Chapter 67
မည်သို့ပင်ဖြစ်စေ ဖုယွမ်ချွမ်းက သူ(စစ်သင်္ဘောပေါ်)တက်လာသည်ကို သိနေပြီဖြစ်သဖြင့် သူက လျှပ်စစ်ဖောက်ခွဲရေးပစ္စည်းကို ပြောင်ပြောင်တင်းတင်းပင် သူ့ရှေ့တွင် ချထားလိုက်သည်။
ကျွင်းချင်ယွီက လျှပ်စစ်ဖောက်ခွဲရေးပစ္စည်းများနှင့် အလုပ်များနေစဉ်မှာပင် မတတ်နိုင်စွာ ပြောလိုက်သည်။ “ခင်များကိုကြည့်ရတာ စစ်သင်္ဘောပေါ်မှာ ကျွန်တော့်ကိုတွေ့လိုက်ရလို့ အံ့သြပုံလည်းမရဘူး...”
ဖုယွမ်ချွမ်းသူ့ကိုမြင်သည့်အချိန်တွင် အံ့သြလိမ့်မည်မဟုတ်ကြောင်း သူသေချာသိပေသည်။
ဖုယွမ်ချွမ်းက ရှေ့ကို ခြေလှမ်းတိုးလိုက်ပြီး လက်ကိုထုတ်ကာ ဝက်အူလှည့်ကို ကမ်းပေးလိုက်သည်။ ထိုသို့ပြုလုပ်ရင်းဖြင့် သူက ငါးလေး၏ဆံပင်များကို နောက်ကိုလည်း သပ်ပေးလိုက်လေသည်။
“မင်းကိုယ်နဲ့ တက်လိုက်မလာရင်တော့ အံ့သြမှာပေါ့...”
ငါးလေးရဲ့စရိုက်ကို လုံးလုံးမဖော်ပြဖို့ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ။
ငါးလေးခိုးဝင်ပြီးတာနှင့် သူ့ကိုရှာတွေ့ဖို့ကို စီစဥ်ထားပြီးသား ဖြစ်၏။
သူက လျှို့ဝှက်လမ်းကြောင်းများကိုပင် ပြင်ဆင်ထားပြီး နားနေခန်းတွင်နေကာ ထွက်မလာခဲ့ပေ။ သူထွက်သွားသည်နှင့် ငါးလေးသူ့ကိုရှာမတွေ့မှာ ကြောက်၍ဖြစ်၏။
ရလဒ်မှာကား သူစောင့်ရင်းစောင့်ရင်းဖြင့် ငါးလေးရောက်မလာမှီမှာပင် လောင်စာဆီခန်းကို သူလျှိုနှစ်ယောက်ဝင်သည့်သတင်းက အရင်ရောက်လာသည်။
ကျွင်းချင်ယွီက ချောင်းအသာဟန့်လိုက်ပြီး ပြောသည်။
“ကျွန်တော်က ကိစ္စပြီးတာနဲ့ ခင်များဆီလာမလို့ပဲ၊ အဲဒီ့ရှန့်ရှူဟွားပေါ်လာမယ်လို့ ဘယ်ထင်ပါ့မလဲ...”
ထိုသို့မဟုတ်ပါက သူ့အစီအစဥ်က ပြီးပြည့်စုံနေလိမ့်မည်။
“ခင်များ ရှန့်ရှုဟွားကို ဘယ်လိုကိုင်တွယ်မှာလဲ၊ စစ်သင်္ဘောကို ဖျက်ဆီးဖို့ ကြိုတင်ကြံစည်မှု ထင်ရှားကြောင်း စီရင်ချက်ချမှာလား”
“အင်း” ဖုယွမ်ချွမ်းက ဆိုသည်။ “ရှီခိုင်ရှင်းက ရှန့်ရှုဟွားကိုပဲ ကြည့်နေတာ(စောင့်ကြည့်)၊ ဒီနေလုပ်ထားတဲ့ ထောင်ချောက်က သူ့အတွက်ပဲ”
ကျွင်းချင်ယွီ အတွေးအပြည့်ဖြင့် ခေါင်းညိတ်သည်။
ထောင်ချောက်လား။
အဲဒီ့အချိန်မှာ ကင်းလှည့်သမားတွေရောက်လာတာ အံ့သြစရာမရှိတော့ပါဘူး။ သူတို့က ဒီနေရာမှာရှိနေတဲ့ တစ်ယောက်ယောက်ကို ဖမ်းဖို့ ရောက်လာတာပဲ။
သို့ပေသိ သူနားမလည်သည့်နေရာရှိနေသေးသဖြင့် ကျွင်းချင်ယွီက မေးလိုက်၏။
“ဒါဆိုဘာလို့ ခေါင်းဆောင်က ရှန့်ရှုဟွားရဲ့စကားတွေကို ယုံတဲ့ပုံပေါက်နေရတာလဲ”
ထိုအချိန်က ရှန့်ရှုဟွားသရုပ်ဆောင်နေသည့် ဇာတ်ဝင်ခန်း၌ ဖုယွမ်ချွမ်းမရှိသော်ငြား ဘာတွေဖြစ်ခဲ့သလဲဆိုတာကိုတော့ သူ့အနေဖြင့် ခွဲခြမ်းစိတ်ဖြာနိုင်ပေသည်။
“သူ သူ့ကိုမယုံလို့ တစ်ယောက်ယောက်ကို ဖမ်းမယ်လို့ဆုံးဖြတ်ထားပေမယ့် နှစ်ယောက်ကို တွေ့လိုက်ရတဲ့အချိန်မှာ အံ့သြသွားလိမ့်မယ်...”
(သူကXXHကိုယုံလို့မဟုတ်ဘဲ နှစ်ယောက်ကိုမိလိုက်လို့ အံ့သြသွားတာပါ၊ FYCက အဲ့အချိန် အနားမှာမရှိလို့ ခန့်မှန်းတဲ့ပုံစံမျိုးနဲ့ ပြောပြနေတာ)
ကျွင်းချင်ယွီ : “……”
ငါနားလည်သွားပြီ။
သံသယရှိသူရှန့်ရှုဟွားက မာရှယ်နှင့်တွေ့လိုကြောင်းပြောသည်နှင့် ကင်းလှည့်သမားများက သတင်းသွားပို့ခဲ့ကြသည်။
ယင်းက ရှန့်ရှုဟွား၏ တောင်းဆိုချက်ကြောင့်မဟုတ်ပဲ မူလအစီအစဥ်မှလွဲချော်ကာ လူနှစ်ယောက်ကိုတွေ့လိုက်ရခြင်းကြောင့် ကင်းလှည့်တာဝန်ကျသူများက ဘာလုပ်ရမလဲဆိုတာကို မဆုံးဖြတ်နိုင်ကြ၍ဖြစ်သည်။
ကျွင်းချင်ယွီက တစ်ခါတည်းနှင့် လျှပ်စစ်ဖောက်ခွဲရေးပစ္စည်းကို တပ်ဆင်၍ပြီးသွားသည်။ ဖုယွမ်ချွမ်းက သူ့ကိုကူညီကာ တပ်ဆင်ပေးခဲ့သည်။ ပြီးသွားသည်နှင့် သူကပြောလာသည်။
“ သွားစို့”
“အင်း...”
လျှောက်လမ်းကတိတ်ဆိတ်နေပြီး သူတို့သွားသည့်တစ်လျှောက် မည်သူ့ကိုမှ မတွေ့ရချေ။
ကျွင်းချင်ယွီက သူ့အစီအစဉ်ကို တွေးပြီး အချည်းနှီးဖြစ်သွားခဲ့သည်။
“အစကတော့ လောင်စာဆီခန်း ပေါက်ကွဲသွားပြီးတာနဲ့ ရေသူလေးအဖြစ်ပြောင်းပြီး ခင်များအိတ်ကပ်ထဲ ဝင်ပုန်းမလို့၊ အဲဒါဆို အနှောင့်အယှက်ဖြစ်ဖို့ တမင်ရည်ရွယ်ပြီးလုပ်တဲ့လူရဲ့အထောက်အထားကိုရှာရင် ဘယ်သူဆိုတာ ရှာတွေ့မှာမဟုတ်တော့ဘူး ၊ ဒါပေမယ့် အခုတော့ …”
ကင်းလှည့်အဖွဲ့မှလူတိုင်းက သူ့ကိုမြင်သွားကြပြီဖြစ်ပြီး ဖုယွမ်ချွမ်း၏စကားများပါပေါင်းထည့်လျှင် သူ့မစ်ရှင်ကျရှုံးကြောင်း ကြေငြာလိုက်သလိုပင်။
ဖုယွမ်ချွမ်းက သူ့ကို နှစ်သိမ့်လိုက်သည်။
“ဘာမှမဖြစ်ပါဘူး၊ ရှန့်ရှုဟွားကလွဲရင် လွတ်လွတ်လပ်လပ် သွားလာပိုင်ခွင့်ရှိတဲ့အခြားကျန်တဲ့လူတွေကို ယုံကြည်လို့ရတယ်၊ သူတို့ အဲဒီ့အကြောင်းသိသွားရင်တောင် အဆင်ပြေတယ်၊ သူတို့က ပြဿနာရှိတဲ့လူတွေကို ထိန်းချုပ်ကြလိမ့်မယ်”
ကျွင်းချင်ယွီ မျက်တောင်ခတ်လိုက်ပြီး “ခင်များက ဒီအခွင့်အရေးကို အသုံးချပြီး အချို့လူတွေကို ရှင်းပစ်မလို့လား”
“ဟုတ်တယ်...” ဖုယွမ်ချွမ်းက သူတို့၏ ဖော်ရွေသလိုဟန်ဆောင်နေမှုအားလုံးကို ရှင်းထုတ်ပစ်ရန် ဆုံးဖြတ်ထားသည်။ ထိုလူများက ဘာမှပြောနိုင်မည်မဟုတ်ချေ။ စစ်သင်္ဘောမှာ ပြင်ပလမ်းကြောင်းတွင် သွားလာနေရသဖြင့် မတော်တဆမှုများက ရှောင်လွှဲ၍မရသလို အသေအပျောက်များလေ့ရှိသည်။
ကျွင်းချင်ယွီက ဖုယွမ်ချွမ်းပြောတာကို နားထောင်ပြီးနောက်တွင် သူ၏ရည်ရွယ်ချက်ကို နားလည်လိုက်သည်။ သူတို့ကို ထိပ်တိုက်ရင်ဆိုင်ရခြင်းကြောင့် အသေးအမွှားအသေးစိတ်အချက်များ ထည့်သွင်းစဉ်းစားရန် မလိုအပ်ပေ။
ကျွင်းချင်ယွီ တိတ်ဆိတ်နေသည်ကိုကြည့်ကာ ဖုယွမ်ချွမ်းက မေးလိုက်သည်၊၊ “မင်းဘာတွေစဥ်းစားနေတာလဲ”
“ဘာမှမဟုတ်ပါဘူး...” ပြောပြီးသည်နှင့် ကျွင်းချင်ယွီ မေးခွန်းတစ်ခုကို ချက်ချင်းရလိုက်သည်။ ရှန့်ရှုဟွားကို ဘယ်သူလွှတ်လိုက်လဲဆိုတာ သူမသိရသေးပေ။
ကျွင်းချင်ယွီက အလျင်အမြန် မေးလိုက်သည်။ “ခင်များ ရှန့်ရှုဟွားကို စစ်မေးဖို့ မလိုဘူးလား”
ရှန့်ရှုဟွား၏နောက်ကလူကိုသာမက ရှန့်ရှုဟွားထံမှ သတင်းအချက်အလက်တွေကို ပိုရနိုင်သည်။
ဖုယွမ်ချွမ်းက ကျွင်းချင်ယွီကို နားနေခန်းထံ ဦးဆောင်သွားပြီး “ကိုယ်မင်းကို နားနေခန်းဆီ အရင်ခေါ်သွားမယ်၊ ပြီးရင် သွားကြည့်မှာပါ”
စစ်ဆေးရေးအခန်းက ငါးလေးအတွက် မသင့်လျော်ပါချေ။
ကျွင်းချင်ယွီက ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “သွားပြီး မေးမြန်းတာကို ရှီခိုင်ရှင်းနဲ့အရင်စလိုက်ပါ(ရှီခိုင်ရှင်းကနေ ရှန့်ရှုဟွားကို အရင်စစ်မေးခိုင်းတာပါ)၊ ကျွန်တော် နားနေခန်းကို ကိုယ့်ဟာကိုယ် သွားလိုက်မယ် ...”
သူက စစ်ဆေးရေး၏ရလဒ်ကိုသာ ပိုသိချင်ပြီး ထိုလုပ်ငန်းစဥ်တစ်ခုလုံးကို မြင်စရာ မလိုအပ်ပါချေ။
ဖုယွမ်ချွမ်းက သူ့အား ထိုဖြစ်စဥ်ကို မမြင်စေလိုမှတော့ သူကနားနေခန်းထံ ကိုယ်တိုင်သွားပြီး ရလဒ်ကို စောင့်နေနိုင်ပါသည်။
“စောင့်လို့ရပါတယ်...”
ကျွင်းချင်ယွီက ထိတ်လန့်သွားကာ မေးလိုက်သည်။ “ဘာကို စောင့်လို့ရတာလဲ”
သူစကားပြောပြီးသည်နှင့် သူ့ရှေ့၌ လူတစ်ယောက်ရောက်လာသည်ကို သတိထားမိလိုက်သည်။
ကြည့်လိုက်တော့ ရှီခိုင်ရှင်းဖြစ်နေ၏။
ရှီခိုင်ရှင်းက ပြောသည်။ “မာရှယ်၊ အားလုံးပြင်ဆင်ပြီးပါပြီ၊ ကျွန်တော်တို့ အချိန်မရွေးစလို့ရပါတယ်...”
“အင်း...”
ယင်းကိုကြည့်ပြီးနောက် ကျွင်းချင်ယွီက ပြောလိုက်သည်။
“ခင်များဘာလို့သွားပြီး ကိုယ့်အလုပ်ကိုယ်မလုပ်တာလဲ၊ ကျွန်တော် ကိုယ့်ဟာကိုယ် သွားလို့ရပါတယ်...”
ခြေလှမ်းနည်းနည်းသာ ကွာတော့တာဖြစ်ပြီး သူ့ကိုလိုက်ပို့ဖို့ မလိုပါချေ။
ငါးလေး၏တိုက်တွန်းချက်ကြောင့် ဖုယွမ်ချွမ်းက စဥ်းစားပြီး ပြောလိုက်သည်။ “ရှီခိုင်ရှင်း”
“ရှိ!”
“သူ့ကို နားနေခန်းကိုပို့လိုက်...”
“ဟုတ်ကဲ့ပါ!”
ဖုယွမ်ချွမ်းက ငါးလေး၏ခေါင်းကို ပုတ်လိုက်ကာ “တစ်ခုခုဆို ကိုယ့်ကိုဆက်သွယ်လိုက်နော်...”
“ကောင်းပါပြီ.” ကျွင်းချင်ယွီက သူ့ကိုညင်သာစွာ နမ်းလိုက်ကာ “ဂရုစိုက်နော် ”
“အင်း...”
ရှီခိုင်ရှင်းက ဘေးနားတွင် အာရုံစိုက်ကာရပ်နေပြီး ဘာမှကို မကြည့်ဝံ့ဘဲ မျက်လုံးများကို အောက်သို့ငုံ့ထားလေသည်။
ဖုယွမ်ချွမ်း ထွက်သွားပြီးသည်အထိ ရှီခိုင်ရှင်းက နေရာတွင် မလှုပ်မယှက် ရပ်နေသေးသည်ကို တွေ့လိုက်ရသဖြင့် ကျွင်းချင်ယွီက ပြောလိုက်သည်။ “သွားကြရအောင်လေ”
“ကောင်းပြီ...” ပြီးသည်နှင့် ရှီခိုင်ရှင်းက သတိပြန်ကပ်သွား၏။
သူကပြုံးကာ စတင်ပြီးအတင်းတုပ်တော့သည်။ “မင်းတို့အတူမရှိကြသေးဘူးလို့ မပြောခဲ့ဘူးလား၊ မဒမ်ရေ ဘာတွေဖြစ်နေတာလဲ။”
ဘယ်လောက်တောင် ကြာသွားပြီတုန်း။
ရှီခိုင်ရှင်းက သူအရင်က သူတို့အတူတူမရှိကြသေးဟု ပြောစဥ်ကတည်းက မယုံခဲ့ပေ။
သူက လူတွေကိုပေးမသိချင်ဘူး၊ဒါကြောင့် ငါ့ကိုရည်ရွယ်ချက်ရှိရှိ လှည့်စားခဲ့တာပေါ့လေ။
ကျွင်းချင်ယွီက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။ “အတိတ်က အတိတ်၊ လက်ရှိက လက်ရှိပဲ...”
သူရှီခိုင်ရှင်းကို ပြောခဲ့စဥ်က တကယ်ပင် သူတို့နှစ်ဦးက အတူမရှိကြသေးချေ။ သူတို့ကြားကဆက်ဆံရေးကို အတည်ပြုပြီးတာကလည်း သိပ်မကြာသေးပေ။
သို့သော်လည်း ရှီခိုင်ရှင်းတွေးသည်မှာ “မင်းတို့နှစ်ယောက်က တကယ်လက်ထပ်ပြီးပြီလား...”
ကျွင်းချင်ယွီ : “……”
ကျွင်းချင်ယွီ လှည့်ကာ အဝေးကို လျှောက်သွားလိုက်တော့သည်။
—
ရှီခိုင်ရှင်းက ကျွင်းချင်ယွီကို နားနေခန်းတံခါးဝအထိ လိုက်ပို့ပေးပြီး အထဲကိုဝင်သွားသည်အား ကြည့်ပြီးနောက်မှ ထွက်သွားသည် ။
သူက ကူညီဖို့ရာ စစ်ကြောရေးခန်းကို သွားရဦးမှာဖြစ်သည်။
ကျွင်းချင်ယွီ ဤနေရာကို ပြန်ရောက်သည့်အခါတွင် ဘာမှလုပ်စရာမရှိပေ၊၊ ဖုယွမ်ချွမ်းမှ ရှန့်ရှုဟွားအား နှောင့်နှေးမှုမရှိ စစ်ဆေးမေးမြန်းခွင့်ပြုလိုက်ရုံသာဖြစ်သည်။
လောင်စာဆီခန်းထဲ၌ အချိန်အတော်ကြာအောင် နေခဲ့ပြီးသည့်နောက် သူ့အဝတ်အစာများပေါ်တွင် လောင်ကျွမ်းနေသည့် လောင်စာဆီတချို့ စွန်းထင်းသွားမည်မှာ မလွဲချေ။ ဂရုတစိုက်အနံ့ခံကြည့်လျှင် သူတို့အနံ့ကို ရနေသည်။
ဆုံးဖြတ်ချက်ချပြီးနောက် ကျွင်းချင်ယွီက ရေချိုးခန်းထဲသို့သွားကာ ခေတ္တမျှ ဆေးကြောလိုက်သည်။
သူက အဝတ်အစားများကို အဝတ်လျှော်စက်ထဲပစ်ထည့်ကာ ထိန်းချုပ်သည့်ခလုတ်ကို အတော်ကြာအောင် လှည့်ပတ်ရှာသော်လည်း မတွေ့ချေ။ စစ်သင်္ဘောပေါ်မှ အဝတ်လျှော်စက်က အိမ်ကတစ်ခုနှင့် ကွဲပြားနေသည်။
သူက ပြန်ထုတ်ယူလိုက်ပြီး ရေထဲကိူ တိုက်ရိုက်စိမ်လိုက်လေသည်။
ရလဒ်အနေဖြင့် ရေချိုးဝတ်ရုံဖြင့်သူထွက်လာသည့်အခါတွင် သူ့အတွက် မည်သည့်အဝတ်ကိုမှ ပြင်ဆင်မထားသည်ကို တွေ့လိုက်ရ၏။ (ကလေးက အဝတ်အစားအပို ရှိမနေတာကို သတိရသွားတာ😂)
သူက ဖုယွမ်ချွမ်း၏ခရီးဆောင်အိတ်ကို ထုပ်ပိုးရာတွင် အာရုံစိုက်ခဲ့ပြီး သူ့ကိုယ်ပိုင်အဝတ်အစားများအတွက်မူ မေ့နေခဲ့သည်။
ရေချိုးဝတ်ရုံကို အရင်ဝတ်ထားရုံမှအပ ရွေးချယ်စရာမရှိတော့ချေ။
ဖုယွမ်ချွမ်း မည်သည့်အချိန်ပြန်လာမည်ကို သူမသိချေ။ စစ်ဆေးမှုကလည်း မြန်မြန်ပြီးလိမ့်မည်မဟုတ်ပေ။
အချို့စစ်ဆေးမှုများက ကျူးလွန်မှုအပေါ်မူတည်ပြီး ရလဒ်ထွက်ဖို့ အချိန်ကြာတတ်သည်။
ကျွင်းချင်ယွီက အုံးတား(ခုံနောက်မှီလို့ထင်တာပါပဲ)ကိုမှီကာ သူ၏အွန်လိုင်းဆိုင်လေးကိုဖွင့်ပြီး သီးသန့်စကားပြောခန်းမှ စားများကို ဖျက်လိုက်သည်။
ရလဒ်အနေဖြင့် ထိပ်ဆုံးမှလူမှာ အမည်မသိအကောင့်တစ်ခုမဟုတ်ပေ။
ရေသူပျိုးထောင်ရေးအခြေစိုက်စခန်းရဲ့တာဝန်ခံလား။
ကျွင်းချင်ယွီက သံသယမဖြစ်ပဲ မနေနိုင်တော့ပေ။ အဲဒါက အစစ်လား။
ဘာလို့ ရေသူပျိုးထောင်ရေးအခြေစိုက်စခန်းကလူတွေက သစ်သီးနှင့်အသီးအရွက်တွေကို ဝယ်ရတာလဲ။
သူ စာကိုဖွင့်ဖတ်လိုရက်ာ တစ်ဖက်လူက စာချန်ထားခဲ့သည်။ [ဟယ်လို၊ ဆိုင်ရှင်ရှိလား?]
တခြားဘာမှ ထပ်မရှိတော့သလို သူ့အနေဖြင့် ဘယ်လို အဓိပ္ပာယ်ဖွင့်ရမလဲဆိုတာကို သေချာမသိချေ။
စာက လွန်ခဲ့သည့်သုံးရက်မှ ပို့ထားတာဖြစ်ပြီး ကျွင်းချင်ယွီက ယခုပင် ဖတ်ပြီးသွားသည်။
တစ်ဖက်လူက သူအွန်လိုင်းတက်ချိန်အတွက် သတိပေးချက်တစ်ခုသတ်မှတ်ထားခြင်း ဖြစ်နိုင်သည်။ ကျွင်းချင်ယွီ ထိုစာကိုဖတ်ပြီးသည်နှင့် တစ်ဖက်မှ နောက်ထပ်မက်ဆေ့ခ်ျအသစ်များစွာကို ပေးပို့လာ၏။
ဝယ်သူ : [ကျွန်တော်အခု မင်းမှာရှိသလောက် အသီးအနှံနှင့်အသီးအရွက်တွေ လိုချင်ပါတယ်၊ ဒါ့အပြင် စျေးဘယ်လောက်ပဲဖြစ်ဖြစ် ပြဿနာမရှိပါဘူး၊ ဒီတစ်နှစ်အတွင်း သစ်သီးနဲ့အသီးအရွက်အားလုံး လိုချင်ပါတယ်၊ အဲဒါတွေ ကြီးထွားလာတာနဲ့အမျှ အားလုံးကို လိုချင်ပါတယ်]
ဝယ်သူ : [မင်းမှာ အသီးအနှံနဲ့ အသီးအရွက်တွေ မရှိရင်လည်း တူညီတဲ့အာနိသင်ရှိတဲ့ တခြားအရာတွေကို မင်းဆိုင်မှာ ရောင်းချနေသရွေ့ ကျွန်တော်ယူပါမယ်.]
ကျွင်းချင်ယွီ စာပြန်လိုက်သည်။ : [ကျွန်တော့်မှာရှိတဲ့ အသီးအနှံနဲ့ အသီးအရွက်တွေက ရေသူလေးတွေရဲ့ အကျိုးသက်ရောက်မှုနဲ့ အတူတူပါပဲ၊ ရေသူပျိုးထောင်ရေးအခြေစိုက်စခန်းမှာ ရေသူလေးတွေ ပြတ်လပ်မှုမရှိပါဘူး၊ ဒါကြောင့် ဒီသစ်သီးနဲ့အရွက်တွေကို ဝယ်စရာမလိုပါဘူးဗျာ၊ တပ်မကြီးနဲ့ အင်ပါယာခေါင်းဆောင်းတို့က ကျွန်တော့်ရဲ့သစ်သီးနဲ့အရွက်ရောင်းဝယ်ရေးကို ပိုဦးစားပေးကြတယ်နော် ]
ထိုစာသားဖြင့် ကျွင်းချင်ယွီက ရေသူပျိုးထောင်ရေးအခြေစိုက်စခန်းက အင်ပါယာခေါင်းဆောင်အတွက် သစ်သီးနှင့်အရွက်တွေပြင်ဆင်တာကို ကူညီနေခြင်းလားဟု စူးစမ်းလိုက်သည်။
ဝယ်သူ : [ကျွန်တော့်မှာ ဝယ်ရတဲ့အကြောင်းအရင်းရှိပါတယ်၊ မင်းက မင်းရဲ့ပစ္စည်းကို ရောင်းပေးရုံပါပဲ...]
ဝယ်သူ: [လူတွေကို ကယ်တင်ဖို့ ငါဝယ်တာလို့ ပြောလို့ရပေမယ့် မင်းပြောတဲ့လူတွေနဲ့ပတ်သက်ပြီး သူတို့နဲ့ ဘာအကျိုးတူ ပူးပေါင်းမှုမှ မရှိပါဘူး၊ ရေသူပျိုးထောင်ရေးအခြေစိုက်စခန်းက မင်းကို စျေးပိုပေးနိုင်ပါတယ်...]
*****