အပိုင်း ၆၃
Viewers 17k

Chapter 63


ကျွင်းချင်ယွီက စတော်ဘယ်ရီကိုစားရင်းဖြင့် မှတ်တမ်း၏နောက်ဆုံးစာလုံးကို ကွန်ပျူတာထဲကို ရိုက်ထည့်လိုက်သည်။ သူကထရပ်ပြီး အကြောဆန့်လိုက်ကာ အပြုံးတစ်ခုဖြင့် လှည့်ပြောလိုက်သည်။ "ကျွန်တော် ပြီးပြီ "


သူနောက်ကိုလှည့်လိုက်သည်နှင့် မနက်ခင်းအနမ်းတစ်စွန်းတစ်စက သူ့နှုတ်ခမ်းထက်ရောက်လာပြီး ရှောင်ယွီတစ်ယောင် ညှို့ဓာတ်အပြည့်ဖြင့် ပြုံးလိုက်သည်။


ကျွင်းချင်ယွီ ထိုသို့ဖြစ်နေသည်ကိုကြည့်ကာ ဖုယွမ်ချွမ်း၏အမူအယာက မသိမသာပြောင်းလဲသွားပြီး ညင်သာစွာပြောလိုက်သည်။ "ကိုယ်မင်းကို နမ်းချင်တယ် "


လိမ်းဆေးလိမ်းထားသော်ငြား ယင်းက ဖယ်ရှားရလွယ်မည့်ပုံမရချေ။


အနမ်းက နာကျင်စေတာကြောင့် ဖုယွမ်ချွမ်းက ထိုအကြောင်းကို တွေးလိုက်ကာ "နာနေသေးလား"


ကျွင်းချင်ယွီက သူ့အောက်နှုတ်ခမ်းကို အသာပွတ်ကာ ခေါင်းညိတ်လိုက်ပြီးနောက် ပြန်ခါယမ်းလိုက်ပြန်သည်။ ယင်းက အနည်းငယ်နာကျင်နေသေးသော်လည်း အရမ်းမပြင်းထန်ပေ။


ဖုယွမ်ချွမ်းက လိမ်းဆေးကို သူနှင့်အတူသယ်ထားပြီး ထိုဆေးကိုထုတ်ကာ လိမ်းပေးလိုက်သည်။ ရှောင်ယွီတစ်ယောက် ခေါင်းခါလိုက်ယမ်းလိုက်ဖြစ်နေသည်ကိုကြည့်ပြီး သူ့ကိုစနောက်ချင်လာသည်။ "နာနေရင် ကိုယ့်ကို ပြန်လုပ်ချင်လုပ်လေ"


သူက ပေါ့ပေါ့ပါးပါးလေးသာမေးလိုက်ခြင်းဖြစ်ပြီး တုန့်ပြန်မှုရဖို့ မမျှော်လင့်ထားပေ။


ထိုစကားကိုကြားသည့်အခါ စဥ်းစားလိုက်ပြီးနောက် ကျွင်းချင်ယွီက ဆိုင်တံခါးကိုပိတ်ကာ အမြင်အာရုံကို ကာကွယ်ရန်အလို့ငှာ ကန့်လန့်ကာကို ဆွဲချလိုက်သည်။


ပြင်ဆင်ပြီးနောက်တွင် သူကလျှောက်သွားပြီး ဖုယွမ်ချွမ်း၏ပေါင်ပေါ်တွင် ထိုင်လိုက်သည်။


ဖုယွမ်ချွမ်းက လန့်သွားသော်ငြား ရှောင်ယွီ၏ခါးလေးကိုတော့ ဖက်လိုက်လေသည်။ သူက ဘာဖြစ်လို့လဲဟူ၍ မေးရန်ပြုစဥ် ရေသူငယ်လေးက သူ့ကို နာခံမှုအပြည့်ဖြင့် ကြည့်ပြီး ဆိုလာစည်။


"ကျွန်တော် ခင်များကို ငြင်ငြင်သာသာလေးပဲနမ်းမှာပါ"


စကားပြောပြီးနောက် ကျွင်းချင်ယွီသည် ခေါင်းကို အနည်းငယ်မော့ကာ နမ်းရန် စောင့်ဆိုင်းလိုက်သည်။


ဖုယွမ်ချွမ်း၏မျက်လုံးများသည် နူးညံ့သောအပြုံးများဖြင့် ပြည့်နှက်နေပြီး သူ၏လည်ချောင်းမှာလည်း အနည်းငယ်ရွေ့လျားနေသည်။ သူ့ခါးပေါ်ရှိလက်များက မထိန်းနိုင်စွာ တင်းကျပ်နေသော်လည်း သူ့အားများကိုတော့ ထိန်းချုပ်ထားသည်။နောက်ဆုံးတွင် သူ့နှုတ်ခမ်းများထက်ကို ရှည်လျားသောအနမ်းတစ်ပွင့်ညင်သာစွာ ပေးလိုက်လေသည်။


အသံတွေက တစ်ချက်တစ်ချက် ထွက်လာသည်။ 


ဖုယွမ်ချွမ်းက ချောင်းဟန့်လိုက်ပြီး တစ်ဖက်လူကို သူ့လက်မောင်းကြားတွင် ဖက်ထားရင်း သူ့ကို ဆေးလိမ်းပေးကာ ပြောလိုက်သည်။ "ဒါပြီးရင် အရင်ပြန်ရအောင်" 


"အင်း ကျွန်တော် အချက်အလက်တွေကို မိတ္တူကူးလိုက်ဦးမယ်"


''ကောင်းပြီ''


ပြီးသည်နှင့် အိမ်ပြန်လာကြသည်။


ပျံသန်းနိုင်သည့်ကားက ဗီလာနှင့် ခပ်လှမ်းလှမ်းကို ရောက်ချိန်တွင် ကျွင်းချင်ယွီက ခဏလောက် စဉ်းစားပြီး ပြောလိုက်သည်။ "ဒီမှာ ဆင်းပြီး လမ်းလျှောက်ရင်းပြန်ကြရအောင်လေ''


ဘာပဲဖြစ်ဖြစ် ယခုအချိန် အိမ်ပြန်လျှင် ဘာမှလုပ်စရာ မရှိပေ။ အပြင်မှာ လမ်းလျှောက်ပြီး ရှုခင်းတွေကြည့်ရတာ ပိုကောင်းသည်။


ဖုယွမ်ချွမ်းက ယာဉ်ပျံကို အလိုအလျောက်မောင်းနှင်စနစ်ကို သတ်မှတ်လိုက်သည်။ ယင်းက လမ်းကြောင်းအတိုင်း သူ့ဘာသာပင် ဗီလာသို့ ပြန်မောင်းပြီး ကားပါကင်နေရာကို မောင်းနှင်သွားမည်ဖြစ်သည်။


ကားပေါ်မှ ဆင်းပြီးနောက် ကျွင်းချင်ယွီက ဖုယွမ်ချွမ်း၏လက်ကို ကိုင်ကာ ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။


ဤဗီလာဧရိယာအတွင်းတွင် သာမန်လူများမနေထိုင်ပေ။ ဤနေရာတွင်နေထိုင်သူ အလွန်နည်းပါးသည်။


အထူးစီမံအုပ်ချုပ်မှု မရှိသော်လည်း စိမ်းလန်းသောအပင်များကို ပြုစုရန် တစ်စုံတစ်ဦးကို စေလွှတ်ထားသည်။


တိတ်ဆိတ်ဆိတ်ငြိမ်သောလမ်းကို ခဏအတွင်း လျှောက်လှမ်းရင်း အတွင်းဘက်သို့ လျှောက်လာလေလေ သစ်ပင်များအကြီးကြီးများ ပိုတွေ့လာရလေဖြစ်သည်။


အချိန်အကြာကြီး မကြာလိုက်ပဲ လေတိုက်လာသည်။ဤရာသီတွင် လေကနည်းနည်းအေးပြီး ဆောင်းရာသီလည်း နီးလာပြီ ဖြစ်သည်။


ကျွင်းချင်ယွီက များသောအားဖြင့် ရာသီအချိန်များကို ဂရုမစိုက်ပေ။ သူ၏ အာရုံစိုက်မှုမှာ ဖုယွမ်ချွမ်းထံတွင်သာရှိပြီး အခြားအရာများကို ကိုင်တွယ်ဖြေရှင်းရန် အာရုံစိုက်မှု နည်းနည်းလောက်သာထား၏။


ခြေလှမ်းအနည်းငယ်သွားပြီးနောက် ကျွင်းချင်ယွီ၏ ပုခုံးများ ပူနွေးလာပြီး ဖုယွမ်ချွမ်းကိုကြည့်ရန် သူ့ခေါင်းကို မသိစိတ်ဖြင့် မော့လိုက်သည်။


ဖုယွမ်ချွမ်းက ရှပ်အင်္ကျီပါးပါးလေး ၀တ်ထားပြီး အနက်ရောင် ကုတ်အင်္ကျီမှာ သူ့ခန္ဓာကိုယ်ပေါ်တွင် ရောက်နေပြီဖြစ်သည်။


"ခင်များ……"


"လေတိုက်နေတယ်..."


ကျွင်းချင်ယွီက သူ၏ကုတ်အင်္ကျီကို ချွတ်ရန် လက်မြှောက်လိုက်ပြီး ''ကျွန်တော့်ကိူ ခင်များအင်္ကျီပေးတယ် ၊ နည်းနည်းလေး ဝတ်ထားမှတော့ ခင်ဗျားအအေးမိရင် ဘယ်လိုလုပ်မလဲ"


''မဖြစ်ပါဘူး'' 


အအေးမိဖျားနာခြင်းကဲ့သို့သော သေးငယ်သည့်ရောဂါများမှာ ဖုယွမ်ချွမ်းနှင့် သက်ဆိုင်ခြင်းမရှိပေ။ 


ဖုယွမ်ချွမ်းက ကျင်းချင်ယွီ၏လက်ကို ဖိထားပြီးမေးသည်။ "ခြေထောက်တွေ နာနေပြီလား''


သူတို့က အချိန်ကို ဂရုမစိုက်ဘဲ လမ်းလျှောက်နေခဲ့ကြသည်။ တစ်ချက်မျှကြည့်လိုက်ရာ နာရီဝက်နီးပါးရှိနေပြီဖြစ်သည်။


"မနာပါဘူး." ခဏရပ်သွားပြီးနောက် ကျွင်းချင်ယွီက သူ့မျက်လုံးတွေကို မှိတ်လိုက်ပြီး "နာတယ်!"


ပြောပြီးနောက် သူ၏လက် နှစ်ဖက်ကို ဖွင့်မြှောက်


လိုက်ပြီး အဓိပ္ပါယ်ကတော့ အလွန်ရှင်းပါသည်။


ဖူယွမ်ချွမ်း၏ မျက်နှာပေါ်တွင် အပြုံးလေးတစ်ခု ပေါ်လာပြီး ငါးကလေးအား ဘေးတိုက်ချီမြှောက်ကာ အိမ်ဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။


---


ဇာ့ဂ် တိုက်ခိုက်ရန် တာဝန်သည် ဖုယွမ်ချွမ်းထံသို့ ကျရောက်လာပြီး အင်ပါယာခေါင်းဆောင်ထံမှ ရက်အတော်ကြာ သတင်းမရရှိပေ။


သတင်းထွက်လာသောအခါတွင် ဖုယွမ်ချွမ်းက စစ်ရေးကြိုပြင်ဆင်မှုများနှင့်ပတ်သက်၍ အကြမ်းဖျင်း ပြောဆိုခဲ့လေသည်။


ဆယ်ရက်ကျော်ကြာအောင် ဖိနှိပ်ပြီးနောက် အင်ပါယာခေါင်းဆောင်၏ တင်းမာမှုများ ပြေလည်တော့မည်ကို သိလိုက်ပြီး ဖုယွမ်ချွမ်းက သူ၏ထွက်ခွာချိန်ကို နောက်ဆုတ်ထားလိုက်သည်။


...........


နံနက်စောစောတွင် အိပ်ခန်းအတွင်းမှ ခန်းဆီးများမဖွင့်ရသေးပေ။ လေးလံပြီး တင်းကြပ်သော ခန်းဆီးများက နေရောင်ခြည်အများစုကို ကာဆီးထားသည်။


ကျွင်းချင်ယွီ နိုးလာသောအခါတွင် ဖုယွမ်ချွမ်းက အိပ်ပျော်နေဆဲဖြစ်သည်။


 များသောအားဖြင့် ဖုယွမ်ချွမ်းက အရင်နိုးနေကျဖြစ်၏။


ကျွင်းချင်ယွီသည် ဖုယွမ်ချွမ်း၏ ရင်ခွင်ထဲတွင် လဲလျောင်းရင်း သူ့ပစ္စည်းများကို ထုပ်ပိုးရန် အရင်ထဖို့ရာ တွေးနေသော်လည်း သူဘာမှ မလုပ်ရသေးမှီ ဖုယွမ်ချွမ်း နိုးလာခဲ့သည်။


ဖုယွမ်ချွမ်း မျက်လုံးတွေဖွင့်လာသည်ကိုကြည့်ရင်း သူပထမဆုံးနိုးလာစဥ်ကထက်ပင် ဖုယွမ်ချွမ်းက လန့်သွားလေသည်။


ကျွင်းချင်ယွီက အပြုံးတစ်ပွင့်နှင့်အတူ ခေါင်းလေးထောင်ကာ နမ်းလိုက်သည်။ "မင်္ဂလာမနက်ခင်းပါ~"


"'မင်္ဂလာမနက်ခင်း" ဖုယွမ်ချွမ်းက လက်မောင်းနှစ်ဖက်ကိုကွေးကာ ငါးလေးကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်လိုက်ပြီး ခပ်တိုးတိုးမေးလိုက်သည်။ "ဒီနေ့ဘာလို့ဒီလောက်အစောကြီးနိုးနေတာလဲ" 


ပြီးခဲ့သောရက်အနည်းငယ်အတွင်း ရှောင်ယွီသည် နေ့ခင်းရောက်လုနီးပါးမှ အိပ်ရာကနိုးလေ့ရှိသည်။


သူနိုးလာတာကိုမြင်တော့ ကျွင်းချင်ယွီလည်း ဆက်မအိပ်တော့ဘဲ ထလိုက်ပြီး "ညနေထွက်သွားတော့မယ်၊ ကျွန်တော် ဒီနေ့ကြိုတင်ပြင်ဆင်ထားသင့်တယ်မလား"


ပြီးခဲ့သောရက်အနည်းငယ်အတွင်း ယူရန် လိုအပ်သော အဝတ်အစားများနှင့် အခြားလိုအပ်သည့်ပစ္စည်းများအားလုံးကို ပြင်ဆင်ထားပြီးဖြစ်သည်။


စစ်သင်္ဘောပေါ်တွင် သာမန်ယူနီဖောင်းများ ၀တ်ဆင်ခွင့်မရှိပေ။ ကြယ်တာရာစစ်ယူနီဖောင်း အမျိုးမျိုးကိုသာ ဝတ်ဆင်ခွင့်ရှိသည်။


ကျွင်းချင်ယွီက ကြယ်တာရာစစ်ဝတ်စုံများမှာ ဖုယွမ်ချွမ်းနှင့်ဆိုလျှင် အထူးပေါ်လွင်လိုက်ဖက်နေသလို အမြဲခံစားရသည်။


အမျိုးမျိုးသော ပွဲများကို တက်ရောက်သည့်အခါတိုင်း ဝတ်ဆင်သည့် ကြယ်တာရာယူနီဖောင်းများမှာ ကွဲပြားသော်လည်း စစ်သင်္ဘောပေါ်တွင်တော့ ယင်းတို့အား ပေါ့ပေါ့ပါးပါး ဝတ်ဆင်နိုင်သည်။


ယခင်က ဤအရာများကို ဖုယွမ်ချွမ်း ကိုယ်တိုင်ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။


ယခုမူ ကျွင်းချင်ယွီက ဤတာဝန်ကို သူ့ကိုယ်တိုင်ပင် ယူလိုက်ရတော့သည်။


ရေချိုးပြီးနောက် ကျွင်းချင်ယွီသည် ဗီရိုရှေ့တွင် အလုပ်ရှုပ်နေသည်။


စစ်င်္ဘောတွင် ပစ္စည်းအစုံ တပ်ဆင်ထားဆင်ထားသော်လည်း အိမ်အပြင်ဘက်ဖြစ်၍ အဆင်မပြေသည်မှာ အသေအချာပင်။ ပြင်ဆင်ထားသင့်သည့် အရာများအားလုံးကို ခရီးဆောင်အိတ်တွင်းသို့ ထည့်ထားလိုက်သည်။


ကြယ်တာရာခေတ်၏ ခရီးဆောင်အိတ်တွင် ဆန့်သော ပမာဏသည် ယင်း၏ အပြင်ပုံစံ အရွယ်အစားနှင့် မကိုက်ညီပေ။


အဝတ်များကို ခေါက်ကာ ခရီးဆောင် သေတ္တာထဲသို့ ဖိသိပ်ထည့်နေချိန်တွင် ဖုယွမ်ချွမ်းက မနက်စာစားရန် အသင့်ဖြစ်နေပြီး လှမ်းပြောလိုက်သည်။ "အရင်ဆုံး စားလိုက်ရအောင်''


''ခင်ဗျားအရင်စားနှင့်ပါ ကျွန်တော်ဗိုက်မဆာသေးဘူး'' ကျွင်းချင်ယွီသည် သေတ္တာအတွင်းသို့ တစ်ဝက်ဖြည့်ထားပြီး သူ့အနီးရှိ ဗီဒိုသည် အလွတ်နီးပါး ဖြစ်နေသည်။


စစ်သင်္ဘောပေါ်တွင် လျင်မြန်စွာ အခြောက်ခံနိုင်သော အဝတ်လျှော်စက်တစ်ခု ရှိပြီး အဝတ်တစ်ထည်ကို လျှော်ရန် ဆယ်မိနစ်သာ ကြာသည်။


ယင်းက အဝတ်အစားတွေ အများကြီး ယူလာစရာ မလိုကြောင်း ပြောပြနေသလိုပင်။


သို့သော်လည်း ရှောင်ယွီက ထုပ်ပိုးနေရင်း အဝတ်တွေ ယူလာဖို့ အလွန်စိတ်အားထက်သန်နေသောကြောင့် ဘာမှ မပြောဘဲ နောက်ထပ် အဝတ်အစား အနည်းငယ် ထည့်လိုက်သည်။


သို့သော်လည်း အစာမစားပဲ နေခြင်းက အဆင်မပြေပေ။


ဖုယွမ်ချွမ်းက လျှောက်လာပြီး သူ၏လက်နှစ်ဖက်ဖြင့် ကျွင်းချင်ယွီအား ဒူးနားမှ လျှိူ၍ဆွဲပွေ့လိုက်သည်။


''အား..'' ကျွင်းချင်ယွီမှ. အလျင်စလိုနိုင်ပြီး တိုတောင်းသော အော်သံနှင့်အတူ ဖုယွမ်ချွမ်း၏ လည်ပင်းအား လှမ်းဖက်ကာ ပြောလိုက်သည်။ ''ကျွန်တော် ထုပ်ပိုးလို့ မပြီးသေးဘူးလေ"


ဖုယွမ်ချွမ်းက ပြောလိုက်သည်။ ''အရင်ဆုံးစားဖို့ သွားရမယ်၊ အဝတ်အစားတွေက ထွက်မပြေးပါဘူး''


ကျွင်းချင်ယွီသည် ဗိုက်မဆာပေ။ တခြားအရာတွေကို အာရုံစိုက်နေတာကြောင့် ဆာလောင်မှုကို မခံစားရပေ။


စားနေစဥ်တွင် ကျွင်းချင်ယွီသည် ဝမ်ချန်းယောင်ထံ စာပို့ရန် ဥာဏ်ရည်တုအားယူလိုက်သည်။


ဖုယွမ်ချွမ်းထွက်သွားသည်နှင့် တစ်ပြိုင်နက် ယင်းတွင် နှောင့်ယှက်ရန် ပြင်ဆင်ရမည့်အချိန်ဖြစ်သည်။


ဝမ်ချန်းယောင် : [သတင်းမကြားရတာကြာပြီ၊ မင်းငါ့ကိုမေ့သွားပြီထင်နေတာ၊ စိတ်မပူနဲ့၊ ငါအမှားလုပ်မှာမဟုတ်ဘူး၊ ကတိပေးတယ် 】


ကျွင်းချင်ယွီက သူ၏အမူအယာကို ပြန်ပြင်လိုက်ပြီး ဥာဏ်ရည်တုအား ချထားလိုက်သည်။


နေ့လည်စာစားပြီးသောအခါ ကျွင်းချင်ယွီသည် အဝတ်အစားများထုပ်ပိုးရန် ပြန်သွားခဲ့သည်။


ဖုယွမ်ချွမ်းက စာကြည့်ခန်းထဲတွင် နောက်ဆုံး တာဝန်ကို အပြီးသတ်လိုက်သည်။


စာကြည့်ခန်းထဲမှအရာများက အိပ်ခန်းထဲရှိစားပွဲပေါ်မှအရာများထက် ပို၍ပြီးနေပြီဖြစ်သည်။ အိပ်ခန်းထဲရှိ အချိန်အများစုတွင် စာရွက်စာတမ်းများနှင့် ထိတွေ့နေရတာဖြစ်၏။


ကျွင်းချင်ယွီက လိုအပ်သည့်ပစ္စည်းများအားလုံးကို သေတ္တာတစ်ခုထဲတွင် သပ်သပ်ရပ်ရပ်စီခွဲထည့်ကာ အပိုင်းတစ်ပိုင်းစီကို အထူးတလည်ပင် တူညီသည့်အရာများစုပြီး ထားလိုက်သည်။ ဖုယွမ်ချွမ်းကတစ်ချက်ကြည့်ရုံမျှဖြင့် သူအလိုရှိရာကို ရှာတွေ့နိုင်၏။


ပြင်ဆင်ပြီးနောက်တွင် ကျွင်းချင်ယွီက သေတ္တာကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်သဖြင့် ထရပ်ရန် ရှုပ်ထွေးမနေချေ။


ဖုယွမ်ချွမ်းက တစ်စုံတစ်ခုကြောင့် အလုပ်များနေပုံရပြီး စာကြည့်ခန်းမှ ပြန်မလာသေးချေ။


ကျွင်းချင်ယွီက အိပ်ခန်းထဲတွင် နေရသည်ကို ပျင်းလာခြင်းကြောင့် သစ်သီးတစ်ပန်းကန်မျှ လှီးရန်အောက်ထပ်ကို ဆင်းပြီး ဖုယွမ်ချွမ်းကို ရှာလိုက်သည်။


အတွင်းဘက်တွင် ဖုယွမ်ချွမ်း အစည်းအဝေးလုပ်နေမည်ကို စိုးရိမ်သဖြင့် ကျွင်းချင်ယွီ တံခါးကို ဦးစွာခေါက်လိုက်ပြီး တုန့်ပြန်မှုရမှ ဝင်သွားလိုက်သည်။


"ခင်များမပြီးသေးဘူးလား၊ ဒီနေ့အတော်လေး အလုပ်များနေတာပဲ"ဤနေ့ရက်များတွင် ဖုယွမ်ချွမ်းက သူ့စားပွဲတွင် ကြာရှည်စွာ ထိုင်နေမည့်အစား သူ၏ဥာဏ်ရည်တုမှ စာများကိုရိုးရှင်းစွာ အသုံးပြနေခဲ့သည်။


ရုတ်တရက် အလုပ်များသွားခြင်းက ကျွင်းချင်ယွီအား အဆင်မပြေဖြစ်စေသည်။ 


"ကျွန်တော် အထုပ်အပိုးပြင်ပြီးသွားပြီ၊ ခင်များ ဘယ်အချိန်ပြီးမှာလဲ၊ ထွက်ခွာချိန်နီးနေပြီ" ကျွင်းချင်ယွီက ဖုယွမ်ချွမ်း၏ဘေးတွင်ထိုင်လိုက်ကာ သူ့ကို စတော်ယယ်ရီတစ်ခုကျွေးလိုက်သည်။


"ချိုလား"


"အရမ်းချိုတယ်" ဖုယွမ်ချွမ်းက သဲစားပွဲအတုကို ဖယ်လိုက်သည်။ uploafလုပ်ထားသည့်ဒေတာများက 80% အထိရောက်နေပြီဖြစ်ကြောင်းပြသနေသည်။ "ဒေတာတွေအကုန် ပေါင်းစည်းသွားတဲ့အထိ စောင့်ရုံပဲ"


ကျွင်းချင်ယွီ တစ်ချက်ကြည့်ကာ သိပ်မကြာတော့ဘူးဟုတွေးလိုက်ရင်း ပြောလိုက်သည်။ "ဒါဆို ကျွန်တော် ခရီးဆောင်အိတ်ကို ထုတ်ထားလိုက်မယ်"


ဖုယွမ်ချွမ်း ပြီးသည်နှင့် ယာဥ်ပေါ် တိုက်ရိုက်တက်၍ရသည်။


စာရေးသူမှာပြောစရာရှိပါတယ်


ရှောင်ယွီ : "ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ(ဒါဆို လုပ်ကြတာပေါ့)


Xxxxxxx