အပိုင်း ၄၄
Viewers 16k

Chapter 44


သာမန်လူများသည် သူတို့ဆီသို့ ဓားပြတစ်ယောက်ဝင်လာခဲ့လျှင် သေချာပေါက်ကြောက်လန့်ကြလိမ့်မည်။ ထိုအချိန်တွင် ဝမ်ချန်းယောင်က သူ၏ကြယ်တာရာဓားပြနောက်ခံဖြင့် ဘာလုပ်ရမည်ကို တွေးနေ၏။


ကျွင်းချင်ယွီက သူ့အား ပူးပေါင်းဆောင်ရွက်ရန် ပြောပြီး သဘောထားချင်းကွဲလွဲပါက ရဲခေါ်လိုက်မည်ဖြစ်ကြောင်းပြောလိမ့်မည်။


ဝမ်ချန်းယောင်က အေးစက်စက်ရယ်လိုက်ပြီး လက်ကောက်၀တ်ကိုပွတ်လိုက်သည်။ သူ၏လက်ထဲ၌ရှိနေသော ငွေဖြူရောင်သေနတ်က အေးစက်စက်အငွေ့အသက်တို့ စိမ့်ထွက်နေသည်။


ဖုယွမ်ချွမ်း မျက်မှောင်ကြုံ့လိုက်ပြီး သူ၏မျက်နှာက တစ်ဖက်လူအား အေးစိမ့်သွားစေသည်။ သူ့လက်ကိုမြှောက်လိုက်ကာ အနီရောင်ခလုတ်အား ဖိချလိုက်သည်။ 


" တီ တီ…"


အချက်ပေးသံနှစ်ချက်ထွက်ပေါ်လာပြီးနောက်…။ 


အိမ်ငယ်လေးအတွင်းတွင် စက်ရုပ်လက်လေးများက မျက်နှာကျက်အထက်နှင့် ကြမ်းခင်းများပေါ်မှ ဟိုဟိုသည်သည်ထိုးထွက်လာခဲ့သည်။ စက်ရုပ်လက်တစ်ခုစီတွင် အမျိုးအစားအမျိုးမျိုးနှင့်သေနတ်တစ်လက်စီရှိနေကြသည်။ 


ဝမ်ချန်းယောင် : "..."


" ဒါဘယ်လိုခြိမ်းခြောက်မှုမျိုးလဲ…"


ဝမ်ချန်းယောင်က လက်သီးဆုတ်ကိုဖြေလိုက်ကာ ထောင်ထနေသည့်အကြောများက ပြေလျော့သွားပြီး ပြောလိုက်သည်။


"ငါကသဘောပြောတာပါ…၊မင်းအတည်ကြီးယူစရာမလိုပါဘူးကွာ…"


ဖုယွမ်ချွမ်းက အနီယောင်ခလုတ်အားတဖန်ပြန်နှိပ်လိုက်ချိန်တွင် စက်ရုပ်လက်များပြန်ဝင်သွားပြီး အိမ်တစ်ခုလုံးက ပကတိအတိုင်းငြိမ်သက်သွားပေသည်။ 


ကျွင်းချင်ယွီက အခန်းတစ်ခုလုံးတွင် မည်သည့်အရာများထည့်သွင်းထားသည်ကိုသိထားပြီး လုံးဝပြီးပြည့်စုံသောဒီဇိုင်းကိုလည်းမြင်ခဲ့ရသည်။ 


ထိုအရာများပေါ်ပေါက်လာသော်လည်းကျွင်းချင်ယွီတစ်ယောက်လုံးဝမအံ့ဩခဲ့ပေ။ 


ပြုံးနေသောဝမ်ချန်းယောင်ကိုကြည့်ကာ ကျွင်းချင်ယွီက 


"မင်းတွေ့သွားပြီပဲ၊ မင်းပဲ ငါ့ကို ရောင်းပေးဖို့တောင်းပန်ခဲ့တာနော်…"


 သူက စိတ်မပါသည့်ဟန်ဖြင့်ပြောလိုက်သည်။ 


သူက ပိုက်ဆံရဖို့ ထိုအရာကိုအသုံးပြုခဲ့သည့်တိုင်အောင် ပိုက်ဆံရှာဖို့ရန်အတွက်ထိုအရာပေါ်၌မမှီခိုထားပေ။ ပြီးနောက် သူထိုအရာအားမရောင်းဘဲလည်းနေနိုင်၏။ ဖုယွမ်ချွမ်း၏စစ်သားများက ထိုသစ်သီးများကို ကုန်သွားစေဖို့ရာ လုံလုံလောက်လောက်ရှိသည်။


ကျွင်းချင်ယွီကပြောသည်။


"မင်းစိတ်ထားကောင်းကောင်းလေးထားသင့်တယ်…"


ဝမ်ချန်းယောင်၏ပင်ကိုယ်စရိုက်က အရာများကိုလုပ်ရန် သူ့အတွက်အဆင်ပြေသည်ဆိုသော်လည်း ဝမ်ချန်းယောင်က ပူးပေါင်းဆောင်ရွက်ရန်ငြင်းဆန်ခဲ့ပါက သူသူ့နေရာတွင်အစားထိုးရန် တစ်စုံတစ်ယောက်ကိုလည်းရှာဖွေနိုင်ပေသည်။  


ဤအရာကအချိန်ဖြုန်းနေခြင်းသာဖြစ်၏။ 


ဝမ်ချန်းယောင်က စိတ်မဆိုးသည့်အပြင် ထိုစကားကိုကြားပြီးနောက်ပြုံးကာ 


" ငါဒီနေရာကိုရောက်နေပြီဆိုကတည်းက ငါ့ရဲ့သဘောထားကိုသိလောက်ပြီပေါ့…"


ဝမ်ချန်းယောင် အရင်ကသစ်သီးဖျော်ရည်အကြောင်းစဉ်းစားကာစိတ်မရှည်ဖြစ်နေသော ဆိုင်ပိုင်ရှင်အားကြည့်လိုက်ပြီး 


" အင်းပါ…ဒါပေမယ့်အဲ့ဒါဘာလဲဆိုတာငါအရင်ကြည့်ပါရစေဦး…"


" ဒီမှာ…"


ကျွင်းချင်ယွီက သူ့အား ဈေးစာရင်းကမ်းပေးလိုက်သည်။ 


သူ့အား အသက်ရှင်စေဖို့တစ်ခုခုပေးမယ်ထင်ပေမယ့်ကဒ်လေးတစ်ကဒ်ဖြစ်နေဖို့တော့ မမျှော်မှန်းထားပေ။ 


" ဘာကြီးလဲ…"


ကျွင်းချင်ယွီက


" အစားအစာမှာဖို့လေ…၊ အဲ့မှာမင်းဘာမှာချင်လဲကြည့်…၊ ပြီးရင်ပိုက်ဆံရှင်းဖို့စောင့်နေ…"


ဝမ်ချန်းယောင်က ထွေထွေထူးထူးမှာစရာမရှိ၍ ဈေးစာရင်းအားပြန်တွန်းပေးလိုက်ပြီး


" အပေါ်ကဟာနဲ့တူတူပဲယူမယ်…"


ကျွင်းချင်ယွီက ခေါင်းငြိမ့်ကာ


" ထိုင်ပြီးစောင့်နေပေးပါ…"


" မသွားဘူး…၊ မင်းလုပ်တာတွေကိုငါကြည့်နေမှာ…"


" ဘာလဲ အဆိပ်ခတ်မှာကြောက်နေတာလား၊ ငါသာအဆိပ်ခတ်ချင်ရင် ခင်ဗျားစိုက်ကြည့်နေရင်တောင်ခတ်လိုက်လို့ရတယ်…"


ဝမ်ချန်းယောင်က ပြုံးပြီးပြောလာသည်။ 


" ဘယ်လိုဖြစ်နိုင်မှာလဲ…၊ မင်းငါ့ကိုအဆိပ်ခတ်ချင်နေတယ်ဆိုရင် ငါအဲ့ဒီအသီးဖျော်ရည်ကိုမသောက်တော့ဘူးပေါ့…၊ မင်းကမင်းအလုပ်ပဲလုပ်… ၊ ငါကကြည့်ပြီးသင်မယ်…"


ကျွင်းချင်ယွီ ဟန်မဆောင်နိုင်တော့ပေ။ အသီးအရွက်များကိုလှီးခြင်းသည်မည်သည့်ကျွမ်းကျင်မှုမျှမလိုပေ။ ဤသည်ကို ဝမ်ချန်းယောင်က မည်သည်ကိုကြည့်ပြီးမည်သည်ကိုသင်မည်နည်း။ အသီးလှီးခြင်းကိုလား…။ 


ကျွင်းချင်ယွီ အရင်ဆုံး ပြင်ဆင်ထားပြီး‌ဖြစ်သောပန်းကန်တစ်ချပ်အားထုတ်ယူလိုက်ကာ နောက်တစ်ပန်းကန်အားလည်းထိုပန်းကန်အတိုင်းပြင်ဆင်လိုက်သည်။ 


ဝမ်ချန်းယောင်တစ်ယောက် သူ့ရှေ့၌ရှိနေသော ပန်းကန်များကိုကြည့်လိုက်သည်။ အသွင်အပြင်က အပြင်၌ရောင်းချသောအသုပ်စုံနှင့်သစ်သီးများနှင့်မထူးခြားနားပင်ဖြစ်သည်။ 


ဤအရာများကိုသူ့ညီမလေးအားမပေးခင်သူအရင်ဆုံးမြည်းကြည့်မှဖြစ်မည်။ 


သူအရင်က သစ်သီး‌ဖျော်ရည်များကိုဝယ်ပေးခဲ့ဖူးသည်။ ထို့ကြောင့် ဝမ်ချန်းယောင်က သစ်သီးဖျော်ရည်မသောက်သေးဘဲအရွက်သုပ်ကိုအရင်စားသည်။ အရင်က တခြားသူများထံမှ သစ်သီးဝလံတို့ကို အခြေခံကာထုတ်ထားသော‌ဖျော်ရည်တို့မှာ ကောင်းသောအကျိုးသက်ရောက်မှုဖြစ်သည်ဟု ပြောသည်ကိုကြားဖူးသည်။ သို့သော်လည်း ဝမ်ချန်းယောင်မှာ ထိုအရာကိုသောက်ပြီးမူးသွားလေသည်။ 


ထိုအရာက သစ်သီးဖျော်ရည်နှင့်ဆိုင်သည့် ကွဲပြားခြားနားနေသည့်ခံစားချက်များပင်ဖြစ်သည်။ 


ခေါင်းစိုက်ကာမွှေနေသော ကျွင်းချင်ယွီကိုကြည့်ကာ ဝမ်ချန်းယောင် သူ၏နှုတ်ခမ်းအားဖိလိုက်ပြီး နောက်ထပ်သစ်သီးတစ်စိတ်ထပ်စားလိုက်သည်။  


ဝမ်ချန်းယောင်တစ်ယောက် အွန်လိုင်းမှရောင်းချသောသစ်သီးဖျော်ရည်နှင့်မတူဘဲ အရသာပုံချင်းခြားနားနေကြောင်း ခံစားနေရသည်ကို သူ၏အမူအရာမှ ကျွင်းချင်ယွီသိပေသည်။ 


သူ့အားအရသာရှိရှိစားနိုင်ဖို့အချိန်ပေးထားလိုက်ပြီး ကျွင်းချင်ယွီ သူ့အစားကိုသာဆက်စားခိုင်းလိုက်သည်။ 


ပန်းကန်တဝက်ခန့်စားပြီးနောက် ဝမ်ချန်းယောင်က ဇွန်းချကာ


" ငါ့ညီမကိုသွားခေါ်လိုက်ဦးမယ်…"


" မြန်မြန်လေးသွား…၊ ငါအကြာကြီးမစောင့်ဘူးနော်…"


ကျွင်းချင်ယွီက စောင့်နေရသည်ကိုမကြိုက်ပေ။ 


"ကောင်းပြီ…"


ဝမ်ချန်းယောင်က မြန်မြန်ဆန်ဆန်ထွက်လာခဲ့ပြီး ဟိုကြည့်ဒီကြည့်နှင့်လိုက်လာ‌သော ထိုကောင်ငယ်လေးဟာ လည်းမြန်မြန်ဆန်ဆန်ထွက်လိုက်လာသည်။ 


ဈေးဆိုင်လေးကတစ်ဖန်ပြန်တိတ်ဆိတ်သွားပေသည်။ 


ကျွင်းချင်ယွီ သူ၏လက်ထဲမှ ပန်းသီးကိုတစ်ကိုက်ကိုက်လိုက်ပြီး 


"သူဘယ်လောက်လောက်ကြာမှပြန်ရောက်မယ်လို့ ခင်များထင်လဲ…"


" သိပ်မကြာလောက်ပါဘူး…"


ကျွင်းချင်ယွီပြုံးကာ


"ခင်များကအစိတ်အပိုင်းလေးတစ်ခုနဲ့သူ့ကိုခြောက်နေတာလား…၊ သူတို့ထွက်ပြေးသွားမယ်ဆိုရင်တော့ ဒီအုပ်စုတိုက်ရိုက်မလာတော့မှာမျိုးဖြစ်နိုင်တယ်…"


အသံဆုံးသွားသည်နှင့် ဝမ်ချန်းယောင်က သူ၏နောက်ကျောဘက်တွင် ကလေးမလေးကိုသယ်လျက် လျှောက်ဝင်လာသည်။ 


ကောင်ငယ်လေးက ယခုတကြိမ်တွင်တော့ မလိုက်လာတော့ပေ။ 


ဝမ်ချန်းယောင်က ကလေးမလေးကို ထိုင်ခုံထက်တွင်ထားလိုက်ပြီး လျှောက်လာကာ ပြောလိုက်သည်။


" အခုချက်ချင်း မီနူးထဲက ဆယ်ခုပေး…"


"မင်းဒီလောက်အများကြီးစားလို့ကုန်မှာမဟုတ်ဘူး…"


ကျွင်းချင်ယွီက သူ့အတွက်မလုပ်ပေးခဲ့ပေ။ 


" ပြီးတော့ မင်းရဲ့ညီမကလည်းဒီ‌လောက်အများကြီးစားနိုင်မှာမဟုတ်ဘူး…"


အားဆေးသွင်းခြင်း၌လည်း ကန့်သတ်ချက်ဆိုသည်မှာရှိသည်။ အား‌ဆေးဆိုသည်မှာ ချက်ချင်းသွင်းလိုက်ပြီး ကျန်းမာလာရန်လျင်လျင်မြန်မြန်အားဖြည့်ပေးနိုင်သည်မှာ မဖြစ်နိုင်ချေ။ ထိုအရာကအမှားကြီးသာဖြစ်သည်။ 


 အစာစားခြင်းက အားဆေးများတိုက်ရိုက်ထိုးသွင်းခြင်းနှင့်အကွာကြီးကွာပါသည်။ သို့သော် အစားများလျှင်လည်းကျန်းမာရေးအတွက်မကောင်းပေ။ 


ဝမ်ချန်းယောင်က တစ်ခုခု ပြောတော့မည့်အရိပ်အယောင်ကိုမြင်၍ ကျွင်းချင်ယွီ သူ၏စကားလုံးများအား အရင်ပိတ်ထားလိုက်သည်။


" ငါ့ စည်းကမ်းပဲ…"


ဝမ်ချန်းယောင်၏နှုတ်ခမ်းများ အနည်းငယ်ရွေ့လျားသွားသည်။ 


ထိုအစားအစာများက တကယ်ပင်အသုံးဝင်လှသည်။ သူ သူ၏နှစ်ပေါင်းများစွာလဲလျောင်းနေသောညီမငယ်လေးအားကုသရန် တစ်ခုတည်းသောနည်းလမ်းကိုရှာတွေ့ခဲ့သည်။ ထိုအရာဖြင့်ဆိုလျှင် ဝမ်ချန်းယောင်အတွက်ခက်ခဲတော့မည်မဟုတ်ပေ။ 


" ကောင်းပြီ ငါသဘောပေါက်ပြီ…"


ဝမ်ချန်းယောင်က စားပွဲပေါ်မှ အစားအစာကိုယူလိုက်ပြီး သူ၏ညီမလေးရှေ့ချထားလိုက်သည်။ 


ညီမလေးက သူမ၏လက်ကိုပင်မသယ်နိုင်လောက်အောင်အရမ်းဖျားနေသောကြောင့် ဝမ်ချန်းယောင်က သူမအားဇွန်းအပြည့်ခွံ့ကျွေးခဲ့သည်။ 


ကျွင်းချင်ယွီက ဖုယွမ်ချွမ်းကိုတိုးတိုးလေးပြောလိုက်သည်။ 


"တခြားအရာတွေကိုဘေးဖယ်ထားကြည့်မယ်ဆိုရင်တော့ သူကအရမ်းကောင်းတဲ့အစ်ကိုတစ်ယောက်ပဲ…"


ဖုယွမ်ချွမ်းက


" သူ့ဘဝအတွေ့အကြုံတွေကအရမ်းကိုအဖုအထစ်တွေများလွန်းတယ်…၊ သူ့ရဲ့ညီမ‌လေးခုလိုဖြစ်ခဲ့ရတဲ့အကြောင်းရင်းကလည်းသူ့ကိုကယ်ဖို့အတွက်ပဲ၊ …မိသားစုသွေးသားသံယောဇဉ်ဆိုတာတွေကိုဖယ်ထားလိုက်ရင်…အပြစ်ရှိစိတ်လေးဝင်နေပုံပဲ"


ကျွင်းချင်ယွမ်ခေါင်းငြိမ့်လိုက်သည်။ 


စားပွဲပေါ်၌သူတို့နှစ်ယောက်လုံးအတွက်အစားအစာများလုံလုံလောက်လောက်ရှိနေပြီး ကျွင်းချင်ယွီ တခြားအရာများကို‌ဖြင့်မပြင်ဆင်ထားပေ။ 


မည်သို့ပင်ဖြစ်စေ သူက ဧည့်သည်ကိုစားပွဲတစ်ဝိုင်းစာရသည်နှင့် သူတို့ထွက်သွားလျှင် ဆိုင်ပိတ်လိုက်မည်ပင်။


ထုပ်ပိုးနေစဉ် ဝမ်ချန်းယောင်ကမေးလာသည်။ 


" ဆိုင်ရှင်…၊ နေ့တိုင်းဆိုင်ဘယ်ချိန်ဖွင့်လဲ…၊ မနက်တိုင်း ၆ နာရီလောက်လာလို့ရမလား…"


ကျွင်းချင်ယွီ:"..."


သူနေ့တိုင်းအစောကြီးထရမည်ဟုဆိုလိုနေခြင်းလား။ 


တစ်ဦးချင်းအလိုက်ကိုသာမန်အတိုင်းပင်ပေါ့ပေါ့ပါးပါးရောင်းချချင်ပေမယ့် အချိန်ပြည့်အလုပ်တော့မရချင်ပေ။


ဖုယွမ်ချွမ်းက ပြေရာပြေကြောင်းပြောလာသည်။    


" ၆နာရီကတော့မလိုပါဘူး…၊ ဒီနေရာမှာဘယ်ဆိုင်မှလည်းဖွင့်ဦးမှာမဟုတ်ဘူး…၊ မင်းသိလာတဲ့သတင်းကမှားနေတာဖြစ်မယ်…"


ဝမ်ချန်းယောင်က မှောင်ရိပ်ယောင်သန်းလာသည့်အချိန်ကိုရွေးသည်။ အဘယ်ကြောင့်ဆိုသော် သူက လူအုပ်အားရှောင်ရှားချင်ပြီး တစ်ခုခုလည်းဝယ်သွားချင်သည်။ 


သို့သော် ကျွင်ချင်းယွီက သူ့အား သူလိုချင်သည်များကိုမပေးချေ။ 


သူကအရာရာတိုင်းကိုစားဖူးပြီး လူများကိုစည်းရုံးရန်လည်း ယုံကြည်မှုအပြည့်ရှိသည်။ သူ သူ့ကို လူစည်ကားသည့်အချိန်အား မှားပြောလျှင်ပင် ကိစ္စရှိမည်မဟုတ်ပေ။ 


ဝမ်ချန်းယောင်က ရေတစ်ငုံသောက်လိုက်ပြီး နားလည်စေရန်လက်ဟန်ခြေဟန်များလုပ်ပြနေသည်။ စည်းရုံးနေခြင်းဖြစ်၍သူ့အားအဖက်မလုပ်ခဲ့ချေ။ 


ထိုစက်ပစ္စည်းများကို ယူထုတ်သွားနိုင်သောထိုလူများသည် သေချာပေါက် သာမန်လူများတော့မဖြစ်နိုင်ချေ။ 


လက်ရှိအခြေ‌အနေအရ သူ့အတွက်အကျိုးရှိနိုင်သည်။ ထိုအရာအားမပြောခဲ့ယောင်သာဟန်ဆောင်ရပေတော့မည်။ 


သူ၏ညီမလေးက နေမကောင်းသည့်ဒဏ်ကိုအတော်ခံစားနေရသည်။ နေ့တိုင်းလည်းအစားအသောက်ကိုအနည်းငယ်မျှသာစားနိုင်သည်။ တစ်ခါတစ်ရံ တစ်နေ့ကိုတစ်ကိုက်မျှပင်မစားနိုင်လောက်သည့်အခြေအနေလည်းရှိပေသည်။ သစ်သီးဝလံများနှင့်ဟင်းသီးဟင်းရွက်များကသာသူမအတွက်အာဟာရဖြစ်စေသောအရာများဖြစ်ခဲ့သည်။ 


မကြာခဏစားလေ့ရှိသောဆိုင်ပိုင်ရှင်က သစ်သီးများတရားမဝင်တင်သွင်းမှုနှင့်အဖမ်းခံလိုက်ရပြီး ယခုဆိုလျှင် သူ့အားမတွေ့တော့ချေ။ နောက်တစ်ဆိုင်အားပြောင်းလျှင်လည်းသူ့ညီမလေးမစားတော့မည်ကိုကြောက်၍ သစ်သီးနှင့်ဟင်းသီးရွက်အားလုံးကိုအွန်လိုင်းကနေသာဝယ်ခဲ့သည်။ 


အဆုံး၌ ထိုသစ်သီးနှင့်ဟင်းသီးဟင်းရွက်ကိုမစားခဲ့ပေ။ သို့သော် သူ့ညီမလေးအတွက် ဝယ်ဖြစ်ခဲ့သည့်သစ်သီးဖျော်ရည်ကိုတော့ သူ့ညီမလေးက အလွန်ကြိုက်လေသည်။ 


ဝမ်ချန်းယောင်က မေးသည်။


" ဘယ်လိုလဲနေရတာသက်သာရဲ့လား…"


ယောင်ယောင်ကခေါင်းငြိမ့်ကာဖြေသည်။


" ‌ကောင်းပါတယ်…"


ဝမ်ချန်းယောင်က သူ့ညီမဖြစ်သူ၏အသားအရောင်က နှင်းဆီရောင်သန်းလာသည်ကိုမြင်ခဲ့ရသည်။ စိတ်ပိုင်းဆိုင်ရာအ‌ကျိုးသက်ရောက်မှုကြောင့်(စိတ်ထင်တာကြောင့်)လားဆိုသည်က မသေချာသော်လည်း အကျိုးသက်ရောက်မှုရှိသည်ဆိုပါက ကောင်းပေသည်။ 


ကျွင်းချင်ယွီ နောက်ဆုံးကျန်သောငါးခြောက်အားစားပစ်လိုက်ပြီး ဝမ်ချန်းယောင်၏ စားပွဲပေါ်၌ရှိနေသောအချိုပွဲများကိုကြည့်လိုက်သည်။ 


သို့သော်လည်း စိတ်ရှည်သူများအဖို့ အစားနှေးကွေးသည်ဆိုသည်မှာ သာမန်ပင်ဖြစ်သည်။ 


ကျွင်းချင်ယွီက စားပွဲအစွန်း၌မှီ၍ စတော်ဘယ်ရီခွက်အားဖျစ်ညစ်ကာ စားနေရင်း မေးလာသည်။ 


" အိမ်ပဲတန်းပြန်ကြမှာလား…"


" မင်းအပြင်ထွက်ပြီးကစားချင်လား…"


ဖုယွမ်ချွမ်း၏ ဤနေ့အတွက်အစီအစဉ်များအားလုံးက ကျွင်းချင်ယွီအပေါ်၌ မူတည်ပေသည်။ 


ကျွင်းချင်ယွီသာ သွားချင်လျှင် သွားမည်။ 


ကျွင်းချင်ယွီ ခေါင်းခါကာပြောလိုက်သည်။


"အပြင်မှာ‌ပိုပျော်စရာကောင်းမယ်လို့မထင်ပါဘူး…"


အေးခဲ‌နေသော စတော်ဘယ်ရီသီးများနှင့်ရေခဲတုံးလေးများဖြင့်ရောနှောပြင်ဆင်လိုက်ပြီး အနှီစတော်ဘယ်ရီရေခဲသုပ်အား တစ်ကိုက်စားကြည့်လိုက်သည်။ 


အရမ်းလည်းချိုမနေသလို အချဉ်ဓာတ်လည်းနည်းသွားပြီး အရသာရှိ၏။ 


ကျွင်းချင်ယွီက ဖုယွမ်ချွမ်းအားတစ်ကိုက် ကိုက်ခိုင်းလိုက်ပြီး ပြုံးကာမေးလာသည်။ 


" အရသာရှိလား…"


ဖုယွမ်ချွမ်းက သူ၏လက်ပေါ်၌ပေနေသော စတော်ဘယ်ရီဖျော်ရည်စက်များကိုသုတ်ပေးလိုက်ပြီး 


" အင်းအရသာရှိတယ်…နည်းနည်းတော့အေးတယ်နော်…အများကြီးမစားနဲ့…"


ဝမ်ချန်းယောင် အသံကြား၍နောက်လှည့်ကြည့်လိုက်သည့်အခါ သူတို့နှစ်ယောက်က ရေခဲသုပ်အားတစ်ဇွန်းတည်းအတူစားနေကြပြီး တစ်စုံတစ်ခုလည်းပြောနေကြသေးသည်။ သို့သော် သူရှင်းရှင်းလင်းလင်းတော့မကြားရချေ။ 


မည်သို့ပင်ဖြစ်စေကာမူ ဤသည်ကိုကြည့်ခြင်းအားဖြင့် သူတို့ရင်းနှီးသောပုံစံက သာမန်သူငယ်ချင်းတစ်ယောက်ကဲ့သို့လည်းမဟုတ်၊အလုပ်ရှင်အလုပ်သမားဆက်ဆံရေးလည်းမဟုတ်၊သူတို့ဆက်ဆံရေးက….  


" ညီအစ်ကိုတွေလား…"


" အင်း…"


ဖုယွမ်ချွမ်းက ပြန်လှည့်ပြီး


" ဆက်စားလေ…"


ကျွင်းချင်ယွီက ရေခဲသုပ်အားပန်းကန်လုံးသေးလေးတစ်လုံးစာစားပြီးနောက် ယခုစားဖို့ကိုငြင်းဆန်နေပြီးသိမ်းခိုင်းနေသည်။ 


သူကလေးတစ်ယောက်ကဲ့သို့ပြုမူနေသည့်အဖြစ်မှအသိဝင်မလာခင် ဖုယွမ်ချွမ်း၏ ညဏ်ရည်တုမှအချက်ပေးလာသည်။ 


Xxxxxxxx