အပိုင်း ၆၂
Viewers 16k

Chapter 62


ဖုယွမ်ချွမ်းက ရေခဲမုန့်ခွံကို လွှင့်ကာ ရှောင်ယွီ၏ဘေးတွင် ထိုင်လိုက်သည်။


"အပန်းဖြေဥယျာဉ်မှာ မင်းကြိုက်တာတွေ့ဖူးလို့လေ၊ သူတို့အားလုံးက Cကြယ် ရဲ့ ရေခဲမုန့်က အရသာရှိတယ်လို့ပြောလို့ စမ်းကြည့်ဖို့ နည်းနည်းဝယ်လိုက်တာ"


ကျွင်းချင်ယွီ ဇွန်းကိုကိုက်ကာ အေးခဲသွားသည်။ သူရေခဲမုန့်မစားရသည်မှာ ကြာပြီဖြစ်ကာ အရသာတကယ်ရှိသောကြောင့် တကယ်ကောင်းတယ်ဟု တွေးခဲ့မိခြင်းပင်။


ဖုယွမ်ချွမ်းက သူ့အတွက် ရေခဲမုန့်တွေအများကြီး ဝယ်ပေးလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။


ပုံးက မည်မျှကြီးသည်ကို သူတွေ့ခဲ့ရပြီး ဖုယွမ်ချွမ်းက နည်းနည်းလေးဝယ်ခဲ့သည်ဟုပင် ဆိုသည်။


သို့သော်ငြား အရွယ်အစားကိုအကဲဖြတ်ရလျှင် ဖုယွမ်ချွမ်းက အရသာမျိုးစုံကို အများကြီး ဝယ်ခဲ့ပုံရ၏။


အရသာတစ်မျိုးကို မည်မျှဝယ်ခဲ့သလဲဆိုတာကိုတော့ သူမသိပေ။


ကျွင်းချင်ယွီ ဇွန်းတစ်ချောင်းယူကာ ဖုယွမ်ချွမ်းကို ကျွေးလိုက်သည်။ "အရသာရှိတယ်"


"အင်း" ဖုယွမ်ချွမ်းက တစ်ဇွန်းသာစားလေသည်။ "စားပါ၊ မင်းစားပြီးရင် အိမ်ပြန်ကြမယ်"


ကျန်သည့်ရေခဲမုန့်များကို အထူးအပူချိန်ထိန်းသေတ္တာထဲတွင် ထည့်ထားသဖြင့် ခဏနှင့်အရည်ပျော်သွားမှာမဟုတ်ရကား စိတ်မပူပေ။


ကျွင်းချင်ယွီ ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ကောင်းပြီ"


ရေခဲမုန့်လေးတစ်ဗူးကို ဖြည်းညှင်းစွာစားသော်ငြား ကြာကြာမခံပေ။


 သို့ပေမယ့် စားပြီးသွားသောအခါ သူ့ပါးစပ်မှာ လုံးဝမနာတော့ချေ။။


သူထွက်လာသောအခါ ရုံးဘေးရှိ တရားထိုင်ခန်းအား တစ်စုံတစ်ယောက်ရှိနေသကဲ့သို့ ပြင်ဆင်ထားသည်ကို ကျွင်းချင်ယွီ သတိပြုမိသွားသည်။ ဟိုအရင်က သူဘယ်သူ့ကိုမှ မမြင်ဖူးပေ။


 ရှောင်ယွီက အနည်းငယ်စိတ်လွတ်နေသကဲ့သို့ ဖြစ်နေသဖြင့် ဖုယွမ်ချွမ်းက "ဘာကြည့်နေတာလဲ"


ကျွင်းချင်ယွီ အကြည့်တို့ကို ပြန်ရုတ်လိုက်သည်။ "ဘာမှမဟုတ်ပါဘူး"


"ကောင်းပြီ"


---


 ဖုယွမ်ချွမ်းက အိမ်ပြန်ရောက်သည်နှင့် အပေါ်ထပ်ရှိရုံးခန်းသို့ တန်းတန်းမတ်မတ် တက်သွားလိုက်သည်။


ကျွင်းချင်ယွီက နောက်ကလိုက်လာပြီး သံသယဖြင့် ''ခင်ဗျားမဖြေရှင်းရသေးတာ တစ်ခုခု ရှိသေးလို့လား''


ဘာလို့ အိမ်ပြန်ရောက်တာနဲ့ ရုံးခန်းဆီကို အမြန်ပြေးသွားရတာလဲ။


''မဟုတ်ဘူး အကုန်ပြီးပြီ'' ဖုယွမ်ချွမ်းက အံဆွဲကိုဖွင့်၍ ရှာလိုက်သည်။ '' ကိုယ်တစ်ခုခု ယူစရာရှိလို့''


ကျွင်းချင်ယွီက တံခါးကိုမှီရင်း ငုံ့ကြည့်ကာ ''ဘာလဲ''


''ဆေး''


ပြောရင်းဖြင့် ဖုယွမ်ချွမ်းသည် အံဆွဲထဲမှ လိမ်းဆေးညှစ်ဘူးတစ်ခုနှင့် လက်နှစ်ချောင်းအရွယ်အစားပင် မရှိသော အခြားပန်းကန်လုံးငယ်တစ်လုံးအား ထုတ်ယူလိုက်သည်။


လိမ်းဆေးအား ပန်းကန်လုံးငယ်ထဲသို့ ညှစ်ချကာ ညက်အောင်ထောင်းထားသော အမှုန့်တစ်ချို့နှင့် သေချာစွာ ရောနှောလိုက်သည်။


ကျွင်းချင်ယွီက ဖုယွမ်းချွမ်း၏ နည်းလမ်းသည် ဆေးစပ်သည်နှင့် ခပ်ဆင်ဆင်တူသည်ဟု ခံစားလိုက်ရသည်။ ''ခင်ဗျား ဒီလိုနည်းကို သုံးနေတုန်းပဲပေါ့''


''ကိုယ် အရင်ကစမ်းသုံးဖူးတယ်၊ ရောင်ရမ်းတာနဲ့ နာကျင်တာကို သက်သာစေတယ်လေ၊ ကိုယ်မင်းကို လိမ်းပေးမယ်''


ကျွင်းချင်ယွီမှာ သူက နာကျင်မှုကို လုံးဝခံနိုင်ရည်ရှိပြီး ဆေးလိမ်းရန်မလိုဟု ခံစားရသည်။ ယခုမူ ဖုယွမ်ချွမ်းက အဘယ်ကြောင့် ဤသို့လုပ်သည်ကို မသိသော်လည်း သူ့ကို ရပ်တန့်ရန် မဖြစ်နိုင်ပေ။


''လာခဲ့'' ဖုယွမ်ချွမ်းသည် ဂွမ်းလုံးအား ထိုအထဲသို့ နှစ်လိုက်သည်။


အားလုံးအဆင့်သင့်လုပ်ပြီးပြီဖြစ်ကာ မသုံးလျှင် အလဟဿ ဖြစ်သွားလိမ့်မည်။


ကျွင်းချင်ယွီ လျှောက်လာသောအခါ ဖုယွမ်ချွမ်းသည် ဆေးအား ပါးစပ်ပေါ် သို့ ပါးပါးလေးတို့ပေးလိုက်သည်။


ထူးထူးခြားခြားမခံစားမိသော်လည်း သူက ခေါင်းကိုအနည်းငယ်မော့ကြည့်လိုက်သည်။ ဖုယွမ်ချွမ်း၏ လှုပ်ရှားမှုများကို ရှင်းရှင်းလင်းလင်းမမြင်ရသောကြောင့် သူမေးလိုက်သည်။ ''ခင်များအဆင်ပြေရဲ့လား''


''ပြေတယ်'' ဖုယွမ်ချွမ်းက ဂွမ်းစကို လွှင့်ပစ်လိုက်သည်။


ကျွင်းချင်ယွီသည် မသိစိတ်ဖြင့် သူ့နှုတ်ခမ်းများကို အလိုလို ဖိကပ်မိသွားသည်။ သူက ဆေးကိုပိုပြီး စိမ့်ဝင်နိုင်စေရန် ဆေးကိုပိုပြီးညီညီညာညာဖိပွတ်လိုက်သည်။


ဆေး၏အရသာမှာ အနည်းငယ်ချိုပြီး သူ့အနေဖြင့် ယင်းကို အတိအကျအရသာမခံတတ်သော်လည်း ခါးတူးနေ သောအရသာတော့မဟုတ်ပေ။


ဆေးက ခဏကြာပြီးနောက် အလိုအလျှောက် ခြောက်သွားမှာဖြစ်ပြီး အစားစားခြင်းနှင့်ရေသောက်ခြင်းတို့အား အနှောင့်အယှက်ဖြစ်စေမည် မဟုတ်ပေ။


လိမ်းဆေးကို အသုံးပြုသည့်အချိန်တွင် အမြဲလိုလို မွှေရပြီး ပမာဏမှာမများချေ။ သို့သော်လည်း ဖုယွမ်ချွမ်းက ယင်းကို အသုံးပြုလေ့ရှိသည်။


သူ့ပါးစပ်ပေါ်ရှိ လိမ်း ဆေးများ လုံးဝပျောက်ပြီးနောက် ကျွင်းချင်ယွီကမေးသည်။ "ရေခဲမုန့် စားလို့ရလား?"


'' မင်း ဒီနေ့ပဲ တစ်ခုစားပြီးပြီလေ'' ဖုယွမ်ချွမ်းကပြောလိုက်သည်။


သူဝယ်သမျှ ရေခဲမုန့်များက ရှောင်ယွီအတွက် ဖြစ်သော်လည်း သေချာပေါက်ကို သူ့အား တစ်နေ့ထဲတွင် အများကြီးစားခွင့်မပေးနိုင်ပေ။


ကျွင်းချင်ယွီက ဖုယွမ်ချွမ်းအား ရိုးသားစွာကြည့်ပြီး ''နောက်တစ်ခုလောက်ပဲ ထပ်စားလို့မရဘူးလား''


သူ(ဖုယွမ်ချွမ်း)ငြင်းလိုက်သည့်အခါ ကျွင်းချင်ယွီက ထောင့်တစ်နေရာသို့ လှည့်ထွက်သွားလေသည်။ သို့သော်လည်း ထွက်ပေါက် ရောက်သည့်အခါတွင် နောက်မှလှမ်းေပြာသံကိုကြားလိုက်ရသည်။


''နောက်ဆုံးတစ်ခုပဲရမယ်နော်''


''ကောင်းပြီ!!'' ကျွင်းချင်ယွီက ပြန်လှည့်လာပြီး အောက်ထပ်သို့ဆင်းကာ ရေခဲမုန့်ပုံးကြီးထဲမှ ချောကလက်ရေခဲမုန့်ကိုရွေးလျက် ဆိုဖာပေါ်တွင် ထိုင်စားနေလိုက်သည်။


ထို့နောက်ဥာဏ်ရည်တုကို ဖွင့်လိုက်ပြီး ရေသူပျိုးထောင်ရေးအခြေစိုက်စခန်းအကြောင်း အချက်အလက်များအား ရှာဖွေနေလိုက်သည်။


ရေသူပျိုးထောင်ရေး အခြေစိုက်စခန်း၏ အင်တာနက်ပေါ်တွင် ပေးသိထားသမျှအချက်အလက်အားလုံးကို ရှာဖွေခဲ့သည်။


ထိုနေရာတွင် အသေးစိတ်အချက်အလက် များစွာမရှိပေ။ အခြားသူများက ဖုယွမ်ချွမ်းမှ တစ်စုံတစ်ယောက်ကိုလွှတ်၍ စုံစမ်းစစ်ဆေးသည်အား စောင့်ရမည်ဖြစ်သည်။


ကျွင်းချင်ယွီသည်လည်း ရေသူမမျိုးပွားရေးစခန်းတွင် ရေသူဥထဲမှ ဇာ့ဂ်တစ်ကောင်ထွက်လာသည်နှင့်ပတ်သက်၍ အတိုချုံးကြည့်လို့ရရန် မှတ်တမ်းသိမ်းထားချင်နေသည်။


ဤအခိုက်အတန့်ကို မှတ်တမ်းတင်ထားပါက အနာဂတ်တွင် အသုံးဝင်လာနိုင်မည်ဖြစ်သည်။


ယင်းကို ပြုလုပ်ပြီးသောအခါ ကျွင်းချင်ယွီက Wen ဝမ်ချန်းယောင်၏ညီမအတွက် အချိုပွဲပို့ပေးရမည့်အကြောင်း ရုတ်တရက် သတိရသွားသည်။


မနေ့က သူအိပ်ယာဝင်တာ နောက်ကျသွားပြီး မထနိုင်ဖြစ်သွားသောကြောင့် တစ်ဖက်နှင့်တစ်ဖက် အချိန်ကို ပြန်ညှိနှိုင်းကာ ဤနေ့လည်၌ပို့ပေးမည်ဟု ပြောလိုက်သည်။


တနည်းအားဖြင့် သူမခန္ဓာကိုယ်၏ ဝိညာဉ်စွမ်းအား စုပ်ယူမှုကိုလည်း စစ်ဆေးခဲ့ပြီး မှတ်တမ်းတင်ထားသော အချက်အလက်ကိုလည်း ပြုပြင် မွမ်းမံရမည်။


အရေးကြီးဆုံးက အချိန်ကို ပြင်ဆင်ရမှာ ဖြစ်သည်။


သူက ဖုယွမ်ချွမ်းနှင့် ဇာ့ဂ်ကိုတိုက်ခိုက်ခြင်းနှင့်ပတ်သက်၍ အငြင်းပွားရန် ကြံစည်ထားခြင်းဖြစ်၏။ သူ၏အနေအထားဖြင့် ဇာ့ဂ်ထံမရောက်နိုင်သကဲ့သို့ ဖုယွမ်ချွမ်းအားလည်း ရက်များစွာ တွေ့နိုင်မည်မဟုတ်ပေ။


ကျွင်းချင်ယွီသည် ဖုယွမ်ချွမ်းအား အကြာကြီးမတွေ့ပဲ နေရသည်ကို မကြိုက်ပေ။


ထို့အပြင် ရှီခိုင်ရှင်းသည် ယခင်က အာကာသယာဉ်ကို ရပ်တန့်ရန်ပြုလုပ်ရင်း အခက်အခဲ ဖြစ်စေခဲ့သည် ။


အာကာသယဥ်အား ရပ်တန့်ပြီးနောက်တွင် ရေသူလေး၏အသွင်ဖြင့် နဂိုအတိုင်းရှိနေစေကာ ကျော်ဖြတ်သွားခြင်းက ပိုကောင်းသည်။ ထိုအချိန်တွင် သူ့အား မည်သူကမှ ရှာမတွေ့နိုင်သလို ရေတွက်နိုင်မည်မဟုတ်တော့ပေ။


အကယ်၍ ရန်သူ သို့မဟုတ် တစ်စုံတစ်ယောက်က ဖုယွမ်ချွမ်းအား ပြသနာတက်စေရန်ရည်ရွယ်၍ သူ၏စစ်သင်္ဘောနောက်သို့ လိုက်ရန်အလို့ငှာ တစ်စုံတစ်ယောက်အား စေလွှတ်လိုက်ပါက အင်ပါယာ၏ ခေါင်းဆောင်များသာ တာဝန်ယူလိုလျှင် ဆက်၍လိုက်လာနိုင်မည်မဟုတ်ပေ။


ဤနည်းက သူ့အတွက်တော့ ရှီခိုင်ရှင်းနှင့်လိုက်ပါခြင်းထက် ပိုအဆင်ပြေသည်။


ဒါဆို ဘယ်လိုသွားရမလဲ... ။ကျွင်းချင်ယွီက ဤအစီအစဥ်အား အနည်းငယ်ပြုပြင်သင့်သည်ဟု တွေးလိုက်သည်။


ကျွင်းချင်ယွီက ဖုယွမ်ချွမ်းလျှောက်လာသည်ကို မြင်သည့်အခါ ပြောလိုက်သည်။


 ''ယွမ်ချွမ်း ခင်များ အပြင်သွားမယ်ဆို ကျွန်တော့်ကိုပြောဖို့ မမေ့နဲ့ဦး''


"ကောင်းပြီ'' ဖုယွမ်ချွမ်းသည် အသေးအဖွဲကိစ္စများတွင် ရှောင်ယွီ၏ အလိုအတိုင်းသာ လိုက်လျောလေ့ရှိသည်။


" ခဏနေရင် အားလား ကျွန်တော်အချိုပွဲဆိုင်သွားရမှာ'' အကယ်၍ ဖုယွမ်ချွမ်းမအားလျှင်လည်း သူ့ဘာသာ သွားနိုင်ပါသည်။ 


'' အင်း ဒီနေ့လည်အားတယ်'' အတိအကျပြောရလျင် ယနေ့ ဘာကိစ္စမှ မရှိပေ။


အင်ပါယာခေါင်းဆောင်က သူ့ကို တင်းတင်းကြပ်ကြပ်တိုက်တွန်းသော်လည်း လိုအပ်သောပြင်ဆင်ချိန်ကိုတော့ ပေးထားသည်။ တိုက်တွန်းချက်နှင့်ပတ်သက်၍ ဖုယွမ်ချွမ်းက ၎င်းကို လုံးဝဂရုမစိုက်ပေ။


မည်မျှပင် တိုက်တွန်းစေကာမူ သူကလျစ်လျူရှုထားသည်။


ယခင်ကနှင့်ယှဥ်လျှင် ယခုအခါတွင် အားလပ်ချိန်ပိုရလာသည်။


ကျွင်းချင်ယွီက သဘောတူထားသည့်အချိန် မရောက်သေးသဖြင့် အလျင်မလိုခဲ့ပေ။ အတော် စောနေသေးသောကြောင့် ဆိုဖာပေါ်တွင် မျက်လုံးမှိတ်ကာ အနားယူလိုက်သည်။


တစ်ရေးတစ်မောအိပ်ချိန်ရောက်နေသော်လည်း သူအိပ်မပျော်တော့ဘဲ သူ၏ဝိညာဉ်စွမ်းအားပြန်လည်ဖြည့်တင်းရန် မျက်လုံးများကိုမှိတ်ထားကာ နေ့ခင်းဘက်အချိန်အနည်းငယ်အတွင်း အပြင်ထွက်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။


---


အချိုပွဲဆိုင်ကိုရောက်သောအခါ ချိန်းထားသောအချိန်ထက် ဆယ်မိနစ်ခန့်စောနေသည်။


ကျွင်းချင်ယွီက ထိုအရာများကို ထုံးစံအတိုင်း ပြင်ဆင်လိုက်သည်။ ဤတစ်ကြိမ်တွင် သူက မှတ်တမ်းများကို ကြိုတင်ဖြည့်ပြီး နားရက်ကိုပါ ပေါင်းထည့်လိုက်သည်။


အထူးမှတ်ချက်အနေဖြင့် ယင်းက ဝိဥာဥ်စွမ်းအင်စုပ်ယူခြင်းကို စောင့်ရမည့်အချိန်ပင်။


သူတို့ဝင်လာပြီး သိပ်မကြာခင်မှာပင် အချိုပွဲဆိုင်တံခါးက တွန်းဖွင့်ခံလိုက်ရပြန်သည်။


ကျွင်းချင်ယွီလှမ်းကြည့်လိုက်ရာ ဝမ်ချန်းယောင်၏ညီမကိုသာ တွေ့လိုက်သည်။


ယခင်က အစီအစဥ်ကို ခတ္တဖျက်လိုက်ကာ ဝမ်ချန်းယောင်အား အရင်ပြန်နိုင်လာကြောင်း သူ ပြောခဲ့သည်။ သူနောက်တစ်ကြိမ် သတိထပ်ပေးချိန်တွင် အချိန်ကအလွန် နောက်ကျနေပြီဖြစ်၍ ဝမ်ချန်းယောင်က ပြန်လာမည့်ပုံမရပေ။


ကျွင်းချင်ယွီက မေးလိုက်သည်။ ''မင်းအစ်ကိုရော မလာဘူးလား''


ယောင်ယောင်က ခေါင်းခါပြပြီး သူမထိုင်နေကျ နေရာတွင်ထိုင်လိုက်သည်။ ''အရင်ကပြန်လာသေးတယ်၊ ဒါပေမယ့် သိပ်မကြာလိုက်ဘူး သူမရှိရင် တစ်ခုခုဖြစ်သွားမှာ ကြောက်လို့ ပြန်သွားလိုက်တာ"


ကောင်းကောင်းပြင်ဆင်ဖို့က ခက်သည်။ နှစ်ရက်လောက်ဝေးကွာသွားသောကြောင့် တစ်ခုခုသာ မှားယွင်းသွားမည်ဆိုပါက အခြားသူများ မည်သို့ ဖြစ်ပျက်သွားလိမ့်မည်မသိသော်လည်း ဝမ်ချန်းယောင်ကတော့ စိတ်ပျက်သွားမှာပင်


ထိုစကားကိုကြားပြီး ကျွင်းချင်ယွီ မျက်ခုံးပင့်လိုက်၏။ သူ့ သဘောထားက အတော်လေးကောင်းသည်ပင်။


ထိုအကြောင်းကို တွေးနေစဥ် စတော်ဘယ်ရီတစ်ခု သူ့ပါးစပ်နားရောက်လာပြီးကျွင်းချင်ယွီက ကိုက်လိုက်လေသည်။ ပြီးနောက်တွင် နောက်ဆုံးအကြိမ်က ဖုယွမ်ချွမ်း သူ့အတွက်လုပ်ပေးသည့် smoothieကို သတိရသွား၏။ 


ကျွင်းချင်ယွီက စတော်ဘယ်ရီသီးစားနေရင်းဖြင့် ''နောက်ကျရင် smoothieလုပ်ပေးလို့ရမလား''


"မရဘူး'' ဖုယွမ်ချွမ်းက ဤတစ်ကြိမ်တွင် ပြတ်ပြတ်သားငြင်းဆိုခဲ့သည်။ " တစ်ရက်တည်းမှာ အအေးစာတွေကို အများကြီးမစားရဘူး''


တစ်ရက်ကို ရေခဲမုန့်နှစ်ဘူးဟု ကန့်သတ်ချက်ရှိပြီးသားဖြစ်သည်။


ကျွင်းချင်ယွီက အနည်းငယ်တွေးလိုက်ပြီး ရုတ်တရက်သိပ်မစားချင်တော့သောကြောင့် လက်ခံလိုက်သည်။'' ဒါဆိုရင် မနက်ဖြန်တော့ smoothie လုပ်ပေးဖို့ မမေ့နဲ့နော် ''


"ကောင်းပြီ"


ယောင်ယောင်က အတွင်းမှ လူနှစ်ယောက်အား ကြည့်လိုက်ရာ မည်သည့်နေရာတွင်မတူထူးခြားနေမှန်းမသိသော်လည်း အနည်းငယ်တော့ကွားခြားနေပုံရသည်။


အချိုပွဲထွက်ပေါ်လာပြီးနောက် ယောင်ယောင်က ထိုအကြောင်းကို မစဥ်းစားတော့ပေ။


ဖုယွမ်ချွမ်းက အခြားအချိုပွဲများအား ပို့ပေးလိုက်ပြီး ကျွင်းချွင်ယီက နောက်ဆုံးသစ်သီးပန်းကန်အား ယူဆောင်လာခဲ့သည်။


လုံလောက်သည့် ဝိဥာဥ်စွမ်းအင်ကြောင့် ဘာကိုမှရှာမတွေ့စေဘဲ စိတ်စွမ်းအင်ကို စစ်ဆေး၍ရသည်။


ပြီးနောက် ထိုသို့တောက်ပသည့်ရောင်ဝါမျိုးက သိပ်မကြာပေ။


ငွေရှင်းကောင်တာကို ပြန်ရောက်သည်နှင့် ကျွင်းချင်ယွီက အချက်အလက်ကို မှတ်တမ်းတင်လိုက်သည်။ သူမျှော်လင့်ထားသည့်အတိုင်း အတိအကျပင်ဖြစ်သည်။ ဝိဥာဥ်စွမ်းအင်စုပ်ယူခြင်းကို ရပ်လိုက်သည်အခါ ဆက်လက်စုပ်ယူနေခြင်းထက် ပို၍ မြန်ဆန်စွာ ကောင်းမွန်လာသည်။


ဤနည်းအားဖြင့် သူခဏမျှ ထွက်သွားလည်း အဆင်ပြေလောက်သည်။


အများဆုံး တစ်ပတ်မျှသာ ကြာမည်ပင်။


သူ့အနေဖြင့် smoothiesမစားနိုင်သော်ငြား အသီးတွေစားနိုင်သည်။


ဖုယွမ်ချွမ်းက ရှောင်ယွီအတွက် ဘာကိုမှမရောပဲ တစ်ပန်းကန်စာ လှီးလိုက်သည်။ 


ယောင်ယောင်က သူမ၏ဝေစုကို တိတ်တဆိတ်စားနေပြီးနောက် သူ့ကိုကျေးဇူးတင်ကြောင်းပြောကာ ထွက်သွားသည်။ 


ကျွင်းချင်ယွီက ဤတစ်ကြိမ်တွင်မူ အမြန်လုပ်ဖို့ မပြောခဲ့ပေ။ ထိုအစား ဖူယွမ်ချွမ်းက ထွက်သွားမည့်အချိန်ကို ဆုံးဖြတ်သည်အား စောင့်လိုခဲ့သည်။ ပြီးနောက်တွင် ထိုအချိန်ရောက်သည်နှင့် အစီအစဉ်ကို မနှောင့်ယှက်ဖို့ရာ ယောင်ယောင်ကို ထပ်ပြောလိုက်မည်။


Xxxxxxx