Chapter 55
ကျွင်းချင်ယွီက ကွင်းများကို ဖုယွမ်ချွမ်းထံပေးလိုက်ကာ မနီးမဝေးရှိ ယုန်ဖြူရုပ်ကလေးကို ညွှန်ပြလိုက်သည်။
"ယွမ်ချွမ်း...ကျွန်တော် အဲ့ယုန်ဖြူရုပ်လေးလိုချင်တယ်..."
"ကောင်းပြီလေ..."
ဖုယွမ်ချွမ်းအတွက် ဤမျှအကွာအဝေးမှာ ဘာမှမပြောပလောက်ချေ။ သူက ကွင်းကို ပေါ့ပေါ့ပါးပါးပစ်လိုက်၏။ ထိုကွင်းက လေထဲတွင်ပျံသန်းသွားကာ အဖြူရောင်ယုန်ကလေးကို ကျကျနနသွားစွပ်လေသည်။
ဆိုင်ရှင်က သူတို့အနားသို့လျှောက်လာသည်။
"တစ်ကြိမ်ထဲနဲ့ဖမ်းမိသွားတဲ့အတွက် ဂုဏ်ပြုပါတယ်...ယုန်ရုပ်ကလေးအပြင် အပိုဆုအနေနဲ့ ယုန်ကလေးကိုခေါ်သွားပြီး မွေးနိုင်ပါတယ်ခင်ဗျာ..."
ခေါ်သွားပြီးမွေးရမယ်...
ကျွင်းချင်ယွီ မဆိုင်းမတွငြင်းလိုက်သည်။ "မမွေးရပါဘူး..."
ဖုယွမ်ချွမ်း: "ဘာလို့လဲ...ယုန်တွေကိုမကြိုက်ဘူးလား..."
ကျွင်းချင်ယွီ ခေါင်းယမ်းလိုက်ကာ ယုံကြည်ချက်အပြည့်ဖြင့်ပြောလာ၏။ :
"ခင်ဗျားမှာ ကျွန်တော်တစ်ယောက်ထဲကိုပဲပျိုးထောင်ခွင့်ရှိတယ်..."
ဖုယွမ်ချွမ်း ခေတ္တမျှ တုန့်ဆိုင်းသွားပြီး ဖြောင့်မတ်ကာယုံကြည်ချက်ပြည့်ဝနေသည့် ရေသူငယ်လေးကိုကြည့်ရင်း အနည်းငယ် ချစ်ဖို့ကောင်းသည်ဟု ခံစားလိုက်ရ၏။
ယုန်မှာ အကွင်းပစ်ရာမှာပါဝင်သည့် အပိုလက်ဆောင်တစ်ခုသာဖြစ်ပြီး ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အရေးမကြီးပါချေ။
ဖုယွမ်ချွမ်းက ရေသူငယ်လေး၏ခေါင်းကို ပွတ်သပ်ကာ ပြောလိုက်သည်။
"ဒါဆိုလည်း မလုပ်နဲ့တော့၊ ယုန်အစားအရုပ်ကို ယူသွားတာပေါ့"
"အဲဒါကောင်းတယ်"
ဤသည်ကိုမြင်သောအခါ ပိုင်ရှင်က ယုန်ကိုပြန်ထားလိုက်ပြီး အရုပ်ကိုယူလိုက်သည်။ သက်ရှိတိရိစ္ဆာန်များကို စက်ဝိုင်းထဲဝင်သည့်အခါမှာ ပေးခြင်းဖြစ်သည်။ အခြားအရုပ်နှင့်အရာများက နောက်ပိုင်းအဆင့်များအတွက် နှစ်သိမ့်ဆုဟူ၍ မှတ်ယူ၍ရသည်။
တစ်စုံတစ်ဦးကသာ နှစ်သိမ့်ဆုကို လိုလားသည်။
ဆိုင်ပိုင်ရှင်က ကျွင်းချင်ယွီထံ အရုပ်ကို ပေးလိုက်သည်။
"ဒီမှာ၊ မင်းရဲ့အရုပ်"
ကျွင်းချင်ယွီက ယူရန်ပြုလိုက်သော်လည်း ဖုယွမ်ချွမ်းက ဦးစွာ လက်ကိုဆန့်လိုက်လေသည်။
"ကိုယ်မင်းအတွက် ကိုင်ထားပေးမယ်၊ အရင်ကစားလိုက်ပါ"
သူကဝယ်ခဲ့သမျှထဲတွင် အကွင်းတစ်ခုကိုသာ သုံးရသေးပြီး နောက်ထပ်ကျန်ရှိနေသေးသည်။
"ကောင်းပြီ"
သူအလိုရှိသည့်အရုပ်ကို ရပြီးသော်လည်း စက်ဝိုင်းများကို မဖြုန်းတီးနိုင်ပေ။
ဖုယွမ်ချွမ်းက အရုပ်အပြင်ဘက်မှ ထုပ်ပိုးထားသည်ကို တစ်ရှူးဖြင့် သုတ်လိုက်သည်။ သူတို့အားလုံးကို အပြင်ဘက်တွင်ထုတ်ထားခြင်းဖြစ်ပြီး အတွင်းမှအရုပ်က သန့်ရှင်းသော်ငြား အပြင်ဘက်မှထုပ်ပိုးမှုကမူ ဖုန်များ ကပ်ညိနေနိုင်၏။
အရုပ်များစွာက အကွင်းထဲတွင် စွပ်မိသွားသည်။
သို့သော်လည်း ကျွင်းချင်ယွီက ယင်းတို့ကိုမလိုချင်သဖြင့် ဖုယွမ်ချွမ်း သူ့အတွက်ရယူခဲ့သည့်ယုန်ရုပ်ကိုသာ ယူလိုက်လေသည်။
သူမည်သည်ကိုမျှ မလိုချင်သည်ကိုကြည့်ပြီးနောက် ဆိုင်ပိုင်ရှင်က မနေနိုင်ပဲ ပြောလိုက်သည်။
"မင်းတကယ်ပဲ ဒီအကောင်လေးတွေကိုမလိုချင်ဘူးလား၊ မင်းအများကြီးနိုင်ခဲ့တာလေ၊ ငါမင်းကို မင်းသဘောကျတာတစ်ခုကို ရွေးပြီးယူသွားခွင့်ပေးမယ်၊ အဲဒါမကောင်းဘူးလား"
"မလိုချင်ဘူး"
ဆိုင်ပိုင်ရှင်က သူ့လက်ထဲကို အကောင်သေးသေးလေးများကို ထည့်ပေးဖို့ရာပြင်နေသည်ကိုမြင်ပြီးနောက် ကျွင်းချင်ယွီတစ်ယောက် ဖုယွမ်ချွမ်းကို ဆိုင်အပြင်ကို အမြန်ဆွဲခေါ်သွားလေသည်။
သူအပြင်ထွက်လာသည်နှင့်တစ်ပြိုင်နက် သူ့လက်ထဲတွင် နူးညံ့သည့်ယုန်ရုပ်တစ်ခုကို ကိုင်ထားလေသည်။
ကျွင်းချင်ယွီ သူ့လက်ကိုမြှောက်ကာ ယင်းယုန်ရုပ်ကို သတိလက်လွတ်ဖက်လိုက်သည်။
"မယ်ရီဂိုးရောင်း မှာသွားလည်ရအောင်၊ မိတ်ဆက်မှာပြောထားတာ အဲဒီ့ကအအေးတွေက အရသာရှိတယ်တဲ့"
ဖုယွမ်ချွမ်း ခေါင်းယမ်းပြလိုက်သည်။
"မင်းဒီနေ့ထပ်ပြီး အေးတာတွေစားလို့မရတော့ဘူး"
"ဒါဆိုလည်း ကျွန်တော် ပူတာလေးတွေသောက်မယ်လေ"
ကျွင်းချင်ယွီက ပြတ်သားစွာပင် ပြန်တုန့်ပြန်လာ၏။
ထိုစကားနှင့်ပတ်သက်၍ ဖုယွမ်ချွမ်းမှာအတော်ကြာအောင် အမှားရှာမရချေ။ သို့သော်လည်း ဂရုတစိုက် စဥ်းစားပြီးသည့်အခါ ရှောင်ယွီက ရေသူတစ်ကောင်ဖြစ်သည်လေ။
"မင်းက ပူတာတွေသောက်နိုင်လို့လား"
ကျွင်းချင်ယွီ တုန့်ဆိုင်းသွားသည်။
အဲတာက အဆင်ပြေမှာပါနော်၊ ဟုတ်တယ်မလား။
သူကအခု လူသားတစ်ဦးဖြစ်နေပြီလေ။ ရေသူတစ်ကောင်မှမဟုတ်တော့ပဲ။ သူက ဟင်းလျာပူပူလေးတွေ စားလို့ရနေပြီ။
သို့သော်လည်း အစားအစာနှင့်ရေမှာ ကွဲပြားလေသည်။ ဟင်းလျာများကို အလွန်ပူနေချိန်တွင်မူ မစားရပါချေ။
ရေပူနှင့်သောက်စရာပူပူနွေးနွေးအများစုက အပူချိန် တစ်ဆယ်ဒီဂရီမျှရှိသည်။
ကျွင်းချင်ယွီ ခေတ္တမျှတွေးပြီးနောက် ထားလိုက်တော့သည်။
သူသိသလောက်တော့ လူသားဖြစ်လာသည့်ရေသူမှာ သူတစ်ဦးတည်းသာရှိပြီး သဘာဝကျကျပင် သူကိုးကား၍ရသည့်ရေသူဟူ၍မရှိပေ။
အကယ်၍ သူမတည့်တာကိုသာ တကယ်သောက်မိသွားပါက ကုသနိုင်သည့်ဆရာဝန်ကို ရှာတွေ့မည်မဟုတ်ပေ။
ပူတာတွေမသောက်နဲ့၊၊အေးတာတွေလည်းမသောက်နဲ့။
ကျွင်းချင်ယွီ ယုန်လေးကိုဖက်ထားရင်း ပြောလိုက်သည်။
"ဒါဆိုလည်း အအေးတစ်ခွက်ပဲဝယ်လိုက်ပါ၊ ခင်များသောက်တာပဲ ထိုင်ကြည့်တော့မယ်"
အသံက လွှမ်းမိုးလိုခြင်းမပါရှိတာ ထင်ရှားသော်ငြား ဖုယွမ်ချွမ်းတော့ အနည်းငယ်သနားစရာကောင်းသလို ခံစားလိုက်ရသည်။
ဖုယွမ်ချွမ်းက ချောင်းတစ်ချက်ကိုခပ်ဖျော့ဖျော့ဟန့်လိုက်ပြီး ယုန်ရုပ်လေးကိုဖိချလိုက်ကာ ငါးလေးမသက်မသာမဖြစ်စေရန် ကာကွယ်လိုက်သည်။
"သူတို့ကို အခန်းအပူချိန်ကို ညှိပေးလို့ရမလားလို့ မေးလိုက်မယ်"
"ကောင်းပြီ"
ကျွင်းချင်ယွီ မျက်လုံးလေးတွေကွေးသွားသည်အထိပြုံးကာ ဖုယွမ်ချွမ်းကို ပြေးဖက်လိုက်ပြီး သူ၏မျက်နှာဘေးဖက်ကို နမ်းလိုက်သည်။
"ခင်များက အကောင်းဆုံးပဲ"
နူးညံ့သည့် အထိအတွေ့လေးက အလွန်ထင်ရှား၏။ ဖုယွမ်ချွမ်းက ခေတ္တရပ်ပြီး တစ်စုံတစ်ခုပြောရန်ပြင်လိုက်သော်လည်း သူက အနည်းငယ် နစ်မြောနေသူပမာ သူ့လက်ထဲရှိ ငါးလေးကို ကြည့်လိုက်သည်။
ရှောင်ယွီနားမလည်သည့် အချို့အရာလေးတွေရှိနေရာ သူရှင်းလင်းအောင် လုပ်သင့်ပေသည်။
ဖုယွမ်ချွမ်းက ခေတ္တမျှတွေးပြီးပြောလိုက်သည်။
"မင်း အခြားလူတွေကို ပေါ့ပေါ့လေးနမ်းလို့မရဘူး"
"ကျွန်တော် ဘယ်သူ့ကိုမှ ပေါ့ပေါ့လေးမနမ်းပါဘူး"
ကျွင်းချင်ယွီက သူတို့ကြားမှယုန်ရုပ်လေးကို ကောက်ပွေ့ပြီး အပြုံးလေးဖြင့်ပြောလိုက်သည်။
"ခင်များက အခြားလူမှမဟုတ်တာ"
ဖုယွမ်ချွမ်းက ရှောင်ယွီကို မြဲမြံစွာရပ်စေလိုက်၏။
"မင်းကိုယ်ပြောတာကို နားမလည်ဘူးပဲ"
"ကျွန်တော်နားမလည်ဘူးလို့ ဘယ်သူပြောလဲ"
ကျွင်းချင်ယွီက ယုန်ရုပ်လေးကို လက်တစ်ဖက်နှင့်သယ်ကာ ပန်းခင်းဘေးမှာ ချထားလိုက်သည်။ အရုပ်နှင့်ပိတ်ဆို့ထားခြင်းမရှိတော့သည့်အခါ ကျွင်းချင်ယွီက သူ့လည်ပင်းကို တွယ်ချိတ်ကာ မျက်လုံးတွေနီးကပ်သည်အထိ ငုံ့ကျလာသည်။
"အဲဒါဆို ခင်များစိတ်ထဲထားလား"
ဖုယွမ်ချွမ်းက အဖြေမပေးဘဲ ရေသူငယ်လေး၏ဆံပင်များကို သပ်ချပေးလိုက်သည်။
ကျွင်းချင်ယွီက မေးခွန်းကိုဆက်မမေးတော့ပဲ စကားလမ်းကြောင်းလွှဲလိုက်ကာ ဆိုသည်။
"သွားရအောင်၊ အအေးသွားသောက်တာပေါ့"
"ကောင်းပြီ"
သတိလက်လွတ်ဖြင့် ဖြေပြီးမှ ဖုယွမ်ချွမ်းက ထပ်ပေါင်းပြောသည်။
"မင်းဒီနေ့ထပ်ပြီး အေးတာတွေစားလိူ့မရဘူး"
ကျွင်းချင်ယွီ : "..."
---
ကျွင်းချင်ယွီက မယ်ရီဂိုးရောင်းနံဘေးတွင် အအေးမသောက်ရသော်ငြား အခန်းအပူချိန်ထဲတွင် သောက်စရာတစ်ခုခုရခဲ့လေသည်။
မည်သည့်ပါဝင်ပစ္စည်းများပါသလဲမသိသည့်တိုင် အရသာကတော့ကောင်းသည်။
မယ်ရီဂိုးရောင်းက အပန်းဖြေဥယျာဥ်၏ထောင့်လေးတွင်ရှိတာဖြစ်သည်။ ဤနေရာကိုလာသည့်လူအများစုက ကလေးငယ်များဖြစ်သည်။ ယခုအချိန်တွင် ကလေးများကို နေ့လည်စာစားရန်အတွက် မိဘများက ခေါ်ဆောင်သွားပြီဖြစ်သည်။ ဝန်ထမ်းများကလွဲ၍ ခရီးသွားများမရှိတော့ပေ။
ကျွင်းချင်ယွီက သူ၏သောက်စရာကို တစ်ငုံမျှသောက်လိုက်ပြီး "ခင်များကစားချင်လား၊ ကျွန်တော် ခင်များကို ဓာတ်ပုံရိုက်ပေးမယ်လေ"
သူက မယ်ရီဂိုးရောင်းကို လုံးဝစိတ်မဝင်စားသော်လည်း ဖုယွမ်ချွမ်းစီးမည်ကိုတော့ အလွန်စိတ်ဝင်စားလေသည်။
အမှတ်တရပုံလေးများပင် ရိုက်ထားနိုင်သေးသည်။
ယင်းကိုပြောပြီးနောက် အအေးသောက်နေသည့်ကျွင်းချင်ယွီတစ်ယောက် တစ်ခုခုမှားနေသည်ကို ခံစားမိကာ ခေါင်းကိုမော့လိုက်စဥ် ဖုယွမ်ချွမ်းက သူ့ကိုငုံကြည့်နေသည်ကို တွေ့လိုက်ရသည်။
"ဘာဖြစ်လို့လဲ "
ကျွင်းချင်ယွီ အပြစ်ကင်းစင်စွာ မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။
ခင်များ မယ်ရီဂိုးရောင်းကို စီးချင်တယ်လို့ပြောခဲ့တာပဲမလား။
ဖုယွမ်ချွမ်းက တိုက်ရိုက်ပင် သူ့လက်ကိုဆန့်ထုတ်ကာ ကျွင်းချင်ယွီကို လက်တစ်ဖက်တည်းဖြင့် ဖက်လိုက်သည်။
ကျွင်းချင်ယွီက သူ့လက်ထဲမှဖျော်ရည်ကို အမြန်ပင် ကာကွယ်လိုက်ပြီး သူ၏အားနေသည့်လက်တစ်ဖက်က ဖုယွမ်ချွမ်း၏ပုခုံးကို ထောက်လိုက်ရသည်။
"ခင်များဘာလုပ်တာလဲ"
" မင်းကို မယ်ရီဂိုးရောင်းစီးဖို့ခေါ်သွားမလို့"
ကျွင်းချင်ယွီ : "???"
မူလက ဓာတ်ဖမ်းသူဖြစ်ချင်နေခဲ့သည့် ကျွင်းချင်ယွီမှာ မယ်ရီဂိုးရောင်းတွင်ထိုင်ကာ ပုံများစွာ ရိုက်ယူခံလိုက်ရလေသည်။
ဖုယွမ်ချွမ်းက သူ၏လှည့်ပတ်ရာအတိုင်း လိုက်နေပြီး ထိုင်မနေခဲ့ပေ။
သူ၏ဥာဏ်ရည်တုစက်ထဲမှ ပုံများကိုကြည့်ကာ ဖုယွမ်ချွမ်း အလွန်ကျေနပ်သွားလေသည်။ ဥာဏ်ရည်တု၏ပစ်ဇယ်အရည်အသွေးက ကောင်းပြီး သူရိုက်ယူထားသည့်ငါးလေး၏ပုံများမှာ အလွန်လှလေသည်။
သူတို့ဆင်းလာပြီး တန်းစီးသည့်နေရာကိုကြည့်လိုက်ရာ ကလေးများစွာတန်းစီနေသည်ကို တွေ့လိုက်ရသည်။
ဖုယွမ်ချွမ်းက ငါးလေးကို အပန်းဖြေဥယျာဥ်၏အပြင်ကို ခေါ်ထုတ်လာခဲ့သည်။
သူတို့အပြင်ထွက်လာပြီး ကစားကြသည့်အချိန်မှာ မနည်းချေ။ ဆွဲဆောင်မှုရှိသည့်အရာများကနည်းသော်ငြားလည်း တစ်ခုကစားတိုင်း အချိန်ကခဏလေးမဟုတ်ပါချေ။ အပန်းဖြေဥယျာဥ်ထဲ လမ်းလျှောက်သည့်အချိန်ကိုပါ ထပ်ပေါင်းထည့်လျှင် ယင်းကအတော်လေးနောက်ကျနေပြီ။
ဖုယွမ်ချွမ်းက မေးလိုက်သည်။
"ခြေထောက်တွေ မသက်မသာဖြစ်နေလား"
ကျွင်းချင်ယွီ ခေါင်းယမ်းပြလိုက်သည်။ သူ့ခြေထောက်များက မသက်မသာမဖြစ်သော်လည်း သူ၏အင်အားတို့ကတော့ မလုံလောက်တော့သလို ခံစားရသည်။
"အရင်ပြန်သွားရအောင် "
အပြင်ဘက်တွင် ငါးအမြှီးကို
ကုသဖို့ အခွင့်အရေးက သိပ်မကောင်းပေ။
"ကောင်းပြီ"
ဖုယွမ်ချွမ်းက ရှောင်ယွီကို သူ့လက်တွေနှင့်သယ်လိုက်သည်။
သူ ရှောင်ယွီ၏ခြေထောက်များ အဆင်မပြေမှာကို စိုးရိမ်သော်လည်း ဘာကိုမှမပြောနိုင်ချေ။ သူကသာအပြင်ကို ထွက်ချင်ခဲ့တာဖြစ်သောကြောင့် ဤလမ်းလျှောက်ရသည့် အကွာအဝေးတိုလေးကို သယ်ခေါ်သွားရမည်။
ဖုယွမ်ချွမ်းက ရှောင်ယွီကိုဖက်လိုက်ပြီး ကျောက်စရစ်လမ်းလေးအတိုင်း လျှောက်သွားသည်။
"လမ်းဘေးကသွားရအောင်၊ ဒီကဆိုပိုနီးပြီးတော့ ရှုခင်းတွေကလည်း လှတယ်"
အပန်းဖြေဥယျာဥ်က ကောင်းစွာစိမ်းစိုနေပြီး ဥယျာဥ်ရှုခင်းသို့နှယ် ခံစားရသည်။
"ကောင်းပြီ"
ကျွင်းချင်ယွီ ပျော်ရွှင်စွာ သဘောတူလိုက်ပြီး ဖုယွမ်ချွမ်း၏လက်တွေထဲတွင် လဲလျောင်းကာ ဖုယွမ်ချွမ်းကို ကြည့်နေလေသည်။ ရှုခင်းကို ခံစားဖို့ အချိန်ပဲ။
တစ်နေ့လည်ခင်းလုံး အပြင်ဘက်တွင်လျှောက်လည်ကာ စားသောက်ပြီးနောက် အလွန်ပင်ပန်းနေပြီဖြစ်သည်။
လုံလောက်အောင် ပျော်ပြီးလျှင် အိမ်ကိုရောက်ဖို့ရာ ခရီးလမ်းကလည်းရှည်သေးသည်။
ကျွင်းချင်ယွီက ဝိညာဥ်စွမ်းအင်များစွာကို သုံးခဲ့ရာ ဖုယွမ်ချွမ်းက သူ့ကိုကားထဲခေါ်သွားသည့်အခါ အိပ်ပျော်နေပြီဖြစ်သည်။
သူအိမ်ပြန်ရောက်သည်အထိ ငါလေးက နိုးမလာပေ။
ဖုယွမ်ချွမ်းကလည်း သူ့ကိုမနှိုးပဲ အိပ်ခန်းထဲအထိသယ်သွားပေးလိုက်သည်။
ငါးလေးကို နေရာချပြီးနောက် ဖုယွမ်ချွမ်းက သူစားရန်တစ်ခုခုပြင်ဆင်ရန်အလို့ငှာ အောက်ထပ်ကိုဆင်းဖို့ စီစဥ်လိုက်သည်။ သူကတစ်ရက်လုံး သင့်လျော်သည့်အစားအစာကို မစားရသေးဘဲ နိုးလာလျှင် ဆာနေပေလိမ့်မည်။
သိူ့သော်ငြား သူထရပ်လိုက်သည်နှင့် ရှောင်ယွီက သူ့အဝတ်များကို ဖမ်းဆုပ်လိုက်လေသည်။
ကျွင်းချင်ယွီက ရီဝေဝေဖြင့် မျက်လုံးကို ဖွင့်လိုက်သည်။
"အမ်း... ခင်များဘယ်သွားမှာလဲ"
"အောက်ထပ်ကို၊ မင်းစားဖို့တစ်ခုခုလုပ်မလို့"
ဖုယွမ်ချွမ်းက သူ့ကိုစောင်ခြုံပေးလိုက်ပြီး "အိပ်လိုက်ဦး၊ သိပ်မကြာပါဘူး ကိုယ် ပြန်လာခဲ့မယ်"
လမ်းမှာအိပ်ပြီးနောက် ကျွင်းချင်ယွီ နိုးလာကာ ထပ်မအိပ်ချင်တော့ပေ။ သို့သော်လည်း ဝိညာဥ်စွမ်းအင်ကို သုံးစွဲခြင်းက သူ့ကိုအလွန်ပင်ပန်းစေသည်။
ကျွင်းချင်ယွီက သူဆုပ်ကိုင်ထားသည့်အစကို လွှတ်ပေးလိုက်ပြီး သူ့လက်ကိုပွတ်ကာ ပြောလိုက်သည်။
"ကျွန်တော် မစားချင်ဘူး၊ ကျွန်တော်နဲ့အတူ ခဏလောက်လှဲနေပေးလို့ရလား"
"ပင်ပန်းလို့လား"
ဖုယွမ်ချွမ်းက ရှောင်ယွီနွမ်းနယ်နေပုံရနေသည်ကို ကြည့်လိုက်ပြီး သူကထိုင်ချကာ ရှောင်ယွီ၏နဖူးကို ထိလိုက်သည်။
"မင်း ရေသူလေူအဖြစ် ပြန်ပြောင်းချင်လား၊ အဲလိုဆို ပိုကောင်းလောက်လား"
ကျွင်းချင်ယွီ ခေါင်းယမ်းပြလိုက်သည်။ သူသာရေသူငယ်လေး၏သဏ္ဍာန်ကို အတော်ကြာအောင် ထိန်းထားလျှင်အခြားတိုးတက်မှုများကို တွေးဖို့ရာ ခက်ခဲလေသည်။ ဖုယွမ်ချွမ်းကိုလည်း အထင်ကြီးလောက်စရာခိုင်မာသည့်အမြင်ကို ပေးနိုင်လိမ့်မည်မဟုတ်ပေ။
ကျွင်းချင်ယွီက ပြောလိုက်သည်။
"ခဏလောက်လှဲနေရင် အဆင်ပြေသွားမှာပါ"
ယင်းကို ကြားပြီးနောက် ဖုယွမ်ချွမ်းက ရှောင်ယွီ၏ဘေးတွင် လှဲလိုက်လေသည်။
Xxxxxxx