အပိုင်း ၆၆
Viewers 16k

Chapter 66


သတ်မှတ်ပြီးနောက်တွင် ကျွင်းချင်ယွီက ထိုလူကို ဖုယွမ်ချွမ်းထံခေါ်သွားဖို့ရာ ဆွဲထုတ်လိုက်သည်။


ရလဒ်အနေဖြင့် သူထရပ်လိုက်သည်နှင့် အမျိုးသားက လှိမ့်ထွက်သွားသည်။


တစ်ချိန်တည်းမှာပင် လောင်စာဆီခန်းတံခါးက ပွင့်လာပြီး ကင်းလှည့်သမားက တံခါးနားတွင် ရပ်နေ၏။


“ဝူး…ဝါးဝီး..ဝါး!” အမျိုးသားက မြေပေါ်တွင် လဲလျောင်းနေကာ သူ့လက်များကို နောက်ပြန်ကြိုးချည်ထားပြီး ပါးစပ်ထဲ၌ စက္ကူလုံးရှိနေကာ အနည်းငယ် ကြည့်ရဆိုးနေသည်။သူ့ပါးစပ်ထဲတွင် ပြည့်နေပြိး ကောင်းစွာ မလှုပ်ရှားနိုင်သဖြင့် အလွန်ဒေါသထွက်နေပုံရ၏။ 


တပ်မှူးက ယင်းကိုမြင်လိုက်ချိန်တွင် ထိတ်လန့်သွားကာ "ဒုဗိုလ်မှူးလား၊ ဒုဗိုလ် ရှန့်ရှုဟွားလား"


အမျိုးသားက လှိုက်လှိုက်လှဲလှဲ ခေါင်းညိတ်လာသည်။ “Wuuuuu!”


ကျွင်းချင်ယွီက သူ့လက်ကို ရင်ဘတ်ရှေ့တွင်ခေါက်ထားကာ ဗီရိုတံခါးကိုမှီလျက်(တံခါးပေါ် တံတောင်နဲ့တင်ထားတာပါ) မြေပေါ်မှလူကို အထင်သေးစွာ ကြည့်လိုက်သည်။


ဆိုတော့ မင်းကဒုဗိုလ်အဖြစ်ပဲရှိနေသေးတာပေါ့။


ဒုဗိုလ်ဖြစ်နေပြီး ဒီလိုကိစ္စမျိုးကို လုပ်တယ်လား။


အဲဒီ့မှာ သူတင်ထားတဲ့ ဖောက်ခွဲရေးပစ္စည်းက အတုဆိုပေမယ့် ရှန့်ရှုဟွားတင်ထားတဲ့ဟာက အစစ်လေ။


ရှန့်ရှုဟွားက စစ်သင်္ဘောတစ်ခုလုံးကို ပေါက်ကွဲသွားဖို့ ရည်ရွယ်ခဲ့တာ။ ဘယ်သူမှသေမှာမဟုတ်ပေမယ့် စစ်သင်္ဘောလည်း ရှိတော့မှာမဟုတ်ဘူး။ ဖုယွမ်ချွမ်းက အဲတာအတွက် တာဝန်ယူရလိမ့်မယ်။ အချိန်ကျတာနဲ့ သူ့ရဲ့သူရဲကောင်းဂုဏ်ပုဒ်ကို အင်ပါယာခေါင်းဆောင်က ချုပ်ကိုင်လာမှာပဲ။


ကင်းလှည့်အဖွဲ့၏ခေါင်းဆောင်က သူ့အဖွဲ့ဝင်ရှန့်ရှုဟွားကို ကယ်တင်ဖို့ရာ လက်ကိုမြှောက်လိုက်ပြီး ကျွင်းချင်ယွီထံ သေနတ်ဖြင့် ချိန်လိုက်၏။ "မင်းဘယ်သူလဲ၊ မင်းနာမည်၊ အသက် ပြော၊ မင်းဘာလို့ ဒီမှာရှိနေရတာလဲ"


ကျွင်းချင်ယွီက ရှင်းပြဖို့ လုပ်သည်။


 “ငါ...”


သို့သော်လည်း သူပြောလိုက်သည်နှင့် ရှန့်ရှုဟွား၏ချုပ်နှောင်မှု ပြေသွားပြီး သူက ပါးစပ်ထဲမှ စက္ကူလုံးကို ထုတ်ကာ အော်လိုက်သည်။


"သူကရောဝင်လာတဲ့ သူလျှိုပဲ၊ သူလောင်စာဆီခန်းကို ခိုးဝင်တာကို တွေ့လိုက်လို့ လိုက်လာတာ၊ အထဲရောက်တော့ သူက အချိန်သုံးဖောက်ခွဲရေးပစ္စည်း တပ်နေတာကို ငါဖမ်းမိတာပဲ!"


ကျွင်းချင်ယွီ : “……?”


သူက သူ့အပေါ် အမြင်ကောင်းကို ဆွဲယူလိုက်ပြီး စိတ်မြန်လက်မြန် ရှိလှသည်။


ကျွင်းချင်ယွီက ရှန့်ရှုဟွား၏ ကြယ်တာရာယူနီဖောင်းကို ကြည့်လိုက်ပြီး မျှော်လင့်ချက်မဲ့စွာ ရှင်းပြလိုက်သည်။ “သူက ဖောက်ခွဲရေးပစ္စည်းတွေကို ယူလာတာ”


သို့သော်လည်း ဤအခြေအနေတွင် ကင်းလှည့်နေသူများက ရှန့်ရှုဟွား၏စကားကိုသာ ပို၍ယုံကြည်မည်မှာ ထင်ရှားသည်။


သင့်တော်သည့် အထောက်အထားဖြင့် စစ်သင်္ဘောပေါ် ရောက်နေသည့် ရှန့်ရှုဟွားနှင့်ယှဥ်လျှင် သူတို့အတွက် ကျွင်းချင်ယွီက ပို၍ သံသယဖြစ်စရာ ကောင်းနေပေလိမ့်မည်။


“ဒီကိစ္စက အရမ်းအရေးကြီးတယ်၊ ငါမာရှယ်ကို သတင်းပို့ချင်တယ်!” ရှန့်ရှုဟွားက ပြင်းပြင်းထန်ထန် ချောင်းဆိုးလိုက်သည်။ သူ့တာဝန်ကျရှုံးမှုကြောင့်သာမက ကျွင်းချင်ယွီထံမှ မြေပေါ်တွင် လဲကျသည်အထိအရိုက်ခံရခြင်းကြောင့် အရှက်ရ၍လည်းဖြစ်သည်။


ရှန့်ရှုဟွားနှင့် သူ၏ဂုဏ်သိက္ခာမှာ ပါးစပ်ထဲမှ စက္ကူတစ်လုံးဖြင့် ချိုးဖျက်ခံလိုက်ရသည်။


သိပ်မကြာခင်က စကားလုံးများ သူ့ပါးစပ်မှထွက်လာပြီးနောက် ရှန့်ရှုဟွားက စိတ်သက်သာရာရသွားကာ သူ၏အစောပိုင်းက အဆိုပြုချက်ကို ပြန်ပြင်လိုက်သည်။ "မဟုတ်ဘူး၊ ဒီကိစ္စကို ဗိုလ်ချုပ်ကို ချက်ချင်း အကြောင်းကြားလိုက်ပါ၊ ဒီမှာဖြစ်ခဲ့သမျှကို မာရှယ်ဆီသတင်းပို့ပြီး ဒီကအခင်းနေရာကိုကြည့်ဖို့ မာရှယ်ကို လာခိုင်းလိုက်ပါ"


“ငါ့နာမည်ကိုပြောလိုက်၊ မာရှယ်ဆင်းလာလိမ့်မယ်!”


ကျွင်းချင်ယွီက ဖုယွမ်ချွမ်းထံကို စာပဲပို့ရမလား သူတို့နှင့်ပဲ ရိုးရိုးရှင်းရှင်း ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်လိုက်ရမလားဆိုတာကို စဥ်းစားနေဆဲပင်။အားလုံးပြီးတဲ့နောက် ဤနေရာက လောင်စာခန်းဖြစ်ရာ ကင်းလှည့်သူများလက်ထဲရှိ သေနတ်များ၏ တိုက်ခိုက်စွမ်းအားမှာ သာမန်သေနတ်များထက် ပိုမိုမြင့်မားမှာဖြစ်သည်။ သူတို့သာ ရိုးရိုးရှင်းရှင်း တိုက်ခိုက်လိုက်ပါက...


ပြဿကြီးဖြစ်မသွားပေဘူးလား။


သို့သော်ငြား ယခုအခါတွင် ပိုမိုရိုးရှင်းသည့် ဖြေရှင်းချက်တစ်ခုရှိလာရာ ကျွင်းချင်ယွီက တစ်ချက်လေးပင် မရွေ့တော့ပေ။ 


ရှန့်ရှုဟွား၏ မာရှယ်ကို ခေါ်ထုတ်ရန် မူလအတွေးမှာ မာရှယ်က ကြမ်းတမ်းသည်ဟု နာမည်ကြီးသောကြောင့်ပင်။ အနှီသူလျှိုက ကြောက်ရွံ့ထိတ်လန့်ပြီး ရှိုက်ကြီးတငင် ငိုကာ ပေါင်ကိုဖက်လျက် သက်ညှာပေးဖို့ရာ တောင်းခံရပေလိမ့်မည်။


သို့သော်လည်း သူနောက်ပြန်ကြည့်လိုက်သည့်အခါတွင် ထိုလူက လုံးဝကြောက်ရွံ့ခြင်းမရှိပဲ သူ့နာရီကိုသာ အေးအေးဆေးဆေး ကြည့်နေသည်။


ကျွင်းချင်ယွီက သူ့အကြည့်ကို သတိပြုမိသွားရာ 'ကျေးဇူးပြု၍ လုပ်ပါ' ဟူသောအမူအရာဖြင့် သူ့လက်ကို မြှောက်ကာ ပြောလိုက်သည်။ "မြန်မြန်လုပ်နော်၊ ငါ အလျင်လိုနေတယ်"


ရှန့်ရှုဟွား : “?!!”


မင်းရူးနေပြီပဲ!


ကင်းလှည့်အဖွဲ့ခေါင်းဆောင်က သူ့ဘေးကလူကို တိုးတိုးပြောလိုက်ရာ သူ့ဘေးမှလူက လှည့်ပြီး ပြေးထွက်သွားသည်။


သတင်းပို့ခြင်းက အဆင့်အဆင့်လုပ်ရမှာဖြစ်ပြီး ဖုယွမ်ချွမ်းလာခြင်းမလာခြင်းက အခြားကိစ္စဖြစ်သွားပြီဖြစ်သည်။


ကင်းလှည့်အဖွဲ့ခေါင်းဆောင်က မာရှယ်သည် ဤကိစ္စကို ဖြေရှင်းရန် သူ၏လက်ထောက်ကို လွှတ်လိမ့်မည်ဟု တွေးလိုက်သည်။


ကျွင်းချင်ယွီက ဘာမှမလုပ်ပဲ အတော်ကြာအောင် ရပ်စောင့်နေလိုက်သည်။ အတန်ကြာအောင် စောင့်ပြီးနောက်တွင် သူ့ခြေထောက်တွေ အနည်းငယ် ထုံကျင်လာသဖြင့် သူက စားပွဲဆီလျှောက်သွားကာ ခုံတစ်လုံးကို ဆွဲထုတ်လိုက်သည်။


ထိုသို့ လှုပ်ရှားလိုက်သည်နှင့် ခေါင်းဆောင်ဖြစ်သူက သေနတ်ပြောင်းကို လှည့်လိုက်ပြီး "အဲဒီ့မှာရပ်နေ!"


သို့သော်လည်း သူပြောလိုက်ချိန်တွင် ကျွင်းချင်ယွီက ထိုင်ပြီးနေပြီ။


ခေါင်းဆောင်ဖြစ်သူမှာ အေးခဲသွားသည်။ "ဒီလောက်ပဲ၊ ထပ်မလှုပ်ရှားနဲ့"


ကျွင်းချင်ယွီက သူ့ခြေသလုံးကို ပွတ်သပ်ရင်း အကြာကြီး မရပ်ဘဲ နေလိုက်သည်။


အချိန်ခဏကြာပြီးနောက် ရှီခိုင်ရှင်း၏အသံကို အပြင်မှကြားလိုက်ရသည်။ 


“သူလျှိုက ဘယ်လိုပုံစံလဲ၊ ငါကြည့်ရအောင်...”


ရောက်လာသူက ရှီခိုင်ရှင်းဖြစ်နေသည့်အခါ ရှန့်ရှုဟွားက စိတ်ပျက်လက်ပျက် ဖြစ်သွားသည် ။


ကျွင်းချင်ယွီက မေးထောက်ကာ စူးစမ်းရင်းရောက်လာသည့် ရှီခိုင်ရှင်းကို လက်ဝေ့ယမ်းပြလိုက်သည်။


သူလျှိုက ငါလေ။


မင်းမမျှော်လင့်ထားဘူး၊ ဟုတ်တယ်ဟုတ်?။


ရှီခိုင်ရှင်း : “???”


ငါ* ငါ*ိုး!?


ရှန့်ရှုဟွားက ပြောသည်။ “ရှီခိုင်ရှင်း ၊ မာရှယ်ဘယ်မှာလဲ၊ ငါ မာရှယ်ကို တွေ့ချင်တယ် ...”


ရှီခိုင်ရှင်း၏ ဦးနှောက်မှာ လုံးဝထုံထိုင်းကာ ဗလာဖြစ်နေပြီး သနားစရာကောင်းသည့် ရှန့်ရှုဟွားကို ကြည့်လိုက်သည် ။ မင်းတော့ပြီးပြီပဲ၊ မင်းတော့ပြီးသွားပြီ။


ရှန့်ရှုဟွားက သူ့မျက်လုံးထဲမှခံစားချက်များကို လုံးဝနားမလည်ပဲ ပြင်းပြင်းပြပြဆိုလာသည်။ "ငါမာရှယ်ကို တွေ့ချင်တယ်လို့"


ရှီခိုင်ရှင်းက လျှောက်ဝင်လာပြီး ပြောလိုက်သည်။ "စောင့်ဦး


သူ့အသံမဆုံးမှီမှာပင် ဖုယွမ်ချွမ်းက လျှောက်ဝင်လာသည်။ 


ရှန့်ရှုဟွားက မျက်ရည်များ ကျဆင်းလာပြီး "မာရှယ်၊ မင်းလာပြီ!"


"ကျွန်တော် သူလျှိုက လောင်စာဆီအခန်းထဲမှာ ဖောက်ခွဲရေးပစ္စည်း တပ်နေတာကိုတွေ့လို့ တားဆီးခဲ့တယ် ၊ ဒါပေမယ့် ကျွန်တော်က သူ့ပြိုင်ဘက်မဟုတ်ဘူး၊ ကံကောင်းလို့ ကင်းသမားတွေက အချိန်မှီရောက်လာတယ်လေ၊ မဟုတ်ရင် ကျွန်တော် မင်းကိုတွေ့နိုင်မှာမဟုတ်ဘူး မာရှယ်!"


ရှန့်ရှုဟွားက ပြန်ပြောပြရင်း မျက်ရည်ကျနေကာ သူ့ငိုသံမှာလည်း သနားစရာကောင်းလှသည်။


ကျွင်းချင်ယွီက ဘေးမှာ ရိုးရိုးသားသားလေးထိုင်နေရင်း ဝင်မပါခဲ့ချေ။ သူငိုနေတာကိုသာ ထိုင်ကြည့်နေ၏။


စောစောက သူလုပ်ခဲ့သည့်ဒဏ်ရာများက ယခုအခါ အနာများပေါ်လာပြီး ရောင်ရမ်းနေတဲ့နေရာများလည်းရှိသည်။ သူ့မျက်နှာတစ်ခုလုံးကို ရှင်းရှင်းလင်းလင်း မမြင်ရသလို ရုပ်ဆိုးလွန်းသဖြင့် သူ့ရုပ်ပိုင်းဆိုင်ကိုပင် နာကျင်စေသည်။(မျက်လုံးနာ)


ရှန့်ရှုဟွားက နှာရှုံ့ပြီး အော်ပြောလိုက်သည်။


"မာရှယ်၊ မင်း ဒီသူလျှိုကို ပြင်းပြင်းထန်ထန် အပြစ်ပေးရမယ်နော်၊ သူယူလာတဲ့ အချိန်မှတ်ဖောက်ခွဲရေးပစ္စည်းကို ကျွန်တော် လုံးလုံး ဖြုတ်လိုက်ပြီ၊ စိတ်မပူပါနဲ့၊ ကျွန်တော် သေချာ ကိုင်တွယ်ထားပါတယ်"


ကျွင်းချင်ယွီ:"..."


သူ့စိတ်ထဲတွင် တုန်လှုပ်ခြင်းအလျဥ်းမရှိချေ။ သူက ထိုလူကို ဖုယွမ်ချွမ်းရှေ့၌ပင် ထပ်မံ၍ ကောက်ပေါက်ပြီး ထုရိုက်ပစ်ချင်လာသည်။


ကျွင်းချင်ယွီက ဖုယွမ်ချွမ်းကို ကြည့်လိုက်ပြီး ဖုယွမ်ချွမ်းကလည်း သူ့ကိုကြည့်နေသည်ကို တွေ့လိုက်ရသည်။ 


အစောပိုင်းက သူ၏အာရုံမှာ အလွန်တော်သည့်သရုပ်ဆောင်ကျွမ်းကျင်မှုများဖြင့် လူထံတွင် ရှိနေခဲ့ခြင်းဖြစ်သည်။


ထိုအခိုက်တွင် ကျွင်းချင်ယွီက မျက်ခုံးပင့်လိုက်ကာ ဖုယွမ်ချွမ်းကို ကြည့်လိုက်ပြီး အပြုံးတစ်ခုဖြင့် မျက်လုံးတစ်ဖက်မှိတ်ပြလိုက်သည်။ 


ဖုယွမ်ချွမ်းက မူလတွင် လေးနက်စွာ မျက်မှောင်ကြုတ်နေခဲ့သော်လည်း ယခုအခြေအနေကို မြင်လိုက်ရသောအခါ ကူကယ်ရာမဲ့စွာ ပြုံးလိုက်မိသည်။ "ဒီကိုလာ"


မြေပြင်ပေါ်တွင် ငိုကြွေးလျက် မျက်ရည်ကျနေသည့် ရှန့်ရှုဟွားမှာ တခဏမျှ ထိတ်လန့်သွားပြီး တရွေ့ရွေ့ဖြင့် ရှေ့တိုးလိုက်စဥ် သူ့ဘေးမှလူတစ်ဦး ဖြတ်ပြေးသွားလေသည်။


ကျွင်းချင်ယွီက ဖုယွမ်ချွမ်း၏လည်တိုင်ကို ဖက်ကာ သူ့ခေါင်းကို လည်တိုင်ကြား နစ်မြှုပ်လိုက်ပြီး "ကျွန်တော်တို့ ထပ်တွေ့ကြပြန်ပြီ"


ကင်းလှည့်အဖွဲ့ခေါင်းဆောင်: "..."


ဘာကြီး!။


ရှန့်ရှုဟွားသည်လည်း ထိတ်လန့်သွား၏။ 


ဖုယွမ်ချွမ်းက ကျွင်းချင်ယွီ၏ခါးကို ရစ်ပတ်ပွေ့ဖက်လိုက်ပြီး "ဒါက မင်းပြောတဲ့ လိမ္မာတယ်ဆိုတဲ့ အဓိပ္ပါယ်လား"


ကျွင်းချင်ယွီက မျက်တောင်ကို တဖျတ်ဖျတ်ခတ်ပြီး အပြစ်ကင်းသည့်ပုံလေးဖြင့် ကြည့်ကာ "ကျွန်တော် လိမ္မာပါတယ်နော်" 


ရှန့်ရှုဟွားက တစ်စုံတစ်ခုကို ယောင်ဝါးဝါး သဘောပေါက်လိုက်သော်လည်း မယုံနိုင်သေးချေ။ ဖုယွမ်ချွမ်းရဲ့အနေအထားက ဘယ်လိုလဲ။ ပြီးတော့ ဘယ်အချိန်တုန်းက ဖုယွမ်ချွမ်းရဲ့ဘေးမှာ ကျားတွေမတွေ ရှိလို့လဲ။


ဒီသူလျှိုက အတော်လေးလိမ္မာပါးနပ်ပြီး တကယ် လုပ်နိုင်ခဲ့တာပဲ...။


ရှန့်ရှုဟွားက အံကြိတ်ကာ သူ့ကို ဆွဲဆောင်ရန် ကြိုးစားလိုက်သည်။


 "မာရှယ် သူအရူးလုပ်တာမခံပါနဲ့၊ ကျွန်တော် သူ့ကို ဖောက်ခွဲရေးပစ္စည်းတပ်နေတုန်းမိတာ၊ မင်း..."


"ဒုဗိုလ်မှူး" ဖုယွမ်ချွမ်းက အေးစက်စက်ပင်စကားဖြတ်ကာ သူ့ကို မပြောင်းလဲသည့်အမူအယာဖြင့် ကြည့်လိုက်သည်။ "စကားကို သတိထားပြောပါ"


ရှန့်ရှုဟွားက ရုတ်တရက် ထိတ်လန့်သွားပြီး ဖုယွမ်ချွမ်း၏ လူသတ်ချင်နေသည့်မျက်လုံးများနှင့် ဆုံလိုက်ရသဖြင့် သူ့လည်ချောင်းထဲမှ ခဏတာမျှ အသံမထွက်နိုင်တော့ပေ။


ပြင်းထန်သည့် စိတ်စွမ်းအင်များက သူ့ကိုဝန်းရံလာပြီး ရှန့်ရှုဟွားတစ်ယောက် နှလုံးခုန်မြန်လာ၏။ 


ဖုယွမ်ချွမ်းက သူ့ငါးလေး၏ ဆံပင်ရှည်တို့ကို ငြင်သာစွာပွတ်သပ်နေပြီး အေးစက်စက်အသံဖြင့် ပြောလိုက်သည်။ "စစ်သင်္ဘောကို ဗုံးခွဲရန် ကြံစည်မှု၊ မနာလိုဖြစ်ပြီး ကျိန်ဆဲမှု၊ မာရှယ်ရဲ့ခင်ပွန်းကို အသေရဖျက်စွပ်စွဲမှု၊ ဒုဗိုလ်မှူး မင်းမှာ ပြောစရာများ ရှိသေးလား"


သူထိုစကားကို ကြေငြာချက်အနေဖြင့်ပြောလိုက်ရာ အားလုံးက အံ့အားသင့်သွားကြသည်။


သူ၏လက်ထောက်တစ်ယောက်ဖြစ်သည့် ရှီခိုင်ရှင်းသည်ပင် အသိစိတ်မကပ်တော့ချေ။


ကျွင်းချင်ယွီ၏အမူအယာက မသိမသာပြောင်းလဲသွားပြီး သူ့ကိုမော့ကြည့်လိုက်သည်။ 


ထိုအခိုက်တွင် ဖုယွမ်ချွမ်းက ခေါင်းငုံ့လာပြီး သူ့လက်ထဲမှ ငါးလေးဖြင့် မျက်လုံးချင်းဆက်သွယ်လိုက်၏။


ကျွင်းချင်ယွီ၏မျက်လုံးများက လခြမ်းသဏ္ဍာန် ကွေးညွတ်သွားပြီး ဖုယွမ်ချွမ်းက လက်ညှိုးလေးဖြင့် သူ့ပါးကို ပွတ်သပ်လိုက်သည်။ "ရှီခိုင်ရှင်း "


“ဟုတ်ကဲ့၊ မာရှယ်...” ရှီခိုင်ရှင်းက ရှေ့ကို ခြေတစ်လှမ်းတိုးကာ မြေပြင်ပေါ်ရှိလူကို ကြည့်လိုက်ပြီး ပြတ်ပြတ်သားသား ပြောလိုက်သည်။ “မင်းက ဒုဗိုလ်တစ်ယောက်ဖြစ်ပြီး ဘယ်လိုလုပ် ဒီလို ပိုင်းခြားသိမြင်နိုင်စွမ်းတောင် မရှိရတာလဲ”


ရှန့်ရှုဟွားက ပါးစပ်ကို ပိတ်လိုက်ဖွင့်လိုက် လုပ်နေသော်ငြား စကားတစ်ခွန်းပင် မပြောနိုင်ချေ။


ပြင်းထန်ပြီး ကြီးမားသည့် စိတ်စွမ်းအင်က အရိုးတွေကို ခြစ်ထုတ်သည့် ချွန်ထက်သော ဓားနှင့်တူသည်။ ရှန့်ရှုဟွားက အံ့ကြိတ်လိုက်ပြီး သူ့သွားများကြားမှ ကြိတ်ချေသံအဆက်မပြတ် ထွက်ပေါ်လာလျက် ဖုယွမ်ချွမ်းကို မကျေမနပ်ကြည့်လိုက်လေသည်။


ယင်းကိုကြည့်ကာ ရှီခိုင်ရှင်းက လက်ကို ဝေ့ယမ်းလိုက်ပြီး 


 “သူ့ကိုအောက်ကို ခေါ်သွား”


“ဟုတ်ကဲ့” ကင်းလှည့်အဖွဲ့ခေါင်းဆောင်နှင့် သူ့လူများက ရှေ့ကိုတက်ပြီး ထိုလူကို ဆွဲထုတ်သွားလေသည်။


တစ်ယောက်နှင့်တစ်ယောက် ဖက်တွယ်လျက်ရှိဆဲ လူနှစ်ဦးကို ရှီခိုင်းရှင်းက တစ်ချက်ကြည့်လိုက်ပြီး ခဏမျှတွေးကာ ပြောလိုက်သည်။


"မာရှယ်၊ ကျွန်တော် တစ်ချက်လောက် သွားကြည့်လိုက်ဦးမယ်"


“သွားလေ”


ခွင့်ပြုချက်ရသည်နှင့် ရှီခိုင်ရှင်းက အလျင်အမြန် ထွက်သွားသည်။


ဖုယွမ်ချွမ်းကပြောလိုက်၏။ "နားနေခန်းကို အရင်သွားကြစို့"


ကျွင်းချင်ယွီက ခေါင်းညိတ်ပြီး ခဏနားလိုက်ကာ ပြောသည်။ "ခဏလေး၊ ပြီးအောင်လုပ်လိုက်ဦးမယ်"


မည်သို့ပင်ဖြစ်စေ ဖုယွမ်ချွမ်းက သူ(စစ်သင်္ဘောပေါ်)တက်လာသည်ကို သိနေပြီဖြစ်သဖြင့် သူက လျှပ်စစ်ဖောက်ခွဲရေးပစ္စည်းကို ပြောင်ပြောင်တင်းတင်းပင် သူ့ရှေ့တွင် ချထားလိုက်သည်။


Xxxxxx