အပိုင်း ၇၄
Viewers 18k

Chapter 74


​အောက်ထပ်တွင် ​ခြေရာခံ​လေဆာများအနှံ့တပ်ဆင်ထား၏။ လူမရှိလျှင်အလိုလိုပိတ်သွားမည်ဖြစ်ကာ ​အောက်ထပ်လို့ ​ခြေတလှမ်းချလိုက်သည်နှင့် အလိုလိုလင်းလာလိမ့်မည်။


အလင်း​​ရောင်ကအလွန်စူးရှမ​နေပဲ၊ ညင်သာကာဖျော့​တော့​တော့ပင်၊


ကျွင်းချင်ယွီသည် မီးဖိုခန်းထဲ၀င်လျက် အသီးများနှင့် ​စိတ်စွမ်းအင်တချို့ကိုသုံးပြီးအချိုပွဲတချို့လုပ်လိုက်သည်၊

အော်ဒါ​ရောက်လာသည့်အခါ ကျွင်းချင်ယွီသည် ရှီခိုင်ရှင်းက၄င်းကိုယူလာမည် ထင်ခဲ့​သော်လည်း၊ စက်ရုပ်ကသာတံခါးကို​ခေါက်လျက် ​အော်ဒါမှာလည်း ၄င်း၏ခြင်းထဲတွင်သယ်ထား​လေသည်။


ကျွင်းချင်ယွီလည်းသက်ပြင်းချလိုက်ပြီး ရှီခိုင်ရှင်းထံစာပို့လိုက်ရသည်။


[၀င်ခဲ့...]


ခဏ္ဏမျှတန့်​နေပြီး​နောက်သူကထပ်​ပေါင်းဆိုလိုက်သည်။


[အကုန်လုံး]


ရှီခိုင်ရှင်း:[ဘယ်ကို၀င်လာရမှာလဲ ခင်မျ၊ ကျွန်​တော်တို့အခု စစ်ဌာနချုပ်မှာပါ၊ မဒမ်လိုတာတစ်ခုခုရှိလို့လား]


ကျွင်းချင်ယွီ:[​လျှောက်​ပြောမ​နေနဲ့၊ ငါမင်းတို့ကိုအကုန်မြင်တယ်၊ အခုချက်ချင်းသာ၀င်လာခဲ့စမ်းပါ]


ရှီခိုင်ရှင်း: "..."


ဥာဏ်ရည်တုစက်ကိုပိတ်လိုက်ပြီး ရှီခိုင်ရှင်းမှာနားမလည်နိုင်​သေး​ချေ၊ ကျွင်းချင်ယွီမှာ မိမိတို့ကို မည်သို့ရှာ​ဖွေ​တွေ့ရှိသွားသည်လဲ။


သူတို့ကိုမိသွားမှာစိုး၍ တိတ်တိတ်​လေးသတိထား​နေခဲ့ကြသည်ပင်၊ သို့​သော်တဖက်လူက မိသွား​ချေပြီ။


သို့နှင့်ရှီခိုင်ရှင်းလည်းအားလုံးကိုစု​ခေါ်လိုက်ရုံသာတတ်နိုင်​လေသည်။


ကျွင်းချင်ယွီသည် ​အော်ဒါကိုဖွင့်လိုက်ပြီး စားပွဲ​ပေါ်တွင်တင်လိုက်သည်။ အမျိုးစုံ​သောညလယ်စာတို့က စားပွဲ​ပေါ်တွင်ပြည့်နှက်လျက် သူကိုယ်တိုင်ပြင်ဆင်ထား​သော အချိုပွဲတချို့နှင့်​ပေါင်းလျှင်လွန်စွာအရသာရှိပုံ​ပေါ်လှသည်။


တံခါးဘဲလ်မြည်လာသည်နှင့် ကျွင်းချင်ယွီစက်ရုပ်ကိုလွှတ်၍ဖွင့်​စေလိုက်သည်။


ရှီခိုင်ရှင်းသည်တံခါး၀တွင်အပြစ်ရှိပုံဖြင့်ရပ်​နေခဲ့သည်။ ကျွင်းချင်ယွီ​လျှောက်လာသည်ကိုမြင်လျှင် သူကလျင်မြန်စွာအပြုံးကြီးကြီးပြုံးလိုက်သည်။


"ကျွန်​တော်တို့အခု​လေးတင် အပြင်မှာကင်းလှည့်​နေတာ၊ မဒမ်လိုတာတစ်ခုခုရှိလို့လားဗျ"


ဗိုလ်မှူးအဆင့်​တွေက အပြင်မှာကင်းလှည့်​နေရတယ်​ပေါ့​လေ၊


ကျွင်းချင်ယွီဘာမှသိပ်မ​ပြောပဲ ​နောက်သို့လှည့်ကာအခန်းထဲ၀င်သွားခဲ့သည်။


"၀င်ခဲ့ကြ"


အခန်းထဲသို့၀င်လိုက်သည်နှင့် ရှီခိုင်ရှင်း၏အာရုံမှာ စားပွဲအပြည့်စားစရာများထံချက်ချက်​ရောက်ရှိသွားခဲ့သည်။ ၄င်းတို့မှာကျွင်းချင်ယွီတစ်ဦးတည်းစားနိုင်​သော ပမာဏမျိုးမဟုတ်​ချေ။


ကျွင်းချင်ယွီ​ပေါ့ပါးစွာဆိုလိုက်သည်။


"စားပြီးရင်ပြန်ရှင်းခဲ့ဖို့မ​မေ့နဲ့ ။ အ​ပေါ်ထပ်မှာအခန်းလွတ်​တွေရှိတယ်၊ ပင်ပန်းရင် အခန်းရှာပြီး၀င်နားလိုက်၊ ဒါ​ကြောင့်အပြင်မှာ ကင်းလှည့်​နေစရာမလိုဘူး"


ကျွင်းချင်ယွီအ​ပေါ်သို့ပြန်တက်သွား​တော့မည်ကိုမြင်လျှင် ရှီခိုင်ရှင်းလျင်မြန်စွာ​​​မေးလိုက်သည်။


"မဒမ်​ရောတစ်ခုခုမစား​တော့ဘူးလား"


ကျွင်းချင်ယွီ​ခေါင်းကိုခါလိုက်သည်၊


"ငါဗိုက်မဆာဘူး မင်းတို့ဘာသာစားကြ"


ဓါတ်​လှေကားပိတ်သွားပြီးမှ ကျွင်းချင်ယွီ မျက်နှာဖုံးအားချွတ်လိုက်သည်။


ရှီခိုင်ရှင်းမှာ ​ရေသူလေးကိုမြင်ဖူးပြီး သူ့​ရှေ့တွင်လည်း​ပေါ်လာဖူးသည်၊ထို့​ကြောင့် ကျွင်းချင်ယွီမှာ မျက်နှာဖုံး၀တ်ရန်ဘယ်​တော့မှမ​မေ့​ချေ။


---


မနက် ဆယ်နာရီခန့်တွင်ဖြစ်သည်။


ဖုယွမ်ချွမ်းမှာတစ်ညလုံးပြန်မလာခဲ့​ချေ။ သို့​သော်သူ့ထံမှာ အချိန်နှင့်တ​ပြေးညီသတင်းများကို​တော့ လက်ခံရသည်။


အစည်းအ​ရေးအပြီးတွင်တစ်ခုခုဖြစ်သွားခဲ့ပုံရသည်။ ထို့​ကြောင့်ညစာစားချိန်အပြီးတွင် အစည်းအ​ဝေးကို​နောက်တစ်ကြိမ်ပြန်စခဲ့ပုံပင်။


ကျွင်းချင်ယွီလည်း အင်ပါယာ​ခေါင်း​ဆောင်မှာ အဘယ်​ကြောင့် လျှာအလွန်ရှည်ရသလဲနားမလည်​ချေ။


ဖုယွမ်ချွမ်းထံစာပြန်ပို့​နေစဥ် အပြင်ဘက်မှတံခါး​ခေါက်သံထွက်လာခဲ့သည်။


"မဒမ်နိုး​နေလားခင်ဗျ"


ရှီခိုင်းရှင်း​ရောက်လာပြီးသူ့ကိုမနက်စာဆင်းစားရန်​တစ်ခါ​ခေါ်ပြီးပြီဖြစ်သည်။


ကျွင်းချင်ယွီ​​မေးလိုက်သည်၊ "ဘာကိစ္စလဲ"


ရှီခိုင်ရှင်းဆိုသည်။


"အရင်က မာရှယ်ကကျွန်​တော့်ကို ​ရေသူပြုစုပျိုး​ထောင်​ရေးစခန်းကိုသွားစစ်ကြည့်ဖို့မှာထားဖူးတယ်၊ ပြီး​တော့ လူ​တွေကိုကယ်နိုင်​အောင် အသီးအရွက်နဲ့ အဟာရရည်​တွေ၀ယ်ဖို့​ရောပဲ၊ ရလဒ်ကလည်း​ကောင်းတယ်၊ ကျွန်​တော်ပြန်သတင်းပို့လိုက်မယ်"


သတင်းပို့မှာ?


ကျွင်းချင်ယွီထရပ်လျက် ကုတ်ကို၀တ်ဆင်လိုက်သည်။


"ငါ့ကို​​​ပေး"


​ထောင့်မှန်စက္ကူဘူး​လေးနှင့်အတူ ဖိုင်တချို့ကိုကမ်း​ပေးလိုက်သည်။


"ဒီမှာမနက်စာပါ"


ကျွင်းချင်ယွီမှာမူ စားချင်စိတ်ရှိမ​နေပြန်​ချေ။ ထို့​ကြောင့်ပြန်ယူသွားခိုင်းရန်သာပြင်လိုက်သည်။


သို့​သော်သူဘာမှမ​ပြောလိုက်နိုင်ခင်မှာပင် ရှီခိုင်ရှင်းကလှစ်ခနဲ​ပြေးထွက်သွားခဲ့​ချေပြီ။


ကျွင်းချင်ယွီမှာ သက်ပြင်းချလျက် ထိုမနက်စာဘူးကိုသယ်သွားရန်သာတတ်နိုင်​လေသည်။


ထိုမနက်စာထက်စာလျှင် သူက စာရွက်စာတမ်းများကိုပိုစိတ်၀င်စားမိသည်။


အဆိုပါစာရွက်၏ပထမဆုံးစာ​ကြောင်းမှာ :သံသယရှိ ကုသမှုပစ်မှတ်မှာ မြို့​တော်ဧရိယာဖြစ်သည်၊ အစည်းအ​ဝေးကို တလအကြာခန့်ကကျင်းပခဲ့သည်။ အစည်းအ​ဝေးတွင် လက်ရှိဖြစ်​ပေါ်​နေ​သော စိတ်​ရောဂါ​​ဝေဒနာအ​ကြောင်းအထူး​ဆွေး​နွေးခဲ့ကြသည်။"


ထိုစဥ်အချိန်က လူတစ်ဦးမှာရည်ရွယ်ချက်ရှိရှိဖြင့် စိတ်​ရောဂါဖြစ်​စေ​သော ​ဆေးတစ်မျိုးမျိုးကို လူ​နေထူထပ်​သောဧရိယာတွင်ချန်ထားခဲ့သည်ဟု သံသယရှိခဲ့ဖူးသည်။သို့​သော် ထိုကိစ္စကိုမကိုင်တွယ်နိုင်ခင်မှာပင် ဖုယွမ်ချွမ်းဘက်မှလူများမှာ အထက်မှလူကြီးများ၏ထိန်းချုပ်ခြင်းကိုခံရကာ အဆိုပါကိစ္စတစ်ခုလုံးကိုလည်းလက်လွှဲယူခံလိုက်ရသည်။


သို့​သော်ယခုတွင်မူ ထိုကိစ္စမှာယ​နေ့ထိတိုင် မ​ဖြေရှင်းနိုင်​သေးပုံပင်၊


ကျွင်းချင်ယွီသည်ဖိုင်ကိုကြည့်လိုက်ပြီး မိမိ ​​ရေသူပျိုး​ထောင်​ရေးစခန်းမှသတင်းလက်ခံရ​သောအချိန်နှင့်ကိုက်ကြည့်လိုက်သည်။ ​ရေသူပျိုး​ထောင်​ရေးစခန်းမှာလည်း ထို​ရောဂါဖြစ်ပွားမှုတွင်ပါ၀င်ခဲ့ဖူးသည်၊ ထို့သတင်းမထွက်လာခင်ပင် ကြိုသိခဲ့တာဖြစ်သည်။


သို့​သော်မကြာခင်မှာပဲ ထို​ရောဂါသတင်းများမှာ ထိန်းချုပ်ခံလိုက်ရပြန်သည်။


​ရေသူပျိုး​ထောင်​ရေးစခန်းမှာ ​ရေသူများကို ကုသ​​ပေးဖို့အစီအစဥ်မရှိခဲ့​ချေ။


ဖုယွမ်ချွမ်းသာဤကိစ္စကိုလက်လွှဲယူနိုင်ခဲ့လျှင် ဤကိစ္စမှာ ဤမျှကြာရှည်​နေလိမ့်မည်​လော၊


သာမာန်လူများ၏ စိတ်စွမ်းအင်မှာဖုယွမ်ချွမ်း၏စိတ်စွမ်းအင်​လောက်မပြင်းထန်​ချေ၊ ​ရေသူ​လေးနှင့်အတူတူ​နေထိုင်ခြင်းအားဖြင့်လည်း သူ့​ရောဂါကိုအဆင်တ​ပြေကုသနိုင်သည်။သို့​သော်​ရေသူပျိုး​ထောင်​ရေးစခန်းမှာထိုသို့ဆန္ဒမရှိခဲ့​ချေ။


Mကြယ်မ​တော်တဆမှုထွက်​ပေါ်လာသည်တွင် အင်ပါယာ​ခေါင်း​ဆောင်များမှာ ဖုယွမ်ချွမ်းကိုတဖန်ချဥ်းကပ်ကာ အသီးအနှံများ၀ယ်​စေလိုပြန်သည်။


ထို​ရောဂါဖြစ်ပွားမှုမှာအ​တော်​လေးကြာခဲ့ပြီဖြစ်ကာ ယခုချိန်အထိမကုသနိုင်ခြင်းမှာ ပြသနာတစ်ခုခုရှိ၍မဟုတ်​ပေ​​လော၊


ကျွင်းချင်ယွီမျက်​မှောင်ကျုံ့လိုက်သည်။ သူက ​ရောဂါကိစ္စကိုအသုံးချပြီး​တော့သူကိုယ်သူအဖတ်ပြန်ဆယ်ဖို့ကြိုးစား​နေတာလား။


သူသာ အင်ပါယာ​ခေါင်း​ဆောင်​တွေကို အသီးအရွက်နဲ့ အဟာရရည်​တွေ​ရောင်းဖို့ဆန္ဒမရှိရင် အဲဒီလူ​တွေဘာလုပ်နိုင်မှာလဲ၊


ဤအချိန်တွင် ​ရေသူပျိုး​ထောင်​ရေးစခန်း၏ သ​ဘောထားမှာအလွန်အ​ရေးပါလှသည်။


ကျွင်းချင်ယွီ ခတ္တမျှ​တွေး​တောလိုက်ပြီး အခန်းတစ်ခုထဲသို့၀င်ကာ ယွီကျစ်ယူလာခဲ့​သော ဇာ့ဂ်အသေဥကိုထုတ်လိုက်သည်။


ရန်သူထက်ဦး​အောင်ပိုလှုပ်ရှားမှဖြစ်လိမ့်မည်။


"ရှီခိုင်ရှင်း"


"ရှိပါတယ် မဒမ်" ရှီခိုင်ရှင်းပြန်​ဖြေပြီးအ​ပေါ်ထပ်သို့​ပြေးတက်လာခဲ့သည်။


ကျွင်းချင်ယွီသည် အဆိုပါဥကို ကမ်း​ပေးလိုက်ကာ


"ငါ့မှာမင်းအတွက် တာ၀န်တစ်ခုရှိတယ်"


"အာ" ရှီခိုင်ရှင်းမှာ အင်းဆက်ဥကိုယူပြီးနားမလည်ဖြစ်​နေခဲ့သည်၊ ဤသည်မှာသူ ယခင်ကကျွင်းချင်ယွီကို​ပေးထားသည့်အရာမဟုတ်​ပေ​လော၊ အဘယ်​ကြောင့်သူ့ကိုပြန်​ပေး​နေပါသနည်း။


ကျွင်းချင်ယွီ "မင်း​ရေသူပျိုး​ထောင်​ရေးစခန်းကိုသွားရမယ်"


ကျွင်းချင်ယွီ၏အစီအစဥ်ကိုကြားလျှင် သူ၏မျက်လုံးတို့ကအံ့သြမှုနှင့်အတူ ပြူးကျယ်လာခဲ့သည်၊


"ဒါ​ပေမယ့်.."


ကျွင်းချင်ယွီ​ပေါ့ပါးစွာဆိုသည်၊


"တခြားဟာ​တွေအတွက်ပူစရာမလိုဘူး၊ လုပ်သာလုပ်လိုက်"


ရှီခိုင်ရှင်း​ခေါင်းငြိမ့်လိုက်သည်၊


"အို​ကေကျွန်​တော်အခုသွားပြီ"


"ကိစ္စကိုတတ်နိုင်သမျှဘယ်သူမှမသိပါ​စေနဲ့"


"ဟုတ်ကဲ့ပါ မဒမ်"


ရှီခိုင်ရှင်းမှာ အင်းဆက်ဥကိုကိုင်ပြီး အမြန်ထွက်သွားသည်ကိုမြင်လျှင် ကျွင်းချင်ယွီမှာ​လှေကားထစ်​ပေါ်တွင်ခဏမျှရပ်​တန့်​နေခဲ့မိသည်၊ထို့​နောက်အိပ်ခန်းထဲသို့ပြန်၀င်လာခဲ့​လေသည်။


စက္ကူဘူးထဲမှ မနက်စာမှာပူ​နွေး​နေဆဲပင်၊ ကျွင်းချင်ရွီ၄င်းကိုစားရင်း ဖုယွမ်ချွမ်းထံသို့ပါ ကိစ္စအ​ကြောင်းအရာကိုအတိုချုံး​ပြောပြလိုက်သည်။


ဖုယွမ်ချွမ်း:[ကိုယ်ကုသမှုအတွက်လိုအပ်တာ​တွေစီစဥ်ထားလိုက်မယ်]


ကျွင်းချင်ယွီ:[ ကျွန်​တော့်မှာနည်းလမ်းရှိတယ်၊ ဒီကိစ္စကိုကျွန်​တော်ပဲ​ဖြေရှင်းလိုက်မယ်]


သူ အင်းဆက်ဥကိုရှီခိုင်ရှင်းထံ​ပေးလိုက်ပြီးကတည်းက ထိုပြသနာကို​ဖြေရှင်းရန်အလုံးစုံ​တွေးထားပြီးသားဖြစ်​​လေသည်၊


ဖုယွမ်ချွမ်းကမူ တခြားမည်သည့်အ​တွေးမျှမရှိပဲဆိုလာသည်၊


[အို​ကေ၊ ကိုယ်မင်းကိုပဲ ဒီ​ကိစ္စကိုလွှဲ​​ပေးလိုက်မယ် ​ရှောင်ယွီ​လေး]


ကျွင်းချင်ယွီကပြန်စာကိုဖတ်ပြီး မျက်လုံး​လေးများ​ကွေးသည်အထိမပြုံးပဲမ​နေနိုင်​​ချေ၊


[ဘယ်အချိန်ပြန်လာမှာလဲ]


ဖုယွမ်ချွမ်းသည်သူနှင့်အပြန်အလှန်စာပို့​နေသည့်တိုင် အချိန်အတိအကျကိုမ​ပြော​ချေ။


တကယ်တမ်းတွင်သူကိုယ်တိုင်လည်းမသိတာဖြစ်နိုင်သည်၊


[မကြာခင်​လောက်​ပေါ့]


ကျွင်းချင်ယွီ သက်ပြင်းချလိုက်မိသည်၊ [အို​ကေ]


ကြည့်ရတာကြာဦးမည့်ပုံပင်


ဖုယွမ်ချွမ်းသည်အစည်းအ​ေ၀းအတွင်းမှာပင် သူ့အားစာပြန်ရန်မ​နှောင့်​နှေးခဲ့​ချေ၊ ကျွင်းချင်ယွီသည်ပြတင်း​ပေါင်​​ဘေးတွင်ထိုင်ပြီး သူနှင့်စကား​ပြော​နေခဲ့သည်။


သူမသိ​လိုက်ခင်မှာပင်​ကောင်းကင်မှာ​မှောင်ရိပ်သန်း​နေခဲ့ပြီ​ဖြစ်သည်။


ထိုအချိန်တွင် အစည်းအ​ေ၀းပြီးဆုံး​ကြောင်း ဖုယွမ်ချွမ်းမှစာပို့လာခဲ့သည်။


[ခဏ​နေပြန်ခဲ့မယ်]


ကျွင်းချင်ယွီမှာအလျင်မလိုခဲ့​ချေ၊


[လမ်းမှာဂရုစိုက်ပါ]


[အို​ကေ]


ဥာဏ်ရည်တုစက်ကိုပိတ်လိုက်ပြီး ကျွင်းချင်ယွီ​အောက်ထပ်ကိုဆင်း၍ စားစရာတချို့ပြင်ဆင်ရန်လုပ်လိုက်သည်၊


ဖုယွမ်ချွမ်း၏လက်​အောက်ငယ်သားများမှာ အပြင်ဘက်တွင် ကင်းလှည့်​နေကြဆဲပင်၊ မလိုပါဘူး​ပြောခဲ့သည့်တိုင် ​ခေါင်းမာ​နေကြဆဲ။


အလှည့်မကျ​သေးသူတို့က​တော့ အ​ပေါ်ထပ်တွင်ရှိပြီး ဧည့်ခန်းတွင်​တော့တစ်စုံတစ်​ယောက်မှရှိမ​နေ​ချေ။


ကျွင်းချင်ယွီသည်ကိတ်တစ်ခုဖုတ်လိုက်ကာ အသီးများများ​လေးလှီးလိုက်သည်၊ ထို့​နောက် ကိတ်အား အလှဆင်ရန်ပြင်လိုက်သည်။


ပြီးသည်နှင့် အပြင်ဘက်မှ တံခါးဘဲလ်သံထွက်လာခဲ့​လေသည်။


စက်ရုပ်​လေးကအသိ​ပေးလာသည်၊


" ဧည့်သည် ရှီခိုင်ရှင်း၊ တံခါးဖွင့်​ပေး​စေလိုပါလား"


ကျွင်းချင်ယွီမှာဂျုံမှုန့်များ​ပေလျက် မအားလပ်​ပေ။


"ဖွင့်လိုက်"


အခန်းထဲသို့၀င်လာလျှင် ရှီခိုင်ရှင်းကအလွန်တက်ကြွ​နေခဲ့သည်၊ သူကအပြုံးကြီးဖြင့်​ပြေးလာကာ


"မဒမ် ကျွန်​တော့်တာ၀န်ပြီးပြီ"


ရှီခိုင်ရှင်းသည် ကျွင်းချင်ယွီအား ပုံရိပ်​ယောင် hard diskတစ်ခုကမ်း​ပေးလာခဲ့သည်၊


ရှီခိုင်ရှင်းကဆိုလိုက်သည်၊ "ဒါက မဒမ်လိုချင်တဲ့ ပုံ​တွေနဲ့ ဗီဒီယို​တွေ​ပါ၊ လုံး၀အကြည်​တွေပါပဲ၊ ကျွန်​တော်ကြားခံမပါပဲ တိုက်ရိုက်ကူးလာတာ"


ရှီခိုင်ရှင်းသည်တခြား​ဆော့ဖ်ဝဲလ်များကိုအသုံးပြုပါက အလွဲအ​ချော်တစ်ခုခုကြုံရမှာစိုးသဖြင့်တိုက်ရိုက်သာ​ပေးလာခဲ့တာဖြစ်သည်။


"အင်း"ကျွင်းချင်ယွီက​မေး​ငေါ့လျက် သူ့အားစားပွဲ​ပေါ်တင်လိုက်ရန်​ပြောလိုက်သည်။


ရှီခိုင်ရှင်းကhard diskကိုတင်လိုက်ကာ


"မဒမ်လိုအပ်တာမရှိ​တော့ရင် ကျွန်​​တော့်ကိုခွင့်ပြုပါဦး"


"​ကျေးဇူးပဲ သွားလို့ရပြီ"


တာ၀န်ပြီးသွား​သော ရှီခိုင်ရှင်းက ရွှင်လန်းစွာဖြင့် အ​ပေါ်ထပ်ကို​ပြေးတက်ကာ ညီအစ်ကိုတို့ကိုရှာ​ဖွေရန်ပြင်လိုက်​တော့သည်။


ကျွင်းချင်ယွီ သည်အချိုပွဲများအားလုံးကိုအပြီးသတ်ပြီး​နောက် သူ့လက်ကို​ဆေးလျက် hard diskအားသိမ်းလိုက်သည်။


​ရေသူပျိုး​ထောင်​ရေးစခန်းကသာ အင်ပါယာ​ခေါင်း​ဆောင်ဘက်ကိုအ​လေးသာခဲ့ပါက ဤ hard diskမှာအလွန်အသုံး၀င်​သော သက်​သေတစ်ခုဖြစ်လာလိမ့်မည်။ ထိုသို့မဖြစ်ခဲ့ပါက ဤ hard diskလည်းဘယ်တုန်းကမှမရှိခဲ့သလိုသူ​ဖျောက်ဖျက်လိုက်မည်။


အရာအားလုံးမှာ​​ရေသူပျိုး​ထောင်​ရေးစခန်း​ပေါ်တွင်သာမူတည်သည်။


Xxxxxx