အပိုင်း ၄၅
Viewers 17k

Chapter 45


ကျွင်းချင်ယွီ မာရှယ်တော့ဒစ်စ်ဟူသော အမည်ကိုကြည့်လိုက်ပြီး ပြောလိုက်သည်။ 


" အထဲဝင်သွားပြီးတွေ့လိုက်ပါ…"


ဖုယွမ်ချွမ်းက ဝမ်ချန်းယောင်က တချက်ကြည့်လိုက်ပြီး အနီရောင်ခလုတ်အားနှိပ်လိုက်သည်။ 


ကျွင်းချင်ယွီကပြောသည်။


" ကျွန်တော်နားလည်ပြီ…"


ထိုအရာကအရမ်းအသုံးဝင်သည်ဟုသူမခံစားရသော်လည်း သူအာမခံချက်တော့လိုအပ်နေသေးသည်။ 


သိမ်းခိုင်းထားသော စတော်ဘယ်ရီရေခဲသုပ်လေးကလည်းသူ၏လက်ထဲပြန်ရောက်နေချေပြီ။ ကျွင်းချင်ယွီခဏမျှစဉ်းစားနေပြီးမစားတော့ဘဲဘေးနားချထားလိုက်ကာ လတ်ဆတ်သောစတော်ဘယ်ရီသီးများကိုသာကောက်ယူ၍စားလိုက်သည်။ 


ဝမ်ချန်းယောင် လျှောက်လာသည်ကိုမြင်သောအခါ ကျွင်ချင်းယွီက မျက်ခုံးပင့်လိုက်ပြီး


" တစ်ခုခုပြောစရာရှိလို့လား…"


ဝမ်ချန်းယောင်က ပြောသည်။


"အထွေအထူးတော့မဟုတ်ပါဘူး…၊ မေးစရာလေးပဲရှိတာ…၊ငါတို့ထုပ်သွားမယ့်ကိစ္စလေးဆွေးနွေးလို့ရမလား…"


" မရဘူး…"


" အလောတကြီးမငြင်းပါနဲ့…၊ငါသိပါတယ်…၊ မင်းငါ့ကိုပြောနေတည်းက ဒါက ငါ့အတွက်အရေးပါတဲ့နေရာပဲဖြစ်ရမယ်....၊ ငါတို့ကတိလုပ်ထားမယ်ဆိုရင်ရော…"


ဝမ်ချန်းယောင်က ကျွင်းချင်ယွီပြန်ပြောမည်ကိုယုံကြည်မှုရှိရှိစောင့်နေသည်။ 


ကျွင်းချင်ယွီတစ်ယောက် သူ၏အလေးအနက်ပုံစံကိုမြင်သည့်အခါ တခြားစကားလုံးများကိုဘေးခဏဖယ်ထားကာ အရင်ဆုံးသူ့အားရိုက်ချင်နေတော့သည်။ 


သို့သော်ဖုယွမ်ချွမ်းကနောက်မှာရှိနေ၍ သတင်းတစ်ခုခုထွက်ခဲ့လျှင် လူတွေအမြင်၌ သူ့အားမြင်မည့်အမြင်ကကောင်းမည်မဟုတ်ပေ။ 


သူရိုက်ရသည့်အကြောင်းရင်းကိုသူကိုယ်တိုင်သိသော်လည်း လူတွေကတော့သူတို့အပေါ်ယံအမြင်ဖြင့်သာမြင်ပေလိမ့်မည်။ 


ကျွင်းချင်ယွီကဆိုသည်။


" ပါဆယ်ထုပ်သွားဖို့မဖြစ်နိုင်ဘူး…ဒီကိစ္စနဲ့ပတ်သက်ပြီးပြောချင်တာကတော့…ကျွန်တော်ဆိုင်ပိတ်တော့မယ်ပြီးတော့ နောက်တစ်ကြောင်းထပ်ပြောရင်ထွက်သွားမှာ…"


ဝမ်ချန်းယောင်က ပါးစပ်လေးဟလျက်သားကျန်ခဲ့သည်။ ထပ်မပြောရဲတော့ပေ။ ထိုဆိုင်ပိုင်ရှင်ကပြောရင်ပြောသလိုလုပ်တတ်သူဖြစ်သည်ကိုသူခံစားမိသည်။ 


ဝမ်ချန်းယောင်က သူ၏ခေါင်းအားခါယမ်းကာပြန်တော့မည့်ဆဲဆဲတွင် မထင်မှတ်ထားသည်ကိုရှာတွေ့ခဲ့သည်။ 


ငွေရှင်းကောင်တာတွင်ရှိနေသောလူကြီးက အခုထိုနေရာမှပျောက်သွားလေပြီ။  


" သူဘယ်အချိန်ကထွက်သွားတာလဲ…"


သူ ထိုင်နေသည်က ဈေးဆိုင်လေး၏ဝင်ပေါက်နှင့်မလှမ်းမကမ်းနားလောက်တွင်ဖြစ်သည်။ ထို့ကြောင့် တစ်စုံတစ်ယောက်ထွက်သွားပါက သူသေချာပေါက်သိမည်ဖြစ်သည်။ 


ဝမ်ချန်းယောင်က နောက်ဘက်ရှိ ခွဲခန်းဘက်တစ်ချက်စောင်းကြည့်ကာ မယုံနိုင်စွာမေးလာသည်။ 


" မင်းကောင်လေးကရော…"


ကျွင်းချင်ယွီက လိမ္မော်သီးကိုအခွံနွှာရင်း ပေါ့ပေါ့ပါးပါး မေးလာသည်။ 


" သူနဲ့တစ်ခုခုလုပ်ဖို့ရှာနေတာလား…"


ကျွင်းချင်ယွီ အံ့ဩတကြီးတုန့်ပြန်လာသည်။


" ဘာအဓိပ္ပာယ်မရှိတာတွေပြောနေတာလဲ…" 


ဝမ်ချန်းယောင်က ကျွင်းချင်ယွီ၏တုန်ပြန်ပုံကမူမမှန်သလိုခံစားရ၍မျက်ခုံးပင့်ကာမေးလိုက်သည်။


" သူကမင်းရဲ့ချစ်သူမဟုတ်ဘူးလား…"


ကျွင်းချင်ယွီကပြောသည်။ " မဟုတ်ပါဘူး…"


" လက်ထပ်ထားတာမဟုတ်ဘူးလား…၊ မင်းငယ်ငယ်လေးနဲ့အိမ်ထောင်ပြုထားတာပဲ…"


"..."


ကျွင်းချင်ယွီ ဝမ်ချန်းယောင်၏ဦးနှောက်တည်ဆောက်ပုံကိုအံ့ဩသွားရသည်။ 


ဝမ်ချန်းယောင်က ကျွင်းချင်ယွီ၏ဆွံ့အနေသည်ကိုကြည့်ပြီး


" လက်မထပ်ထားဘူး…၊ချစ်သူလည်းမဟုတ်ဘူး…၊အဲ့ဒါဆိုမင်းတို့ကြားကဆက်ဆံရေးကဘာလဲ…"


ဝမ်ချန်းယောင်က သူ လူများကိုအကဲခတ်ရာတွင်တိကျသည်ကိုသူကိုယ့်သူသိပြီး ထိုလူနှစ်ယောက်ကြားကဆက်ဆံရေးက သာမန်သူငယ်ချင်းဆက်ဆံရေးနှင့်ကွာခြားနေပြီး မိသားစုဟုပြောရအောင်လည်း မိသားစုဝင်များကဤကဲ့သို့ဆက်ဆံကြရိုးထုံးစံမရှိကြချေ။ 


ရလဒ်အနေနှင့် ခန့်မှန်းချက်ကမှားနေသည်လား…။ 


ကျွင်းချင်ယွီ ကပြောသည်။ " မင်းကကော ဘာလို့ငါတို့အကြောင်းကိုစိတ်ဝင်စားနေရတာလဲ…"


ကျွင်းချင်ယွီ သူ့အားလျစ်လျူရှူထားလိုက်ကာ လိမ္မော်သီးအားငုံ့စားနေလိုက်သည်။ ဝမ်ချန်းယောင်ကလည်းနောက်ထပ် ထပ်မမေးတော့ပေ။ သို့သော် သူထိုအကြောင်းအားမတွေးဘဲမနေနိုင်ဖြစ်နေပေသည်။ 


မည်သည့်ကိစ္စဖြစ်နိုင်မည်နည်း…။ 


အပေါ်ယံ၌ သူတို့က ရေသူလေးနှင့်ပိုင်ရှင်တို့၏ဆက်ဆံရေးဖြစ်သည်။ 

သို့သော် ထိုယူဆချက်ကမမှန်နိုင်ပြန်ပေ။ တခြားသောရေသူလေးများက သူတို့၏ပိုင်ရှင်နှင့် ထိုကဲ့သို့ဆက်ဆံရေးမရှိကြချေ။ 


သူက ရေသူလေးအနေဖြင့် ဖုယွမ်ချွမ်းနှင့် အမြဲတစေရင်းနှီးနေခဲ့သောကြောင့် သူလူသားဖြစ်လာသည့်အခါ ထိုကိစ္စအား ပုံကြီးချဲ့တွေးမနေခြင်းဖြစ်နိုင်၏။ 


ဝမ်ချန်းယောင်ကပြောလာသည်။ 


" မင်းကြည့်ရတာစိတ်ရှုပ်သွားပုံပဲ…၊ ငါကူညီပေးလို့ရတယ်"


"မလိုဘူး…"


ထိုအသေးအမွှားကိစ္စလောက်ကိုတော့ သူကိုယ်တိုင်ရှာဖွေနိုင်သည်။ 


ဝမ်ချန်းယောင်က ပခုံးတွန့်လိုက်ပြီး


" အင်းလေ…မင်းသဘောပဲ…၊ မင်းက ဒီလိုအခွင့်ရေးကိုမှ မယူချင်တာ…၊ငါ့လိုဝိဥာဥ်ရေးရာဆရာကို ဘယ်နေရာမှာများရှာလို့ရနိုင်မှာလဲ…"


" … "


ဒီလူက အရမ်းကို ကိုယ့်ကိုယ်ကိုယ်အထင်ကြီးလွန်းနေတာပဲ။ 


ကျွင်းချင်ယွီတစ်ယောက် သူ့အားအာရုံမစိုက်ချင်တော့၍ စားပွဲပေါ်မှပစ္စည်းများကိုကောက်ယူကာသူ၏ညီမဆီသို့ထလျှောက်လာခဲ့သည်။ 


ဝမ်ချန်းယောင်က ထိုအထဲမှထွက်လာသောသူ့ကိုမြင်လိုက်ပြီး သူ၏အကြည့်ကဖုယွမ်ချွမ်းနှိပ်ခဲ့သော အနီရောင်ခလုတ်ပေါ်သို့ပြေးလွှားနေသည်။ 


သူမျက်ခုံးများပင့်တက်သွားပြီးပြန်လှည့်ထွက်လာခဲ့သည်။ 


ကျွင်းချင်ယွီ စားပွဲပေါ်မှပန်းကန်များကို ခပ်လှမ်းလှမ်းတွင်ထားလိုက်သည်။ 


ဝမ်ချန်းယောင်က မေးလာသည်။


" ငါ့ညီမလေးရဲ့ပုံပန်းသဏ္ဌာန်ကိုကြည့်ပါဦး…၊ ဒီဟာတွေစားပြီးရင် ဘယ်အချိန်လောက်သူမ ပြန်သက်သာလာနိုင်မလဲ…"


"အဲ့ဒါကအခြေအနေပေါ်မူတည်တယ်…"


ကျွင်းချင်ယွီတကယ်ကိုမသိပါချေ။ သူက ကျွမ်းကျင်ဆရာဝန်တစ်ယောက်မဟုတ်ပေ။ သူက ဝိဥာဥ်စမ်းရည်၏အစွမ်းဖြင့် ပြန်သက်သာစေရန်သာကူညီနိုင်မည်ဖြစ်ပြီး ကြာချိန်ကိုမူမသိနိုင်ပေ။ 


" ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံပေါ်မူတည်ပြီး ထိရောက်မှုကလည်းကွာခြားချက်တွေရှိတယ်…"


ကျွင်းချင်ယွီက သူ၏ညီမလေး နေပြန်ကောင်းလာမည့်ချိန်ကို တခဏမျှပင်မစောင့်နိုင်တော့သည့် ဝမ်ချန်းယောင်ကို မြင်လိုက်ရသည်။ 


ထို့နောက်သူ ပန်းကန်များကိုအဝေးမှာထားလိုက်ပြီး ဘေး၌ရှိသောခြင်းတောင်းထဲထည့်ထားလိုက်သည်။ 


ကျွင်းချင်ယွီက


" စိတ်မပူပါနဲ့…၊ ပျောက်သွားပြီဆိုရင်တောင် အခြေအနေတည်တည်ငြိမ်ငြိမ်ရှိဖို့ ရက်အနည်းငယ်လောက်တော့စောင့်ရမယ်…၊ ဒါ့အပြင် ငါ့အမြင်အရဆို သာမန်လူတွေအနေနဲ့ ခန္ဓာကိုယ်ပုံမှန်အတိုင်းလည်ပတ်ဖို့ အချိုနည်းနည်းပါးပါးစားသင့်တယ်၊ မင်းညီမလေးက ပြင်းပြင်းထန်ထန်နေမကောင်းဖြစ်ပြီးမှ ပြန်သက်သာလာတာလေ၊ တစ်နေ့ကိုနည်းနည်းစီလောက်တော့စားပေးပေါ့၊…အဲ့ဒါကဘာဆိုးကျိုးမှ မဖြစ်ပါဘူး…"


ဝမ်ချန်းယောင်က ခဏမျှစဉ်းစားလိုက်သည်။ ဤနေရာကို မကြာခဏလာခြင်းက ပြဿနာဖြစ်စေနိုင်သည့်အပြင် ကြယ်တာရာဓားပြ အာကာသယာဉ်ကလည်း တစ်နေရာထဲ၌ ကြာရှည်စွာနေလေ့မရှိပေ။ 


ရှာမတွေ့လျှင် ပြဿနာမဟုတ်သော်ငြား ရှာတွေ့သွားပါမူ တမင်ရန်စခြင်းမဟုတ်သည့်တိုင် ကြယ်တာရာဓားပြယာဥ်က အင်ပါယာပင်မကြယ်နှင့် နီးလွန်းသည့်နေရာမှာ ရှိနေခြင်းက ရန်စလိုက်သလိုပင်။


 အကောင်းဆုံးဖြေရှင်းချက်မှာ စတိုးဆိုင်ထဲတွင်နေရန်ဖြစ်သည်။ ဝမ်ချန်းယောင်က ပြောသည်။


" ဒီမှာ ငှားနေလို့ရောရလား…"


သူကဤနေရာ၌နေပြီး အာကာသယာဉ်ကို အခြားတစ်ဖက်တွင် ရပ်ထားလိုက်မည်။ ပြီးနောက် သူ့ညီမလေး နေပြန်ကောင်းမှ သူတို့နှင့် သွားတွေ့လိုက်မည်။


" နေရာလား…"


ကျွင်းချင်ယွီ စဉ်းစားလိုက့်သည်။ 


မင်းက ဒီနေရာကို အလှတရားတစ်ခု၊ အချိုပွဲရောင်းတဲ့ဆိုင်တင်မက အခု နေစရာလို့ပါ တွေးလိုက်သေးတယ်။


" ငါငှားရမ်းခပေးမှာပါ…၊ မင်းအကျိုးမယုတ်စေရပါဘူး…၊အဲ့ဒါအပြင်…မင်း စတိုးဆိုင်ထဲမှာ ၂၄ နာရီလုံးနေစရာလည်းမလိုဘူး…၊ငါမင်းစတိုးဆိုင်ကိုလည်းကြည့်ပေးမယ်၊ မင်းက မပေးခိုင်းရင်တော့ ကောင်းတာပေါ့…"


နှစ်ဖက်စလုံးအကျိုးအမြတ်ရနိုင်သောအခြေ‌အနေဖြစ်သည်။ 


လုံခြုံရေးငှားခအတွက်လည်းပိုက်ဆံသက်သာသွားမည်။ နေရာငှားခအတွက်လည်းပိုက်ဆံရမည်။ ပုံမှန်ဖောက်သည်တစ်ယောက်ကိုလည်း ရဦးမည်။ 


ဘယ်လိုတောင် ကောင်းလိုက်သလဲ။


ကျွင်းချင်ယွီ : " … '


ဈေးဆိုင်ကိုကြည့်ပေးမယ်ဆိုပါလား…။ 


မင်းဘေးကလူတွေက ဘယ်သူဆိုတာကို မသိသေးပါဘူး။


အခုမင်းက ကြောင်တွေကြားက ကြွက်တစ်ကောင်ဖြစ်နေတာကို စတိုးဆိုင်ကိုကြည့်ဖို့ ကူညီမယ်တဲ့။


သူတို့ဆီမှာ မင်းအဖမ်းမခံရရင်ကို ကံကောင်းနေပြီ။ 


ကျွင်းချင်ယွီက ငြင်းလိုက်သည်။ 


" မလိုပါဘူး…"


ဝမ်ချန်းယောင်က စောင်းကြည့်ကာပြုံးပြီး


" ဒါဆိုမင်းငါ့ကိုလာခိုင်းကြည့်စမ်းပါ…၊ ငါအသုံးဝင်လားမဝင်လားသိရအောင်…"


ထိုစကားထဲတွင် ဖုံးကွယ်ထားသည့်အဓိပ္ပါယ် ရှိနေပုံရ၏။


ကျွင်းချင်ယွီ  ဝမ်ချန်းယောင်ကို မော့ကြည့်လိုက်သည်။ သူက ပြုံးနေသော်လည်း ‌သက်သောင့်သက်သာရှိပုံတော့မပေါ်ပေ။ 


ထိုအကြောင်းစဉ်းစားပြီးနောက် ကျွင်းချင်ယွီ အိမ်ထဲ၌ဖွင့်ထားသော ရေဒီယိုကိုယာယီပိတ်ထားရန် သူ၏လက်အားမြှောက်လိုက်သည်။ 


" ငါ မင်းကိုအကူအညီတောင်းစရာရှိတယ်…၊ ဒါပေမယ့် အခုတော့မလိုသေးဘူး…"


" လက်ဆောင်အနေနဲ့ ငါ မင်းရဲ့ညီမလေးကိုကုသပေးမယ်…၊ အဲ့တော့ လိုအပ်တာရှိရင်မင်းကိုဆက်သွယ်လိုက်ပါ့မယ်…"


ကျွင်းချင်ယွီ၏လှုပ်ရှားမှုကိုလေ့လာနေရင်း ဝမ်ချန်းယောင် ပြုံးလိုက်သည်။ 


" ဒါဆို မင်းဆီက အကြောင်းကြားမှုကိုငါစောင့်နေမယ်နော်…"


သူတို့စကားပြော‌နေသည်ကိုကြားသောအခါ ယောင်ယောင်ကသူတို့နှစ်ယောက်အား မော့ကြည့်လာပြီး ဝမ်ချန်းယောင်၏ အင်္ကျီလက်အား ဆွဲလာသည်။ 


ဝမ်ချန်းယောင်က သူမ၏လက်လေးကိုပုတ်လိုက်ပြီး နှစ်သိမ့်စကားဆိုလိုက်သည်။ 


" ဘာမှမဖြစ်ဘူးနော်…၊ အစ်ကိုတို့နည်းနည်းဆွေးနွေးနေကြတာပါ…မစိုးရိမ်နဲ့နော်…"


ယောင်ယောင်က ဝမ်ချန်းယောင် ထိုကဲ့သို့လုပ်နေသည်ကိုသဘောမတူသည့်ဟန်‌သူမ၏ခေါင်းကိုရမ်းပြပြီး စားပွဲမှ ဒယီးဒယိုင်ထထွက်သွားသည်။ 


ထို့သစ်သီးအချိုပွဲများက ယောင်ယောင်၏ခန္ဓာကိုယ်အတွက်ကောင်းသည်ဆိုသော်လည်း သောက်ပြီးသည်နှင့် ပျောက်ကင်းသွားနိုင်သည့် ၉၆ပါး ရောဂါပျောက်ဆေးတစ်မျိုးတော့မဟုတ်ပေ။  


ယခုချက်ချင်း မတ်တပ်ရပ်ပြီးလမ်းလျှောက်ဖို့ဆိုသည်မှာ ခဲယဥ်းလှသည်။


ဝမ်ချန်းယောင်က သူ၏ညီမလေးလဲကျသွားမည်စိုးရိမ်၍ လျင်မြန်စွာ သူမအားတွဲထိန်းထားလိုက်သည်။ 


" မလှုပ်နဲ့…လဲကျသွားရင်ဘယ်လိုလုပ်မလဲ…"


ယောင်ယောင်က ဝမ်ချန်းယောင်၏လက်ကိုဆွဲထားကာ ခေါင်းသာတွင်တွင်ခါနေတော့သည်။ 


" စိတ်မပူပါနဲ့…၊ ငါကသူ့ကိုကူညီစေချင်ယုံပါ …၊ မသတ်ပါဘူး…"


ကျွင်းချင်ယွီ ကြည့်ရုံနှင့် ဘာဖြစ်နေသည်ကို သိလိုက်သည်


သူမက သူမ၏အစ်ကိုကိုစိုးရိမ်ခြင်းဖြစ်သည်။ 


ကျွင်းချင်ယွီကပြောသည်။ 


" ဒါ့အပြင် ငါ သူ့ကိုလုပ်စေချင်တာက နှစ်ဦးနှစ်ဖက်လုံး အကျိုးရှိတဲ့အရာမျိုးပါ၊ ထပ်ပြောရရင် ငွေမကုန်ပါဘူး…"


မရှုံးရုံသာမက အဆုံး၌အကျိုးရှိမည့်တစ်ယောက်တည်းသောသူက ဝမ်ချန်းယောင် ဖြစ်ကောင်းဖြစ်နိုင်သည်။ 


ယောင်ယောင်က ဝမ်ချန်းယောင်၏လက်ကိုတင်းကြပ်စွာဆုပ်ကိုင်ထားသော်လည်း ခေါင်းမခါတော့သလို ခေါင်းလည်းမငြိမ့်ပေ။ ဖြစ်နိုင်သည်က သူက ကျွင်းချင်ယွီကို သတိထားနေသေးပုံပင်။ 


ကျွင်းချင်ယွီ တစ်ကြောင်းတည်းသာရှင်းပြလိုက်ပြီး ရှေ့ဆက်ပြီးမည်သည့်အရာမှထပ်‌မပြောတော့ချေ။ 


ဝမ်ချန်းယောင်က အချိုပွဲများ၏အကျိုးသက်ရောက်ပုံကိုမြင်ပြီးနောက် မငြင်းဆန်တော့ပေ။ ယောင်ယောင်၏သဘောထားကမည်သို့ပင်ဖြစ်စေကာမူ ဝမ်ချန်းယောင်က လက်လွှတ်မည်မဟုတ်ပေ။ 


သူတို့မောင်နှမနှစ်ဦးအားပညာပေးပြီးနောက် ကျွင်းချင်ယွီ အချိုပွဲပြင်ဆင်ရန်ပြန်လှည့်လာခဲ့သည်။ 


ဖုယွမ်ချွမ်းက ပြန်မရောက်သေးပေ။ ဖြစ်နိုင်သည်က မာရှယ်တော့ဒစ်စ်က အရေးကြီးသည့်အရာတစ်ခုခုကို ပြောနေခြင်းဖြစ်ရမည်။ 


သူကပြန်မလာသေးသော်ငြား ဝမ်ချန်းယောင်နှင့် အခြားသူများကဖြင့် ထွက်သွားကြပြီ။ ကျွင်းချင်ယွီလည်း မသွားဘဲ အချိန်ကိုအကျိုးရှိရှိကုန်ဆုံးရန် ရိုးရှင်းသောအချိုပွဲအချို့ လုပ်နေလိုက်သည်။ 


အချိုပွဲနှင့်ဆိုင်သောပါဝင်ပစ္စည်းများအကုန်ပြီးသွားလျှင် ကျွင်းချင်ယွီက သစ်သီးကိတ်တစ်ခုလုပ်ရန်ကြိုးစားစီစဉ်တော့သည်။ 


အင်တာနက်ပေါ်၌ သင်ခန်းစာဗီဒီယိုများရှိသည်။ ထိုသင်ခန်းစာများအတိုင်းအဆင့်ဆင့်လုပ်ကြည့်ပါက လွယ်ကူမည်ထင်သည်။ 


ကျွင်ချင်းယွီက ကြက်ဥအကာကိုမွှေနေရင်း သင်ခန်းစာတစ်ခုကိုကြည့်လိုက်သည်။ 


 ကြက်ဥအကာကိုဖယ်ထုတ်လိုက်ပြီးနောက် မွှေရန်ပြုစဥ် ကျွင်းချင်ယွီ မတည်ငြိမ်သည့်စိတ်စွမ်းအင်ကို မသိမသာခံစားလိုက်ရသည်။ 


အခန်းလေးကအရမ်းကျဉ်းနေသောကြောင့် သူ စိတ်စွမ်းအင်တည်ရှိမှုကိုရှင်းရှင်းလင်းလင်းခံစားနေရသည်။ 


ကျွင်းချင်ယွီ သူ့ခေါင်းအားမော့ကာ ဝမ်ချန်းယောင်၏လက်ပေါ်၌မှီလျက်ရှိနေသော ယောင်ယောင်ကိုတစ်ချက်ကြည့်လိုက်သည်။ ဝမ်ချန်းယောင်က သူ၏ခေါင်းကိုငုံ့ကာ သူမအားချော့မြူနေသည်။ 


သူ(WCY)၏အကြည့်ကိုဂရုစိုက်မနေဘဲ ယောင်ယောင်က သူမ၏ခေါင်းအားမော့လိုက်ကာ သွေးရောင်တစ်စွန်းတစ်ပင်ရှိမနေသည့် ဖျော့တော့နေသည့်မျက်နှာဖြင့် ကျွင်းချင်ယွီကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေခဲ့သည်။ 


သူမက ကျွင်းချင်ယွီကို ဆွံ့အနေသူပမာ စိုက်ကြည့်နေပြီး အရုပ်ကဲ့သို့ ငြိမ်သက်၍နေသည်။


Xxxxxxx