Chapter 75
ပြင်ဆင်ပြီးသောညလယ်စာများကိုစားပွဲပေါ်တင်ပြီးနောက် ဖုတ်လက်စကိတ်၏ အပူချိန်လည်းလျော့နည်းသွားခဲ့သည်။
ကျွင်းချင်ယွီ အော်တိုစက်လေးနှင့်အပေါ်ခရင်များလုပ်ရန်ပြင်လိုက်သည်။ သူသည်ယခင်က ကိုယ်တိုင်ထိန်းချုပ်ရသောစက်များကသာ ပို၍အသုံးပြုရလွယ်သည်ဟုခံစားမိဆဲပင်။
ရေခဲသကြားမှုန်တချို့နှင့် ခရင်မ်များမှာ အလွန်နူးညံ့ကာ ချိုမြပုံပေါ်လေသည်။
သူရုန်းကန်နေရစဥ်အပြင်ဘက်မှ တံခါးဖွင့်သံထွက်ပေါ်လာခဲ့သည်။
အပြင်ဘက်မှ ကင်းလှည့်နေသောလူများမှာ တံခါးဖွင့်၍မရချေ၊ သူတို့က စက်ရုပ်မှတဆင့် ကျွင်းချင်ယွီ၏ခွင့်ပြုချက်ကိုတောင်းပြီးမှသာ၀င်နိုင်လေသည်။
ထို့ကြောင့်၄င်းမှာ ဖုယွမ်ချွမ်းသာဖြစ်လိမ့်မည်။
ကျွင်းချင်ယွီအသံကိုကြားလျှင် သူကအပျော်လွန်လျက် စက်ကိုအမြန်ပိတ်ကာထွက်သွားချင်ခဲ့သည်။ သို့သော်သူ၏လက်လှုပ်ရှားမှုကြောင့် ဇလုံအပြည့်ခရမ်ဖြူများမှာအပြင်သို့လွတ်ထွက်ကုန်တော့၏။
"ကောင်းရော"
သို့မှာသာ ခရင်မ်မွှေစက်မှာအလိုလိုရပ်သွားခဲ့သည်၊ သို့သော် ကျွင်းချင်ယွီ၏တစ်ကိုယ်လုံးမှာခရင်မ်များပေပွနှင့်ခဲ့ပြီဖြစ်သည်။
ဖုယွမ်ချွမ်းသည်အတွင်းမှအသံဗလံများကိုကြားလျှင် အမြန်၀င်လာခဲ့လေ၏၊
"ဘာဖြစ်လို့လဲ"
ခရင်များဖြင့်ဖုံးနေသောငါးကလေးကိုကြည့်ပြီး သူကတန့်သွားကာဆိုလာသည်၊
"မျက်လုံးတွေထဲ၀င်သွားသေးလား"
ကျွင်းချင်ယွီခေါင်းကိုခါလိုက်သည်၊ သူ၏လည်ပင်းတွင်ရော မျက်နှာတွင်ရော တစ်ကိုယ်လုံးပေပွလျက်။
နှုတ်ခမ်းကိုတင်းတင်းစေ့လျက်ပင် လျှာပေါ်မှအချိုအရသာကိုခံစားနေမိသည်။
ဖုယွမ်ချွမ်းသည်တစ်ရှုးကိုယူလျက် ရှောင်ယွီ၏လက်အားညင်သာစွာပွတ်သုတ်ပေးလိုက်သည်၊
"လက်သွားဆေးလိုက်နော်"
"အင်း"
ကျွင်းချင်ယွီသည်လူမရှိသော ဧည့်ခန်းကိုကြည့်လိုက်ပြီးနောက်သူ့ဘေးမှ ဖုယွမ်ချွမ်းကိုကြည့်လိုက်သည်။
ဖုယွမ်ချွမ်းမေးလိုက်သည်" ဘာလို့လဲ"
ကျွင်းချင်ယွီပြုံးလိုက်ပြီးခေါင်းကိုခါလိုက်သည်။
ရှောင်ယွီသည် ခရင်များပေနေသောမျက်နှာလေးဖြင့် ပွတ်သပ်လိုက်လျှင် ဖုယွမ်ချွမ်းကမူ ဆော့ချင်နေသည်သာထင်လျက် "မင်း.."
သူပြောလို့မပြီးခင်မှာပင် ကျွင်းချင်ယွီကရှေ့သို့တိုးကာ ခရင်မ်တို့ပေပွနေသောနှုတ်ခမ်းလေးဖြင့် ဖုယွမ်ချွမ်းအားနမ်းလိုက်သည်။
နေရာတွင်အေးခဲနေသောဖုယွမ်ချွမ်းအားပြုံးလျက်ကြည့်ကာ ကျွင်းချင်ယွီမျက်တောင်ခတ်လျက်ဆိုလိုက်သည်။
"ချိုလား"
ဖုယွမ်ချွမ်း၏လည်စလုပ်ကအသာလှုပ်ခတ်သွားလျက် သူ၏အသံကအနည်းငယ်သြကာ ရှတနေခဲ့သည်၊
"ခရင်မ်ကိုပြောတာလား မင်းကိုပြောတာလား"
"ဟင်..." ကျွင်းချင်ယွီတွန့်ဆုတ်စွာဆိုလိုက်သည်။
"ခရင်မ်ပေါ့.."
ဖုယွမ်ချွမ်းကအတည်ကြီးစဥ်းစားနေလိုက်သည်၊
ကျွင်းချင်ယွီမျက်လုံးလေးများကိုကွေးလျက်ပြုံးကာ
"ကျွန်တော်ဆိုရင်ရော"
ဖုယွမ်ချွမ်းချက်ချင်းပြန်မဖြေချေ၊ သို့သော်ရှောင်ယွီနားသို့ကိုင်းလာပြီး ခါးလေးကိုအသာဆွဲဖက်လိုက်သည်။
ကျွင်းချင်ယွီမှာနားမလည်နိုင်စွာကြည့်လျက်
"ဟင်"
ဖုယွမ်ချွမ်းသည်သူ၏လည်တိုင်မှခရင်မ်ကိုဖယ်လိုက်ပြီး အနီရောင်အမှတ်လေးကိုကြည့်လျက် နူးညံ့စွာဆိုလိုက်သည်၊
"ကိုယ်ထပ်မြည်းကြည့်ဦးမယ်၊ အရသာသေချာမခံလိုက်ရဘူး"
ကျွင်းချင်ယွီကက သူ၏မျက်လုံးကို ဖွင့်လိုက်ကာ လက်ကလေးဖြင့်တွန်းထုတ်လိုသော်လည်း သူ၏ခါးမှာတင်းကြပ်စွာ ဖက်ထားခြင်းခံနေရသည်။
ဖုယွမ်ချွမ်းကအလျင်မလိုပဲ ခရင်မ်ကိုမြည်းစမ်းလိုက်ပြီးမှ သူ၏ပါးပြင်ထက်မှ ခရင်မ်လေးကိုဖြည်းညင်းစွာလျက်လိုက်ကာဆိုသည်။
"ရှိသေးလား"
"မ..မရှိတော့ဘူး"
"သွားဆေးကြောပြီး အင်္ကျီလဲလိုက်တော့"
ကျွင်းချင်ယွီ တောင့်တောင့်ကြီးခေါင်းငြိမ့်လိုက်သည်။ သို့သော်သူမသွားနိုင်ခင်ဖုယွမ်ချွမ်း၏ပွေ့ချီခြင်းကိုခံလိုက်ရပြန်သည်။
ထိုအချိန်တွင်ကျွင်းချင်ယွီ လည်းအထိတ်တလန့်ဖြင့် ဧည့်ခန်းတွင်တစ်ယောက်ယောက်ရှိနေမလားလှည့်ကြည့်လိုက်မိသည်။ ကံကောင်းစွာဖြင့် ကင်းလှည့်ချိန်မှလွဲလျှင် မည်သူမှဆင်းမလာတတ်ချေ။
ကျွင်းချင်ယွီစိတ်သက်သာရာရစွာသက်ပြင်းချလိုက်ကာ ဖုယွမ်ချွမ်း၏ရင်ခွင်တွင်မှီလျက် သူ၏ဆံပင်မှ ခရင်မ်များကို သူ့ပုခုံးတွင်ပွတ်သုတ်နေလိုက်လေသည်။
ရှောင်ယွီလေး၏ ကလေးလိုချွဲနွဲ့နွဲ့အပြုအမူလေးကိုခံစားမိချိန်တွင် ဖုယွမ်ချွမ်းဘာမှမဆိုနိုင်ခဲ့ချေ။ ရှောင်ယွီအားအပေါ်ထပ်သို့ချီခေါ်လျက်ရေချိုးကန်လေးထဲထည့်ကာ ရေအပူအအေးကိုချိန်ဆလိုက်သည်။
ကိုယ်မှာသန့်စင်သွားခဲ့သော်လည်း အင်္ကျီပေါ်တွင်တော့ ခရင်မ်အများအပြားကျန်ရှိနေဆဲပင်။
ကျွင်းချင်ယွီလည်းကြယ်သီးများကိုဖြုတ်ကာ သူ၏ဂျက်ကတ်ကိုအရင်ချွတ်ရန်ပြင်လိုက်သည်။ ထိုစဥ်ရေချိုးခန်းတံခါးပိတ်သံကိုကြားလိုက်ရသဖြင့် ဖုယွမ်ချွမ်းက သူ့အတွက်တံခါးပိတ်ထားပေးခဲ့သည်ဟုသာ တွေးလိုက်မိသည်။
သို့သော် နောက်ထပ် အတွင်းမှ ပိတ်လိုက်သော ကလစ်ဟူသောအသံကိုပါတပါတည်းကြားလိုက်ရလေသည်။
သူကအံ့အားသင့်စွာလှည့်ကြည့်လိုက်မိသည်။
ဖုယွမ်ချွမ်းကထွက်မသွားခဲ့ပေ။
"ခင်များ..."
ဖုယွမ်ချွမ်းသည် ဂျက်ကတ်ကိုစင်ပေါ်တွင်တင်လိုက်ပြီး သြ၍ရှတတအသံဖြင့်ဆိုလိုက်သည်။
"အတူချိုးရအောင်"
---
ကျွင်းချင်ယွီပြင်ထားသော ညစာမှာ စားပွဲပေါ်တွင်ထိုအတိုင်းရှိနေဆဲပင်။
ဖုယွမ်ချွမ်းအောက်သို့ဆင်းသွားလျှင် ဟင်းပွဲများမှာ အေးစက်နေခဲ့ပြီဖြစ်သည်။
ဟင်းတွေကအများကြီးပင်၊ သို့သော်အိပ်ခါနီး အစားများများစားရန်မသင့်တော်လှချေ။
သူက ငါးလေးကြိုက်သောဟင်းပွဲများကိုရွေးလိုက်ပြီး ပြန်နွှေးလိုက်သည်။
အိပ်ခန်းထဲတွင် ကျွင်းချင်ယွီမှာမိမိကိုယ်ကို စောင်ပုံထဲတွင်နစ်မြှုပ်ထားလျက်ငြိမ်နေခဲ့သည်။ သို့သော်စောင်ကထူ၍ပင်လားမပြောတတ်ပေ။ မျက်နှာများကပူလာပြီးကြာကြာမပုန်းနိုင်ချေ။
ဖုယွမ်ချွမ်းကဟင်းပွဲများကိုချလိုက်ပြီး စောင်ပုံအောက်မှ ငါးလေး၏ ခေါင်းကိုပုတ်လိုက်သည်။
"ထပြီးတစ်ခုခုစားလိုက်ဦး"
ငါးကလေး၏ ဝါးတားတားအသံလေးကစောင်အောက်မှထွက်လာခဲ့သည်။
"ကျွန်တော်အိပ်ပျော်နေပြီ"
ဖုယွမ်ချွမ်းရယ်လိုက်ပြီး
"ထွက်မလာဘူးဆို ကိုယ်မင်းစောင်ကိုဆွဲဖယ်မှာနော်"
ကျွင်းချင်ယွီဟွန့်ခနဲအသံပြုလျက် ဖြည်းညင်းစွာထလာခဲ့သည်။ သို့သော်၀တ်ရုံလေးလိုစောင်ကိုခေါင်းမြှီးခြုံထားဆဲပင်။
ခြေထောက်များမှာ မခိုင်ပဲ ညောင်းကိုက်မှုနှင့် ထုံကျဥ်မှုတို့ကိုခံစားနေရဆဲပင်၊၊ ကျွင်းချင်ယွီမျက်မှောင်ကျုံ့လိုက်မိသည်။ သူငုံ့ကြည့်လိုက်သော်လည်း ဆေးအဆီလူးထားသည်မှလွဲ၍ ကျန်တာဘာကိုမှမတွေ့ရချေ။
၄င်းက ဆေးရနံ့သင်းသင်းလေးပျံ့နေခဲ့သည်။
ရေချိုးခန်းထဲတွင် အဆုံးထိမသွားခဲ့သော်လည်း ကျွင်းချင်ယွီမှာ ညောင်းညာမှုကိုက်ခဲမှုတို့ကိုခံစားနေရဆဲဖြစ်သည်။ အကြာကြီးရပ်ခဲ့ရ၍ဖြစ်နိုင်သည်။
အပိုဆောင်းအနေဖြင့် မနေ့ညကလည်းတစ်ညလုံးမအိပ်ထားသဖြင့် သူကအလွန်အိပ်ချင်နေခဲ့သည်။
ဖုယွမ်ချွမ်းလည်း သူ့အားထူမလျက် စားပွဲလေးပေါ်တွင် ညစာကိုပြင်ပေးလိုက်သည်။
"နည်းနည်းလေးပဲစားလိုက်နော်၊ ပြီးရင်အိပ်တော့"
အချိန်ကလျင်မြန်စွာကုန်ဆုံးသွားခဲ့သည်။ မသိလိုက်ခင်တွင်မိုးလင်းခါနီးနေခဲ့ချေပြီ။
ကျွင်းချင်ယွီခေါင်းငြိမ့်လိုက်သည်။ ဆန်ပြုတ်အနည်းငယ်သောက်လိုက်ပြီးနောက်ထပ်မစားနိုင်တော့ချေ။ ဖုယွမ်ချွမ်းလည်းစားပြီးသည့်နောက် စားပွဲအားပြန်သိမ်းလိုက်သည်။
အပြင်ဘက်တွင်သိမ်းဆည်းရန်စောင့်နေသောစက်ရုပ်ကလေးအားပန်းကန်များကိုထည့်ပေးလိုက်ပြီး စက်ရုပ်ကလေးက၄င်းတို့ကို အလိုအလျောက်ပန်းကန်ဆေးစက်ထံသယ်သွားခဲ့သည်။
ဖုယွမ်ချွမ်းပန်းကန်တို့ကိုသိမ်းပြီးသည်နှင့် လှည့်ကြည့်လိုက်လျှင် အိပ်ယာပေါ်တွင်တစောင်းလေးအိပ်နေသောရှောင်ယွီက အပြုံးလေးဖြင့်သူ၏အိပ်ယာဘေးမှ နေရာလွတ်လေးကိုပုတ်ပြနေသည်ကိုတွေ့လိုက်ရလေသည်။
ဖုယွမ်ချွမ်းလည်းအကူအညီမဲ့စွာပြုံးလိုက်မိသည်။
ဖုယွမ်ချွမ်းမလှုပ်ရှားလျှင် ကျွင်းချင်ယွီကဆိုလိုက်သည်။
"လာပါ အိပ်ရအောင်ပါဆို"
"လာပါပြီ"
အလုပ်များသောတနေ့တာအပြီး ဖုယွမ်ချွမ်းလှဲချလိုက်လျှင် ကျွင်းချင်ယွီကသူ့လက်မောင်းများကိုခေါင်းအုံးလျက် မျက်လုံးလေးကိုမှိတ်လိုက်လေတော့သည်။
"ကောင်းသောညပါ"
အိမ်မှ ဆင်ဆာအလင်းတို့လည်း အလိုအလျောက်ပိတ်ကျသွားတော့သည်။
ဖုယွမ်ချွမ်းက လက်ကိုကွေးလျက်ရင်ခွင်ထဲမှ ငါးလေးကိုတင်းကြပ်စွာဖက်ပြီး ဆိုလိုက်သည်။
"ကောင်းသောညပါ..."
---
အင်ပါယာခေါင်းဆောင်က မာရှယ်များကိုအရေးပေါ်အစည်းအဝေးခေါ်ခဲ့သည်။ အစည်းအဝေးအချိန်ကမတိုတောင်းသော်လည်း ထွေထွေထူးထူး ထူးခြားမှူမရှိခဲ့ချေ။
တနည်းဆိုရလျှင် သူ့တွင်တခြားအကြံရှိသော်ငြား မာရှယ်များကလက်မခံခဲ့ချေ။
ကျွင်းချင်ယွီသည်အိပ်ယာဘေးတွင်ထိုင်လျက် အင်တာနက်ကိုအတော်ကြာကြည့်နေမိသည်။ သို့သော်နောက်ဆုံးရသတင်းများကရှိမနေချေ။သူ စားပွဲတွင်အလုပ်ရှုပ်နေသောဖုယွမ်ချွမ်းကိုကြည့်လျက် ခဏတွေးတောလိုက်ကာ လျှောက်လာလိုက်သည်။
"ဘာဖြစ်လို့လဲ"
သူလာသည်ကိုမြင်တော့ဖုယွမ်ချွမ်း ငါးကလေးကိုဆွဲဖက်ပြီးမေးလာခဲ့သည်။
"ခြေထောက်တွေနာနေသေးလား"
မနေ့ညကအိပ်တာနောက်ကျသည်မို့ သူနိုးလာချိန်တွင်နေ့လည်ခင်းပင်ဖြစ်နေခဲ့ပြီ။ ရှောင်ယွီကခြေထောက်တွေကိုက်သည်ဟု ပြောခဲ့သည်မို့ သူဆေးလိမ်းပေးခဲ့သည်။
ကျွင်းချင်ယွီခေါင်းကိုခါလျက် မေးလိုက်သည်။
"လူအိုကြီးတွေရဲ့အစည်းအဝေးရည်ရွယ်ချက်ကဘာလဲ၊ ခင်များတို့ကိုအင်အားသုံးဖိနှိပ်ပေးစေချင်တာလား"
"အဲလိုနီးပါးပါပဲ၊ ဒါပေမယ့်အဲလိုတော့တည့်မပြောဘူးပေါ့"
ကိစ္စကအပြင်ကိုပေါက်ကြား၍မရဟုသာဆိုနေခဲ့သည်။ သို့သော်မာရှယ်ရာထူးကိုတာ၀န်ယူထားရသူတို့ကအရူးမဟုတ်ပေ။မည်သူကမှအထူးအထွေမတုန့်ပြန်ခဲ့ကြပေ။
ကျွင်းချင်ယွီလည်း၄င်းကိုတွေးမိသည်ပင်။ မည်သူကမှအလွယ်တကူအရူးလုပ်ခံပြီး ဤအရှုပ်အထွေးတွင် ပါ၀င်ချင်လိမ့်မည်မဟုတ်။
"မာရှယ်တော့ဒစ်စ်ရဲ့စက်ရုပ်ကရော၊ ပြန်ပို့လိုက်ပြီလား"
"သူဘယ်လိုပြန်ပို့ရဲမှာလဲ"
"ကိုယ်သဲလွန်စနည်းနည်းပေးထားတယ် ၊ဒါပေမယ့် သူတို့ဆောင်ပုဒ်လို ပေါ့ 'အင်ပါယာရဲ့အပူတွေကို မျှဝေရမယ့်တာ၀န်ရှိပါတယ်'တဲ့ ၊ သူရုပ်တည်ကြီးနဲ့ထပြောတဲ့အချိန်ကိုယ်အရူးလုပ်ခံရလုနီးပါးပဲ"
ကျွင်းချင်ယွီမျက်ခုံးကိုပင့်လိုက်ပြီးထိုရှက်ဖွယ်အခိုက်အတန့်ကို ပုံဖော်၍ပင်ကြည့်နိုင်သည်။
တဖက်လူက တမင်သက်သက်တုံးအချင်ယောင်ဆောင်နေမှန်းသိသည့်တိုင်အောင် ရယ်ချင်စိတ်ကိုထိန်းနိုင်မည်မဟုတ်ချေ။
"ကောင်းတယ်"ကျွင်းချင်ယွီလည်းပြုံး၍ဆိုလိုက်သည်။
သို့သော်တွေးကြည့်လျှင်လည်း ထပ်မံတိုးတက်လာမည့်အခြေအနေတို့က မိမိတို့ထိန်းချုပ်မှုအောက်မှလွတ်သွားနိုင်သေးသည်။
"ဒါပေမယ့် ရလဒ်မသေချာသေးရင်၊ သူက ရေသူပျိုးထောင်ရေးစခန်းနဲ့လည်းပူးပေါင်းသွားနိုင်တယ်နော်"
သူသည် ရေသူပျိုးထောင်ရေးစခန်းမှတာ၀န်ရှိသူကဦးနှောက်နည်းနည်းရှိ၍ အရှုပ်အထွေးတွင် ပါ၀င်မှုမရှိရန်မျှော်လင့်မိသည်၊
ဖုယွမ်ချွမ်းသည်သူယခင်ကရှာကြည့်ထားသော ၀က်ဘ်ဆိုက်ကိုဖွင့်လိုက်ပြီး "ကိုယ့်မှာရထားပြီးပြီ"
"ဟင်" ကျွင်းချင်ယွီအံ့သြသွားမိသည်။
တကယ်ကြီးလား အရမ်းမြန်မနေဘူးလား။
အချိန်ကိုကြည့်လိုက်လျှင် သတင်းမှာ သူတို့အိပ်နေစဥ်ကပင် ထွက်လာခဲ့ပုံပင်။
သို့သော်ရေသူပျိုးထောင်ရေးစခန်းနှင့်ဆက်စပ်သောတစ်စုံတရာမှမပါ၀င်ချေ။ ၄င်းကလူနေထူထပ်သောဧရိယာတွင်ဖြစ်ပွားခဲ့သော စိတ်ရောဂါဗိုင်းရပ်အကြောင်းသာဖြစ်သည်။ လူတစ်ယောက်ယောက်မှ ထိုရောဂါဖြစ်စေသောဆေးဝါးကိုရည်ရွယ်ချက်ရှိရှိလာချထားကြောင်းလည်းမပါ၀င်ချေ။ ခြုံပြောရလျှင် ဓါတ်ရောင်ခြည်ယိုဖိတ်မှုပြသနာဟုသာဆိုထားသည်။
ရလဒ်အနေဖြင့် သတင်းကိုမြင်သောလူများမှာပို၍စိတ်လှုပ်ရှားလာကြသည်။ ဓါတ်ရောင်ခြည်ယိုစိမ့်မှုကိုမည်သူမျှမရှောင်ရှားနိုင်ချေ။ မိမိတို့လည်းဓါတ်ရောင်ခြည့်အသင့်လွန်ပါက ရောဂါကူးစက်ခဲရမည်လောတွေးပူနေကြတော့သည်။
သို့နှင့် ၄င်းသတင်းကပင် M ကြယ်သုတေသနစမ်းသပ်မှုဖြစ်စဥ်ကိုအနည်းငယ်ဖုံးလွှမ်းသွားစေခဲ့သည်။
ကျွင်းချင်ယွီ၏အမူအယာကအနည်းငယ်အေးစက်လျက်
"သူတို့ကိုယ်တိုင်ဒါကိုလုပ်ပြီးတော့ ခင်များကိုထိုးချချင်ခဲ့တာ၊ အခုကျတော့ ဒီလုပ်ဇာတ်ကသူတို့ရဲ့ အသက်ကယ်ကောက်ရိုးဖြစ်သွားပြန်ပြီ"
ဖုယွမ်ချွမ်းလည်းရှောင်ယွီ၏ကျောလေးကိုပုတ်ပေးလိုက်ပြီး "ကိုယ်စိတ်မတိုပါဘူး"
"ခင်များအကောင့်နဲ့ လျှို့ဝှက်နံပါတ်ကျွန်တော့်ကိုပေး"
ကျွင်းချင်ယွီထိုလူများကိုဒေါသထွက်နေရန်အားလပ်မနေပေ။ အခြေအနေကိုကြည့်ရလျှင် သူတွေးထာသည်နှင့် သိပ်ကွာမည်မဟုတ်ချေ။
"ကောင်းပြီ"
ဖုယွမ်ချွမ်း၏အကောင့်မှာ သိပ်သုံးလေ့မရှိရာ နောက်ဆုံးမက်ဆေ့ကလည်း လွန်ခဲ့သောတစ်နှစ်ခန့်ကဖြစ်သည်။
သူကဤလိုအရာမျိုးတွေအတွက်ပျင်းလွန်းသည်မို့ ရှောင်ယွီတောင်းသည်နှင့်ချက်ချင်းပေးလိုက်သည်။
Xxxxxxx