Chapter 56
ကျွင်းချင်ယွီ လှဲလိုက်ပြီး ဖုယွမ်ချွမ်း၏လက်မောင်းကို ဖက်လိုက်လေသည်။
"ဒီလိုနေရင် ခင်များပျင်းနေမှာလား"
သူက ထိုအတိုင်းသာလှဲနေပြီး ဘာကိုမှမလုပ်ဘဲသူ၏ဥာဏ်ရည်တုစက်ကို ဖွင့်လိုက်လေသည်။
ဖုယွမ်ချွမ်းက အပြားလိုက်လှဲနေရင်း စောင်ကိုအထက်သို့ဆွဲလိုက်သည်။ ပြီးနောက် ရေသူငယ်လေး၏မေးအောက်ကို ထည့်ပေးကာ မေးလိုက်သည်။
"မင်းနဲ့နေရတာကို ဘာလို့ပျင်းရမှာလဲ"
ကျွင်းချင်ယွီ ပြုံးလိုက်ပြီး ထိုလူကို တင်းတင်းကြပ်ကြပ် ဖက်လိုက်သည်။
ဤသို့လဲလျောင်းနေခြင်းက တစ်ချိန်တည်းမှာ ရေကူးကန်ထဲကို ရေဖြည့်သကဲ့သို့ပင် ဝိညာဥ်စွမ်းအင်ကို ပြန်လည်ဖြည့်တင်းဖို့ရာ နှေးလေသည်။ သူလူသားအဖြစ်ကိုပြောင်းလဲသည့်အခါ ဝိညာဥ်စွမ်းအင်ကို သုံးစွဲရပြီး ဖြည်းဖြည်းချင်း ပြန်လည်ဖြည့်တင်းရလေသည်။
သုံးစွဲနေချိန်တွင်ဖြည့်တင်းရခြင်းက နှေးလေသည်။
အပြင်ဘက်တွင် မှောင်လာသောအခါ ကျွင်းချင်ယွီ သက်သာလာသလို ခံစားရလာသည်။
ထထိုင်ပြီးနောက်တွင် ဖုယွမ်ချွမ်း၏လက်မောင်းနှင့်ပတ်သက်၍ တစ်ခုခုမှားနေသည်ကို ကျွင်းချင်ယွီ သတိပြုမိလိုက်သည်။ သူယင်းကိူ ကိုင်ကြည့်လိုက်သည့်အခါ ဖုယွမ်ချွမ်းက မလှုပ်ရှားချေ။
အဲတာက...
"ခင်များလက်တွေ ထုံနေတာလား"
ဖုယွမ်ချွမ်းက နှစ်ကြိမ်ညှစ်လိုက်သည်။
"အဆင်ပြေပါတယ်၊ မင်းဗိုက်ဆာပြီလား၊ ကိူယ်သွားချက်လိုက်မယ်"
ကျွင်းချင်ယွီ စကားပြောရန်ပြုစဥ် ဥာဏ်ရည်တုစက်မှ အချက်ပေးသံမြည်လာသည်။ သူက ကြယ်ဓားပြများထံမှ သတင်းဟုတွေးလိုက်သော်လည်း ငုံ့ကြည့်သည့်အခါ သူ၏ဥာဏ်ရည်တုစက်မဟုတ်တာကို တွေ့လိုက်ရသည်။
"ခင်များရဲ့စက်မြည်နေတယ်"
"ဟုတ်တယ်"
ဖုယွမ်ချွမ်းက မေးလ်ကိုဖွင့်လိုက်သည်။
"အောက်ကို အရင်ဆုံးဆင်းသွားလိုက်"
အသံတိုးသွားသည်နှင့်အမျှ ဖုယွမ်ချွမ်း၏မျက်ခုံး တွန့်ချိုးလာသည်။
"ဘာကိစ္စဖြစ်လို့လဲ "
ထိုခံစားချက်က သိပ်မမှန်တာကို ကျွင်းချင်ယွီ ခံစားလိုက်ရပြီး သူ့ကို နှစ်သိမ့်ဖို့ရာ လက်ကိုကိုင်ထားလျက် ဝိညာဥ်စွမ်းအင်များကို ပို့လွှတိပေးလိုက်သည်။
"တစ်ခုခုဖြစ်လို့လား"
"ပြဿနာနည်းနည်းရှိလို့ပါ"
ဖုယွမ်ချွမ်းက ဥာဏ်ရည်တုစက်ကို ပိတ်လိုက်သည်။
"ကိုယ် တပ်မဌာနချုပ်ကို သွားရမယ်"
"ဒါဆိုလည်း သွားလေ"
ဖုယွမ်ချွမ်းက ပြဿနာအချို့ရှိနေသည်ဟုပြောပြီး ယင်းက အသေးအဖွဲ့လေးမဖြစ်နိုင်ချေ။
ကျွင်းချင်ယွီက မလိုက်ချင်တော့ချေ။ သူ၏ဝိညာဥ်စွမ်းအင်က မတည်ငြိမ်သေးရကား စစ်ဌာနချုပ်ရှိ လူများစွာ၏ရှေ့တွင် ရေသူအဖြစ်ကို တိုက်ရိုက်ပြောင်းသွားခဲ့လျှင် ပြဿနာဖြစ်ပေလိမ့်မည်။
"ကျွန်တော် ခင်များကို အိမ်ကစောင့်မယ်"
ဖုယွမ်ချွမ်းက ရေသူငယ်လေး၏ခေါင်းကို ထိလိုက်ပြီး ချော့မော့လိုက်သည်။
"ဓားတွေလျှောက်မကိုင်နဲ့နော်၊ ကိုယ်ပြန်လာရင် အရသာရှိတာတွေ ယူလာပေးမယ်"
"စိတ်မပူပါနဲ့"
ကျွင်းချင်ယွီက ဖုယွမ်ချွမ်း၏ကုတ်အင်္ကျီကို ယူလာခဲ့သည်။
"လမ်းမှာ ဂရုစိုက်ပါ"
"ကောင်းပြီ"
ကျွင်းချင်ယွီက ဘာဖြစ်ခဲ့လဲဟူ၍ ထပ်မမေးတော့ချေ။ ယင်းက ဖုယွမ်ချွမ်းသူ့ကိုမပြောပြမည်ကို ကြောက်၍မဟုတ်ဘဲ မလိုအပ်၍သာဖြစ်သည်။ လက်ရှိတွင် သူကအပြင်ကိုမထွက်နိုင်ရကား ဖုယွမ်ချွမ်းပြန်လာသည်ကို အိမ်ကစောင့်ပြီး ဂရုစိုက်ဖို့သာပြောနိုင်သည်။
ဖုယွမ်ချွမ်း ထွက်သွားသည့်အခါ ဗီလာက ဘာမှမရှိသလို ခံစားလိုက်ရသည်။
ယာဥ်ပျံ၏နောက်မြှီးလေး ထောင့်တွင်ပျောက်ကွယ်သွားသည်အထိ စောင့်ကြည့်ပြီးမှ ကျွင်းချင်ယွီ ကိုယ်ကိုလှည့်ကာ အိမ်ထဲပြန်ဝင်လာခဲ့သည်။
ဖုယွမ်ချွမ်း ပြန်လာပါ့မလားဆိုတာကို သူမသိသည့်တိုင် ညစာအတွက်စောစောပြင်ထားခြင်းက မမှားပေ။
အချို့ပါဝင်ပစ္စည်းများကိုပြုပြင်ပြီးနောက် အချို့ကို အသင့်စားထုတ်ကုန်များဖြင့် ပြုလုပ်လိုက်သည်။ ဖုယွမ်ချွမ်း ပြန်လာသည့်အခါ ယင်းတို့ကို အိုးထဲတွင်မွှေပြီး စားရုံသာ။
မနက်တစ်နာရီခန့်တွင် ပြီးသွား၏။
အပြင်ဘက်တွင် မည်သည့်လှုပ်ရှားမှုမှမရှိချေ။
ကျွင်းချင်ယွီ အခန်းထဲမှ စောင်ကိုထုတ်လာပြီး သူ့ကိုယ်သူ ထုတ်လိုက်ကာ ဧည့်ခန်းထဲမှဆိုဖာပေါ်တွင် ထိုင်ကာ ဖုယွမ်ချွမ်းကို စောင့်နေလေသည်။
လူကမစောင့်သော်လည်း ဥာဏ်ရည်တုစက်က ဆက်တိုက် အသံမြည်နေလေသည်။
ယင်းက ရှီခိုင်ရှင်းထံမှ ဗီဒီယိုကောလ်ဖြစ်သည်။
ရှီခိုင်ရှင်းကို သူ့ကိုကာကွယ်ဖို့ ပို့ထားခြင်းဖြစ်ပြီး ဆက်သွယ်ရအဆင်ပြေစေရန် ဗီဒီယိုကောလ်ကိုသာ ထည့်ထားလေသည်။
သိူ့သော်လည်းသူက တစ်ခါမှသူ့ကို မဆက်သွယ်ဖူးချေ။
ယခုအချိန်တွင် ဘာဖြစ်သလဲ သူမသိတော့ပေ။
ကျွင်းချင်ယွီ မသိစိတ်မှ ဆက်သွယ်ရန်ကို နှိပ်လိုက်မိသော်လည်း မည်သည့်ကိုမှ မမြင်ရချေ။ အော်သံတစ်ခုကိုသာ ကြားလိုက်ရ၏။
"မစ္စတာကျွင်း...၊ မဒမ် ကယ်ပါဦး!"
ရှီခိုင်ရှင်း၏စကားလုံးများက ကျွင်းချင်ယွီကို ထိတ်လန့်သွားစေသည်။
"ဘာကိုမဒမ်လဲ"
"မာရှယ့် မဒမ်"
ရှီခိုင်ရှင်းက မျှော်လင့်ထားသလိုပင် ကြည့်လာပြီး
"စိတ်ချပါ၊ ဘယ်သူကမှ မင်းလက်မှတ်ရတာနဲ့ပတ်သက်ပြီး မသိပါဘူး၊ ကျွန်တော်ကပါးစပ်လုံပါတယ်"
ကျွင်းချင်ယွီ : "...."
ဘာလို့ဘယ်သူကမှ ဒီလိုကိစ္စကြီးကို သူ့ကိုမပြောပြရတာလဲ။
"ငါဘယ်အချိန်တုန်းက ယွမ်ချွမ်းနဲ့လက်မှတ်ရလိုက်တာလဲ"
သူတွေးလိုက်သည်။ သူ့မှာစိတ်ကူးရှိရုံလေးပါ။ ဘယ်လိုလုပ်ပြီး သူနှင့်လက်မှတ်ရနိုင်မှာလဲ။ အရမ်းမြန်လွန်းတယ်။
ရှီခိုင်ရှင်း၏အတွေးများကို သူအနည်းငယ်တော့ လိုက်မမှီနိုင်တော့ချေ။
ရှီခိုင်ရှင်းက သက်တောင့်သက်သာပင်ပြောသည်။
"အဆင်ပြေပါတယ်၊ အခြားသူတွေကိုမပြောပါဘူး၊ ငြင်းမနေပါနဲ့"
ကျွင်းချင်ယွီ : "..."
ရှီခိုင်ရှင်းက ထပ်ပြောချင်နေသေးသော်လည်း ကျွင်းချင်ယွီ၏ ပြောစရာမဲ့နေသည့် အမူအရာကိုတွေ့ပြီးနောက် ရပ်လိုက်သည်။
" မဖြစ်နိုင်တာ၊ မင်းတကယ်ကြီး လက်မှတ်မရသေးဘူးလား "
"သေချာပေါက်မရသေးဘူးပေါ့၊ ငါတို့အတူတူမရှိကြသေးဘူး"
ရှိခိုင်ရှင်းကား တခဏမျှ တုံ့ဆိုင်းသွားသည်။
"???"
ပြီးတော့ သူက အဖွဲ့ထဲကလူတွေဆီကို ပို့လိုက်သေးတယ် ကျစ်…။
"ဒါမမှန်ဘူး မင်းတို့က အတူမရှိကြသေးဘူး ဒါ ဒီလို အရာမျိုးက.."
ရှီခိုင်ရှင်း သူ၏ကောက်ချက်ချမှုအတွက် အပြစ်တင်၍မရဟူ၍ တွေးလိူက်လေသည်။
ကျွင်းချင်ယွီ ခေတ္တမျှ စဥ်းစားလိုက်၏။ သူတို့အခု အတူမရှိကြသေးသော်လည်း အနာဂတ်တွင်တော့ မတူညီနိုင်တော့ပေ။ အဲတာကို သူ ရှီခိုင်ရှင်းအားမပြောနိုင်သော်လည်း မေးလိုက်သည်။
"မင်းအခု ဘာပြောလိုက်တာလဲ၊ ဘာကိုကူညီရမှာလဲ"
ရှီခိုင်ရှင်း နဖူးကိုရိုက်လိုက်ကာ သူ၏အာရုံပြန်ရလာသည်။
"အာ... အသက်ကယ်ပစ္စည်းက..."
စကားပြောရင်း တစ်ဝက်တစ်ပျက်ဖြင့် ရှီခိုင်ရှင်းက သူ့နောက်ကို လှည့်ကြည့်လိုက်ပြီး အသံကလည်း လေးနက်ကာ တည်ငြိမ်နေလေသည်။
"မာရှယ်လ်"
ကျွင်းချင်ယွီက ဘာဖြစ်နေသလဲဆိုတာကို သိချင်နေသေးပြီး ဖုယွမ်ချွမ်း၏ မပြောင်းလဲသည့်အသံကို ကြားလိုက်ရသည်။
"မင်းဒီမှာဘာလုပ်နေတာလဲ"
"ကျွန်တော် …"
" မင်းမှာဘာမှ လုပ်စရာမရှိဘူးဆိုရင် ပြန်သွားလေ့ကျင့်နေ!"
ဖုယွမ်ချွမ်း၏အသံက မခြားနားသော်ငြား အနည်းငယ်သုန်မှုန်နေပြီး ဥာဏ်ရည်တုစက်တစ်ဖက်မှနေ၍ပင် တင်းအားကို ခံစားနိုင်ပေသည်။
"ဟုတ်ကဲ့!"
ရှီခိုင်ရှင်းက သေဝပ်စွာပြန်ဖြေ၏။
ပြီးနောက်တွင် ပြန်ထွက်သွားသည့်ခြေသံများကို ကြားရသည်။
ခဏကြာပြီးနောက် ရှီခိုင်ရှင်း၏မျက်နှာက ဗီဒီယိုထဲတွင် ပြန်ပေါ်လာသည်။
"သေမလိုလန့်သွားတာပဲ"
ရှီခိုင်ရှင်းက စိတ်သက်သာရာရစွာသက်ပြင်းချပြီးပြောလာသည်။
"မင်း အဲတာကိုကြားလိုက်လား၊ ဒါက ကျွန်တော်ပြောတဲ့ ကယ်ပါဦးဆိုတာပဲ"
ဖုယွမ်ချွမ်း ဒေါသထွက်နေသည်ကို ကျွင်းချင်ယွီ ကြားရုံနှင့်သိနိုင်သည်။
"မင်းဘာလုပ်ခဲ့လို့လဲ"
ဘဝမှာ ဖုယွမ်ချွမ်းကို ထိုမျှဒေါသထွက်အောင် လုပ်နိုင်သည်မှာ ဘာဖြစ်သလဲဆိုတာကို သူသိချင်လာသည်။
ရှီခိုင်ရှင်းတုန့်ဆိုင်းသွားပြီး ဘာကိစ္စဖြစ်သလဲဆိုတာကို အတိအကျမပြောချေ။ သူကယောင်ဝါးဝါးဖြင့်ဆိုလာသည်။
"အဲတာက ကိစ္စကြီးမဟုတ်ပါဘူး၊ သတင်းမပို့တာနဲ့ပတ်သက်ပြီး တစ်ယောက်ယောက်က ဖမ်းမိသွားတယ်လေ၊ မာရှယ်လ်က အဲ့ဒါကိုဂရုစိုက်တော့ အပြင်ထွက်ပြီး အထဲမှာလေ့ကျင့်ခိုင်းတာ"
ရှီခိုင်ရှင်းက ဆက်ပြောသည်။
"အခု မာရှယ်လ်က အရမ်းဒေါသထွက်နေတာ၊ မင်းသူ့ကို ဖြောင်းဖျမပေးနိုင်ဘူးလား"
သူက ကျွင်းချင်ယွီကိုသာ တွေးနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ကျွင်းချင်ယွီ၏ရှေ့တွင်ဖြစ်ပါက မာရှယ်လ်က အလွန်သိမ်မွေ့ညင်သာပြီး စကားလည်းများလေသည်။ ယခုတစ်ကြိမ်တွင် ပြဿနာက အလွန်ကြီးသည်။ သူက ကျွင်းချင်ယွီကို ထွက်လာပြီး ကူညီစေချင်၏။ ရူးနေသည့်လူနည်းစုကသာ ကောင်းမွန်သည့်ကိစ္စဟူ၍ ဆိုပေလိမ့်မည်။
"မသွားနဲ့ဦး"
ကျွင်းချင်ယွီ ဘာကြောင့်လဲဆိုတာမေးချင်သည်။ ဖုယွမ်ချွမ်းက သူ့ငယ်သားများ၏ရှေ့တွင် ဟန့်တားနိုင်သည့်အာဏာ ရှိသင့်ပြီး သူက ဖူယွမ်ချွမ်း၏ထူးခြားချက်နှင့် ဘုန်းအာဏာကို ချိုးဖျက်လိမ့်မည်မဟုတ်ချေ။
ထို့အပြင် ရှီခိုင်ရှင်း ဆိုခဲ့တဲ့ စကားလုံးအနည်းငယ်က ဒီလောင်ကျစ်ကို ဓားနှင့်ဆွနေတာ ထင်ရှားသည်။ ။အမှားတစ်ခုခုလုပ်မိ၍ ဆုံးမခြင်းက အမှန်ပဲမလား။
ကျွင်းချင်ယွီ မသိစိတ်ဖြင့် ပြောလိုက်သည်။
"ငါ့မှာ ဘာမှလုပ်စရာမရှိဘူး"
"မဟုတ်ဘူး ၊ သူတို့အမှားလုပ်မိလို့၊ လေ့ကျင့်ရတာက သူတို့နဲ့တန်ပါတယ်၊ ဒါပေမယ့် မာရှယ်လ်က အလုပ်များနေပြီး အခုထိ အစာတစ်ကိုက်လေးတောင် မဝင်သေးဘူး၊ ကျွန်တော်ညစာကို တစ်နေရာထဲကို ပို့ခဲ့ပေမယ့် သူကဖွင့်တောင်မကြည့်ပဲ အေးသွားအောင်ထားလိုက်တယ်လေ၊ သူကညစာကို ဂရုတောင်မစိုက်ဘူး၊ ဒီကိုလာပြီး မာရှယ်လ်စိတ်ဆိုးတာရပ်ပြီး တစ်ခုခုအရင်စားဖို့ ဖြောင်းဖျပေးပါဦး"
စစ်သားတစ်ဦးအနေဖြင့် ရှီခိုင်ရှင်းမှာ သူ့ညီကိုနှင့်ပတ်သက်၍ ပူပန်စရာတစ်ခုသာရှိလေသည်။ သူပို၍စိုးရိမ်ရသည်မှာ မာရှယ်လ်၏ခန္ဓာကိုယ်ပင်။
ရောဂါသက်သာသည်က မကြာသေးသလို အာရုံကြောများက တင်းမာနေသေးသည်။ ခံစားချက်အတက်အကျတွေကြောင့် သူခန္ဓာကိုယ်ကိုသူ ထိခိုက်စေမိရင် ဘယ်လိုလုပ်ရမလဲ ။
ကျွင်းချွင်ယွီကိုလာပြီး ဒီညီအစ်ကိုတွေအတွက် မာရှယ့်လ်ကို ချော့မော့ခိုင်းလိုက်မည်။
ရှီခိုင်ရှင်း ပြောပြီးနောက် ကျွင်းချင်ယွီ တိတ်ဆိတ်ကာ ဘာကိုမှမပြောတော့ဘဲ တိတ်တဆိတ် စောင့်နေခဲ့၏။
ခဏကြာပြီးနောက် ကျွင်းချင်ယွီက မေးလာသည်။
"သူဘာမှမစားဘူးလား"
ရှီခိုင်ရှင်းက အကူအညီမဲ့စွာ ပြောသည်။
" ကျွန်တော်ညစာကို နှစ်ကြိမ်တောင်သွားပို့ခဲ့တာ၊ အဲဒါအကုန်အခန်းထဲမှာ"
" ငါ့ကို လိပ်စာပေး၊ ခဏနေရင်လာခဲ့မယ်"
" လိပ်စာမလိုပါဘူး၊ ကျွန်တော်မင်းကိုလာခေါ်မယ်၊ အဆင်ပြေပါတယ်။ အိမ်ကပဲစောင့်နေ"
နောက်ဆုံးမှာတော့ သူ့ကိုခေါ်လိုက်ပြီး ဘယ်လိုလုပ်ပြီးတော့ တက္ကစီစီးပြီးပဲဖြစ်ဖြစ် ကိုယ်တိုင်ကားမောင်းပြီးတော့ဘဲဖြစ်ဖြစ် လာခိုင်းနိုင်မှာလဲ။
ဗီဒိယိုကိုပိတ်ပြီးနောက် သူ၏ ဉာဏ်ရည်တုစက်တွင် ဖုယွမ်ချွမ်းထံမှ ဗီဒီယိုကောလ်ခေါ်ဆိုမှုနှစ်ကြိမ် ဝင်ထားသည်ကို တွေ့လိုက်ရသည်။
သူက ရှီခိုင်ရှင်းနှင့်ပြောနေခြင်းကြောင့် ဖုယွမ်ချွမ်း၏ဗီဒီယိုမှာ ဝင်မလာခြင်းဖြစ်နိုင်သည်။
ကျွင်းချင်ယွီ စာတစောင်ပြန်ပို့လိုက်ပြီး သူ၏ ဉာဏ်ရည်တုစက်ကို ချထားလိုက်ကာ မီးဖိုခန်းထဲကို သွားခဲ့သည်။
ရှီခိုင်ရှင်းရောက်လာဖို့က အချိန်အနည်းငယ် ကြာမှာဖြစ်ပြီး ထိုအချိန်များကို သူ၏မပြီးပြတ်သေးသော ဟင်းလျာများကိုပြင်ဆင်ဖို့ရာ အခွင့်အရေးယူ၍ ရသည်။
ရုံးမှ အဆာပြေစာများအားလုံးက အေးသွားလောက်ပြီမဟုတ်လား။ သူအဲဒီ့ကိုသွားပြီး ဘယ်လိုလုပ် ဖုယွမ်ချွမ်းကို အေးစက်နေတဲ့ထမင်းကို စားခိုင်းရက်ပါ့မလဲ။
သူက ဟင်းလျာသုံးပွဲကို ပြုလုပ်ပြီးနောက် အချိုပွဲတစ်ခုကိုပါ ထပ်ပြင်လိုက်ကာ သူတို့အားလုံးကို အပူခံဘူးထဲကိုထည့်ပြီး အိတ်တလုံးထဲထည့်လိုက်သည်။
အချိန်ကိုတွက်ချက်ခြင်းက ကောင်းမွန်လှသည်။ သူပြင်ဆင်ပြီးသည်နှင့် အပြင်ဘက်မှ တံခါးဘဲလ်က မြည်လာသည်။
ကျွင်းချင်ယွီက ထုပ်ပိုးထားသည့်အိတ်ကို သယ်ဆောင်ကာထွက်လာခဲ့သည်။
"သွားစို့"
ရှီခိုင်ရှင်းက အမြန်ပင်ယူလိုက်ပြီး ကားတံခါးကို ဖွင့်ပေးလိုက်၏။
---
မာရှယ်လ်တစ်ယောက်ချင်းစီတွင် သူတို့ကိုယ်ပိုင်ရုံးခန်းအဆောက်အဦးရှိကြပြီး တပ်ဖွဲ့ဝင်များဖြင့် ပြည့်နေသည်။
ဖုယွမ်ချွမ်းက ဤနေရာကို မကြာခဏဆိုသလို လာလေ့မရှိသော်ငြား ဤတစ်ကြိမ်တွင်တော့ သူက စစ်ဌာနကိုလာပြီး လူတွေကို ထောင်ဖမ်းလိုက်လေသည်။ ယခင်ကကဲ့သို့ ညှိနှိုင်းဆွေးနွေးရန် ဗီလာကိုမခေါ်ဘဲ ရုံးအဆောက်အဦးကို တိုက်ရိုက်သွားလိုက်သည်။
ထို့ကြောင့် ရှီခိုင်ရှင်းက ကျွင်းချင်ယွီအား ရုံးအဆောက်အဦးထံ တိုက်ရိုက် ခေါ်သွားလိုက်သည်။
Xxxxxx