Chapter 77
ပြောစရာမလိုအောင်ပင် ၄င်းအောက်မှreplyပြန်ထားသည်တို့မှာသူ့အားစွပ်စွဲထားကြသည်တို့ချည်းဖြစ်သည်။
[မင်းဆိုရင်ရော မင်းပန်းသီးစားချင်ရင်ပိုက်ဆံနဲ့မ၀ယ်ပဲ ၊ရာထူးအာဏာနဲ့အတင်းလုစားမှာလား]
[ရေသူလေးတစ်ကောင်ကဘယ်လောက်ထိတန်လဲသိလား၊လျော့စျေးနဲ့ဆိုရင်တောင်ငါတို့လိုသာမာန်လူတွေအတွက်ခေါင်ခိုက်နေတုန်းပဲ၊ မင်းကဘယ်လိုကျေးဇူးတင်ရမလဲဆိုတာမသိဘူးပဲ]
[ရေသူပျိုးထောင်ရေးစခန်းကို ကြယ်စုတစ်ခုလုံးပိုင်တယ်၊ အင်ပါယာထဲမှာပဲဆောက်ထားတာ၊ စစ်တပ်ကလည်းသူတို့ကိုတင်းတင်းကြပ်ကြပ်ကာကွယ်ထားပြီး၊ ဖယ်ဒရယ်လွတ်လပ်ခွင့်လည်းအပြည့်အ၀ပေးထားတယ်၊မင်းဟာမင်းဘယ်လောက်ရာထူးမြင့်မြင့် လိုချင်တိုင်းရနိုင်တာမျိုးမဟုတ်ဘူး။]
ကျွင်းချင်ယွီသည် ရေသူပျိုးထောင်ရေးစခန်းကိုမည်သူပိုင်မှန်းမသိချေ။ သို့သော် ကောမန့်ထဲမှတစ်စုံတစ်ဦးပြောစကားအရဆိုလျှင် အမှန်တကယ်ကို၀ယ်ချင်တိုင်း၀ယ်နိုင်သည့်နေရာမဟုတ်ချေ။
ကျွင်းချင်ယွီဆက်ဖတ်ကြည့်မနေတော့ပေ။ တ၀က်တပျက်သောအမှန်တရားကသာ သတင်းများတွင်ရောနှောနေလျက် သူကိုယ်တိုင်လည်း၄င်းတို့ကိုအမှန်အမှားခွဲခြားချင်စိတ်ရှိမနေချေ။
ထို့အပြင်ရက်အနည်းငယ်ခန့်အထိ သေခြင်းတရားကိုရင်ဆိုင်ရတော့မည်ဟု စိုးရိမ်နေကြရသည်မို့ လူတစ်ယောက်ကရုတ်တရက်ပေါ်လာပြီးကယ်တင်ပေးမည်ဟုဆိုပါကမည်သူမဆိုစိတ်လှုပ်ရှားမှာပုံမှန်ပင်။
၄င်းမှာသာမာန်မျှော်လင့်ချက်သေးသေးလေးပင်ဖြစ်စေကာမူ ယုံကြည်၍ရွေးချယ်မိကြလိမ့်မည်။
ကျွင်းချင်ယွီသည်အကောင့်သေးကိုသုံးပြီးသတင်းများကိုဖတ်ကြည့်နေသည်မို့ ၄င်းကောမန့်ကို likeတစ်ခုပေးကာ ပြန်ထွက်ခဲ့တော့သည်။
သူပြင်ဆင်ထားသောသတင်းကလည်း အင်ပါယာခေါင်းဆောင်၏နောက်လှုပ်ရှားမှုအပေါ်မူတည်ပြီးဆုံးဖြတ်ရမည်ပင်။
၄င်းကိုတွေးမိလျှင်ကျွင်းချင်ယွီ ၀မ်ချန်းယောင်အားစာပို့ရန်ပြင်လိုက်တော့သည်။
နောက်ဆုံးတစ်ကြိမ်က သူကိုယ်တိုင် ၀မ်ချန်းယောင်အတွက် သေတွင်းတူးပေးခဲ့မိသည်ကိုတွေးမိလျှင် ကျွင်းချင်ယွီလည်း အလွန်ယဥ်ကျေးစွာစကားစလိုက်သည်။
[နေကောင်းလား၊ အစစအရာရာအဆင်ပြေပါရဲ့လား]
၀မ်ချန်းယောင်:[ကောင်းသမှသိပ်ကောင်း]
စက္ကန့်အနည်းငယ်အတွင်းမှာပင် ဖုန်းစခရင်မှအံကြိတ်သံတချို့ထွက်လာသလိုခံစားလိုက်ရသည်။
ကျွင်းချင်ယွီ:[ငါ့မှာမင်းကိုအကူအညီတောင်းစရာလေးရှိလို့၊ အချိန်ရလား]
၀မ်ချန်းယောင်သည် လောလောဆည်တွင် စွန့်ပစ်ကြယ်တစ်ခုတွင် ခေတ္တပုန်းရှောင်နေတာဖြစ်သည်။
[ဘာကိစ္စရှိလို့လဲ]
ကျွင်းချင်ယွီသည် ဗီဒီယိုနှင့်ပုံတချို့ကိုသူ့အားပို့လိုက်ကာ [Mကြယ်သုတေသနကိုပေါက်ကြားစေလိုက်]
အင်ပါယာခေါင်းဆောင်ကသည်ကိစ္စကိုဖုံးချင်မှတော့သူက သေချာပေါက်ဤဓါတ်ခွဲခန်းကိစ္စကိုဖော်ပြလိမ့်မည်။
အနည်းငယ်စဥ်းစားပြီးနောက်ဤသတင်းအား ကြယ်ဓါးပြထံမှတဆင့်ပေါက်ကြားသည်မှာအကောင်းဆုံးဖြစ်လိမ့်မည်ဟုတွေးမိသည်။ ပထမဦးစွာ ကြယ်ဓါးပြမှာMကြယ်သုတေသနနေရာကို၀င်ရောက်ခဲ့ဖူးသဖြင့် ယုတ္တိတန်သည်။ ဒုတိယအနေဖြင့် သတင်းမှာတခြားသူများကြားဖြတ်ယူခံရမည်ကိုပူစရာမလိုချေ။
၀မ်ချန်းယောင်:[ဘယ်တော့တင်ပေးလိုက်ရမလဲ]
ကျွင်းချင်ယွီတွေးတောလိုက်ကာ:[မြန်နိုင်သမျှမြန်မြန်]
ဤကိစ္စအားအချိန်ဆွဲနေရန်မလို မြန်လေကောင်းလေဖြစ်သည်။
၀မ်ချန်းယောင်:[ကောင်းတယ်၊ လစာတိုးပေးဖို့သာမမေ့နဲ့]
ကျွင်းချင်ယွီ:[လစာကတော့မတိုးဘူး သတင်းထွက်လာတာနဲ့ကတော့မင်းရဲ့ဖမ်းဆီးဆုကြေးငွေကတိုးလာဦးမှာ]
၀မ်ချန်းယောင်:[???]
ဘာဖြစ်တယ်..
"ဘာတွေဒီလောက်ထိသဘောကျနေတာလဲ၊ "
ဖုယွမ်ချွမ်းသည်ဗီဒီယိုအစည်းအဝေးကိုအပြီးသတ်ပြီးနောက် သူပြန်လာသောအခါ ကျွင်းချင်ယွီတစ်ယောက် ဖုန်းကိုကြည့်ပြီးတခစ်ခစ်ရယ်နေသည်ကိုတွေ့လိုက်ရသည်။
"အွန်လိုင်းသတင်းတွေပါ"
ကျွင်းချင်ယွီလည်းယခင်တစ်ခေါက်က မိမိကကြယ်ဓါးပြများနှင့်တစ်ကြိမ်ထက်ပိုမပူးပေါင်းပါဟုကတိပေးထားသည်ကိုသတိရလျှင် ၀မ်ချန်းယောင်ကိစ္စကိုထည့်မပြောလိုက်ချေ။
"ရှီခိုင်ရှင်းကဘယ်မှာလဲ"
"သူမှာလုပ်စရာတာ၀န်တွေရှိနေလို့"
ကျွင်းချင်ယွီခေါင်းငြိမ့်လိုက်ကာ ၀မ်ချန်းယောင် သတင်းပေါက်ကြားမည့်အချိန်ကိုစောင့်ဆိုင်းရန်ဆုံးဖြတ်လိုက်သည်။ ဤနည်းဖြင့်အင်ပါယာခေါင်းဆောင်နှင့်ရေသူပျိုးထောင်ရေးစခန်းနှစ်ခုလုံးအားတစ်ပါတည်း ဆွဲချနိုင်မည်ဖြစ်သည်။ထိုမှသာဖုယွမ်ချွမ်းစိတ်ပူပန်ရခြင်းသက်သာလိမ့်မည်။
"မင်းကအချိုပွဲဆိုင်လေးဖွင့်ဖို့ပဲဂရုစိုက်နော်၊ ဒီကိစ္စတွေကိုယ်ပဲလုပ်လိုက်မယ်"
အခုလေးတင်ရှီခိုင်ရှင်းအပြေးလာပြီးပြောသည့်ကလည်း၄င်းကိစ္စသာဖြစ်နိုင်သည်။
"အိုကေ" ကျွင်းချင်ယွီ ဤအကောင့်ကိုတောင်းခဲ့စဥ်က ဖုယွမ်ချွမ်း ငါးလေး၏ရည်ရွယ်ချက်ကိုအနည်းငယ်ရိပ်စားမိခဲ့သည်။သူကရှောင်ယွီဘာလုပ်မလဲမမေးခဲ့ပေ။ အကယ်၍ ၄င်းကပြသနာကြီးဖြစ်နေခဲ့လျှင်ပင် သူရှေ့ကနေမားမားမတ်မတ်ရင်ဆိုင်ဖြေရှင်းပေးဦးမည်ဖြစ်သည်။
ကျွင်းချင်ယွီကသူ့အတွက်ဆန်ပြုတ်ပူပူနွေးနွေးလေးတစ်ခုကိုယူလာပေးခဲ့သည်။
"ဒါပေမယ့်လည်း ရေသူပျိုးထောင်ရေးစခန်းကသာနောက်ထပ်ရေသူတွေမွေးထုတ်ဖို့ငြင်းရင်ဘယ်လိုလုပ်မလဲ၊ အင်ပါယာခေါင်းဆောင်ကိုရောဒီအတိုင်းပေးလိုက်တော့မှာလား"
ဖုယွမ်ချွမ်းသည်လည်း ဤပြသနာကိုမတွေးမိသည်မဟုတ်ချေ။
"ရေသူပျိုးထောင်ရေးစခန်းရဲ့နောက်ခံကအတော်ရှုပ်ထွေးတယ်၊"
ကျွင်းချင်ယွီနှုတ်ခမ်းကိုတင်းတင်းစေ့လိုက်မိသည်။
သာမာန်လူများကို၀ယ်ခွင့်ပေးလိုက်သည်နှင့်မတူပဲ ဤကိစ္စကရိုးရှင်းမနေချေ။
သို့သော် ပူစရာမလိုတော့ပါချေ။
ဘယ်လိုပဲဖြစ်ဖြစ် ရေသူပျိုးထောင်ရေးစခန်းမှအင်ပါယာခေါင်းဆောင်ကိုကူညီရန်ရှေ့ထွက်လာသည်မှာတော့ ငြင်းမရသောအမှန်တရားပင်ဖြစ်သည်။
ကျွင်းချင်ယွီ ဆေးရနံ့သင်းနေသောလက်ဖက်ရည်ကိုတစ်ငုံခန့်သောက်လိုက်ကာ "ညစာစားပြီးရင် မုန့်ဆိုင်ခဏသွားရအောင်"
ဆိုင်၏အရွယ်အစားမှာအနေတော်ပင်ဖြစ်သည်။
ထပ်တိုးချဲ့၍ရသော်လည်း နေရာကျယ်ကျယ်ကိုကိုင်တွယ်နိုင်ရန်ခက်ခဲလှသည်။
အချိန်ကျလျှင်အင်ပါယာခေါင်းဆောင်များမှာဘာကိုမျှလက်လွတ်စပါယ်လှုပ်ရှားရဲကြတော့မည်မဟုတ်ချေ။
ဖုယွမ်ချွမ်းအပြင်ဘက်ကိုကြည့်လိုက်လျှင် မိုးဖွဲတို့ကျနေဆဲပင်။ ရှောင်ယွီကအပြင်သွားရန်ပြောလာတော့သူလက်ခံသည်မှာပုံမှန်ပင်ဖြစ်သည်။
"အိုကေ"
"ဒါဆိုအင်္ကျီလဲလိုက်ဦးမယ်"
"အိုကေ"
---
အပြင်ဘက်ရှိမိုးမှာတဖြည်းဖြည်းသည်းလာခဲ့သည်။
ထူးဆန်းလှသည်။
ကြိုထုတ်ပြန်ထားသောသတင်းအရဤရာသီတွင်မိုးနည်းရမည်မှာပုံမှန်ပင်ဖြစ်သည်။
မိုးလေ၀သသတင်းထုတ်ပြန်မှုကိုကြည့်လိုက်သောအခါ ယနေ့အပူချိန်ကအဆုံးထိထိုးကျမည်ဖြစ်ကာ ဤမိုးမှာဤရာသီ၏နောက်ဆုံးမိုးဖြစ်မည်ဟုဆိုထားလေသည်။
ကျွင်းချင်ယွီသည်အပြင်ဘက်မှ လမ်းတောင်မမြင်ရအောင်သည်းသည်းမည်းမည်းရွာနေသောမိုးကိုမျက်မှောင်ကျုံ့လျက်ကြည့်လိုက်သည်။သို့သော်လေထုကတော့လန်းဆန်းသောရနံ့ကိုသယ်ဆောင်လျက် ။
မိုးကိုအသာထိတွေ့ရန်လက်ကိုဆန့်လိုက်မိစဥ် သူ၏ခေါင်းထက်မှမှောင်မည်းသွားသောအရိပ်ကြောင့် ခေါင်းကိုမော့ကာထီးကိုင်ထားသောဖုယွမ်ချွမ်းအားကြည့်လိုက်မိသည်။
"သွားကြစို့"
ကားမှာတံခါနှင့်ခြေသုံးလှမ်းစာအကွာအေ၀းတွင်ရပ်ထားလေသည်။
ကျွင်းချင်ယွီ၏ဘေးတွင်ရပ်လျက် ဖုယွမ်ချွမ်းကထီးကိုကိုင်ထားခဲ့သည်။သူကရှောင်ယွီဖိနပ်ပေါ်မှမိုးရေစက်များကိုကြည့်ကာ
"ရှောင်ယွီဒီကိုလာ"
"ဟင်"ကျွင်းချင်ယွီရပ်တန့်လိုက်မိသည်။
"ဘာဖြစ်လို့လဲ"
ဖုယွမ်ချွမ်းထီးကိုရှောင်ယွီထံကမ်းပေးလိုက်ကာ သူ့ကိုဖက်လျက်မိုးရေထဲဆက်လျှောက်သွားလိုက်သည်။
"ဘာမှမဟုတ်ပါဘူး၊ ကိုယ့်ကိုသေချာဖက်ထား"
ကျွင်းချင်ယွီထီးကိုမြှင့်လျက် သူတို့နှစ်ဦးလုံးပေါ်လုံအောင် ဆောင်းလိုက်သည်။ ကြယ်တာရာခေတ်ရှိထီးများမှာအလွန်ကြီးမားသော်လည်းပေါ့ပါးသောအလေးချိန်ရှိသည်။ ၄င်းမှာမည့်သည့်လေးလံမှုကိုမှမခံစားရသလို လေတိုက်လျှင်လည်းမယိမ်းယိုင်ချေ။
ကားထဲ၀င်ပြီးသည့်နောက် ထီးမှာအလိုအလျောက်ပိတ်သွားခဲ့သည်။ ထို့အပြင်ထီးမျက်နှာပြင်ပေါ်ရှိမိုးစက်တို့ကိုလည်းအလိုအလျောက်သိမ်းဆည်းနိုင်သည်။ ဤနည်းဖြင့်ကားထဲတွင်မစိုစွတ်အောင်ကာကွယ်ပေးသည်။
ဖုယွမ်ချွမ်းထီးကိုယူကာဘေးတွင်ထားလိုက်ပြီး မိုးပျံကားအလိုအလျောက်မောင်းနှင်ရေးစနစ်ကိုဖွင့်လိုက်သည်။
အလိုအလျောက်စနစ်က မိုးရွာနေသည့်အချိန်တွင် မည်သည့်လမ်းက မောင်းရန်ပိုရှင်းလင်းသည်ကိုရွေးချယ်ပေးသည်။လမ်းပေါ်ရှိယာဥ်တစ်စီးနှင့်တစ်စီးဖြစ်စေ၊ အရာ၀တ္တုတစ်ခုခုနှင့်ဖြစ်စေမတိုက်မိစေရန် တားဆီးပေးနိုင်လေသည်။
ကျွင်းချင်ယွီကဘဖုယွမ်ချွမ်းလက်ကိုကိုင်လျက် တစ်ရှူးစတို့ဖြင့်သူ့လက်မှမိုးရေများကိုပွတ်သုတ်ပေးလိုက်သည်။
"ကျွန်တော်ရုတ်တရက်ကြီးဘာလို့ဆိုင်ဖွင့်ချင်တာလဲမမေးတော့ဘူးလား"
ဖုယွမ်ချွမ်းရှောင်ယွီ၏လက်ကိုကိုင်လျက်ဆော့လိုက်ကာ "ကိုယ်ဘာများမေးရမှာလဲ"
ကျွင်းချင်ယွီသူ၏လက်ချောင်းလေးများကိုကွေးလိုက်ပြီးသူ၏လက်ဖဝါးကိုပွတ်သပ်လိုက်ကာ
"ခင်များမသိချင်ဘူးလား"
"ဟင့်အင်း"ဖုယွမ်ချွမ်းအနည်းငယ်တွေးတောလိုက်ပြီးနောက်ဆိုသည်။
"မင်းလုပ်ချင်တာလုပ်လို့ရတယ်၊ ကိုယ်ရှိတာပဲ"
ကျွင်းချင်ယွီမျက်တောင်ခတ်လိုက်မိသည်။ သူကဖုယွမ်ချွမ်း၏တုန့်ပြန်မှုကိုသာသိချင်ခဲ့တာဖြစ်ပြီး ဤကဲ့သို့စကားမျိုးကိုကြားရမည်ဟုမထင်ထားချေ။
၄င်းကသူကြိုက်သလောက်ပြသနာရှာလည်း ဖုယွမ်ချွမ်းကနောက်ကအကုန်လိုက်ရှင်းပေးမည်ဟူသည့်သဘောပင်မဟုတ်ပါလား။
ကျွင်းချင်ယွီပြုံးလျက်ခေါင်းလေးကိုမှီလိုက်ကာ
"ဆိုင်ကလည်းဖွင့်ပြီးပြီဆိုတော့၊ ကျွန်တော်ခင်များနာမည်အောက်ကကြေညာချင်တယ်"
"ကိုယ့်နာမည်အောက်က"ဖုယွမ်ချွမ်းမျက်မှောင်ကြုတ်လိုက်မိသည်။
"ကိုယ်ပိုင်မလုပ်ချင်ဘူးလား"
ယခင်ကသာ သူနာမည်ဖြင့်ဆိုင်ဖွင့်ခဲ့လျှင် ရှောင်ယွီအား အင်ပါယာခေါင်းဆောင်ရှာတွေ့ခြင်းမှ ကာကွယ်ပြီးသားဖြစ်လိမ့်မည်။
သို့သော်ယခုတွင်မူ ဆိုင်မှာလူတွေကိုကယ်တင်ရန်ရည်ရွယ်ချက်ဖြင့်ဖွင့်လှစ်ခြင်းဖြစ်သည်မို့ အင်ပါယာခေါင်းဆောင်လည်း၀င်ပါရဲမည်မဟုတ်ချေ။ ရှောင်ယွီကသူ့စိတ်ကြိုက်အမည်ခံဖြင့် ဆိုင်ဖွင့်နိုင်သည်။
ကိုယ့်သဘောနှင့်ကိုယ်ဆိုင်ဖွင့်ခြင်းတစ်ခုကသာ အင်ပါယာခေါင်းဆောင်ကိုဆန့်ကျင်နေခြင်းဖြစ်သည်။ ပြီးလျှင်၄င်းကိုဖုံးကွယ်နေစရာမလိုချေ၊
သူ့နာမည်အောက်မှလည်းဆိုင်ဖွင့်ရန်မလိုပေ။
ကျွင်းချင်ယွီခေါင်းခါလိုက်ကာ
"ကျွန်တော်ခင်များနာမည်ပဲသုံးမယ်"
ဖုယွမ်ချွမ်း သူ၏ဆံစလေးများကိုပွတ်သပ်လိုက်ကာ ထပ်၍ပြောမနေတော့ချေ၊
အပြင်တွင်မိုးကဆက်၍ရွာနေဆဲ။ကားကဘယ်ကိုရောက်နေပြီးဘယ်အချိန်ရပ်သွားခဲ့သလဲမသိလိုက်ပေ။
ဖုယွမ်ချွမ်း အရင်ဆင်းလိုက်ပြီး သူ့လက်ကလေးကိုဆွဲ၍ဆိုင်ကိုခေါ်သွားခဲ့သည်။
မိုးကအလွန်သည်းကာ မြေပေါ်တွင်ရေများအိုင်နေခဲ့သည်။ ကျွမ်းချင်ယွီ၏ဖိနပ်အများစုမှာ အဖြူရောင်များဖြစ်သည်မို့ ၄င်းတို့ကခဏအတွင်းညစ်ပတ်သွားခဲ့လေသည်။
ဆိုင်တွင် အလိုအလျောက်အတည်ပြုကာတံခါးဖွင့်ပေးသည့်စနစ်ရှိသည်မို့တော်ရော့သည်။ မဟုတ်လျှင်မိုးထဲလေထဲတွင်တံခါး၀တွင်ရပ်လျက် သော့ထိုးဖွင့်နေရပေဦးမည်။
ကျွင်းချင်ယွီဆိုင်ကိုမရောက်ဖြစ်သည်မှာအနည်းငယ်ကြာခဲ့သည့်တိုင် ဆိုင်ကိုသန့်ရှင်းရန်တစ်ယောက်အမြဲရှိတာပင်။
မီးဖိုချောင်တွင်လည်းလတ်လတ်ဆတ်ဆတ်အသီးအရွက်များအမြဲအသင့်ရှိသည်။
သို့သော်ကြယ်တာရာမှအသီးအရွက်များမှာအမြဲညံ့ဖျင်းလှသည်။ အရသာလည်းမကောင်းချေ။
မြို့လယ်မှ ကူးစက်ခံရသောလူနာများကိုကျွေးလျှင်လည်း ၄င်းတို့ကိုသုံးသည်ထက် စိတ်ဝိဥာဥ်စမ်းရေနှင့် အသီးအနှံတချို့ကိုကျွေးသည်ကပို၍ထိရောက်လိမ့်မည်။
သေသပ်စွာစီစဥ်ထားသောစားပွဲများနှင့်ခုံများကိုကြည့်ရင်းဖုယွမ်ချွမ်းတွေးတောကာမေးလိုက်သည်။
"ကိုယ်စက်ရုပ်နည်းနည်း၀ယ်လိုက်သင့်လား"
ထိုနည်းဖြင့်၀န်ဆောင်မှုနှင့် သန့်ရှင်းရေးအတွက် အဆင်ပြေသွားလိမ့်မည်။
"မလိုဘူး"ကျွင်းချင်ယွီကမူ စက်ရုပ်သုံးရသည်ကိုသိပ်မကြိုက်ချေ။
"သူတို့စားပြီးရင် ဆေးစက်ကိုပို့ပေးရင်ရပြီ"
ယင်းမှာ၀မ်ချန်းယောင်၏ညီမ စီစဥ်ပေးခဲ့တာဖြစ်သည်။
အစားအသောက်မှာသည့်အခါတွင်လည်း စားပွဲသို့အရောက်လာချပေးမည်မဟုတ်ပေ၊၊ မိမိမှာထားသည့်ဟင်းပွဲတို့ကို ကိုယ်တိုင်လာယူကြရမည်ဖြစ်သည်။
"ပြောစရာတစ်ခုခုရှိသေးလား"
ဖုယွမ်ချွမ်းသည်လည်း ကျွင်းချင်ယွီ၏အကြံအစည်ကပို၍သင့်တော်သည်ဟုခံစားမိလေသည်။
"အိုကေ"ကျွင်းချင်ယွီဖျော်ရည်နှစ်ခွက်ကိုယူလာခဲ့ကာ "ကျွန်တော်ကတော့ဆိုင်ကအတော်လေးပြည့်စုံနေပြီထင်တာပဲ"
မည်သည့်ပစ္စည်းပြတ်လပ်နေခြင်းမျှလည်းမရှိ၊ ၄င်းမှာလည်းမဆောက်လုပ်ခင်ကတည်းက အစစအရာရာကြိုတင်တွေးတောထားမှုကြောင့်ပင်ဖြစ်သည်။
Xxxxxx