Chapter 57
နောက်ကျနေပြီဖြစ်သော်လည်း အဆောက်အဦးမှအလင်းရောင်များကတော့ ကျိန်းစက်နေဆဲဖြစ်ကာ အလွှာတိုင်းရှိမီးများက မပိတ်ရသေးပေ။
ရှီခိုင်ရှင်းက ရှင်းပြလာသည်။
"အရင်က ဒီလောက်အလုပ်မများဖူးဘူး၊ ဒီနေ့တော့ ကိစ္စက အတော်လေး ပြင်းထန်တယ်၊ ကျွန်တော်တို့အားလုံး တာဝန်ပေးတာကြားရဖို့ပဲ စောင့်နေရတယ်"
ကျွင်းချင်ယွီ ခေါင်းညိတ်လိုက်သည်။
"ယွမ်ချွမ်းက ဘယ်အထပ်မှာလဲ"
"ထိပ်ဆုံးထပ်မှာ၊ အောက်ခြေကနည်းနည်းရှုပ်ထွေးနေတယ်၊ မာရှယ် ရှီကျင်းလေ...."
ရှီခိုင်ရှင်းက သူ့ကို အထူးဓာတ်လှေကားထံခေါ်သွားသည်။ အခြေခံအားဖြင့်တော့ ဆယ်လွှာအထက်တွင် ဤသို့အရှုပ်အထွေးများမရှိပေ။
သူဓာတ်လှေကားအပြင်ကို ထွက်လာသည့်အခါ တစ်ချက်ကြည့်ရုံမျှဖြင့် ဤအလွှာကို မမြင်နိုင်ချေ။ အောက်ထပ်မှ လူစုလူဝေးဖြင့်ယှဥ်လျှင် အတော်လေးတိတ်ဆိတ်ပုံရသည်။
ရှီခိုင်ရှင်းက ပြောသည်။
"ကျွန်တော်မင်းကို ရုံးခန်းကိုအရင်ခေါ်သွားမယ်၊ မာရှယ်လ်အခု အဲဒီ့မှာရှိလောက်မယ်"
ရုံးခန်းက ဓာတ်လှေကားမှသိပ်မဝေးချေ။ ခြေလှမ်းအနည်းငယ်သာ ကွာ၏။
ရှီခိုင်ရှင်း တံခါးခေါက်လိုက်သည်။
မည်သည့်အသံမှ မကြားရချေ။
"ဟင်?"
ရှီခိုင်ရှင်း ထိတ်လန့်သွားသည်။ အဲလိုမဖြစ်သင့်ဘူးလေ။ သူအပြင်ထွက်စဥ်က မာရှယ်လ် ရုံးခန်းပြန်သွားသည်ကို ရှင်းရှင်းလင်းလင်း မြင်ခဲ့ရသည်ပင်။ ဘာလို့သူပျောက်သွားရတာလဲ။
ကျွင်းချင်ယွီ မေးလိုက်သည်။
"သူဒီမှာမဟုတ်ဘူးလား"
"အပြင်ထွက်သွားတာနေမယ်"
ရှီခိုင်ရှင်းက ပတ်ပတ်လည်ကို လိုက်ကြည့်လိုက်သည်။ သူတစ်ဦးတည်းကသာလျှင် မာရှယ်လ်၏ရုံးခန်းသို့ဝင်ရောက်ခွင့်ရှိပြီး အခြားလူများက မာရှယ်လ်ရှိနေသည့်အခါမှသာ ဝင်ဖို့ခွင့်ပြုချက်ရသည်။
မာရှယ်လ်က ဤနေရာတွင်မရှိချေ။ ရှီခိုင်ရှင်း ကျွင်းချင်ယွီကို အခြားနေရာကို ခေါ်မသွားနိုင်ပေ။
ရှီခိုင်ရှင်း အတန်ကြာအောင်စဥ်းစားပြီး ပြောလိုက်သည်။
"ဆွဲငင်အားအခန်းထဲမှာထင်တယ်၊ မင်းဒီမှာစောင့်နေ၊ ကျွန်တော်သွားကြည့်လိုက်မယ်"
"ငါမင်းနဲ့လိုက်မယ်"
"ပြီးရောလေ"
ဆွဲငင်အားအခန်းသို့ရောက်သောအခါ တံခါးမဖွင့်ရသေးမှီမှာပင် အထဲမှဖုယွမ်ချွမ်း၏အသံကိူ ကြားလိုက်ရသည်။
ကျွင်းချင်ယွီက ရှင်းရှင်းလင်းလင်း မကြားရဘဲ ယောင်ဝါးဝါးသာကြားရသော်လည်း တစ်စုံတစ်ခုကို အပြစ်တင်နေသည်အား ဇဝေဇဝါကြားလိုက်ရသည်။
ဖြစ်နိုင်တာက ယခုလေးတင် ရှီခိုင်ရှင်း သူ့ကိုပြောသည်နှင့် အတူတူဖြစ်ပုံရ၏။
ကျွင်းချင်ယွီ မနေနိုင်ပဲ ခေါင်းယမ်းလိုက်သည်။
"ယွမ်ချွမ်းလို ဒေါသထိန်းနိုင်တဲ့လူတောင် ဒေါသထွက်နေတာပဲ"
"ဒေါသထိန်းနိုင်တယ်..."
ရှီခိုင်ရှင်းက မေးလာသည်။ ကျွန်တော့်ရဲ့အဘိုးလေးရယ်၊ မင်းက မာရှယ့်လ်ကိုကြည့်ဖို့ filterတွေများ ထည့်လာတာလား။
ကြယ်စင်စုအားလုံးမှာ မာရှယ့်လ်ကို ဒေါသထိန်းနိုင်တယ်လို့ပြောတာ မင်းတစ်ယောက်ပဲရှိတယ်ကွ။
ရှီခိုင်ရှင်း၏အမူအယာကိုကြည့်ပြီး ကျွင်းချင်ယွီ မျက်ခုံးပင့်လိုက်၏။
"ဘာဖြစ်လို့လဲ "
ရှီခိုင်ရှင်း ခေါင်းယမ်းလိုက်သည်။
"ဟင့်အင်း ၊ ဘာမှမဟုတ်ဘူး "
ဒီတစ်ခုကိုမေးဖို့က သိပ်တော့မကောင်းဘူး။
နောက်ဆုံးအကြိမ်တုန်းက အရိုက်ခံလိုက်ရသော စက်ရုပ်အကြောင်းတွေးရင်း ရှီခိုင်ရှင်းမှာ ဘာမှ မပြောရဲချေ။
ရှီခိုင်ရှင်းက ရှေ့တွင်ရပ်ပြီး တံခါးခေါက်လိုက်သည်။
"မာရှယ်လ်"
အတွင်းမှအသံက တံခါးခေါက်သံကို ဖုံးကွယ်ထားသည်။ရှီခိုင်ရှင်းက တံခါးကို အနည်းငယ်တွန်းဖွင့်ပြီး သူ့ခန္ဓာကိုယ်တစ်ဝက်ကို ထုတ်ဖော်လိုက်ကာဖြင့်
"မာရှယ်လ်၊ ကျွန်တော်..."
"မင်းကို ဘယ်သူက ဝင်လာခွင့်ပေးလို့လဲ"
ဖုယွမ်ချွမ်းက မှုန်ကုပ်ကုပ်ဖြင့် ကြည့်လာပြီး ထူးမခြားနားစွာပင် လေးနက်သည့်အသံဖြင့် အော်လိုက်တယ်။
"ထွက်သွားစမ်း"
ရှီခိုင်ရှင်းက လန်သွားပြီး မသိစိတ်ဖြင့် နောက်ဆုတ်လိုက်ကာ သူ့နောက်တွင်ရပ်နေသူကို ဖော်ထုတ်လိုက်မိသည်။
သူ၏နောက်ဆုတ်သွားသည့် လှုပ်ရှားမှုကြောင့် သူ့ကိုယ်ကတုန်လှုပ်သွားပြီး သူ့နောက်ရှိ ကျွင်းချင်ယွီကို ဖုယွမ်ချွမ်းလည်း မြင်သွားသည်။
ဖုယွမ်ချွမ်း ရုတ်တရက် တုန့်ဆိုင်းသွားပြီး သူ၏ကြုတ်ထားသည့်မျက်မှောင်တို့က မသိစိတ်ဖြင့် ပြေလျော့သွားရသည်။ သူကအပြင်ထွက်လာပြီးမှ သူ့ရှေ့ရှိ သင်တန်းသားအနည်းသယ်ကို သတိရသွားသည်။
"ဆက်လေ့ကျင့်နေ!"
"ဟုတ်ကဲ့ပါ!"
ဖုယွမ်ချွမ်းက အပြင်ထွက်လာပြီး တံခါးပိတ်ကာ ရှီခိုင်ရှင်းကို စိုက်ကြည့်လိုက်သည်။
ရှီခိုင်ရှင်း နှလုံးသားလေး ခုန်သွားပြီး ဘေးကိုအသာရွှေ့လိုက်သည်။
ကျွင်းချင်ယွီ၏ရှေ့တွင်ရပ်နေရင်း ရေသူငယ်လေးကိုကြည့်ကာ ဖုယွမ်ချွမ်းအနည်းငယ် နီရဲလာသည်။
သူ့လက်ကို မြှောက်ကာ ရေသူငယ်လေး၏ပါးကို ညင်သာစွာပွတ်လိုက်ပြီး နူးညံ့စွာမေးလိုက်သည်။
"မင်းကြောက်သွားလား"
ကျွင်းချင်ယွီ ဖုယွမ်ချွမ်း၏လက်ကို ကိုင်လိုက်ပြီး သူ့(fyn)လက်ချောင်းများကို သူ(jqy)၏မျက်နှာထံ ဖြန့်လိုက်ရာ လက်ဝါးထံမှ တုန်ယင်မှုကိုခံစားလိုက်ရသည်။ သူကပြုံးကာမေးလိုက်သည်။
"ကျွန်တော်ကြောက်သွားလားဟုတ်လား၊ ဘာလို့ခင်များလက်တွေ တုန်နေတာလဲ"
ရေသူငယ်လေးက မတုန့်ပြန်သည်ကိုမြင်ပြီး ဖုယွမ်ချွမ်းကရပ်ကာ မနေနိုင်ပဲ မေးလိုက်သည်။
"ကိုယ် အရမ်း ရက်စက်နေတဲ့ပုံပေါ်လား?"
ကျွင်းချင်ယွီ မဖြေချေ။ သူကခေါင်းကိုလှည့်ပြီး ညင်သာစွာနမ်းလိုက်၏။
ရက်စက်ပေမယ့် မရက်စက်ပါဘူး။ မာရှယ်လ်တစ်ယောက်က မရက်စက်ဘူးဆိုရင် စစ်မြေပြင်မှာ သူ့ကို ကျိုးကြောင်းဆင်ခြင်နေဖို့ မျှော်လင့်နေတာလား။
အဲတာက မာရှယ်လ်တစ်ယောက်မှာရှိသင့်တဲ့ အရှိန်အဝါပဲ။
ကျွင်းချင်ယွီ သူ့လက်ထဲက ထုတ်ပိုးထားတဲ့အိတ်ကို မြှောက်ပြလိုက်သည်။
"ကျွန်တော် အော်ဒါတစ်ခုလုပ်လာတယ်၊ ပူနေတုန်းပဲ၊ တစ်ခုခုအရင်စားလိုက်၊ ရှီခိုင်ရှင်းပြောတာ ခင်များညဆိုဘာမှမစားဘူးတဲ့"
ရှီခိုင်ရှင်းက ဘေးမှနေ၍ ခေါင်းညိတ်ပြပြီး ကျွင်းချင်ယွီကို လက်မ မထောင်ဘဲ မနေနိုင်တော့ပေ။
မာရှယ်လ်ရဲ့ခန္ဓာကိုယ်ကို ဂရုစိုက်နိုင်တာ မင်းပဲရှိတယ်။
ယခု ရုပ်သွင်ကိုတွေးကြည့်ပြီးနောကအ ရှီခိုင်ရှင်းမှာ ကြောက်ရွံ့နေသေးသော်ငြား ကျွင်းချင်ယွီ၏ရှေ့တွင် မာရှယ်လ်ဖုတစ်ယောက်မှာ သူ၏ရန်လိုသည့်စိတ်ကို ချက်ချင်းဖယ်ရှားလိုက်ပြီး နူးညံ့သိမ်မွေ့ကာ လုပ်နိုင်ကိုင်နိုင်စွမ်းမရှိတော့ဟူ၍ တွေးလိုက်သည်။ ကျွင်းချင်ယွီ ပြောတာမှန်သည်ဟု သူခံစားရသည်။ ယင်းကမှန်သည်။
ဖြစ်နိုင်တာက ကျွင်းချင်ယွီ၏မျက်လုံးထဲရှိ မာရှယ်လ်၏ပုံရိပ်မှာ အမြဲနူးညံ့သိမ်မွေ့ပြီးညင်သာနေတာဖြစ်နိုင်သည်။
ဖုယွမ်ချွမ်းကပြောသည်။
"ကျေးဇူးပါပဲ"
"ဘာမှမခက်ခဲပါဘူး၊ သွားစို့ သွားစားကြမယ်"
"ကောင်းပြီ"
ဖုယွမ်ချွမ်းက ရေသူငယ်လေးကို ရုံးခန်းထံ ပြန်ခေါ်သွားသည်။
သူကခေါင်းကိုလှည့်ပြီး သူ့နောက်တွင်ပုန်းနေသည့် ရှီခိုင်ရှင်းကို ကြည့်လိုက်လေသည်။
အကြည့်တစ်ချက်လေးနှင့်ပင် ရှီခိုင်ရှင်း ချက်ချင်း မတ်မတ်ရပ်လိုက်သည်။
ဖုယွမ်ချွမ်းက အကြည့်ကို ပြန်ရုတ်သိမ်းကာ ဥာဏ်ရည်တုစက်ကို ဆွဲလိုက်သည်။
ရှီခိုင်ရှင်းက ဘောနပ်ကို လက်ခံလိုက်ရလေသည်။
ရှီခိုင်ရှင်း : "!!!"
ပျော်ရွှင်မှုက ရုတ်တရက် ရောက်လာသည်။
ရုံးခန်းတံခါးတွင် မျက်လုံးဆင်ဆာက IDကိုမှတ်မိပြီး တံခါးက အလိုအလျောက် ပွင့်သွားသည်။
ဖုယွမ်ချွမ်းက တံခါးရှေ့မှာရပ်နေပေမယ့်အထဲကိုဝင်မသွားပေ။အဲဒီအစား သူက ခေါင်းကိုလှည့်ပြီးပြောလိုက်သည်။
''ဒီကိုလာ၊ ငါးလေး"
"ဟင်?"
ကျွင်းချင်ယွီက ဘာမှမသိဘဲ ရှေ့ကိုထွက်လာပြီး
''ဘာဖြစ်လို့လဲ''
''မင်းရဲ့ဒေတာအချက်အလက်ကိုထည့်လိုက်ပါ"
ဖုယွမ်ချွမ်းက စကားဝှက်ကိုကိုယ်တိုင်အကြိမ်ပေါင်းများစွာနှိပ်လိုက်ပြီး ရှောင်ယွီ၏IDကို ဆက်တိုက်ထည့်သွင်းလိုက်ကာ အခွင့်အာဏာကိုအမြင့်ဆုံးအဆင့်ထိ ချိန်ညှိလိုက်သည်။
ကျွင်းချင်ယွီက သူဒီလိုလုပ်မည်ဟု မျှော်လင့်မထားပါချေ။သူက ပြောသည်။
"မဟုတ်တာ၊ ကျွန်တော်ဒီကိုမကြာခဏလာနေတာမဟုတ်ဘူးလေ၊ ပြီးတော့ကျွန်တော့်အတွက် ဒါကိုထည့်ဖို့မလိုပါဘူး''
ဤနေရာက ဖုယွမ်ချွမ်းပင်မကြာခဏ လာသည့်နေရာမဟုတ်ပေ။ သူက မကြာခဏဘယ်လိုလုပ် လာနိုင်မှာလဲ။
သူကဒီကို ဖုယွမ်ချွမ်း အလုပ်ရှုပ်နေတဲ့အချိန်မှာ သူနှင့်အတူရှိနေပေးဖို့လာခဲ့တာ။
ဖုယွမ်ချွမ်းက ခေါင်းယမ်းလိုက်ကာ
"မင်းမကြာခဏ မလာဖြစ်ပေမယ့် ကိုယ်က ဒီနေရာကို မင်းအတားအဆီးမရှိ လာနိုင်တာ သေချာအောင် လုပ်ချင်လို့"
ကျွင်းချင်ယွီ၏နှလုံးသားလေး တုန်ခါသွားပြီး ဖုယွမ်ချွမ်းကိုကြည့်ရန် အံ့သြတကြီးမျက်လုံးကို ပင့်လိုက်သော်ငြား တစ်ဖက်လူက ခေါင်းငုံ့ကာ အချက်အလက်များကို ဖြည့်နေလေသည်။
ပြင်ဆင်ပြီးနောက်တွင် ဖုယွမ်ချွမ်းက လက်ကိုမြှောက်ကာ ကျွင်းချင်ယွီကို ဖက်လိုက်သည်။
"ဒီကိုလာ"
ရှောင်ယွီကို ဦးစွာဝင်ခိုင်းလိုက်ပြီး ဖုယွမ်ချွမ်းက သူ့နောက်ခြေလှမ်းဝက်အကွာမှလိုက်လာပြီး တံခါးကိုပိတ်လိုက်ကာ မနှောင့်ယှက်ရသတိပေးချက်ကို ဖွင့်လိုက်လေသည်။
ကျွင်းချင်ယွီက ရုံးခန်းကို သာမန်ကာလျှံကာ ကြည့်လိုက်လေသည်။ ရုံးခန်းမှာ အိမ်ရှိရုံးခန်းထက်ပိုကြီးပြီး အတွင်းဘက်တွင် ဖုယွမ်ချွမ်းအနားယူရန် နားနေခန်းလည်းရှိသည်။
ထုတ်ပိုးထားသည့်အိတ်ကို စားပွဲပေါ်တင်လိုက်ပြီး အတွင်းမှအပူခံဘူးကို ထုတ်ယူလိုက်သည်။
ပူနွေးပြီးလတ်ဆတ်နေသေးသည်။ ထိုအရာကို ဖွင့်လိုက်သောအခါ အသားကင်၏အပြင်ဘက်အလွှာက မွှေးကြိုင်နေသေးပြီး အပူဓာတ်ကြောင့် လုံးဝပျော့ဖတ်မနေချေ။
ဖုယွမ်ချွမ်းက သစ်သီးလက်ဖက်ရည်နွေးနွေးလေးကို ပြုလုပ်ပြီး သူ့ဘေးမှာထားလိုက်သည်။
"ဒီည ညစာစားပြီးပြီလား"
"ဟင့်အင်း၊ ခင်များပြန်လာမှအတူစားဖို့ စောင့်နေတာ"
ကျွင်းချင်ယွီ အစာဘူးကိုပြင်ဆင်စဥ်က ဖုယွမ်ချွမ်းနှင့်အတူစားဖို့ကြံရွယ်ပြီး ပန်းကန်ခွက်ယောက်နှစ်စုံပြင်ဆင်လာတာဖြစ်သည်။
"နောက်တစ်ကြိမ် ကိုယ်အိမ်ပြန်နောက်ကျရင် ကိုယ့်ဟာကိုယ်ပဲစားလိုက်နော်"
ဖုယွမ်ချွမ်းမှာ ဤကိစ္စအတွင်းဆွဲသွင်းခံရပြီးနောက် နောက်ဆုံးတွင် ရှောင်ယွီနှင့်ဆက်သွယ်ရန် အားလပ်ချိန်ရသွားသည်။ သိူ့သော်လည်း မည်သူကမှ video callကိုမဖြေဘဲ နောက်ပိုင်းမှ စာပြန်လာခဲ့၏။
သူက ရှောင်ယွီအိပ်သွားပြီထင်ခဲ့တာဖြစ်သော်လည်း မထင်မှတ်ပဲ သူ့ကိုရှာဖို့ လာခဲသည်။
"ကောင်းပါပြီ"
သူကရိုးရှင်းသေဝပ်စွာ ကတိပေးနေဆဲပင်။
"အရင်စားရအောင်"
ဖုယွမ်ချွမ်းက ဆက်ပြောလိုသော်ငြား နာခံလွန်းနေသည့်ငါးလေးကိုကြည့်ကာ မည်သို့ပြောရမည်ကို မသိတော့ပေ။
ကျွင်းချင်ယွီက ဗိုက်မဆာသေးရာ တစ်ကိုက်မျှပင်မစားဘဲ သစ်သီးလက်ဖက်ရည်ကိုသာ သောက်လိုက်သည်။
ယင်းကို သူ့နေရာလွတ်မှ သစ်သီးဖြင့်လုပ်ထားခြင်းဖြစ်နိုင်ပြီး mintကိုပါ ရောထားသည်။ အဝင်နွေးပြီး အေးကာချိုလေ၏။ ကျွင်းချင်ယွီက ထိုပေါင်းစပ်မှုကို နှစ်သက်လေသည်။
ကျွင်းချင်ယွီက ပေါလောပေါ်နေသည့် mintများကြောင့်မေးလိုက်သည်။
"သိပ်မကြာခင်က အပြင်ထွက်သေးတာလား"
ဖုယွမ်ချွမ်းက ခေတ္တမျှ စဥ်းစားလိုက်သော်လည်း အတော်ကြာအောင် မဖြေခဲ့ပေ။ ခဏကြာပြီးမှ သူကပြောလာသည်။
"စားပြီးရင် အိမ်ကိုအရင်ပြန်ကြမယ်"
ငါးလေးကို အရင်ဆုံး အိမ်ပြန်ခေါ်သွားတာပေါ့။
"ဒီက ကိစ္စတွေက ပြီးသွားပြီလား"
သူလာစဥ်က ဖုယွမ်ချွမ်းအလုပ်ရှုပ်တာကို မြင်ခဲ့ရသဖြင့် ကျွင်းချင်ယွီ သိချင်သွားသည်။
"ဟင့်အင်း ၊ အချို့ပြဿနာလေးတွေရှိတုန်းပဲ"
ဖုယွမ်ချွမ်းက သူ့ကို အသားကင်တစ်ဖဲ့ပေးလိုက်သည်။
"နောက်ကျနေပြီ၊ မင်းအိပ်သင့်ပြီ"
သူကတစ်ညလုံး မအိပ်ပဲနေနိုင်သော်ငြား ရှောင်ယွီကတော့မရပေ။ ရှောင်ယွီအနေနှင့် အနားယူဖို့လိုအပ်လေသည်။
ကျွင်းချင်ယွီ ခေါင်းခါပြရင်း
"ခင်များ အိမ်ကိုသွားဖို့ မလိုပါဘူး၊ ခင်များအလုပ် ခင်များလုပ်ပါ၊ ကျွန်တော် ရုံးမှာနေပြီး ခင်များကို စောင့်မယ်လေ"
သူ ဒီမှာရှိနေပြီမို့ မပြန်ခင် ဒီကိစ္စကို ဖြေရှင်းဖို့ ဖုယွမ်ချွမ်းနှင့်အဖော်ပြုပေးလိုက်မည်။
ကျွင်းချင်ယွီ မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ပြောလိုက်သည်။
"ခင်များကို မနှောင့်ယှက်ပါဘူး "
ဖုယွမ်ချွမ်းက ပြုံးကာပြောလိုက်သည်။
"မင်းအနားယူဖို့အချိန်မရှိမှာကို ကိူယ်စိုးရိမ်ရုံပါ"
သူသာ ပရမ်းပတာအခြေအနေထဲ ဆွဲမထည့်ပါက ရှောင်ယွီက အမြဲလိုလို သတိကပ်နေတတ်သည်။
"မဟုတ်တာ "
ကျွင်းချင်ယွီ တွေးလိုက်သည်။ သူကတကယ်ကို အနားမယူလိုပါချေ။ သူက ထိုင်နေပြီး ဖုယွမ်ချွမ်းအနားမှာသာ နေချင်ရုံသာ။
ဖုယွမ်ချွမ်းက သူ့အလုပ်တွေမှ မပြီးသေးတာ။
Xxxxxxx