အပိုင်း ၆၀
Viewers 16k

Chapter 60


ရေသူအခြေစိုက်စခန်းတွင် စစ်ဆေးကြည့်ပြီး ရေသူမဥမဟုတ်ပါက ဤဥသည် သာမန်ဥတစ်လုံးသာဖြစ်နိုင်သည်။ ထို့နောက် ၄င်းကို ဂရုစိုက်ထားရုံသာ တတ်နိုင်ပြီး ကံကောင်းပါက တစ်ခုခုပေါက်ဖွားလာမည်ဖြစ်သည်။


အကယ်၍ ရေသူဥသာဖြစ်နေပါလျှင် ရေသူဥအား ပေါ့ပေါ့ဆဆ ပစ်လိုက်ခြင်းဖြင့် နုနယ်သော ရေသူပေါက်လေး ဥထဲတွင်သေဆုံးသွားပါက သူ့တာဝန်ဖြစ်လာလိမ့်မည်။


ယင်းတို့ကို စဥ်းစားပြီးနောက် ရှီခိုင်ရှင်းက ဤဥတည်ရှိမှု အကြောင်းကို မာရှယ်အားပြောပြရန် ဆုံးဖြတ်လိုက်သည်။


ဒါက ရေသူဥဖြစ်နိုင်လား


ကျွင်းချင်ယွီက ရေသူဥဟုထင်ရသည့်ဥကို လက်နှင့်ထိကြည့်လိုက်သည်။


လက်ချောင်းထိပ်များဖြင့် ဥပေါ်သို့ ကပ်ထားပြိး ဝိညာဥ်စွမ်းအားအနည်းငယ်အား တိတ်တဆိတ်ထုတ်လွှတ်လိုက်ပါက အထဲမှ တုံ့ပြန်ချက်တစ်ချို့ ပဲ့တင်ထပ်လာမည်ဖြစ်သည်။


သို့သော် အနည်းငယ်ထူးဆန်းသလို ခံစားလိုက်ရသည်။


ကျွင်းချင်ယွီသည် အခြားသော ရေသူများ၏ ဝိညာဉ်စွမ်းအားများ မည်ကဲ့သို့ ရှိသည်ကို မသိသော်လည်း ယခုအခါ ဤဥသည် ရေသူဥဖြစ်နိုင်ခြေ ပိုများလာသည်။


ရှီခိုင်ရှင်းက သက်ပြင်းချကာ'' ယွီကျစ် ဘယ်ကရလာလဲတော့မသိဘူး၊ သူက တာဝန်ပြီးဆုံးရုံမက သူက ဥတစ်လုံးပါ ပြန်ယူလာတယ်၊ အခုတော့ ဒါကို ဘယ်လိုဖြေရှင်းရမလဲ ငါလည်းမသိတော့ဘူး''


ရေသူပျိုးထောင်ရေး အခြေစိုက်စခန်းတွင် နိုင်ငံခြားရေသူမဥများကို လက်မခံပေ။ အဆုံးတွင် ဤအရာမှာ ရေသူဥဖြစ်နေသော်ငြားလည်း သင့်လျော်သည့်နေရာ မရှိပေ။


ရှီခိုင်ရှင်းက မဝံ့မရဲဖြင့် မေးလာသည်။ ''မာရှယ် ဒါမှမဟုတ် အဲ့ဒီဥကို ဒီမှာအရင်ထားခဲ့လိုက်မယ်လေ''


ဖုယွမ်ချွမ်းက ရေသူငယ်လေးကို တစ်ချက်ကြည့်လိုက်ကာ ''မဟုတ်ဘူး၊ အဲ့ဒါကိုပြန်ယူသွား''


ရှီခိုင်ရှင်းက ရေသူဥအား စိုးရိမ်တကြီးကြည့်ကာ '' ကျွန်တော်ကိုင်လိုက်မှ လက်ထဲက ချော်ပြီး ကျကွဲသွားမှာကြောက်တယ်၊ အလွှာတွေအများကြီးနဲ့ ဒီဟာကို ကိုင်ရမှာ ကြောက်တယ်''


ဖုယွမ်ချွမ်းက ''ရေသူဥတွေက အရမ်းမာတယ်'၊


မင်း ရိုက်ခွဲလို့တောင် မကွဲဘူး"


ဤသို့ မာကျောမှုနှင့် တူညီသောဥများမှာ အမှန်ပင် ရှားပါးလျက်ရှိသည်။


ကျွင်းချင်ယွီက ဤဥအား သူ့လက်နှင့် နေရာချရန်ကြိုးစားခဲ့ပြီး ယင်းမှာ သာမန်ဥများထက် ထူသည်ကို ခံစားလိုက်ရသည်။


တွေးနေရင်း ရုတ်တရက် အသံတစ်ခု ကြားလိုက်ရသည်။


"ဂျစ်..''


နောက်အခိုက်အတန့်တွင်တော့ ကျွင်းချင်ယွီထိတွေ့ထားသောနေရာမှ တဖြည်းဖြည်း အက်ကွဲစ ပြုလာခဲ့သည်။


ထွက်ပေါ်လာသော မတည်ငြိမ်သည့် စိတ်စွမ်းအင်များက သူ့မျက်နှာသို့ ရိုက်ခတ်လာခဲ့သည်။


ကျွင်းချင်ယွီ ခဏမျှထိတ်လန့်သွားပြီးနောက် စိုးရိမ်တကြီး အသက်ရှူလိုက်မိသည်။


''သတိထား'' ဖုယွမ်ချွမ်းသည် ဥထဲမှ တွားထွက်လာမည့်အရာကို စေ့ာင်မနေတော့ဘဲ ဥကိုအဝေးသို့ ပုတ်ထုတ်ကာ ကျွင်းချင်ယွီအား နောက်သို့ပို့ကာ ကာထားလိုက်သည်။


ကွဲအက်လက်စဥသည် ပြုတ်ကျကာ ဥခွံများမြေပြင်သို့ ကျကွဲသွားသည်။ သို့သော် အထဲမှ တွားထွက်လာသော အရာမှာ ရေသူမလေးမဟုတ်ဘဲ စေးကပ်သောအရည်များဖြင့် ဖုံးအုပ်ထားသည့် အနက်ရောင် ဇာ့ဂ်တစ်ကောင်ဖြစ်နေသည်။


ကျွင်းချင်ယွီက တွေးကာပြောလိုက်သည်။


"တစ်ချက်လောက်သွားကြည့်ရအောင်..."


"ဇာ့ဂ်ဥကို စိတ်ဝင်စားလို့လား?"


ကျွင်းချင်ယွီ ခဏမျှ တုန့်ဆိုင်းသွားပြီး "ခင်များ အဲတာနဲ့ပတ်သက်ပြီး တစ်ခုခုသိထားလား...." သူကထပ်မံ၍ ထိုင်လိုက်သည်။ ဖုယွမ်ချွမ်း၏ အေးဆေးတည်ငြိမ်နေသည့်ပုံစံကို ကြည့်ရလျှင် သူသိသော အချက်အလက်အချို့ ရှိပုံရသည်။


“ရေသူပျိုးထောင်ရေးအခြေစိုက်စခန်းက တတိယမြောက်အဖွဲ့အစည်းလေ၊ သူက ဘယ်လမ်းကြောင်းကိုမှ ဆန့်ကျင်မှာမဟုတ်ဘူးလို့ ကိုယ်ထင်တယ်၊ ဒီကိစ္စတွေကို ကိုင်တွယ်ဖို့ သူတို့မှာ ကိုယ်ပိုင် စည်းမျဉ်းတွေ ရှိတယ်။”


ဖုယွမ်ချွမ်းကပြောသည်။


"ဒီမတိုင်ခင်က ပြည်ပရေသူဥတွေကို လက်မခံရဘူးဆိုတဲ့စည်းမျဥ်း မရှိဘူး"


ဒါပေမယ့် ဘယ်လောက်ကြာပြီဆိုတာကိုလည်း သူအတိအကျမသိပေ။


"ဘယ်အချိန်က အဲဒီ့ စည်းမျဥ်းထုတ်တာလဲဆိုတာ ရှီခိုင်ရှင်းကို မေးလိုက်မယ်"


ကျွင်းချင်ယွီ ခေါင်းညိတ်လိုက်သည်။ သို့ဖြစ်လျှင် ရေသူပျိုးထောင်ရေးအခြေစိုက်စခန်းက ပြဿနာဥ ပေါ်လာကြောင်းကို သိပြီးဖြစ်ပေလိမ့်မည်။


ကျွင်းချင်ယွီ နားမလည်သေးပေ။


"ဒါပေမယ့် ရေသူဥထဲမှာ ဇာ့ဂ်ရှိနေတာကို အခြားတစ်ယောက်ယောက်ကသိနေရင် သူတို့ဘာလို့ သတင်းမပို့တာလဲ"


အပြင်ဘက်တွင် ရေသူရိုင်းဥများ အလွန်နည်းပါးသော်ငြား ယင်းတို့လုံးဝမရှိဘူးဟူသည့် အဓိပ္ပါယ် မဟုတ်ပါချေ။ တစ်စုံတစ်ယောက်က ရေသူဥအထင်ဖြင့် ကောက်သွားပြီးမှ အထဲမှဇာ့ဂ်တစ်ကောင်ထွက်လာပါမူ ကြောက်စရာများ ဖြစ်သွားနိုင်သည်။


ဖုယွမ်ချွမ်းက တိုးဖျော့စွာပြောလိုက်သည်။ 


"ကြားနေလေ..."


ကျွင်းချင်ယွီ : "...?"


ယင်းက ကြားနေဆိုသော်ငြား အင်ပါယာခေါင်းဆောင်ဘက်ကို လိုက်နေသည်ပင်။


ကြည့်ရသည်မှာ ရေသူပျိုးထောင်ရေးအခြေစိုက်စခန်းနောက်ကွယ်မှ လူများမှာ တည်ငြိမ်ပုံမရချေ။


မည်သို့ဆိုစေကာမူ သူတို့က ယင်းကိစ္စအား ထုတ်ဖော်ပြောကြားမည် မဟုတ်သည့်အပြင် မည်သည်တို့ဖြစ်လာပါစေ အပြစ်ရှိမည်မဟုတ်သလို တာဝန်ကိုလည်း ရှောင်လွှဲနိုင်မည်ဖြစ်သည်။


စကားပြောနေစဥ် ဧည့်ကြိုဌာနမှ သူတို့မှာယူထားသည့် စားစရာများကို ပို့လာသည်။


ဖုယွမ်ချွမ်းက ပြောလိုက်သည်။ "အရင်စားရအောင်၊ ယွီကျစ်က ခဏနဲ့နိုးလာဦးမှာမဟုတ်ဘူး..."


ကျွင်းချင်ယွီ၏အတွေးများမှာ ဥအပေါ်မှာသာ ရှိလေသည်။ သူက အသားကင်ကို တစ်ကိုက်မျှကိုက်ပြီး စားနေရင်းဖြင့် ဥကို မည်သို့အသုံးချရမည်ကို တွေးနေလေသည်။


ယင်းက ဥသေတစ်လုံးဖြစ်သည့်တိုင် မှန်မှန်ကန်ကန် ကိုင်တွယ်နိုင်ပါလျှင် ရေသူပျိုးထောင်ရေးအခြေစိုက်စခန်း၏မျှခြေကို စစ်ဆေးပြီး အလျှော့အတင်းလုပ်ကာ ခြယ်လှယ်ရန် ကောင်းမွန်နိုင်သည်။


ရေသူပျိုးထောင်ရေးအခြေစိုက်စခန်းမှာ အမှန်ပင် အင်ပါယာခေါင်းဆောင်၏ ဘက်တော်သားဖြစ်ပါမူ လိုအပ်သည့်ပြင်ဆင်မှုများ ပြုလုပ်ရန် လိုအပ်နေဆဲပင်။


ကျွင်းချင်ယွီက သူ့အတွက် အမဲသားမိုးခိုသားတစ်ပိုင်းပေးပြီး မေးလိုက်သည်။


"ယွမ်ချွမ်း၊ ဒီဥနဲ့ပတ်သက်ပြီး ဘာလုပ်ဖို့ စီစဥ်ထားလဲ"


"မင်းလိူချင်လို့လား"


ဖုယွမ်ချွန်းက ကျွင်းချင်ယွီထံမှ မည်သည့်စကားမှ ထပ်မလိုပဲ ရှောင်ယွီ၏အတွေးများကို အလွယ်တကူ ခန့်မှန်းနိုင်လေသည်။


ကျွင်းချင်ယွီက ပြုံးကာဖြင့် "ဒါဆို ခင်များက ပေးမှာလား"


"ဒါပေါ့၊ ကိုယ်မင်းကို ပေးမှာပါ"


အနှီဥမှ ပါဝင်ပတ်သက်နေသည့်အရာများစွာ ဆွဲထုတ်နိုင်သော်ငြား ငါးလေးသာလိုချင်လျှင် သူက သဘာဝကျကျပင် ပေးလိုက်မှာဖြစ်သည်။


ဖုယွမ်ချွမ်းက သေချာပင်ဖြေပေးလာရာ ကျွင်းချင်ယွီ မနေနိုင်ဘဲ မျက်လုံးတွေကွေးညွတ်သည်အထိ ပြုံးလာသည်။


"ကျွန်တော် အဲတာနဲ့ဘာလုပ်မှာလဲလို့ မမေးတော့ဘူးလား"


"မင်းစိတ်ကြိုက်လုပ်ပါ"


"ခင်များကအကောင်းဆုံးပဲ"


---


ထမင်းစားပြီးနောက် ကျွင်းချင်ယွီက ဇာ့ဂ်ဥကိုယူဖို့ရာ ရှီခိုင်ရှင်းထံ သွားလိုက်သည်။


ဖုယွမ်ချွမ်းက ထိုအကြောင်းကို တွေးပြီးနောက်တွင် သူနှင့်အတူ မလိုက်သွားဖို့ ဆုံးဖြတ်လိုက်သည်။၊


"ဧည့်ခန်းက ခုနစ်လွှာမှာရှိတယ်။ အချိန်ကျလာရင် သူ့ကို ဆက်သွယ်လိုက်နော်၊ ကိုယ်က လုပ်စရာရှိသေးလို့။ ဥရပြီးတာနဲ့ အိမ်ပြန်ကြမယ်။


"ဟုတ်ကဲ့ပါ"


ကျွင်းချင်ယွီက နာခံမှုအပြည့်ဖြင့် တုံ့ပြန်ပြီး ချဉ်းကပ်၍ နမ်းလိုက်ရင်း လက်ဝှေ့ယမ်းပြကာပြောသည်။ 


"သွားတော့မယ်..."


ဖုယွမ်ချွမ်း ထိတ်လန့်သွားပြီးနောက် ယင်းကမှားနေကြောင်းကို ရှောင်ယွီကိုပြောဖို့ရာ မေ့နေသည်အား သတိရသွားလေသည်။


သို့သော်လည်း သူဆွံ့အနေချိန်တွင် ရှောင်ယွီက ထွက်သွားချေပြီ။


ဖုယွမ်ချွမ်းက ခေါင်းယမ်းလိုက်၏။


နောက်မှပေါ့၊ နောက်တစ်ကြိမ်မှပေါ့။


ကျွင်းချင်ယွီ ထွက်လာစဥ်က ရှီခိုင်ရှင်းထံ စာပို့ခဲ့သော်ငြား မည်သူကမျှ စာပြန်မလာပေ။ မမြင်တာ ဖြစ်ကောင်းဖြစ်နိုင်သည်။


ခုနှစ်လွှာတွင် လူများစွာရှိနေပြီး ထိပ်ဆုံးထပ်နှင့်ယှဥ်လျှင် အတော်လေး ရှုပ်ထွေးနေ၏။


ဇာ့ဂ်ဥကို ကျွင်းချင်ယွီ စစ်ဆေးစဥ်က ဝိဥာဥ်စွမ်းအင်အချို့ကို သုံးခဲ့ပြီး အမှတ်အသားလုပ်ထားခဲ့သည်။ ထို့ကြောင့် ယင်းကို တိုက်ရိုက်ပင် ရှာနိုင်လေသည်။


"ဟင်... မင်းကဘာလို့ ဒီရောက်နေတာလဲ၊ မာရှယ်ကရော"


သူထိုစကားကိုကြားလိုက်သည်နှင့် ရှီခိုင်ရှင်းက သူ၏ဥာဏ်ရည်တုကို မကြည့်ခဲ့ကြောင်း သိလိုက်ရလေသည်။


ကျွင်းချင်ယွီကပြောလိုက်သည်။ "ငါ ဇာ့ဂ်ဥကို လာယူတာ"


"ဇာ့ဂ်ဥလား၊ ဘာလို့ အဲတာကို လိုချင်တာလဲ"


မေးရင်း ရှီခိုင်ရှင်းက ခေါင်းကိုလှည့်ကာ ပြောလိုက်သည်။ 


"အရင်ဝင်လာခဲ့၊ ကျွန်တော် မင်းကိုပေးမယ်"


အိပ်ဆောင်အတွင်းတွင် ယွီကျစ်က နိုးနေပြီဖြစ်သည်။ ကျွင်းချင်ယွီ ဝင်လာသည်ကိုမြင်သည့်အခါ သူ့မျက်နှာထက်တွင် အံ့သြမှုတစ်စုံတစ်ရာ မရှိပေ။


အနှီလူက ရှီခိုင်ရှင်း၏အုပ်စုဖွဲ့စကားပြောခန်းမှ လူတစ်ဦးဆိုသည်ကို ကျွင်းချင်ယွီ နားလည်လိုက်သည်။ 


ယွီကျစ်က သူ၏မစ်ရှင်ကြောင့် သတိမေ့သွားခဲ့သည်ဟု ယူဆလိုက်ရင်း ကျွင်းချင်ယွီ သူ့ဘေးနားတွင်ရပ်လိုက်သည်။ ပြီးနောက် သူ့အားကူညီစစ်ဆေးရန် ဝိဥာဥ်စွမ်းအင်တို့ကို ထုတ်လွှတ်လိုက်သည်။


ကံကောင်းစွာဖြင့် ယင်းကရိုးရှင်းသည့်ကိစ္စသာဖြစ်ပြီး အခြားဘာမှမဟုတ်ချေ။


ရှီခိုင်ရှင်းက အိတ်တစ်လုံးကိုယူလာခဲ့သည်။ ယင်းကိုအိတ်ထဲထည့်ထားရသည်မှာ ပိုအဆင်ပြေသည်။


"ဇာ့ဂ်ဥက ဒီထဲမှာ"


"ကောင်းပြီ" ကျွင်းချင်ယွီက ဇာ့ဂ်ဥကိုယူပြီးသည်နှင့် ချက်ချင်းထွက်မသွားသေးဘဲ မေးလိုက်သည်။


"မင်း ဒီဇာ့ဂ်ဥကို ဘယ်ကရလာတာလဲ၊ ထပ်ရှိလောက်သေးလား"


ထိုစကားကို ရှီခိုင်ရှင်းကြားသည့်အခါ သူက ယွီကျစ်ကို ကြည့်လိုက်သည်။ ထိုမေးခွန်းက သူ့ကိုမေးလာခြင်းမဟုတ်ပေ။


ယွီကျစ်က သူ့ခေါင်းကို ခါယမ်းလိုက်ပြီး"ကျွန်တော်က တိုက်ဆိုင်ပြီး ရလာတာတစ်ခုပါပဲ၊ ဥတွေအများကြီးရှိတယ်၊ဒါပေမယ့်ဥတစ်ခုစီတိုင်းအတွက် ထူးခြားတဲ့မှတ်တမ်းတစ်ခုစီလည်းရှိတယ်၊အဲဒီ့ ထုတ်ယူလာတဲ့ဥသေကလွဲရင် အကုန်ဖျက်ဆီးထားတယ်၊ ပျက်စီးနေတဲ့နေရာကနေ အဲတာကိုယူလာတာ"


တစ်၀က်လောက်သာ မဖျက်ဆီးခံထားရဘူးဆိုရင် ဥအခွံကလည်း ပျက်စီးလွယ်မှာမဟုတ်ဘူး။


"ဥတွေအများကြီးကို ဘယ်မှာတွေ့ခဲ့တာလဲ"


ယွီကျစ်ကဆိုသည်။ "လူအိုကြီးနေတဲ့ အမှောင်ခန်းတစ်ခန်းရှိတယ်" မူလပန်းတိုင်မှာ ဒေတာတွေဖြစ်သော်ငြား ယင်းကိုမမျှော်လင့်ဘဲ တွေ့ခဲ့ရခြင်းဖြစ်ကာ ရိုးရိုးရှင်းရှင်းပင် ဥကို ပြန်ယူလာခဲ့ခြင်းဖြစ်သည်။


ကျွင်းချင်ယွီ ခေါင်းညိတ်လိုက်ကာဖြင့် "ကျေးဇူးပါပဲ "


ယွီကျစ်က ပြုံးကာပြောလိုက်သည်။ "ကျေးဇူးတင်ဖို့မလိုပါဘူး၊ ကျွန်တော် လုပ်သင့်တာပါ"


ကျွင်းချင်ယွီက ယွီကျစ်၏သဘောထားမှာ အနည်းငယ်ထူးဆန်းသလို ခံစားလိုက်ရသည်။ သူက မျက်ခုံးပင့်ကာ ရှီခိုင်ရှင်းထံ ကြည့်လိုက်လေသည်။ 


ရှီခိုင်ရှင်းက မျက်နှာကြက်ကို အရူးတစ်ယောက်ပမာ ကြည့်နေလေသည်။ 


ကျွန်တော် မဟုတ်ဘူးနော်၊ ကျွန်တော် မဟုတ်ဘူး၊ ကျွန်တော် ဘာမှမသိဘူး၊ ဘာမှလာမမေးနဲ့။


ကျွန်တော်က ပါးစပ်လုံတယ်။ ကျွန်တော် ဘာမှမပြောဘူး။


ကျွင်းချင်ယွီ သိသွားပြီဆိုတာကို ရှီခိုင်ရှင်း သိသွားသည်နှင့် သူက အကြောင်းအရာကိုပြောင်းပစ်ပြီး မေးလာသည်။


"အော... ဟုတ်သားပဲ ၊ ဘာလို့မာရှယ်က မင်းနဲ့အတူ မလာတာလဲ"


"သူက လုပ်စရာတစ်ခုခုရှိတယ်လို့ပြောတယ်၊ ငါ့ကို ဒီလာပြီး ဇာ့ဂ်ဥကိုအရင်ယူခိုင်းလိုက်တာ"


ကျွင်းချင်ယွီက အိတ်ထဲမှ ဇာ့ဂ်ဥကို ကြည့်လိုက်သည်။ ဘယ်လိုပင်ကြည့်ကြည့် ဥခွံတစ်ဝက်တွင် ငုံးတစ်ကောင် ခိုနေသည်နှင့် တူလှသည်။  


ရှီခိုင်ရှင်းက ခေါင်းညိတ်လိုက်သည်။ "လျော့ရဲနေတာတွေကို အပြီးသတ်အောင် ရှင်းသင့်တယ်"


ကျွင်းချင်ယွီ ခဏမျှ ထိတ်လန့်သွားရသည်။


"ဘာလျော့ရဲနေတာတွေလဲ"


"မာရှယ်က ဒီကိုမကြာခဏ လာလေ့မရှိဘူးလေ၊ သူထွက်သွားတာနဲ့ ဖိုင်တွေကို ရှင်းရတယ်၊ စာရွက်ဖိုင်တွေနှင့် အချို့ဒေတာဖိုင်တွေ၊ အသံဖမ်းထားတာတွေ၊ အဲလိုမျိုးတွေကို ဖျက်ဆီးရတယ်လေ၊ ဖျက်ဆီးသင့်တာကို ဖျက်ဆီးပြီး အသုံးလိုတာတွေကို cloudထဲမှာ သိမ်းရတယ်"


"ဘာအချက်အလက်မှ ဒီမှာကျန်လို့မရဘူး"


သူက မကြာခဏလာလေ့မရှိသလို အခြားမည်သူမှလည်း ဖုယွမ်ချွမ်း၏ရုံးခန်းထဲကို ဝင်ခွင့်မရှိပေ။ တစ်ခုခု ပျောက်ဆုံးသွားသည်နှင့် ဘယ်အချိန်မှာ ရှာဖွေတွေ့ရှိမလဲဆိုတာ မသေချာပေ။


ထို့ကြောင့် အကြိမ်တိုင်း သူမထွက်သွားမှီတွင် ဖုယွမ်ချွမ်းက မည်သည့်သတင်းအချက်အလက်မှမကျန်အောင် ရှင်းလင်းပေလိမ့်မည်။


ယင်းက ဒုက္ခများသော်ငြားလည်း အချက်အလက်များကို လျှို့ဝှက်ထားရန် နည်းလမ်းကောင်းတစ်ခုဖြစ်လေသည်။


ကျွင်းချင်ယွီ ခေါင်းညိတ်လိုက်သည်။ "သွားတော့မယ် "


"ကောင်းပါပြီ"


ကျွင်းချင်ယွီ ပြန်ရောက်သည်အထိ ဖုယွမ်ချွမ်းက မပြီးသေးပေ။


"ခင်များဘာလုပ်နေတာလဲ " ကျွင်းချင်ယွီ လျှောက်သွားပြီး ကြည့်လိုက်သည်။ယင်းကိုမြင်ရသည်မှာ ဗီဒီယိုဖိူင်တစ်ခုကို ဘောင်အတွင်းမှ ကြည့်နေရသလိုပင်။


"စောင့်ကြည့်မော်နီတာ" ဖုယွမ်ချွမ်းက တိုးတက်မှုဘားကို အနောက်သို့ အနည်းငယ် ပြန်လှည့်လိုက်ပြီး ပြောလိုက်သည်။ "ဖိုင်အရေအတွက်က မကိုက်ဘူး"


စောင့်ကြည့်မောနီတာမှာ ဒက်စ်တော့ပေါ်တွင်ရှိပြီး ကော်ပီတိုင်းသည်စောင့်ကြည့်စစ်ဆေးမှုအောက်တွင်ရှိကြောင်းသေချာစေရန်အတွက် ဖိုင်များကို ဖြန့်ထားသည်။


ကျွင်းချင်ယွီ ထိတ်လန့်သွားမိသည်။


Xxxxxxx