အပိုင်း ၆၁
Viewers 18k

Chapter 61


စောင့်ကြည့်မော်နီတာမှာ ဒက်စ်တော့ပေါ်တွင်ရှိပြီး ကော်ပီတိုင်းသည်စောင့်ကြည့်စစ်ဆေးမှုအောက်တွင်ရှိကြောင်းသေချာစေရန်အတွက် ဖိုင်များကို ဖြန့်ထားသည်။


ကျွင်းချင်ယွီ ထိတ်လန့်သွားပြီး " စောင့်ကြည့်နေတာလား"


စောင့်ကြည့်မော်နီတာက ဘယ်သူ့ကိုမှမဖမ်းမိစေရန် သူကလှည့်ပတ်ကြည့်နေသည်။ကင်မရာထဲတွင်ဖိုင်များသာရှိသော်လည်း မည်သည့်အသံကိုမှတ်တမ်းတင်ထားသည်ကိုသူမသိပေ။


"ဟုတ်တယ်" ဖုယွမ်ချွမ်းကသူ့ကိုသကြားလုံးတစစ်ခုပေးလိုက်သည်။


"ခဏစောင့်နော်၊မကြာခင်အဆင်ပြေသွားမှာပါ"


ကျွင်းချင်ယွီက အနောက်ကို ဖြည်းဖြည်းချင်းရွေ့လျားနေသည့် တိုးတက်မှုဘားကိုကြည့်လိုက်ပြီး ခေတ္တမျှတွေးကာ ပြောလိုက်သည်။


"ယွီကျစ်နိုးလာပြီ၊ သူ့ကိုတစ်ခုခု မေးစရာရှိလား၊ ဒါမှမဟုတ် ကျွန်တော် ခင်များကို ဖိုင်တွေစစ်ကူမယ်လေ၊ ခင်များ ယွီကျစ်ကို အရင်သွားတွေ့လိုက်ပါလား"


"မေးစရာမလိုပါဘူး၊ ရီပို့မှာ အကုန်ရေးထားတယ်"


"အမ်း... ဇာ့ဂ်ဥအကြောင်းကရော"


"အဲတာလည်း ရေးထားတယ်" ဖုယွမ်ချွမ်းက စာဖိုင်ကို ထုတ်ယူလိုက်သည်။ "မင်းစိတ်ဝင်စားရင် ကြည့်လို့ရတယ်"


 


ကျွင်းချင်ယွီ : "..."


ယင်းစာဖိုင်ကို ကိုင်ထားပြီး ကျွင်းချင်ယွီ နှုတ်ခမ်းကို ဖိကိုက်လိုက်ရင်း တိုးတက်မှုဘားနောက်ကို ရွေ့သွားသည်ကို တွေ့လိုက်ရသည်။ 


အချိန်အရဆိူလျှင် သူရှီခိုင်ရှင်းနှင့် စကားပြောနေသည့်အချိန်က သိပ်ကြာလိမ့်မည်မဟုတ်ပေ။


ကျွင်းချင်ယွီက မည်သည့်စာဖိုင်ကိုမှ သတိမရတော့ချေ။ သူက ထိုစာဖိုင်များအား ချိတ်ရောင်စုံဖြင့် ချိတ်ဆွဲထားသည်ကိုသာ မှတ်မိတော့သည်။


အခြားအရာများကိုမူ မထိထားဘဲ ချန်ထား၏။


သဘာဝကျကျပင် မည်သည့်နံပါတ်က မှားနေသလဲဆိုတာကို သူမသိပေ။


ကျွင်းချင်ယွီ ခဏမျှစဥ်းစားပြီးနောက် ပြောလိုက်သည်။


"ကျွန်တော် ခင်များကို ကူရှာပေးမယ်လေ၊ စားပွဲပေါ်က စာရွက်စာတမ်းတွေကို ကျွန်တော် ခွဲထုတ်လိုက်မယ်၊ အဲတာကို ဖတ်ပြီးတော့ ကျွန်တော် မှတ်မိမယ်ထင်တာပဲ"


"ရပါတယ် ၊ စားပွဲပေါ်မှာ ကိတ်ရှိတယ်၊ စားရင်းစောင့်နေ၊ ခဏဆိုပြီးပြီ"


"ဒါပေမယ့် ကျွန်တော်..." ကျွင်းချင်ယွီ အပြီးထိမဆိုရသေးမှီ ဖုယွမ်ချွမ်း၏ ဥာဏ်ရည်တုက မြည်လာပြီး သူကအလျင်အမြန် ပြောလိုက်သည်။


"သွားပြောလိုက်၊ ကျွန်တော် ခင်များကို ရှာကူမယ်"


ဖုယွမ်ချွမ်းက ခေါ်ဆိုသူIDကို ကြည့်လိုက်ပြီး ထရပ်ကာ သူ့(JQY)ခေါင်းလေးကို ထိလိုက်သည်။ "ကိုယ် အောက်ထပ်ကို သွားလိုက်ဦးမယ်"


"သွားပါဆို၊ သွား"


ကျွင်းချင်ယွီမှာ ဘာလုပ်ရမှန်းမသိဘဲ ရုန်းကန်နေရဆဲဖြစ်သော်လည်း ယခုအခါ ဖုယွမ်ချွမ်းက အာက်ထပ်ကိုဆင်းသွားသဖြင့် စိတ်သက်သာစွာသက်ပြင်းချလိုက်သည်။


ဖုယွမ်ချွမ်း ထွက်သွားသည်နှင့် ကျွင်းချင်ယွီက ကွန်ပျူတာရှေ့တွင်မြန်မြန်ထိုင်ကာ သူနှင့်ရှီခိုင်ရှင်းစကားပြောနေသည့်အချိန်ကို အချက်အနည်းငယ်နှိပ်လိုက်ပြီးအမြန်ခုန်ကျော်လိုက်သည်။


မနက်စောစောဖြစ်ကာ အသံများထွက်နေသောကြောင့် ထိုနေရာကိုအနီရောင်နှင့်မှတ်ထားလေသည်။


သူသာ အလွန်အကျွံဖျက်လိုက်လျှင် ယင်းကိုဖမ်း၍ ရမည်မဟုတ်ချေ။ ထိုအရာကို နားထောင်သည့်အခါ ပြဿနာကိုရှောင်ရှားရန်အလို့ငှာ ကျွင်းချင်ယွီက ထိုအရာကို အရင်မဖျက်ဘဲ "ရှီခိုင်ရှင်း၏ ပျော်ရွှင်မှု ပြန်ရအောင်လုပ်ပေးမည်"ဟူသော စကားပါဝင်သည့်နေရာကိုသာ အရင်ဖျက်လိုက်လေသည်။ 


ပြီးနောက်တွင် သူက ယင်းကို နှစ်ကြိမ်မျှ နားထောင်ပြီးနောက် ကြားရသည်ကို ချိတ်ဆက်နိုင်လျှင်ပင် မည်သည့်ပြဿနာကိုမှ သတိမထားမိချေ။


ထိုအရာပြီးသွားသည်နှင့် ကျွင်းချင်ယွီ အခြားမည်သည်ကိုမှမလုပ်နိုင်မှီမှာပင် ဖုယွမ်ချွမ်းက သူ၏အလုပ်ပြီး၍ ပြန်ရောက်လာသည်။


ကျွင်းချင်ယွီ ကြည့်လိုက်ရာ ဖုယွမ်ချွမ်းက လက်ထဲတွင် သေတ္တာကြီးတစ်လုံးသယ်ထားသည်ကို တွေ့လိုက်ရသည်။ "အမြန်ချောပို့လား"


"ရေခဲမုန့်" ဖုယွမ်ချွမ်းက ဘေးမှာထားလိုက်ပြီး ကျွင်းချင်ယွီထံလျှောက်လာကာ သူ့ကိုမေးလိုက်သည်။


"မင်းဘာလုပ်နေတာလဲ "


"ဖိုင်တွေ၊ ကျွန်တော် ရှာဖို့ကြိုးစားနေတာ"


ဖူယွမ်ချွမ်းက မေးသည်။ "ရှာတွေ့လား"


ကျွင်းချင်ယွီ ခေါင်းယမ်းလိုက်သည်။ "ဟင့်အင်း..."အတိအကျပြောရရင် ရှာချိန်ကို မရလိုက်ဘူး။


ဖုယွမ်ချွမ်းက ထပ်မံ၍ ဘာကိုမှ မပြောတော့ပေ။ ကျွင်းချင်ယွီက တစ်ခုခုတော့မှားနေပြီကို မရေမရာခံစားလိုက်ရသဖြင့် မေးလိုက်သည်။


"ခင်များ ဘာဖြစ်နေတာလဲ "


"ရှောင်ယွီ၊ မင်းသိလား၊ ဒီရုံးခန်းရဲ့ လုံခြုံရေးအတင့်က အရမ်းမြင့်တာကိုလေ"


"ကျွန်တော် သိပါတယ် " ဒီမတိုင်ခင်က ခင်များရဲ့ အထောက်အထားကိုထည့်လိုက်တာကို တွေ့တာပဲကို။ ဘာလို့ အခုမှလာပြောနေရတာလဲ။


ဖုယွမ်ချွမ်းက ခေါင်းညိတ်ကာ ထပ်ပြောလိုက်သည်။


"စောင့်ကြည့်ဗီဒီယိုတွေက အရေးကြီးဖိုင်တွေကို ဦးတည်ထားတာ၊ တစ်စုံတစ်ယောက် ခိုးဝင်လာပြီး ဖိုင်တွေခိုးတာရယ်၊ စောင့်ကြည့်ဗီဒီယိုအချက်အလက်တွေကို ဖျက်မှာတွေရယ်ကို ကာကွယ်ဖို့ စောင့်ကြည့်ဗီဒီယိုတွေမှာ အကာအကွယ်တပ်ထားတယ်"


ကျွင်းချင်ယွီ သူ့နှလုံးသားထဲမှနေ၍ မနှစ်မြို့ဖွယ်ကောင်းသည့် ကြိုတင်ခန့်မှန်းမိမှုနှင့်အတူ ထိတ်လန့်လာသည်။ ။


"ဘာ အကာအကွယ်လဲ"


"ဖျက်လိုက်တဲ့အပိုင်းက ဖျက်တာနဲ့တပြိုင်နက် ကိုယ့်ရဲ့ဥာဏ်ရည်တုထဲ ရောက်လာလိမ့်မယ်"


"..."


ကျွင်းချင်ယွီ ချက်ချင်း ထရပ်လိုက်သော်ငြား စားပွဲနှင့်ထိုင်ခုံကြားမှ မထွက်နိုင်မှီမှာပင် ဖုယွမ်ချွမ်းထံ၌ အဖမ်းခံလိုက်ရသည်။


"ခဏလေး..."


ထိုအချိန်ခဏလေးအတွင်း၌ သူ့စကားမဆုံးမှီမှာပင် ကျွင်းချင်ယွီတစ်ယောက် ထိုင်ခုံပေါ်ကို ပြန်သယ်ခံလိုက်ရသည်။


ဖုယွမ်ချွမ်းက သူ့ရှေ့တွင် သန်မာမှုအပြည့်ဖြင့်ရပ်နေကာ လက်နှစ်ဖက်က ကုလားထိုင်လက်ရန်းကို ကိုင်လျက် ပြင်းပြင်းထန်ထန် သူ့ကိုထိန်းချုပ်ထားလေသည်။


ဖုယွမ်ချွမ်းက ဖြည်းဖြည်းချင်း ကိုယ်ကိုကိုင်းကာ ချဥ်းကပ်ရင်း တိုးတိုးလေးပြောသည်။ 


"ရှင်းပြပေးမလား"


ကျွင်းချင်ယွီ မျက်တောင်တိူ့ကို တဖျတ်ဖျတ်ခတ်လိုက်လေသည်။ အကွာအဝေးက နီးကပ်လွန်း၏။ သူက အသက်ရှူနေရင်း ဖုယွမ်ချွမ်း၏နှလုံးခုန်သံကိုပင် ကြားနေရသည်။


ဖုယွမ်ချွမ်းက အပေါ်ယံတွင် ထင်ထားသည်ထက် များစွာတည်ငြိမ်နေပုံရ၏။


ဖုယွမ်ချွမ်း၏ ကြောက်ရွံ့စိတ်လှုပ်ရှားမှုကို ရိပ်မိသည်နှင့် ကျွင်းချင်ယွီ တည်ငြိမ်သွားသည်။ သူက ခေါင်းမော့ကာ ဖုယွမ်ချွမ်းထံ မရှောင်လွှဲပဲ စိုက်ကြည့်လိုက်သည်။


"ကျွန်တော်ရှင်းပြရင် ဘယ်လိုဖြစ်မှာလဲ"


"ဘာရယ်"


ကျွင်းချင်ယွီက အလျင်အမြန်ပင် ကိုယ်ကိုကိုင်းကာ ဖုယွမ်ချွမ်း၏နှုတ်ခမ်းထက်ကို အနမ်းဖွဖွပေးလိုက်ပြီး ထိတ်လန့်သွားသည့် ဖုယွမ်ချွမ်းကို အပြုံးတစ်ပွင့်ဖြင့်ကြည့်ရင်း "ဒါဆိုရင်ရော ဖြေရှင်းချက်လို့ သတ်မှတ်လို့ရလား"


"ဒါကအလုပ်မဖြစ်ဘူးလို့ ခင်များထင်ရင် ကျွန်တော် လုပ်နိုင်... "


သူမည်သည်ကိုမှ မပြောနိုင်တော့ပေ။ စကားလုံးများက သွားနှင့်နှုတ်ခမ်းများကြားထဲတွင် အတင်းအကြပ် ခြေဖျက်ခြင်းခံလိုက်ရသည်။


ကျွင်းချင်ယွီက မျက်လုံးကို ရုတ်တရက်ဖွင့်လိုက်ပြီး အသက်ရှူမဝတော့သလို ခံစားလိုက်ရသည်။ 


နူးညံ့သည့်အနမ်းက ပြင်းထန်ပြီး နူးညံ့သည်။


ကျွင်းချင်ယွီက ဖုယွမ်ချွမ်း၏လည်တိုင်ကို တွယ်ချိတ်လိုက်ပြီး မျက်လုံးမှိတ်ကာဖြင့် အနမ်းကို ငြင်သာစွာ တုန့်ပြန်လိုက်သည်။ ထိုမှ ပိုမိုပြင်းထန်သည့်တိုက်ခိုက်မှု(အနမ်း)ကို ဦးတည်သွားတော့၏။


"ယွမ်... ယွမ်ချွမ်း...".


ကျွင်းချင်ယွီက စကားလုံးအနည်းငယ်ကို ခက်ခက်ခဲခဲဖြင့် ညည်းညူလိုက်သော်ငြား ထပ်မံ၍စကားကိုအဆုံးထိ မပြောလိုက်ရပေ။ တိမ်တွေကြား၌ မျောလွင့်နေသလို ခံစားရပြီး ရင်ဘတ်မှာ ဆက်တိုက်ဆိုသလို နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။


ကျွင်းချင်ယွီ၏မျက်လုံးများက စိုစွတ်နေသည်။


ဖုယွမ်ချွမ်း၏ ရှုထောင့်မှကြည့်လျှင် သူ့မျက်လုံးထောင့်စွန်းလေးများတွင် ထင်ရှားသည့်အနီရောင် အလင်းတန်းတစ်ခု ရှိနေပြီး ယင်းက အလွန်လှပသည်။


တံခါးခေါက်သံတစ်ခု ထွက်လာပြီး ကျွင်းချင်ယွီ သူ့ကို တွန်းထုတ်လိုက်သည်။


 "တစ်ယောက်ယောက် အွန်း... ယွမ်ချွမ်း..."


ဖုယွမ်ချွမ်းက သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်ပြီး အနမ်းကို နက်ရှိုင်းစေလိုက်ကာ အပြင်ဘက်မှ တံခါးခေါက်သံကို လျစ်လျူရှုလိုက်သည်။ 


ကျွင်းချင်ယွီမှာ ခေါင်းကိုစောင်းလျက်သာ သူ့နှုတ်ခမ်းများကို ရှောင်တိမ်းနိုင်သည်။


"တစ်ယောက်ယောက် တံခါးခေါက်နေတယ်၊ တစ်ယောက်ယောက်..."


ဖုယွမ်ချွမ်းက အကြိမ်ကြိမ် သူ့ထံမှ ငြင်းပယ်ခံရပြီးချိန်တွင် သူ့နောက်က ထပ်မလိုက်တော့ဘဲ မျက်နှာဘေးဘက်လေးကိုသာ ညင်သာစွာ နမ်းလိုက်၏။ 


ကျွင်းချင်ယွီက ပြီးပြီဟုတွေးကာ သူ့လက်ဖြင့် ထိုနေရာကိုပွတ်လိုက်သော်ငြား နောက်တစ်စက္ကန့်တွင် ဖုယွမ်ချွမ်းက သူ့ကို ခုံပေါ်မှ မချီလိုက်သည်။


"ယွမ်ချွမ်း?"


သူ့အသံဆုံးသည်နှင့် စားပွဲပေါ် မတင်ခံလိုက်ရသည်။


ဖုယွမ်ချွမ်းက ကျွင်းချင်ယွီ၏ခါးကိူ လက်နှစ်ဖက်ဖြင့် တင်းတင်းကြပ်ကြပ် ပွေ့ထားကာ သူ့ကိုချုပ်နှောင်ထားလေသည်။


"ဒါ..." ဘာကိုမှပြောရန်အချိန်မရှိပေ။ အနမ်းကြောင့် သူ့တွင် အသက်ရှူရန်အချိန်ပင် မရှိပါချေ။


ကျွင်းချင်ယွီမှာ ပုန်းကွယ်နိုင်ခြင်း အလျဥ်းမရှိပါချေ။ ဖုယွမ်ချွမ်း၏လက်များကြားတွင် မှီလျက်ဖြင့် သူ၏တုန်ရီနေသောလက်များက တစ်ဖက်လူ၏ကော်လာကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ တစ်ချက်တစ်ချက်တွင် အနမ်းကို နူးညံ့စွာ တုန့်ပြန်နေရသည်။


ဖုယွမ်ချွမ်း သူ့ကိုလွှတ်ပေးလာသည့်အခါတွင် ကျွင်းချင်ယွီ၏ မျက်ဝန်းများက ရီဝေနေပြီး သူ့နှုတ်ခမ်းမှာ နီကဲကာရောင်ရမ်းနေ၏။ သူကလက်မောင်းများကြားတွင် မှီလျက် အားနည်းစွာ အသက်ရှူနေရသည်။


ကျွင်းချင်ယွီက မသိစိတ်ဖြင့် နှုတ်ခမ်းများကို ပွတ်သပ်ရင်း အနည်းငယ် တုန်ရီနေသည်။


ဖုယွမ်ချွမ်းက သူ့လက်ကို မြှောက်လိုက်ပြီး ရှောင်ယွီ၏ မျက်ရည်စများဖြင့် စိုစွတ်နေသည့် ဆံနယွတို့ကို နားရွက်နောက်ဘက်ထံ သပ်ပေးလျက်ဖြင့် "သွားပြီး မင်းမျက်နှာကို ဆေးချင်လား?"


ကျွင်းချင်ယွီက မျက်နှာကို လင်ထဲထည့်ဖွက်ထားလျက် ခေါင်းကို အသာအယာညိတ်ပြလိုက်သည်။


အပြင်ဘက်မှ တံခါးခေါက်သံက ဆက်တိုက်ပင် ထွက်ပေါ်နေသည်။ 


ဖုယွမ်ချွမ်းက ငါးလေးကို ဘေးတိုက်ကောက်ချီပြီး(သတို့သမီးပွေ့နည်းနဲ့ပွေ့) လှည့်ကာ နားနေခန်းထဲ ဝင်လိုက်သည်။


ရှောင်ယွီမျက်နှာသစ်ပြီး ခေါင်းဖြီးတာကို ကူညီပြီးနောက် ဖုယွမ်ချွမ်းက တံခါးဖွင့်ရန် အပြင်ကို ထွက်လာခဲ့သည်။ 


ကျွင်းချင်ယွီက ကုတင်ခေါင်းရင်းတွင် သူ၏ခေါင်းအုံးဖြင့် ထိုင်နေရင်း ငေးငိုင်နေလေသည်။


တိုးတက်တာက မြန်လွန်းသည်။ နောက်ဆက်တွဲကတော့ ကျွင်းချင်ယွီ၏မျှော်လင့်ချက်ထက် ကျော်လွန်နေသည်မှာ လေထက်မြန်သည့် မြင်းရိုင်းတစ်ကောင် ပြေးထွက်လာသကဲ့သို့ပင်။


တကယ်တော့ ထိုအချိန်က ရှင်းပြဖို့ဆိုတာ မဖြစ်နိုင်ချေ။ အဓိပ္ပါယ်မရှိလောက်အောင် ရူးမိုက်လွန်းသည့် အကြောင်းပြချက်ဆိုလျှင်ပင် ဖုယွမ်ချွမ်းက သူ့စကားကို ယုံကြည်မှာပင်ဖြစ်သည်။


သို့သော်ငြား ထိုနားလည်ရခက်သည့်အခိုက်အတန့်လေးတွင် သူက အကြောင်းပြချက်ကို မရှာလိုခဲ့ပေ။


ယခုမှ ပြန်တွေးကြည့်ပြီး ကျွင်းချင်ယွီ၏နှုတ်ခမ်းထောင့်စွန်းလေးများ ကော့တက်သွားသည်။ သို့သော်လည်း ယင်းမှာ သူ့နှုတ်ခမ်းမှနာကျင်မှုကို သွားသက်ရောက်လေသည်။ သူကအသာပွတ်လိုက်ပြီး မည်သည့်လှုပ်ရှားမှုကိုမှ မလုပ်တော့ပေ။


ခဏကြာပြီးနောက် ဖုယွမ်ချွမ်းက တံခါးဖွင့်ကာ ဝင်လာသည်။


ကျွင်းချင်ယွီက သူ့နောက်ကိုကြည့်လိုက်ရာ မည်သူ့ကိုမှမတွေ့၍မေးလိုက်သည်။ "တံခါးခေါက်တာက ဘယ်သူလဲ"


"ရှီခိုင်ရှင်း "


ဖုယွမ်ချွမ်းက ရေခဲမုန့်ဘူးကိုဖောက်ကာ သူ့ကိုပေးသည်။ "အရသာရှိလားစားကြည့်"


ကျွင်းချင်ယွီက ရေခဲမုန့်ကိုယူလိုက်ပြီး စားဖို့အလျင်မလိုခဲ့ပေ။


"တစ်ခုခုဖြစ်လို့လား"


ဖုယွမ်ချွမ်းက ခေါင်းယမ်းသည်။ "ဖိုင်လာပို့တာ၊ ဖြေရှင်းပြီးသားပါ"


ယင်းက ဖြေရှင်းပြီးသားဆိုမှတော့ သူကမေးခွန်းထပ်မမေးတော့ချေ။ သူ့ခေါင်းကို ရေခဲမုန့်ထံတွင်သာ နစ်မြှုပ်ထားလိုက်၏။


အေးတာတွေကို နည်းနည်းလောက်စားပေးခြင်းက နာကျင်မှုကို သက်သာစေနိုင်သည်။


ကျွင်းချင်ယွီ သေးသေးလေးတစ်ကိုက်ကိုက်လိုက်သည်။ အေးခဲနေသော်လည်း ပါးစပ်ထဲရောက်သည့်အခါ အရည်ပျော်သွားပြီး ချိုသည်ဟုမခံစားရတော့ပေ။ ယင်းက တကယွအရသာမှန်ပင်ဖြစ်ချေ၏။


"ခင်များ ရေခဲမုန့်ကို လိုင်းပေါ်ကနေ ဘယ်လိုလုပ် ဝယ်တာလဲ" ရေခဲမုန့်မှာ အမြန်ချောပို့နှင့်လာခြင်းဖြစ်ကာ ပါဆယ်အိတ်နဲ့ထုတ်ထားခြင်းမဟုတ်သဖြင့် အနီးအနားက မဖြစ်နိုင်ပေ။


သူက အပြင်ဘက်အခွံမှ ပို့ဆောင်သည့်ရက်စွဲကိုကြည့်လိုက်ရာ အရင်နေ့ကဖြစ်နေသည်။


ကြယ်တာရာခေတ်ပို့ဆောင်ရေးစနစ်မှာ အလွန်ဖွံ့ဖြိုးလာရာ မှာပြီးသည်နှင့် နောက်နေ့တွင် ရောက်ရှိလာမည်ဖြစ်၏။ ယင်းမှ ပို့ဆောင်သည့်နေရာနှင့် ဝယ်ယူသည့်နေရာ မည်မျှဝေးကွာသည်ကို သိနိုင်မည်ဖြစ်သည်။


ဂြိုဟ်တွေကြားမှ ပို့ဆောင်ခမှာ မနည်းပေ။ ဤနည်းဖြင့် ရေခဲမုန့်ဝယ်ပါမူ ပို့ဆောင်ခသည် ရေခဲမုန့်ဖိုး၏သုံးပုံတစ်ပုံမျှ ကျသင့်ပေလိမ့်မည်။


Xxxxxx,