အပိုင်း ၅၈
Viewers 17k

Chapter 58


စားသောက်ပြီးချိန်တွင် သူကခဏမျှစဥ်းစားလိုက်ပြီး မေးလိုက်သည်။


"ငါးလေး၊ မင်းဒီမှာအိပ်မလား၊ ဒါမှမဟုတ် ကိုယ်နဲ့လိုက်မလား"


"ကျွင်းချင်ယွီ တုန့်ဆိုင်းခြင်းမရှိ ပြောလိုက်သည်။


"ခင်များကို ရုံးခန်းကပဲစောင့်မယ်"


သူနောက်ကလိုက်သည်ဖြစ်စေ ရေသူလေးအသွင်ပြောင်းကာ ဖုယွမ်ချွမ်းဟအိတ်ကပ်ထဲ၌ အနားယူလျက်လိုက်သည်ဖြစ်စေ ဖုယွမ်ချွမ်းအပေါ် သက်ရောက်ပေလိမ့်မည်။


စကားပြောနေချိန်တွင် သူ့ဘေးမှသူ့ကို မလွှဲသာမရှောင်သာ ဂရုစိုက်နေရပေလိမ့်မည်။


"မင်းပျင်းလာရင်..."


ဖုယွမ်ချွမ်း ဘာကိုပြောလိုသလဲဆိုသည်အား ကျွင်းချင်ယွီ သိလိုက်ပြီး ထရပ်ကာ ဖုယွမ်ချွမ်းကို အပြင်သို့ တွန်းထုတ်လိုက်၏။


"စိတ်မပူပါနဲ့၊ ကျွန်တော် ကိုယ့်ဟာကိုယ် ဂရုစိုက်လိုက်ပါ့မယ်၊ ခင်များအလုပ်ပြီးပြီဆိုမှ ကျွန်တော့်ကို ပြန်လာရှာပါ"


ဖုယွမ်ချွမ်း စကားမဆုံးသေးမှီ ရှောင်ယွီထံမှ အားဖြင့် တံခါးပြင်ကို တွန်းထုတ်ခြင်းခံလိုက်ရသည်။ သူအပြင်ရောက်သွားသည့်အခါ သူက ပြောဖို့မမေ့ချေ။


"ဥာဏ်ရည်တုစက်ကို အမြဲဖွင့်ထားတယ်၊ တစ်ခုခုဆို စာပို့လိုက်နော်"


ကျွင်းချင်ယွီက နာခံစွာ တုန့်ပြန်၏။


"စောစောပြန်လာနော်"


"ကောင်းပြီ"


ဖုယွမ်ချွမ်းက ရေသူငယ်လေး၏ဆံပင်ကို ထိလိုက်သည်။


"သွားပြီးအနားယူတော့"


ကျွင်းချင်ယွီ ခေါင်းညိတ်ကာ တံခါးကိုပိတ်လိုက်သော်ငြား အနားယူခန်းထဲကို သွားမအိပ်ခဲ့ပေ။ ထိုအစား သူကစားပွဲကို သန့်ရှင်းလိုက်သည်။ သူကအပူခံဘူးကိုဖယ်လိုက်ပြီး သူနှင့်အတူ ယူလာလိုက်သည်။


ကျွင်းချင်ယွီ အနားမယူခဲ့ပေ။ သူက မအိပ်နိုင်သောကြောင့် ရုံးခန်းကို သန့်ရှင်းရေးလုပ်ခဲ့လေသည်။


သိပ်မကြာခင်မှာပင် တစ်စုံတစ်ယောက်က အပြင်မှနေ၍ တံခါးခေါက်လာသည်။


"မစ္စတာကျွင်း ၊ မင်းအိပ်နေပြီလား"


အသံအရတော့ ရှီခိုင်ရှင်းပင်။


ကျွင်းချင်ယွီ တံခါးဆီလျှောက်သွားပြီး ဖွင့်လိုက်သည်။


 "ဘာဖြစ်လို့လဲ ?"


အချိုပွဲအိတ်ကြီးနှစ်လုံးကိုသယ်လာလျက် ရှီခိုင်ရှင်းကပြောသည်။


"မာရှယ်လ်က အချိုပွဲနည်းနည်းလောက်ဝယ်ဖို့ ပြောလာလို့၊ သူပြောတာက မင်းအများကြီးမစားဘူးတဲ့၊ မင်းဆာလာရင် အချိုပွဲနည်းနည်းလောက်စားလိုက်"


ကျွင်းချင်ယွီ ကိုယ်ကိုလှည့်ကာ ဝင်လာခဲ့သည်။


"ဝင်လာခဲ့ပါ"


"ကောင်းပြီ"


ရှီခိုင်ရှင်း ပစ္စည်းတွေကို စားပွဲပေါ်ထားလိုက်သည်။ 


"အချိုပွဲတံဆိပ်နဲ့ ထုတ်ကုန်သစ်အကုန် ဒီမှာနော်"


သူက ကျွင်းချင်ယွီ မည်သည့်အရသာကိုကြိုက်လဲမသိပေ။ ရှီခိုင်ရှင်းက ရိုးရိုးရှင်းရှင်းပင် အားလုံးကိုဝယ်လာခဲ့၏။ များများပိုဝယ်တာက မမှားပေ။


ကျွင်းချင်ယွီ အိတ်ကိုစိုက်ကြည့်လိုက်ပြီး စားချင်စိတ်မရှိပေ။


"ထိုင်ပါဦး"


"အာ?.. အိုး"


ရှီခိုင်ရှင်းက ကျွင်းချင်ယွီနှင့်ဆန့်ကျင်ဘက်တွင် ထိုင်လိုက်သည်။


"ဘာဖြစ်လို့လဲ "


ကျွင်းချင်ယွီကပြောသည်။


"ဘာဖြစ်တာလဲဆိုတာ ငါ့ကို အတိအကျပြောပြ"


"မာရှယ်လ်ကအခု..."


"အဲတာကိုမမေးဘူး"


ဖုယွမ်ချွမ်းက အလုပ်များနေရကား သူကဘယ်လိုလုပ် ဖုယွမ်ချွမ်း စားသောက်နေစဥ်မှာ မေးခွန်းတွေကို မေးနိုင်မှာတဲ့လဲ။ တိတ်တဆိတ်စားသောက်ခြင်းက အချိန်တိုအတွင်း ပြီးသွားနိုင်သည်။


ရှီခိုင်ရှင်းက မာရှယ်လ်၏အမိန့်ကို သတိရသွားသဖြင့် ဖုံးကွယ်မထားတော့ဘဲ ပြောလိုက်သည်။ 


"တကယ်တော့ ဒီတစ်ကြိမ်မှာ ကျွန်တော်တို့အားလုံး အလွဲသုံးစားလုပ်ခံလိုက်ရတယ်၊ သူတို့က အဲတာကိုအခွင့်ကောင်းယူပြီး အစီရင်ခံစာမတင်ပြဘူး၊ ရလဒ်အနေနဲ့ သူတို့ကို ဖမ်းပြီး တပ်ဌာနချုပ်ကို ခေါ်သွားတယ်လေ၊ မာရှယ်လ်ကိုယ်တိုင်ထွက်လာမှပဲ သူတို့ကို လွှတ်ပေးလိုက်တာ။”


"သူတို့က အင်ပါယာခေါင်းဆောင်ရဲ့လူတွေလား"


ရှီခိုင်ရှင်းက ခေါင်းညိတ်ပြသည်။


"ဟုတ်တယ်"


ယင်းက အတိတ်ကနှင့်မတူချေ။ တစ်ခါတစ်ရံမှာ အစီရင်ခံစာတင်ဖို့ရာ နောက်ကျနေတတ်သည်။ ထိုအဖမ်းခံရခြင်းက ကံဆိုးလွန်းခြင်းလား၊ အခြားတစ်ခုခုလား သူမသိတော့ပေ။


ကျွင်းချင်ယွီက သစ်သီးလက်ဖက်ရည်ကို တစ်ငုံမျှသောက်လိုက်ပြီး


"မင်း သူတို့ကို ဘယ်လိုအခြေအနေမျိုးမှာ ကတိပေးထားတာလဲ"


နောက်ဆုံးတွင် တခြားအဖွဲ့က ဤမျှကြီးမားသည့် လက်ကိုင်ကို ဆုပ်ကိုင်ထားရကား လွှတ်ထားဖို့ရာ မဖြစ်နိုင်ပေ။


"မာရှယ်လ်က ကျွန်တော့်ကို အခြေအနေအတိအကျကို မပြောပြဘူး" 


ဤရှီခိုင်ရှင်းက တကယ်ကိုမသိပါချေ။ သူက ဖုယွမ်ချွမ်း၏နောက်ကို လိုက်သွားခဲ့သော်လည်း တံခါးဝမှာ စောင့်နေပြီး ဝင်မသွားပေ။


ရှီခိုင်ရှင်းက ပြောသည်။


"ဒါပေမယ့် မာရှယ်လ်က လီဂျီယန်ကို အတူစုဝေးဖို့ ကျွန်တော့်ကို အကြောင်းကြားခိုင်းတယ်၊ အဲဒါက အရင်ဇာ့ဂ်အဆိုပြုချက်နဲ့ ဆက်စပ်နေတယ်လို့ ထင်တယ်"


"ဇာ့ဂ်..." 


ကျွင်းချင်ယွီက မျက်မှောင်ကြုတ်လိုက်သော်ငြား သူက ထိုအဖြစ်အပျက်ကို ပြေးသတိရလိုက်သည် ။


ယင်းက အနာဂတ်မှာ ဘာတွေဖြစ်လာမယ်ဆိုတာကို ပြောဖို့ရာ တကယ်ကို ခက်သည်။


သူ့လက်ချောင်းထိပ်များက ဒက်စတော့ကို စည်းချက်ညီညီ ပုတ်ရင်းဖြင့် ကျွင်းချင်ယွီက ခေတ္တမျှ စဉ်းစားလိုက်ပြီး ဥာဏ်ရည်တုစက်ကို ထုတ်ကာ အွန်လိုင်းဆိုင်ရှိ ချက်တင်မှတစ်ဆင့် ဝမ်ချန်းယောင်ထံ စာပို့လိုက်သည်။ 


ဝမ်ချန်းယောင်က ဥာဏ်ရည်တုကိုကြည့်နေခြင်းဖြစ်ပြီး အမြန်စာပြန်လာခဲ့သည်။


ကျွင်းချင်ယွီ : [ကြိုတင်ပြင်ဆင်မှုပြီးမြောက်တာက ဘယ်လိုလဲ 】


ဝမ်ချန်းယောင် : [ပြီးခါနီးပြီ၊ မနက်ဖြန်လုပ်ဖို့ စီစဉ်ထားတယ် 】


ကျွင်းချင်ယွီ : [ခဏလောက်ပဲ၊ ငါ့ဆီကအသိပေးချက်ကိုစောင့်နေ 】


ဝမ်ချန်းယောင်: [မင်းအရင်က တတ်နိုင်သမျှ မြန်မြန်လို့ပဲ ပြောခဲ့တာမလား 】


ကျွင်းချင်ယွီ : [အစီအစဥ်ပြောင်းသွားပြီ၊ ဟိုမှာက ပြင်ဆင်မှုတွေ ပြီးခါနီးနေပြီ၊ မင်းညီမကိုတွေ့ဖို့ အရင်ပြန်လာလို့ရတယ်၊ မင်းပြန်လာမှ လုပ်တာနဲ့ အတူတူပါပဲ 】


ဝမ်ချန်းယောင်: [ကောင်းပြီ 】


ကျွင်းချင်ယွီက စကားပြောထားသည့်မှတ်တမ်းကို ဖျက်လိုက်ပြီး ဥာဏ်ရည်တုကို ခဏပိတ်လိုက်သည်။ သူက ခဏမျှစဥ်းစားပြီး ခေါင်းကိုလှည့်ကာ ရှီခိုင်ရှင်းကို မေးလိုက်သည်။  


"အချိန်သတ်မှတ်ထားပြီးပြီလား"


ရှီခိုင်ရှင်းက ခေါင်းခါလိုက်ပြီး


"မလုပ်ရသေးဘူး၊ ဒါပေမယ့် ဟိုဘက်မှာ အရမ်းတင်းမာနေတော့ သိပ်မကြာလောက်ဘူး"


"မင်းရောအတူသွားမှာလား"


ထိုမေးခွန်းက ရှီခိုင်ရှင်းကို တုန့်ဆိုင်းသွားစေသည်။


အနှီမေးခွန်းကို အရင်ကသာ သူကြားခဲ့ရပါမူ မဆိုင်းမတွပင် ဖြေပေလိမ့်မည်။ သူသေချာပေါက်သွားမယ်ဟူ၍။


ယခုမူ... သူအား မာရှယ်လ်မှ ကျွင်းချင်ယွီကို ကာကွယ်ရန်အတွက် ထားခဲ့လိမ့်မည်ဟု အမြဲခံစားနေရသည်။


သူပြန်မဖြေတာကိုမြင်ပြီး ကျွင်းချင်ယွီက တစ်စုံတစ်ခုကို အကြမ်းဖျင်း ခန့်မှန်းလိုက်နိုင်သည်။


 "နောက်ကလိုက်ဖို့ နည်းလမ်းရှာပါ၊ အာကာသယာဉ်က လမ်းခုလတ်မှာ မတော်တဆမှုလေးတစ်ခု ဖြစ်လို့ မပျံသန်းနိုင်ဘူး၊ မထွက်ခွာခင် ပြင်ဆင်ဖို့ ဘယ်ဂြိုဟ်မှာမဆို ရက်အနည်းငယ်တော့ နှောင့်နှေးနေလိမ့်မယ်"


အမှန်မှာ ထိုအချိန်တွင် ထွက်ခွာဖို့ မလိုအပ်ပါချေ။


ဤတွင် အဆင်ပြေပါက ချက်ချင်း ပြန်၍ရသည့်ခရီးလည်း ဖြစ်နိုင်၏။


"ဒါက..." 


ရှီခိုင်ရှင်းက ခေါင်းကုတ်လိုက်ပြီး အနှီကျွင်းချင်ယွီက သူ့အတွက် အလုပ်တွေ စီစဉ်တာကို အလေးအနက်ထားသလို ခံစားလိုက်ရသည်။


နောက်တစ်ခုက မှားသည်လို့ ခံစားရသော်ငြား သူမဖြေလျှင်လည်း ကျွင်းချင်ယွီ၏အခွင့်အာဏာမှာ မာရှယ်လ်နှင့် တန်းတူဖြစ်နေသည်။


ကျွင်းချင်ယွီကပြောသည်။ 


"မင်းမလုပ်နိုင်ရင် ငါယွမ်ချွမ်းကို တိုက်ရိုက်ပြောလိုက်မယ်လေ၊ သူက ငါ့စကားကို နားထောင်မှာပါ"


ဤကိစ္စကို ဖုယွမ်ချွမ်းသိသော်လည်း အာကာသယာဥ်အား ရပ်တန့်စေသူမှာ ဖုယွမ်ချွမ်းမဟုတ်ပေ။


'' ကျွန်တော်အကောင်းဆုံး ကြိုးစားမှာပါ'' 


ရှီခိုင်ရှင်းက မာရှယ်မပြောခင်မှာ ပြောလိုက်သည်။ရှီခိုင်ရှင်းက ကျွင်းချင်ယွီတွင် စီစဥ်စရာတစ်ခုခုရှိပါက မာရှယ်အား တုံ့ပြန်ချက် ပေးရန် လိုအပ်သည်။ 


ထိုအချိန်တုန်းက ဖုယွမ်ချွမ်းမှာခဲ့သော စကားများမှာ ကျွင်းချင်ယွီတွင် စီစဥ်စရာတစ်ခုခုရှိပါက သူ့ကိစ္စကို အဓိကအနေနှင့်လုပ်ပေးပြီး သူ့ကိုပြန်ပြောရန်မလိုဟူ၍ ဖြစ်သည်။


ဖြစ်နိုင်သည်မှာ ထိုအရာက ကိစ္စသေးသေးလေးကိုသာ ဆိုလိုခြင်းဖြစ်နိုင်သည်။ သို့သော် ယခုကိစ္စကအလွန်ကြီးသောကြောင့် သူမကူညီနိုင်ပေ။


ကျွင်းချင်ယွီ ရီခိုင်ရှင်းကို ကြည့်ပြီး ပြောလိုက်သည်။ "စိတ်မလှုပ်ရှားပါနဲ့"


ရှီခိုင်ရှင်း : "..."


ငါသေမလိုစိတ်လှုပ်ရှားနေတယ်၊ဟုတ်ပြီလား။


ကျွင်းချင်ယွီက မာရှယ့်ကို ပြောလိုက်မည်ဟု ပြောလာသော်ငြား အကယ်၍ မာရှယ်ကို ပြောပြလိုက်ပါက မာရှယ်က သူ့အား အရေးမကြီးသည့် အကြောင်းအရာလေးအတွက်နှင့် အစံရင်ခံနေသည်ဟု ထင်နေမည်လား။


အကယ်၍ သူ့ကို မပြောပြန်လျှင်လည်း ထိုကိစ္စသာ တစ်ခုခုမှားသွားပါက ဘာလုပ်ရမလဲ 


ရှီခိုင်ရှင်း၏ ဘဝတစ်သက်တာလုံးတွင် ဤကဲ့သို့ ကျဥ်းထဲကျပ်ထဲ မရောက်ဖူးပေ။


ကျွင်းချင်ယွီကပြောသည်။


" ယွမ်ချွမ်းက ပြီးရင် မင်းအတွက်အခြားဘာမှ မစီစဥ်ခဲ့ဘူးလား"


ရှီခိုင်ရှင်း ခေါင်းယမ်းလိုက်သည်။ သူ၏ အဓိကတာဝန်မှာ ကျွင်းချင်ယွီ ကို ကာကွယ်ရန်ဖြစ်သည်။


ဤရုံးခန်း၏ အပေါ်ဆုံးထပ်က သံပုံးပမာဖြစ်ကာ အလွန်လုံခြုံသော်လည်း ကျွင်းချင်ယွီကို သူ ကာကွယ်ရမှာပင် ဖြစ်သည်။


ကျွင်းချင်ယွီက ခဏမျှတွေးလိုက်ပြီး အခန်းကို ဆက်၍ ရှင်းလင်းလိုက်သည်။


ရုံးခန်းထဲသို့ ဖုယွမ်ချွမ်းနှင့် သန့်ရှင်းရေး စက်ရုပ်မှလွဲ၍ မည်သူမျှ မဝင်ရောက်နိုင်ပေ။ သန့်ရှင်းရေးစက်ရုပ်သည်လည်း ဖုန်များကိုသာ သန့်ရှင်းပြီး စားပွဲပေါ်မှ ပစ္စည်းများအား မထိပေ။


ရှီခိုင်ရှင်းက ယင်းကိုမြင်သည့်အခါ ဂရုထဲမှ ညီအစ်ကိုများအား သူတို့၏ထင်မြင်ချက်ကို မေးချင်ခဲ့သည်။ ထို့ ကြောင့်ပင် ဇာတ်လမ်းအားထပ်ကာထပ်ကာ ပြောမည့်အစား ထိုကိစ္စအား ရိုးရှင်းစေရန် သူက'ငါ့မှာ သူငယ်ချင်းတစ်ယောက်ရှိတယ်'ဟူသော စာကြောင်းဖြင့် စလိုက်သည်။


ရှီခိုင်ရှင်းက ဖြစ်စဥ်တစ်ခုလုံးကို ဖြည်းညင်းစွာ စာရိုက်နေပြီး ဇာတ်လမ်းတစ်ပုဒ်ဖြစ်လာအောင် ပြုလုပ်နေသည်။


ထိုအချိန်တွင် စက္ကန့်၃၀ကြာသည့် အသံဖိုင်တစ်ခု ရုတ်တရက် ဖောက်ခနဲထွက်ပေါ်လာသည်။ ရှီခိုင်ရှင်းမှာ မထင်မှတ်ထားသောကြောင့် လန့်ကာ သူ့လက်ချောင်းထိပ်ဖြင့် ထိမိသွားသည်။


''ရှီခိုင်ရှင်း၊ မင်းငါ့ကို နောက်နေတာလား၊ ငါ စာအိတ်နီတွေ အကုန်ပို့ပစ်လိုက်ပြီ၊ အခု မင်းပြောတာက သူတို့က အတူမနေကြဘူးဟုတ်လား၊ မင်း အဲ့အကြောင်းကိုမပြောခဲ့ဘူးလား.....''


ရှီခိုင်ရှင်း : "!!!"


ငါပွဲချင်းပြီး သေသွားပြီ။


ကျွင်းချင်ယွီက ထိုအသံကို နားထောင်နေကာ သူ့လက်ထဲမှ ဖိုင်ကို ချောမွေ့စွာထားလိုက်ပြီး ဖြည်းညင်းစွာ လှည့်ကြည့်လာသည်။ ''စာအိတ်နီဟုတ်လား''


ရှီခိုင်ရှင်း၏ အထိတ်တလန့်ဖြစ်သွားမှုကိုကြည့်ကာ ကျွင်းချင်ယွီ၏ မျက်လုံးများက ကျဥ်းမြောင်းသွားသည်။


မကြာသေးမီကပင် ''မဒမ်''တို့စုံတွဲအကြောင်းနှင့် ဆက်စပ်သည့် အခြားအတင်းအဖျင်းများလည်း ရှီခိုင်ရှင်းထံမှ ပေါက်ကြားခဲ့သည်။ 


ကျွင်းချင်ယွီက ဘာတွေဖြစ်နေတာလဲဆိုတာ နားလည်သွားပြီး အရင်က ရှီခိုင်ရှင်း ပြောခဲ့တာကို စဥ်းစားမိကာ သာမန်အတိုင်းပင် ပြောလိုက်သည်။


'' မင်းပါးစပ်က စည်းကမ်းရှိတယ်လား''


ကိုယ့်ကိုယ်ကို မြင့်မြင့်မားမား အကဲဖြတ်ထားတာပဲ


ရှီခိုင်ရှင်းက သူ၏ မကောင်းသောအမည်းစက်အား လူမိသွားသောအခါ ချောင်းဟန့်လိုက်ပြီး ထပ်ခါထပ်ခါလာနေသော အသံအားပိတ်လိုက်သည်။ဤဂရုထဲမှ လူများသည် ပုဂ္ဂိုလ်ရေးကိစ္စများအား မဆွေးနွေးကြပေ။


သူတို့ကိုshipဖို့ ငါ့ဆီကသတင်းအချက်အလက်တွေကို အားကိုးနေပြီးတော့ ဘယ်လိုလုပ် ငါ့ကိူ လှည့်စားတယ်လို့ပြောနိုင်ရတာလဲ။


ရှီခိုင်ရှင်းက စိတ်လှုပ်ရှားစွာဖြင့် တံတွေးမျိုချလိုက်ပြီးပြောသည်။


 '' ကျွန်တော်နေ့တိုင်းလုပ်နေရတဲ့ အရာတွေက စိတ်မချရဘူး၊ ကျွန်တော့်ရဲ့တစ်ခုတည်းသော ပျော်စရာက ဂရုထဲကညီအစ်ကိုတွေနဲ့ မင်းအကြောင်းကို အတင်းပြောရတာပဲ၊ အခုတော့ ကျွန်တော့်ရဲ့တစ်ခုတည်းသော ပျော်စရာလေးတောင်မရှိတော့ဘူး''


ကျွင်းချင်ယွီက မျက်ခုံးပင့်လိုက်ပြီး "ဒါဆို ငါက အကြိတ်အနယ် ကြိုးစားပေးရမှာပေါ့''


ရှီခိုင်ရှင်း ထိတ်လန့်သွားပြီး မသိစိတ်ဖြင့်မေးလိုက်သည်။ "ဘာကိုလဲ?"


ကျွင်းချင်ယွီက ဖိုင်ကိုချလိုက်ပြီး လမ်းလျှောက်လာကာ သူ၏ပုခုံးကို ပုတ်လိုက်သည်။


 "မင်းရဲ့ပျော်ရွှင်မှုတွေကို မြန်နိုင်သမျှ မြန်မြန်ပြန်ရအောင်ကြိုးစားပေးမှာလေ"


ရှီခိုင်ရှင်း: "???"


ငါ့အတွက်?၊ ဘာလဲ၊ ဒီဟာက? !


ရှီခိုင်ရှင်းက အံ့အားသင့်စွာဖြင့် မျက်လုံးပြူးသွားပြီး နှုတ်ခမ်းများလှုပ်သွားသော်လည်း စကားမပြောနိုင်ပေ။


အဲတာမဟုတ်ဘူးလား၊ အဲတာမဟုတ်ဘူးလား။


အဲတာက ငါတွေးနေတဲ့ဟာမဟုတ်ဘူးလား။


"မင်း... ဟမ်?"


ရှီခိုင်ရှင်း လက်ရှိစိတ်မှာ ဂြိုလ်အပျက်အစီးတစ်ခုမှ အင်ပါယာကိုထိမှန်သည့်အခါတွင် ဖြစ်လာသော မီးတောင်ပေါက်ကွဲမှုနှင့်တူသည်။

"ခဏ.."


ခဏမျှ ငြိမ်သက်သွားပြီးနောက် ရှီခိုင်ရှင်းက ကြောင်တောင်တောင်ဖြင့် မေးလိုက်သည်။


"အခု မာရှယ်လ်က မင်းကိုလိုက်နေတာမဟုတ်ဘူးလား"


Xxxxx