Chapter 71
ရေ၏အရည်အသွေးကြောင့်လားမသိချေ။ သို့တမဟုတ် ဤနေရာတွင် ပင်လယ်ပြင်မှ ငါးများအစာလာရှာနေကျဖြစ်၍လားမပြောတတ်၊၊ ငါးမျှားချိတ်မှအစာကိုခဏခဏလာလာကိုက်ကြသည်။
ဘာဘီကျူးဆိုင်မှ သူတို့နံပါတ်ကိုခေါ်လာချိန်တွင် တောင်းထဲတွင်ငါးများပြည့်လုပြည့်နီးဖြစ်သည်၊
ဖုယွမ်ချွမ်းသည် ထိုတောင်းအား ၀ိတ်တာလေးထံ ချက်ပြုတ်ရန်ပေးလိုက်၏။
နှစ်ယောက်စားပွဲမှာ စားပွဲတစ်ခုချင်းစီကြား အခန်းငယ်ကဲ့သို့အကာအရံလေးများခြားထားလျက် အပြင်ဘက်မှဆူညံသံများကိုလည်းတားဆီးပေးထားသည်။
တချို့က ဘာဘီကျူးစားနေချိန်တွင် ဆူညံနေရသည်ကိုကြိုက်သည်၊၊ မကြိုက်သည့်လူကတော့ သီးသန့်အခန်းငယ်များတွင် တိတ်ဆိတ်စွာသုံးဆောင်နိုင်လေသည်။
ဖုယွမ်ချွမ်းက ပုလင်းကိုဖောက်လိုက်ကာ ကျွင်းချင်ယွီထံကမ်းပေးလိုက်သည်။ "သောက်ကြည့်၊ ဒေသထွက်ကုန်ကြမ်းတွေနဲ့လုပ်ထားတာတဲ့"
ဤသောက်စရာမှာ အပြာရောင်ရေဂြိုလ်တွင်သာရနိုင်လေသည်။
ကျွင်းချင်ယွီလည်း ဆိုဒါကိုတစ်ကျိုက်ခန့်မြည်းကြည့်လိုက်ကာ "အရသာရှိတယ်"
အစားအသောက်များမှာပြီးသည်နှင့် ဘာဘီကျူးအတွက် ပါဝင်သည့်အမယ်များရောက်လာရန် အနည်းငယ်စောင့်ရသော်လည်း မြေပဲနှင့်တခြား အရံစားဖွယ်များကိုမူ အသင့်ချပေးထားလေသည်။
ကျွင်းချင်ယွီက မြေပဲတောင့်ကိုခွာလိုက်ပြီး ဖုယွမ်ချွမ်းထံကမ်းပေးလိုက်သည်။သူကမ်းပေးနေစဥ်တွင် သူ၏လက်မှ ဥာဏ်ရည်တုစက်ကိုသတိထားမိသွားလေသည်။
"ခင်များရဲ့စက်ကလင်းနေတယ်"
"ဘာမှမဟုတ်ပါဘူး၊ တော့ဒစ် သတင်းထုတ်လွှင့်နေတာ၊ သူတို့ကြံရာမရဖြစ်နေပြီလေ" ဖုယွမ်ချွမ်းယခင် သတင်းလက်ခံရစဥ်က ခလုတ်တစ်ခုတည်းကိုပင် ခဏခဏနှိပ်၍ ဖတ်ရှုခဲ့ရသည်၊၊ သို့သော် တဖက်သူက သတင်းကိုဖုံးလိုသည်မို့ သူလည်းပဲ ဖတ်မနေတော့ချေ။
"မြန်လှချည်လား" ကျွင်းချင်ယွီစဥ်းစားလိုက်ပြီး နောက်ထပ်တစ်ရက်နှစ်ရက်ခန့်စောင့်ရန် တွေးလိုက်သည်၊၊ သတင်းထွက်လာမည့်အချိန်ကိုက်ကအရေးကြီးသည်ပင်။
၄င်းက အလုပ်မဖြစ်လျှင် မီးကိုစလိုက်သည်နှင့်တူသည်၊၊ မီးပွားသေးသေးလေးမှ တောမီးကြီးအထိပင် လောင်ကျွမ်းနိုင်ချေရှိ၏။
ဖုယွမ်ချွမ်းမှာ အပြာရောင်ရေဂြိုလ်တွင်ရှိနေသော်လည်း မာရှယ်တော့ဒစ်နှင့်အဆက်အသွယ်ရှိနေခဲ့သည်။၊
"အထက်ကလူတွေအတော်သွေးပျက်နေပြီ၊ သူတို့တုန့်ပြန်တာမြန်တယ်၊ တော့ဒစ်ကထပ်မစောင့်တော့ဘူး"
ကျွင်းချင်ယွီ ခေါင်းကိုငြိမ့်လိုက်သည်၊၊ ရန်သူဘက်ကလှုပ်ရှားသည်နှင့် သူတို့လည်းတပြေးညီလှုပ်ရှားမည်သာ။
လက်ပေါ်မှရေများကို သုတ်လိုက်ပြီးနောက် ကျွင်းချင်ယွီက ဥာဏ်ရည်တုစက်ကိုဖွင့်လိုက်ကာ လိုင်းပေါ်မှသတင်းတချို့ကိုဖတ်ကြည့်လိုခဲ့သည်။
အင်ပါယာခေါင်းဆောင်မှာ ယခုဆိုလျှင် Mကြယ်မှ စမ်းသပ်ပစ္စည်းတချို့ကို ၀မ်ချန်းယောင်ယူသွားသည်ဟု ယုံကြည်နေချည်ပေရော့မည်၊၊ ထို့ကြောင့်သူက ၀မ်ချန်းယောင်တို့အုပ်စုအား အသည်းအသန်လိုက်လံဖမ်းဆီးနေခဲ့သည်။
အချိန်ကွာခြားမှုအရတွက်ချက်ကြည့်ရလျှင် မြို့တော်ကြယ်စဥ်စုနှင့်မိမိတို့မှာ ၇နာရီခန့်ကွာခြားသည်။
သတင်းစာမျက်နှာတွင် မာရှယ်တော့ဒစ်စ်၊ သွမ့်ဟန်ကျင်း အကြောင်းခေါင်းစီးမှပါလာခဲ့သည်။
သွမ့်ဟန်ကျင်းမှာ Mကြယ်မှ စမ်းသပ်ချက်အကြောင်း တိုက်ရိုက်မရည်ညွှန်းခဲ့သည့်တိုင် တပ်မကြီးမှ ကြယ်ဓါးပြများကို ဖမ်းဆီးရန်ကြိုးစားနေသည့်ကြောင်းကို ဦးတည်ပြောထားခဲ့သည်။ သူတို့က Mကြယ်မှ စက်ရုပ်တစ်ရုပ်ကို ထိန်းသိမ်းနိုင်ခဲ့သည်ဟူ၏။ ပိုင်ရှင်ကိုရှာမတွေ့ခဲ့သဖြင့် ပြုပြင်ရန် ပို့ထားခဲ့သည်။ မမျှော်လင့်စွာဖြင့် ထိုစက်ရုပ်ထံတွင် လူသားဒီအန်အေပါ၀င်နေကြောင်းတွေ့ရှိခဲ့ရသည်။
နောက်ပိုင်းကိစ္စများကိုမူ သိပ်မပြောပဲ စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်းဆိုထားလေသည်။
နောက်ဆုံးရဓါတ်ပုံမှာ စက်ရုပ်နှင့် Mကြယ်၏ပုံများပင်ဖြစ်သည်။
ဤရှင်းလင်းပွဲမှာ အားလုံးကိုထုတ်ပြောလိုက်သလိုထင်ရသော်လည်း တဖက်ကကြည့်လျင် မည်သည်ကိုမှ အတိအကျရှင်းလင်းချက်ထုတ်မထားပြန်ချေ။
အင်ပါယာခေါင်းဆောင်များမှာ ပြသနာအရင်းအမြစ်ကိုလုံး၀မရှာဖွေနိုင်ကြချေ။ စက်ရုပ်မှာ တစ်ဦးတစ်ယောက်၏ပိုင်ဆိုင်မှုဖြစ်ကာ ၄င်းကိုထိန်းသိမ်းပြီးသည်နှင့် ပိုင်ရှင်ထံပို့ကာ ပြုပြင်ရေးဆောင်ရွက်ရရမည်မှာ ပုံမှန်သာဖြစ်သည်။
သွမ်ဟန်ကျင်းက မမှန်ကန်သည့်အရာတစ်ခုကိုမှ မလုပ်ထားချေ၊ ဤသည်မှာအမှတ်မထင်ရှာဖွေတွေ့ရှိမှုသာဖြစ်၏။
အင်ပါယာခေါင်းဆောင်မှာ ဤတစ်ကြိမ်တွင်ပြဿနာကိုတာ၀န်ယူဖြေရှင်းရန်ရှေ့သို့တက်လာခဲ့သည်။
ဤတစ်ကြိမ်ပြသနာမှာ အင်ပါယာခေါင်းဆောင်ကို အတော်အခက်တွေ့အောင်လုပ်နိုင်သည်မှာ မှန်သော်လည်း လုံး၀ဆွဲချဖို့တော့မဖြစ်နိုင်သေးချေ။
ကျွင်းချင်ယွီခတ္တမျှတွေးတောလိုက်ပြီးမေးလိုက်သည်။ " M ကြယ်စမ်းသပ်မှူက အင်ပါယာခေါင်းဆောင်တွေနဲ့ တိုက်ရိုက်ဆက်နွယ်နေတဲ့ သက်သေများမရှိဘူးလား"
"အင်း" ဖုယွမ်ချွမ်းသတင်းရထားသည်မှာမကြာသေးချေ။ ပူပူနွေးနွေးလက်ဖက်ရည်ကို တစ်ကျိုက်ခန့်မော့သောက်လိုက်ကာ " ဒါမှမဟုတ်ရင် သူက ၀မ်ချန်းယောင်ကိုဖမ်းဖို့ တစ်တပ်လုံးလွှတ်လိုက်မယ်ထင်လို့လား"
ကျွင်းချင်ယွီ : "...?"
၀မ်ချွမ်းယောင်ရဲ့၀ရမ်းဆုကြေးဒီလောက်ထိတက်သွားတာ မအံ့သြတော့ပါဘူး၊ သက်သေအတိအကျလက်ထဲမရှိပေမယ့် အင်ပါယာခေါင်းဆောင်က သက်သေ၀မ်ချန်းယောင်ဆီမှာ သေချာပေါက်ရှိလိမ့်မယ်လို့ ယုံကြည်နေတာလေ။
ဖုယွမ်ချွမ်းဆိုလိုက်သည်။ " codeဖြည်ဖို့ကအချိန်အရမ်းလိုတယ်လေ၊ သူကအသေအရရအရှင်ရရလိုက်နေတော့၀မ်ချန်းယောင်ကအခုထိcodeကိုမဖြည်ရသေးဘူး၊ တရား၀င်သတင်းထွက်မလာခင်တော့ ဖုံးနိုင်ကောင်းပါရဲ့"
ကျွင်းချင်ယွီချောင်းတစ်ချက်ဟန့်လိုက်ကာ
"၀မ်ချန်းယောင်အပြေးမြန်ပုံနဲ့ဆိုရင်တော့ အချိန်အတော်လေးဆွဲနိုင်လောက်ပါတယ်"
သွမ့်ဟန်ကျင်းရှေ့ထွက်လာပြီးနောက်တွင် အင်ပါယာခေါင်းဆောင်မှာ ထိုကိစ္စကို လူထုအမြင်မှ အာရုံပြောင်းစေရန် ဖိနှိပ်ဖို့လည်းလိုသေးသဖြင့်အတော်လေး အားလပ်ဦးမည်မဟုတ်ချေ။
Codeဖြည်ပြီးသည်နှင့် အင်ပါယာခေါင်းဆောင်ကိုဖြုတ်ချနိုင်ပြီဖြစ်သည်။
မှာထားသော ဘာဘီကျူးအကင်တို့က တစ်မျိုးပြီးတစ်မျိုးရောက်ရှိလာပြီး မီးသွေး အကင်နံ့နှင့် လွန်စွာအရသာရှိပုံပေါ်လှသည်။
သို့သော်ကျွင်းချင်ယွီမှာ စားရန်အလျင်မလိုခဲ့ချေ။ သူက သတင်းကိုဖတ်နေရင်းဆိုသည်။
"ကျွန်တော်အောက်ကကောမန့်တွေကိုကြည့်ပြီးပြီ၊ တစ်ယောက်ကဆို စက်ရုပ်တွေက စမ်းသပ်ပစ္စည်းတစ်မျိုးမျိုးဖြစ်မယ်လို့တောင် ခန့်မှန်းနေပြီ"
၄င်း၏အပြည့်အစုံကိုဖတ်ရှုရန် ချဲ့နေတုန်းမှာပင် ထိုကောမန့်မှာ ပယ်ဖျက်ခံလိုက်ရသည်ဟူသော သတိပေးချက်ပေါ်လာခဲ့သည်။
"ဖျက်ခံလိုက်ရပြီ" အစကမူ ၄င်းမှာ သူ၏အင်တာနက်လိုင်းမကောင်းခြင်းကြောင့်ဟု ထင်လိုက်သော်လည်း အကြိမ်အနည်းငယ်မျှကြိုးစားကြည့်ပြီးနောက်တွင် သူအတည်ပြုနိုင်လိုက်သည်။
ဖုယွမ်ချွမ်းကမူ ဤကဲ့သို့ လူထုအမြင်ထိန်းသိမ်းနည်းမျိုးကို အသစ်အဆန်းဖြစ်မနေခဲ့ချေ။
"သာမာန်ပါပဲ၊ တစ်ယောက်ယောက်ကစောင့်ကြည့်နေတာ"
စကားလုံးတချို့ကိုပင် ကြိုတင်တားမြစ်ထားပြီး ၄င်းနှင့်ပတ်သက်သည့် တစ်စုံတစ်ခုတက်လာပါက အလိုအလျောက် ဖျက်ချခံရလေသည်။
ကျွင်းချင်ယွီ မှတ်ချက်များကိုထပ်ကြည့်လိုက်သော်လည်း၊ စမ်းသပ်ချက်နှင့်ပတ်သက်ပြီးပြောဆိုထားသောကောမန့်များမှာ လျင်မြန်စွာဖျက်ချခံလိုက်ရလေသည်။
ကျန်သည်များမှာ မသေချာမရေရာသော ရောဂါအကြောင်းများနှင့် စမ်းသပ်မှုမတော်တဆတို့ကို ပြောထားသော ကောမန့်များသာဖြစ်သည်။
တခြားကောမန့်တချို့သည်လည်းအဖျက်ခံလိုက်ရသည်ပင်။
သို့သော် ထိုကဲ့သို့ဖျက်ချခြင်းမှာလည်း errorတစ်ခုရှိလေသည်။ ဖျက်ဖျက်ချင်းတွင် ထိုကောမန့်ကိုနှိပ်မကြည့်သ၍ အဖျက်ခံရသောကောမန့်ကိုမြင်နိုင်သေးတာပင်။
ကျွင်းချင်ယွီ သတိထားလျက်ဆိုသည်။
"သူကဒီလိုလုပ်တော့ လူတွေအမြင်မှာ ပိုသိသာသွားမှာမကြောက်ဘူးလား"
ဖုယွမ်ချွမ်းခေါင်းကိုခါလိုက်ကာ "ဒီလိုဆိုရင်လည်း သူ့ကိုကောမန့်တွေဖျက်လို့ နောက်ကွယ်ကအဓိကတရားခံလို့ပြောတဲ့ကောမန့်တွေလည်းဖျက်ခံရဦးမှာပဲ"
ကျွင်းချင်ယွီ "..."
တစ်ကြိမ်စပြီးသည်နှင့်အဆုံးသတ်မရတော့ပေ။
မည်သူမျှမှတ်ချက်မပေးနိုင်သ၍ သူကအပြစ်မရှိသလို မျက်နှာပြောင်ဖြင့်ထိုင်နေနိုင်သေးသည်။
ဖုယွမ်ချွမ်းဆိုလိုက်သည်။ "အပေါ်ကလူတွေကတော့ဘာမှတ်ချက်မှ ထုတ်ပေးမှာမဟုတ်ဘူး"
တော့ဒစ်က ကြော်ငြာနှင့်တူသောတစ်စုံတစ်ခုကိုထုတ်လွှင့်လျက် 'စတင်တော့မည်'ဟု အသိပေးသွားခဲ့ချေပြီ။
ကျွင်းချင်ယွီခေါင်းငြိမ့်လိုက်သည်။ ချို့ယွင်းချက်များစွာရှိသော်လည်း တော့ဒစ်ထံတွင် အချက်အလက်မည်မျှရှိကြောင်းမည်သူမှတပ်အပ်မပြောနိုင်ပါချေ။
၀င်ပါမိလျှင် ပြန်လည်လွတ်ကင်းဖို့မလွယ်သော အရှုပ်အထွေးဖြစ်သဖြင့် သူတို့မှာလက်ပိုက်ကြည့်နေရုံသာတတ်နိုင်လေသည်။
သို့သော်ဤငြိမ်သက်မှုမှာ မုန်တိုင်းမလာခင်တိတ်ဆိတ်မှုမျိုးသာဖြစ်၏။
"ဒီအတွက်ကိုမပူနဲ့တော့ ၊ တစ်ခုခုအရင်စားပါဦး" ဖုယွမ်ချွမ်းက ခွာထားသောပုစွန်တချို့ကို ပန်းကန်နှစ်ချပ်တွင်ခွဲထည့်လိုက်ပြီး ရှောင်ယွီထံကမ်းပေးလိုက်သည်။
ကျွင်းချင်ယွီမှာ ကောမန့်များကိုဖတ်ကြည့်နေခဲ့ခြင်းဖြစ်ကာ ဖုယွမ်ချွမ်းဘာလုပ်နေခဲ့မှန်းသတိမထားမိချေ။ ယခုမှသာဖုယွမ်ချွမ်း၏ရှေ့တွင် ပင်လယ်စာအခွံတို့က တောင်ပို့လေးနှယ်ပုံနေကြောင်းတွေ့လိုက်ရလေသည်။
သူကသိပ်မဆာလှသဖြင့် "ခင်များစားပါ ကျွန်တော်ခွာပေးမယ်" ဟုဆိုရင်းဖြင့် ပုစွန်ကျားတစ်ပန်းကန်ကိုလှမ်းယူရန်ပြင်လိုက်သည်။
ဖုယွမ်ချွမ်းကသူ့လက်ကိုအမြန်ဖမ်းယူလိုက်ကာ
"သူ့အခွံမှာဆူးတွေနဲ့၊ လျှောက်မထိနဲ့တော့"
ဤကဲ့သို့ဆူးလေးများမှာ ဘာမှမဟုတ်ချေ။ သို့သော်စူးမိလျှင်တော့ ရက်အတော်ကြာအောင် နာနေတတ်သည်။
ကင်ထားသော ပင်လယ်စာတံစို့တို့ကလည်း ကျွင်းချင်ယွီနားတစ်ဝိုက်မှာသာ ရှိနေသည်။
ဖုယွမ်ချွမ်းရှေ့တွင်မူ အခွံနွာရန်လိုသော ပန်းကန်တချို့သာရှိနေ၏။
စားသောက်ဆိုင်မှာအဆင့်မြင့်လှပြီး အခွံသင်ရန် ကိရိယာတချို့ ပေးထားရာ လက်ဖြင့်ခွာရသည်ထက်ပိုမြန်လေသည်။
ကျွင်းချင်ယွီ ပါးစပ်ကိုအသာဟလျက် တစ်ကိုက်ကိုက်လိုက်ပြီးနောက် ဖုယွမ်ချွမ်းမှာ တစ်လုပ်ပင်မစားပဲ အခွံခွာနေသည်ကိုသာသတိထားမိလေသည်။
ပုစွန်စားပြီးသည်နှင့် ကျွင်းချင်ယွီမေးလိုက်သည်။
"ခင်များဘာလို့မစားတာလဲ" သူကဤမတိုင်ခင် မုန့်အချို့လည်းစားထားရာ သိပ်မဆာချေ။ သို့သော်ဖုယွမ်ချွမ်းကမူ ဘာမှမစားရသေးချေ။
နောက်ဆုံးကျန်သောပုစွန်ကိုခွာပြီးနောက်တွင် သူ၏လက်ကိုပုဝါတွင်ပွတ်သုတ်လိုက်ပြီး ကျွင်းချင်ယွီကိုကြည့်လျက် မျက်တောင်ပင်မခတ်ပဲဆိုလာသည်။
"ကိုယ်ကငါးကိုစားဖို့စောင့်နေတာ"
ကျွင်းချင်ယွီ ကအံ့အားသင့်လျက်ပင်" ဟင်"
ခင်များ...ကျွန်တော့်ကိုဘာလို့အဲလိုကြီးလာကြည့်နေတာလဲ ။
ကျွင်းချင်ယွီ မှာ ဖုယွမ်ချွမ်း၏အကြည့်တို့ကိုခတ္တမျှမတုန့်ပြန်နိုင်ဖြစ်သွားခဲ့သည်။ သူတို့အတော်ကြာအကြည့်ချင်းဆုံနေပြီးမှ မျက်ခုံးကိုအသာပင့်လျက်ဆိုလိုက်သည်။
"ခင်များ"
သူပါးစပ်ဟလိုက်သည်နှင့် အပြင်ဘက်မှ ၀န်ဆောင်မှုခေါင်းလောင်းလေးကမြည်လာခဲ့သည်။
"ဟယ်လို ငါးကင်နဲ့ ကိုယ်တိုင်ဖမ်းငါးတွေကိုပြင်ဆင်ပြီးပါပြီခမျ"
အဆိုပါ ဟင်းပွဲများရောက်လျှင် ဖုယွမ်ချွမ်းက ချောင်းအသာဟန့်လျက်ဆိုလိုက်သည်။
"၀င်ခဲ့ပါ"
ဝိတ်တာလေးက ငါးကင်နှင့် အခြားငါးဟင်းပွဲများကို စားပွဲပေါ်တွင်အစီအရီချလာသည်။
"သုံးဆောင်ကြပါ"
ထို့နောက်တွင်တံခါးကိုပြန်ပိတ်ပြီးထွက်သွားတော့သည်။
စားပွဲထိုးလေးကအမြန်၀င်ပြီးအမြန်ထွက်သွားသော်လည်း စကားကတ၀က်တပြတ်ဖြတ်တောင်ခံလိုက်ရချေပြီ။
ဖုယွမ်ချွမ်းကသူ့အား အရိုးမပါသော ငါးတုံးလေးကိုထည့်ပေးလိုက်သည်။
"အရင်ဆုံးစားရအောင်"
ပင်လယ်ငါးများမှာ ရုပ်ဆိုးသော်လည်းအရသာကောင်းလှသည်။
အသားထူပြီးအရိုးနည်းသဖြင့် စားရသည်မှာလည်း အခက်မတွေ့လှချေ။
ကျွင်းချင်ယွီ ငါးတဖဲ့ကိုကိုက်ယူလိုက်သည်။ ငါးကင်၏အပြင်ခွံမှာကြွပ်ရွနေသည်။အပူချိန်မှာလည်းအတော်ပင်၊သို့သာသူကဗိုက်ဆာမနေခဲ့ချေ။ထို့အပြင်တခြားပင်လယ်စာတချို့ကိုလည်းစားထားပြီးချေပြီမို့ ထိုတစ်တုံးစားပြီးနောက်တွင် တူကိုပြန်ချထားလိုက်တော့သည်။
ဖုယွမ်ချွမ်းမှာ အစကနေအဆုံးအထိ သူ့အား တစ်ခုပြီးတစ်ခုထည့်ပေးနေခဲ့သည်။ အခွံနွာလိုက် အရိုးနွင်လိုက်နှင့် သူ့ဟာသူသိပ်မစားဖြစ်ချေ။
Xxxxxxx