Chapter 46
ကျွင်းချင်ယွီ သူ့ခေါင်းအားမော့ကာ ဝမ်ချန်းယောင်၏လက်ပေါ်၌မှီလျက်ရှိနေသော ယောင်ယောင်ကိုတစ်ချက်ကြည့်လိုက်သည်။ ဝမ်ချန်းယောင်က သူ၏ခေါင်းကိုငုံ့ကာ သူမအားချော့မြူနေသည်။
သူ(WCY)၏အကြည့်ကိုဂရုစိုက်မနေဘဲ ယောင်ယောင်က သူမ၏ခေါင်းအားမော့လိုက်ကာ သွေးရောင်တစ်စွန်းတစ်ပင်ရှိမနေသည့် ဖျော့တော့နေသည့်မျက်နှာဖြင့် ကျွင်းချင်ယွီကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေခဲ့သည်။
သူမက ကျွင်းချင်ယွီကို ဆွံ့အနေသူပမာ စိုက်ကြည့်နေပြီး အရုပ်ကဲ့သို့ ငြိမ်သက်၍နေသည်။
သူမ လှုပ်ရှားမှုမရှိသည်ကို ဝမ်ချန်းယောင်က သတိထားမိပြီး တစ်ခုခုပြောလိုက်ရာ သူမကပြန်လှည့်လိုက်လာသည်။
ကျွင်းချင်ယွီက အများကြီးမမေးခဲ့ချေ။
ထို့ကဲ့သို့ မငြိမ်မသက်ဖြစ်နေသည့် စိတ်စွမ်းအင်များ ပြန့်ထွက်ကုန်ခြင်းက တကယ်တမ်းမှာ သူ၏ညီမငယ်လေးအတွက် တကယ်ကိုကောင်းသည့်ကိစ္စပင်။ ထိုကဲ့သို့လုပ်ပေးလေလေ သူမအမြန်သက်သာလာလေဖြစ်ပေသည်။
ပြဿနာမရှိ၍ သူကခေါင်းငုံကာ ကိတ်အားဆက်လုပ်နေလိုက်သည်။
ဝမ်ချန်းယောင်က ယောင်ယောင်နှင့် ခဏမျှထိုင်နေပြီး ကုသမှုခံယူရန်ငြင်းဆန်နေသော သူ့ညီမလေးကို ချော့မေ့ာနေသည်။ သူက ထရပ်လိုက်ကာ
" ဆိုင်ရှင်…၊ ငါ ငါ့ညီမလေးကိုပြန်ပို့လိုက်ဦးမယ်…ထွက်မသွားနဲ့နော်…၊ငါခဏနေရင်ပြန်လာခဲ့မယ်…၊ မင်းနဲ့ဆွေးနွေးစရာရှိလို့…"
ကျွင်းချင်ယွီ မော့မကြည့်ဘဲပြောလိုက်သည်။
" ကောင်းပြီ…"
ပြီးစီးသွားသောကိတ်မုန့်အရည်အား မီးဖိုထဲထည့်လိုက်ပြီး အပူချိန်ညှိကာ ဖုတ်ပြီးသည့်အချိန်ထိစောင့်နေလိုက်သည်။
ထို့အချိန်အတွင်း ကျွင်းချင်ယွီက ကိတ်တွင်အလှဆင်ရန် ထောပတ်နှင့် သစ်သီးတို့ကို ပြင်ဆင်လိုက်လေသည်။
လှီးဖြတ်ထားသောအပိုင်းအစလေးများကို သူ့ဘာသူစားလိုက်၏။ အူတိုင်နားမှပန်းသီးသားလေးနှင့်စတော်ဘယ်ရီအမြှီးပိုင်းနားလေးကအစ ချိုလွန်းလှသည်။
ဆယ်မိနစ်နီးပါးကြာပြီးနောက် ဝမ်ချန်းယောင် ပြန်ရောက်လာသည်။
တော်တော်မြန်ပေသည်။ ကျွင်းချင်ယွီ ထိုလူ သူ့ညီမအားမည်သည့်နေရာတွင်ထားခဲ့သည်ကို မနေနိုင်ပဲ သိချင်သွားရသည်။
သူတို့အားလုံးဘေးပတ်ပတ်လည်တွင်ရှိကြပြီး သဘာဝကျကျပင် ဘယ်သူမှထိုကိစ္စကိုဂရုတစိုက်ကူညီဖို့မတွေးကြချေ။ သို့သော်လည်း ဝမ်ချန်းယောင်က တကယ့်နေရာတစ်ခုအားတွေ့ခဲ့သည်။
ဝမ်ချန်းယောင်က ကျွင်းချင်ယွီနှင့်ဆွေးနွေးရန်လျှောက်လာခဲ့သည်။
" ဆိုင်ရှင်၊ ငါ ငါးလစာအချိုပွဲတွေမှာချင်တယ်…၊ အဲ့ဒီ့ငါးလအတွင်းမှာ မင်းငါ့အတွက်ပဲအချိုပွဲတွေလုပ်ပေးရမယ်…၊ တခြားစားသုံးသူတွေကိုလက်မခံရဘူး…၊ အယ်လိုလဲအဆင်ပြေမလား…"
ကျွင်းချင်ယွီတစ်ယောက် ဝမ်ချန်းယောင်၏ ကိုယ်ပေါ်၌စွတ်ထားကြောင့်ရေမွှေးနံ့ကြောင့် မွှန်သွားသည်။
ကျွင်းချင်ယွီ သူ့နှာခေါင်းထိပ်အားလက်နှင့်သပ်လိုက်ကာ ဝမ်ချန်းယောင်၏တောင်းဆိုလာမှုကို လက်ခံရန်တွန့်ဆုတ်နေမိသည်။ သူက ကြိုတင်မှာထားခြင်းလည်းမဟုတ်သလို တခြားဖောက်သည်များကိုလည်း လက်မခံပါချေ။
သို့သော်လည်း…….
"ဈေးကကော…"
ဝမ်ချန်းယောင် " ဆယ်ဆပေးမယ်…"
" ကတိ…"
ဝမ်ချန်းယောင်က တိုက်ရိုက်ကမ်းလှမ်းမှုတစ်ခုပြုလုပ်ခဲ့ပြီး ကျွင်းချင်ယွီကလည်း ပြတ်ပြတ်သားသားသဘောတူလိုက်သည်။
ဝမ်ချန်းယောင်အတွက် ထိုအရာကအရမ်းဈေးကြီးနေမည်ဟု သူတွေးလိုက်သည်။ ထို့ကြောင့် သူက သူနှင့်ဈေးညှိလိုက်သည်။ သို့သော်လည်း ဝမ်ချန်းယောင်ကို ဈေးလျှော့ပေးဖို့တော့ လုံးဝစိတ်ကူးမရှိပါချေ။
ဝမ်ချန်းယောင်က ပြောသည်။
" ကောင်းပြီ…၊ တခြားပြဿနာမရှိဘူးဆိုရင် ဒါကအဆင်ပြေပြီ၊…လုပ်ကြစို့…"
ကျွင်းချင်ယွီ မျက်ခုံးပင့်လိုက်ပြီး
" လုပ်မှာလား…"
"အင်း လုပ်မယ်…"
အသံဆုံးသည်နှင့် ကျွင်းချင်ယွီ ရေမွှေးနံ့ခပ်ပြင်းပြင်းအားရလိုက်သည်။
ဝမ်ချန်းယောင်က ပြုံးပြီးပြောလာသည်။
" စတိုးဆိုင်မှာရှိတဲ့အချိုပွဲတွေကိုထုပ်သွားလို့မရဘူးဆိုတော့ စတိုးဆိုင်ပိုင်ရှင်ကိုပဲခေါ်သွားရတော့မှာပေါ့ …မဟုတ်ဘူးလား…"
" ဒါက ဆိုင်ရှင်ရဲ့စည်းမျဉ်းတွေကိုချိုးဖောက်တယ်လို့မဆိုနိုင်ဘူးနော်…"
ဝမ်ချန်းယောင်က ပြောသည်။
" ငါမင်းကိုအကြံပေးလိုက်မယ်…၊ ခုခံဖို့မကြိုးစားနဲ့…"
" ငါ့ရဲ့ဆေးတွေကဈေးမပေါဘူး…၊ မင်းလက်လွှတ်လိုက်ရင် ပိုကောင်းမယ် ၊မင်းအတိုက်အခံလုပ်နေဦးမယ်ဆိုရင် မင်းရဲ့စိတ်စွမ်းအားကိုထိခိုက်လိမ့်မယ်…"
ဝမ်ချန်းယောင်က လေးလေးနက်နက်ပြောလာသည်။
" ငါက အာကာသယာဉ်ဆီ မင်းကို ဧည့်သည်အဖြစ်ဖိတ်ချင်ရုံပါ…၊ ပြီးတော့ငါမင်းကိုမထိခိုက်စေပါဘူး…"
ကျွင်းချင်ယွီစကားပြောမည်ကိုမစောင့်တော့ဘဲ ဝမ်ချန်းယောင်က ထပ်ပြောလာသည်။
" စိတ်မပူပါနဲ့…ငါးလပဲကြာမှာပါ…၊တစ်ရက်လေးတောင်မစွန်းစေရဘူး…၊အချိန်ကျရင် ငါမင်းကိုပြန်ပို့ပေးမှာပါ…"
သူက ဆေး၏သက်ရောက်မှုကိုစောင့်နေခြင်းဖြစ်ရမည်။ ဝမ်ချန်းယောင်က ကျွင်းချင်ယွီအား စိတ်ရှည်ရှည်ထား၍ အများကြီးပြောခဲ့သည်။
သို့သော်လည်း ကျွင်းချင်ယွီ ဖြစ်စဉ်တစ်ခုလုံးအားငြိမ်သက်စွာကြည့်နေခဲ့ပြီး ဝမ်ချန်းယောင် ယူဆောင်လာသောဆေးကအကျိုးသက်ရောက်မှုမရှိခဲ့ချေ။
အတိအကျပြောရမည်ဆိုလျှင် ထိရောက်မှုရှိမည်မဟုတ်ပေ။
ထိုဆေးကအလွန်ပင် အစွမ်းထက်လှသည်။ သို့သော် ထိုဆေးကလူသားများအတွက်ရည်ရွယ်ထုတ်လုပ်ထားခြင်းဖြစ်သည်။ သူတို့လို ရေသူတွေအနေနှင့်ဘာလုပ်ရမည်နည်း။
ဝမ်ချန်းယောင်က ထိုဆေးနှင့်ပတ်သက်၍လုံးဝအလျှော့ပေးမည်မဟုတ်ချေ။ ကျွင်းချင်ယွီ၏အမူအရာမပြောင်းလဲပုံကို ကြည့်ရလျှင် သူသရုပ်ဆောင်ရတော့ပေမည်။
ဝမ်ချန်းယောင်က အနီရောင်ခလုတ်အားပိတ်ရန်လက်မြှောက်လိုက်ပြီး ပြောလာသည်။
" မင်းဘေးနားကလူကအခုဒီမှာမရှိဘူး…၊ မင်းခုခံမယ်ဆိုရင် မင်းလက်တွေခြေထောက်တွေကိုချိုးပစ်မယ်…၊ငါ့ကိုမလုပ်ဘူးမထင်နဲ့…"
ကျွင်းချင်ယွီကသူ့အားစိုက်ကြည့်လာကာ
" သူဒီမှာမရှိဘူးဆိုတာကိုခင်ဗျားလည်းသိနေတာပဲ…"
ဝမ်ချန်းယောင်က တွန့်ဆုတ်စွာဖြင့်
" မင်းဘာကိုပြောချင်တာလဲ…"
ကျွင်းချင်ယွီအေးစက်စက်ပြောလာသည်။
"သူဒီမှာမရှိဘူး…၊ ခင်ဗျားဘာလို့အရမ်းစိတ်ကြီးဝင်နေတာလဲ…
"မင်း……."
အသံမဆုံးခင် ကျွင်းချင်ယွီတစ်ယောက် လက်တစ်ဖက်ဖြင့်စားပွဲကိုထောက်ထားကာခုန်ကျော်လိုက်သည်။
"ဘာလဲဟ!…"
ဝမ်ချန်းယောင်မှာ တုန့်ပြန်ချိန်ပင်မရှိခဲ့ချေ။
ထို့နောက်သူ၏မျက်နှာပေါ်၌ စူးရှသောနာကျင်မှုကိုခံစားလိုက်ရသည်။ ကြယ်မြင်လမြင်ဖြစ်ကာ တဒင်္ဂအတွင်းတွင်တော့ ရှေ့တွင် မည်သူ့ကိုမျှ မမြင်နိုင်ချေ။
ကျွင်းချင်ယွီက ဝမ်ချန်းယောင်၏လည်ပင်းအားဆုပ်ကိုင်ကာ နံရံဆီသို့တရွတ်တိုက်ဆွဲခေါ်သွားသည်။ ပြီးနောက် မော်နီတာအားပိတ်ရန် သူ၏လက်ကိုမြှောက်လိုက်သည်။
ဖုယွမ်ချွမ်း မည်သည့်အချိန်ပြန်လာမည်ကို သူမသိချေ။ သို့သော်ငြား ဤနေရာမှ အတော်ကြာအောင်ထွက်သွားရာ ခဏအတွင်းတော့ ပြန်လာမည်မဟုတ်ချေ။
သူ့ရှေ့၌ရှိနေသော ဝမ်ချန်းယောင်၏ ဝင့်ကြွားနေမှုကို သည်းခံနေမည့်အစား ဖုယွမ်ချွမ်း ပြန်ရောက်မလာခင် သူ့ကို ရိုက်ပေးလိုက်ခြင်းကပိုကောင်းသည်။
ဝမ်ချန်းယောင်မှာ နံရံတွင်ကပ်ကာ တင်တင်းကြပ်ကြပ်အချုပ်ခံထားရသည့်အတွက် သူ၏နှာခေါင်းပင် ပုံပျက်တော့မည့်ကဲ့သို့ဖြစ်နေသည်။ သူက အသက်ပြင်းပြင်းရှုလိုက်ပြီး အံကိုတင်းနေအောင်ကြိတ်ထားကာ
" ဘယ်လိုဖြစ်လို့ ဒီဆေးက မင်းအပေါ်သက်ရောက်မှုမရှိရတာလဲ…"
ဝမ်ချန်းယောင် ဆွံ့အနေမိသည်။ သူထိုဆေးကိုအသုံးပြုခဲ့သည့်တစ်လျှောက် သူတစ်ဝက်မျှ သုံးရုံဖြင့် နှစ်ဆပိုပြီး သက်ရောက်မှုရှိခဲ့သည်။အလွန်အရေးမကြီးသောအခြေအနေမှာသာဆိုလျှင် သူ့အနေဖြင့်ထိုဆေးကိုထုတ်သုံးမည်မဟုတ်ပေ။
ဒါပေမယ့် အခု ဘာတွေဖြစ်နေတာလဲ။
ဆေးကဘာလို့ လုံးဝသက်ရောက်မှုမရှိရတာလဲ။
အနံ့ကြောင့်သာမဟုတ်ပါက သူဆေးမှားယူလာခဲ့မိပြီဟုပင် ဝမ်ချန်းယောင်မှာ တွေးနေမိလိမ့်မည်။
" မင်း မင်းက... လူမဟုတ်ဘူးလား…"
ကျွင်းချင်ယွီ စဉ်းစားဟန်ပြုကာ
" တစ်ဝက် တစ်ဝက်လေ…"
ဝမ်ချန်းယောင် : " … "
" မင်းဘာတွေပြောနေတာလဲ…"
ဝမ်ချန်းယောင် ဒေါသထွက်လာကာ ကျွင်းချင်ယွီ ၏လက်ကောက်ဝတ်အားဖယ်ရန် သူ့တံတောင်အားပင့်လိုက်သည်။
ကျွင်းချင်ယွီက တုံ့ဆိုင်းမှုမရှိဘဲလွှတ်ပေးလိုက်ပြီး နောက်ဆုတ်လိုက်သည်။
ဝမ်ချန်းယောင်က နောက်ထပ်မည်သည့်လှုပ်ရှားမှုမှ မလုပ်ရဲပေ။
" ငါမင်းကိုပြောခဲ့သလိုပဲ…၊ မင်းကိုထိခိုက်အောင်မလုပ်ချင်ပါဘူး၊ မင်းသာ ငါနဲ့ အတူတူလိုက်လာပေးရင် မင်းကိုထူးခြားတဲ့ဧည့်သည်တစ်ယောက်အနေနဲ့ဆက်ဆံမှာပါ…"
" ငါ့ညီမလေးနေပြန်ကောင်းတဲ့အချိန်ကျရင် ငါမင်းကိုအကောင်းပကတိအတိုင်းပြန်ပို့ပေးပါ့မယ်၊ ငါက အမြဲစကားတည်တဲ့လူပါ…"
" မင်းငါ့ကို တိုက်ခိုက်ခဲ့တာကလည်း ငါ့ဘက်ကအကျင့်မကောင်းခဲ့လို့…အဲ့ဒါကမင်းကိုဒေါသထွက်စေမိလို့လို့ပဲထားပါ၊…ငါဗွေမယူပါဘူး…"
သူက မတ်တပ်ထရပ်လိုက်ပြီး သူ၏ လက်ကောက်ဝတ် အားပွတ်လျက် နောက်လှည့်ကြည့်ကာ
" ငါက အားနည်းတဲ့သူတွေကိုအနိုင်မကျင့်တတ်ဘူး…၊ မင်းကကိုယ်ခံပညာတတ်တယ်ဆိုရုံလောက်ပဲရှိတယ်…၊ဒီလောက်လေးက ငါ့ အတွက်အသုံးမဝင်ဘူး… မင်းခုချက်ချင်းတောင်းပန်ပြီး အာကာသယာဉ်ဆီလိုက်ဖို့သဘောတူပေးမယ်ဆို…. ဖြစ်ခဲ့တာတွေကိုလည်း အတိတ်မှာပဲထားပေးမယ်…၊ ပြီးတော့ မင်းလုပ်စေချင်တာကိုလည်း ပြီးအောင်ကူညီပေးမယ်…၊ အဲ့လိုမှမဟုတ်ရင်တော့…"
ကျွင်းချင်ယွီတိတ်ဆိတ်သွားမှုကိုမြင်သောအခါ ဝမ်ချန်းယောင်ကသတိပေးသည့်အနေဖြင့်ဆိုလာသည်ာ
" ငါကကောင်းတဲ့လူမဟုတ်ဘူးနော်…၊မင်းအဖြေမပေးခင် သေသေချာချာစဉ်းစားရင်ကောင်းမယ်…"
ကျွင်းချင်ယွီ၏မျက်နှာထားကအေးစက်သွားပြီး
" ငါမင်းကိုတောင်းဆိုစရာတစ်ခုရှိတယ်…၊ ဒီအကူအညီအတွက် တစ်စုံယောက်ကိုလိုက်ရှာဖို့ဆိုတာလည်းမဖြစ်နိုင်ဘူး…ဆိုတော့အခု ငါတခြားသူကိုမရှာချင်တော့ဘူး…"
ကျွင်းချင်ယွီ အင်္ကျီလက်နားကိုခေါက်တင်လိုက်သည်။ သူ၏အဝတ်အစားများက အားလုံးကိုယ်တိုင်စိတ်ကြိုက်ချုပ်ထားခြင်းဖြစ်ပြီး လျှော်ပြီးလျှင် ခြောက်ဖို့မလွယ်ချေ။ ထို့ကြောင့် ယင်းတို့ညစ်ပတ်သွားလျှင် အလွန်ဒုက္ခရောက်ပေ၏။
သူက ပေါ့ပေါ့ပါးပါးပြောလာသည်။
" မင်းအော်ဟစ် အကူအညီတောင်းပြီး တောင်းပန်ရသည်အထိ မင်းကိုရိုက်လိုက်တာက ကိစ္စတွေကို ပိုလွယ်သွားစေမယ်ထင်တယ်"
"မင်း…"
ဝမ်ချန်းယောင် ပါးစပ်အဟောင်းသားဖြစ်သွားကာ ကျိန်ဆဲချင်လာသည်။
ကျွင်းချင်ယွီ၏ စကားလုံးများက သူ့ကိုဒေါသထွက်လာစေပြီး သူ့လက်ကောက်ဝတ်က တုန်ယင်လာ၏။ သူက အင်္ကျီလက်ထဲတွင် သေနတ်ကို ဝှက်ထားသည်။
ထိုအခြင်းအရာကိုမြင်လိုက်သောအခါ ကျွင်းချင်ယွီက သူ၏လက်အားမြှောက်လိုက်ကာ လက်ဖြောက်တီးလိုက်သည်။ အခိုးအငွေ့များမှာ တစ်ခန်းလုံးတွင် ချက်ချင်းပြန့်နှံ့သွားသည်။
ဝမ်ချန်းယောင် ဆွံ့အသွားသည်။ သူက ထိုလောကအသက်စွမ်းအင်ကို မခံစားနိုင်သော်ငြား မွန်းကြပ်သကဲ့သို့ဖြစ်လာပြီး သူ၏လက်ချောင်းများ ထုံကျင်လာတော့သည်။
သူ၏လက်ထဲမှ တစ်စုံတစ်ခု ထွက်ကျလာပုံရသည်။
နောက်တစ်ခဏတွင် သူ့လက်ထဲမှ သေနတ်မှာထက်ပိုင်းကျိုးကာ မြေပြင်ဆီသို့ပြုတ်ကျသွားသည်။
ပြုတ်ကျသွားသောအသံနှင့်အတူ ဝမ်ချန်းယောင် သူ၏လက်ထဲက သေနတ်အပိုင်းလေးအားကြည့်ကာ မေးလိုက်၏။
" မင်းဘာလုပ်လိုက်တာလဲ…"
ကျွင်းချင်ယွီကဖြေသည်။
" အရမ်းပျော့တာပဲ…၊နောက်တစ်ခါကျရင် ပိုကောင်းတာလေးနဲ့လဲခဲ့ဖို့မမေ့နဲ့ဦး…"
ဝမ်ချန်းယောင်က သူ၏ရှေ့၌ရှိနေသောလူနှင့်ပတ်သက်ပြီး တစ်စုံတစ်ခုမှားနေပြီဟုနားလည်လိုက်သည်။ သူက အပေါ်ယံတွင် မြင်နေရသကဲ့သို့အန္တရာယ်ကင်းမည့်ပုံမပေါ်ချေ။
သူတို့နှစ်ယောက်စလုံး သရေအနေအထားဖြစ်နေချိန် သူ့အနောက်မှ ခေါင်းလောင်းက လျှင်မြန်စွာထမြည်လာပြီး အသံကအရမ်းကိုပျော့ပျောင်းနေသည်။
နားလည်လိုက်ပြီ…။
ဝမ်ချန်းယောင်က နောက်ထပ်တွန့်ဆုတ်မနေတော့ဘဲ လက်ဖြောက်တီးလိုက်ကာ ထွက်မသွားခင် အော်ပြောခဲ့သည်။
" ဒီတကြိမ်တော့ ငါရန်သူကိုလျှော့တွက်မိသွားတယ်…၊နောက်တကြိမ်တော့မင်းကံမကောင်းနိုင်တော့ပါဘူး၊မင်းငါ့ကိုစောင့်နေလိုက်…"
ကျွင်းချင်ယွီ သူ၏ရှေ့မှ ထိုအရေးမပါသောလူအားကြည့်ရုံသာ ကြည့်နေလိုက်သည်။
တစ်စက္ကန့် နှစ်စက္ကန့် သုံးစက္ကန့် …စက္ကန့်များကုန်လွန်သွားကာ...မည်သည့်အရာမှမဖြစ်ပျက်ခဲ့ချေ။
တစ်မိနစ်ကြာပြီးနောက် နေရာ၌ရှိနေဆဲဖြစ်သော ဝမ်ချန်းယောင် လဲကျသွားတော့သည်။
သူ လက်မနှင့်လက်ညှိုးအားပြင်းထန်စွာဖိညှစ်လိုက်သော်ငြား မည်သည့်တုန့်ပြန်မှုကိုမှ လုံးဝမခံစားရချေ။
ဒါက…ဘာဖြစ်နေတာလဲ…။
ဒါအမှန်မဟုတ်ဘူး…။
အစီအစဉ်ကကျရှုံးသွားသည့်အခါ ဝမ်ချန်းယောင် အသိလွတ်ဖြစ်သွားရသည်။
ကျွင်းချင်ယွီက သူ၏ခေါင်းကိုစောင်းလိုက်ပြီး
" ဒီလောက်လေးပဲလား…ငါစတော့မှာနော်…"
ဝမ်ချန်းယောင်က သူ၏လက်အားလျှင်မြန်စွာမြှောက်လိုက်သော်လည်း ချောဆီလိုအပ်နေပြီဖြစ်သော စက်ရုပ်တစ်ရုပ်ကဲ့သို့ ရှင်းမပြနိုင်သော လေးလံထုံထိုင်းမှုကြီးအားခံစားလိုက်ရသည်။ အစိတ်အပိုင်းနှစ်ခုကြားက ခုခံအားက သူ့အားလှုပ်ရှားရန်အခက်တွေ့နေစေသည်။
ဤအရာကား အမှန်တရားမဟုတ်နိုင်ချေ။
ဝမ်ချန်းယောင် တိတ်တဆိတ်စဉ်းစားနေပြီး ယင်းက ထိုဆိုင်ပိုင်ရှင်သုံးစွဲနေကြဖြစ်သော ဆေးတစ်မျိုးဖြစ်နေနိုင်သည်ဟု တွေးလိုက်၏။ သူစားလိုက်သည့်အရာနှင့်ပတ်သက်ပြီးပြဿနာတစ်ခုခုရှိနေသည်လား။
ကျွင်းချင်ယွီက မည်မျှပင်လှုပ်ရှားမှုများရှိနေပါစေ အပြင်မှတစ်ဦးမျှဝင်မလာစေရန် အခန်းတစ်ခုလုံးအား စိတ်စွမ်းအင်ဖြင့်ရစ်ပတ်ထားသည်။
သူ့ဘေးနားရှိဆိုင်က ဖုယွမ်ချွမ်း၏စပ်တူလုပ်ငန်းဖြစ်နေသောကြောင့် အထဲမှအသံများကိုကြားရလျှင်ကောင်းမည်မဟုတ်ပေ။
Xxxxxxx