအဝေးလောက်မှဆိုလျှင် ရေသူလေးသူ့ကိုလှမ်းကြည့်လျှင် မြင်ရ၏။
ရှောင်ယွီ ဘာဖြစ်နေတာပါလိမ့်။
"ကိုယ်အခု ပြန်လာပြီလေ" ဖုယွမ်ချွမ်း သူ့ခေါင်းလေးကို ပွတ်ကာချော့လိုက်၏။
ကျွင်းချင်ယွီ တစ်ခုခုပြောလိုက်သော်လည်း ဖုယွမ်ချွမ်း သေချာမကြားလိုက်ပေ။
သူထိုင်လိုက်ကာ ရေသူလေးကို ဖက်ထားလိုက်သည်။
ကျွင်းချင်ယွီ လည်းထိုင်လိုက်ကာ သူ့ပုခုံးပေါ်မှီထားပြီး မကျေမနပ်ဖြစ်နေသည်။
နီးကပ်သွားသောအခါ ဖုယွမ်ချွမ်း ရေသူငယ်လေးဆီမှ အရက်နံ့နည်းနည်း ရလိုက်၏။
စားပွဲပေါ်တွင် အနီရောင်ဝိုင်ရှိနေခဲ့သည်။ သူအနံ့ရသော်လည်း စားပွဲပေါ်မှဟု ထင်နေခဲ့ပြီး ရေသူငယ်လေး သောက်ထားလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ဒါဆို အခု သူသောက်ထားခဲ့တာလား
ဖန်ခွက် နှစ်ခွက်လုံးမှာ အနီရောင်ဝိုင်များဖြင့်ပြည့်နေ၏။ ရေသူငယ်လေး အကုန်သောက်ပြီးပြန်ဖြည့်ထားဟန်တူသည်။
ကျွင်းချင်ယွီ ခဏအကြာလှဲနေပြီးမှ ခေါင်းထောင်လိုက်ကာ သနားကမားလေး မေးလိုက်၏။ “ ဘာလို့ ငါ့ကို လျစ်လျူရှုနေရတာလဲ…”
"လျစ်လျူရှူတယ်…" ဖုယွမ်ချွမ်း အနည်းငယ်နေရခက်သွားကာ ခဏအကြာတွေးပြီးနောက် သူ့ပေါင်ပေါ်တွင် ရေသူလေးကိုဖက်ထားလိုက်ကာကျောပြင်ကို လက်ဖြင့်ခံထားပေးပြီး နှစ်သိမ့်ပေးလိုက်၏။
“ဘာတွေ မကျေမနပ်ဖြစ်နေတာတုန်း…”
ဝိုင်ပုလင်းထဲမှ ဝိုင်ပမာဏကိုကြည့်လိုက်သောအခါ ရေသူလေး အများကြီးမသောက်ထားမှန်း သိလိုက်ရသည်။
အနီရောင်ဝိုင်မှာ ကိုယ်ခံအားများလျှင် သောက်သောအခါ ဘယ်လိုမှ မခံစားရပေ။
ရေသူလေး အတွက်တော့ ကိုယ်ခံအားမရှိသောကြောင့် နည်းနည်းလေးနှင့် မူးသွားခြင်းဖြစ်သည်။
ရေသူငယ်လေး မကျေမနပ်ဖြစ်နေပုံကိုကြည့်ကာ ဘယ်လိုနှစ်သိမ့်ရမှန်းမသိဖြစ်နေသည်။ ခဏအကြာစဉ်းစားပြီးမှ “သွားအိပ်ကြစို့ ဟုတ်ပြီလား''
အိပ်ပျော်သွားလျှင်တော့ အဆင် ပြေသွားမည် ထင်သည်။
ကျွင်းချင်ယွီ ငြင်းလိုက်သည် : "မအိပ်ပါဘူး…"
"အဲ့ဒါဆို တစ်ခုခုစားမလား…"
အစားအသောက်တစ်ခုခုစားလိုက်လျှင် အရက်ရှိန်လျော့သွားမည် ထင်သောကြောင့် ဖြစ်သည်။
ကျွင်းချင်ယွီ ငြင်းပြန်သည် : "မစားချင်ဘူး…"
ဖုယွမ်ချွမ်း ရှောင်ယွီကို မျှော်လင့်ချက်မဲ့စွာဖြင့်ကြည့်နေမိသည်။ အခြားတစ်ယောက်သာ အရက်မူးလျှင် နှင်ထုတ်လိုက်မည်ဖြစ်သည်။ သို့သော် ရှောင်ယွီဖြစ်နေသောကြောင့် ဘာမှမတတ်နိုင်။
ကျွင်းချင်ယွီ ခေါင်းလေးစောင်းကာ "ဘာလို့စကားမပြောတာလဲ…"
"ဘာပြောရမှာလဲ…" ဖုယွမ်ချွမ်း အမှန်တကယ်ကြောင်တောင်တောင်ဖြစ်နေသည်။
ကျွင်းချင်ယွီ ထိုမေးခွန်းကို ခဏအကြာစဉ်းစားနေကာ ငြိမ်သွားသည်။ အဖြေကို သူလည်းမသိ။
ဘာပြောရမှာလဲ..။ အမ်...ဘာအကြောင်းပြောနေကြတာလဲ။
သူ၏ ဦးနှောက်မှာ ဗလာဖြစ်နေသည်။
ကျွင်းချင်ယွီ အတွေးထဲမျောနေပြီး မလှုပ်မယှက်ဖြစ်နေသောအခါ ဖုယွမ်ချွမ်း လန့်သွားသည်။
ရှောင်ယွီနှင့် ပြောနေစဉ်ရုတ်တရက်ကြီး တိတ်ဆိတ်သွားသည်မှာ ပြဿနာရှိသည်။
ကျွင်းချင်ယွီ ဖုယွမ်ချွမ်းလက်မောင်းပေါ် ရုတ်တရက်မှီလိုက်ကာ ကြောင်တောင်တောင်လေး ပေကလပ်ပေကလပ် လုပ်နေ၏။
ဖုယွမ်ချွမ်း ထိုအကြောင်းကို တွေးပြီး ရေသူလေးကို ချီလိုက်ကာ အခန်းထဲသို့ပြန်ခေါ်သွားလိုက်သည်။
အမူးပြေလက်ဖက်ရည်လေးဖျော်ရမည်။ ဝိုင်အရှိန်ပြေသွားသောအခါ ခေါင်းမူးလာနိုင်သည်။
သို့သော်နိုးနိုးချင်းပင် ကျွင်းချင်ယွီ ထွက်ပြေးရန်သောင်းကျန်းတော့သည်။
ဖုယွမ်ချွမ်း သူ့ကိုမခြောက်လှန့်ချင် မနာကျင်စေချင်။ သို့သော် ရှောင်ယွီမှာ သူ့ဘာသာ ခုန်ချသွားနိုင်သည်။
သို့သော် သူမလှုပ်နိုင်ခင်မှာပင် ရေသူလေး ငြိမ်ကျသွား၏။
ကျွင်းချင်ယွီ: "ကျွန်တော်ဖျော်ရည် သောက်ချင်တယ်…"
ခဏရပ်သွားပြီး ထပ်ပြောပြန်သည်။ “ခုချက်ချင်းဖျော်ထားတဲ့ဟာ…”
"အိမ်ထဲမှာ သောက်မလား…ဖျော်ရည်စက်က အိမ်ထဲမှာ…”
"ကောင်းပြီ…"
ဖုယွမ်ချွမ်း: "ချီသွားရမလား…"
"အင်း…" ကျွင်းချင်ယွီ ဖုယွမ်ချွမ်း လည်ပင်းကို သိုင်းဖက်လိုက်သည်။
မူးနေသောသူကို ဖုယွမ်ချွမ်း အတင်းလုပ်ခိုင်း၍မရ။ ငြိမ်နေတုန်း အမြန်ခေါ်သွားမှ ဖြစ်မည်။
ပန်းခြံနှင့် အိမ်မှာအရမ်းမနီးချေ။ ထို့အပြင် ဖုယွမ်ချွမ်း ကားလည်း မစီစဉ်ထားမိ။ အစာစားပြီးသောအခါ လမ်းလျှောက်ပြန်ကြမည်ဟု တွေးထားခြင်းဖြစ်သည်။
တစ်ခုခုမှားယွင်းသွားသောအခါ လမ်းလျှောက်ရမည့်အစား အမူးသမားငါးလေးကို ကောက်ချီလာရတော့သည်။
ကျွင်းချင်ယွီ ပျင်းလာသောအခါ ဟိုကြည့်ဒီကြည့်ဖြင် ဖုယွမ်ချွမ်းကျောပြင်ပေါ်တွင် မှီနေ၏။ တွေးလိုက် အသက်ရှူလိုက် လုပ်နေသည်။
ဖုယွမ်ချွမ်း ရုတ်တရက်လန့်သွားကာ ရေသူလေးကိုကိုင်ထားသော လက်မှာတောင့်သွားသည်။ “ငါးလေး…”
ကျွင်းချင်ယွီ ပုခုံးထဲတွင် မျက်နှာတစ်ဝက်လောက်မြှုပ်ထားကာ မျက်လုံးစင်းစင်းလေးဖြင့်မေးလိုက်၏။ “လေးလို့လား…”
"မလေးပါဘူး…"
"အာ~" မူးနေသော ရေသူလေးမှာ အားရပါးရ သူ့ကိုဖက်လိုက်၏။
ရေသူလေးမှာ ပြဿနာမရှာတော့သော်လည်း လှုပ်စိလှုပ်စိ လုပ်နေခြင်းမှာ မရပ်ပေ။
အိမ်တော် တံခါးဝသို့ရောက်သောအခါ မလှုပ်တော့ဘဲ ငြိမ်ကျသွား၏။
ကြည့်လိုက်သောအခါ အိပ်ပျော်နေလေပြီ။
---
ကျွင်းချင်ယွီ ငါးကန်ထဲတွင်ရေစိမ်နေကာ ပူဖောင်းလေးများ လုပ်နေ၏။
မနေ့ကပင် ကင်းမွန်အကင် စားနေခဲ့သည် မဟုတ်ပါလား။ နိုးလာသောအခါ ရေသူလေးဖြစ်နေရုံသာမက အခွံမာ အိပ်ရာပေါ်ရောက်နေလေသည်။
တစ်ပိုင်းတစ်စ မှတ်မိသော်လည်း ဆက်စပ်မှုမရှိ။
အင်း...အနီရောင်ဝိုင် သောက်လိုက်မိသည် ထင်၏။
မူးသွားလား။
မူးနေတုန်းက မှတ်ဉာဏ်မှာ ပျောက်သွားသည်လား။
ထိုမျှသာမဟုတ် ခေါင်းလည်းကိုက်နေသည် နည်းနည်းသာ သောက်ထားသောကြောင့် သိပ်တော့မပြင်းထန်ချေ။
ကျွင်းချင်ယွီ စိတ်ချလက်ချ သက်ပြင်းတစ်ချက်ချကာ နောက်တစ်ခါထပ်မလုပ်တော့ရန် ဆုံးဖြတ်လိုက်သည်။
အနီရောင်ဝိုင်မှာ စပျစ်သီးမှလုပ်ထားပြီး အရသာရှိမည်ဟု ထင်ခဲ့သည်။
ယခုလိုဖြစ်မည် မထင်ထားခဲ့မိပေ။
ထိုအကြောင်းကို တွေးနေစဥ်မှာပင် ကျွင်းချင်ယွီ တံခါးဖွင့်သံကိုကြားလိုက်ရသောကြောင့် ငါးကန်အစွန်းလေးကို အားပြုကာ တက်လာလိုက်သည်။“အာ…”
"နိုးပြီလား…" ဖုယွမ်ချွမ်း လျှောက်လာပြီးလက်ချောင်းများကိုကွေးလိုက်ပြီး ရေသူလေး၏ပါးလေးကို ပွတ်လျက် ပြောလိုက်သည်။ “ဒါလေးသောက်လိုက်…”
ကျွင်းချင်ယွီ အမှတ်တမဲ့ပင် ပါးစပ်နားသို့ရောက်လာသော ပိုက်လေးကိုကိုက်လိုက်ကာ သောက်လိုက်ပြီးမှ မေးရန်သတိရသွား၏။
"ဒါက ဘာလဲ…."
"အမူးပြေ လက်ဖက်ရည်ပါ…၊ နည်းနည်းလေးသောက်ရင်တောင် ခေါင်းကိုက်သက်သာတယ်…"
မနေ့ကလည်း ရေသူလေးကိုအနည်းငယ်တိုက်လိုက်သေး၏။
သို့သော်လည်း အရသာမကောင်းသောကြောင့်ဖြစ်မည်ထင်၏။ ကျွင်းချင်ယွီက ရေသူလေးအဖြစ်ပြန်ပြောင်းသွားကာ ငါးကန်ထဲမှ အခွံမာအိပ်ရာလေးထဲတွင် အသံမထွက်ဘဲ ပုန်းနေတော့သည်။
အမူးပြေ လက်ဖက်ရည်ကို သောက်နေရင်း ကျွင်းချင်ယွီ ဝိုးတဝါးလေး ပြောလိုက်သည်။
"ကျွန်တော်မနေ့က အရမ်းမူးသွားတာလား…"
ဖုယွမ်ချွမ်း ရေသူလေးကို သကြားလုံးကမ်းပေးကာ ပြောလိုက်သည်။ "ပုံမှန်ပါပဲ…"
"ကျွန်တော် တစ်ခုခု ထူးဆန်းတာတွေ လုပ်သေးလား…" ကျွင်းချင်ယွီ သူမူးနေစဥ်တွင် ဘယ်လိုပုံစံဖြစ်နေမည်ကို သိချင်စိတ်ဖြင့်မေးလိုက်၏။
ဖုယွမ်ချွမ်း နှုတ်ခမ်းများကိုစေ့ကာ ပြောလိုက်သည်။ “ဟင့်အင်း မူးတော့ ကောင်းကောင်းအိပ်နေတာ…”
ကျွင်းချင်ယွီ အဖြေကို ကျေနပ်သွားသည်။ အကြောင်းမှာ သူသိသလောက်ဆိုလျှင် သူမူးသောအခါ စိတ်ဆိုးပြီးရမ်းကားတတ်မည်ဟု ခန့်မှန်းထားမိသောကြောင့်ဖြစ်သည်။ရေသူလေး အမူးပြေလက်ဖက်ရည်သောက်ပြီးသောအခါ ဖုယွမ်ချွမ်း အလုပ်လုပ်ရန် ပြန်သွားလိုက်၏။ အခုတလော သူ့အလုပ်ကိစ္စများမှာ ရှုပ်ယှက်ခက်နေပြီး တာဝန်များကလည်း များနေ၏။
သို့သော် အရင်တစ်ခေါက်ကလောက်တော့ မများပေ။
ယခင်က အင်ပါယာခေါင်းဆောင်များမှာ အခြားတစ်ဖက်က သေလူဟုသတ်မှတ်ခံထားရသည်ဟူသော အကြောင်းပြချက်ဖြင့်အရေးကြီးစာရွက်စာတမ်းများအားလုံးကို သူ့ကို လွှဲပေးလေ့ရှိသည်။ ထို့အပြင် သူလုပ်နိုင်သည်ထက် ပိုသော ကိစ္စများလည်းအများကြီးပါဝင်နေ၏။
သို့သော် ယခုအခါ သူ့ရောဂါမှာ သက်သာသွားသဖြင့် အင်ပါယာ ခေါင်းဆောင်များလည်း ယခင်ကနှင့် မတူတော့ချေ။
Xxxxxx