Chapter 53
ရေသူလေးနှင့်ပျော်ရွှင်စွာ ဆော့ကစားနေသည့်ဖုယွမ်ချွမ်းက ဖြည်းဖြည်းချင်းခေါင်းမော့လာကာ သူ့ကိုအေးစက်စက်ကြည့်လာ၏။
ရှီခိုင်ရှင်း : "..."
"အဟမ်း...ဘာမှမဟုတ်တော့ပါဘူး...ကျွန်တော် ဘာမှမမေးဘူးနော်..." ရှီခိုင်ရှင်းရင်ထဲတွင် ငိုနေလေပြီ။
လူတစ်ယောက်အမူအရာပြောင်းတာ ဘာလို့ဒီလောက်မြန်ရတာလဲ....
ဖုယွမ်ချွမ်းက ရေသူလေး၏ဆံနွယ်ကို လက်မဖြင့်အသာအယာပွတ်သပ်ကာ စတော်ဘယ်ရီတုံးလေးတစ်တုံးပေးလိုက်၏။
ကျွင်းချင်ယွီ ဗိုက်ပြည့်နေပြီဖြစ်သည်။ ထပ်မံ၍မစားနိုင်တော့ချေ။
ဖုယွမ်ချွမ်းက ထိုအရာကိုသတိထားမိသွားသဖြင့် ထပ်မံ၍မကျွေးတော့ချေ။ ရေသူလေးအရွယ်အစားနှင့်ဆိုပါက ဤမျှစားလျှင်လုံလောက်ပြီဖြစ်၏။
ရေသူလေး၏ အစာစားချင်စိတ်မှာ ပုံမှန်မရှိချေ။ ဖုယွမ်ချွမ်းက သူကြိုက်နှစ်သက်သော အစားအစာများကိုမှတ်ထားကာ အခွင့်ကြုံသလိုကျွေးတတ်တာဖြစ်သည်။
သူက ရေသူလေး၏ပါးစပ်ကို တစ်ရှူးစနှင့်သုတ်ပေးလိုက်၏။
ထို့နောက် တစ်ရှူးကိုအမှိုက်ပုံးထဲထည့်လိုက်ကာ "လုပ်ဆောင်ချက်အသေးစိတ်ကို မင်းတို့ဆီခဏနေရင်ပို့ပေးမယ်...မရှင်းတာရှိရင်ပြန်မေးနိုင်တယ်...ပြောစရာရှိသေးလား..."
အားလုံးက ပြိုင်တူပြောကြ၏။ "မရှိပါဘူး..."
"ကောင်းပြီ...အစည်းအဝေးဒီမှာတင်ပြီးပြီ..." ဖုယွမ်ချွမ်းကခေါင်းငုံ့ကာ ရေသူလေးကို သူ့ပေါင်ပေါ်တင်လိုက်သည်။ ထို့နောက် သူ၏လက်ချောင်းထိပ်များအားရေဆွတ်ကာ အမြှီးကိုပွတ်သပ်ပေးနေ၏။
ရေသူလေးက ရေမထိတာကြာလျှင်ပင် ဘာမှမဖြစ်တော့သော်လည်း သူက ဤကဲ့သို့လုပ်ရသည်ကို အကျင့်ပါနေပြီဖြစ်သည်။
ရှီခိုင်ရှင်းက မြင်လိုက်ရသည့်မြင်ကွင်းကို မယုံနိုင်စွာကြည့်နေမိသည်။
"မာရှယ်...အစည်းအဝေးဗီဒီယို မပိတ်ရသေးဘူး..."
သူက အမြန်မေးလိုက်၏။ : "ကျွန်တော်က မစ္စတာကျွင်းချင်ယွီကို ကာကွယ်ပေးရမှာဆိုတော့ စုံစမ်းစစ်ဆေးမှုမှာ လစ်ဟင်းလိမ့်မယ်ထင်တယ်...ဒီလိုဆိုပေမယ့် မစ္စတာကျွင်းကိုလည်းဆက်ပြီးကာကွယ်ပေးချင်တယ်...ကျွန်တော်ဘယ်တစ်ခုကိုအရင်လုပ်ရမလဲခင်ဗျ..."
"မာရှယ်..."
ရှီခိုင်ရှင်းက မည်သည့်တုံ့ပြန်မှုမှမရသဖြင့် ဖုယွမ်ချွမ်းကိုခေါ်လိုက်သည်။ "မာရှယ်...ဘာတွေလုပ်နေတာလဲ..."
ဖုယွမ်ချွမ်းက ရေသူလေး၏အမြှီးကိုဆော့ကစားရင်း "...မလိုဘူး...ရှောင်ယွီ့ကိုကာကွယ်ဖို့ပဲအာရုံစိုက်ထား...စုံစမ်းစစ်ဆေးမှုကို ယွီကျီ့ဆီလွှဲလိုက်...."
"ဟုတ်...ကျွန်တော်သိပါပြီ...ဒါဆို သူ့ကိုအခုပဲသွားရှာပါတော့မယ်..."
သက်တော်စောင့်တစ်ယောက်အနေဖြင့် မိမိစောင့်ရှောက်ရမည့်လူ၏နောက်သို့ အမြဲလိုက်ပါနေရမှာဖြစ်သည်။
ကျွင်းချင်ယွီ ဖုယွမ်ချွမ်း၏လက်ကိုဖက်တွယ်လိုက်ကာ ခေါင်းခါပြလိုက်သည်။ သူ့အနေနှင့် သက်တော်စောင့်မလိုအပ်ချေ။
သူ့ဟာသူနေရပါက ပို၍ပင်လွတ်လပ်သေး၏။
ရေသူလေးငြင်းဆန်မည်ကို ဖုယွမ်ချွမ်းခန့်မှန်းပြီးသားဖြစ်သည်။ သို့သော် ရေသူလေးတစ်ဦးတည်းအပြင်ထွက်သွားမှာကို သူစိတ်မချပေ။
အကယ်၍ ဝိဉာဥ်စွမ်းအင်ကုန်သွားကာ ရေသူလေးပုံစံပြန်ဖြစ်သွားပါက နေရာလွတ်ထဲတွင်သာ ဝင်ပုန်းနေရလိမ့်မည်။ သူ့ကိုလည်းဆက်သွယ်နိုင်မှာမဟုတ်ချေ။
ထို့အပြင် တစ်စုံတစ်ဦးသာတွေ့ရှိသွားပါက သူဘာမှတတ်နိုင်မှာမဟုတ်။
ဖုယွမ်ချွမ်းက ခဏတွေးကာပြောလိုက်၏။ "နေ့ခင်းမှပြန်လာခဲ့..."
ရှီခိုင်ရှင်းက အမြန်ပြန်ဖြေလာသည်။ : "ကောင်းပါပြီ..."
"အစည်းအဝေးပြီးပြီ..."
"ဟုတ်.."
ဗီဒီယိုကောလ်ပိတ်ပြီးသည့်အခါ ကျွင်းချင်ယွီက ပြောလိုက်၏။ :
"ကျွန်တော် သက်တော်စောင့်မလိုချင်ဘူး..."
ဖုယွမ်ချွမ်း စကားလွှဲရန်ကြိုးစားလိုက်၏။
"ကိုယ် မင်းနဲ့အတူ မုန့်ဆိုင်ကိုလိုက်ခဲ့ပေးမယ်...ခဏလောက်လမ်းလျှောက်ထွက်ရအောင်..."
ကျွင်းချင်ယွီကြောင်အသွားသည်။ "ဒီနေ့အလုပ်မရှုပ်ဘူးလား..."
အစည်းအဝေးပွဲ၏ရလဒ်အရ ဖုယွမ်ချွမ်းကိုင်တွယ်ရမည့် ကိစ္စအများအပြားရှိမှာပင်။
အစီအစဥ်အတိုင်းလုပ်ကိုင်ရခြင်းမှာ အလွန်ခေါင်းခဲစေသည့်အရာဖြစ်၏။ အကယ်၍ တစ်စုံတစ်ဦးသာချွတ်ချော်သွားပါက ပြသနာမှာ မီးခိုးကြွက်လျှောက်လိုက်လာမှာဖြစ်သည်။
ဖုယွမ်ချွမ်းက ပြောလာ၏။ "သူတို့စုံစမ်းစရာရှိတာစုံစမ်းပြီးမှ ကိုယ်ကတာဝန်ခွဲပေးရမှာ...အချိန်နည်းနည်းတော့ရှိပါတယ်..."
ကျွင်းချင်ယွီ ဖုယွမ်ချွမ်း၏လက်ပေါ်လဲလျောင်းလိုက်သည်။ "အိပ်ခန်းကိုအရင်ပြန်ရအောင်..."
သူ၏အဝတ်အားလုံးက အိပ်ခန်းထဲမှာဖြစ်ရာ ဤနေရာတွင် လူသားပုံစံပြောင်းပစ်လို့မရချေ။
"ကောင်းပြီလေ..."
---
ဝမ်ချန်းယောင်က ညီမဖြစ်သူ မစောင့်ရစေရန်အတွက် ဘေးအိမ်ကို ငှားရမ်းထားခြင်းဖြစ်သည်။
ကျွင်းချင်ယွီ တံခါးဖွင့်လိုက်သည်နှင့် ဘေးအိမ်မှ ခြေသံအချို့ထွက်ပေါ်လာ၏။
သို့သော် ကျွင်းချင်ယွီက ဝမ်ချန်းယောင်၏ညီမအတွက် အချိုမုန့်များချက်ချင်းလုပ်မပေးချေ။ သူက လုပ်ရလွယ်သောမုန့်အချို့ကို အရင်လုပ်လိုက်သည်။
ဖုယွမ်ချွမ်း မနက်ကတည်းက ဘာမှမှမစားရသေးတာ...သူ့ကိုမနက်စာကျွေးပြီးတာနဲ့ ချက်ချင်းထလိုက်လာခဲ့တာ မဟုတ်လား...
ချိုအီသောကိတ်မုန့်များက မနက်ပိုင်းစားရန်မသင့်တော်ချေ။ အချိုမုန့်ကြိုက်သူများအတွက် အဆင်ပြေသော်လည်း ဖုယွမ်ချွမ်းအတွက်မူ စားရခက်နေလိမ့်မည်။
ပုံမှန်အားဖြင့် ကျွင်းချင်ယွီက အနုစိတ်အလုပ်လုပ်တတ်သော်လည်း ယခုမူ အလျင်လိုနေသဖြင့် အရသာရှိသော ဆန်း၀ှစ်ချ်နှစ်ခုကိုသာ ပြုလုပ်လိုက်သည်။
ထို့နောက် နေရာလွတ်ထဲရှိဝိဉာဥ်စမ်းရေကို ဖျော်ရည်အဖြစ်အသုံးပြုလိုက်၏။
အားလုံးပြင်ဆင်ပြီးသည်နှင့် စားပွဲပေါ်နေရာချလိုက်ကာ ဖုယွမ်ချွမ်းကိုလှမ်းခေါ်လိုက်သည်။
"မြည်းကြည့်ပါဦး...လိုတာရှိရင်ပြင်ရအောင်..."
"အရသာရှိမယ့်ပုံပဲ..."
ကျွင်းချင်ယွီက ပြုံးလျှက်: "ဒါဆို အရသာကဆိုးနေလည်း အကုန်စားရမယ်နော်..."
"အရသာကောင်းမယ့်ပုံပါ..."
သူတို့စကားပြောနေစဥ် တစ်စုံတစ်ဦးအထဲသို့ဝင်လာလေသည်။
ယောင်ယောင်က ကျွင်းချင်ယွီအားခေါင်းညိတ်ပြကာ ထိုင်ခုံ၌ဝင်ထိုင်လိုက်၏။
တစ်ဖက်လူ၏စိတ်စွမ်းအားမှာ မထိန်းချုပ်နိုင်ပဲဖြာထွက်နေခြင်းမရှိတော့ကြောင်း ကျွင်းချင်ယွီခံစားမိလိုက်သည်။
"ခင်ဗျားအရင်စားနှင့်နော်..."
ဖုယွမ်ချွမ်းထိုင်စားရန်ပြင်လိုက်စဥ် ရှောင်ယွီက သူ့လက်ထက် ပို၍ကြီးမားသောဓားကို ကိုင်ထားသည်အား တွေ့လိုက်ရသည်။ သူက ဆန်း၀ှစ်ချ်ကို အမြန်ကုန်အောင်စားလိုက်သည်။
"ကိုယ်သစ်သီးခွဲပေးမယ်..."
ကျွင်းချင်ယွီ အမှတ်တမဲ့ပြန်ဖြေလိုက်သည်။ "ရတယ်...ခင်ဗျားစားစရာရှိတဲ့..."
ဆန်း၀ှစ်ချ်က အစအနပင်မကျန်တော့ချေ။
ဖုယွမ်ချွမ်းက ဖျော်ရည်ကိုလည်းအမြန်စုပ်သောက်လိုက်သည်။ "ကိုယ့်ကိုဓားပေးနော်..."
သူ့လက်ထဲကဓားအလုခံလိုက်ရစဥ် ကျွင်းချင်ယွီ တစ်စုံတစ်ခုကိုခံစားလိုက်ရသည်။ အနာဂတ်တွင်လည်း ဖုယွမ်ချွမ်းသူ့ဘေး၌ရှိနေသမျှ ဓားကြီးကြီးကိုင်ခွင့်ရမှာမဟုတ်ပေ။
"ဒီအသီးကိုခွဲရမှာမလား..."
"အင်း...ကျွန်တော် အသီးအရွက်ဖျော်ရည်လုပ်လိုက်ဦးမယ်..."
ကျွင်းချင်ယွီ၏အချိုပွဲများမှာ ဝိဉာဥ်စွမ်းအင်ပါဝင်မှု အနည်းအများမှလွဲ၍ အားလုံးအတူတူပဲဖြစ်သည်။
သူက ဟင်းသီးဟင်းရွက်ဖျော်ရည်ကို လုပ်ပြီးသည်နှင့် ယောင်ယောင်အတွက်ကမ်းပေးလိုက်သည်။
ယောင်ယောင်က ညင်သာစွာပြောသည်။ : "ကျေးဇူးပါ..."
ကျွင်းချင်ယွီ ကြောင်အသွားသည်။ သူက ဝမ်ချန်းယောင်၏ညီမကို ဆွံ့အနေသည်ဟု ထင်ခဲ့တာဖြစ်၏။
"မလိုပါဘူး..." အကယ်၍ပြိုင်ဘက်တွင် စက်ရုပ်ကဲ့သို့စိတ်စွမ်းအားမရှိပါက သူ့အနေဖြင့် ဤကဲ့သို့ဆက်ဆံပေးမှာမဟုတ်ချေ။
ယောင်ယောင် ခေါင်းခါလိုက်၏။ "ကျွန်မ အားလုံးသိတယ်..."
ကျွင်းချင်ယွီက ဟင်းသီးဟင်းရွက်ဖျော်ရည်ကို စားပွဲပေါ်တင်လိုက်ကာ သူမအားလျစ်လျူရှုထားသည်။
ယောင်ယောင်က သူ၏အပြုအမူကို စိတ်ထဲမထားပဲ ခပ်တိုးတိုးဆိုလာ၏။ : "ရှင်သိချင်တယ်ဆိုရင် ကျွန်မအကိုအစား တောင်းပန်တဲ့အနေနဲ့ အားလုံးကိုပြောပြပေးနိုင်တယ်..."
ကျွင်းချင်ယွီက ခွန်းတုံ့မပြန်ပဲ ငွေရှင်းသည့်နေရာသို့သာ သွား၍ထိုင်နေလေသည်။
ထိုစဥ် စတော်ဘယ်ရီဖျော်ရည်တစ်ခွက်ကို ဖုယွမ်ချွမ်း သူ့အား ကမ်းပေးလာသည်။ "မင်းမသိချင်ဘူးလား..."
ယောင်ယောင်၏အသံမှာ တိုးညှင်းသော်လည်း ဖုယွမ်ချွမ်း၏အကြားအာရုံမှ မလွတ်နိုင်ပေ။
"သိချင်တယ်...ဒါပေမယ့် အမှန်ကိုသိရမယ်လို့မထင်ဘူး..." သူမပုံစံမှာ အားနည်းပျော့ပျောင်းဟန်ရှိသော်လည်း ကြယ်ဓားပြခေါင်းဆောင်၏ညီမသာဖြစ်သည်။
အချို့အရာများက အပေါ်ယံတင်ကြည့်လို့မရချေ။
သူတစ်ပါး၏အတွေးအမြင်များကို နားထောင်ရခြင်းထက် ကိုယ်တိုင်စစ်ဆေးခြင်းက ပို၍ကောင်းမွန်သည်။
ဖုယွမ်ချွမ်းခေါင်းညိတ်လိုက်၏။ ရေသူလေးသာမေးချင်လျှင် အစကတည်းကမေးခဲ့မှာဖြစ်သည်။ တစ်ဖက်လူကိုယ်တိုင် လိုလိုလားလားပြောပြလာသည်ကို နားထောင်ခြင်းက အမှန်တရားနှင့်ပို၍နီးစပ်ပေလိမ့်မည်။
ထို့နောက် သူက မှတ်ဉာဏ်တုကိုဖွင့်ကာ လက်မှတ်အချို့ဝယ်ယူလိုက်သည်။
နေရာတော်တော်များများက တစ်ပါတ်လောက်ကြို၍ ဘွတ်ကင်တင်ထားရသော်လည်း ဖုယွမ်ချွမ်း၏ရာထူးနှင့်ဆိုပါက ထိုသို့စောင့်ဆိုင်းရန်မလိုအပ်ပေ။
သူက ခဏတွေးကာပြောလိုက်၏။ "ငါးပြတိုက်ကို နောက်တစ်ခါသွားကြမလား..."
"ငါးပြတိုက်ကိုလား..." ကျွင်းချင်ယွီက ဖျော်ရည်ကိုစုပ်သောက်ရင်း ထိုနေရာအကြောင်းတွေးလိုက်သည်။
ဖုယွမ်ချွမ်းက မိတ်ဆက်ထားသည့်ပေ့ချ်ကိုပြလိုက်၏။ "ရေနေသတ္တဝါတွေအကြောင်း ကြည့်လို့ရတယ်လေ..."
"ကျွန်တော့်ကို နေ့တိုင်းကြည့်နေရတာပဲမဟုတ်ဖူးလား..." ကျွင်းချင်ယွီ ခေါင်းကလေးစောင်းကာ တီးတိုးဆိုလိုက်သည်။ "ကျွန်တော်က ငါးလေ..."
"……အဟမ်း"
ခေါင်းလေးစောင်းကာကြည့်လာသည့် ရေသူလေးကြောင့် ဖုယွမ်ချွမ်းရင်ခုန်မြန်လာရသည်။
သူက မနေနိုင်ပဲလက်ကိုဆန့်တန်းကာ ရေသူလေး၏ပါးပြင်နှင့် ရွှေအိုရောင်ဆံနွယ်များကို ပွတ်သပ်လိုက်မိ၏။
ဒီလိုဆိုမှတော့ တခြားနေရာတစ်ခု ထပ်ရွေးကြတာပေါ့...
ဖုယွမ်ချွမ်းက ကွန်ပြူတာကို ကျွင်းချင်ယွီဘက်လှည့်လိုက်သည်။
"ဒီမှာ လက်မှတ်ဝယ်လို့ရတယ်...ဘယ်နေရာကိုသဘောကျလဲ ရွေးကြည့်နော်..."
ကျွင်းချင်ယွီက အပြင်ထွက်ရသည်ကို ဝါသနာမပါသော်လည်း ခဏတွေးပြီးနောက် ပုံတစ်ပုံကိုကျပန်းရွေးလိုက်သည်။ "ဒီနေရာ..."
၎င်းမှာ ကစားကွင်းဖြစ်လေသည်။
"ကောင်းပြီလေ..." ဖုယွမ်ချွမ်းက ဆော့ဖ်ဝဲကိုဖွင့်ကာ လက်မှတ်ဝယ်လိုက်၏။
ယောင်ယောင်က တိတ်ဆိတ်စွာစားသောက်နေပြီး သူတို့နှစ်ဦး၏စကားကို ခိုးနားထောင်ခြင်းမရှိချေ။
စားပြီးသည်နှင့် စားပွဲကိုရှင်းကာ တိတ်တဆိတ်ထွက်သွားရန်ပြင်လိုက်သည်။.
သူမက ထွက်မသွားခင်ပြောလာ၏။ : "ဆိုင်ရှင်...ကျွန်မ ရှင့်အိမ်မှာဖျော်ရည်လာသောက်လို့ရမလား..."
ကျွင်းချင်ယွီ မျက်မှောင်ကြုတ်လိုက်သည်။ "ဘာဖြစ်လို့လဲ..."
"ဆိုင်ရှင် ဒီလိုသွားလိုက်ပြန်လိုက်လုပ်ရတာ အနှောင့်အယှက်ဖြစ်မှာစိုးလို့ပါ...အကယ်၍စိတ်မရှိဘူးဆိုရင် ကျွန်မရှင့်အိမ်ကိုလာပေးလို့ရပါတယ်...."
"မလိုပါဘူး..."
ကျွင်းချင်ယွီက သူ့အိမ်ကိုအပြင်လူလာမှာသဘောမကျချေ။
ဒီအတိုင်း ဖျော်ရည်ထိုင်သောက်ပြီး ပြန်မယ်ဆိုရင်တောင်မှပေါ့...
ထို့အပြင် ဖုယွမ်ချွမ်းက သူ့အကြောင်းကို တတ်နိုင်သမျှဖုံးကွယ်ထားချင်လေရာ အိမ်သို့ခေါ်သွားရန် အဆင်မပြေချေ။
ငြင်းပယ်ခံရသော်လည်း ယောင်ယောင်၏မျက်နှာတွင် ခံစားချက်အပြောင်းအလဲမရှိချေ။ "ကောင်းပါပြီ...ဒါဆို အရင်သွားနှင့်ပါမယ်..."
စက်ရုပ်များတွင် ခံစားချက်မရှိသည်မှာ ပုံမှန်သာဖြစ်လေသည်။
ကျွင်းချင်ယွီက ဤအချက်ကို စမ်းသပ်မှုမှတ်တမ်း၌ ထည့်မှတ်ထားလိုက်၏။
လက်မှတ်ဝယ်ပြီးသည်နှင့် ဖုယွမ်ချွမ်းက စားပွဲကိုရှင်းလင်းလိုက်သည်။ "သွားရအောင်..."
"ကောင်းပြီလေ..."
မုန့်ဆိုင်က မြို့လယ်ခေါင်နှင့် အတော်လေးလှမ်းရာ တစ်နာရီနီးပါးကားစီးလိုက်ရလေသည်။
ကျွင်းချင်ယွီက လမ်းတစ်လျှောက်တွင် ဖုယွမ်ချွမ်းအား သူ့အစီအစဥ်ကိုရှင်းပြရင်းလိုက်လာခဲ့သည်။
ဖုယွမ်ချွမ်းက အဖွဲ့ဝင်လက်မှတ်များဝယ်ခဲ့ခြင်းဖြစ်ရာ တန်းစီရန်မလိုအပ်ချေ။
အဖွဲ့ဝင်များအနေဖြင့် ဆော့ချင်သည့်အရာကို ဝင်ဆော့လိုက်ရုံသာဖြစ်သည်။
ကျွင်းချင်ယွီက စိတ်ဝင်စားစရာကောင်းမည်ထင်သော ကစားနည်းများစွာကို ရွေးချယ်လိုက်သည်။
ဖုယွမ်ချွမ်းကမူ မည်သည့်အရာကိုရွေးရမှန်းမသိရာ ဘေးကသာကြည့်နေ၏။ သို့သော် ရေသူလေးရွေးချယ်သည့်ကစားနည်းတွင် ခြေထောက်ကိုကြိုးဖြင့်ချည်ကာ အမြင့်မှခုန်ချသည့်ကစားနည်းပင် ပါဝင်နေကြောင်း သူတွေ့လိုက်ရသည်။ "မကြောက်ဖူးလား..."
ရေသူလေးက ရေနေသတ္တဝါဖြစ်ရာ အမြင့်ကြောက်နိုင်သည်။
"မကြောက်ပါဘူး..." ကျွင်းချင်ယွီက စနောက်လိုက်၏။ "ကြောက်လို့လား...ရဟတ်စီးရင် ကျွန်တော်တူတူလိုက်ထိုင်ပေးမယ်လေ..."
"ရှောင်ယွီ..."
"ဟမ်..."
"အခုချိန်ပြေးမယ်ဆို လွတ်မှာမဟုတ်ဘူးနော်..."
"..."
"အမ်..." ကျွင်းချင်ယွီက ခြိမ်းခြောက်ခံရသည်ဟု ခံစားလိုက်ရသည်။ "ကျွန်တော် ရေသူလေးအသွင်ပြောင်းပြီးတာနဲ့..."
သူစကားမဆုံးခင်မှာပင် ခါးတစ်ဝိုက်တင်းကျပ်သွားကာ ဖုယွမ်ချွမ်းဘက်သို့ ကိုယ်ကယိုင်သွား၏။
ကျွင်းချင်ယွီ မျက်ဝန်းများကွေးညွှတ်ကာ အသနားခံဟန်ပြုံးလိုက်သည်။ "ကလိ...မထိုးနဲ့နော်..."
"ဟားဟား...ဖု...ဖုယွမ်ချွမ်း..."
"လွှတ်ပါဆို...ဟားဟား...."
ကျွင်းချင်ယွီ ဖုယွမ်ချွမ်းလက်မောင်းများအတွင်း ပြိုလဲသွား၏။ ရယ်ရလွန်းသဖြင့် သူ့မျက်ဝန်းတွင် မျက်ရည်စအချို့ဝေသီနေသည်။
ဖုယွမ်ချွမ်းက ကြေမွသွားသောအဝတ်များကို ကူညီ၍ပြန့်ပြူးစေလိုက်၏။ "ချားရဟတ်ကိုပါ ထည့်လိုက်..."
ကျွင်းချင်ယွီပြုံးလိုက်ကာ ချားရဟတ်ကိုပါ စာရင်းထဲထည့်လိုက်၏။
Xxxxxxx