အပိုင်း ၄၈
Viewers 18k

Chapter 48


ဝမ်ချန်းယောင် စိတ်ပျက်နေမိသော်လည်း ကျွင်းချင်ယွီ ဤမျှလောက်သဘောထားကြီးလိမ့်မည်ဟုမထင်ထားခဲ့ပေ။ 


" မင်း ငါ့ညီမလေးကိုကုသပေးချင်စိတ်ရှိသေးတယ်ပေါ့…"


"အင်း…"


ဝမ်ချန်းယောင် တစ်စုံတစ်ခုပြောချင်၍ပါးစပ်ဟလိုက်သော်လည်း သူ၏ပါးစပ်ထောင့်မှဒဏ်ရာကနာကျင်လှ၍ကြိတ်ခံလိုက်ရသည်။ သူမူလက ပြောရန်တွေးထားစကားလုံးများမှာ ပြောင်းသွားခဲ့ပြီး


" ငါမင်းကိုမနက်ဖြန်ဖမ်းသွားမှာကိုမကြောက်ဘူးလား…"


ကျွင်းချင်ယွီကအရေးမစိုက်ပေ။


"မင်းငါ့ကို မရိုက်နိုင်ပါဘူး…"


ဝမ်ချန်းယောင်: "..." 


သူ့ပုံစံကရူးကြောင်ကြောင်နိုင်နေပေမယ့် ထိုအရာကအမှန်ဆိုတာကိုဖြင့် ဝမ်ချန်းယောင် ဝန်ခံရပေမည်။ 


ဝမ်ချန်းယောင်က ရှောင်မုန့်ကိုကန်လိုက်ရာ သတိလစ်နေသော ရှောင်မုန့်သည် အသိစိတ်ပြန်ကပ်လာသည်။ သူမျက်လုံးပွင့်လာပြီး ထအော်တော့သည်။ 


" ဘယ်သူမှငါ့အစ်ကိုဝမ် ကိုမထိခိုက်စေရဘူး…"


"ငါ…"


စိတ်တိုနေသော ဝမ်ချန်းယောင်တစ်ယောက် လက်သီးနောက်တစ်ချက်စာ မခံရဘဲ မူးမေ့သွားတော့မလိုဖြစ်သွားသည်။ 


"ငါ့ကို လာကူညီဦး…"


ရှောင်မုန့်က လည်ပင်းနောက်နားဘက်သာထိခိုက်ဒဏ်ရာရပြီး ကျန်နေရာများ၌ မည်သည့်ထိခိုက်မှုမျှမရှိချေ။ သူလျ‌င်မြန်စွာခြေလှမ်းလှမ်းသွားပြီး ဝမ်ချန်းယောင်ကို တွဲ၍ထရပ်လိုက်သည်။ 


သူတို့က တံခါးမှထွက်သည်နှင့် စစ်ဆေးသူတစ်ဦးကိုတွေ့လိုက်ရသည်။


ထိုလူက အချိုပွဲဆိုင်ထဲမှ ပစ္စည်းများကို သူတို့ ယူလာမလာကို စစ်ဆေးနေခြင်းဆိုသည်ကို ဝမ်ချန်းယောင် သိသည်။ သူက လုံးဝမကန့်ကွက်ဘဲ စစ်ဆေးရန် ခွင့်ပြုခဲ့သည်။


ပြီးနောက်ကားဆီပြန်သွားခဲ့သည်။ 


ရှောင်မုန့်ကနောက်မှတက်လာပြီးကားတံခါးကိုဆွဲပိတ်ကာ 


" အစ်ကိုဝမ် အစ်ကိုရဲ့အခြေအနေကဘယ်လိုဖြစ်တာလဲ…"


ဝမ်ချန်းယောင်က သူ့ကို လျစ်လျူရှူလိုက်ပြီး


" သေတ္တာကောဘယ်မှာလဲ…"


ရှောင်မုန့်က လျှင်မြန်စွာ သူ၏အိတ်ကပ်ကိုစမ်းလိုက်ပြီး ‌ဘူးသေးလေးတစ်ခုကိုထုတ်လိုက်ကာ သူ့အားကမ်းပေးလိုက်သည်။ 


ဝမ်ချန်းယောင်က သူ့လက်မောင်းကိုဓားဖြင့် ဖြတ်လိုက်ပြီး ယင်းအထဲမှအစေ့အနည်းငယ်ကို ထုတ်ယူလိုက်သည်။


သွေးစက်များနှင့် ထိုအစေ့ကိုသေတ္တာထဲထည့်လိုက်ပြီး ရှောင်မုန့်ကိုပေးလိုက်သည်။ ဝမ်ချန်းယောင်က အေးစက်စက်မျက်နှာဖြင့် သူ၏ဒဏ်ရာအားစည်းနှောင်လိုက်ပြီး


" ပြန်သွားပြီးတော့ ကြီးထွားနှုန်းမြင့်စေတဲ့ ဖန်လှောင်အိမ်ကိုယူလာလိုက်…၊ ငါ ဒီည ၁၂နာရီ မတိုင်ခင်အသီးတွေကိုမြင်ချင်တယ်…"


" နားလည်ပါပြီ…"


---


ကျွင်းချင်ယွီက ဖုယွမ်ချွမ်းနှင့်အတူ ရှုပ်ပွနေသည်များကိုရှင်းရန် ဆိုင်ထဲ၌နေခဲ့သည်။ 


" မင်း ဝမ်ချန်းယောင်ရဲ့သဘောထားကိူ ဂရုမစိုက်တော့ဘူးလား…"


ဖုယွမ်ချွမ်းက စားပွဲကိုနေရာချကာ ပြောသည်။


" ကိုယ်ထင်တာက မင်းသူ့ညီမလေးကိုထပ်မကုပေးလောက်‌တော့ ဘူးလို့…"


ကျွင်းချင်ယွီ အစ၌ ထိုကိစ္စကိုဂရုစိုက်နေခြင်းကိုရပ်လိုက်ဖို့စီစဉ်ခဲ့သည်။ သို့သော် သူ့ညီမ၏ ဖျားနာခြင်းက အမှန်ပင်အနည်းငယ်စိတ်ဝင်စားစရာကောင်းနေသည်။ 


" သူ့ညီမ ဒီနေ့လာတယ်…၊ ပြီးတော့ကျွန်တော်တွေ့ လိုက်ရတာက သူ့ညီမရဲ့စိတ်က ကျွန်တော်အဲ့ဒီ့နေ့ကကြုံလိုက်ရတဲ့ စက်ရုပ်နဲ့တူနေသလိုပဲ…"


"စက်ရုပ်လား…"


" အင်း…M ကြယ်ကတစ်ခုလေ…အသက်ရှုပုံကလည်းအရမ်းထူးဆန်းတယ်…ပြီးတော့ သာမန်လူတွေရဲ့စိတ်နဲ့အရမ်းကွဲနေတယ်…"


ကျွင်းချင်ယွီက ဆက်ပြောသည်။ 


" ကျွန်တော်ကြိုးစားကြည့်ချင်တယ်…စမ်းရေကသူ့ညီမလေးကိုကုသနိုင်မလားဆိုတာကိုလေ…တကယ်လို့ကုသနိုင်ခဲ့ရင်…အဲ့ဒါပဲဖြစ်လိမ့်မယ် Mကြယ် ရဲ့စက်ရုပ်တွေကိုဖြေရှင်းဖို့ဒီစမ်းရေကို ခင်များလည်းသုံးလို့ရပြီလေ…"


ယခု၌ ထိုစက်ရုပ်များက ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်မလာသေးသော်လည်း သူတို့က သာမန်စစ်တပ်လောက်ကိုဖြင့်တိုက်ခိုက်နိုင်ပေသည်။ ထိုစက်ရုပ်များက သာမန်လူများ၏စိတ်ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပေသေးသည်။ တိုက်ခိုက်မှုတွင် သာမန်လူများက သူတို့နိုင်သလား၊ရှုံးသလားဆိုတာကို ခွဲခြားနိုင်စွမ်းမရှိခြင်းအား ခံစားရပေလိမ့်မည်။ 


ဝိဥာဥ်စမ်းရေ၏ထူးခြားမှူကို သက်သေပြနိုင်ခဲ့လျှင် အနာဂါတ်၌ အနိုင်ရရှိခြင်းထက်ပိုကောင်းသောအခွင့်အရေးကိုရရှိစေရန် အချို့သော ကာကွယ်ရေးပစ္စည်းများကိုပြုလုပ်ရန် စမ်းရေကိုအသုံးပြုနိုင်သည့်အကြောင်းအား မြင်သာအောင်ပြနိုင်ရန်ပြင်ဆင်ရမည်ဖြစ်၏။ 


အနည်းဆုံးတော့ စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှု ပေါ်ပေါက်ပြီးနောက်မှ ယင်းကိုကုသရန် စမ်းရေကိုအသုံးပြုခြင်းထက် အများကြီးရိုးရှင်းပေသည်။ 


ဖုယွမ်ချွမ်းကပြောသည်။


" မင်းပြောရင် မှန်တာပါပဲ…"


" ကျွန်တော် သေချာတဲ့အထိ နောက်ထပ်နည်းနည်းလောက် ကြိုးစားကြည့်မယ်…"


"ကောင်းပြီ…မင်းဆုံးဖြတ်လိုက်ပြီပေါ့…"


ဖုယွမ်ချွမ်းက တံမြက်စည်းကိုယူလိုက်ပြီး မြေပြင်ကိုလှည်းသည်။ ပြီးတော့ အနီရောင်ဝိုင်ပုလင်း၏အကွဲစများကိုဝိုင်များနှင့်အတူဘေးဘက်ကို လှည်းချသည်။ အရာများစွာကြား၌ အမှတ်တမဲ့ တွေ့လိုက်ရသည်က ငွေဖြူရောင်သေနတ်ပိုင်းလေးပင်...။


ဖုယွမ်ချွမ်း သေနတ်ပိုင်းလေးအားကောက်ယူလိုက်ကာ မျက်ခုံးပင့်လိုက်ပြီး မေးလိုက်သည်။ 


" ဒါကိုမင်းလုပ်ထားတာလား…"


"အင်း…"


ခေါင်းငြိမ့်ပြီးမှ ကျွင်းချင်ယွီ သူ၏ခေါင်းအားတဖန်ပြန်ခါကာ


" မဟုတ်ပါဘူး…ကျွန်တော်မလုပ်ထားပါဘူး…"


ဖုယွမ်ချွမ်း လိမ်ပိန်နေသောထိုသေနတ်လေးအားလွှင့်ပစ်လိုက်ကာ


" ဒါကဘယ်လိုဖြစ်ပြီး သူ့ဘာသာသူဒီလိုဖြစ်သွားမှာလဲ…"


" တကယ်ကျွန်တော်မဟုတ်ဘူးလို့…"


ကျွင်းချင်ယွီ ငိုရမလို၊ရယ်ရမလိုဖြစ်နေသည်။ 


" ကျွန်တော်ကအားနည်းတဲ့ရေသူလေးတစ်ကောင်ပါ…၊ ကျွန်တော့်‌လက်လေးတွေနဲ့အဲ့ဒါကိုဘယ်လိုလိမ်နိုင်မှာလဲ…"


ခင်များသိပါတယ် ဒါကကလွယ်လွယ်နဲ့ တွန့်လိမ်သွားနိုင်တဲ့အရာမဟုတ်ဘူးဆိုတာကို…..။


ဖုယွမ်ချွမ်းကပြောသည်။


"ကောင်းပြီ…မင်းမလုပ်ခဲ့ဘူး…"


ကျွင်းချင်ယွီ :"..."


" အဲ့ဒါကို ဝမ်ချန်းယောင် လုပ်သွားတာ…"


" အတိအကျပြောရရင်…ကျွန်တော် စိတ်စွမ်းအားနဲ့ သူ့ရဲ့လက်ကို သေနတ်ကိုင်မိအောင်လုပ်လိုက်တာ…ပြီးတော့ဒီလိုဖြစ်သွားတာပဲ…"


ဖုယွမ်ချွမ်းက မေးလာသည်။


 " မင်းက ဝိဥာဥ်စွမ်းအင်နဲ့ တခြားသူတွေကိုထိန်းချုပ်နိုင်တာလား…"


လောကအသက်စွမ်းအင်မှာ ကြယ်တာယာခေတ်တွင် ရှားပါးပြီး  အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်သည်။ သို့သော်ငြား ယင်းက ။ လူများကို သူ့အလိုဆန္ဒအတိုင်း ရွေ့ပြောင်းခြယ်လှယ်နိုင်လျှင် သာမာန်ကိစ္စလေးမဟုတ်တော့ပေ။


" မဟုတ်ဘူး…အဲ့ဒီအရူးတွေက ကျွန်တော့်ရဲ့သစ်စေ့တွေကို သူတို့ရဲ့လက်ကောက်ဝတ်ထဲ ထည့်ဝှက်ထားတာ…ကျွန်တော်ရဲ့စွမ်းအားကိုသုံးခဲ့မယ်ဆိုရင် အဲ့ဒီ့အရာကတန်ပြန်ဖြစ်စေလိမ့်မယ်…"


ထိုသိူ့ဖြစ်နိုင်လားဆိုသည်ကို ကျွင်းချင်ယွီကိုယ်တိုင်ပင် မသိပေ။ ဤသို့ အရေပြားအတွင်း သစ်စေ့များကိုထည့်ထားခြင်းက ပဲ့တင်ထပ်နိုင်သည်။ ပုံမှန်အတိုင်းစားလျှင် အလုပ်ဖြစ်မည်မဟုတ်ပေ။


ထိုကဲ့သို့အရူးများလည်းရှိနေပေသေးသည်။ 


ဖုယွမ်ချွမ်း သင်္ကာမကင်းဖြစ်စွာပြောလာသည်။ 


" သူက မင်းရဲ့အစေ့တွေကိုယူသွားပြီး အသီးတွေသီးသွားမှာကို မင်းမကြောက်ဘူးလား…၊မနက်ဖြန် သူ့ညီမလေးကိုခေါ်လာမှာမဟုတ်တော့ဘူးလေ…"


" အဲဒီ့သစ်စေ့က ကျွန်တော်စိုက်ခဲ့တဲ့အပင်နဲ့မတူဘူး…"


ကျွင်းချင်ယွီက မည်သည့်အရာကိုမျှ မစိုးရိမ်ချေ။ 


မနက်ဖြန်မှာ တစ်စုံတစ်ခု မှားယွင်းနေကြောင်း ဝမ်ချန်းယောင် ရှာတွေ့သွားခဲ့ပါမူ သူ့ညီမလေးကို ဦးစွာခေါ်လာပေလိမ့်မည်။


အကြွေးကရှိနေသေးသည်မဟုတ်ပါလား။ 


မည့်သည့်အရာသေးသေးလေးကိုမျှမပေးသင့်ချေ။ 


ကျွင်းချင်ယွီက ဆိုင်အရှုံးပေါ်မည့်အရာကို လုပ်မည်မဟုတ်ပေ။ 


ဖုယွမ်ချွမ်းကပြောသည်။


" အဲဒီ့ဓားပြတွေနဲ့ အရမ်းမပတ်သက်တာကောင်းမယ်…"


ကျွင်းချင်ယွီက ဖုယွမ်ချွမ်း၏လက်မောင်းကိုဖက်ကာပြောလိုက်သည်။


" ကျွန်တော်သိပါတယ်…ဒီတစ်ကြိမ်ပဲ…ဒါပြီးရင် ကျွန်တော်တို့ အိမ်ကိုပြန်ကြမယ်လေ…"


"ကောင်းပြီ…အိမ်ကိုပြန်ကြမယ်…"


"ဟုတ်ကဲ့ပါ…"


---


မနက်ခင်းရောက်သောအခါ ဖုယွမ်ချွမ်းတစ်ယောက် စစ်ဌာနချုပ်သို့အစည်းအဝေးအတွက်သွားရန် ယာယီသတိပေးစာတစ်ခုလက်ခံရရှိခဲ့သည်။ 


ကျွင်းချင်ယွီက ဖုယွမ်ချွမ်း အင်္ကျီလဲနေသည်ကိုကြည့်လျက် ဂွမ်းစောင်ကိုခြုံထားကာ အိပ်ရာပေါ်၌လဲလျောင်းနေသည်။ 


သူအိမ်မှာရှိစဉ် ဖုယွမ်ချွမ်း စစ်ဝတ်စုံဝတ်သည်မှာရှားပါးသည်။ ကြယ်တာယာခေတ်၏စစ်ဝတ်စုံက နက်ပြာရောင်ဖြစ်သည်။ 


ဖုယွမ်ချွမ်းကအရပ် 1.9 မီတာခန့်ရှည်ပြီး ခြေတံကရှည်လျားသွယ်လျသည်။ 


ကျွင်းချင်ယွီတစ်ယောက် သူ၏ခေါင်းအားငုံ့ကာ ဂွမ်းစောင်အားဆွဲလိမ်နေသည်။ ဖုယွမ်ချွမ်းက ကမ္ဘာပေါ်တွင် အပြည့်စုံဆုံးလူသားတစ်ဦးဖြစ်သည်ပင်။ 


" ဘာကိုရယ်နေတာလဲ…"


ဖုယွမ်ချွမ်းအင်္ကျီလဲပြီးနောက်သို့လှည့်ကြည့်လိုက်သည်။  


"ခင်များကို…"


ကျွင်းချင်ယွီက ထထိုင်ကာ ဂွမ်းစောင်အားဘေး၌ပုံပြီးပြောလာသည်။ 


ဖုယွမ်ချွမ်း တောက်ပနေသောမျက်လုံးလေးများနှင့်ထိုငါးပေါက်စလေးအားကြည့်ကာကြောင်သွားသည်။ 


"ကိုယ့်ကိုရယ်တာဟုတ်လား…"


ကျွင်းချင်ယွီက ဖုယွမ်ချွမ်းအား လက်ဝှေ့ယမ်းပြလိုက်သည်။   


ဖုယွမ်ချွမ်းနားမလည်ပေ။ ထို့ကြောင့် သူတစ်စုံတစ်ခုအားတီးတိုးပြောချင်နေသည်အထင်နှင့် ငုံ့ပေးလိုက်သည်။ 


သူနီးနီးကပ်ကပ်ရောက်သွားသည့်အချိန်၌ ကျွင်းချင်ယွီက ခေါင်းလေးမော့လာကာ ရုတ်တရပ်သူ၏ပါးအားနမ်းလိုက်ပြီး


" စစ်ဝတ်စုံနဲ့အရမ်းကြည့်ကောင်းတယ်…"


ဖုယွမ်ချွမ်းက ထိုရေသူပေါက်လေး၏ဆံပင်လေးအားသပ်ပေးလိုက်ကာ


" ကြိုက်လား…"


"အင်း…"


" ကိုယ်မင်းအတွက်ထမင်းဝိုင်းပြင်ခိုင်းထားလိုက်မယ်နော်…"


" ကောင်းပါပြီ…"


ဖုယွမ်ချွမ်းနောက်ကျနေပြီဖြစ်၍


" ကိုယ်ပြန်လာတဲ့အချိန်ထိစောင့်နေနော်…၊ အဲ့လမ်းကိုမင်းကိုခေါ်သွားပေးမယ်…"


ကျွင်းချင်ယွီကခေါင်းငြိမ့်လိုက်ကာ


"ကောင်းပါပြီ…"


ထို့နောက် ဖုယွမ်ချွမ်းလှမ်းထွက်လာခဲ့သည်။ 


သူက ဝမ်ချန်းယောင်အား အကြောင်းအရာတစ်ခုအကြောင်း သီးသန့်ပြောချင်ပြီး ဖုယွမ်ချွမ်းမသိလျှင်ပိုကောင်းပေမည်။ 


ခြံထဲ၌ကားတစ်စီးရှိသည်။ ကျွင်းချင်ယွီ ပုံမှန်အားဖြင့် ကျေးရွာများသို့ ခြေလျင်လမ်းလျှောက်ထွက်ရသည်ကို ပို၍သဘောကျသည်။ 


ကားထဲသို့ဝင်လိုက်သည်။ အလိုအလျောက်မောင်းနှင်စနစ်ဖြစ်၍ ကျွင်းချင်ယွီမည်သည့်အရာမျှလုပ်စရာမလိုပေ။ 


သူတစ်ဦးတည်း ကြယ်တာရာဓားပြနှင့်တွေ့ဆုံရသည်မှာပထမဆုံးအကြိမ်ဖြစ်သည်။ ဖုယွမ်ချွမ်း၏ အမည်ကိုမထုတ်ဖော်ခဲ့သော်လည်း ဖုံးကွယ်ထားသည့်အရာများများစားစားရှိမည်မဟုတ်ဟု သူခံစားနေရသည်။ 


ထို့ကြောင့် ကျွင်းချင်ယွီ အနီးအနားမှဆိုင်များကိုတိုက်ရိုက်ပိတ်လိုက်သည်။ 


သူက အချိန်ကိုမရေတွက်ခဲ့ပေ။ ပြီးနောက် အစောကြီးလည်း မလာချေ။ သူအထဲကို လျှောက်လာသောအခါ သူတွေ့ရသည်က ရှင်းနေသောလမ်းကြားလေးတစ်ခုနှင့် သူ၏အချိုပွဲဆိုင်ရှေ့၌ရှိနေသောလူများသာဖြစ်သည်။ 


သူ အခြားလက်အောက်ငယ်သားများကိုမခေါ်ခဲ့ပေ။ 


ကျွင်းချင်ယွီက သူ၏လက်အောက်ငယ်သားများကို မခေါ်လာရန် သေသေချာချာမတောင်းဆိုခဲ့သော်လည်း ၀မ်ချန်းယောင်က သူ့၏ စိတ်သဘောထားကိုပြောင်းလဲခဲ့ပုံရသည်။  


ထိုသစ်စေ့က ဝမ်ချန်းယောင်၏ နောက်ဆုံးမျှော်လင့်ချက်လေးဖြစ်သည်။ 


ကျွင်းချင်ယွီက တံခါးဖွင့်ပြီးဝင်လာသည်။ 


"လာပါ…"


ကျွင်းချင်ယွီမည်သည်မှမပြောနိုင်ခင် ဝမ်ချန်းယောင်က သူ့အားပေးရမည်မှာဘယ်လောက်ဆိုတာကိုမရေတွက်ဘဲ ပိုက်ဆံကိုသူ့ဘက်မှစတင်ထုတ်ပေးခဲ့သည်။ 


သုညများစွာပိုနေလေသည်။ 


ကျွင်းချင်ယွီ စမ်းရေပမဏအားချိန်ညှိကာချိုပွဲအချို့ပြင်ဆင်လိုက်ပြီး 


" မင်းရဲ့ညီမဆီယူသွားလိုက်…"


"ကျေးဇူးတင်ပါတယ်…"


ဝမ်ချန်းယောင်တစ်ယောက် ကျွင်းချင်ယွီထံမှ လင်ပန်းနှင့်ပန်းကန်လုံးကို အလွန်‌ယဉ်ကျေးစွာယူလိုက်သည်။ 


စိတ်နေစိတ်ထားပြောင်းလဲသွားပုံမှာ အရမ်းသိသာလှသည်။ 


ဆေးသိုလှောင်ရုံတွင်ကုသခြင်းပြီးနောက် ဝမ်ချန်းယောင်က မနေ့ကကဲ့သို့ ထိခိုက်နာကျင်မှုများမှ ပြန်သက်သာလာနိုင်ခဲ့သည်။ 


ယနေ့တွင်မူ ဝမ်ချန်းယောင်က အသံပြောင်းစက်အားအသုံးမပြုခဲ့ပေ။ သူဟန်ဆောင်သည့်အနေနှင့်လုပ်ခဲ့သော်လည်း မနေ့ကသုံးခဲ့သည့်တစ်ခုနှင့်တော့ကွာခြားသည်။ ပျက်သွားတာဖြစ်နိုင်သည်။ 


ဝမ်ချန်းယောင်က ရိုးသားနေသည်။ ကျွင်းချင်ယွီလည်း စိတ်သက်သာရာရသွား၏။ ထိုသို့မဟုတ်ပါက နေတိုင်းတိုက်ခိုက်ရမည်မှာမလွယ်ကူလှချေ။ 


သူ့ညီမလေးစားရန်အစားအစာကိုယူဆောင်သွားပေးပြီး ဝမ်ချန်းယောင်က ကောင်တာသို့ပြန်လာခဲ့သည်။ 


" အခု မင်းငါ့ကိုဘာလုပ်စေချင်လဲဆိုတာပြောလို့ရပြီလား…"


အပင်စိုက်ခြင်းကမအောင်မြင်ပေ။ အသီးများကလတ်ဆတ်သော်လည်း စားပြီးနောက်ပိုင်း သူ့ညီမအတွက်မည်သည့်အကျိုးသက်ရောက်မှုမှမရှိခဲ့ပေ။ 


အချိန်တော်တော်ကြာဝေ့လည်ကြောင်ပတ်လုပ်နေရင်းမှ နောက်ဆုံးအဓိကအချက်သို့ရောက်လာပြီ။ 


ကျွင်းချင်ယွီက 


" အကြီးအကဲဗိုလ်ချုပ်တွေအားလုံးကို ဒီမနက် အစည်းအဝေးခေါ်တယ်ဆိုတာ မင်းသိလား…"


"ငါသိတယ်…"


သူခိုးတစ်ယောက်အနေနဲ့ ဝမ်ချန်းယောင်၏သတင်းအချက်အလက်ကွန်ရက်က အလွန်ကျယ်ပြန့်ပြီး ထိုကဲ့သို့ကိစ္စကြီးမှာ သူ၏မျက်စိအောက်မှပြေးမလွတ်နိုင်ပေ။ 


ကျွင်းချင်ယွီက ခေါင်းငြိမ့်‌လိုက်သည်။ သူထိုအရာကိုသိနေ၍ သူရှင်းပြရသက်သာသွားသည်။ 


အင်ပါယာ၏ခေါင်းဆောင်က စတင်လှုပ်ရှားပြီး အဖမ်းဆီးခံထားရသော စက်ရုပ်ကို မြင်သာအောင်ထုတ်ပြသင့်သည်။ 


အံ့ဩစရာတော့မဟုတ်ပေ။ သူတို့အတွက်အရာမရောက်သော စစ်တပ်အသုံးစရိတ်များကို ကာမိအောင်ဖြစ်နိုင်သည့်အရာမှန်သမျှကိုသူတို့လုပ်ပေလိမ့်မည်။ 


ကျွင်းချင်ယွီက


" ငါမင်းကို Mကြယ် ကိုဓားပြတိုက်‌စေချင်တယ် ၊ လိုအပ်ရင် အဲ့ဂြိုလ်ကိုပါဖျက်စီးပစ်…"


"ဒါလေးပဲလား…"


ဝမ်ချန်းယောင်က ပြောသည်။


" ဒီလိုအသေးအမွှားလောက်လေးနဲ့ငါ့ကိုလွှတ်မလို့လား…"


ကျွင်းချင်ယွီ၏ယူဆချက်တွေက ထင်ထားသည်ထက်ကိုပို၍ရှင်းလင်းနေသည်။ 


" ဒါအစပဲရှိသေးတယ်…၊ နောက်ပိုင်းခင်ဗျားလုပ်ရမှာတွေအများကြီးရှိသေးတယ်…၊အချိန်ကျရင်ငါမင်းကိုပြောပြမှာပါ…"


ဝမ်ချန်းယောင်က


" မင်းက မင်းချစ်သူရဲ့သက်တော်စောင့်ကို သွားလုပ်ခိုင်းလေ၊ ရုပ်ဖျက်ထားသရွေ့ ဘယ်သူမှ သိမှာမဟုတ်ဘူး"


ကျွင်းချင်ယွီချက်ချင်းပြောလိုက်သည်။ 


" သူဘယ်လိုလုပ်နိုင်မလဲ…သူ့လို သမာသမတ်ကျတဲ့လူက ဘယ်လိုလုပ် ဒီလိုအရာမျိုးကို လုပ်နိုင်မှာလဲ…"


ဝမ်ချန်းယောင်:"..."


မင်းဘယ်သူ့ကိုပြောနေတာလဲ…။ 


  

Xxxxxxxxx