အပိုင်း ၄၇
Viewers 18k

Chapter 47


ကျွင်းချင်ယွီ သူ၏လက်ကောက်ဝတ်အား ပွတ်သပ်လိုက်ပြီး မြန်ဆန်သောဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ကာ တိုက်ရိုက်ပြေးသွားလိုက်သည်။ 


အကူအညီမဲ့စွာဖြင့် ဝမ်ချန်းယောင်က အံကြိတ်ထားလိုက်သည်။ 


ဝမ်ချန်းယောင်က ကျွင်းချင်ယွီ၏ပြိုင်ဘက်လုံးဝမဟုတ်ချေ။ သူ အခိုးအငွေ့များအောက်နစ်မွန်းနေလေပြီ။ 


ဝမ်ချန်းယောင်မှာ ခုခံနိုင်စွမ်းမရှိတော့၍ စားပွဲအားမလိုက်သည်။ 


ကျွင်းချင်ယွီစိတ်ပျက်သွားပြီး ပြောလိုက်သည်။


" မင်းအဲ့ဒါကိုဖျက်စီးခဲ့ရင် ပြန်လျော်ရမှာနော်…"


ဝမ်ချန်းယောင်က သူ့အားလျစ်လျူရှူကာ ပြေးနေရင်း စားပွဲအားကိုင်မြှောက်ကာ အနောက်ဘက်ကတံခါးဆီသို့ တည့်တည်ပြေးသွားလေသည်။ 


ကျွင်းချင်ယွီ နောက်ဘက်တစ်ချက်ကြည့်လိုက်ကာ ဖုယွမ်ချွမ်း ပြန်မလာသေးသည်ကိုအတည်ပြုလိုက်ပြီးမှ စားပွဲပေါ်ခြေလှမ်းသွားကာ အရှိန်ယူလိုက်ပြီး ဝမ်ချန်းယောင်ထံ ပြေးသွားလိုက်သည်။ 


သူက သူ၏ပခုံးအားဖိထားကာ ‌အနောက်မှနေ ထိုလူအား ရုတ်တရက်ဆွဲလိုက်သည်။ 


ရှုပ်ပွနေသောအခန်းငယ်လေးထဲတွင် ဝမ်ချန်းယောင်တစ်ယောက်ဆက်တိုက်အော်ဟစ်နေသည်။ 

"ဘာလဲ…"


"အ…"


မကြာခဏ မသဲကွဲသောကွဲကြေသံများရှိနေခဲ့၏။ 


ထိုအချိန် အချိုပွဲဆိုင်၏တံခါးကရုတ်တရက်ပွင့်လာပြီး သေးသွယ်သောလူတစ်ယောက်တံခါးဝ၌ပေါ်လာသည်


" အစ်ကိုဝမ် ကျွန်တော်…"


သူ အိမ်အတွင်းမှ မြင်ကွင်းအားမြင်လိုက်သောအခါ ထိုလူက ဆွံ့အသွားပြီး


" သူ့ကိုလွှတ်လိုက်…"


ဝမ်ချန်းယောင်က မြေပြင်ပေါ်၌လဲလျောင်းနေပြီး ထိုလူဝင်လာသည်ကိုမြင်သောအခါ ရုတ်တရက် အလွန်အမင်းဝမ်းသာသွားသည်။ သူ သူ၏ပါးစပ်မှသွေးများကိုလျင်လျင်မြန်မြန်သုတ်ပစ်လိုက်ပြီး ပြောလာသည်။ 


" ရှောင်မုန့် …သူ့ကိုချုပ်လိုက်…"


အရိုက်ခံရပြီးနောက်မှာပင် သူ (wcy) ကပြောဖို့ မမေ့ခဲ့ချေ။ 


" သူ့ကိုသေအောင်မရိုက်နဲ့…၊သင်ခန်းစာလောက်ပဲ ပေးလိုက်…"


ကျွင်းချင်ယွီ သူ၏ရှေ့သို့ပြာပြာသလဲရောက်လာသော ရှောင်မုန့်ဆို‌သူအားကြည့်လိုက်သည်။ 


သူ့တွင် စွမ်းအားလည်းအများကြီးမကျန်တော့ပေ။ ချွေတာရင်း  သုံးမရဖြစ်လာသောကြောင့် တိုက်ခိုက်မည့်အစား သူက ရှောင်မုန့်၏ထိုးချက်များကိုရှောင်တိမ်းရင်း ဇက်ပိုးကို လက်ဇောင်းဖြင့်ခုတ်ချလိုက်သည်။


ရှောင်မုန့် အော်ချိန်ပင်မရှိလိုက်ဘဲ မြေပြင်သို့ပုံကျသွားလေသည်။ 


ကျွင်းချင်ယွီ လက်ဝါးနှစ်ဖက်ကို ရိုက်ခါလိုက်ပြီး (လက်မှာဖုန်ပေရင်ခါသလိုမျိုး) ဝမ်ချန်းယောင်ကို မေးလိုက်သည်။ 


" မင်းစောစောကဘာပြောလိုက်တယ်…"


ဝမ်ချန်းယောင် :"..."


သူကအရမ်းမြန်တာပဲ။ 


ဝမ်ချန်းယောင် သူ၏ဘယ်ဘက်လက်ကခေါက်လျက်အနေအထားရှိကာ ကြောက်ရွံ့တုန်လှုပ်နေ‌သည့်အမူအရာဖြင့် မြေပြင်ပေါ်၌လဲနေသည်။ 


သူက သူ၏မျက်လုံးကိုပိတ်လိုက်ပြီး စိတ်မရှည်စွာဆိုလာသည်။ 


" မင်းဘာလို့အများကြီးမေးနေတာလဲ…မင်းမှာအစွမ်းရှိရင် ငါ့ကိုသတ်ပြီးနေလောက်ပြီ…"


" တိုက်ခိုက်ရတာအရမ်းပင်ပန်းတယ်…မင်းမြန်မြန်လေးမလုပ်နိုင်ဘူးလား…"


ဝမ်ချန်းယောင်က ကသိသအောင့်ဖြစ်နေပြီး ဒေါသဆွပေးသောစကားလုံးများအများကြီးပြောလိုက်သည်။ 


ကျွင်းချင်ယွီက မြေပြင်ပေါ်၌လဲနေသောသူ့အားကြည့်နေလေသည်။ သူ‌ပြောနေသောစကားလုံးများအား လုံးဝဂရုစိုက်နေပုံမပေါ်ချေ။ 


ကျွင်းချင်ယွီ တစ်ရှူးစိုတစ်ရွက်အားထုတ်လိုက်သည်။ ထို့နောက် သူ၏လက်ချောင်းများကိုဂရုတစိုတ်သုတ်ပြီး ပစ်ချလိုက်သည်။ သူက ဝမ်ချန်းယောင်နှင့် ညှိနှိုင်းမှုလုပ်လိုခဲ့သည်။ 


သို့သော်ငြား ဝမ်ချန်းယောင်က လက်လွှတ်ဖို့ငြင်းဆန်ခဲ့ပြီး မဲ့ပြုံးပြုံးကာ 


" မင်းငါ့ကိုသာ လာရိုက်စမ်းပါ…"


ကျွင်းချင်ယွီ မျက်ခုံးပင့်လိုက်မိ၏။ ထိုကဲ့သို့သော တောင်းဆိုမှုမျိုးမကြားဖူးသေးပေ။ 


သူနှင့်မလှမ်းမကမ်း၌ရှိနေသော အနီရောင်ဝိုင်တစ်လုံးအားကောက်ယူလိုက်ကာ မည်သည့်စကားမျှမပြောဘဲ သူ့ဆီတိုက်ရိုက်လွှဲပစ်လိုက်သည်။ 


" F**k…" 


ဝမ်ချန်းယောင် ခေါင်းကိုတိမ်းစောင်းလိုက်၍ အဝေးသို့လှိမ့်ထွက်လိုက်သည်။ 


သူ ဒေါသဆွပေးသည့်အနေနှင့်သာပြောခဲ့ခြင်းဖြစ်သော်လည်း ထိုလူကတစ်ကယ်လုပ်ရဲခဲ့သည်။ 


လိမ့်ထွက်သွားသောအနီရောင်ဝိုင်ပုလင်းက ကြမ်းခင်းစောင်းနှင့်တိုက်မိကာ ကွဲသွားပြီးဝိုင်များပြန့်ကျဲသွားတော့သည်။ 


ဝမ်ချန်းယောင်၏ မျက်နှာတစ်ခြမ်းက အနီရောင်ဝိုင်များဖြင့်ပေကျံသွားပြီးမျက်လုံးများပြူးကျယ်သွားသည်။ 


ကျွင်းချင်ယွီ သူ့အားသတ်ရဲလိမ့်မည် မဟုတ်ဟုထင်ခဲ့သော်ငြား ယခုမူ သူမခန့်မှန်းရဲတော့ပေ။ 


ကျွင်းချင်ယွီ ကွဲသွားသောဝိုင်ပုလင်းအားကောက်ယူလိုက်သောအခါ ပုလင်းတဝက်ခန့် ကွဲသွားပြီး ပဲ့ရာကချွန်ထွက်နေသည်။ 


ဝမ်ချန်းယောင် ထအော်တော့သည်။ 


" နေဦး…"


တစ်ချိန်တည်းမှာပင် ကျွင်းချင်ယွီ၏မြှောက်ထားသောလက်ကလည်း လေထဲ၌ရပ်သွားသည်။ 


ဝမ်ချန်းယောင် အလွန်ပျော်သွားသည်။ သူ(ကျွင်းချင်ယွီ) သူ့ (wcy) အားကြောက်နေသေးသည်။ ထို့ကဲ့သို့ဆိုလျှင်တော့....


 သူ အနည်းငယ်စိတ်သက်သာရာရသွားသည်။  


သူ အမှန်တကယ်ပင် ထိုဆိုင်ရှင်နှင့်မတိုက်ခိုက်ချင်ပေ။ 


တစ်ချိန်တည်းမှာပင် အနောက်၌ချိန်ဆွဲထားသောလိုက်ကာကအနည်းငယ်လှုပ်ရမ်းသွားပြီး ဖုယွမ်ချွမ်းက ထိုလိုက်ကာစအားဖယ်ကာအထဲဝင်လာသည်။ 


ရှုပ်ပွနေသောအခန်းအားမြင်သောအခါ သူမျက်မှောင်ကြုံ့သွားသည်။ 


ကျွင်းချင်ယွီကလည်း မြေပြင်ပေါ်ရှိ ဝမ်ချန်းယောင်အား ဖိထားကာ လက်ထဲ၌လည်း ဝိုင်ပုလင်းအကွဲကြီးကိုင်ထားရင်း  ဖုယွမ်ချွမ်အား မော့ကြည့်လာသည်။ 


ထိုမြင်ကွင်းက အနည်းငယ်ထိတ်လန့်ဖွယ်ဖြစ်နေသည်။ 


ကျွင်းချင်ယွီကအရင်ဦးစွာ ဝမ်ချန်းယောင်၏လက်ထဲသို့ ဝိုင်ပုလင်းအားထိုးထည့်လိုက်သည်။ 


ဝမ်ချန်းယောင်တစ်ယောက်သတိလက်လွတ် ဝိုင်ပုလင်းကြီးအားကိုင်ထားမိသည်။ 


"မင်းဘာလုပ်နေတာလဲ…"


ကျွင်းချင်ယွီ မည်သည့်စကားမျှမပြောဘဲထရပ်လိုက်ကာ ဝမ်ချန်းယောင်ကို ကျော်ပြေးသွားသည်။ 


"ဘာလဲ…"


 "ယွမ်ချွမ်း..."


ဝမ်ချန်းယောင်၏အော်သံအားလျစ်လျူရှုကာ ကျွင်းချင်ယွီက ဖုယွမ်ချွမ်း၏လက်မောင်းများကြားတိုးဝင်ပြီး တိုးတိုးလေးခေါ်လိုက်သည်။ 


" ယွမ်ချွမ်း…" 


ဖုယွမ်ချွမ်းက ထိုရေသူငယ်လေးအားဖက်ထားကာ နောက်ကျောလေးအားညင်သာစွာပုတ်ပေးနေသည်။ 


" ဘာဖြစ်လို့လဲ…"


ကျွင်းချင်ယွီက သူ့ခေါင်းအားမော့ကာ သူ့အားသနားစဖွယ်ပုံစံလေးနှင့်ကြည့်ပြီး ဝမ်ချန်းယောင်အား လက်ညှိုးထိုးပြကာ တိုင်လာသည်။ 


" သူ ကျွန်တော့်ကိုရိုက်တယ်…၊ သူတို့နှစ်ယောက်လုံး ကျွန်တော့်ကိုလည်းအနိုင်ကျင့်တယ်…၊ အိမ်ထဲမှာရှိတဲ့ စားပွဲတွေကုလားထိုင်တွေကိုလည်းချိုးပစ်တယ်…၊သူကအရမ်းသန်တာပဲ၊ ကျွန်တော့်မှာမနည်းတောင့်ခံထားရတယ်…"


ဒေါသထွက်စွာဖြင့် ဝမ်ချန်းယောင်မှာ ပါးစပ်ထဲ၌။မှ သွေးများကိုပင်မထွေးထုတ်နိုင်တော့ပေ။


" မင်းဟန်ဆောင်နေတာပဲ…ဘယ်သူကဘယ်သူ့ကိုအနိုင်ကျင့်တာလဲ…မင်းဘယ်နေရာကများနာတာလဲ ဟမ်…"


သူစားပွဲကုလားထိုင်တွေကိုချိူးပစ်ခဲ့သောကြောင့် ပိုက်ဆံဆုံးရှုံးရမည်မှာကိစ္စမရှိပေ။ သိူ့သော် ပထမစာကြောင်းက မည်သည်ကိုဆိုလိုချင်သနည်း။ 


"မနည်းတောင့်ခံထားရတယ်"လား၊ အဲလိုသာဆိုရင် မင်းကသန်မာမှုကို ဘယ်လိုများသမုတ်တာလဲ။


ကျွင်းချင်ယွီ သူ၏နှုတ်ခမ်းထောင့်ကိုအနည်းငယ်ဖိထားကာ သူ၏ခေါင်းက ဖုယွမ်ချွမ်း၏ပုခုံးအားမှီထားကာ သူ့အားငုံကြည့်နေလေသည်။ (မဲ့ပြီးကြည့်နေတာ)


 ဝမ်ချန်းယောင် ထိုအကြည့်နှင့်ပတ်သက်၍ ထိတ်လန့်လာသော်လည်း မထိန်းနိုင်ဘဲငြင်းခုန်မိလေသည်။ 


" မင်း… မင်းပြောခဲ့တယ်လေ …မင်းဘယ်နေရာကထိခိုက်သွားတာလဲ…"


ဖုယွမ်ချွမ်းကသူ့အားငုံ့ကြည့်လာသည်။ 


" မင်းထိခိုက်သွားသေးလား…"


ကျွင်းချင်ယွီ တအောင့် စဉ်းစားကာ ခေါင်းငြိမ့်ခြင်းနှင့် ခေါင်းခါခြင်းကြား ရှုပ်ထွေးနေပြီး ဖုယွမ်ချွမ်းအားပြရန် သူ၏ညာလက်အားရှေ့ထုတ်လိုက်သည်။ 


" ကျွန်တော့်လက်နာနေတယ်…"


ဝမ်ချန်းယောင် မဲ့ပြုံးပြုံးလိုက်သည်။


လက်ဆိုပါလား။ သူ ဤဖြစ်စဉ်တစ်ခုလုံးအတွင်း ကျွင်းချင်ယွီအား လက်ဖျားနှင့်ပင် မထိခဲ့ချေ။ 


သူ့ လက်နာလျှင် ထိုအရာက သူ နှင့်ထိုက်တန်၏။


 မင်းက လောင်ကျစ်ကိုရိုက်ရင် ပိုပြီးနာသင့်တယ်။ မင်းက လက်နာတာနဲ့ တန်တယ်။


ဖုယွမ်ချွမ်းက သူ့ကို ကြည့်လိုက်သည်။ 


ကောင်းပြီ။ 


သူ့လက်များက နီရဲနေသည်။ 


သူအပြင်ထွက်လာသောအခါ အနီရောင်ကမှိန်သွားသည်။ 


မြေပြင်ပေါ်၌လဲကျနေပြီးမထနိုင်ဖြစ်နေသည့် မျက်နှာတစ်ခုလုံးဖူးယောင်နေသော နာမည်ကျော်သူခိုးကိုတစ်ချက် ၊ ပြီးနောက် သူ၏လက်မောင်းများကြားမှ သနားစဖွယ်ဖြစ်နေသော ငါးလေးကိုတစ်ချက်ကြည့်လိုက်သည်။  


ဖုယွမ်ချွမ်းက ကျွင်းချင်ယွီ၏လက်ကိုဆုပ်ကိုင်ကာ ညင်ညင်သာသာဆိုလိုက်သည်။ 


" ကြယ်တာရာဓားပြဆိုတာကတကယ်တော့ အမည်သက်သက်ပဲမဟုတ်ဘူး…၊ သူတို့ကအားနည်းတဲ့သူတွေကိုအနိုင်ကျင့်တတ်တယ်ဆိုတာမင်းသိပါတယ်…"


ဝမ်ချန်းယောင်:"..."


သူ၏ဘဝ၌ဤမျှဆွံ့အမိသောအခိုက်အတန့်မရှိဖူးခဲ့ချေ။ 


..........


ကျွင်းချင်ယွီကမေးလိုက်သည်။ 


" ကျွန်တော်က ဒဏ်ရာရသွားပြီ၊ ကြယ်တာရာဓားပြတွေဆီက လျော်ကြေးမတောင်းသင့်ဘူးလား…"


ဤကဲ့သို့ပြောနိုင်သည်ကို ဝမ်ချန်းယောင်မှာ မယုံနိုင်ဖြစ်နေရသည်။ 


" မင်းကလည်းငါ့ကိုဒီလိုရိုက်ထားသေးတယ်…၊မင်းကပဲ လျော်ကြေးတောင်းလို့ ရလားလို့မေးနေသေးတယ်…"


ဖုယွမ်ချွမ်းကပြောသည်။


"အဲ့ဒါဖြစ်သင့်တယ်လေ…"


ဝမ်ချန်းယောင် : "..."


ပိုက်ဆံတော့မပေးနိုင်ပေ။ အိပ်မက်သာမက်ခိုင်းလိုက်မည်။ 


ဖုယွမ်ချွမ်းက ကျွင်းချင်ယွီဘက်လှည့်လာကာ 


" ဓားပြတွေကအများကြီးရှိသေးတယ်…၊သူတို့အားလုံးကိုလျော်ကြေးမပေးရင်ဒီနေရာကနေထွက်သွားခွင့်မပေးနိုင်ဘူး…"


"အများကြီးလား…"


ကျွင်းချင်ယွီ မြေပြင်ပေါ်ကသူတို့နှစ်ယောက်ကိုကြည့်လိုက်ပြီး


"အများကြီးက ဘယ်နေရာကရောက်လာတာလဲ…"


ထိုအရာကိုကြားသောအခါ ဝမ်ချန်းယောင် မျက်နှာပျက်သွားပြီး မည်သည့်အရာမှမပြောလာသော်လည်း အတော်လေးစိတ်ဆိုးနေချေပြီ။ 


ဖုယွမ်ချွမ်း အနောက်ဘက်သို့ညွှန်ပြလိုက်ပြီး ပြောလာသည်။ 


" ကိုယ် အသီးအနှံတွေခိုးနေတဲ့သူခိုးတွေ ကိုနောက်မှာဖမ်းမိထားတယ်…၊ သူတို့အားလုံးနောက်မှာ ချည်ထားတယ်…"


သူနောက်ကျမှရောက်လာခဲ့ခြင်းမှာ အပြင်ဘက်က သူခိုးများနှင့်ရင်ဆိုင်နေရသောကြောင့်ဖြစ်သည်။ 


သစ်သီးတွေကိုခိုးနေတယ်….။


ကျွင်းချင်ယွီ သူ့မျက်ခုံးပင့်လိုက်မိသည်။


ကောင်းလိုက်တာ၊ ဝမ်ချန်းယောင် ။


ဆေးစွမ်းမပြတော့ မင်းဘာလို့ ချက်ချင်းထွက်မပြေးရလဲဆိုတာကို ငါမအံ့သြတော့ပါဘူး။ မင်းက အဓိပ္ပာယ်မရှိတာတွေပြောပြီး နောက်ဘက်က သူခိုးတွေအတွက် အချိန်ဆွဲပေးနေတာကိုး။


မင်းက ပူးပေါင်းဆောင်ရွက်ဖို့ကို ရိုးရိုးသားသားပြောမှာမဟုတ်ဘူးဆိုတာ ငါသိသားပဲ၊၊ ဒါပေမယ့် တစ်စုံတစ်ယောက်က သူတို့ကို ခိုးယူဖို့ စီစဉ်တာတော့ တော်တော်လေးတွေးလိုက်ရမှာပဲ။


 အရမ်းအကွက်ကျတာပဲ။  


ကျွင်းချင်ယွီတစ်ယောက် ဝမ်ချန်းယောင်က အကောင်းဆုံးလုပ်နိုင်သွားသည်ကိုစဉ်းစားလိုက်ရင်း သက်ပြင်းချကာ


" မင်း ငါ့ကိုတကယ်ခေါ်သွားချင်တယ်လို့ထင်ခဲ့တာ…"


ဝမ်ချန်းယောင်က ဖုယွမ်ချွမ်အား စူးစူးဝါးဝါးကြည့်နေသည်။ 


" ဟုတ်တယ်…ဆေးစွမ်းက သစ်သီးတွေကနေလာတာလား မင်းဆီကနေလား မစူးစမ်းရသေးခင်ထိတော့ ငါနဲ့အတူမင်းကိုခေါ်သွားမလို့ပဲ…"


အမှန်မှာ လမ်းနှစ်သွယ်မှချဉ်းကပ်ခြင်းဖြစ်သည်။ 


သူ ဆိုင်ရှင်ကိုခေါ်နိုင်လျှင်ခေါ်နိုင် မခေါ်နိုင်လျှင် သစ်သီးများနှင့်အရွက်များကိုယူဆောင်သွားမှာဖြစ်၏။ 


ဆိုင်ရှင်က စိတ်ဆိုးပြီး သူ၏ညီမလေးအားကုသပေးရန်ငြင်းဆန်လျှင်လည်း သူ့အနေဖြင့် ထိုအသီးအနှံအရွက်များကိုအသုံးပြုနိုင်ပေသည်။ 


ပိုင်ရှင်က ပူပေါင်းဖို့ရာဆန္ဒရှိလျှင်တော့ ကောင်းသည်။ ထိုသို့ဆိုလျှင် သူက ပိုင်ရှင်ကို နေရာထိုင်ခင်းကောင်းကောင်းတစ်ခုပေးမှာဖြစ်သည်။ 


နာမည်ကြီးဓားပြတစ်ဦးဖြစ်သော်လည်း အာကာသယာဉ်ပေါ်၌ချို့တဲ့သည်ဆိုသည့်အရာတစ်ခုမျှမရှိပေ။ နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် အင်ပါယာ၌နေထိုင်သောလူအချို့ထက် အများကြီးသက်သောင့်သက်သာရှိပေလိမ့်မည်။ 


ယခုမူ အခြေအနေကဤကဲ့သို့ဖြစ်နေပေပြီ။ ဆိုင်ရှင်က ယင်းတို့ကိုထုတ်မပေးသည့်အပြင် အတင်းအကြပ်ယူ၍လည်းမရချေ။ 


လူများသာအဖမ်းခံထားရ၏။ 


ဝမ်ချန်းယောင် သက်ပြင်းချမိလိုက်သည်။ ဤတစ်ကြိမ်တွင်တော့ ကိစ္စများကရှုပ်ထွေးကုန်ပြီပင်။ အရာအားလုံးက သူ‌မျှော်မှန်းထားသည်နှင့်ကွာဟနေသည်။ ခဏကြာပြီးနောက် သူကပြောလာသည်။ 


" ဆိုင်ပိုင်ရှင်…ငါပြောမယ်…၊ငါမင်းကိုတကယ်မထိခိုက်စေချင်ခဲ့ဘူး…၊မင်းကိုခေါ်သွားချင်ယုံပါ…မင်းအဲ့ဒါကိုယုံလား…" 


ကျွင်းချင်ယွီကပြောသည်။


"ယုံတယ်…"


မယုံကြည်စရာမည်သည့်အကြောင်းမျှမရှိချေ။ သူနှင့် ဝမ်ချန်းယောင်ကြားတွင်လည်း ကတောက်ကဆဖြစ်ခဲ့ခြင်းမျိုးမရှိချေ။ ဖြစ်ခဲ့ရသည့်အကြောင်းရင်းတစ်ခုကလည်း ဝမ်ချန်းယောင်က သူ၏ညီမလေးကိုကယ်ချင်သည်။ သူက ဝမ်ချန်းယောင်၏အထောက်အထားကို အသုံးချလို၏။


ဝမ်ချန်းယောင်က ခေါင်းညိတ်သည်။ သူ့ကို နာကျင်အောင် လုပ်တာနှင့်ပတ်သက်၍ သူကနားလည်မှုလွဲခြင်းမရှိပေ။


အနောက်၌ရှိသော သစ်သီးသစ်ရွက်များမှာ ယင်းတို့ကို မျက်စိကျလွန်းနေသူများရန်မှကာကွယ်ရန် သိုသိုသိပ်သိပ်ဟန်ပြထားထားသော အာကာသမှ သာမန်အသီးအနှံများသာဖြစ်သည်။ သို့ဖြင့် သူ၏နေရာလွတ်မှ အသီးအနှံများကို ထုတ်ယူရာတွင် သိသာထင်ရှားခြင်း မရှိတော့ပေ။ သူလုပ်ထားသည့်အသီးအရွက်များမှာ သူကြောက်နေခဲ့သလို ပျက်စီးဖို့ရာ နည်းနည်းသာ လိုတော့သည်။


ဝမ်ချန်းယောင်က ထိုစကားလုံးများကိုကြားသော်လည်း သူ၏မျက်နှာထက်မှအမူအရာကား ထူးခြားသွားခြင်းမရှိပေ။ အားလုံးပြီးနောက် သူတို့က ယင်းတို့ကိုမခိုးခဲ့ချေ။ ထိုအရာကမှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ အရေးမကြီးပေ။ သူက နံရံကိုအမှီပြုကာထိုင်လိုက်သည်။ 


" အင်း…အဲ့ဒီလိုပဲဖြစ်သွားတယ်၊အများကြီးလည်းမပြောတော့ပါဘူး…"


ဝမ်ချန်းယောင်က ဆိုသည်။


" မင်းငါ့ကိုဘာလုပ်‌စေချင်လဲ…၊ ငါမင်းအတွက် ငါလုပ်နိုင်သမျှအကောင်းဆုံးလုပ်ပေးမယ်…"


"အလျင်မလိုပါဘူး၊ ငါမင်းကို လိုအပ်ရင် ရှာမှာပါ…"


ကျွင်းချင်ယွီထိုအကြောင်းကိုဖုယွမ်ချွမ်၏ရှေ့၌မပြောချင်ခဲ့ပေ။ ထို့ကြောင့်သူကပြောလိုက်သည်။


"ကောင်းပြီ၊ မင်းရဲ့သူခိုးတွေကိုပြန်ခေါ်သွားတော့၊ ငါ့ကိုလျော်ကြေး‌လွှဲပေးဖို့လည်းမမေ့နဲ့ဦး၊။ပြီးတော့ မနက်ဖြန်အရင်ချိန်တိုင်းပဲ မင့းညီမကိုခေါ်ပြီးလာခဲ့…"


Xxxxxx