အပိုင်း ၇၂
Viewers 16k

Chapter 72


ဖုယွမ်ချွမ်းမှာ အစက​နေအဆုံးအထိ သူ့အား တစ်ခုပြီးတစ်ခုထည့်​ပေး​နေခဲ့သည်။ အခွံနွာလိုက် အရိုးနွင်လိုက်နှင့် သူ့ဟာသူသိပ်မစားဖြစ်​ချေ။


ကျွင်းချင်ယွီ ခတ္တမျှ​တွေး​တောလိုက်ပြီး ထရပ်ကာ ဆန့်ကျင်ဘက်ကို​လျှောက်သွားလိုက်သည်။ ထို့​နောက်ဖုယွမ်ချွမ်း​ဘေးတွင်ထိုင်ချလိုက်ကာ


"ဘာလို့ငါးကင်ကိုမစား​သေးတာလဲ၊ ခင်များပဲဒါကို​စောင့်​နေတာမဟုတ်ဘူးလား"


"ကိုယ်.."ဖုယွမ်ချွမ်းကစကား​ပြောရန်ပြင်လိုက်​သော်လည်း ​ရှောင်ယွီမှာ သူ၏မျက်နှာ​ပေါ်မှအပြုံးကိုဖုံးကွယ်ရန်ကြိုးစား​နေသည်ကို​တွေ့လိုက်ရ​လေသည်။သူကလက်ကို​မြှောက်လျက် အခန်းအား 'မ​နှောင့်ယှက်ရ'ဟု ​ပြောင်းလိုက်ကာ သူ၏လက်ကို ​ရှောင်ယွီ၏ခါး​လေးထံရစ်ပါတ်လျက်သူ့ထံသို့ဆွဲယူလိုက်သည်။


ကျွင်းချင်ယွီ​သေချာမထိုင်နိုင်ခင်မှာပင် သူ၏မျက်နှာ​ပေါ်မှ​နွေး​ထွေးမှု​လေးကိုခံစားလိုက်ရသည်။


ဖုယွမ်ချွမ်းက ​ရှောင်ယွီ၏ပါးပြင်အားတစ်ကိုက်ကိုက်လိုက်ခြင်းဖြစ်သည်။ ထို့​နောက်မျက်လုံး​လေး့ပြူးလျက်ဆိုသည်။


"တကယ်အရသာရှိတာပဲ"


"?!"


ဖုယွမ်ချွမ်းသည်​ရှောင်ယွီ၏မျက်နှာ​လေးတဖြည်းဖြည်းနီမြန်းလာသည်ကိုမြင်လိုက်ရ​လေသည်။ သူ၏နားရွက်ဖျား​လေးများပင် ရဲတွတ်လျက်ပင်။


"ကျွန်​တော်ကို ကျီစယ်​နေတာလား"


"..."


ကျွင်းချင်ယွီက ဟွန့်ခနဲအသံပြုလျက် ​ရှေ့သို့ကိုင်းကာ ထိုလူ၏လည်တိုင်ကိုကိုက်လိုက်​လေသည်၊


ဖုယွမ်ချွမ်းသည် ​ရှောင်ယွီအား​ပေါင်​ပေါ်တင်၍ဖက်ထားခြင်းဖြစ်ကာ ဤဘက်အခြမ်းမှခုံများမှာအနည်းငယ်ပုသည်။ သတိမထားမိလျှင် ပြုတ်ကျနိုင်သည်ပင်။​ငါးက​လေးကိုတင်းတင်းကြပ်ကြပ်ဖက်ထားရင်း ဆံနွယ်​လေးများကိုပွတ်သပ်​ပေးလိုက်သည်။


ကျွင်းချင်ယွီကိုက်ပြီးသည်နှင့် ​ခေါင်းကို​မော့လျက် တချက်ကြည့်လိုက်သည်၊၊ သူအားများများမသုံးခဲ့သည့်တိုင် အဆိုပါလည်တိုင်ဖြူဖြူတွင် နီရဲရဲ သွားရာ​လေးကျန်ရှိ​နေဆဲဖြစ်​​လေသည်။


ဖုယွမ်ချွမ်းကမူဂရုစိုက်ပုံမ​ပေါ်​ချေ။ သူကငါးက​လေးကိုပွတ်သတ်လိုက်ပြီးဆိုသည်။


"အရင်ဆုံးစားရ​အောင် ​အေးသွားရင်မ​ကောင်း​တော့ဘူး"


"ကျွန်​တော်ဗိုက်ပြည့်​နေပြီ၊ ခင်များပဲစား​တော့" ကျွင်းချင်ယွီသည် တုတ်ထိုးအကင်တစ်​ချောင်းကိုလှမ်းယူပြီး ဖုယွမ်ချွမ်း၏ပါးစပ်နားသို့ခွံ့လိုက်သည်။


"အာ.."


စားပွဲ​ပေါ်မှ ဟင်းပွဲအများစုမှာ ပင်လယ်စာများဖြစ်သည်၊၊ များသည်ထင်ရ​သော်လည်း အ​လေးချိန်သိပ်မရှိ​ချေ၊ အခွံ​တွေကပိုများသည်။


စား​သောက်ပြီးပြန်ထွက်လာစဥ်တွင် အပြင်ဘက်မှာ အ​​တော်​မှောင်​​နေပြီဖြစ်ကာ လူလည်းသိပ်မရှိ​တော့​ချေ၊


ဆူညံ​နေ​သော ဘာဘီကျူးဆိုင်၏အပြင်ဘက်တွင် တိတ်ဆိတ်​သည့်ည​ကောင်းကင်က ကြယ်​ရောင်စုံတို့ဖြင့်လှပ​နေခဲ့သည်။


လမ်းမီး​ရောင်ခပ်​ဖျော့​ဖျော့​အောက်ရှိ လှိုင်းတံပိုးတို့ထကြွနေ​သောပင်လယ်ပြင်မှာ တဖျတ်ဖျတ်​တောက်ပလျက်ရှိ၏။


ညဘက်ရှုခင်းမှာ နေ့ဖက်ထက်ပင် ပို၍လှပ​နေခဲ့သည်၊ ​နေ၀င်ချိန်၏​နွေး​ထွေးမှုနှင့်မတူပဲ ​အေးစက်ငြိမ်သက်​သော ညအလှကတမျိုးတဖုံထူးခြားလျက်ပင်။


နူးညံ​သော​သောင်ပြင်​ပေါ်နင်းလိုက်​သောအခါ ဖိနပ်စီးထားသည့်ကြားမှ နူးညံ့​သောသဲများထဲသို့ နစ်၀င်သွားသည်ကိုခံစားနိုင်​လေသည်။လူလုပ် သဲအတုမှာ သဲအစစ်ထက်ပင်ပို၍ နူးညံ့​နေခဲ့သည်၊၊


လူနှစ်ဦးမှာ လက်ချင်းတွဲလျက် လှိုင်းပုတ်သံများကြား သဲ​သောင်ပြင်တွင်လမ်း​လျှောက်​နေကြသည်၊၊


ဖုယွမ်ချွမ်းက ​ရှောင်ယွီကိုကြည့်လျက်ဆိုသည်၊၊


"ဘယ်သူမှမရှိဘူး၊ မင်မက်စ်ကိုချွတ်ထားလိုက်​လေ ပြန်​​​တော့မှ၀တ်​ပေါ့"


ယင်းမှာ ၀တ်ထားလျှင်ကြည့်​ကောင်း​သော်လည်း အကြာကြီး၀တ်ထားလျှင် အဆင်မပြေချေ။ ​ဘေးပတ်၀န်းကျင်တွင်မည်သူမျှမရှိသည်မို့ ၀တ်စရာမလိုအပ်​တော့ပေ။


"အို​ကေ" ကျွင်းချင်ယွီကသူ၏မက်စ်ကိုချွတ်လိုက်ပြီး ကမ်း​ခြေတွင် ထိုင်စရာ​နေရာတစ်ခုရှာ​တွေ့သွားခဲ့သည်။


​ကျောက်​ဆောင်စွန်းတွင်သူထိုင်ချလိုက်စဥ် ဖုယွမ်ချွမ်းမှာလည်း​ ဘေးတွင်လိုက်ထိုင်ချလာခဲ့သည်။


ကျွင်းချင်ယွီသည် ဖုယွမ်ချွမ်း၏ပုခုံးကိုမှီလျက် ​ပြေးလွှား​နေ​သောလှိုင်းလုံးများကိုကြည့်လျက် ဆိုလာသည်၊


"ကျွန်​တော်ဒီခံစားချက်​လေးကိုနည်းနည်း​လေးကြိုက်သလိုပဲ"


"ကိစ္စ​တွေအားလုံးပြီးသွားရင် ဒီကို​နောက်ထပ်လာလည်ကြတာ​ပေါ့ " ခတ္တမျှတန့်လိုက်ပြီးဆက်​ပြောလာသည်၊ "မင်းဘယ်ကိုပဲသွားချင်သွားချင် ကိုယ်လိုက်ပို့မယ်"


ကျွင်းချင်ယွီ နုးညံ့စွာဆိုသည်။ "တကယ်အဲဒီကိုသွားမှာလား"


ဖုယွမ်ချွမ်းမ​​ဖြေပဲ ထိုအစား


"ဘယ်လိုထင်လဲ"


"ကျွန်​တော်က​တော့ခင်များသွားမယ်ထင်တယ်"


"ဒါဆိုသွားမှာ​ပေါ့"


ကျွင်းချင်ယွီ၏ နှုတ်ခမ်း​ထောင့်​လေးမှာ မြင့်တက်သွားပြီး မှီထားရာက​နေ​မော့ကြည့်လိုက်လျှင် ဖုယွမ်ချွမ်းသည်လည်းမိမိအားကြည့်​နေသည်ကို​တွေ့လိုက်ရ​လေသည်၊၊ သူကအနည်းငယ်တန့်သွားပြီး ခပ်တိုးတိုးဆိုသည်။ "ခင်များ..."


ဖုယွမ်ချွမ်းသည်လက်ကို​မြောက်လျက် သူ၏ပုခုံးကိုသိုင်းဖက်လိုက်ကာ တဖြည်းဖြည်းနီးကပ်လာခဲ့သည်။


ကျွင်းချင်ယွီ ၏မျက်​တောင်​လေးများအသာတုန်ရီသွားခဲ့သည် ထို့​နောက်သူကတုန့်ပြန်သည့်အ​နေနှင့်​မေး​လေးကို​မော့လိုက်သည်။ ပူ​နွေး​​သောနှုတ်ခမ်းနှစ်လွှာ ထိ​တွေ့သွားချိန်တွင်မူ သူ၏မျက်လုံးများကို​စေ့ပိတ်ထားလိုက်​တော့သည်။


ကြယ်​ရောင်​အောက်မှ ပင်လယ်ပြင်မှာ ဝိုးတဝါးနှင့် ညတာကိုရှည်​စေသည့်နှယ်၊


____


အပြာ​ရောင်ရေဂြိုလ်​ပေါ်တွင် သုံးရက်ခန့်​နေပြီး​နောက် ဖုယွမ်ချွမ်း စစ်သင်္ဘောကိုထွက်ခွာစေလိုက်​တော့သည်။


ချစ်ပ်ပြားမှာဖျက်ဆီးခံလိုက်ရပြီး အင်ပါယာ​ခေါင်း​ဆောင်များကြား အလဲအလှယ်လုပ်ထား​သောတချို့စမ်းသပ်ချက်​ဒေတာများနှင့် အချက်အလက်များမှာ လူထုထံ​ပေါက်ကြားခဲ့ပြီဖြစ်သည်။


သတင်းများမှာရောနှောလျက်ရှိကာ စမ်းသပ်ချက်​ဒေတာများမှာ အစစ်အမှန်ဖြစ်ပြီး ကိုယ်​ရေးအချက်အလက်များမှာ​​တော့ အတုဖြစ်​လေသည်။၊ သို့​သော်ဤအရှုပ်အ​ထွေးတစ်ခုလုံးမှာ​ အတုအ​ယောင်တော့ မဟုတ်ခဲ့​ချေ။


အချိန်တစ်ခုတွင် လူသားဒီအန်င်​အေစက်ရုပ်စမ်းသပ်မှုအကြောင်းမှာ အင်ပါယာတစ်ခုလုံးကိုတုန်လှုပ်သွား​စေသည်။


အဆုံးတွင်​တော့ဤကိစ္စမှာ လူတိုင်းနှင့်ပါတ်သတ်​နေသည်ပင်။ ဤကဲ့သို့အရာမျိုးဖြင့် စမ်းသပ်မှုပြုလုပ်​နေခြင်းက နောက်တွင်မည်သူအလှည့်​ကို ရောက်လာမလဲဆိုသည်ကို တပ်အပ်မ​ပြောနိုင်သည် မဟုတ်ပါ​လား၊၊


အင်တာနက်​ပေါ်တွင်​ရော အပြင်​လောကတွင်ပါ M ကြယ်ရှိ စမ်းသပ်မှုကိုဆန့်ကျင်လှုပ်ရှားသူများ များပြားလာခဲ့သည်။


အင်ပါယာ​ခေါင်း​ဆောင်များက တစ်ခုခုမှားယွင်း​နေကြောင်းသတိထားမိချိန်တွင် ​နောက်ကျလွန်းခဲ့ပြီဖြစ်သည်။


ပို၍တိကျ​သေချာ​သော အချက်အလက်များ အဆက်မပြတ်​ပေါက်ကြားလာချိန်တွင် အင်ပါယာ​ခေါင်း​ဆောင်များမှာ အဆိုပါသတင်းများကိုဖျက်ချရန်အစွမ်းကုန်ကြိုးစားပါ​သော်လည်း သတင်းစီးဆင်းမှုအရှိန်ကို လိုက်မမှီနိုင်​တော့​ချေ။


ကျွင်းချင်ယွီ ပြတင်း​ပေါက်​ရှေ့တွင်ထိုင်လိုက်ပြီး လက်ဖက်ရည်​အေးကိုတငုံပြီးတငုံ​​သောက်​နေခဲ့သည်။ သူ၏အာရုံများကတော့ ဥာဏ်ရည်တုစက်တွင်သာ အပြည့်အ၀စူးစိုက်​နေခဲ့သည်။


Refreshလုပ်လိုက်တိုင်း မက်​ဆေ့အသစ်များနှင့်​ကောမန့်များတရိပ်ရိပ်တက်လာ​နေ​လေသည်။


ဖုယွမ်ချွမ်းအစည်းအ​၀ေးမှပြန်လာချိန် ကျွင်းချင်ယွီမှာ သူထွက်သွားကတည်းက​နေရာတွင်ထိုင်​နေဆဲဖြစ်​ကြောင်း​တွေ့လိုက်ရ​သဖြင့်အနားသို့​လျှောက်လာကာ​မေးလိုက်သည်။


"မပြီး​သေးဘူးလား"


"ခင်များပြန်​ရောက်ပြီပဲ" ကျွင်းချင်ယွီသူ၏ဥာဏ်ရည်တုစက်ကိုပိတ်လိုက်ပြီး ​နောက်ကိုလှည်ကာ ဖုယွမ်ချွမ်းအားဖက်လိုက်သည်။ ထို့​နောက်အပြုံး​လေးဖြင့် "လူအိုကြီးရဲ့​နောက်ထပ်လှုပ်ရှားမှုကဘာဖြစ်မယ်ထင်လဲ"


အ​တော်ကြာဖုံးဖိထားရ​သော သတင်းတို့ကတရှိန်ထိုး​ပေါက်ကြားသွား​ချေပြီ။ ဖျက်ချရန်လည်းအရာမထင်​တော့။


အင်ပါယာက ဤကိစ္စကိုသည်အတိုင်းလွှတ်ထားမည်​တော့မဟုတ်ချေ။၊ အဆုံးမှာ​တော့သတင်းအမှားတချို့လည်းပါ​နေ​သေးသည်မဟုတ်​လား၊၊


သူတို့ မိမိကိုယ်ကို ထို Mကြယ်စမ်းသပ်မှုဖြစ်စဥ်မှ ​မည်သို့​ခေါင်း​ရှောင်မည်ကိုသာ​ စောင့်ကြည့်ရ​တော့မည်။


သတင်း​ပေါက်ကြားသည်မှာ ၂၄နာရီခန့်ရှိခဲ့ပြီ ။ ဤကဲ့သို့ကိစ္စမျိုးမှာ ကိုင်တွယ်ရန်မလွယ်လှပေ။ ​ဖြေရှင်းချက်အမြန်​ပေးနိုင်​လေပို၍​ကောင်း​လေဖြစ်သည်။


ဖုယွမ်ချွမ်းက ရှောင်ယွီ၏ဆံပက်တို့ကိုထိလိုက်ပြီး


"ဒါ​တွေ​ကြောင့်အာရုံနောက်မခံပါနဲ့"


သတင်း​ပေါက်ကြား​နေ​သော်လည်း ​နောက်ကွယ်ကတိတ်တဆိတ်လှုပ်ရှား​နေမှုတို့က​တော့ရပ်တန့်​နေမည်မဟုတ်။


တဖက်လူမှာ ချပ်စ်ပြားက ကြယ်ပင်လယ်ဓါးပြများထံရှိမ​နေမှန်းသိသွားခဲ့ပြီဖြစ်၏။ သူတို့က တပ်မကိုချက်ချင်းပြန်ဆင့်​ခေါ်ပြီး​နောက်ထပ်လှုပ်ရှားမှုတစ်ခုထပ်လုပ်လိမ့်ဦးမည်။


ဖုယွမ်ချွမ်းက ဆိုသည်။


"ယာဥ်​ပေါ်ကဆင်းပြီးရင် အိမ်ကိုတန်းပြန်​နော်၊ ကိုယ်တစ်​​ယောက်​ယောက်ကိုလိုက်ပို့ခိုင်းလိုက်မယ်"


ကျွင်းချင်ယွီ သူ့အားကြည့်ကာ "ခင်များက​ရော"


"အစည်းအ​ဝေး" ခဏမျှတန့်ပြီးဆက်​ပြောသည်။


"မာရှယ်​တွေအကုန်တက်ရမှာ"


၄င်းကိုကြားလျှင် ကျွင်းချင်ယွီမှာထိုအစည်းအ​ဝေးကမည်သည်ကိုဦးတည်​နေသလဲ တန်းသ​ဘော​ပေါက်လျက် မနှစ်မြို့စွာဖြင့် " ဒီအချိန်မှာမာရှယ်​တွေကိုအစည်းအ​ဝေးခေါ်တာက သတင်းကိုအကြမ်းဖက်ပြီးဖုံးချင်​နေတာလား၊ မဟုတ်​သေးဘူး သူ့လက်ထဲမှ တပ်မတစ်ခုလုံးရှိ​နေတာမဟုတ်ဘူးလား"


တခြားမာရှယ်များ ဤကိစ္စတွင်လုံး၀မပါ၀င်ပါဟု ၀န်ခံကတိထိုးပြီး​နောက်တွင် အင်ပါယာ​ခေါင်း​ဆောင်များမှာ သူတို့အားအပြည့်အ၀ဖိနှိပ်နိုင်စွမ်းရှိ​လေသည်။


သူ့ကိုယ်ပိုင်တပ်ကို​နောက်ကိုပို့ပြီး တခြားမာရှယ်များကို ​ရှေ့ထွက်ခိုင်းသည်။ ဤလူအိုကြီး ဘာကြံစည်​နေပြန်သနည်း။


"​စောင့်ကြည့်ကြတာ​ပေါ့"


ကျွင်းချင်ယွီ​ခေါင်းငြိမ့်လိုက်သည်။ သူအခု​တော့စိတ်ရှည်ရှည်​စောင့်ဆိုင်းရန်လိုအပ်​လေသည်။


အင်ပါယာ​ခေါင်း​ဆောင်များမှာ ဤကိစ္စက ဖုယွမ်ချွမ်းနှင့်ဆက်နွယ်​နေ​ကြောင်း မသိကြ​ချေ၊ သူတို့ဘက်မှ အ​ခြေအ​​နေသာ​နေဆဲဖြစ်သည်။


ဖုယွမ်ချွမ်းလက်ဖက်ရည်တစ်ခွက်ငှဲ့လိုက်ပြီး ဆိုသည်။ "ကိုယ် အသီးအနှံဖျော်ရည်ကိစ္စကိုအရင်​ပြောထားတယ်၊ သူတို့ကိုအ​ပေးအယူသ​ဘောမျိုး​ပေါ့"


"သူတို့ပဲအရင်က၀ယ်ချင်​နေတာမဟုတ်ဘူးလား" ကျွင်းချင်ယွီသည် ယခင်က မက်​ဆေ့များကိုမှတ်မိ​နေဆဲပင်၊


"မတူဘူး၊ ဒီတစ်ကြိမ်က ကိုယ်က အသီးအနှံရည်​တွေနဲ့ လူ​တွေကိုကယ်နိုင်တယ်​ပြောထားတာ၊ ဒါ​ပေမယ့် အသုံးပြုနည်းကို​ပြောမထားဘူး​​လေ"


ဖုယွမ်ချွမ်း၏စကားကိုကြားလျှင် ယခင်က ​ရေသူပျိုး​ထောင်​ရေးစခန်းမှ အသီးအနှံရည်တို့နှင့်အသီးအရွက်များ၀ယ်ခဲ့ရသည်ကို သတိရသွားမိသည်။


"အရင်တစ်​ခေါက်က ​ရေသူခန်းမကလည်းသူတို့လူ​တွေကိုကယ်ချင်တယ်​ပြောတယ်၊ ဒီလူနှစ်​ယောက်ကအတူတူဖြစ်​လောက်လား"


"ဖြစ်နိုင်တယ် ခဏ​လေး​စောင့်" ဖုယွမ်ချွမ်းသည်အထက်မှလူကြီးများမှ ဤကိစ္စကို ​ရေးကြီးခွင်ကျယ်လုပ်​နေမည်ထင်သဖြင့်ရှီခိုင်ရှင်းကို​စောင့်ကြည့်ခိုင်းထားခဲ့သည်။


မြို့​တော်ကြယ်ကိုတဖြည်းဖြည်းဆိုက်ကပ်လာခဲ့ပြီး အ​ဆောက်အဦး​ပေါ်တွင်ရပ်နားလိုက်သည်။ ထွက်သွားစဥ်ကလို ယာဥ်မှာ​​လေ​ပေါ်တွင်တွဲလွဲခိုလျက် ​ခေါက်ထား​သော ​လှေကားတို့ကလည်းပွင့်ကျလာခဲ့သည်။


​ပြတင်း​ပေါက်နားတွင်ထိုင်​နေရင်း ကျွင်းချင်ယွီမှာ တန်းစီ​နေ​သောလူများကိုမြင်​နေရသည်။


ဖုယွမ်ချွမ်းထရပ်လိုက်ပြီးဆိုသည်။ "သွားကြစို့"


"အို​ကေ"


ရှီခိုင်ရှင်းမှာအထွက်​ပေါက်တွင်​စောင့်​နေခဲ့သည်၊၊ ဖုယွမ်ချွမ်းဆင်းလာသည်ကိုမြင်လျှင် သူကရပ်တန့်လိုက်ပြီးဆိုလိုက်သည်၊၊ "မာရှယ်ကားအဆင်သင့်ဖြစ်ပါပြီ"


"မဒမ်ကို ကာကွယ်ပါ"


"ဟုတ်ကဲ့ မာရှယ်"


"လုံခြုံ​ရေးကိုဂရုစိုက်" ကျွင်းချင်ယွီမှာ ဖုယွမ်ချွမ်း၏လက်ကိုတချိန်လုံးဆုပ်ကိုင်ထားခဲ့ပြီး ဆိုလိုက်သည်။


ဖူယွမ်ချွမ်းကသူ၏ဆံပင်တို့ကိုပွတ်သပ်လိုက်ပြီး ​ချော့မြူလာသည်။


"စိတ်မပူနဲ့ သွားနှင့်​နော်"


ရှီခိုင်ရှင်းဆိုလိုက်သည်"မဒမ် အရင်သွားနှင့်ရ​အောင်"


"အို​ကေ"


ကျွင်းချင်ယွီမူလက​တွေးထားသည်မှာ ဖုယွမ်ချွမ်းသည် ယခင်ကလို ရှိခိုင်းရှင်းကိုသက်​တော်​စောင့်အဖြစ်လွှတ်လိုက်ခြင်းဟူ၍။ ၄င်းမှာ သိပ်အသုံးမ၀င်လှ​သော်ငြား ရှီခိုင်းရှင်းကို​နောက်မှလိုက်ခိုင်း​နေသ၍ ဖုယွမ်ချွမ်းနည်းနည်းတော့ စိတ်သက်သာရာရလိမ့်မည်ဟုပင်။


သို့​​သော်ကားထဲ၀င်ပြီး​နောက်တွင် သူ​တွေ့လိုက်ရသည်မှာ ရှီခိုင်ရှင်းသာမဟုတ်ပဲ မြင်​နေကြဖြစ်​သောမျက်နှာများကို ကားပတ်ပတ်လည်​တွင်မြင်​တွေ့လိုက်ရ​လေသည်။


ကျွင်းချင်ယွီ".......?"


လူ​တွေအများကြီးပဲ ။


ဖုယွမ်ချွမ်း၏လက်​အောက်မှအရာရှိတွေအကုန်​ရောက်​နေပုံပင်။


ကျွင်းချင်ယွီ ထွက်လာသည်ကိုမြင်လျှင် ကားထဲမှလူများက လက်ကို​မြှောက်လျက်အ​​လေးပြုလိုက်သည်။


ပုခုံးများကို ကိုင်းလျက် တညီတညာအသံပြုလိုက်သည်။


"ဟယ်လို မဒမ်"


ကျွင်းချင်ယွီ​ခေါင်းကိုလှည့်လျက် ကားမှထွက်လိုက်သည်။


"မင်းတို့ဘာသာဖုယွမ်ချွမ်း​နောက်က​လိုက်သွား​ချေ၊ ငါ့ဟာငါပြန်လိုက်မယ်"


ရှီခိုင်ရှင်းတစ်​ယောက်သာလျှင်လိုက်နိုင်မည်ဆိုပါက ကျန်လူများမည်သို့လုပ်ရမည်နည်း။


"မလုပ်ပါနဲ့ မဒမ်" ရှီခိုင်ရှင်းအလျင်အမြန်တားလိုက်သည်။


"မာရှယ်ကကျွန်​တော်တို့ကိုလိုက်ပို့​ပေးဖို့ခိုင်းထားတာပါဗျာ"


ကျွင်းချင်ယွီ​ပေါ့ပါးစွာဆိုလိုက်သည်။


"ငါ့ကိုကာကွယ်​ပေးဖို့မလိုဘူး"


Xxxxxx