Chapter 70
ကျွင်းချင်ယွီအိပ်ယာပေါ်မှမထလိုပဲ ရုန်းကန်လာသည်။
"ကျွန်တော်မနေ့တနေ့ကမှတိုက်ပွဲ၀င်ထားရတာ၊ ပြီးတော့ကျွန်တော်နိုင်တယ်လေ"
ဖုယွမ်ချွမ်းခတ္တမျှတွေးတောလိုက်ပြီးဆိုလိုက်သည်။
"ဒါဆို အနိုင်ရတဲ့ငါးကလေးကိုဂုဏ်ပြုတဲ့အနေနဲ့ ကိုယ်တို့ ဘာဘီကျူးသွားစားကြမလား"
"အနီးအနားမှာ ပင်လယ်စာဘာဘီကျူးကောင်းကောင်းတစ်ဆိုင်ရှိတယ်တဲ့၊ ဒီကိုမှာစားရင် အေးပြီးသိပ်ကောင်းမှာမဟုတ်ဘူး၊ ကိုယ်တို့ဆိုင်ကိုသွားစားရအောင်"
"အင်.. အပြင်သွားလို့ဓါတ်ပုံအရိုက်ခံရရင်ရော အဆင်ပြေပါ့မလား" သူတို့က ယခုလောလောဆယ်တွင် ပျက်စီးနေသော ယာဥ်ကို အတင်းဆိုက်ကပ်ထားရတာဖြစ်သည်။
"ဒီမှာကအများစု ခရီးသွားဧည့်သည်တွေလောက်ပဲရှိတာပါ ပုံရိုက်ခံရလည်းအဆင်ပြေပါတယ်"
ကျွင်းချင်ယွီအပျင်းဆန့်လိုက်သည်။ သူကဘာဘီကျူးကိုလည်းသိပ်စိတ်မ၀င်စားလှချေ။ သို့သော် ဖုယွမ်ချွမ်းက လမ်းလျှောက်ထွက်လိုလျှင် သူအဖော်လိုက်ပေးမည်ဖြစ်သည်။
"ကျွန်တော်အင်္ကျီလဲလိုက်ဦးမယ်"
ကျွင်းချင်ယွီမှာတော်ရုံဖြင့် သူ၏ညအိပ်၀တ်စုံလေးကို လဲလေ့မရှိချေ။
"လဲလိုက်လေ"
ဖုယွမ်ချွမ်းပြောသော ပင်လယ်စာ ဘာဘီကျူးမှာ ဒီတိုင်းပြောလိုက်တာတော့မဟုတ်ချေ။ ယင်းမှာ ဤနယ်ပယ်တွင်အမှန်တကယ်နာမည်ကြီးဆိုင်ပင်ဖြစ်ချေသည်။ ဤဆိုင်မှာ ရှီခိုင်ရှင်းပို့ပေးသော အချက်အလက်များတွင်ပင် မှတ်သားခံထားရသည်။
ဆိုင်၏တည်နေရာမှာ ပင်လယ်နှင့်နီးကပ်သည်။ ဆိုင်မှ ငါးမျှားတံကိုငှားပြီး မိမိကိုယ်တိုင်ငါးမျှား၍လည်းရသည်။ မိမိမှအရသာဖိုးသာပေးရန်လိုအပ်လေသည်။
ပို၏စိတ်၀င်စားဖို့ကောင်းသည်က မိမိလက်နှင့်ဖမ်းမိသောငါးကိုမိမိကိုယ်တိုင်ချက်ပြုတ်စားရမည်ဖြစ်သည်။
ဖုယွမ်ချွမ်းလည်းငါးကလေးကိုခေါ်လျက် ကမ်းခြေတစ်လျှောက်ထွက်လာခဲ့သည်။ အချိန်ကအနည်းငယ်နောက်ကျနေပြီဖြစ်ရာ ဖုယွမ်ချွမ်းက ကျွင်းချင်ယွီ၏လက်ကို တွဲထားခဲ့သည်။
ဤနေရာမှ နေ၀င်ချိန်မှာအလွန်လှသည်။ ဆိုင်၏ဦးတည်ရာမှာလည်းနေ၀င်ချိန်ကိုဦးတည်ထားခြင်းပင်။၊
လူများများစားစားတော့မရှိပေ၊၊ ခရီးသွားရာသီမဟုတ်သေး၍လားမသိ ကမ်းခြေတွင်လူအနည်းငယ်သာရှိနေခဲ့သည်။
ကျွင်းချင်ယွီခတ္တမျှတွေးတောလိုက်ပြီး လက်ကိုဆွဲထုတ်လိုက်သည်။
"ဘာဖြစ်လို့လဲ" မိမိလက်မှာ လစ်ဟာသွားလျှင်ဖုယွမ်ချွမ်းကမေးလာခဲ့သည်။
ကျွင်းချင်ယွီမှာ လက်ချောင်းလေးများကိုကားလျက် ဖုယွမ်ချွမ်း၏လက်ကိုပြန်လည်ဆုပ်ကိုင်လိုက်သည်၊
သူတို့၏လက်များမှာ လက်ချောင်းလေးများအထိသွယ်ယှက်လျက်ရှိသည်၊၊ သူကမျက်လုံးလေးများကွေးလျက် ဆိုသည်။
"ဒီလိုကိုင်ရအောင်"
ဖုယွမ်ချွမ်းက ရှောင်ယွီ၏လက်ကိုတစ်ချက်ဖြစ်ညစ်လိုက်ပြီး ညင်သာစွာဆိုလိုက်သည်။
"ကောင်းပြီ"
ကမ်းခြေတွင်လူများများမရှိလှသော်ငြား ဘာဘီကျူးဆိုင်ထဲတွင်မူ ပြည့်နှက်နေခဲ့ပြန်သည်။
ဆိုင်တွင်းရှိခုံအများစုမှာ နေရာယူပြီးဖြစ်သည်၊
ကျွင်းချင်ယွီလည်းခရီးသွားရာသီမဟုတ်ပဲ အဘယ်ကြောင့်လူတွေများနေရသလဲ စဥ်စားနေရင်း လူအုပ်ကြားထဲမှ လမ်းတွင်တွေ့ဖူးသောရင်းနှီးနေသည့် မျက်နှာများကိုမြင်လိုက်ရလေသည်။
ရှီခိုင်ရှင်းမှာ သူတို့ထဲမှတစ်ယောက်ဖြစ်ကာ သူနှင် ယွီကျစ်တို့မှာတဝိုင်းတည်းထိုင်နေခဲ့သည်။
တချိန်တည်းမှာ ရှီခိုင်ရှင်းမှခေါင်းကိုမော့လျက် သူတို့ရှိရာထံကြည့်လာခဲ့သည်။
ကျွင်းချင်ယွီမျက်ခုံးပင့်လိုက်မိသည်။
ဖုယွမ်ချွမ်းရောက်လာသည်ကိုမြင်လျင် ရှီခိုင်ရှင်းလျင်မြန်စွာထရပ်လျက် ပြေးလာခဲ့သည်။
"မာရှယ် ၊ ဒီမှာဘာဘီကျူးစားမလို့လား၊ ကျွန်တော့်ကိုမက်ဆေ့ပို့လိုက်ရောပေါ့၊ ကျွန်တော်လာပို့ပေးမှာပေါ့၊ "
ဖုယွမ်ချွမ်းကဆိုလိုက်သည်။
"နေသာသလိုနေ၊ ငါတို့လမ်းလျှောက်ထွက်ရင်း၀င်လာတာ"
ဘာဘီကျူးကအဓိကမဟုတ်ပေ၊၊ လမ်းလျှောက်ထွက်ရင်း ငါးလည်းမျှားကာ နေ၀င်ချိန်ကိုခံစားဖို့ပင်၊၊
ပြောနေရင်း စားပွဲမှလူများမှာ ချက်ချင်းထရပ်ပြီး သတိအနေအထားနှင့်ရပ်နေကြပြန်သည်၊၊
ပုံမှန်ညစာလာစားသော ဧည့်သည်များမှာ ဘာဖြစ်နေမှန်းနားမလည်နိုင်ခဲ့ချေ။
ဆိုင်မှစားပွဲထိုးလေးကလည်း ရန်ဖြစ်တော့မည်အထင်နှင့်၀င်မလာရဲတော့ချေ။
ယင်းကိုမြင်လျှင် ဖုယွမ်ချွမ်းက မဲမှောင်နေသောအမူအယာဖြင့်ဆိုလိုက်သည်။
"ထိုင်တော့"
လူတိုင်းကအတူတကွထိုင်ချလိုက်သည်။
ရှီခိုင်ရှင်းခေါင်းကိုလှည့်လျက်အော်လိုက်ပြန်သည်၊
"စားပွဲထိုး ဒီမှာနေရာလွတ်ရှိသေးလား"
ဝိတ်တာလေးမှာတစ်စုံတစ်ယောက်မှ ခေါ်သည်ကိုကြားလျှင် အမြန်ထွက်လာလျက်ဆိုလိုက်သည်၊၊
"ဟယ်လို လူကြီးမင်းတို့ ဘာသုံးဆောင်မလဲဗျ၊ တုတ်ထိုးလား၊ ဘယ်နှယောက်စာများလိုချင်လဲ မသိဘူး၊ ကျွန်တော်နေရာစီစဥ်ပေးပါ့မယ်"
ရှီခိုင်ရှင်း" နှစ်ယောက်စာ"
"ဒါကဆရာတို့အတွက် နံပါတ်ပါ၊ အရင်ဆုံးယူထားပေးဦးနော်၊ ကျွန်တော်တို့မှာ လျှပ်စစ် အသိပေးပစ္စည်းနဲ့၀န်ဆောင်မှုပေးပါတယ်၊ နံပါတ်ကိုကြားတာနဲ့ လာယူလို့ရပါပြီ" ထို့နောက်ဝိတ်တာလေးက နောက်ကိုအမြန်ပြန်၀င်သွားခဲ့သည်။
ရှီခိုင်ရှင်းလည်း နောက်ရောက်လွန်းနေသော နံပါတ်ကိုကြည့်လိုက်ပြီး စားပွဲအကြီးမှထိုင်နေသူများကိုတစ်ချက်စူးစမ်းလိုက်သည်။
ယင်းမှာဧည့်သည်စုံတွဲဖြစ်ပုံရကာ မိန်းမဖြစ်သူမပါလျှင်တော့ မာရှယ်မှာသူတို့နှင့်တစ်ဝိုင်းတည်းထိုင်နိုင်ဦးမည်။
ရှီခိုင်ရှင်းခတ္တမျှတွေးတောလိုက်ပြီးဆိုလိုက်သည်။
"မာရှယ် ကျွန်တော်တို့စားပွဲမှာထိုင်လိုက်ပါ ကျွန်တော်တို့"
"မလိုဘူး၊ မင်းတို့ဘာသာစားပါ" ဖုယွမ်ချွမ်းနံပါတ်ကိုယူလျက် ကျွင်းချင်ယွီကိုပေးလိုက်သည်။
ကျွင်းချင်ယွီနံပါတ်ကိုသိမ်းလိုက်ပြီးဆိုသည်။
"ငါးသွားဖမ်းရအောင်"
ဘာဘီကျူးဆိုင်နှင့်ဘေးချင်းကပ်အမိုးလေးအောက်တွင် ငါးမျှားတံအများအပြားရှိသည်၊ လုပ်ပြီးသားငါးများချိတ်တချို့လည်းပုံးထဲတွင်ရှိသည်၊၊ ၄င်းတို့ကို နေရာတကျစီစဥ်ထားပြီး အာရုံကိုအလွယ်တကူဆွဲဆောင်နိုင်လေသည်။
ဘာဘီကျူးအတွက်တုံကင်နံပါတ်ကလည်း အလှည့်မရောက်သေးသဖြင့် သူတို့စောင့်ဆိုင်းရင်း ငါးမျှားနေလို့ရသည်။
"ကောင်းပါပြီ"
ရှီခိုင်ရှင်းက ဖုယွမ်ချွမ်းတို့ထွက်သွားသည်ကိုစောင့်ပြီးမှ သူ၏စားပွဲထံပြန်သွားလိုက်သည်။
ငှားရမ်းခပေးချေပြီးသည့်နောက်တွင် ဖုယွမ်ချွမ်းမှာ အနက်ရောင်များကြားထဲတွင်ထင်ရှားနေသောရွှေရောင်ငါးများတံကိုကောက်ယူလိုက်လေသည်၊
ကျွင်းချင်ယုမှာတစ်ချက်သာကြည့်လိုက်ပြီး ပြုံးလိုက်သည်။
ဖုယွမ်ချွမ်းသည်နေရာလွတ်တစ်ခုတွင်၀င်ထိုင်လိုက်ပြီးငါးမျှားတံကိုစတင်ပြင်ဆင်လိုက်သည်။ ငါးမျှားချိတ်နှင့် ငါးမျှားကြိုးတို့မှာ သပ်သပ်စီဖြစ်သဖြင့် မိမိဘာသာတပ်ဆင်ရန်လိုအပ်လေသည်။
၄င်းမှာမခက်ခဲချေ။ အသုံးပြုနည်းပင်ပေးထားသေးသည် ။ သို့သော် ဖုယွမ်ချွမ်းမှာ အသုံးပြုနည်းကိုပင်ကြည့်တော့ပဲ ငါးမျှားကြိုးကို ငါးမျှားတံ၏ထိပ်ဖျားတွင်ချည်နှောင်လိုက်သည်။
ကျွင်းချင်ယွီ သူ့ဘေးတွင်၀င်ထိုင်လိုက်သည်။
"ကျွန်တော် ရွှေငါးမျှားတံနဲ့ ရွှေငါးတစ်ကောင်ရောဖမ်းလို့ရလား"
ဖုယွမ်ချွမ်းအနည်းငယ်စဥ်စားလိုက်ပြီးမှ
"မင်းသာကံကောင်းမယ်ဆိုရင်ပေါ့"
ဖုယွမ်ချွမ်းက ငါးမျှားကြိုးကို ချောမွတ်စွာချည်နှောင်နေသည်ခဲ့သည်၊ သူ၏လုပ်ဆောင်မှုမှာ လူသစ်တစ်ယောက်နှင့်မတူပဲ အဖုအထစ်တို့ရှိမနေချေ။ကျွင်းချင်ယွီမေးလိုက်သည်။
"အရင်ကငါးဖမ်းဖူးတာလား"
သူသည်ထိုကဲ့သို့ငါးမျှားတံမျိုးတစ်ခါမျှမမြင်ခဲ့ဖူးချေ။သို့သော်ဖုယွမ်ချွမ်းမှာမူလွန်စွာကျွမ်းကျင်နေပုံပေါ်သည်၊
"မျှားဖူးတယ်။ဒါပေမယ့်တစ်ကောင်မှမမိဖူးဘူး"
ဖုယွမ်ချွမ်းသည်ယခင်က အပြာရောင်ကြယ်ကိုရောက်ဖူးလေသည်။ ထိုကြယ်တွင်မျက်နှာပြင်တစ်ခုလုံးရေများသာရှိသည်။ တာ၀န်အရသူသည် ၄င်းကြယ်တွင်အတော်ကြာနေခဲ့ရဖူးသည်။
တာ၀န်မှာ တစ်နေရာတည်းတွင်ငြိမ်လျက်ရပ်နေရန်ဖြစ်ပြီး ယင်းမှာ ငါးဖမ်းခြင်းနှင့်သဏ္ဍာန်တူသည်။
ဖုယွမ်ချွမ်း၏စိတ်စွမ်းအင်မှာ ပစ်မှတ်တာ၀န်အပေါ်အပြည့်အရစူးစိုက်ထားလေသည်။ သို့သော် ငါးတစ်ကောင်ကိုမျှမဖမ်းမိခဲ့ချေ။ ထိုတာ၀န်ပြီးနောက်လည်း သူသည်ငါးနောက်တစ်ကြိမ်ဖမ်းရန်မကြိုးစားတော့ချေ။ သို့သော် တာ၀န်ကာလကလည်းမတိုတောင်းခဲ့ပါ၊ ထိုကြာရှည်သောကာလအတွင်း ငါးတစ်ကောင်မျှဖမ်းမမိခဲ့သည်မှာအလွန်ထူးဆန်းနေခဲ့သည်။
၄င်းကိုတွေးမိလျှင်ဖုယွမ်ချွမ်းကရယ်လိုက်ကာ
"ငါးတစ်ကောင်ကိုဖမ်းမိတာကဘယ်လိုနေလဲ ကိုယ်မသိဘူး"
ထိုစကားကိုကြားလျှင် ကျွင်းချင်ယွီကမျက်ခုံးတစ်ဖက်ပင့်လျက် လက်ကိုဆန့်ကာ ငါးမြှားတံ၏ကြိုးကိုလက်ညှိုးလေးဖြင့်ရစ်ပါတ်ကာ ယူငင်လိုက်သည်။
ဖုယွမ်ချွမ်းသူ၏လက်ကိုသတိထားမိလျှင် "ဟင်, မင်း.."
စကားသံကရုတ်ချည်းရပ်တန့်သွားခဲ့သည်။ ငါးမျှားတံကိုရစ်ပတ်ထားသောလက်ချောင်းလေးများက ဖုယွမ်ချွမ်း၏ ပါးပြင်ကိုတို့လိုက်သည်။
ကျွင်းချင်ယွီ ပြုံးလျက် "ငါးတစ်ကောင်ကိုဖမ်းမိတဲ့ခံစားချက်ခင်များကိုပေးမြည်းမယ်လေ"
ဤသည်ကိုကြားလျှင် ဖုယွမ်ချွမ်း၏လက်ချောင်းများရပ်တန့်သွားခဲ့သည်။ သူက ပြုတ်ကျသွားသော ငါးမျှားတံကိုအမြန်ပြန်ကောက်လိုက်ပြီး ဘေးတွင်အသာချလိုက်သည်။
သူ၏တလွဲတချော်အပြုအမူများကိုမြင်လျှင် ကျွင်းချင်ယွီမှာ မျက်လုံးလေးများကိုကွေးလျက် ပြုံးလိုက်လေသည်။
"ဘယ်လိုလဲ ငါးဖမ်းမိတော့ပျော်ရဲ့လား"
"အင်း" ဖုယွမ်ချွမ်းသည်ခပ်ဆိုးဆိုးငါးလေးကိုအပူအညီမဲ့စွာကြည့်လျက် ညင်သာစွာပြန်ဖြေလာခဲ့သည်။ သူကငါးမျှားကြိုးတွင်ချည်ထားသောငါးလေး၏လက်ကိုအသာယူလျက် ကြိုးကိုညင်သာစွာဖြေလိုက်သည်။
"တကယ်လား" ကျွင်းချင်ယွီကသူ၏ပုခုံးပေါ်သို့မှီချလာပြီး မျက်လုံးလေးပုတ်ခတ်ကာမေးလာသည်။
ဖုယွမ်ချွမ်းမှာရှောင်ယွီ၏လက်ကိုကိုင်ထားရင်း ခေါင်းကိုငုံ့ကာချော့မြူစွာနမ်းလိုက်သည်။
"လိမ္မာနော်"
ထို့နောက်ငါးမျှားချိတ်တွင်အစာတပ်လျက် ငါးမျှားတံကိုပြန်လည်ပြင်ဆင်လိုက်သည်။
ထို့နောက် ငါးမျှားကြိုးကိုအဝေးကိုမပစ်သလို မလိုအပ်သောအပိုလှုပ်ရှားမှုတို့ကိုလည်း မလုပ်ပဲ ငြိမ်သက်စွာစောင့်ဆိုင်းနေတော့သည်။
ဘာဘီကျူးဆိုင်မှ ဖြတ်တောက်ထားသော အသားအပိုစများမှာ ပင်လယ်ထဲသို့ပြန်စွန့်ပစ်ခံရပြီး ငါးများက ယင်းတို့ကိုလာစားလိမ့်မည်။ ထို့ကြောင့်၏ ကမ်းစပ်နားတွင် ငါးအတော်များများရှိလေသည်။
နားမလည်နိုင်သည်က ပင်လယ်စာကိုသာကြိုက်သောငါးများက ငါးများချိတ်မှအစာကိုစိတ်ဝင်စားသည်ကိုပင်။
ငါးမျှားချိတ်ရေထဲကျသွားသည်နှင့် ပူဖောင်းလေးများထလာခဲ့သည်။
ရေမျက်နှာပြင်မှာအလွန်ငြိမ်သက်ကာ လှိုင်းများရိုက်ခတ်ခြင်းမရှိချေ။ ကျွင်းချင်ယွီမှာ ငါးဖမ်းရန်ခက်ခဲလှသည်ဟုတွေးမိသည်။ "ကျွန်တော်တို့ ငါးမမိရင်ဒီညစားရပါ့မလား"
ဖုယွမ်ချွမ်း ငါးမျှားတံကိုရွေ့လျက် ငါးမျှားကြိုးကိုတစ်ချက်စစ်ကြည့်လိုက်သည်။ ချိတ်မှအစာမှာ အစားခံထားရပြီးဖြစ်သည်။သူကအစာကို ထပ်ချိတ်လိုက်သည်။
"တကယ်လို့မမိရင်လည်း ရှိတဲ့ငါးလေးတစ်ကောင်ကိုပဲ ကင်ပြီးစားလိုက်တော့မယ်လေ"
ကျွင်းချင်ယွီခတ္တမျှတန့်သွားခဲ့သည်။ ငါးလေးက ဘယ်ကရောက်လာတာလဲ။
ဖုယွမ်ချွမ်း၏ ပြုံးယောင်သန်းနေသောမျက်လုံးများကိုမြင်လျှင်သူချက်ချင်းသဘောပေါက်သွားခဲ့သည်။ သူက ထိုလူ၏ပါးပြင်ကိုလက်ညှိုးလေးဖြင့်ထိုးလိုက်ကာ
"ဒီငါးလေးကဒီလောက်လိမ္မာတာ ခင်များကစားရက်တယ်ပေါ့"
ဖုယွမ်ချွမ်းလည်း ရှောင်ယွီ၏ဆံစလေးများကိုထိလိုက်ပြီး "တခြားငါးတွေလည်းမမိနိုင်မှတော့ အဆာခံလို့မရဘူးလေ"
ကျွင်းချင်ယွီပါးစပ်ဟလျက် တစ်ခုခုပြောရန်ပြင်လိုက်စဥ် ရေမျက်နှာပြင်ပေါ်မှ ရေမြှုပ်ကလေးများ အဆက်မပြတ်ထလာခဲ့သည်။
"ငါးမိတာလား"
"အင်း" ဖုယွမ်ချွမ်းမှာလုံး၀တည်ငြိမ်လျက် ။ သူသိသလောက်ဆိုလျှင် ဤအချိန်တွင်မတ်တပ်ရပ်လျက် ငါးပြန်မလွတ်ခင် ငါးမျှားကြိုးကိုပြန်ဆွဲတင်နေသင့်သည်ပင်။
သို့သော် စားသောက်ဆိုင်မှငါးမျှားချိတ်များမှားအထူးပြုလုပ်ထားခြင်းဖြစ်ရာ အပိုလုပ်ဆောင်ချက်တစ်ခုသော်မျှမလိုအပ်ချေ။ ဖုယွမ်ချွမ်းက မလှုပ်ရှားပဲ တည်ငြိမ်စွာစောင့်နေပြီးနောက် ကြိုးကတဖြည်းဖြည်းအပေါ်သို့တက်လာခဲ့သည်။
ကျွင်းချင်ယွီ ငါးထည့်သည့်တောင်းကိုဖွင့်လိုက်ပြီး ငါး၏လှုပ်ခါနေသောအမြီးကိုကြည့်ကာ ဆိုလိုက်သည်။ "ငါးကကြီးလိုက်တာ"
၄င်းမှာမြက်ပင်လို အစိမ်းရောင်သန်းလျက် အတော်ကြီးမားသည်ပင်။ ကိုယ်ထည်တွင်လည်းဆူးတောင်တချို့ရှိလေသည်။ အဖမ်းခံရချိန်မှစ၍ ယင်း၏ပါးစပ်မှာ လွတ်ထွက်မသွားခဲ့ချေ။ သူ၏သွားများကိုပင်မြင်နေရသည်။ မျက်လုံးများကပြူးနေပြီး ခြုံငုံပြောရလျှင်အနည်းငယ်ရုပ်ဆိုးကာကြောက်စရာကောင်းသည်။
ဖုယွမ်ချွမ်းက ငါးမျှားချိတ်ကိုဖယ်လိုက်ပြီး ဆိုသည်၊
"သတိထား အကိုက်မခံရစေနဲ့"
"ရပါတယ်" ကျွင်းချင်ယွီငါးကိုခေါင်းမှဆွဲယူလိုက်ကာ ဤတစ်ကောင်ကပင် မိမိတို့နှစ်ဦးအတွက်လုံလောက်သည်ဟုတွေးမိလေသည်၊၊
သို့သော် သူတို့နံပါတ်အလှည့်မရောက်ခင်အထိ ဖုယွမ်ချွမ်းမှာ ဆက်၍မျှားနေခဲ့သည်၊၊ သူကအချိန်ဖြုန်းလိုပုံရသည်။
ရေ၏အရည်အသွေးကြောင့်လားမသိချေ။ သို့တမဟုတ် ဤနေရာတွင် ပင်လယ်ပြင်မှ ငါးများအစာလာရှာနေကျဖြစ်၍လားမပြောတတ်၊၊ ငါးမျှားချိတ်မှအစာကိုခဏခဏလာလာကိုက်ကြသည်။
Xxxxxxx