Chapter 76
ဖုယွမ်ချွမ်း၏အကောင့်မှာ သိပ်သုံးလေ့မရှိရာ နောက်ဆုံးမက်ဆေ့ကလည်း လွန်ခဲ့သောတစ်နှစ်ခန့်ကဖြစ်သည်။
သူကဤလိုအရာမျိုးတွေအတွက်ပျင်းလွန်းသည်မို့ ရှောင်ယွီတောင်းသည်နှင့်ချက်ချင်းပေးလိုက်သည်။
ကျွင်းချင်ယွီက ဖုယွမ်ချွမ်း၏အကောင့်ကို၀င်လိုက်ပြီး ပို့စ့်တင်ရန်အလျင်မလိုခဲ့ချေ။ဖုယွမ်ချွမ်း၏ အထူးကိုယ်ပိုင်အကောင့်မှာ ဟက်ခံရစရာအကြောင်းလည်းမရှိတာကြောင့် တစ်ခုခုတင်ခြင်းက ဖုယွမ်ချွမ်း၏ဆန္ဒကို တိုက်ရိုက်ကိုယ်စားပြုသည်။
ထို့ကြောင့်သူသတိထားမှဖြစ်မည်။
အကောင့်ကိုရပြီးသည်နှင့် ကျွင်းချင်ယွီခတ္တမျှတွေးတောလိုက်ပြီးဆိုသည်။
"ကျွန်တော် အချိုပွဲရောင်းတဲ့ဆိုင်လေးဖွင့်ချင်တယ်"
"မင်းပင်ပန်းမှာပေါ့" ဖုယွမ်ချွမ်းမှာရှောင်ယွီဆန္ဒရှိသမျှကိုမငြင်းပယ်လိုချေ၊ သို့သော် ထိုသို့အပြင်တွင်ဆိုင်ဖွင့်လျှင်တော့ ၀ယ်သူများလျင် ပင်ပန်းချေမည်။
ထို့အပြင်စိတ်ဝိဥာဥ်စမ်းရေမှာ ငါးလေးမှလွဲလျှင် ကျန်လူများအသိခံ၍မဖြစ်ချေ။ ထို့ကြောင့် စားသုံးသူအများကြီးကို၀န်ဆောင်မှုပေးရာတွင် အခက်တွေ့နိုင်သည်။
"ဟင့်အင်း ကျွန်တော်တို့ မြို့လယ်ခေါင်ကအဲဒီလူနာတွေကိစ္စကိုအရင်ရှင်းဦးမှာ"
ဆိုင်မဖွင့်ခင် ပြသနာများကိုအရင်ရှင်းထားမှသာ ကိစ္စများကိုကိုင်တွယ်ရလွယ်ကူမည်ဖြစ်သည်။
ဖုယွမ်ချွမ်းခေါင်းငြိမ့်ကာဆိုသည်။
"ကောင်းပြီ၊ မင်းကဆိုင်ဖွင့်ဖို့အတွက်ပဲအာရုံစိုက်ပါ၊ ကိုယ်ကကျန်တာတွေဖြေရှင်းလိုက်မယ်"
"အိုကေ"ကျွင်းချင်ယွီခေါင်းကိုမော့လျက် သူ့အားနမ်းလိုက်သည်။ "ကျေးဇူးပါ မာရှယ်"
ဖုယွမ်ချွမ်းမေးလိုက်သည်။
"ခြေထောက်တွေနာနေသေးလား"
"ဟင်... မနာတော့ပါဘူး" တကယ်တော့အရည်ပြားလေးပွန်းပြီးအနည်းငယ် ထုံကျင်နေသေးသည့်တိုင် ရေသူများတွင် အလွန်ကောင်းမွန်သောကုသနိုင်စွမ်းရှိတာကြောင့် သိပ်ပြသနာကြီးမဟုတ်ပေ၊၊ ထို့ကြောင့် ကျွင်းချင်ယွီမှာနာသည်ဟုမပြောလိုက်တော့ချေ။
ရှောင်ယွီ၏တွန့်ဆုတ်နေမှုကိုမြင်လျှင် ဖုယွမ်ချွမ်းခေါင်းငြိမ့်လိုက်ကာ ကွန်ပျူတာကိုပိတ်လိုက်သည်။
"သွားကြစို့"
"ဟင် ခင်များအပြင်သွားချင်လို့လား"
ကျွင်းချင်ယွီအံ့သြစွာထရပ်လိုက်သည်။ သူတို့ဒီနေ့အတွက် အစီအစဥ်ရှိသည်ဟု မထင်ထားချေ။
"မြေအောက်ထပ်" ဖုယွမ်ချွမ်းသည်အင်တာနက်ပေါ်မှသတင်းအချက်များကိုစစ်ဆေးလိုက်ပြီး ဆိုသည်။
"ရေသူတစ်ယောက်အတွက်ရေထဲမှာတာက ကုန်းပေါ်မှာနေတာထက်ကုသမှူပိုမြန်တယ်တဲ့"
"သွားကြစို့ ရေနည်းနည်းစိမ်ရအောင်"
ကျွင်းချင်ယွီကလူပုံစံဖြင့်နေတာအနည်းငယ်ကြာခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ဒဏ်ရာကိုရေနှင့်ထိတွေ့ပေးသင့်သည်ကိုပင်မေ့နေခဲ့သည်။
ကျွင်းချင်ယွီလည်းမြေအောက်ထပ်သို့မဆင်းရသည်မှာအနည်းငယ်ကြာခဲ့ပြီဟုတွေးမိသည်။ သူသာမသွားလျှင် ၄င်းကြီးမားသောရေကန်ကြီးက နှမြောဖွယ်အထီးကျန်နေရော့မည်။
မြေအောက်ရေကန်မှာ အော်တိုရေလှဲလှယ်ရေးစက်ဖြင့်ချိတ်ဆက်ထားခြင်းကြောင့်အမြဲတစေကြည်လင်သန့်ရှင်းနေသည်။
ဖုယွမ်ချွမ်းသည်အ၀တ်လဲရန်သွားခဲ့ပြီး ကျွင်းချင်ယွီကမူခြေထောက်ကိုကုသရန်ရေထဲသို့တိုက်ရိုက်ဆင်းသွားခဲ့သည်။ ငါးမြီးလေးကနာကျင်မှုလေးအနည်းငယ်ကိုခံစားနေရဆဲဖြစ်သော်လည်း။ ဤလိုပုံစံဖြင့်ရေထဲတွင်နေရသည်ကပိုအဆင်ပြေသည်၊
ကျွင်ချင်ယွီ၏လောလောဆည်စိတ်စွမ်းအင်နှင့် မည်သည့်ပုံစံကိုမဆိုအလွယ်တကူထိန်းချုပ်ပြောင်းလဲနိုင်ပြီဖြစ်သည်။
အတိတ်တွင် ဖုယွမ်ချွမ်း၏ရေသူလေးအပေါ်ပထမဆုံးအမြင်မှာအတော်လေး ပြင်းထန်ခဲ့သည်မို့ ဖုယွမ်ချွမ်းရှေ့တွင်ရေသူလေးအဖြစ်ပေါ်လာဖို့ရာတမင်ရှောင်ကျဥ်ခဲ့သည်။
ယခုတွင်မူပူနေစရာမလိုတော့၊
သို့သော်ရေသူလေးနှင့်ယှဥ်လျှင်သူက ရေသူထီးအဖြစ် အပြည့်အ၀ပြောင်းလဲရသည်ကိုပိုနှစ်သက်လှသည်၊ သို့မှသာ သူကဖုယွမ်ချွမ်းကိုဖက်နိုင်ပေမည်။
အတွေးများနေစဥ်အပေါ်မှ လော့ကာဖွင့်သံကြားလျှင် ကျွင်းချင်ယွီအနည်းငယ်တွေးတောလျက် အောက်ခြေထိငုပ်လျှိုးသွားလိုက်သည်။
ရေကန်သည်ဂရုတစိုက်ပြင်ဆင်ထားတာမို့အောက်ခြေတွင်ဘယ်လိုရှိသလဲအလွယ်တကူမမြင်နိုင်ချေ။
ရေသူများ၏ရေကူးခြင်းကအလွန်လျင်မြန်ကာ ရေမျက်နှာပြင်ပေါ်တွင်လှိုင်းမထစေအောင်လည်းကူးနိုင်လေသည်။
ဖုယွမ်ချွမ်းထွက်လာလျှင် ကျွင်းချင်ယွီကိုမတွေ့သဖြင့် ရေထဲတိုက်ရိုက်မဆင်းလိုက်ချေ။
"ငါးလေး?"
ထိုအချိန်တွင်ရေအောက်မှတစ်စုံတစ်ခုထိုးထွက်လာခဲ့သည်။
ဖုယွမ်ချွမ်းသည် ကမ်းခြေတွင် ထိုင်ချလိုက်ပြီး ၄င်းကိုလက်လှမ်းကာဆယ်ရန်ပြင်လိုက်သည်။
ထို့နောက် ကျွင်းချင်ယွီက ရေအောက်မှ ဘွားကနဲပေါ်လာတော့သည်။ "ဝါး"
ကျွင်းချင်ယွီကြောင့်ရေကန်ကလှုပ်ခတ်သွားခဲ့သည်။ သူကပြုံးလျက်ဖုယွမ်ချွမ်းအားမေးလိုက်သည်။
"ခင်များသိပ်ကြောက်သွားလား"
ဖုယွမ်ျချွမ်းလက်ကိုဆန့်လိုက်ပြီးသူ၏မျက်နှာပေါ်မှ ဆံစလေးများကိုဖယ်ပေးလိုက်ကာ "အင်း ကိုယ်ကြောက်တယ်"
ထို့နောက်သူကဆက်ပြောသည်။
"ကြောက်စရာကောင်းတယ်"
ဖုယွမ်ချွမ်းကကန်ဘောင်တွင်ထိုင်ချလိုက်သည်။
ကျွင်းချင်ယွီလည်းရှေ့သို့ကူးခတ်လာပြီး သူ့အမြီးလေးကိုကန်ဘောင်ပေါ်မှလူ၏ပေါင်ပေါ်သို့တင်လိုက်ကာ နှုတ်ခမ်းဆူလျက်ဆိုလိုက်သည်။
"၀တ်ကျေတန်းကျေကြီးဗျာ"
"ဒါဆိုထပ်လုပ်လေ" ဖုယွမ်ချွမ်းကခတ္တမျှတွေးတောလိုက်သည်၊
"ကိုယ်အကြောက်လွန်ပြီးရေထဲပြုတ်ကျသွားလို့ရောရလား"
ကျွင်းချင်ယွီမျက်လုံးလေးကိုကွေးလိုက်ပြီး ပို၍ချိုသာစွာပြုံးလိုက်သည်။
"ဒါဆိုရေထဲမှာ နှစ်ပါတ်သုံးပါတ်လောက် လှိမ့်လိုက်ဖို့မမေ့နဲ့နော်၊ အဲလိုဆိုပိုကြည့်ကောင်းပြီးတော့ တကယ်ပြုတ်ကျတာနဲ့ ပိုတူတာပေါ့"
"ကောင်းပြီ" ဖုယွမ်ချွမ်းလည်းသူ့ပေါင်ပေါ်မှ ပြုံးနေသောငါးလေးကိုကြည့်လျက် ချီကာထရပ်လိုက်သည်။
"ဟင်" ကျွင်းချင်ယွီကအနည်းငယ်ရုန်းကန်လာသည်။
"ခင်များ မလှိမ့်ချင်ဘူးမလား"
ဖုယွမ်ချွမ်းက ကိုယ်ကိုကိုင်းလျက် ရေကန်ထဲထိုးဆင်းလိုက်တော့သည်။
ကျွင်းချင်ယွီသည် သူ၏ကျောပြင်ကိုမှီတွယ်ရင်း ရေကန်ထဲတွင် ပူဖောင်းလေးများအတန်းလိုက်ထသွားသည်ကိုကြည့်နေခဲ့သည်။ သူက မသိစိတ်နှင့်အတူ ဖုယွမ်ချွမ်းအားသူ၏အမြှီးနှင့်ရစ်ပါတ်ထားခဲ့သည်။
အလျင်နှင့်ခုန်ချသည်မို့ သူ့အားကန်အောက်ခြေအထိအလွယ်တကူမြုပ်သွားစေသည်။ ထိုနောက်အနည်းငယ်သာကြာပြီးကန်ပေါ်ပြန်ပေါ်လာတော့သည်။
ဖုယွမ်ချွမ်းသည်တုန်ရီနေသောငါးကလေး၏အမြှီးကိုငုံ့ကြည့်လိုက်မိသည်။
ရေသူလေးများ၏အမြှီးကို တိုက်ခိုက်ရန်အတွက်အသုံးပြုသည်။ မွေးကင်းစရေသူကလေး၏အမြှီးကပင် ရုတ်တရက်တုန့်ပြန်မှုများကိုမူတည်၍ တိုက်ခိုက်မှုအနည်းငယ်မျှဖြစ်ဖြစ်ပြုလုပ်နိုင်သည်။သို့သော် ဤငါးလေးကတော့ သူ့ကိုရေထဲဆွဲချသွားသည်နှင့် ပထမဆုံးတုန့်ပြန်မှုမှာတိုက်ခိုက်ရန်မဟုတ်ဘဲ သူ့အားရစ်ပတ်ထားရန်သာဖြစ်ခဲ့သည်။
ရေပေါ်တဖြည်းဖြည်းပြန်ပေါ်လာလျှင်သတိပြန်၀င်လာသောကျွင်းချင်ယွီကသူ၏လည်တိုင်ကိုခို၍ဖက်လာခဲ့သည်။ ထို့နောက် လူကိုရေအောက်ထံ ပြန်ဆွဲချသွားကာပူဖောင်းလေးတွေမှုတ်ထုတ်ရင်းပြုံးပြလိုက်သည်။
ဖုယွမ်ချွမ်းက သူ့ကိုဖက်လျက်ရှေ့သို့ကူးခတ်လိုက်သည်။ ကျွင်းချင်ယွီကမူ ရံဖန်ရံခါအမြှီးလေးကိုလှုပ်ခတ်လိုက်သော်လည်း အချိန်အများစုတွင် ဖုယွမ်ချွမ်းထံ၌သာတွယ်ကပ်ထားခဲ့သည်။
ရေထဲတွင်ကြာကြာနေနိုင်သောရေသူနှင့်စာလျှင် ဖုယွမ်ချွမ်းမှာအသက်ရှုရန်ရေပေါ်သို့ခဏခဏတက်ရသည်။
ကျွင်းချင်ယွီသည်သူ၏ပုခုံးတွင်မှီလျက် ပါးကိုနမ်းလိုက်ကာမေးလိုက်သည်။
"မောနေပြီလား"
ဖုယွမ်ချွမ်းခေါင်းခါလိုက်ကာ ရေသူကလေးကိုဖက်လျက် ကန်စပ်တွင်လှဲချလိုက်သည်။
"မင်းရဲ့ခြေထောက်တွေရောကိုက်ခဲနေသေးလား"
ကျွင်းချင်ယွီဆိုလိုက်သည်။
"ရေထဲဆင်းပြီးတော့ အတော်သက်သာလာတယ်"
တိတိကျကျပြောရမည်ဆိုလျှင် ငါးအမြှီးအဖြစ်ပြန်ပြောင်းလဲပြီးကတည်းကနာကျင်မှုမရှိတော့တာဖြစ်သည်။
ဖုယွမ်ချွမ်းအချိန်ကိုကြည့်လိုက်ပြီးဆိုသည်။
"နောက်ထပ်နာရီ၀က်လောက်ထပ်စိမ်လိုက်ဦး"
"ကောင်းပါပြီ"
တဖြည်းဖြည်းမှောင်လာချိန်တွင်မှု ရှောင်ယွီမှာဤရက်ပိုင်းကောင်းမွန်စွာအချိန်ပြည့်မအိပ်စက်ရသေးသည်ကိုတွေးမိပြီး ငါးလေးကိုချီ၍အပေါ်သို့ပြန်တက်လာလိုက်သည်။
ကျွင်းချင်ယွီက အ၀တ်များမလဲရသေးသလိုငါးမြှီးကိုလည်း မပြောင်းလဲရသေးချေ။
"ကျွန်တော်ကိုခုံတစ်ခုံပေါ်တင်ပေး"
ငါးအမြှီးကခုချိန်ထိရေတစက်စက်ကျနေဆဲပင်။
ခြေထောက်အဖြစ်ပြန်ပြောင်းလဲပြီးသည့်နောက်ရေချိုးကာ အိပ်ရန်ပြင်လိုက်တော့သည်။
ဖုယွမ်ချွမ်းသည်ရှောင်ယွီကိုဖက်ထားရာမှထကာနောက်သို့တစ်စုံတစ်ခုသွားယူလိုက်သည်။
ကျွင်းချင်ယွီမူလကထင်သည်မှာအ၀တ်သွားလဲသည်ဟု။ သို့သော်ဖုယွမ်ချွမ်းကလိမ်းဆေးအဆီကိုကိုင်ပြီးပြန်လာသည်ကိုမြင်လျှင် ကျွင်းချင်ယွီမှာတောင့်သွားကာ ထိုအတိုင်းကြည့်နေမိသည်။
ဖုယွမ်ချွမ်းသူ့ရှေ့တွင်ထိုင်ချလျက်ပင်
"ဆေးလိမ်းလိုက်ဦး"
ကျွင်းချင်ယွီ"..."
ကျွင်းချင်ယွီ၏မျက်နှာကတမဟုတ်ချင်းနီရဲသွားကာ
"ကောင်းသွားပြီ"
"လိမ္မာနော်"
---
ရေသည်ဆေးမဟုတ်ချေ။ ရေသူများသည်ရေနှင့်ထိတွေ့ပါကပြန်ကောင်းနိုင်စွမ်းတိုးသွားသည်မှာမှန်သော်လည်းရေစိမ်လိုက်သည်နှင့်ချက်ချင်းကောင်းသွားတာမျိုးမဟုတ်ချေ။
ရေထဲတွင်စိမ်ပြီး ဆေးလည်းပုံမှန်လိမ်းပေးမှသာ အရှင်းပျောက်ပေလိမ့်မည်။
......
မနက်ခင်း၌ မနက်စာစားသောက်နေစဥ်တွင် ရှီခိုင်ရှင်းတစ်ယောက်အပြေးရောက်လာကာ ကျွင်းချင်ယွီကိုပင်နှုတ်ဆက်ရန်သတိမရပဲ အလျင်စလိုပြောလာသည်။
"မာရှယ်တစ်ခုခုတော့ဖြစ်နေပါပြီ"
ကျွင်းချင်ယွီသည်ပေါက်စီကိုတမြုံ့မြုံ့နှင့်ဝါးနေဆဲ၊
ဖုယွမ်ချွမ်းလည်းအထူးအထွေစိတ်လှုပ်ရှားမှုရှိမနေချေ။
အခွံခွာထားသောကြက်ဥကို ငါးလေး၏ပန်းကန်ထဲထည့်ပေးလိုက်ကာ လက်ကိုလက်ကိုင်ပုဝါဖြင့် ပွတ်သုတ်လျက်ဆိုလိုက်သည်။
"အရင်စားနှင့်နော်၊ ကိုယ်ပြန်လာခဲ့မယ်"
"အင်း သွားလေ"
ဖုယွမ်ချွမ်းနှင့်ရှီခိုင်ရှင်းထွက်သွားသည်ကိုမြင်လျှင် ကျွင်းချင်ယွီ ခတ္တမျှတွေးတောလျက် စားလက်စကိုရပ်ကာ သတင်းများကိုဖွင့်ကြည့်လိုက်သည်။
အင်ပါယာခေါင်းဆောင်များမှာ ပြည်သူများရှိသူတို့၏ပုံရိပ်ကိုပြန်လည်ဆေးကြောရန်ကြိုးစားနေပုံရသည်။တစ်စုံတစ်ခုကြီးကြီးမားမားဖြစ်ပျက်လျှင်ပင် သတင်းထုတ်လွှင့်မှုမရှိချေ။
လွန်ခဲ့သောရက်အနည်းငယ်ခန့်တွင် မည်သည့်အထွေအထူးလှုပ်ရှားမှုမျှမရှိခဲ့သော်လည်း မြို့လည်မှ ရောဂါကူးစက်နှုန်းက ယခုချိန်အထိထိန်းချုပ်ရန်ခက်ခဲနေဆဲပင်ဖြစ်သည်။
လူပြောများနေသောအကြောင်းအရာများကိုရှာဖွေလျက်နှိပ်ကြည့်လိုက်မိလျှင် ၄င်းမှာရေသူပျိုးထောင်ရေးစခန်းမှရှေ့ထွက်လာသော သတင်းဖြစ်နေခဲ့သည်။
ရေသူပျိုးထောင်ရေးအခြေစိုက်စခန်းတရား၀င်အကောင့်:[ရေသူလေးများ၏အခွင့်အရေးကိုတန်ဖိုးထားလေးစားသောအားဖြင့် ပြင်ပ၀ယ်ယူမှုကိုတားမြစ်ထားပါသည်။]
[အင်ပါယာခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မစ္စတာဖုရဲ့ရေသူလွတ်လပ်စွာ၀ယ်ယူနိုင်ခွင့်ကို တိုးမြှင့်ပေးရန်တောင်းဆိုမှုကိုကျွန်တော်တို့ဘက်ကစဥ်းစားခဲ့ပေမယ့်လည်း ကောင်းကျိုးဆိုးကျိုးများကိုချိန်ဆကြည့်ပြီးတဲ့အခါမှာကျွန်တော်တို့ပယ်ချဖို့ဆုံးဖြတ်လိုက်ပါတယ်၊]
[ဒါပေမယ့်မစ္စတာဖုက ကျွန်တော်တို့ဆီခဏခဏလာပြီး လူတွေရဲ့အသက်ကိုကယ်ဖို့ရေသူလေးတစ်ကောင်၀ယ်ခွင့်ရအောင်အကြိမ်ကြိမ်ကြိုးစားခဲ့တာကိုတွေ့တော့ မစ်စတာဖုရဲ့စိတ်ရင်းကိုကျွန်တော်တို့တကယ်ခံစားရပါတယ်]
[ဒါကြောင့်တာ၀န်ရှိသူတွေကဆုံးဖြတ်ပြီး မစ်စတာဖုအတွက်ရေသူကလေးတစ်ကောင်ကိုသင့်လျော်တဲ့စျေးနှုန်းနဲ့ရောင်းချပြီး ဒီမတော်တဆမှုမှာ ရေသူပျိုးထောင်ရေးစခန်းအနေနဲ့ပါ၀င်ကူညီဖို့ဆုံးဖြတ်လိုက်ပါတယ်]
...
ကျွင်းချင်ယွီသရော်လိုက်မိသည်။ အင်ပါယာခေါင်းဆောင်က ပုဂ္ဂလိကအဖွဲ့အစည်းမှအတင်းအကြပ်၀ယ်ယူချင်နေပေသည်။
ဘယ်လောက်တောင်သနားစရာကောင်းလိုက်လဲ။
ဤသည်မှာအနည်းငယ်အရှက်မဲ့သော်လည်း အတော်လေးထိရောက်သည်ဟုဆိုရမည်ပင်။သတင်းဌာနတချို့ကလူတချို့ကိုလွှတ်၍အင်ပါယာခေါင်းဆောင်မှရေသူပျိုးထောင်ရေးစခန်းသို့သွားခဲ့သောပုံများကိုရယူကာ အင်တာနက်ပေါ်တွင်တင်စေခဲ့သည်။
ရေသူပျိုးထောင်ရေးစခန်း၏မယိမ်းယိုင်သောပုံရိပ်က လူတွေ၏ရင်ထဲမှာအခြေတည်နေ၍ဖြစ်နိုင်သည်။
ထို့အပြင်ရေတပ်ကောမန့်တချို့ကလည်း အင်ပါယာခေါင်းဆောင်အတွက် မည်မျှခက်ခဲခဲ့ကြောင်း စီကာပတ်ကုံးပြောပြနေခဲ့သည်။
နောက်ကွယ်တွင်လည်း အင်ပါယာခေါင်းဆောင်များတွင် တသီးတသန့်ကြွယ်၀မှုတို့မရှိပဲ ငွေအားလုံးကို အင်ပါယာအဆောက်အအုံအတွက်အသုံးပြုခဲ့သည်ဟုသတင်းထွက်နေခဲ့သည်။
ကျွင်းချင်ယွီစိတ်အချဥ်ပေါက်သွားမိသည်။ ဤကောမန့်ပိုင်ရှင်အကောင့်များမှာတစ်ခုခုမှားနေတာပင်။
သို့သော်၄င်းတွင်ကောမန့်အစစ်ဖြစ်သော:[နောက်ဆုံးတော့သတ္တိမွေးပြီး ရေသူပျိုးထောင်ရေးစခန်းကိုတောင်ဒီကိစ္စထဲဆွဲထည့်ပြီးရေသူတစ်ကောင်ကိုတောင်၀ယ်နိုင်လိုက်သေးတယ်ပေါ့၊စိတ်၀င်စားစရာပဲ]
Xxxxxxx