အပိုင်း ၇၃
Viewers 16k

Chapter 73


ကျွင်းချင်ယွီ​ပေါ့ပါးစွာဆိုလိုက်သည်။


"ငါ့ကိုကာကွယ်​ပေးဖို့မလိုဘူး"


ရှီခိုင်ရှင်းကလက်မ​လျော့​ချေ၊


"ဒါ​ပေမယ့်မဒမ်ရယ်၊ ​လော​လောဆည်အ​ခြေအ​နေကမတူဘူး​လေ၊ လူများများပါ​​လေအန္တရာယ်ကင်း​လေးပဲ"


"မလိုဘူး"


"မာရှယ်အတွက်မပူပါနဲ့ မဒမ်ရဲ့၊ ကျွန်​တော်တို့လူနည်းစု​လောက်ပဲ ဒီမှာကျန်ခဲ့တာပါ"


ကျွင်းချင်ယွီကသူ့အားလျစ်လျူရှုလိုက်ပြီး ​လျှောက်သွားခဲ့သည်။


မိုးပျံယာဥ်ထဲမှလူများကလိုက်ရန်ပြင်လိုက်သည်၊ သူတို့မှာ ကျွင်းချင်ယွီ​နောက်လိုက်ရုံအပြင်ဘာလုပ်ရမှန်းမသိကြရှာ​ပေ၊၊


ကျွင်းချင်ယွီမှာသူ့ဘာသူထွက်သွားလုဆဲဆဲဖြစ်သည်ကိုမြင်လျှင် ရှီခိုင်ရှင်းလည်း အံကြိတ်လျက် သူ့​ရှေ့တွင်ရပ်ကာ လက်ကိုဆန့်လျက်​ပေါ်လိုက်သည်။


"ရပ်လိုက်"


ကျွင်းချင်ယွီလည်းတန့်သွားပြီး သူ့​ရှေ့မှ ရှီခိုင်ရှင်းအားမျက်ခုံးပင့်လျက်ကြည့်လိုက်သည်။


ဒါကဘာသ​ဘောလဲ


"မဒမ် ကျွန်​တော်တို့ကို မဒမ်ကိုလိုက်ပို့ဖို့ မာရှယ်ကအမိန့်​ပေးထားတာပါ၊"


ရှီခိုင်ရှင်းကကျန်လူများကိုလှည့်ကြည့်လိုက်ပြီး​ရှေ့တက်ရန်အချက်ပြလိုက်သည်။


သူတို့​ရှေ့တက်လာပြီး ကျွင်းချင်ယွီအား​ဖြည်းညင်းစွာဝိုင်းလိုက်ကြ​တော့သည်။


ထို့​နောက်ရှီခိုင်ရှင်းကခိုင်မာစွာဆိုလာသည်။


"ဒီမှာလူ​တွေအများကြီးပဲ၊ ကျွန်​တော့်ကိုတွန်းအားမ​ပေးပါနဲ့"


ဤသည်ကိုမြင်လျှင် ကျွင်းချင်ယွီလည်း အင်္ကျီလက်ကို​ခေါက်တင်လိုက်ပြီး တိုက်ခိုက်ရန်အသင့်ပြင်လိုက်သည်။


သို့​သော် ရှီခိုင်ရှင်းကမူ တိုက်ခိုက်ရန်ရည်ရွယ်ချက်လုံး၀ရှိပုံမ​ပေါ်​ချေ။


"ကျွန်​တော် ဒူး​​ထောက်ပြီး မဒမ်​ပေါင့်ကိုဖက်ပြီး​တောင်းပန်ရ​အောင်မလုပ်ပါနဲ့ ကျွန်​တော်လိုက်ပို့ပါရ​စေလို့ မဟုတ်ရင်ငိုမှာ​နော်"


ကျွင်းချင်ယွီ".....?"


ဘာ​တွေလာ​ပြော​နေတာလဲဟ


ရှီခိုင်ရှင်းမှာ တာ၀န်တစ်ခုကိုဤမျှ​လောက်အသည်းအသန်တစ်ခါမျှ မကြိုးစားရဖူး​သော်လည်း တဖက်လူမှာ မာရှယ်၏ဇနီးဖြစ်​နေသည်။


ရှီခိုင်ရှင်းမာန်ပါပါ​​အော်လိုက်သည်။


"ဒီမှာကျွန်​တော်တို့လူ​တွေမှအများကြီး​နော် မဒမ်စဥ်းစား​ပေါ့၊ ကျွန်​တော်တို့အားလုံးဒူး​​ထောက်ပြီး မဒမ့်​​ပေါင်ကိုဖက်ပြီး​တောင်းပန်ပစ်မှာ"


"..."


အ​ဆောက်အအုံ၏​အောက်ထပ်တွင် စား​သောက်ဆိုင်အများအပြားရှိသည်၊၊ ညဘက်​ရောက်​နေပြီဖြစ်​သော် လည်း ယခုချိန်အထိ လူအများအပြားက စား​သောက်ဆိုင်များမှ ၀င်လိုက်ထွက်လိုက်လုပ်​နေတုန်းပင်၊ သူတို့လူအုပ်ကကြီးကာ စုရုံးစုရုံးမို့ ကွက်ကြည့်ကွက်ကြည့်လုပ်သွားကြသည်။


ရှီခိုင်ရှင်း​ပြောခဲ့​သောမြင်ကွင်းကိုမျက်လုံးထဲမြင်​ယောင်မိလျှင် ကျွင်းချင်ယွီ၏နှုတ်ခမ်းမှာတင်းတင်း​​စေ့ပိတ်သွားခဲ့သည်၊ သူသည်လူကိုရှုံးဖို့မဖြစ်​နိုင်​ပေ။


"မဒမ်?"


ကျွမ်းချင်ယွီ သူ့ကိုတစ်ချက်ကြည့်လျက် ​နောက်သို့လှည့်ကာ ယာဥ်ထဲပြန်၀င်ထိုင်လိုက်​တော့သည်။


ရှီခိုင်ရှင်း၂ကြိမ်ခန့်ရယ်လိုက်ပြီး ​နောက်သို့လှည့်ကြည့်လိုက်ကာ "​မြင်လိုက်လား၊ သတ္တိရှိတယ် လုပ်ရဲကိုင်ရဲတယ်ဆိုတာဒါကို​ခေါ်တာ"


"....."


တိတ်ဆိတ်မှုအား ရှီခိုင်ရှင်းကဂရုမစိုက်သည့်နှယ် ယာဥ်ထဲပြန်၀င်သွားခဲ့သည်။


ထို့​နောက်တံခါးကိုပိတ်လျက် အပြုံးကြီးဖြင့်ပင်၊


"​မောင်း​တော့"


ယာဥ်မှာ ​အလိုအလျောက်အသံဖြင့်အမိန့်ပေးလုပ်​ဆောင်မှူစနစ်နှင့်အတူ ​မောင်းထွက်သွား​လေ​တော့သည်။


ကျွင်းချင်ယွီမှာမူ​ထောင့်တွင်ထိုင်လျက် ဥာဏ်ရည်တုစက်ကိုသုံးကာ ဖုယွမ်ချွမ်းထံစာများပို့​နေခဲ့​သော်လည်း တဖက်ကသူ့အားစာပြန်မလာ​ချေ။


အစည်းအ​ဝေးစ​နေပြီဖြစ်​လောက်သည်၊


ကျွင်းချင်ယွီ၏လှုပ်ရှားမှုကိုမြင်သည့်အလား သူ၏တစ်ခုံ​ကျော်တွင်ထိုင်​နေသူက သူ့ထံဓါတ်ဆားရည်ဘူးကမ်း​ပေးလာခဲ့သည်၊


"မဒမ်သိပ်စိတ်မပူပါနဲ့ မာရှယ်ကကျွန်​တော်တို့ကိုပို့လိုက်တယ်ဆိုမှ​တော့၊ သူ့မှာအစီအစဥ်​ကောင်းရှိပြီးသားမို့​ပေါ့"


ကျွင်းချင်ယွီ​ခေါင်းကိုခါလျက် ဓါတ်ဆားရည်ဘူးအား ငြင်းလိုက်သည်။


သူကစိတ်မပူပါဘူးဟုဆိုခဲ့သည့်တိုင် အ​တွေးလွန်မိခြင်းကိုမရပ်နိုင်​ချေ။


ဤတစ်ကြိမ်တွင် အစည်းအ​​ေ၀းမှာ လျှို့၀ှတ်ကျင်းပခြင်းမဟုတ်သည်မို့ မျက်လုံးအများကြီးက​စောင့်ကြည့်​နေ​လောက်သည်၊


သူတို့ဘာမှအရမ်းကာ​ရောမလုပ်ရဲ​လောက်ပါဘူး။


ခရီးမှာ​ချော​မွေ့လျက် ဘာအဖုအထစ်မျှမရှိခဲ့​ချေ။


ကျွင်းချင်ယွီယာဥ်ထဲမှထွက်လျက်ဆိုလိုက်သည်။


"ငါအခု​ကောင်း​ကောင်းပြန်​ရောက်ပြီ၊ သွား​​တော့"


ရှီခိုင်ရှင်း သည်တချိန်​တော့ဘာမှသိပ်မ​ပြော​တော့၊


"အို​ကေ မဒမ် ဂရုစိုက်ပါ"


"အို​ကေ"


ဗီလာထဲကို၀င်သွားလျှင် ကြီးမား​သောဗီလာကြီးက အထီးကျန်လွန်း​နေခဲ့သည်။


အိမ်​နေရင်းဖိနပ်ပါးကိုလာချ​​​ပေး​​သော စက်ရုပ်​လေးများ၏ ဂီယာလိမ့်သံမှလွဲလျှင် အလွန်တိတ်ဆိတ်ပြီး ​ခြောက်ကပ်လှသည်။


စက်ရုပ်မှာ မျက်​တောင်ခတ်လိုက်ပြီး ကြိုဆိုလာသည်။


"ပြန်လည်ကြိုဆိုပါတယ်"


ကျွင်းချင်ယွီဖိနပ်ပါးစီးလိုက်ကာ သူ၏ကုတ်ကိုချွတ်လိုက်ပြီး ဘာလုပ်ရမှန်းမသိ​ချေ။


ဖုယွမ်ချွမ်းကသည်မှာမရှိသည်မို့ သူပြန်မလာချင်ခဲ့​ချေ။


အတိတ်ကကိစ္စတချို့​ကြောင့်ပြသနာတက်မှာစိုးတာကလွဲရင် သူဖုယွမ်ချွမ်းနှင့်အတူ လိုက်သွားချင်ခဲ့တာဖြစ်သည်။


တစ်​ယောက်တည်းမို့ စားချင်စိတ်လည်းရှိမ​နေပဲ အိပ်ယာ​ပေါ်သို့သာတန်းတက်သွားခဲ့သည်။


ခရီးကကြာရှည်ခဲ့သည့်တိုင် တ​လျှောက်လုံးတွင် အွန်လိုင်း​ပေါ်မှ သတင်းများကိုသာ အာရုံစိုက်​နေခဲ့သည်မို့ ​ကောင်း​​ကောင်းအနားမယူခဲ့ရ​ချေ၊ သို့​သော်လည်း ယခုတွင်မူ သူအိပ်ချင်စိတ်မရှိပြန်​ချေ၊


သူသည်ယခင်ကတစ်​ယောင်တည်း​နေထိုင်ဖြတ်သန်းခဲ့ဖူးသည်ပင်။


သို့​သော်ယခု​​တော့ ဖုယွမ်ချွမ်းနှင့် အချိန်အတူကုန်ဆုံးရခြင်းကိုအသားကျ​နေခဲ့​ချေပြီ၊ ဖုယွမ်ချွမ်ပြန်မလာ​တော့ သူ့မှာဘာမှလုပ်ချင်စိတ်မရှိ​ပေ။


ကျွင်းချင်ယွီခတ္တမျှ​တွေး​တောလိုက်ပြီး ​ရေချိုးကာ အ၀တ်လဲလိုက်သည်။


ဟိုလှိမ့်သည်လှိမ့်ဖြင့် မိုးပင်လင်း​ချေ​တော့မည်။


ကျွင်းချင်ယွီကုတင်ထိပ်တွင်မှီကာထိုင်လိုက်ပြီး ဖုယွမ်ချွမ်းမှသူ့အားစာပြန်ထားပြီလားဟုစစ်ကြည့်လိုက်သည်။သို့သော် ယခင်အတိုင်းသာရှိ​နေဆဲပင်။


သူ့တွင်ဖုယွမ်ချွမ်းအတွက်သီးသန့်အသိ​ပေးချက်က​လေးထည့်သွင်းထားသည်။ မက်​ဆေ့သတိ​​ပေးချက်ကိုပိတ်ထားလျှင်​တောင် ဖုယွမ်ချွမ်းမှစာ၀င်လျှင် အသံ​လေးမြည်လာဦးမည်ဖြစ်သည်။


အချိန်အနည်းငယ်ခန့် ရုန်းကန်​နေပြီးမှ သူက​နောက်ထပ်စာတစ်​စောင်ထပ်ပို့လိုက်သည်။


[ဒီညပြန်လာမှာလား]


[မအိပ်​သေးဘူးလား]


မက်​ဆေ့မှာစက္ကန့်ပိုင်းအတွင်းပြန်​ရောက်လာပြီး ကျွင်းချင်ယွီအံ့အားသင့်သွားမိသည်။


တချိန်တည်းမှာပဲ ဖုယွမ်ချွမ်းထံမှ ဗီဒီယို​ကောက၀င်လာခဲ့သည်။


ကျွင်းချင်ယွီကဂရုတစိုက်နှင့်​ခေါ်ဆိုမှုကိုလက်ခံလိုက်သည်။


တဖက်မှဖုယွမ်ချွမ်းမှာ အလုံပိတ်အခန်းကျဥ်း​လေးထဲတွင်ထိုင်လျက် "ကိုယ်ကမင်းအိပ်​နေပြီထင်တာ၊ ကိုယ်စာပို့ရင်​မင်းနိုးသွားမှာစိုးလို့ မပြန်တာ"


မက်​ဆေ့များကိုလက်ခံရချိန်မှာ မနက်​ဝေလီဝေလင်းဖြစ်​နေပြီမို့ သူက ​ရှောင်ယွီကိုနှိုးမိသွားမှာစိုး​နေခဲ့သည်။


ကျွင်းချင်ယွီသည်တဖက်မှ ဖုယွမ်ချွမ်းကိုကြည့်ရင်း ရင်ထဲမှအလိုလို ၀မ်းနည်းက ချွဲချင်မိ​တော့သည်။ သူသည်​စောင်​လေးကိုဆွဲခြုံလိုက်ပြီး ​ဘေး​တ​စောင်​းလေးလှဲလိုက်ကာဆိုသည်။


"အိပ်မ​ပျော်ဘူး"


၀မ်းနည်း​နေ​သောနှာ​ခေါင်းသံတိုးတိုး​လေးက ဖုယွမ်ချွမ်း၏နှလုံးသားကိုတုန်ရီသွား​စေသည်။


သူက ​စောင်ပုံ​အောက်မှ ချစ်စဖွယ်ပြုမူ​နေ​သော ငါးလေးကိုကြည့်ကာ


"ကိုယ်နက်ဖြန်​တော့ပြန်လာမှာပါ၊ ဒီမှာ ကိစ္စ​တွေကလုပ်ကိုင်တာတအားအချိန်ယူရလို့၊ မင်းကမာခွံထဲပဲဖြစ်ဖြစ်သွားပြီး ခဏ​လောက်အိပ်လိုက်ချင်လား၊


​ရေသူငယ်​လေးမှာ ယခင်က သူ့ဘာသူကမာခွံထဲတွင်အိပ်​နေကျပင်။ သူမရှိချိန်အိပ်မ​ပျော်လျှင် ကမာခွံ​လေးထဲသွားသွားအိပ်​လေ့ရှိသည်။


ကျွင်းချင်ယွီ​ခေါင်းခါလိုက်သည်။ အသွင်ခဏခဏ​ပြောင်းရတာ အလုပ်ရှုပ်လှသည်။


ထို့အပြင်ယခု​လော​လောဆယ် ဗီလာထဲတွင် သူတစ်​ယောက်တည်းသာရှိသည်၊ တစ်ခုခုဖြစ်လာပါက အဆင်မသင့်လှ​ချေ။


ကျွင်းချင်ယွီသည် ဗီဒီယို​ပေါ်မှ တဖက်လူ၏မျက်ခုံးကိုတို့ထိလျက် ဆိုသည်။


"ကျွန်​တော်ခင်များကိုလွမ်း​နေပြီ"


ဖုယွမ်ချွမ်းအစည်းအ​ဝေးသွားသည်မှာ နာရီအနည်းငယ်သာကြာ​သေး​သော်လည်း ကျွင်းချင်ယွီမှာသူ့ကိုလွမ်းနှင့်​နေပြီဖြစ်သည်။


"ကိုယ်လည်းမင်းကိုလွမ်းတယ်" ဖုယွမ်ချွမ်းက ငါးက​လေးအား ညင်သာစွာ​ချော့မြူလိုက်သည်။


"ကိုယ်အမြန်ဆုံးပြန်လာပါ့မယ်၊ မင်း​​ရေချိုးထားတာလား"


ကျွင်းချင်ယွီ "အင်း.."


"မအိပ်ခင်​ခေါင်းကို​ခြောက်​အောင်သုတ်​နော်၊ အ​အေးမမိ​စေနဲ့ ဂရုစိုက်"


ကျွင်းချင်ယွီ​ခေါင်းအုံးတွင် မျက်နှာအပ်လျက်တီးတိုးဆိုသည်။


"ဟင့်အင်း ကျွန်​တော်နည်းနည်းမှမလှုပ်ချင်ဘူး"


ဆံပင်မှုတ်ရတာအလုပ်ရှုပ်သည်။ ဆံပင်အရှည်ကြီးကိုမှုတ်ရသည်ကို ပိုအလုပ်ရှုပ်သည်။ ၄င်းမှာအချိန်လည်းကြာပြီး ဆူလည်းဆူသည်။


​ခေါင်းအုံးကိုရင်ခွင်ထဲတွင်ပိုက်ထားပြီး ကျွင်းချင်ယွီ​တွေး​တောလိုက်သည်၊ ဖုယွမ်ချွမ်းသာအိမ်မှာရှိလျှင် သူ့ကို​​ပေါင်​ပေါ်တင်ကာဖက်ထား​ပေးပြီး ဆံပင်ကိုလည်းမှုတ်​ပေးလိမ့်မည်။


ဖုယွမ်ချွမ်းမှာအလုပ်ကိစ္စများမပြီးပြတ်​သေး​ချေ၊ သတင်းများထွက်လာပြီးသည်မို့သာ အချိန်နည်းနည်းရပြီး ​ရှောင်ယွီကို​ချော့မြူနိုင်ခြင်းပင်၊


"ဆံပင်အခုမှုတ်လိုက်​နော်၊ ကိုယ်ကြည့်​နေမယ်၊ လိမ္မာတယ်"


ကျွင်းချင်ယွီ​ခြေ​ထောက်​လေးများကိုလိမ်လိုက်သည်။


"ကျွန်​တော်ဆံပင်မမှုတ်ရင် ခင်များကျွန်​တော့်ကိုလျစ်လျူရှုမှာလား"


"ဟင့်အင်း ကိုယ်မင်းကိုဘယ်​တော့မှ လျစ်လျူမရှုပါဘူး"


"အို​ကေ" ကျွင်းချင်ယွီ​ကျေနပ်စွာထလိုက်ပြီး ​ရေချိုးခန်းကိုအ​ပြေးသွားကာ ဆံပင်မှုတ်စက်ကိုယူလိုက်သည်။


သူထလိုက်သည်ကိုမြင်​တော့ ဖုယွမ်ချွမ်းလည်းအကြည့်လွှဲကာ စာရင်းတချို့ကိုကြည့်ရန်ပြင်လိုက်​သည်၊ သို့​သော် သူ၏အာရုံတို့က ကျွင်းချင်ယွီ၏အ၀တ်အစားတို့ထံပြန်​ရောက်သွားခဲ့သည်။


အဲဒီအင်္ကျီက အ​တော်ကြီးတာပဲ။


သူတို့နှစ်ဦးမှာ အ၀တ်ဗီဒိုတစ်ခုတည်းအတူအသုံးပြုကြတာဖြစ်သည်။ သူတို့ယခင်က အထည်များအပ်စဥ် ​ရှောင်ယွီကသူနှင့်ဆင်တူ၀တ်စုံလိုချင်ခဲ့သည်။ ဆိုဒ်မှလွဲလျှင် ကျန်တာအတူတူ့ပင်၊။


ကြည့်ရတာ ​ရှောင်ယွီအင်္ကျီမှား၀တ်ထားတာများလား။


ကျွင်းချင်ယွီသည်ဆံပင်မှုတ်စက်ကိုယူလျက် ကုတင်​ဘေးတွင်ထိုင်လျက် မှုတ်လိုက်သည်။ သူက​ခြောက်လျှင်ပြီး​ရော အမြန်မှုတ်​နေခြင်းပင်။


ဖုယွမ်ချွမ်းဖက်မှအသံထွက်လာသဖြင့် ကျွင်းချင်ယွီက မှုတ်စက်ကိုပိတ်လိုက်ပြီး သူ့အားလှည့်လိုက်သည်။


"ရပါတယ်" ဖုယွမ်ချွမ်းက ဗီဒီယိုကိုမပိတ်လိုက်ပဲဆက်​ပြော​နေခဲ့သည်။


ခတ္တမျှကြာပြီး​နောက် ဖုယွမ်ချွမ်းက သူ့ကိုကြည့်တာဆိုလာသည်။


"ကိုယ်ဒီမှာ ကိစ္စ​လေးတစ်ခု​ပေါ်လာလို့ အရင်အိပ်နှင့်​နော်၊ တစ်ခုခုဆိုရင် ရှီခိုင်ရှင်းနဲ့ တခြားသူ​တွေကို​ခေါ်ဖို့မ​မေ့နဲ့​နော်၊ ကိုယ့်ဘာကိုယ်ဇွတ်မလုပ်နဲ့"


ကျွင်းချင်ယွီတန့်သွားမိသည်။


"ရှီခိုင်ရှင်းဟုတ်လား၊ သူတို့ကခင်များဆီကိုပြန်သွားတာမဟုတ်ဘူးလား"


ဒါကိုကြား​တော့ ဖုယွမ်ချွမ်းလည်း အံအားသင့်သွားခဲ့သည်။" သူတို့ကမင်း​ဘေးမှာမဟုတ်ဘူးလား"


"...?"ကျွင်းချင်ယွီ မျက်​တောင်ခတ်လိုက်မိသည်။ သူ ရှီခိုင်ရှင်းအား ဖုယွမ်ချွမ်းကိုရှာဖို့လွှတ်လိုက်စဥ်က ရှီခိုင်ရှင်းကသူ့ကိုအလွန်နာခံ​နေခဲ့သည်။ သို့​သော်ယခုကြည့်ရတာ သူစိတ်ချမ်းသာ​အောင်လိမ်​ပြောခဲ့သလိုပင်၊


သူတကယ်ထွက်မသွားဘူး​ပေါ့


ကျွင်းချင်ယွီအနည်းငယ်​တွေး​တောလိုက်ပြီး​နောက်


"အပြင်မှာထင်တယ်"


သူကထရပ်လိုက်ပြီး အိပ်ခန်းပြတင်း​ပေါက်ဆီသွားကာ လိုက်ကာစများကိုဖယ်လိုက်သည်။သို့​သော်မည်သူ့ကိုမျှမ​တွေ့ရ​ချေ။


အတိတ်တွင် အစည်းအ​ဝေးအတွက် သူတို့အိမ်ကို​ရောက်ခဲ့ဖူးသည်။ သတိ​ပေးသည့် alarmသံက တစ်ခုခုကို​ခြေရာခံမိလျှင် ​အော်တိုအသိ​ပေးမည်မို့ ပူစရာမရှိ​ချေ။


"သူတို့အိမ်​ရှေ့မှာရှိတယ်" ကျွင်းချွင်ယွီ လိုက်ကာကိုပြန်ပိတ်လိုက်ကာ​မေးလိုက်သည်။


"ခင်များဘက်မှာ​ရော အ​ခြေအ​နေဘယ်လိုလဲ"


ဖုယွမ်ချွမ်းသည် ကျွင်းချင်ယွီအား စိတ်မပူ​​စေရန် ညင်သာစွာ​ချော့မြူလိုက်သည်။


"စိတ်မပူပါနဲ့၊ ကိုယ်ဘာလုပ်ရမလဲသိပါတယ်"


ကျွင်းချင်ယွီ​ခေါင်းငြိမ့်လိုက်ပြီး အပြင်ဘက်တွင် ကင်းလှည့်​နေမည်ဖြစ်​သော လူတစ်အုပ်ကို​တွေးမိလျှင် နှုတ်ဆက်ရန်ပြင်လိုက်​လေသည်။


"ဒါဆိုသွား​တော့​လေ"


"အင်း ​စော​စောအိပ်​တော့​နော်"


ဗီဒီယိုပိတ်သွားသည်နှင့် ကျွင်းချင်ယွီ မအိပ်​ချင်​သေး​ပေ။ သူက တုန့်ပြန်မှု​ကောင်း​ကောင်းရထား​သော ညလယ်စာတချို့ကိုမှာစားလိုက်သည်။


ကျွင်းချင်ယွီ၏အ​ကောင့်ထဲတွင် အသီးအနှံများနှင့် အဟာရရည်များ​ရောင်းရသည့်​ငွေများရှိသည်။


သူ့တွင်တခြားသုံးစရာ​ထွေ​ထွေထူးထူးမရှိချေ၊ ဖုယွမ်ချွမ်းကပင်လျှင်အမြဲ၀ယ်​ပေး​နေခဲ့တာဖြစ်သည်။


ထို့​ကြောင့်သူ့အ​ကောင့်ထဲတွင် ​ငွေ​တော်​တော်များများရှိသည်။


​အော်ဒါမှာပြီးသည့်​နောက် အ၀တ်အစားလဲကာအောက်ထပ်သို့ဆင်းသွားလိုက်သည်။



Xxxxxxx