အပိုင်း ၇၈
Viewers 16k

Chapter 78


အနည်းငယ်အ​ချောသပ်ပြီးသည်နှင့်ဆိုင်ဖွင့်ရန်အဆင်သင့်ပင်ဖြစ်သည်။


လုပ်စရာမရှိ​တော့တာမို့ ကျွင်းချင်​ယွီ​ခေါင်းတွင်အကြံတစ်ခု​ပေါ်လာခဲ့သည်။ သူကစားပွဲ​ပေါ်မှမီနူးကိုဖွင့်လိုက်ပြီး ဖုယွမ်ချွမ်းထံတိုး​ပေးလိုက်သည်။


"ဒီကဧည့်သည် သုံး​ဆောင်ချင်တာများရှိလားဗျ၊ ​အော်ဒါလက်ခံမလို့ပါ"


မီနူးမှာဖုယွမ်ချွမ်း​သေချာစီစစ်ပြီးမှ​ရွေးချယ်ထားသည်များဖြစ်၍ သူကြည့်စရာ​တောင်မလို​အောင်အလွတ်ရ​နေခဲ့သည်။ သူက​ရှောင်ယွီကိုသာမျက်​တောင်မခတ်ပဲကြည့်​နေခဲ့သည်။သူ၏လက်​ချောင်း​လေးများက မီနူးကိုတ​တောက်​တောက်​ခေါက်လျက် ​မေးလိုက်သည်။


"အကုန်လုံးသက်သက်လွတ်ပဲလား"


အချိုပွဲ​ရောင်းသည့်ဆိုင်မို့ အသီးအရွက်နှင့် အသီးအနှံများသာပါ၀ငိ​ပေသည်။


"အင် .. ဆန်းဒ၀ှစ်ချ်ထဲမှာ​တော့ ၀က်သားပြားပါပါတယ်"


ကျွင်းချင်ယွီမီနူးကိုလှန်၍ပြလိုက်သည်။


"ငါး​ရောမရှိဘူးလား"ဖုယွမ်ချွမ်းမီနူးကိုပိတ်လျက် သာမန်ကာလျှံကာဆိုလိုက်သည်။


"ကိုယ်အခုတ​လောပင်လယ်စာ​တွေအကြိုက်​တွေ့​ေနလို့"


"အဟွတ်"ကျွင်းချင်ယွီ​တောင့်တင်းစွာဆိုလာသည်။


"ငါးအများကြီးစားတာကခင်များရဲ့ခန္ဓာကိုယ်အတွက်မ​ကောင်းဘူး၊ အသားနဲ့အသီးအရွက်မျှစားတာက ပိုပြီးသင့်​တော်တယ်"


ဖုယွမ်ချွမ်း​ခေါင်းငြိမ့်လိုက်သည်။


"အဲဒါကကိုယ့်ခန္ဓာကိုယ်အတွက်မ​ကောင်းတာလား၊ ငါးလေးအတွက်မ​ကောင်းတာလား"


ကျွင်းချင်ယွီ မီနူးကိုကိုင်လျက်သူ၏နီရဲ​နေ​သောမျက်နှာ​လေးကိုကွယ်လိုက်သည်။


"​သေချာ​ပေါက် ခင်များအတွက်မ​ကောင်းတာ​ပေါ့"


"အဲဒီ​တော့ငါးလေးအတွက်ကျ​တော့အဆင်​ပြေတယ်​ပေါ့​နော်"


"..."


ထိုစဥ်ဆိုင်အပြင်ဘက်မှ တံခါး​ခေါက်သံကိုကြားလိုက်ရသည်။


ကျွင်းချင်ယွီတန့်သွားမိသည်။ ခုကတံခါး​ခေါက်ရမယ့်အချိန်လား။


ကျွင်းချင်ယွီ​တွေးလိုက်မိသည်။ သူ​ရောက်လာသည်နှင့်မကြာခင်တံခါးလာ​ခေါက်နိုင်သည်မှာ ၀မ်ချန်း​ယောင်၏ညီမအပြင်မရှိ​ချေ၊


​ယောင်​ယောင်က တံခါးကိုဖွင့်လျက်၀င်လာခဲ့သည်။


သူမက​ဖိနပ်စွပ်ကိုချွတ်လျက် ဆိုင်ကြမ်းခင်းတွင် မ​ပေပွ​စေရန်အထူးဂရုစိုက်လိုက်၏။ သူမက​မေးလိုက်သည်။


"အခုကဆိုင်ဖွင့်ပြီလား"


ကျွင်းချင်ယွီ​ခေါင်းငြိမ့်လျက်ပြုံးပြလိုက်သည်။


"အရင်ထိုင်ပါဦး"


"​ကျေးဇူး" ​ယောင်​ယောင်လည်းသူမ၏ပုံမှန်​​နေရာဖြစ်​သော ​ငွေရှင်း​ကောင်တာနားတွင်ထိုင်လိုက်သည်။


ဖုယွမ်ချွမ်း၏တည်တင်း​နေ​သောမျက်နှာအား အနမ်း​လေး​ပေးလျက်သူကဆိုလိုက်သည်။


"သူ့အတွက်အရင်လုပ်​ပေးလိုက်ဦးမယ်​နော်"


"ကိုယ်ကူမယ်​လေ"


"ရတာ​ပေါ့"


​ယောင်​ယောင်လည်းထိုလူနှစ်ဦးကိုကြည့်လျက် ဆိုလာသည်။


"ဆိုင်ရှင်​ရေ ကျွန်မမှာရှင်နဲ့​ဆွေး​​နွေးစရာရှိတယ် အချိန်​လေး​ပေးလို့ရမလား"


ကျွင်းချင်ယွီနှင့်ဖုယွမ်ချွမ်း အချင်းချင်းကြည့်​လိုက်ပြီး​နောက် ဖုယွမ်ချွမ်းကအလိုက်သိစွာ​ရှောင်ထွက်​ပေးခဲ့သည်။


"ဘာကိစ်စလဲ"


"ကျွန်မအစ်ကိုက ရှင်ခိုင်းထားတဲ့ကိစ္စအ​ကြောင်း​ပြောပြတယ်"


"အဲဒီ​တော့"


"ကျွန်မအရင်က​ပြောဖူးပါတယ်၊ ရှင်သိချင်တာဘာမဆို​ကျွန်မကို​မေးလို့ရတယ်လို့၊ဒါ​ပေမယ့်ရှင်ကမ​မေးချင်မှ​တော့ ကျွန်မဘက်ကပဲအကူအညီအတွက်ကမ်းလှမ်းပါ့မယ်၊ကျွန်မမှာအဲဒီလူကို M ကြယ်သု​တေသနကိစ္စနဲ့တချက်တည်း ချည်တုတ်လို့ရမယ့်နည်းရှိတယ်၊ တိကျတဲ့​သက်​သေလိုမျိုး​ပေါ့"


ကျွင်းချင်ယွီဘာမှ​မ​ပြောသည်ကိုမြင်လျှင်ယောင်​ယောင်ကဆက်​ပြောလိုက်သည်။


"မစ်စတာဖုရဲ့ပ​ရောဂလုံး၀မပါပဲ အဲဒီလူကို Mကြယ်သု​တေသနကိစ္စနဲ့လုံး၀ဆွဲချသွားလို့ရတယ်"


ကျွင်းချင်ယွီ မျက်ခုံးပင့်လိုက်မိသည်။


ဖုယွမ်ချွမ်းကသည်တစ်ခါကိစ္စတွင်အစကတည်းကမည်သည့်ရည်ရွယ်ချက်ကိုမှဖုံးကွယ်မထားသလို ဟန်​ဆောင်ရန်လည်းမလို​ချေ။


သို့​သော်ဖုယွမ်ချွမ်းကိုလုံး၀​ဖော်ထုတ်စရာမလိုပဲ အင်ပါ​ယာ​ခေါင်း​ဆောင်ကိုလုံး၀ရှင်းထုတ်နိုင်ပါမည်​လော။


ကျွင်းချင်ယွီဤကမ်းလှမ်းချက်ကိုအ​တော်​လေးစိတ်၀င်စားမိသည်။


"မင်းရဲ့​တောင်းဆိုမှုကဘာလဲ"


"ကျွန်မကဒီဆိုင်ရဲ့ အထူးဧည့်သည်ပါ၊ ကျန်းမာ​ရေးလည်းမ​ကောင်းဘူး၊ ဒီဆိုင်ကအချိုပွဲ​တွေမရှိပဲ အသက်မရှင်နိုင်ဘူး၊ "​


ယောင်​ယောင်ပြုံးလျက်ဆိုလာသည်။


"ကျွန်မမီနူး​ပေါ်ကတန်ဖိုးကို​ပေးမှာပါ"


"​ကောင်းပြီ သ​ဘောတူတယ်" ကျွင်းချင်ယွီကဆိုလိုက်သည်။


"မင်းကြိုက်တဲ့အချိန်ဒီဆိုင်ကိုလာလို့ရတယ်"


​ယောင်​ယောင်သည်လည်း မည်သည့်စာရွက်စာတမ်း​သော်လည်း​ကောင်း ဒီဂျစ်တယ်စာချုပ်ကို​သော်လည်း​ကောင်း မ​တောင်းဆိုခဲ့​ချေ။သူမကကျွင်းချင်ယွီကိုအထူးယုံကြည်​​လေသည်။


သ​ဘောတူညီမှုလည်းလုပ်ပြီးပြီမို့သူမလည်းဖုံးကွယ်မထား​တော့ပဲ​​ပြောပြလာခဲ့သည်။


"ကျွန်မကပထမမျိုးဆက်စမ်းသပ်ခံပဲ၊ ဒါ​ပေမယ့်အဲတုန်းကသု​တေသနလုပ်ငန်းက Mကြယ်​ပေါ်ကိုမ​ရောက်​သေးဘူး၊အစက​တော့ကျွန်မအစ်ကိုကိုရှင်​ပေးတဲ့တာ၀န်အ​ကြောင်းနားမလည်ခဲ့ဘူး၊ Mကြယ်​ရောက်​​တော့မှသ​ဘော​ပေါက်သွားတယ်၊ ဒီမ​တော်တဆမှုထုတ်​ဖော်ခံလိုက်ရ​တော့ ကျွန်မလည်းရှင်ဘယ်သူ့ကိုပစ်မှတ်ထား​နေတယ်ဆိုတာ နားလည်လိုက်တယ်"


"ကျွန်မရဲ့ မန်မိုရီချစ်ဖ်ပြားမှာ အဲဒီလူသု​တေသနဆိုက်ထဲ​ရောက်လာတဲ့ပုံ​တွေပါတယ်"


ကျွင်းချင်ယွီပင်လျှင်တုန့်ဆိုင်းသွားမိသည်။


"ဒါဆိုမင်းကစက်ရုပ်လား"


​ယောင်​ယောင်​ခေါင်းခါလိုက်သည်။


"မဟုတ်ဘူး၊ အဲဒီအစားကျွန်မက​အောင်မြင်တဲ့စမ်းသပ်မှုတစ်ခုလို့ပဲဆိုရမှာ​ပေါ့၊ ကျွန်မကလူသားဖြစ်​နေတုန်းပါပဲ၊ ဒါ​ပေမယ့် လုပ်​ဆောင်မှုစနစ်​တွေကို ကျွန်မရဲ့အသက်​သွေး​ကြောမှာ​တပ်ဆင်ခံထားရ​တော့ အရမ်းအားနည်း​နေတယ်"


ကျွင်းချင်ယွီ​မေးလိုက်သည်။


"မင်းကတကယ်​အောင်မြင်တဲ့စမ်းသပ်မှုသာဆိုရင်၊ ဘာလို့မင်းကိုလိုက်မရှာကြတာလဲ"


​ယောင်​ယောင်အကူအညီမဲ့စွာဆိုလိုက်သည်။


"သူတို့ရှာကြပါတယ်၊ ရှာလည်းရှာ​နေကြတုန်းပါပဲ၊ ကျွန်မအစ်ကိုကျွန်မကိုတင်းတင်းကြပ်ကြပ်ကာကွယ်​ပေးထားလို့သာ"


"ဒါဆိုမင်းခုလိုလုပ်တာကမင်းကိုယ်မင်း အန္တရာယ်များ​အောင်လုပ်ရာမကျဘူးလား"


​ယောင်​ယောင်ကဆိုလာသည်"သူကအမြင့်မှာရပ်​နေတာကြာပြီ၊ ကျွန်မအတွက်တကယ်ပဲအန္တရာယ်ရှိပါတယ်၊ဒါ​ပေမယ့်ခိုး​ကြောင်ခိုးဝှက်လုပ်​နေရမှာထက် ကျွန်မတိုက်ခိုက်ချင်တယ်၊ ပြီး​တော့ ကျွန်မကရှင်နိုင်မယ်လို့ယုံကြည်တယ်"


"သိပြီ မင်းအစတည်းကစီစဥ်ထားတာပဲ၊ ငါက​နောက်ဆုံးရလဒ်ကို​စောင့်​နေရုံပဲမလား"


"ငါကြည့်လုပ်လိုက်မယ်"


​ကောင်တာ၏​နောက်ဘက်တွင်ဖုယွမ်ချွမ်းမှာ အသီးများကိုလှီး​နေဆဲပင်။ ထို့​နောက် ​ရှောင်ယွီအား စ​တော်ဘယ်ရီတစ်စိတ်ခွံ့လိုက်သည်။


"​ပြောလို့ပြီးသွားပြီလား"


"အင်း" ကျွင်းချင်ယွီစ​တော်ဘယ်ရီကိုကိုက်လျက် အသံကာကွယ်ခြင်းကိုပြန်ဖွင့်လိုက်သည်။ သူတို့​ပြော​နေသည်မှာနီးနီးနားနားမို့ဖုယွမ်ချွမ်းလည်းကြားမည်မှာ​သေချာပါသည်။


ကျွင်းချင်ယွီ၏အမူအယာကိုအကဲခတ်လျက် ဖုယွမ်ချွမ်းက​မေးလိုက်သည်။ "မင်းကသူ့ကိုကတိ​ပေးပြီးပြီ၊ ဒီ​တော့ သူကမင်းကိုသစ္စာ​ဖောက်ပြီး ဒုက္ခ​ရောက်​အောင်လုပ်မှာကို​​ရောမ​ကြောက်ဘူးလား"


ကျွင်းချင်ယွီ​ခေါင်းခါလိုက်သည်။ "ဟင့်အင်း"


​ယောင်​ယောင်ဒီလိုမလုပ်​လောက်ဘူးဟုသူက​တော့​သေချာသည်။


"ကျွန်​တော်သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာအ​ခြေအ​နေကိုစစ်ကြည့်ပြီးပြီ၊ ကျွန်​တော့်မုန့်​တွေရဲ့ကုသမှုကလည်း သူမရဲပြသနာကိုခဏ​လောက်ပဲ​ဖြေရှင်း​ပေးနိုင်မှာ၊ အစွမ်းကုန်သွားတဲ့အခါသူ့မခန္ဓာကိုယ်ရဲ့ပြသနာကပြန်ပြန်​​ပေါ်လာ​နေဦးမှာပဲ၊အဲဒါ​ကြောင့်သူမက ဒီမှာအမြဲလာစား​နေမှရမှာ"


သူမကထိုစွမ်းအင်တို့ကိုစား​နေသည့်တိုင်ကြာရှည်ခံမည်မဟုတ်ပေ။


ကျွင်းချင်ယွီလည်းဒီလိုမျိုးတစ်ခါမှမကြုံဖူး​ချေ။ ဘာပဲ​ပြော​ပြော စမ်းသပ်မှု​​ကြောင့်သူမ၏အလိုအ​လျောက်ပြန်လည်ကုသနှုန်းကဖျက်ဆီးခံလိုက်ရတာလည်းဖြစ်နိုင်သည်။သူမလည်း၄င်းကိုသိနှင့်ပြီးဖြစ်ပုံရသည်။


ဖုယွမ်ချွမ်းလည်းအသီးများကိုဖြတ်​တောက်ပြင်ဆင်ပြီး​နောက်​ဘေးတွင်သပ်သပ်ဖယ်ထားလိုက်ကာ


"​သေချာတယ်ဆိုရပါပြီ"


"အို​ကေ"


ဖုယွမ်ချွမ်းလက်ကိုသုတ်လိုက်ပြီး ​ကောင်တာ​ဘေးမှထိုင်ခုံတွင်ထိုင်လိုက်သည်။


"အဲဒီကိစ္စကိုခဏထားလိုက်ဦး ၀မ်ချန်း​ယောင်ရဲ့သတင်းကို ကြားပြီးပြီလား"


ကျွင်းချင်ယွီက ဝိဥာဥ်စမ်းရေကိုအချိုပွဲထဲထည့်လိုက်သည်။ ၄င်းမှာ၀မ်ချန်း​ယောင်မှ​ဖော်​ကောင်လုပ်ခံရ​သော ​ရေသူပျိုး​​ထောင်​ရေးစခန်းသတင်းဖြစ်လိမ့်မည်ဟု​တွေးမိ​သော်လည်း


"ဘာသတင်းလဲ"


ဖုယွမ်ချွမ်းကဆိုလိုက်သည်။


"ကြယ်ဓါးပြတစ်​ယောက်ကအ​ခု​လေးပဲ​ဖော်လိုက်တယ်၊ ​ရေသူပျိုး​ထောင်​ရေးစခန်းက ​ရေသူဥ​တွေနဲ့ ဇာ့ဂ်​တွေကိုသား​ဖောက်​နေတယ်လို့သံသယရှိတယ်တဲ့ ၊ပြီး​​တော့ဒီနည်းနဲ့​မွေးလာတဲ့​ရေသူမျိုးအစပ်​တွေကို အင်ပါယာ​ခေါင်း​ဆောင်ဆီ​ရောင်းမယ်လို့သတင်းတက်​နေတယ်"


ကျွင်းချင်ယွီမျက်​တောင်တစ်လျက်ခတ်လျက်စားပွဲ​ပေါ်မှမပိတ်ထား​သော အသိဥာဏ်တုစက်ကိုကြည့်လိုက်မိသည်။ ၄င်း၏မျက်နှာပြင်တွင် သတင်းတစ်ခုကိုပြသ​နေပြီး ဖုယွမ်ချွမ်းကထိုသတင်းကိုအသီးများလှီး​နေရင်းကြည့်​နေခဲ့မိသည်။


သူ့​နောက်မှဖုယွမ်ချွမ်းကိုကြည့်လိုက်မိပြန်သည်။ သူကမျက်နှာတွင်ဘာအမူအယာမှမရှိပဲတိတ်ဆိတ်စွာထိုင်​နေသည်ကိုမြင်လျှင် ကျွင်းချင်ယွီသည်မိမိ၏ ကြယ်ဓါးပြနှင့်ဒုတိယံမိပူး​ပေါင်းမှုကိုဖုယွမ်ချွမ်းတစ်​ယောက်ရိပ်စားမိသွားပြီဖြစ်​ကြောင်းသိလိုက်သည်။


ထို့​နောက်မိမိကလည်းဖုယွမ်ချွမ်းအား ဒုတိယအကြိမ်မရှိပါဘူးဟုကတိ​ပေးထားသည်ကို သတိရမိလိုက်လျှင်..


ကျွင်းချင်ယွီ​လျှောက်လာပြီး သူ၏​ပေါင်​ပေါ်တွင်ထိုင်လိုက်သည်။ ထို့​နောက်သူ့အား သနားစဖွယ်က​လေးကြည့်လိုက်ကာ "အခုကျွန်​တော့်ကိုစား​တော့မလား"


အခု​လေးတင်စားပြီးခါစဖုယွမ်ချွမ်း"..."


သူ့မျက်နှာမှတည်ငြိမ်မှုကိုထိန်းထားရန်ခက်လှသည်။


*****


​​ရှောင်ယွီ၏ခါး​ပေါ်ရှိ ဖုယွမ်ချွမ်း၏လက်များမှာတင်းကြပ်သွားပြီး သူ့လက်​ချောင်းများနှင့်တဖွဖွ​တောက်လိုက်မိသည်။


ကြယ်ဓါးပြများနှင့်ပူး​ပေါင်းရခြင်းမှာ အန္တရာယ်များသည်မှာအမှန်ပင်။


အပို​ဆောင်းအားဖြင့် ကြယ်ဓါးပြများက ဥာဏ်များကာ မယုံကြည်ရ​ပေ။ ​​ရေတိုကြည့်ကာပူး​ပေါင်းတိုင်းမ​ကောင်းလှ။


သူအ​ခေါက်​ပေါင်းများစွာ​ပြောပြီးဖြစ်​သော်လည်း ​ရှောင်ယွီက ဤကိစ္စကို အ​လေးအနက်မထားပုံပင်။


သို့​သော် ဤကဲ့သို့​ချော့နည်းကပြင်းထန်လှသည်။


ဖုယွမ်ချွမ်းကတိတ်ဆိတ်​နေသည်ကိုမြင်လျှင် ကျွင်းချင်ယွီသူ့ကိုဖက်လိုက်ပြီး ချွဲလိုက်သည်။


"ဒီကိစ္စကို ၀မ်ချန်း​ယောင်ကို လုပ်ခိုင်းတာကပိုအဆင်​ပြေလို့ပါ"


"ပြီး​တော့သူ့ညီမက ကျွန်​တော့်ဆီမှာပဲ​လေ၊ ကျွန်​တော့်ကိုသစ္စာမ​ဖောက်​လောက်ပါဘူး"


"သူ့ညီမအတွက်သူဂရုမစိုက်ရင်​တောင်၊ ကျွန်​တော့်ကိုသူသစ္စာ​ဖောက်လို့​ကောင်းတာတစ်ခုမှမရှိဘူးဆိုတာသူ​ကောင်း​ကောင်းသိပါတယ်"


"သူ့ညီမကကြယ်ဓါးပြမဟုတ်ဘူး၊ ကျွန်​တော်တို့​ပြောခဲ့တာက ကြယ်ဓါးပြ​တွေနဲ့မပူး​​ပေါင်းပါဘူးဆိုတာပဲ​လေ​နော်"


ကျွင်းချင်ယွီပြသနာကို​​သေချာရှင်းပြလိုက်ပြီးဆိုလိုက်သည်။ "ကျွန်​တော်နဲ့၀မ်ချန်း​ယောင်က ပူး​ပေါင်းတာမဟုတ်ဘူး၊ အ​ပေးအယူပဲလုပ်ထားတာ"


အချုပ်အားဖြင့်သူဆိုလိုက်သည်။


"ခင်များကျွန်​တော့်ကိုစိတ်ဆိုးလို့မရဘူး"


ဖုယွမ်ချွမ်း"..."


၄င်းကအ​တော်​လေးကျိုး​ကြောင်းဆီ​လျော်ပုံ​ပေါ်ပါ​သော်လည်း...


ချွဲ​နေ​သောငါးက​လေးကိုကြည့်ကာ ဖုယွမ်ချွမ်း ဘာများ​ပြောနိုင်ပါမည်နည်း။ သူကသက်ပြင်းချကာဆိုလိုက်သည်။


"ကိုယ့်ကို၀မ်ချန်း​ယောင်ရဲ့ ဆက်သွယ်​ရေးနံပါတ်​ပေး"


"အင်း.."ကျွင်းချင်ယွီ မျက်​တောင်ခတ်လိုက်သည်။


"ဒါဆို ကျွန်​တော် သူ့ညီမရဲ့ဆက်သွယ်​ရေးနံပါတ်ကိုအရင်​တောင်းလိုက်မယ်"


သူ၀မ်ချန်း​ယောင်ကိုဆက်သွယ်လိုက်သည်။


ဖုယွမ်ချွမ်းကဆိုသည်။


"ဒါနဲ့ ကိစ္စ​တွေကို​သေချာ​လုပ်ဦး​နော် ၊ ဂရုစိုက်ပါ"


"စိတ်ချပါ"


ကျွင်းချင်ယွီလည်း ပြင်ဆင်ထား​သောအချိုပွဲကိုထုတ်ယူလိုက်ကာဆိုသည်။


"ဆိုင်ကို​နောက်ဆိုလူများများ​ရောက်လာ​တော့မှာ၊မင်းညမှလာလို့ရတယ်"


​ယောင်​ယောင်​ခေါင်းငြိမ့်လိုက်သည်။


"​နောက်ဆုံး​တော့ ဆိုင်ကိုနာမည်ကြီးသွား​အောင်လုပ်နိုင်လိုက်ပြီပဲ"


ကျွင်းချင်ယွီသည်မူလကဆိုင်ဖွင့်ရန်ရည်ရွယ်ချက်မရှိ​ချေ။ သို့​သော် ဤအ​ခြေအ​​နေသို့​ရောက်​အောင် အရာအားလုံးကတွန်းပို့​နေခဲ့သည်။ ထို့အပြင်ဆိုင်ဖွင့်ခြင်းကသာ လူအများကိုကုသ​ပေးရန်အသင့်​လျော်ဆုံးနည်းလမ်းဖြစ်​နေခဲ့သည်။


"ငါ့ကိုမင်းအစ်ကိုနဲ့ဆက်သွယ်​ရေးနံပါတ်​ပေးပါ"


​ယောင်​ယောင်​တွေး​တောလိုက်သည်။ ကြယ်ဓါးပြများကိုဆက်သွယ်ရန်နည်းလမ်းမှာ အင်ပါယာမှပုံမှန်လူများလိုမရိုးရှင်း​ချေ။အ​တော်ကြာစဥ်းစားပြီးသည့်​နောက်တွင်သူမကဆိုလိုက်သည်။


"ကျွန်မကိုအရင် addလိုက်​လေ၊ ကျွန်မသူ့နံပါတ်ကိုshare ​​​ပေးလိုက်မယ်"


"အို​ကေ" ၀မ်ချမ်း​ယောင်ကို addပြီးသည်နှင့်ကျွင်းချင်ယွီလည်း ဖုယွမ်ချွမ်းထံပြန်သွားလိုက်သည်။


"ခင်များသူ့ကိုအပ်လို့ရပြီ"


"အင်း" ဖုယွမ်ချွမ်းကဆိုလိုက်သည်။


"ရှီခိုင်ရှင်းကိုပို့​ပေးလိုက်"


ကျွင်းချင်ယွီလည်း ဖုယွမ်ချွမ်းတွင် ဆက်သွယ်​ရေးအ​ကောင့်မရှိ​​လောက်ဘူးဟု​တွေးမိကာ ​ခေါင်းငြိမ့်လိုက်သည်။


"အို​ကေ"


........


စာ​ရေးသူမှာ​ပြောစရာရှိတယ်:[ငါးများများစားတာက မင်းရဲ့ကျန်းမာ​ရေးအတွက်​ကောင်းတယ်၊ ဒါ​ပေမယ့်မင်းရဲ့ငါး​လေးအတွက်​တော့မ​ကောင်းဘူး​ပေါ့]


Xxxxxxx