အပိုင်း ၆၈
Viewers 18k

Chapter 68


ထိုစာသားဖြင့် ကျွင်းချင်ယွီက ရေသူပျိုးထောင်ရေးအခြေစိုက်စခန်းက အင်ပါယာခေါင်းဆောင်အတွက် သစ်သီးနှင့်အရွက်တွေပြင်ဆင်တာကို ကူညီနေခြင်းလားဟု စူးစမ်းလိုက်သည်။


ဝယ်သူ : [ကျွန်တော့်မှာ ဝယ်ရတဲ့အကြောင်းအရင်းရှိပါတယ်၊ မင်းက မင်းရဲ့ပစ္စည်းကို ရောင်းပေးရုံပါပဲ...]


ဝယ်သူ: [လူတွေကို ကယ်တင်ဖို့ ငါဝယ်တာလို့ ပြောလို့ရပေမယ့် မင်းပြောတဲ့လူတွေနဲ့ပတ်သက်ပြီး သူတို့နဲ့ ဘာအကျိုးတူ ပူးပေါင်းမှုမှ မရှိပါဘူး၊ ရေသူပျိုးထောင်ရေးအခြေစိုက်စခန်းက မင်းကို စျေးပိုပေးနိုင်ပါတယ်...]


ကျွင်းချင်ယွီ မျက်ခုံးကို ဖြည်းညင်းစွာ ပင့်လိုက်သည်။ မမျှော်လင့်ထားသည့်အရာပင်။ သို့သော်လည်း သစ်သီးနှင့်အသီးအရွက်များငို ဝယ်ယူခြင်းက အင်ပါယာခေါင်းဆောင်နှင့်မသက်ဆိုင်ပဲ လူကယ်ရန်အတွက်ဆိုသည်မှာ မေးခွန်းထုတ်စရာဖြစ်နေသည်။


ရေသူပျိုးထောင်ရေးအခြေစိုက်စခန်းက အင်ပါယာခေါင်းဆောင်အပေါ် တစ်စိတ်တစ်ပိုင်း ဘက်လိုက်နေသည်ကို သိပြီးကတည်းက ကျွင်းချင်ယွီ သူတို့ကိူ အထင်မကြီးတော့ပေ။


ဤသို့ဖြစ်လာမှတော့ သူက သတင်းကို တူးဖော်ရန် စိတ်ဝင်စားမနေတော့ချေ။ သူက မလိုအပ်သည့်စကားတို့ကို မပြောတော့ဘဲ သူတို့ကို အမည်ပျက်စာရင်းသာ သွင်းလိုက်တော့သည်။


အားလုံးဖတ်ပြီးသွားသည်နှင့် သူထွက်လာလိုက်သည်။


ပြီးသွားသည်နှင့် အပြင်မှ တံခါးခေါက်သံ ထွက်လာသည်။ 


ကျွင်းချင်ယွီ ခဏမျှ ထိတ်လန့်သွားပြီး၊ “ဘယ်သူလဲ ”


“ကိုယ်ပါ” ဖုယွမ်ချွမ်းက တံခါးကိုဖွင့်ခွင့်ရှိသော်လည်း ရုတ်တရက် တံခါးဖွင့်လိုက်ခြင်းကြောင့် ငါးလေး ကြောက်လန့်သွားမည်ကို စိုးရိမ်သဖြင့် တံခါးကို ခေါက်လိုက်သည်။ စစ်ဆေးရေးစသည်က ငါးနာရီမျှသာရှိသေးရာ သူကဘာကြောင့် စောစောပြန်လာရသည်လဲ။


ကျွင်းချင်ယွီက မေးလိုက်သည်။ “စစ်ဆေးမေးမြန်းမှုက ရလဒ်ထွက်ပြီလား”


ဖုယွမ်ချွမ်းက ခေါင်းယမ်းလိုက်ကာ “မပြီးသေးဘူး ၊ တိုးတက်မှုက အရမ်းနှေးနေတယ်”


“အရေးကြီးတဲ့အချိန်မှာ ဘာလို့ပြန်လာတာလဲ၊ တစ်ခုခုဖြစ်လို့လား”


ဖုယွမ်ချွမ်းက အိပ်ယာပေါ်တွင် ထိုင်လိုက်ပြီး လက်ကိုမြှောက်ကာ ငါးလေး၏ဆံပင်များကို သပ်ပေးလိုက်သည်။


 “အားလုံးက အဆင်ပြေပါတယ်၊ မင်း လောင်စာဆီခန်းမှာထားခဲ့တဲ့ ဖောက်ခွဲရေးပစ္စည်းတုရဲ့အချိန်က ၉နာရီမှာမလား၊ အဲတာကအတုဆိုရင်တောင် သူ့လုပ်ဆောင်ချက်က အစစ်နဲ့တူသလို ခံစားရလိမ့်မယ်”


ငါးလေးက ပထမဆုံးအကြိမ် စစ်သင်္ဘောပေါ် ရောက်နေတာဖြစ်ပြီး လျှပ်စစ်ဖောက်ခွဲရေးပစ္စည်း၏ လုပ်ဆောင်ချက်ကလည်း အန္တရာယ်မရှိသည်မှလွဲ၍ အရာအားလုံးက အစစ်အမှန်တွေဖြစ်သည်။


ထိုအချိန်တွင် တုန်လှုပ်မှု၏ ပြင်းအားမှာ လူများကို ကြောက်လန့်နိုင်စေဆဲဖြစ်သည်။


ဖုယွမ်ချွမ်းကပြောသည် ။ "စစ်သင်္ဘော တုန်ဟည်းသွားတဲ့အချိန် မင်းကြောက်နေမှာ ကိုယ်စိုးရိမ်လို့၊ ဒါကြောင့် တုန်ခါမှုပြီးသွားအထိ မင်းနဲ့နေဖို့ပြန်လာတာ၊ ပြီးမှ အဲဒီ့ကိုပြန်သွားမယ်လေ"


ကျွင်းချင်ယွီ၏မျက်ဝန်းလေးများက ထိန်းမနိုင်သိမ်းမရစွာ လခြမ်းသဏ္ဍာန် ကွေးညွတ်သွားသည်။ လျှပ်စစ်ဖောက်ခွဲရေးပစ္စည်း ပေါက်ကွဲမည့်အချိန်နှင့် နီးကပ်လာသည်ကို သူပင် သတိမထားမိချေ။ နည်းလမ်းကျကျဆိုရလျှင် သူယင်းကို နေရာတကျထားပြီးသည်နှင့် ထိုအကြောင်းကို အများကြီးမတွေးဘဲ စောင့်နေခဲ့သည်။


စစ်ဆေးရေးအခန်းထဲမှဖုယွမ်ချွမ်းက ထိုသို့အသေးစိတ်အချက်လေးများကို အာရုံထားလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ချေ။ 


ကျွင်းချင်ယွီက စောင်ကိုဖယ်လိုက်ကာ အိပ်ယာပေါ်တွင်ထိူင်နေသည့် ဖုယွမ်ချွမ်းထံ သူ့ကိုယ်သူ ပစ်ဝင်လိုက်လေသည်။


ဖုယွမ်ချွမ်းက ငါးလေးကိုဖမ်းလိုက်ပြီး သူ့ကိုတည်ငြိမ်အောင်ထိန်းကာ ပြောလိုက်သည်။ “ဂရုစိုက်ပါကွာ...”


“ဘာမှမဖြစ်ပါဘူး ၊ ခင်များ ဖမ်းထားမှာပဲကို”


ကျွင်းချင်ယွီက ပေါင်ပေါ်တွင် ဘေးတိုက်လှဲနေရင်း ရေချိုးဝတ်ရုံကို ဆွဲလိုက်ကာ ပြောသည်။ “ခင်များ အဲဒီ့ကိုမပြန်ခင် လန်းဆန်းသွားအောင် ဘာလို့ တရေးတမော မအိပ်တာလဲ”


လျှပ်စစ်ဖောက်ခွဲရေးပစ္စည်း ပေါက်ကွဲပြီး၍ စစ်ဆေးရေးခန်းထံ သူပြန်သွားသည့်အချိန်ရောက်လျှင် ညသန်းခေါင်ရောက်ပြီဖြစ်ကာ နောက်ကျနေပြီဖြစ်သည်။


“မလိုပါဘူး၊ ခဏ…” ဖုယွမ်ချွမ်း ခေါင်းကို ငုံ့လိုက်ရာ သူ၏ပွင့်နေသည့် ရေချိုးဝတ်ရုံကော်လာကို မြင်ပြီး ရပ်တန့်သွားသည်။ သူက လက်ကိုမြှောက်ကာ ကော်လာကိုဆွဲစေ့ပေးလိုက်သည်။ “ဘာလို့ ညဝတ်မလဲရသေးတာလဲ”


“ယူလာဖို့ မေ့သွားတာ” ကျွင်းချင်ယွီက မတ်မတ်ထိုင်လိုက်ပြီး ရေချိုးဝတ်ရုံကို ဆွဲဆန့်လိုက်သည်။ သူယင်းကိုခါးတွင် တွယ်ရုံတွယ်ကာ တင်းတင်းကြပ်ကြပ် ချည်ထားခြင်းမရှိပေ။ သူ့လှုပ်ရှားမှုက ကြီးလွန်းသဖြင့် အလွယ်တကူ ဖွင့်ဟသွားလျှင် ပြဿနာဖြစ်ပေလိမ့်မည်။  


“ဒီမတိုင်ခင်က လောင်စာဆီနံ့တွေစွဲနေလို့ ရေချိုးချင်ခဲ့တာ၊ ဒါပေမယ့် အဝတ်လျှော်စက်ကို မသုံးတတ်လို့”


စစ်သင်္ဘောပေါ်ရှိ အဝတ်လျှော်စက်တွင် ကိုယ်ပိုင်အခြောက်ခံစနစ်ပါသဖြင့် အခြောက်ခံစက်ကို သီးခြားတပ်ဆင်ထားခြင်းမရှိချေ။


လက်နှင့်လျှော်ပြီးနောက်တွင် သူ့တွင် အခြောက်ခံဖို့ရာ နည်းမရှိချေ။ ပြောစရာမလိုအောင်ပင် ကျွင်းချွင်ယွီအနေဖြင့် အဝတ်လျှော်ဆပ်ပြာကိုပင် ရှာမတွေ့ခဲ့ချေ။ ရေနှင့်ဆေးကြောရုံဖြင့် လောင်စာဆီနံ့ မပျောက်နိုင်တာကြောင့် တစ်ချိန်လုံး စိမ်ထားခဲ့ရတာဖြစ်သည်။


ဖုယွမ်ချွမ်းက လက်ကိုမြှောက်၍ ကျွင်းချင်ယွီကို ချီကာချလိုက်ပြီး ပြောသည်။ “ကိုယ်တစ်ချက်လောက် သွားကြည့်လိုက်မယ်”


ဖုယွမ်ချွမ်းက လျစ်လျူရှုထားပုံရသော်ငြား သူ၏အမူအယာမဲ့သည့်မျက်နှာနောက်တွင် အချို့အရာလေးတွေကို ကွယ်ဝှက်ထားလေသည်။


ကျွင်းချင်ယွီ မျက်တောင်ခတ်လိုက်ပြီး သူ့မျက်လုံးထဲတွင် စနောက်လိုသည့် အရိပ်လေးများရှိနေပြီး "ခင်များ... ဟမ့်?"


သူ့နှုတ်ခမ်းထက်တွင် နွေးထွေးမှုလေးတစ်ခု ကပ်တွယ်လာပြီး မပြောရသေးသော စကားလုံးများ အားလုံးကို မျိုချမိသွားသည် ။


ကျွင်းချင်ယွီ ဘာမှပြန်မပြောဘဲ ငြိမ်ငြိမ်လေးသာ ကြည့်နေလိုက်သည် ။


လှပသည့်မျက်လုံးများက စကားပြောနိုင်ပုံရ၏။


ဖူယွမ်ချွမ်း၏ လည်ချောင်းမှာ အနည်းငယ် တင်းကြပ်သွားပြီး လက်ကိုမြှောက်ကာ ငါးလေး၏ မျက်လုံးများကိုအုပ်လျက် နူးညံ့စွာ နမ်းလိုက်သည်။


အချိန်တစ်ခုမျှကြာပြီးနောက်တွင် ဖုယွမ်ချွမ်းက လက်ကိုလွှတ်ပေးလိုက်သည့်တိုင် ကျွင်းချင်ယွီက ပြုံးနေဆဲဖြစ်၏။


ဖုယွမ်ချွမ်းက ချောင်းအသာဟန့်ကာ ပြောလိုက်သည်။ "ကိုယ် ရေသွားချိုးလိုက်ဦးမယ်"


"ကူညီပေးရဦးမလား"


ဖုယွမ်ချွမ်း၏ ခြေလှမ်းများ ရပ်သွား၏။ "......"


"မလိုဘူး၊ စားပွဲပေါ်က ကိတ်က လတ်ဆတ်တုန်းပဲ၊ ဒီတော့ တစ်ခုခု အရင်စားလိုက် " ပြောပြီးသည်နှင့် ဖုယွမ်ချွမ်းက ရေချိုးခန်းထဲ ဝင်သွားသည်။


တံခါးပိတ်သွားပြီးနောက် ခေတ္တမျှတိတ်ဆိတ်နေပြီး ကလစ်ဟူသောအသံထွက်လာသည်။ လော့ကို လုံးလုံးချလိုက်ချေပြီ။


ဤတုန့်ပြန်မှုကိုကြည့်ကာ ကျွင်းချင်ယွီ မရယ်ပဲမနေနိုင်တော့ပေ။ ရေကျသံက သူ့အသံကို ဖုံးလွှမ်းသွား၏။


ဖုယွမ်ချွမ်းက ခဏလေးနှင့် ထွက်လာမည်မဟုတ်ဟု ကျွင်းချင်ယွီ ခံစားရသဖြင့် သူထရပ်ပြီး စိတ်ငြိမ်လက်ဖက်ရည်တစ်ခွက် ဖျော်ပေးလိုက်သည်။


ကိတ်မုန့်က သူဝင်လာကတည်းက ကော်ဖီစားပွဲသေးသေးလေးပေါ်တွင် ရှိနေခြင်းပင်။ ကိတ်မုန့်များစွာကို ဖုယွမ်ချွမ်းတစ်ယောက်တည်းအတွက် ပြင်ဆင်ထားခြင်းမဟုတ်သည်မှာ သိသာထင်ရှားသည့်တိုင် ထိုအချိန်၌ သူ့တွင်စားချင်စိတ်မရှိသဖြင့် ယင်းတို့အားမထိခဲ့ချေ။


ကျွင်းချင်ယွီက သူလုပ်ထားသည့် လက်ဖက်ရည်ကို ဘေးတွင်ထားလိုက်ပြီး ဖုယွမ်ချွမ်းထွက်လာမှ ယင်းတို့ကို အတူစားဖို့ တွေးလိုက်သည်။ 


ရေနွေးငွေ့တွေ တဖြည်းဖြည်း လျော့ပါးလာပြီး လက်ဖက်ရည်ပူပူလေး အေးစက်သွားသည်အထိ ရေချိုးခန်းထဲမှ ရေကျသံက ရပ်တန့်မသွားသေးပေ။


ကျွင်းချင်ယွီက အေးစက်နေသည့် လက်ဖက်ရည်ကို သောက်လိုက်ပြီး ရေနွေးအနည်းငယ် ထပ်ထည့်လိုက်သည်။


အတော်ကြာအောင် စောင့်ပြီးနောက်တွင် ရေကျသံရပ်သွား၏။


ကျွင်းချင်ယွီ ရေချိုးခန်းထံ စိုက်ကြည့်နေလိုက်သည်။ ဖုယွမ်ချွမ်းက ရေချိုးသဘက်မပါဘဲ ဝင်သွားတာမလား။ သူက လဲစရာအဝတ်အစားတောင် ယူသွားပုံမရ။ 


တစ်ခုတည်းသော ရေချိုးဝတ်ရုံကလည်း သူ့ဆီမှာဖြစ်သည်။


ရေကျသံရပ်သွားသော်ငြား လူကတော့ ထွက်မလာပေ။ သူ၏အဝတ်ဟောင်းများကို အဝတ်လျှော်စက်ထဲ ထည့်လိုက်ပုံရ၏။


ကျွင်းချင်ယွီ မျက်ခုံးပင့်လိုက်၏။ သူက သူ၏ညဝတ်နှင့် ရေချိုးသဘက်ကိုယူပြီး တံခါးခေါက်လိုက်သည်။


"ယွမ်ချွမ်း၊ ခင်များရဲ့ညဝတ်နဲ့ သဘက် ယူလာပေးတယ်"


"အမ်း..."


ရေချိုးခန်းတံခါးပွင့်သွားသည်နှင့် ကျွင်းချင်ယွီက လက်ကိုမြှောက်ကာ သူ့ထံ ပေးလိုက်သည်။ "ပြီးရင် ထွက်လာပြီး တစ်ခုခုစားနော်၊ အချိန်နီးနေပြီ"


"ကောင်းပြီ"


ဖုယွမ်ချွမ်းက သပ်သပ်ရပ်ရပ်ဝတ်ပြီး ထွက်လာသည်။ သူက ထိုင်လိုက်ပြီး လက်ဖက်ရည်ပူပူလေးကို သောက်လိုက်၏။


 ကျွင်းချင်ယွီက သူ့ကို စတော်ဘယ်ရီကိတ်လေးတစ်စိတ် ပေးလိုက်သည်။ ထိုအပေါ်မှ စတော်ဘယ်ရီများကို လတ်ဆတ်သည့်စတော်ဘယ်ရီသီးများဖြင့် အစားထိုးထားတာဖြစ်၏။ 


"ဒီလိုကိတ်မျိုးက အရမ်းမချိုဘူး၊ စားကြည့်"


ကျွင်းချင်ယွီ၏လက်ချောင်းထိပ်လေးများက ဖုယွမ်ချွမ်း၏လက်ကို ထိမိသွားသည်နှင့် ရပ်လိုက်သည်။ သူက ကိတ်ကိုပြန်ချလိုက်ပြီး ဖုယွမ်ချွမ်း၏လက်ကို ကိုင်လိုက်ကာ "ဘာလို့ခင်များလက်တွေ အေးနေရတာလဲ၊ ရေအေးသုံးခဲ့တာလား"


ဖုယွမ်ချွမ်းက ရှင်းပြလာသည်။ "ပုံမှန်ဆို စစ်သင်္ဘောပေါ်မှာ ရေအမှုန်အမွှားတွေကိုပဲ သန့်ရှင်းရေးလုပ်ဖို့သုံးကြတာလေ၊ ရေကိုမသုံးတဲ့အတွက် ရေပူမရှိဘူး"


ကျွင်းချင်ယွီ ခေါင်းညိတ်လိုက်သည်။ ယင်းကား အချိန်ကိုချွေတာရန် သုံးခြင်းဖြစ်နိုင်သည်။


စားပွဲပေါ်မှ ကိတ်မုန့်ကို စားနေရင်း တစ်ဝက်တစ်ပျက်တွင် စစ်သင်္ဘောမှာ စတင် တုန်လှုပ်လာသည်။


"ငါးလေး ဒီကိုလာ..."


"ဟင်? " ကျွင်းချင်ယွီက ဤတုန်ခါမှုနှင့်ပတ်သက်၍ ပြဿနာမရှိလို့ တွေးထားသော်လည်း ဖုယွမ်ချွမ်းမှ ဤသို့ပြောလာသည့်အတွက် ထပြီး ဖုယွမ်ချွမ်းထံကို လမ်းလျှောက်သွားလိုက်သည်။


ရလဒ်အနေဖြင့် သူထရပ်သည်နှင့် တုန်ခါမှုက အားပြင်းလာသည်။


ဖုယွမ်ချွမ်းက ငါးလေးကို အလျင်အမြန် ပွေ့ဖက်လိုက်ပြီး နံရံတွင် ကပ်ထားလိုက်သည်။


ကျွင်းချင်ယွီ၏ အမြင်အာရုံမှာ ဖုယွမ်ချွမ်းနှင့် ပိတ်ဆို့နေပြီး အခန်းထဲတွင် ဖြစ်ပျက်နေသည်တို့ကို လုံးဝမမြင်ရချေ။ သို့သော်လည်း ပစ္စည်းများစွာ၏ပြုတ်ကျသံတို့ကို ကြားနေရသည်။


Boom!


နံရံကပ်ဗီရိုတံခါးက ဒေါင်လိုက်ပြုတ်ကျသွားပြီး ဗီရိုထဲမှ အရာအားလုံး လွင့်ထွက်သွားသည်။


တုန်ခါမှုက လူများကို ခြေမခိုင်ဖြစ်စေသည်။


အချိန်မည်မျှကြာသွားသည်ကို သူမသိချေ၊၊ ပြင်းထန်သည့် တုန်ခါမှုက တဖြည်းဖြည်း ရပ်တန့်သွား၏။


ဖုယွမ်ချွမ်းက ကျွင်းချင်ယွီကို ပျံသန်းနေသည့်စစ်သင်္ဘောကြီး တဖြည်းဖြည်း တည်ငြိမ်သွားသည်အထိ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပေးပြီးမှ ဥာဏ်ရည်တုကို ထုတ်ကာ အနီးအနားရှိ ဂြိုလ်ကို ဆင်းသက်ရန် အမိန့်ထုတ်ပြန်လိုက်သည်။


ကြယ်တာရာအာသအတွင်းရှိ သူတို့၏လက်ရှိနေရာမှာ အင်ပါယာဂြိုဟ်မှ အဝေးတွင်ရှိနေသည်။ လျှပ်စစ်ဖောက်ခွဲရေးပစ္စည်းဖြင့် ဖန်တီးထားသည့် မတော်တဆမှုဖြစ်သဖြင့် စစ်သင်္ဘောမှာ ဤအခြေအနေတွင် ထွက်ခွာသည့်နေရာသို့ ပြန်မသွားနိုင်တော့ဘဲ အနီးအနားတွင်သာ ဆင်းသက်နိုင်ခဲ့သည်။


ကျွင်းချင်ယွီက တုန်လှုပ်ခြင်းမရှိတော့သည်ကို ခံစားလိုက်ရပြီး ဖုယွမ်ချွမ်း၏လက်များကြားမှ မော့ကြည့်ကာဖြင့် "ပြီးသွားပြီလား"


"အင်း..." ဖုယွမ်ချွမ်းက ဥာဏ်ရည်တုကိုပိတ်လိုက်ပြီး ရှောင်ယွီ၏ကျောလေးကို အသာအယာ ပုတ်ပေးလိုက်သည်။


"ခဏအတွင်း ကိုယ်တို့ဆင်းသက်ဖို့နေရာ ရှာရလိမ့်မယ်" 


ကျွင်းချင်ယွီ ခေါင်းညိတ်လိုက်သည်။ သူတို့က အနီးအနားတွင် ဆင်းသက်ပြီးနောက် ပြန်မထွက်ခွာမှီ သုံးရက် သို့မဟုတ် လေးရက်အထိ နေရလိမ့်မည်။


စောစောက တုန်ခါမှုကြောင့် အခန်းက ရှုပ်ပွနေသည်။


ပြုတ်ကျသွားသည့် ဗီရိုတံခါးတွေအပါအဝင် ထူးဆန်းသည့်ထောင့်မျိုးစုံတွင် ပစ္စည်းအများအပြားက မြေပြင်ပေါ်၌ ပြုတ်ကျလျက်ရှိသည်။


စစ်သင်္ဘော၏ တုန်ခါမှုမှာ တစ်ဖက်မှတစ်ဖက်သို့ တည်ငြိမ်စွာ ယိမ်းနွဲ့ပြီး ပျံသန်းခြင်းနှင့်အတူ တွဲလျက်ရှိရာ ပစ္စည်းများစွာကလည်း သူတို့၏မူလနေရာတွင် ရှိမနေနိုင်ကြချေ။


ဖုယွမ်ချွမ်းက အခန်းထဲမှ အရှုပ်အထွေးများကို ဂရုမစိုက်ပါချေ။ "မင်းအဝတ်တွေ လျှော်လို့ပြီးလောက်ပြီ၊ သွားပြီး အဝတ်လဲလိုက်၊ ရပ်နားပြီးတာနဲ့ ကိုယ်တို့ဆင်းကြမယ်"


"ကောင်းပါပြီ" ကျွင်းချင်ယွီက သူ၏ရေချိုးဝတ်စုံကို တင်းတင်းချည်လိုက်ပြီး ရေချိုးခန်းထဲ ဝင်သွားလိုက်သည်။


ဖုယွမ်ချွမ်းက အဝတ်လဲလိုက်ပြီး ပြတင်းပေါက်၌ရပ်ကာ သတင်းတစ်ခုခုများရမလားဟု စစ်ဆေးနေလေသည်။


ရှီခိုင်ရှင်း: [မာရှယ်၊ လောင်စာဆီခန်းက သတင်းအချက်အလက်ကို လုံးဝပိတ်ဆို့ထားလိုက်ပါပြီ၊ အချို့လူတွေကို ဂရုစိုက်ထားပြီး ကျန်တာကို ယွီကျစ်က စောင့်ကြည့်နေပါတယ်]


[ဆင်းသက်မယ့်ဂြိုလ်ကို မရွေးချယ်ရသေးပေမယ့် ခရီးသွားဖို့နဲ့ အားလပ်ရက်အတွက် အသင့်တော်ဆုံးဖြစ်တဲ့ အနီးနားမှာရှိတဲ့ ဂြိုလ်ခုနစ်လုံးကို ကျွန်တော် ရွေးချယ်ထားပါတယ်၊ မဒမ် ဘယ်ဟာကိုကြိုက်လဲလို့ မေးကြည့်ပါလား။]


သူတို့ရွေးချယ်ရ အဆင်ပြေချောမွေ့စေရန်အတွက် ရှီခိုင်ရှင်းက ဂြိုဟ်တစ်ခုချင်းရှိ ထင်ရှားကျော်ကြားသည့် ဆွဲဆောင်မှုများအပါအဝင် ဂြိုဟ်များ၏ပုံများကို စုစည်းထားသည်။


ကျွင်းချင်ယွီ အဝတ်လဲပြီးသည်နှင့် ဖုယွမ်ချွမ်းက သူ့လက်ထဲကို ဥာဏ်ရည်တု ပေးလာပြီး "မင်း ဘယ်ဟာကြိုက်လဲ ကြည့်လိုက်"


"အဲဒါကဘာလဲ" ကျွင်းချင်ယွီက ရှုပ်ထွေးစွာဖြင့် ယူလိုက်ပြီး အလည်အပတ်ခရီးသွားဂြိုလ်များစွာကို ကြည့်လိုက်လေသည်။ 


ကျွင်းချင်ယွီမှာ သူတို့ အားလပ်ရက်ခရီးထွက်နေရသလို ခံစားလိုက်ရသည်။


ထိုသို့ အတင်းအကြပ် ဆင်းသက်ရခြင်းကြောင့် အကြပ်အတည်းမတွေ့ချေ။


ဖုယွမ်ချွမ်းက ဂြိုလ်များကိုကြည့်ကာ မေးလိုက်သည်။ "ကိုယ်တို့ ခဏဆင်းသက်ရမယ့်ဂြိုလ်အတွက်လေ၊ မင်းကြိုက်တာရှိလား ကြည့်ကြည့်၊ မင်းကြိုက်တာ တစ်ခုမှမရှိရင် ကိုယ်တို့ နယ်ပယ်ကို ထပ်ချဲ့လို့ရတယ်"


"ဒါဆို ဒီအပြာရောင်ရေဂြိုလ်" ဘယ်တစ်ခုက ကောင်းလဲဆိုသည်ကို ကျွင်းချင်ယွီမသိချေ။ သူက ကြည့်ကောင်းသည့်တစ်ခုကို ကျပန်းရွေးချယ်လိုက်ခြင်းသာ။ နယ်ပယ်ထပ်ချဲ့ပါက အနည်းငယ် ဒုက္ခများပြီး နောက်ထပ် စွန့်စားစရာ မလိုတော့ပေ။


ဖုယွမ်ချွမ်းက ကျွင်းချင်ယွီ၏ရွေးချယ်ချက်ကို ရှီခိုင်ရှင်းထံ ပို့လိုက်သည်။


Xxxxxx