အပိုင်း ၆၉
Viewers 16k

Chapter 69


ဖုယွမ်ချွမ်းက ကျွင်းချင်ယွီ၏ရွေးချယ်ချက်ကို ရှီခိုင်ရှင်းထံ ပို့လိုက်သည်။


စာပို့ပြီးသည်နှင့် ဒါဇင်မျှရှိသည့် အရေးပေါ်တာဝန်သတိပေးချက်များ ပေါ်လာသည်။


[သတိပေးချက်! Mဂြိုလ်တိုက်ခိုက်ခံနေရပါပြီ၊ အနီးအနားမှာရှိတဲ့ စစ်သင်္ဘောများ ကူညီရန် တတ်နိုင်သမျှမြန်မြန် ထွက်ခွာပေးပါ]


[သတိပေးချက်--]


ကျွင်းချင်ယွီလည်း သတင်းကို မြင်လိုက်သည်။ သူကတစ်ခုခုပြောရန် ပါးစပ်ဖွင့်လိုက်သော်လည်း ဖုယွမ်ချွမ်းက မျက်နှာအမူအယာ တစ်ချက်ပင်မပြောင်းဘဲ စာပို့သည့်ဆော့ဝဲလ်ကို ပိတ်လိုက်သည်အား တွေ့လိုက်ရသည်။  


သူက ထိုစာများကို ပြန်ရန် လုံးဝ စိတ်ဝင်စားမနေပေ။


ကျွင်းချင်ယွီ မျက်ခုံးပင့်လိုက်ကာ တစ်စုံတစ်ခုကို ယောင်ဝါးဝါး ခံစားလိုက်ရသည်။ ကြည့်ရသည်မှာ ဖုယွမ်ချွမ်းက Mဂြိုလ်တွင် ဖြစ်ပျက်နေသည့် တိုက်ခိုက်မှုနှင့်ပတ်သက်၍ မအံ့သြသလိုပင်။


 "ခင်များ သွားကြည့်မှာလား"


ဖုယွမ်ချွမ်းက ဥာဏ်ရည်တုကို ပြန်ထားလိုက်ပြီး "သွားကြည့်စရာမလိုပါဘူး၊ ကိုယ့်လူတွေ အဲဒီ့မှာ တပ်စွဲထားတယ်၊ ကိုယ်တို့ဒီမှာနားပြီး ပြန်သွားတာနဲ့ အဲဒီ့က မတော်တဆလည်း ပြီးသွားလိမ့်မယ်"


ကျွင်းချင်ယွီက ထိုစကားများကို ကြားလိုက်ရသည့်အခါတွင် သူ့နှုတ်ခမ်းထောင့်များက အနည်းငယ် ကော့တက်သွားပြီး သူ့မျက်နှာပေါ်ရှိ အပြုံးကို မဖုံးကွယ်နိုင်တော့ပေ။


"ဘာဖြစ်တာလဲ၊ ဘာလို့အရမ်းပျော်နေရတာလဲ"


ကျွင်းချင်ယွီ ခေါင်းယမ်းကာ ဘာကိုမှမရှင်းပြပဲ ဖုယွမ်ချွမ်းကို ဖက်လိုက်ပြီး အနမ်းတစ်ပွင့် ပေးလိုက်လေသည်။ 


ဒါကို ဘယ်လိုခေါ်ပါလိမ့်၊ ဒါကို တယ်လီပယ်သီ(စိတ်ချင်းဆက်နေခြင်း)လို့ခေါ်တာပဲလေ။


ဘာမှ မဆွေးနွေးဘဲ အကြံဥာဏ်တွေအတူတူ ထွက်လာတယ်။ အသေးစိတ်အချက်အလက်လေးတွေ မတူရင်တောင် ယေဘူယျအားဖြင့်တော့ တူနေတာပဲလေ။


Mကြယ်အတွက်တော့ ဒါတွေအားလုံးကို ကြယ်ပင်လယ်ဓားပြတွေ လုပ်ခဲ့တာလေ၊ ဖုယွမ်ချွမ်းနဲ့ ဘာဆိုင်လို့လဲ။


ဝမ်ချန်းယောင်က ထိုအရာများကိုလုပ်ရာတွင် ပိုသန်မာသည်ဟူသော သူ့အထင်မှာ မှန်ခဲ့လေသည်။


ဖုယွမ်ချွမ်းက စစ်သင်္ဘော ချောမောစွာ ဆင်းသက်ခဲ့သည့် သတင်းကို ရရှိလိုက်ပြီး ပြောသည်။ 


"ဆင်းကြရအောင်"


"အင်း..."


အာကာသယာဉ်ပေါ်မှ သူဆင်းသည့်အခါတွင် ကျွင်းချင်ယွီက သူ၏ဥာဏ်ရည်တုကို ကြည့်နေလေသည်။ 


ယခင်က သူသည် တရားဝင်အကောင့်များရော တရားဝင်မဟုတ်သည့်အကောင့်များမှပါ သတင်းများ လိုက်ကြည့်ဖူးသည်။


ယခု Mဂြိုလ်တွင် ဤကဲ့သို့ ကြီးကြီးမားမား အဖြစ်အပျက်တစ်ခု ဖြစ်ပျက်သွားသဖြင့် အဆိုပါ သတင်းအကောင့်များက ထိုအကြောင်းကို သတင်းပို့ရန် ရုန်းကန်နေကြသည်။


ထိုနေရာသို့ တပ်ဖွဲ့သုံးခုကို တစ်ချိန်တည်းမှာ စေလွှတ်လိုက်သည်ဟူသော အချက်အရ Mဂြိုလ်အပေါ် အင်ပါယာခေါင်းဆောင်၏ အလေးထားမှုကိုပြသဖို့ရာ လုံလောက်နေပြီဖြစ်သည်။


တပ်ဖွဲ့ ၃ ခု စေလွှတ်ခြင်းသာမက အနီးနားရှိ စစ်သင်္ဘောများနှင့် လမ်းကြောင်းတွင် သွားလာနေသော စစ်သင်္ဘောများထံသို့ စစ်ကူများ တောင်းခံသည့် စာတိုများကိုလည်း ပေးပို့ခဲ့သေးသည်။


Mဂြိုလ်ပေါ်ရှိ နယ်ခံတပ်များနှင့် တိုက်ခိုက်မှုမှာ ယခင်က ဇာ့ဂ်များနှင့် တိုက်ခိုက်စဥ်ကကဲ့သို့ ဆင်တူသော်ငြား အသုံးနည်းသည်။


အချိန်ကို တွက်ချက်ရပါမူ ဝမ်ချန်းယောင် ပြီးလောက်ပြီဖြစ်ကာ ယခုဆိုလျှင် ထွက်ပြေးသွားလောက်ပြီဖြစ်သည်။


ဤအချိန်ကွာခြားချက်က Mဂြိုလ်နှင့် ဝေးကွာဖို့ လုံလောက်၏။ ကြယ်တာရာဓားပြတစ်ဦးအနေဖြင့် ဝမ်ချန်းယောင်၏ တိုက်ခိုက်ရေးစွမ်းရည်မှာ မသန်မာသော်လည်း သူ၏လွတ်မြောက်နိုင်စွမ်းကတော့ သေချာပေါက် ထိပ်တန်းဖြစ်သည်။


ထိုသတင်းအကောင့်များက သတင်းအသစ်များကို တစ်ခုပြီးတစ်ခုတင်နေသည်ကိုကြည့်ရင်းဖြင့် ကျွင်းချင်ယွီက သူ့အနေဖြင့် အင်ပါယာခေါင်းဆောင်ကို ယခုမည်မျှအထိ ခြောက်လှန့်ပြီး အထိတ်တလန့်ဖြစ်စေခဲ့သည်ကို တွေးကြည့်၍ရပေသည်။


အကြာကြီး အေးဆေးနေခဲ့တာဆိုတော့၊ ထိတ်လန့်ဖို့ အချိန်ရောက်ပြီလေ။


Mဂြိုလ်မှ စမ်းသပ်မှုများနှင့်ပတ်သက်၍ ဝမ်ချန်းယောင် တစ်ခုခုရခဲ့မလား သူမသိချေ။ အပေါ်ယံသက်သက် ဖျက်ဆီးရုံမျှသာဖြစ်ပါမူ ခိုင်လုံသည့် အထောက်အထားများကို ဆုပ်ကိုင်မိမည်မဟုတ်ချေ။


ဖုယွမ်ချွမ်းက သူဥာဏ်ရည်တုကို တစ်ချိန်လုံး ကြည့်နေသည်အား မြင်လိုက်ရပြီး သတိပေးလိုက်သည်။ 


"မင်းလမ်းသွားရင်း ကြည့်နေရင်လည်း ပြုတ်မကျအောင် သတိထားဦးနော်"


ကျွင်းချင်ယွီက ခေါင်းမော့ပြီး ရှေ့ကို လှမ်းကြည့်လိုက်သည်။ သူတို့က စစ်သင်္ဘောပေါ်မှ ဆင်းလာပြီဖြစ်ကာ လမ်းကမချောမွေ့ချေ။ သူ ယခုလေးတင် ဝမ်ချန်းယောင်ထံမှ စာတိုတစ်ခု လက်ခံရထားသော်လည်း မဖတ်ရသေးချေ။


တွေးကြည့်ပြီးနောက် ကျွင်းချင်ယွီက သူ၏ဥာဏ်ရည်တုကို မဖယ်လိုက်တော့ချေ ။ သို့သော်လည်း သူက ဖုယွမ်ချွမ်း၏လက်မောင်းကို ကိုင်ထားလိုက်သည်။ "ဒီလိုဆို ကျွန်တော် ပြုတ်မကျတော့ဘူး"


ဖုယွမ်ချွမ်း အကူအညီမဲ့သွားရသည်။ သူက ငါးလေး၏ဆံပင်ကို သပ်ပေးလိုက်ကာ ခါးကိုဖက်လျက် ရှေ့ကိုခေါ်သွားပေးလိုက်သည်။


ကျွင်းချင်ယွီက သူနှင့်ဝမ်ချန်းယောင်၏ စကားပြောခန်းကို ဖွင့်လိုက်သည်။


ဝမ်ချန်းယောင် : [Mဂြိုလ်က ပြဿနာရှိတယ်ဟ၊ မင်းငါ့ကို ချောက်တွန်းနေတာလား]


ကျွင်းချင်ယွီ : [မင်းဘာရှာတွေ့လို့လဲ]


ဝမ်ချန်းယောင် : [သေချာတာပေါ့၊ တကယ်ပြဿနာရှိတာ၊ အလိုရှိစာရင်းက ငါ့တန်ဖိုးက ပြောင်းလဲသွားပြီကွ...]


ဆုကြေးငွေတန်ဖိုး?


ကျွင်းချင်ယွီက ဝမ်ချန်းယောင်မှာ အလိုရှိစာရင်း၏ထိပ်ဆုံးတွင် ရှိနေသည်ကို မှတ်မိသော်ငြား သူ့ကိုဖမ်းမိလျှင်ရမည့် ဆုကြေးငွေပမာဏကိုမူ မသိပါချေ။


ကျွင်းချင်ယွီ : [ဘယ်လောက်ဖြစ်သွားပြီလဲ]


ဝမ်ချန်းယောင် : [အင်ပါယာငွေကြေး ၃၀ဘီလီယံ!]


ကျွင်းချင်ယွီ သူ့ကိုမေးလိုက်သည် : [မူလတန်ဖိုးက ဘယ်လောက်လဲ]


ဝမ်ချန်းယောင် အံကြိတ်လိုက်ပြီး : [အင်ပါယာငွေကြေး ၅ဘီလီယံ၊ မင်းကို ကျေးဇူးပဲ၊ ခဏလေးအတွင်း ငါ့တန်ဖိုးက ခြောက်ဆတောင် တိုးလာတယ်!]


ကျွင်းချင်ယွီ : [မဆိုးပါဘူး၊ အင်ပါယာရဲ့အချမ်းသာဆုံးလူတောင် မင်းလောက် တန်ဖိုးတက်တာမမြန်ဘူး၊ ဆက်ကြိုးစားထား...]


ဝမ်ချန်းယောင် : [???]


မင်းရဲ့စကားလုံးတွေ... မင်းဒီလိုပြောလိုက်တော့ အဓိပ္ပါယ်ရှိသွားသလိုပဲ။


​ပြောစရာပင်မလို​အောင် သူ၏တန်ဖိုးကထပ်မံမြင့်တက်သွားခဲ့ပြန်သည်။


၀မ်ချန်း​ယောင်:[တကယ်ပဲ Mကြယ်မှာဘာများရှိ​နေလို့လဲ]


၀မ်ချန်း​ယောင်မှာတစ်ခုခုကိုလွဲ​ချော်​နေသလိုခံစားရသည်။ မိမိမှာအတိတ်တွင်လည်းဤသို့လုပ်ခဲ့ဖူးသည်သာ၊၊သို့​သော် ​အင်ပါယာခေါင်း​ဆောင်ဤမျှစိတ်တို​နေသည်ကိုတစ်ခါမျှမကြုံဖူး​ပေ။ယခင်ကသူစိတ်​​အေးသက်သာ​နေခဲ့ရသည်မဟုတ်ပါ​လား။


ယခုမူ သူနှင့် အင်ပါယာ​ခေါင်း​ဆောင်ကြားထဲမှအ​ခြေအ​နေမှာ ညှိုနှိုင်းမရနိုင်​သောအကွာအဟကို​ရောက်သွား​ချေပြီ။


သူ့အတွက်ချည်းသီးသန့်ထုတ်ထား​သော ၀ရမ်းဆု​​ကြေး​ငွေမှာ ကြယ်တာရာဓါးပြတစ်အုပ်လုံးထက်​ပင်များပြားလွန်း​နေခဲ့သည်။


ကျွင်းချင်ယွီ:[အင်ပါယာ​​ခေါင်း​ဆောင်က Mကြယ်မှာ လျှို့ဝှက်စမ်းသပ်ချက်​လေးတစ်ခုလုပ်​နေတာ၊သူမင်းကိုဒီ​လောက်အ​သေရရအရှင်ရရလိုက်ဖမ်း​နေပုံရရင် မင်း Mကြယ်ကနေတစ်ခုခုယူသွားတယ်လို့ထင်​နေတာဖြစ်မယ်။]


၀မ်ချန်း​ယောင်:[ငါဒီစကားကို မင်းငါ့အတွက်​သေတွင်းတူး​ပေး​နေတယ်လို့ပဲ ဘာသာပြန်လိုက်မယ်​နော်]


ကျွင်းချင်ယွီ:[မင်းမှာလဲ သိပ်အရှုံး​တော့မရှိလှပါဘူး၊မင်းရဲ့​​ကြေးပိုမြင့်လာ​တော့မင်းညီမကိုလည်း ကုသဖို့ပိုအဆင်​ပြေတာပဲ​လေ၊အင်ပါယာ​ခေါင်း​ဆောင် အင်အားကျသွားတာနဲ့ ငါတစ်​ယောက်​ယောက်ကိုလွှတ်ပြီးမင်းကို ၀ရမ်းစာရင်းထဲကဖယ်​ပေးပါ့မယ်]


၀မ်ချမ်း​ယောင်:[???]


ကြယ်ပင်လယ်ဓါးပြ​တွေအ​ပေါ်ကြင်နာ​ပေးတာက ခုတ​လော ​ခေတ်စား​နေလို့လား။


ကျွင်းချင်ယွီ:[စကားရှည်မ​နေပဲ အမြန်​ပြေးဖို့လုပ်​တော့၊ အဖမ်းမခံရ​စေနဲ့၊ အဖမ်းမခံရ​သေးသ၍ ငါတို့မင်းနဲ့ပူး​ပေါင်းလို့ရတယ်၊ ငါမင်းကို အင်ပါယာ​ခေါင်း​ဆောင်ဆီအပ်လိုက်ပြီး ရလာတဲ့ဆု​ကြေးငွေကို ခွဲယူချင်ရင်လည်းရ​သေးတာပဲ]


၀မ်ချန်း​ယောင်:[.. ငါလိုင်းမ​ကောင်း​တော့ဘူး၊ ပြီးမှဆက်သွယ်လိုက်မယ်]


ကျွင်းချန်ယွီ ရယ်လိုက်ပြီး ဥာဏ်ရည်တုစက်ကိုပိတ်လိုက်​လေသည်။


____


ထိုကိစ္စ၏ အင်တာနက်​ပေါ်တွင်​ကြော်ကြားမှုမှာ ကျွင်းချင်ယွီ​တွေးထားသည်ထက်ပင် ပို၍နာမည်ကြီးသွားခဲ့သည်။


အချိန်နာရီအနည်းငယ်မျှသာကြာလိုက်သည်။ တစ်​ယောက်​ယောက်က ဤကိစ္စကို​လောင်စာထည့်​ပေး​နေခြင်းဖြစ်ရမည်။


ကျွင်းချန်ယွီသည်ကုတင်စွန်းတွင်ထိုင်ရင်း ဖုန်းကိုပွတ်ဆွဲကာ​နောက်ဆုံးရသတင်းများကိုရှာကြည့်​လိုက်သော်လည်း ထပ်မ​တွေ့ရ​တော့သဖြင့် သူကဖုန်းကိုချလျက် ဖုယွမ်ချွမ်း၏ပုခုံးကိုမှီလိုက်​လေသည်။


"ခင်များရဲ့လူ​တွေက စမ်းသပ်ခန်းနဲ့ပါတ်သပ်ပြီး သတင်းတစ်ခုခုများမရဘူးလား"


"​သေချာတဲ့သတင်း​တော့မရ​သေးဘူး၊ ဒါ​ပေမယ့်လည်းသိပ်အ​ရေးမကြီး​တော့ပါဘူး" ဖုယွမ်ချွမ်းက ​ဘောပင်ကိုချလျက် ​ရှောင်ယွီ၏ဆံပင်​လေးကိုပွတ်သပ်လိုက်သည်။


"တော့ဒစ်စ်ရဲ့နေရာကစက်ရုပ်ကို​မေ့သွားပြီလား"


ကျွင်းချင်ယွီ၏မျက်လုံးများရုတ်ချည်း​တောက်ပသွားခဲ့သည်။


ဟုတ်သား.. စက်ရုပ်ရှိ​သေးတာပဲ။


သတင်းများ ထွက်လာစဥ်က Mဂြိုလ်၌ အရှုပ်အထွေးများဖြစ်နေစဥ် ထိုစက်ရုပ်မှာ လွတ်မြောက်သွားနိုင်သည်ဟု ဆိုကြသည်။ အဓိကအချက်အချာကျသည့်အချက်မှာ ထိုစက်ရုပ်ပေါ်တွင် ရှိနေပြီး မည်သူက ထိုအချိန်တွင် စက်ရုပ် တကယ်လွတ်မြောက်သွားခဲ့လားဟူ၍ စစ်ဆေးမည်နည်း။


ဖုယွမ်ချွမ်းက သူ၏တာဝန်ကျမစ်ရှင်ကို ကျွင်းချင်ယွီအား ပြလိုက်ကာ "၀မ်ချန်း​ယောင်က၀ရမ်းစာရင်းထဲပါသွားပြီ၊ သူက ကြယ်ပင်လယ်ဓါးပြ​တွေကိုရှင်းပစ်ဖို့လူလွှတ်ထားတယ်၊"


ကိစ္စ​နောက်ကွယ်မှသူ၏လူများမှာ​ဖော်ထုတ်မခံရပဲ ထိုအစားချန်း​ယောင်ကိုသာ အဓိကပစ်မှတ်အ​နေနှင့်ယူဆလိမ့်မည်။


"ပြောကြည့်၊ ဘာလို့ အဲဒီ့ဓားပြတွေက Mကြယ်ကို လုယက်ကြတာလဲ "


ထိုစကားကိုကြားလျှင် ကျွင်းချင်ယွီ​ခေါင်းကို​မော့လျက် သူ့အားအပြစ်ကင်းစွာကြည့်လိုက်သည်။


"ဘယ်လိုထင်လို့လဲ"


ဖုယွမ်ချွမ်းသည်မျက်ခုံးကိုအသာပင့်လျက် ​​တွေး​တော​နေဟန်ဖြင့်​ဖြေလာသည်။


"အင်မတန်သတ္တိရှိတဲ့လုပ်ရပ်​ပေါ့"


ကျွင်းချင်ယွီ ရုတ်ချည်းပြုံးလိုက်ပြီး သူ၏လည်တိုင်ကိုခိုဖက်လိုက်ကာ ဆိုသည်။


"​ပေါက်ကရ"


"ဒီတစ်ကြိမ်ပဲ​နော်၊ ​နောက်တစ်ခါဆို ကြယ်တာရာဓါးပြ​တွေနဲ့​​ဝေးဝေးနေ​တော့"


ဖုယွမ်ချွမ်းအ​လေးအနက်ဆိုလိုက်သည်။ ကြယ်တာရာဓါးပြများမှာ အ​ပေါ်ယံ၌ပင် ကြင်နာတတ်​သော လူ​ကောင်းများမဟုတ်​ချေ။ သူ​ရှောင်ယွီအား အကြိမ်​ပေါင်းများစွာ​ပြောခဲ့ပြီးဖြစ်သည်၊


ကျွင်းချင်ယွီနာခံစွာတုန့်ပြန်လိုက်သည်။


"နာခံပါ့မယ် မာရှယ်ခင်မျ"


ဤသည်ကိုကြားလျှင် ဖုယွမ်ချွမ်း​ရှောင်ယွီအားငုံ့ကြည့်လိုက်​လေသည်။


သူဘာကိုမှမ​ပြောနိုင်ခင်မှာပင် ကျွင်းချင်ယွီက ဦးစွာဆိုလာသည်။


 "ကျွန်​တော်တို့ဒီကမပြန်ခင် ဘယ်​လောက်ကြာကြာ​နေဦးမှာလဲ"


ယခုတွင် အစီအစဥ်မှာအပ်​ကြောင်းထပ်​နေပြီဖြစ်ကာ ကျွင်းချင်ယွီ၏တွက်ချက်မှုကလည်း သိပ်မတိကျ​ချေ။ ဖုယွမ်ချွမ်းက အချိန်နှင့်တ​ပြေးညီဆုံးဖြတ်ရန်လိုအပ်​လေသည်၊


"သိပ်မကြာ​တော့ပါဘူး၊ တော့ဒစ်​ဆီက စက်ရုပ်​လွတ်​သွားတဲ့သတင်းကို​စောင့်လိုက်ဦး၊ ပြီးရင်ပြန်သွားလို့ရပြီ"


ကျွင်းချင်ယွီ​ခေါင်းငြိမ့်လိုက်သည်။ ​လော​လောဆယ်တွင် အင်ပါယာ​ခေါင်း​ဆောင်၏ အာရုံမှာ ဝမ်ချန်း​ယောင်တစ်ဦးတည်း​ပေါ်တွင်သာရှိသည်။ သူ့အနေဖြင့် သတင်းများကို အချိန်မှန်ထုတ်လွှင့်ရန် အခက်​တွေ့​နေဆဲပင်။


ဖုယွမ်ချွမ်းက အသုံးပြုပြီးဖြစ်​သော စာရင်းတချို့ကိုဖယ်ထုတ်လိုက်ကာ ဥာဏ်ရည်တုစက်ကိုပိတ်လိုက်ပြီး


"ပြီးသွားပြီ။ လမ်းခဏသွား​လျှောက်ရ​​အောင်"


"ဟင် ကျွန်​တော်လမ်းမ​လျှောက်ချင်ဘူး"


"​ရေကူးချင်လည်းရတယ်"


"အမ်..." သူ ရေကူးခြင်းနှင့်ပတ်သက်၍ ပြောနေစဥ်၌ပင် ကျွင်းချင်ယွီ၏မျက်လုံးတို့က​မှေးစင်းလျက် အိပ်ချင်လာကာ ​စောင်​အောက်ကို တိုး၀င်လိုက်သည်။


.....


အပြာ​ရောင်ရေဂြိုလ်၏ မျက်နှာပြင်ဧရိယာ၉၀%ခန့်မှာ ​ရေများဖြစ်သည်။ ဤသည်မှာ ခရီးသွားများကိူ ဆွဲ​ဆောင်နိုင်သည့်​နေရာတစ်ခုအဖြစ်သတ်မှတ်ခံထားရကာ ​သေးငယ်​သောကုန်း​မြေစု​လေးများ​ပေါ်တွင် ​ဟော်တယ်အချို့တည်​ဆောက်ထား​လေသည်။


ထို့​ကြောင့် ပင်လယ်ပြင်ကိုတိုက်ရိုက်မြင်​နေရ​သော ခံစားချက်မျိုးရနိုင်သည်။


ထပ်​ပေါင်းအ​နေဖြင့် ​ရေ​အောက်အိမ်များလည်းရှိသည်။ အထူး​ရေအိပ်ယာများနှင့် ဖောက်ထွင်းမြင်နိုင်​သော နံရံများရှိပြီး မျက်လုံးဖွင့်လိုက်သည်နှင့် ​ရေ​အောက်မှငါးများဖြင့် အကြည့်ချင်းဆုံနိုင်​လေသည်။


သို့​သော်​လည်း ကျွင်းချင်ယွီကမူ ယင်းတို့မှတစ်ခုကို​မျှ စိတ်မ၀င်စား​ချေ။ သူက သာမာန်​ဟော်တယ်များမှ နူးညံ့​သောအိပ်ယာများ​ပေါ်တွင်သာ အိပ်ချင်စိတ်ဖြစ်​နေ​လေသည်။


​ဟော်တယ်တွင်​နေရသည်​လောက်​ပျော်စရာ​ကောင်းတာမရှိ​ချေ။


"မင်း​လေ့ကျင့်ခန်းများများလုပ်ရမယ်" ဖုယွမ်ချွမ်းကအိပ်ယာ​ပေါ်မှာတ၀က်မြုပ်​နေ​သော ငါးက​လေးကိုဖမ်းယူလိုက်သည်။


"ဒီတ​လော​လေ့ကျင့်ခန်းလုပ်တာလည်းသိပ်မရှိဘူး"


ကျွင်းချင်ယွီအိပ်ယာ​ပေါ်မှမထလိုပဲ ရုန်းကန်လာသည်။


"ကျွန်​တော်မ​နေ့တ​နေ့ကမှတိုက်ပွဲ၀င်ထားရတာ၊ ပြီး​တော့ကျွန်​တော်နိုင်တယ်​လေ"


ဖုယွမ်ချွမ်းခတ္တမျှ​တွေး​တောလိုက်ပြီးဆိုလိုက်သည်။


Xxxxx