အပိုင်း ၆၅
Viewers 16k

Chapter 65


သူက ပုံနှင့် စစ်သင်္ဘော၏အပြင်အဆင်ကို ပေါင်းစပ်ပြီးနေပြီဖြစ်သည်။


ဖုယွမ်ချွမ်းက ခေါင်းညိတ်ကာပြောလာသည်။ "ကောင်းပြီ၊ ကိုယ်မင်းကို လိုက်ပို့မယ်"


"မလိုပါဘူး ၊ ကျွန်တော် ကိုယ့်ဟာကိုယ် ဆင်းနိုင်တယ်" မူလက ကျွင်းချင်ယွီသည် တက်လာဖို့ အစီအစဥ်မရှိခဲ့ပေ။ သူက စစ်သင်္ဘော ထွက်ခွာသည့်အချိန်တွင် သူ၏နေရာလွတ်ကိုသုံးပြီး တစ်စုံတစ်ဦးကိုမှီကာ တက်လာရန် ကြံစည်ထားခြင်းဖြစ်၏။ 


 


သို့သော်လည်း ယခုမူ အားလုံးတက်ပြီးသွားပြီဖြစ်ရာ ပုန်းဖို့နေရာရှာကာ ထွက်ခွာချိန်ကို စောင့်ရုံမျှသာ။


ကျွင်းချင်ယွီက ဖုယွမ်ချွမ်းကိုဖက်ကာ နမ်းလိုက်ပြီး "ကျွန်တော့်ကို လွမ်းနေရမယ်နော်"


ဖုယွမ်ချွမ်းက နူးညံ့စွာ ပြန်ဖြေလိုက်သည်။ "ကောင်းပြီ..."


"သွားတော့မယ်!" ပြောပြီးသည်နှင့် ကျွင်းချင်ယွီက အပြုံးတစ်ခုဖြင့် လက်ဝေ့ယမ်းနှုတ်ဆက်ကာ သူလာရာလမ်းအတိုင်း လှည့်ပြေးသွားသည်။


လမ်းကြောင်းက ရိုးရှင်းပါသည်။ သွားလိုက်ပြီး လှေကားမှဆင်းလျှင် လမ်းဆုံးပင်။


ကျွင်းချင်ယွီ သူ့မြင်ကွင်းမှ ပျောက်သွားသည်အထိ ဖုယွမ်ချွမ်းက လှည့်မသွားပေ။ ပြီးသည်နှင့် သူက ကိုယ်ကိုလှည့်ကာ ကျွင်းချင်ယွီ၏ ဥာဏ်ရည်တုအချက်အလက်များကို စီမံခွင့်ထဲထည့်လိုက်သည်။ သူ၏ ဥာဏ်ရည်တုက လမ်းကြောင်းများအတွင်း ဝင်ရောက်သွားပြီး သူ၏ပုံမှန် လုံခြုံမှုထဲ ဝင်ရောက်သွားမှာဖြစ်သည်။


---


ကျွင်းချင်ယွီက တိုက်ရိုက်လိုက်မသွားသော်ငြား စစ်သင်္ဘော၏တံခါးကို ဖွင့်လိုက်လေသည်။ သူက စစ်သင်္ဘောထဲမှ ထွက်မသွားခဲ့ပေ။ ထိုအစား သူ၏ဥာဏ်ရည်တုကို သုံးပြီးနောက် အနှောင့်အယှက်လှိုင်းများကိုလွှင့်ကာ ပုန်းစရာနေရာတစ်ခုရှာပြီး တံခါးအလိုအလျောက် ပိတ်သွားမှာကို စောင့်နေလိုက်သည်။ 


ဤနည်းဖြင့် စစ်သင်္ဘောက သူထွက်ခွာသွားကြောင်း သိမှာဖြစ်သည်။


မထွက်ခွာမှီတွင် ရှီခိုင်ရှင်းက လာရောက်စစ်ဆေးသော်လည်း ကျွင်းချင်ယွီကို မတွေ့ချေ။


ရှီခိုင်ရှင်း ထွက်သွားပြီး မကြာမှီမှာပင် စစ်သင်္ဘောက ဖြည်းဖြည်းချင်း စတင်ထွက်ခွာနေတာကို ခံစားလိုက်ရသည်။ 


ပျံသန်းချိန်အတွင်း လောင်စာဆီခန်းကို လုံးလုံးလျားလျားပိတ်ထားမှာဖြစ်သည်။ ပျံသန်းမှုတည်ငြိမ်သွားပြီး တစ်စုံတစ်ဦးမှ အချိန်ကျလာသည့်အခါတွင် လောင်စာဆီဖြည့်မည့်အချိန်အထိ ဖွင့်မည်မဟုတ်ချေ။


သူတို့က လောင်စာဆီဖြည့်ခြင်းကို ကိုယ်တိုင် ဖြည့်ခြင်းပင်။ သူတို့က မဖြည့်မှီနှင့်ဖြည့်ပြီးချိန်တွင် အမြဲလိုလို စမ်းသပ်စစ်ဆေးမှာဖြစ်သည်။


အားလုံးပြီးတဲ့နောက် လောင်စာဆီတွင် ပြဿနာတစ်ခုခုရှိပါက စစ်သင်္ဘောသည်လည်း အတိအကျပင် ဒုက္ခရောက်လိမ့်မည်။


အချိန်တန်သောအခါ ကျွင်းချင်ယွီက သူ ပုန်းအောင်းနေရာမှ ထွက်သွားလေသည်။


 လောင်စာဆီခန်းတစ်ဝိုက်တွင် လှည့်ပတ်ပြီး ပုန်းနေလိုက်သည်။


 စစ်သင်္ဘောပေါ်ရှိ လူများ လုပ်ဆောင်နိုင်သည့် ဖြစ်စဉ်မှာ ကင်းလှည့်သူများ၊ ထို့နောက် အစောင့်များနှင့် နောက်ဆုံးတွင် တပ်မကြီးမှ စစ်သည်များ ဖြစ်သည်။


စစ်သင်္ဘောပေါ်ရှိလူများ လုပ်ဆောင်နိုင်သည့် လုပ်ငန်းစဥ်မှာ ကင်းလှည့်ခြင်း၊ စောင့်ကြပ်ခြင်းတိူ့ဖြစ်ပြီး အဆုံးမှာ တပ်သားများသာဖြစ်သည်။


ကျွင်းချင်ယွီက ကင်းစောင့်အလှည့်မပြောင်းမှီတွင် လောင်စာဆီအခန်းထံ ရောက်လာပြီး လောင်စာဆီခန်းဖွင့်သည်နှင့် ဝင်လိုက်သည်။


ဤနည်းဖြင့် လောင်စာဆီဖြည့်ချိန်ရောက်သည်အထိ မည်သူမှ ဝင်လာမည်မဟုတ်ပေ။


ကျွင်းချင်ယွီက မတော်တဆမှုတစ်ခုကို ဖန်တီးဖို့ရာ သတ်မှတ်ချိန်ပါသည့် လျှပ်စစ်ဖောက်ခွဲရေးပစ္စည်းများကို ပြင်ဆင်ပြီး လောင်စာဆီခန်းထဲတွင် ထားလိုက်မည်။


လောင်စာဆီခန်းတွင် တစ်ခုခုဖြစ်ခဲ့ပါက ရပ်တန့်ပြီး စစ်ဆေးရန်အလို့ငှာ အနီးဆုံးနေရာမှာ ဆင်းသက်ရပေမည်။ စစ်သင်္ဘောကို ရပ်တန့်စစ်ဆေးပြီး ပြန်ထွက်ခွာသည်နှင့် ဝမ်ချန်းယောင်သည်လည်း သူ၏လှုပ်ရှားမှုကို အပြီးသတ်ဖို့အချိန် လုံလောက်ပေလိမ့်မည်။


သို့သော်လည်း သူလျှပ်စစ်ဖောက်ခွဲရေးပစ္စည်းကို ထုတ်လိုက်သည်နှင့် တံခါးလက်ကိုင်က ကျလာသည်။


ကျွင်းချင်ယွီ၏မျက်ခုံး ပင့်တက်သွားပြီး သူ၏ပစ္စည်းကိုအမြန်ယူကာ စက်နောက်တွင် ပုန်းနေလိုက်သည်။


လက်ရှိတွင် ကင်းလှည့်အဖွဲ့က မထွက်သွားသေးသဖြင့် သာမာန် ကြယ်တာရာစစ်သားများအနေဖြင့် ဤနေရာကို လာဖို့ မဖြစ်နိုင်ချေ၊၊ ဤလူနှင့်ပတ်သက်ပြီး ပြဿနာရှိသည်။


ကျွင်းချင်ယွီက အသံမထွက်ဘဲ ငြိမ်သက်စွာ ပုန်းနေပြီး ပြိုင်ဘက်၏ လုပ်ရပ်ကို စောင့်နေလိုက်သည်။


ထိုအမျိုးသားက စောစောက သူရပ်နေခဲ့သည့်နေရာတွင် ရပ်လိုက်ပြီး သူ့လက်ထဲမှ ပေါက်ကွဲစေတတ်သည့်လျှပ်စစ်ပစ္စည်းနှင့် ဆင်တူသည့် အရာတစ်ခုကို ထုတ်ယူကာ စားပွဲပေါ် တင်လိုက်သည်။


ထိုအမျိုးသားက တပ်ဆင်ဖို့ ထိုင်လိုက်ချိန်တွင် 


ကျွင်းချင်ယွီက အနီးကပ်ကြည့်လိုက်သည်။ ယင်းက တူသလိုလိုနှင့် သိပ်မတူချေ။


ထိုအမျိုးသားက ဒုဗိုလ်တစ်ဦး၏ဝတ်စုံကိုပင် ဝတ်ဆင်ထားသည်။ 


သူ့ကို ဘယ်သူပို့လိုက်တာလဲ။


လူများစွာက ဖုယွမ်ချွမ်းကို ဆန့်ကျင်နေကြတာကြောင့် အတော်ကြာသည်အထိ ကျွင်းချင်ယွီမှာ မစဥ်းစားနိုင်ချေ။


တစ်ဖက်လူက တပ်ဆင်ပြီးသည်နှင့် ခလုတ်ကိုဖွင့်တော့မည်ကို မြင်လိုက်ရသဖြင့် ကျွင်းချင်ယွီက သူ့အနောက်ကို ခြေလှမ်းဖွဖွလှမ်းကာ ဖြည်းဖြည်းချင်း ချဉ်းကပ်သွားပြီး တိုးတိုးလေးပြောလိုက်သည်။


 "အလုပ်များနေတာလား" 


"ဘယ်သူလဲ " တစ်ဖက်လူ၏လက်က တုန်ယင်သွားပြီး မြဲမြံစွာ ဆုပ်ကိုင်မထားနိုင်တော့ပေ။ သူက အလျင်အမြန် ဖမ်းကိုင်လိုက်ပြီး ကျွင်းချင်ယွီကို အေးစက်စွာ ကြည့်လိုက်သည်။


လောင်စာအခန်းထဲတွင် အခြားလူတစ်ဦးရှိနေသည်ကိုမြင်ပြီးနောက် ထိုလူက မေးလာသည်။ "ဒီအချိန်မှာ လောင်စာဆီခန်းထဲကိုဝင်ခွင့် မင်းကို ဘယ်သူပေးလိုက်တာလဲ"


မကြာမီမှာပင် သူက သူ(ကျွင်းချင်ယွီ) တပ် ယူနီဖောင်းကို မဝတ်ဆင်ထားကြောင်းကို တွေ့ရှိသွားသည်။ သူ့လက်ထဲရှိ ပစ္စည်းကို ချလိုက်ပြီးနောက် သူက ကျွင်းချင်ယွီကို လက်ပြန်ရိုက်ချလိုက်သည်။


ကျွင်းချင်ယွီက သူ့လက်ကိုဖမ်းဆုပ်လိုက်ပြီး လိမ်ချိုးကာ ကန်ချလိုက်သည်။


လောင်စာဆီခန်းထဲတွင် တိုက်ခိုက်ရာတွင် သူတို့နှစ်ဦးလုံးက အလိုက်တသိဖြင့် အသံမထွက်ကြချေ။


ထိုအမျိုးသားမှာ အကြိမ်ပေါင်းများစွာ ရိုက်နှက်ခံရပြီး မျက်နှာမှာနီရဲကာ ရောင်ရမ်းနေသည့်တိုင် စကားတစ်ခွန်းမှ မပြောဘဲ အံ့သာကြိတ်နေလေသည်။


ကျွင်းချင်ယွီမှာ ယခင်က သံသယသက်သက်သာဖြစ်ပြီး ယခုမူ တစ်ဖက်လူမှာ တစ်ခုခု မှားယွင်းနေကြောင်း သေချာသွားသည်။


သို့မဟုတ်လျှင် ပုံမှန်လူတစ်ဦးသာဆိုပါက အခန်းထဲတွင် တစ်ယောက်ယောက်ကိုတွေ့လျှင် ပထမဆုံးလုပ်ရမည်မှာ အကူအညီတောင်းခြင်းပင်ဖြစ်သည်။


ထိုသို့စဥ်းစားပြီးနောက် ကျွင်းချင်ယွီ သူ့လက်ကို ထိန်းပင်မထားတော့ချေ။


အမျိုးသားမှာ သူ့ရှေ့မှ အလွန်ပိန်ပါးပြီး ပျော့ညံ့သောအသွင်အပြင်နှင့် လူငယ်လေးက သူ့ပြိုင်ဘက်မဟုတ်ဟု ခံစားမိသောကြောင့် တိုက်ခိုက်ရန် သတ္တိရှိခဲ့သော်လည်း အနည်းငယ် လှုပ်ရှားပြီးနောက်တွင် သူ(JQY)၏ထိုးနှက်ခြင်းကို လုံးဝမကာကွယ်နိုင်ကြောင်း တွေ့လိုက်ရသည်။


"ဖွီ... အဟွတ် ဟွတ်၊ ရပ်တော့..."


ကျွင်းချင်ယွီက လျစ်လျူရှုလိုက်ပြီး အမျိုးသားကို မြေပေါ် ပစ်ပေါက်လိုက်သည်။ သူကလက်ခုပ်တီးလိုက်ပြီး ပြောလိုက်သည်။ "ခင်များကို ဘယ်သူပို့လိုက်တာလဲ"


အမျိုးသားက အံကြိတ်ကာ ပြောလိုက်သည်။ 


အမျိုးသားက အံကြိတ်ကာ ပြောလိုက်သည်။ "မင်းက ငါ့ကိုစစ်ဆေးရမယ့် အလှည့်ပေါ့လေ?၊ ဟစ်!"


ကျွင်းချင်ယွီက စကားလေးတစ်ခွန်းဖြင့် ဘာကိုမှရဖို့ မမျှော်လင့်ထားချေ။ ယင်းက အစဥ်အလာတစ်ခုသာဖြစ်သည်။


စားပွဲပေါ်တွင် လောင်စာဆီအတွက် ကြိုးတစ်ချောင်းရှိသည်။ ကျွင်းချင်ယွီက ကြိုးကိုယူ၍ ထိုလူ၏လက်ကို နောက်ကျောတွင်ချည်နှောင်လိုက်သည်။


အမျိုးသားက အထိတ်အလန့်ဖြင့် ချည်နှောင်ခံလိုက်ရပြီး ပြောလာသည်။ "ငါမင်းကို သတိပေးမယ်နော်၊ ငါ့နောက်ကလူကို မင်းစော်ကားလို့မရဘူး၊ မလုပ်ခင် သေချာစဥ်းစားဖို့ ပြောချင်တယ်" 


ကျွင်းချင်ယွီက လျစ်လျူရှုလိုက်ပြီး အမျိုးသားယူလာသည်တို့ကို ကြည့်လိုက်သည်။ အလေးချိန်အရ ယင်းက ဖောက်ခွဲရေးပစ္စည်းအစစ်ဖြစ်နိုင်သည်။


ပစ္စည်းမှာ မဖောက်ရသေးပေ။ ကျွင်းချင်ယွီက ရိုးရှင်းစွာပင် ခွဲထုတ်ပြီး ဖယ်ရှားလိုက်သည်။ 


အဲဒီလူက မြင်တော့ ထိတ်လန့်သွားပြီး အော်လိုက်သည်။“ဟေး မင်း--”


အော်ပြီးမှ တိတ်တဆိတ်နေရမည်ကို ပြန်သတိရသွားကာ သူက တီးတိုးရေရွတ်သည်။ "ငါတို့မှာ ကိုယ်ပိုင်သခင်တွေရှိတာပဲ၊ ငါတို့လုပ်တာနဲ့ပတ်သက်ပြီး ပြဿနာဖြစ်စရာမလိုပါဘူး၊ မင်းငါ့ကို စော်ကားစရာမလိုဘူး၊ ပစ္စည်းတွေကို ပြန်ချလိုက်ပါ၊ ငါတို့ မင်းလိုချင်တာကို ဆွေးနွေးကြမယ်လေ" 


ကျွင်းချင်ယွီက လျစ်လျူရှုမြဲပင်။


"မင်း နားထောင်နေရဲ့လား"


ကျွင်းချင်ယွီက ပုခုံးတွန့်လိုက်ပြီး " တပ်ယူနီဖောင်းကိုဝတ်ပြီး ဒီလိုသစ္စာဖောက်တဲ့လုပ်ရပ်ကိုလုပ်တယ်၊ မင်းက ဖြောင့်ဖြောင့်မတွေးဘူးပဲ"


"အဓိပ္ပါယ်မရှိတာတွေ ပြောမနေနဲ့၊ ပစ္စည်းတွေကို ချထားလိုက်စမ်းပါ"


"မင်း ငါပြောတာ ကြားရဲ့လား၊ မင်းကို ပြောနေတာ"


သူ့နောက်မှလူက ကျိုးပျက်နေသည့်အသံဖမ်းစက်ပမာ တွတ်ထိုးနေပြီး ကျွင်းချင်ယွီ၏ မျက်ခုံးလေးတွေတွန့်သွားရသည်။


ဝက်အူနှစ်ချောင်းကို ဖြုတ်ပြီးသည်အထိ သူက ဆက်ပြောနေဆဲပင်။


ကျွင်းချင်ယွီက သည်းမခံနိုင်တော့ဘဲ စားပွဲပေါ်ရှိ ဖောင်တိန်ကို ယူလိုက်ပြီး လက်ကိုလှည့်ကာ ထိုလူ၏ မျက်လုံးရှေ့ သို့ ရွှေ့လိုက်သည်။


ဘောပင်၏ ထိပ်ဖျားက သူ့မျက်လုံးများဆီသို့ တည့်တည့် ပြေးဝင်လာသဖြင့် ထိုလူက ခဏတာမျှ ထိတ်လန့်သွားလေသည်။ သူ့ မျက်လုံးများ ပြူးကျယ်သွားပြီး နေရာမှာ ငြိမ်သွား၏။


ကျွင်းချင်ယွီက ဘောပင်ကို ပို၍နီးကပ်အောင် ရွှေ့လိုက်ပြီး အေးစက်စွာပြောသည်။


"တိတ်တိတ်နေ ၊ နားလည်လား"


အမျိုးသားက ထိတ်လန့်ဆွံ့အစွာဖြင့် ခေါင်းအသာအယာ ညိတ်ပြသည်။


ကျွင်းချင်ယွီက ဘောပင်ကိုပြန်ထားလိုက်ပြီး ဖောက်ခွဲရေးပစ္စည်းကို တစ်စစီလုပ်ရန် ခေါင်းပြန်ငုံ့လိုက်သည်။


ထိုပစ္စည်းကို မည်သို့ကိုင်တွယ်ရမည်မှန်း သူမသိသော်လည်း ကံကောင်းစွာဖြင့် မစတင်သေးရကား အန္တရာယ်သိပ်မများပေ။ သူကရှုပ်ထွေးအောင်လုပ်ပြီး ဖျက်ဆီးပစ်ရုံသာဖြစ်သည်။


ကျွင်းချင်ယွီက ကိရိယာများကို သုံးစွဲလေ့မရှိသဖြင့် သူ့လက်ဖြင့်သာ အပိုင်းပိုင်း ဖြုတ်ပစ်လိုက်လေသည်။ သူစောင့်ကြည့်နေစဥ်တွင် ဖြစ်ပျက်နေသည်တို့ကို ထုတ်ပြ၍မရချေ။


အမျိုးသားက ကျွင်းချင်ယွီကို မယိမ်းမယိုင် စိုက်ကြည့်နေပြီး သူ့လက်တွေက နောက်ကျောဘက်တွင် အဆက်မပြတ် လှုပ်ရှားနေသည်။


လောင်စာဆီတွင်အသုံးပြုသည့် ကြိုး၏ခိုင်မာမှုနှင့်အတူ ထူးထူးဆန်းဆန်း ချည်နှောင်နည်းနှင့် ရှုပ်ထွေးမှုများကြောင့် ကြိုးကို မဖြည်နိုင်သလို ဆုတ်ဖြဲပစ်၍လည်းမရချေ။ အမျိုးသားက ဒေါသထွက်သွား၏။


ကျွင်းချင်ယွီက ပျက်စီးနေသည့်တစ်ခုကို ထောင့်မှာထားလိုက်သည်။ အချိန်ရလျှင် ယင်းကို သူလေ့လာရပေမည်။


ပြီးနောက်တွင် သူက သူ၏အတုဖြင့် အလုပ်စလုပ်ဖို့ ပြင်ဆင်လေသည်။


အတုဖြစ်သောကြောင့် တည်နေရာရွေးချယ်မှုမှာ အထူးအရေးကြီးသည်။


သူအလုပ်များနေစဥ် အပြင်ဘက်မှနေ၍ ခြေသံများ ထွက်လာသည်။ 


ကျွင်းချင်ယွီက လောင်စာကိုတစ်ချက်ကြည့်လိုက်ရာ ဆီဖြည့်ရန် မလိုသေးရကား မည်သူမှ လာစရာအကြောင်းမရှိပါချေ။


ထို့ကြောင့် ကျွင်းချင်ယွီက ယင်းကို တစ်ယောက်ထဲ ချန်ထားလိုက်ပြီး သူ့ကိုယ်ပိုင်လုပ်ငန်းစဥ်၌သာ အာရုံစိုက်လိုက်သည်။


ရလဒ်အနေဖြင့် အပြင်ဘက်မှ ‘တံခါးဖွင့်စမ်း.’ ဟူသည့် တစ်စုံတစ်ယောက်၏အသံကို ကြားလိုက်ရသည်။


ကျွင်းချင်ယွီ : “???”


တံခါးဖွင့်စမ်းဆိုတာ ဘာအဓိပ္ပါယ်တုန်းဟ။


ကျွင်းချင်ယွီ ထိတ်လန့်သွားကာ မြေပေါ်တွင်လဲလျောင်းနေသူကို ကြည့်လိုက်သည်။ ဖြစ်နိုင်တာက ဖုယွမ်ချွမ်းက တစ်ခုခုကို သတိထားမိပြီး အဲဒီလူကို လွှတ်လိုက်တာများလား။


ဘာပဲဖြစ်ဖြစ် အရေးကြီးတာက အရင်ဆုံးပုန်းဖို့ပဲ။


တံခါးမဖွင့်မှီ ကျွင်းချင်ယွီက အခြားတစ်ယောက်နှင့်အတူ စက်နောက်မှာ အမြန်ပုန်းလိုက်သည်။


အမျိုးသားက ခေတ္တမျှ ထိတ်လန့်သွားပြီးနောက် “ကယ်——”


တစ်စုံတစ်ယောက် ဝင်လာတာကိုမြင်ပြီး ကျွင်းချင်ယွီက စားပွဲပေါ်မှ စက္ကူကိုယူလိုက်ကာ လုံးခြေပြီး ထိုလူ၏ပါးစပ်ထဲ ထိုးသိပ်ဖို့လုပ်သည်။


ထိုလူက ပါးစပ်ကို တင်းတင်းပိတ်ထားသဖြင့် ကျွင်းချင်ယွီက ဒူးကွေးကာ ဗိုက်ကို တိုက်ရိုက်တိုက်ချလိုက်သည်။


“အ့——ဝူး ဝူး!”


သူပါးစပ်ဟသည်နှင့် ကျွင်းချင်ယွီက စက္ကူလုံးကို ထိုးထည့်လိုက်သည်။


တိတ်ဆိတ်နေသေးသော်လည်း စောစောကအော်သံက အပြင်မှလူကို ဆွဲဆောင်မိသွားပုံရသည်။


"အထဲကဘယ်သူလဲ"


ကျွင်းချင်ယွီက သူပြင်ဆင်ထားသည့်ပစ္စည်းကို အသုံးမပြုရသေးသလို သူပြုလုပ်ထားသည့် တစ်ဝက်တစ်ပျက်ပစ္စည်းက သူ့လက်ထဲမှာရှိနေသည်။


ထိုအကြောင်းကို တွေးပြီးနောက် သူက ရိုးရိုးရှင်းရှင်းပင် ပုန်းခိုရာနေရာကို ကျောကပ်လိုက်သည်။သူ့တွင် အခြားလုပ်ဆောင်ချက်များအား ဖွင့်ရန်အချိန်မရခဲ့သည့်အပြင့ သူရွေးချယ်လိုက်သည့်နေရာကလည်း အကောင်းဆုံးမဟုတ်ပေ။ အကျိုးသက်ရောက်မှုအပေါ် သက်ရောက်မှုရှိနိုင်သော်ငြား ရည်ရွယ်ချက်ကိုမူ မဖြည့်ဆည်းနိုင်ပေ။


သတ်မှတ်ပြီးနောက်တွင် ကျွင်းချင်ယွီက ထိုလူကို ဖုယွမ်ချွမ်းထံခေါ်သွားဖို့ရာ ဆွဲထုတ်လိုက်သည်။


ရလဒ်အနေဖြင့် သူထရပ်လိုက်သည်နှင့် အမျိုးသားက လှိမ့်ထွက်သွားသည်။


Xxxxxxx