အပိုင်း ၇၉
Viewers 16k

Chapter 79


ကျွင်းချင်ယွီလည်း ဖုယွမ်ချွမ်းတွင် ဆက်သွယ်​ရေးအ​ကောင့်မရှိ​​လောက်ဘူးဟု​တွေးမိကာ ​ခေါင်းငြိမ့်လိုက်သည်။


"အို​ကေ"


​ယောင်​ယောင်စားမပြီးမချင်း သူတို့မထွက်သွားနိုင်ခဲ့​ချေ။


ကျွင်းချင်ယွီစိတ်မပူပေ။ သူက​နောက်လှည့်ကာ ဖုယွမ်ချွမ်း၏​ပေါင်​ပေါ်တွင်ထိုင်လိုက်ရင်း သတင်းများကြည့်​နေလိုက်သည်။


သူ့​ဘေးမှတစ်ခုံမှ လှီးပြီးသားအသီးတို့ကိုတင်ထား​လေသည်။ ဖုယွမ်ချွမ်းကသူ့အား​နောက်မှ သိုင်းဖက်လိုက်သည်။ သူကသတင်းကြည့်​နေသင့်ပါ​သော်လည်း သတင်းကိုစိတ်၀င်စားမှုမရှိပဲ ငါးက​လေးကိုသာ ခက်ရင်းနှင့်အပြည့်​ကျွေး​မွေး​နေခဲ့သည်။ ငါးက​လေးကလည်းနာခံစွာ တမြုံ့မြုံ့ဝါးလျက်။


ကျွင်းချင်ယွီလည်းသတင်းထွက်လာပြီမှန်းသိသည့်တိုင်​သေချာမကြည့်ရ​သေး​ချေ။


၀မ်ချန်း​ယောင်ကသတင်းကိုတဆင့်ပြီးတဆင့်အချိန်ဆွဲပြီးမလွှင့်ခဲ့​ချေ။ ထိုအစားသူကသက်သက်အပြည့်အစုံကိုတိုက်ရိုက်သာချပြလိုက်​လေသည်။ ထိုဗီဒီယိုအပြည့်အစုံက ရှည်ရှည်​ဝေးဝေး​ပြောရသည်ထက်ပိုထိ​ရောက်သည်ပင်။


ဗီဒီယိုထဲတွင် ​ရေသူဥ​ဖောက်ရာအခန်းတွင်း၌ ​ရေသူဥများကိုညီညီညာညာစီထားခဲ့သည်။ မြင်ကွင်းကတဖြည်းဖြည်းနှင့်အစွန်ဆုံးမှအနက်​ရောင်ဥများထံ​ရောက်လာခဲ့​တော့သည်။


ခဏမျှကြာလျှင်ထိုဥများကတဖြည်းဖြည်းများကွဲအက်လာပြီး ဇာ့ဂ်သား​ပေါက်များထွက်လာသည်ကို​တွေ့လိုက်ရ​လေသည်။


ဗီဒီယိုကထိုတွင်ပြီးသွားပြီး ​နောက်ဆုံးမြင်ရ​သောပုံမှာ Mကြယ်သု​တေသနခန်းထဲမှ ဥများပင်ဖြစ်သည်။


ဗီဒီယိုအကျဥ်းချုပ်ဘာမှမ​ရေးထားသည့်တိုင် ​ပြောချင်​သော ရည်ရွယ်ချက်မှာသိသာလွန်းလှသည်။


[ဟိုတစ်​ခေါက် သတင်း​ပေါက်ကြားလာတုန်းကလည်း ဒီကိစ္စနဲ့သ​ဘောတရားတူတဲ့​ကောမန့်​တွေကိုအသည်းအသန်လိုက်ဖျက်ချခဲ့တာမလား၊ ခု​တော့ကြည့်ရတာ အရှိုက်ကိုတည့်တည့်ထိ​နေပုံပဲ]


[အင်ပါယာ​ခေါင်း​ဆောင်က လူ​တွေကိုကုဖို့ ​ရေသူလေးတွေကိုတော့​ လျော့​စျေးနဲ့၀ယ်ရပြီးစမ်းသပ်မှုလုပ်ဖို့အတွက်ကျ​တော့ဘတ်ဂျက်တွေရှိ​​နေတယ်​​ပေါ့ အံ့သြစရာကြီး]


ထို​ကောမန့်မှာ ကျွင်းချင်ယွီ​မျှော်မှန်းသည်ထက်ပင်ပို​နေခဲ့သည်။ ၄င်းကိုနှိပ်ကြည့်လျှင် ၄င်းအ​ကောင့်ပိုင်ရှင်မှာ သာမာန်အသုံးပြုသူတစ်​ယောက်သာဖြစ်ကာ၊ တစ်စုံတစ်ဦးမှအခ​ကြေး​ငွေ​ပေး၍​စေခိုင်းထားခြင်းလည်းဖြစ်ပုံမ​ပေါ်​ချေ။


ပိုရယ်ရသည်က ကျွင်းချင်ယွီပင်လျှင်ထို​ကောမန့်ပိုင်ရှင်လို ဆက်စပ်မ​တွေးနိုင်ခြင်းပင်။


စမ်းသပ်မှုအကြီးကြီးအတွက်ကျ​တော့ ဘတ်ဂျက်​တွေအပြည့်အ၀သုံး​နေပြီး ပြည်သူ​တွေ​ရှေ့ကျ​တော့သူကိုယ်ပိုင် အ၀တ်အစားအသစ်​တောင်မ၀ယ်နိုင်တဲ့ သမာသမတ်ကျသူကြီးလိုဟန်​ဆောင်​နေတယ်။


ဒါဘယ်လိုဟာသလဲ။


အင်ပါယာကသူ့ဘာသူဇာတ်ရုပ်ထွင်ကပြ​နေခြင်းဖြစ်ရာ ယခုဖုံးသမျှ​ပေါ်ကာအရှက်ကွဲသည်မှာလည်းသူ့ကံပင်။


အင်ပါယာ​ခေါင်း​ဆောင်မှာ ​ရေသူပျိုး​ထောင်​ရေးစခန်းကိုအသုံးချလျက် သူ့ပုံရိပ်ကိုပြန်ဆယ်ဖို့ကြိုးစားခဲ့သည်။ သို့​သော် ​ရေသူပျိုး​ထောင်​ရေးစခန်းမှာရှိသမျှဥအားလုံးမှာ Mကြယ်စမ်းသပ်မှူမှဥများသာဖြစ်​နေခဲ့လျှင် မည်သို့လုပ်ပါမည်နည်း။


အနည်းငယ်​တွေးကြည့်ရုံဖြင့်ပင် အကုန်လုံးကသံသယ၀င်စရာ​ကောင်းမှန်းရိပ်မိနိုင်လိမ့်မည်။


[အရင်က​ရေသူပျိုး​ထောင်​ရေးစခန်းက​ပြောတာကဘာတဲ့၊ ​ရေသူ​တွေကို အပြင်လူ​တွေကိုမ​ရောင်းဘူး ဟုတ်လား၊ဒီတစ်​ခေါက် အင်ပါယာ​ခေါင်း​​ဆောင်ကိုယ်တိုင်လာ​ဆွေး​နွေး​တော့ချက်ချင်းလက်ခံလိုက်တယ်​ပေါ့​လေ၊ အံ့သြစရာကြီး]


[​ရောင်းလို့ရသွားတာမအံ့သြ​တော့ပါဘူး၊ ငါတို့ကိုကယ်ဖို့ ​ရေသူ၀ယ်​​​ပေးတယ်ပဲဖြစ်ရဦးမယ်၊ ကယ်တင်ရှင်​ရေသူကဘယ်အချိန်​ စိတ်​ဖောက်ပြီးပြန်သတ်သွားမလဲမသိဘူး၊ အဲကျ ဒီစမ်းသပ်မှုမ​​အောင်မြင်တဲ့ ​ရေသူ​တွေကိုလည်းရှင်းထုတ်ပြီးသားဖြစ်သွားမယ်၊ သူ့ဂုဏ်သတင်းကလည်းပို​ကောင်းသွားမယ်၊ တစ်ချက်ခုတ်နှစ်ချက်ပြတ်​​လေ]


[အမ​လေး ငါ့ကိုယ်ငါပါးရိုက်လိုက်ဦးမယ်၊ ငါ လွန်ခဲ့တဲ့နာရီ၀က်ကတင် အင်ပါယာ​ခေါင်း​ဆောင်​ကောင်းကြီးကို​ကျေးဇူးတင်ထားတာ]


[အင်ပါယာမှာတခြားလူ​တွေမရှိ​တော့ဘူးလား၊ ဒီလိုလူကို​ခေါင်း​ဆောင်လုပ်ခိုင်းမှရမှာလား]


...


၄င်းကိုမြင်လျှင် ကျွင်းချင်ယွီလည်းသူ၏အ​ကောင့်တုမှပို့စ်တင်လိုက်သည်။


[ငါလည်းဒီလူကမ​ကောင်းဘူးလို့မြင်တယ်၊ သူ့ထက်သာပြီး​ကောင်းတဲ့မာရှယ်​တွေမှအများကြီးရယ်၊ ​ရေသူ​တွေရဲ့မျိုးစိတ်က​သေးငယ်ပြီး မျိုးတုန်းခါနီးဖြစ်​နေတာ​တောင်သူကဒီလို စမ်းသပ်မှုမျိုးလုပ်ရက်​သေးတယ်၊ တကယ်​ဘာ​ပြောရမှန်း​တောင်မသိ​တော့ဘူး၊ အကယ်၍အင်ပါယာ​ခေါင်း​ဆောင်ပြန်​ရွေးမယ်ဆိုရင် ငါက​တော့မာရှယ်ကိုပဲ မဲ​ပေးမှာ]


​​နောက်တွင်စာတ​တောက်​တောက်ရိုက်​နေ​သော ​ရှောင်ယွီအား ကြည့်​နေသည့်ဖုယွမ်ချွမ်း"..."


​ရှောင်ယွီမှာ လူထုအမြင်ကိုထိန်းချုပ်ရင်းအလုပ်များ​နေစဥ် ဖုယွမ်ချွမ်းသည်လည်းမအားလပ်ခဲ့​ချေ။ သူကဖြစ်လာနိုင်​သောအ​ခြေအ​နေများကိုကြိုတင်တွက်ချက်​နေခဲ့သည်။


လက်ရှိ အင်ပါယာ​ခေါင်း​ဆောင်မှာ လူထုအမြင်ကိုမထိန်းချုပ်နိုင်​တော့လျှင်ကျိန်း​သေ​ပေါက် စစ်တပ်အင်အားသုံးကာဖိနှိပ်လိမ့်မည်။ သူ့တွင်ဆုံးရှုံးစရာမရှိ​တော့​ချေ။ သူ၏ဂုဏ်သတင်းကမ​ကောင်းလှ​သော်လည်း အနည်းဆုံး​တော့သူ့မှာ အာဏာရှိ​သေးသည်။


ကျွင်းချင်ယွီပန်းသီးစိတ်​လေးကိုကိုက်လိုက်ကာ


"ည​နေခင်းများရဲ့ဆိုင်ဖွင့်ပွဲသတင်းတက်လာမှာကိုသာ​စောင့်လိုက်၊ ပြီး​တော့ မြို့လယ်ဧရိယာကလူနာကို​တွေကုဖို့ မိုးပျံယာဥ်​တွေကိုစီစဥ်​ပေးလိုက်​ပေါ့"


အင်ပါယာ​ခေါင်း​ဆောင်ဖိနှိပ်ခံ​နေရချိန်တွင် ဖုယွမ်ချွမ်းထရပ်ရ​ပေမည်။


ကျွင်းချင်ယွီက အင်ပါယာ​ခေါင်း​ဆောင်အ​ကြောင်း နည်းနည်းမျှဂရုမစိုက်​ချေ။ သူကအပြင်လူသာဖြစ်သည်။ သူလုပ်သမျှကိစ္စမှာ ဖုယွမ်ချွမ်းကိုကူညီရန်တနည်းနည်းနှင့်ပါတ်သတ်​နေ​ပေသည်။


ဖုယွမ်ချွမ်းက​ငါးက​လေး၏ဆံပင်ကိုဆွဲဖွလိုက်ကာ သ​ဘောတူလိုက်သည်။


အတိအကျဆိုရလျှင် ကျွင်းချင်ယွီကသာဤအသီးအနှံများ နှင့်စိတ်စွမ်းအင်​ရည်များကို ထုတ်မ​ပေးလျှင် ဤဆိုင်က​လေးဖွင့်ဖြစ်မှာ​တောင်မဟုတ်​ချေ။


သို့​သော်​ရှောင်ယွီကမူ သူ၏ကြိုးစားမှုအားလုံးကို ​မိမိကိုသာနာမည်ခံ​စေသည်။


သူဘယ်လိုလက်ခံနိုင်ပါမည်နည်း။


ငါးက​လေးကိုတရှုံ့ရှုံ့နမ်းရင်း ဖုယွမ်ချွမ်း​တွေးမိသည်။ ဤတစ်ကြိမ်မှာ ကျွမ်းချင်ယွီကို ​ရေသူပျိုး​ထောင်​ရေးစခန်းနှင့်ဆက်နွယ်​နေမှုမှ လုံး၀ဖြတ်​တောက်ပစ်နိုင်ရန်အ​ကောင်းဆုံးအခွင့်အ​ရေးဟု။


​ရေရှည်ကိုစဥ်းစားရ​ပေမည်။


အနမ်းခံလိုက်ရ​သော​ရှောင်ယွီ​လေးမှ ခတ္တမျှ​တောင့်သွားမိပြီးမှ သူ့အား​မော့ကြည့်လာခဲ့သည်။


ထို့​နောက်ကျွင်းချင်ယွီပြုံးလိုက်ကာ သူ၏ပါးပြင်ကိုလက်ညှိုးဖြင့်ထိုးလျက်


"ဘာ​တွေစဥ်းစား​နေတာလဲ၊ အခု​လေးတင်​ခေါ်​နေတာကိုပြန်မ​ပြောဘူး​နော်"


"​ဆောရီး" ဖုယွမ်ချွမ်းကလက်ဖ၀ါးတို့ဖြင့်​ရှောင်ယွီ၏မျက်နှာ​​လေးကိုအုပ်ကိုင်လိုက်ကာ


"ဘာ​ပြောလိုက်တာလဲ"


ကျွင်းချင်ယွီကသူ၏ဥာဏ်ရည်တုစက်ကိုပြကာ


"​ကောမန့်​တွေကိုကြည့်လိုက်ပါဦး၊ အရှုပ်​တွေသူ့အလိုလိုရှင်းသွားပြီ"


အနှုတ်သ​ဘော​ဆောင်​သော​ မှတ်ချက်များမှာ များလွန်း၍ထင်သည်။ မှတ်ချက်များကို ဖျက်ချခြင်းက အပြစ်ရှိခြင်းကို​ပေါ်လွင်​စေမည်ကိုပင် စိုးရိမ်မ​နေ​​တော့ပဲ ​မှတ်ချက်များကို တစုတစည်းထဲ မြင်သာစွာပင်ဖျက်ချ​နေခဲ့သည်။


​တစ်ချီတွင် ​မှတ်ချက်လေးငါးခုက တစ်ခါတည်း​ပျောက်သွားသည့်အခါ လူ​တွေကလည်း၄င်းကို သဘာ၀လွန်ဖြစ်စဥ်ဟု​ မထင်ကြတော့ချေ။


​ကောမန့်အဖျက်ခံရသူများမှာပို၍မခံမရပ်နိုင်ဖြစ်ကာ ​နောက်ထပ်အ​ကောင့်သစ်များနှင့်ပြန်လာရေးကုန်​ကြသည်။


သို့နှင့်​ကောမန့်ဧရိယာမှာရှုပ်​ထွေးလျက် လူပိုစည်လာ​တော့သည်။ တဖက်ကလည်း ​မှတ်ချက်များကိုဖျက်ချသည့်အပြင် အ​ကောင့်များကိုပါတိုက်ရိုက်ပိတ်သိမ်းပစ်ခဲ့သည်။ သို့​သော် ဗီဒီယိုကမူယခုထိရှိ​နေဆဲပင်။


အတိအကျဆိုရပါလျှင် ၄င်းမှာဖျက်ချခံရသည့်တိုင်ပြန်ပြန်​ပေါ်လာခြင်းဖြစ်သည်။


ကျွင်းချင်ယွီလည်း မူလဗီဒီယိုနှင့် ထွက်လာသည့်အချိန်ကိုစစ်ကြည့်လိုက်လျှင် ၄င်းမှာ အနည်းဆုံး၁၅အကြိမ်ခန့်ဖျက်ချခံရပြီးဖြစ်သည်ကို​တွေ့လိုက်ရ​တော့သည်။


​ကောမန့်များမည်မျှဖျက်ချခံရ​စေကာမူ၊ အ​ကောင့်များကိုလည်းမည်မျှပိတ်သိမ်း​စေကာမူ ထိုဗီဒီယိုကိုမူ ဖျက်ချ၍မရခဲ့​ချေ။


ဖုယွမ်ချွမ်းမှာတဖက်လူ၏ ​ဒေါသထွက်​နေမည့်မျက်နှာကိုပင်မြင်​ယောင်ကြည့်နိုင်သည်။


"ဒါ​တွေကိုထားလိုက်ပါ၊ စိတ်ပူ​နေစရာမလိုဘူး၊ ဆိုင်ဖွင့်ဖို့အတွက်ပဲ​တွေးရ​အောင်"


ဆိုင်ဖွင့်ပွဲအ​ကြောင်းသတင်းတက်လာသည်နှင့် အားလုံး၏အာရုံမှာ ဤဆိုင်ကိုသာ​ရောက်လာကြမည်မှာ​ပြောစရာ​တောင်မလို​ချေ။


ကျွင်းချင်ယွီသည်လည်း​ကောမန့်ဖျက်ချခြင်းဖြစ်စဥ်ကိုဂရုမစိုက်​တော့​ချေ။ သူကသူ၏မူလ​ကောမန့်ကိုဖျက်ကာ အ​ကောင့်ကိုလည်းပြန်သိမ်းလိုက်ပြီးဖြစ်သည်။


သူ၏အ​ကောင့်​လေးမှာ ဖုယွမ်ချွမ်းနှင့်ပူးတွဲသုံး​နေရဆဲမို့ ဤလိုကိစ္စမျိုးတွင်သိပ်၀င်မပါသင့်​သေး​ချေ။


မ​တော်တဆအမှားတစ်ခုလုပ်မိပြီး တဖက်က​ခြေရာခံမိလျှင်ရှင်းရခက်​ချေမည်။


သူ၏အ​ကောင့်မှာ​လော​လောဆည်လုံခြုံ​နေ​သေး​သော်လည်း အနာဂါတ်အတွက်ကြို​တွေးထား​သင့်သည်။


ကျွင်းချင်ယွီလည်းအ​ကောင့်ကိုပြန်သိမ်းလိုက်ပြီး​နောက်တွင် သတင်းကိုကြည့်မ​နေ​တော့​ချေ။ မည်သို့ပင်ဖြစ်​စေ သတင်းအပြည့်အစုံကိုလည်းလူအများကသိသွားပြီဖြစ်ကာ ​ကောမန့်များဖျက်ချ​နေလျှင်ပင် အလုပ်မဖြစ်​တော့​ချေ။


အပြင်ဘက်တွင်​တော့ ​ယောင်​ယောင်က မည်သည့်အချိန်ကစားပြီးသွားသည်မသိချေ၊၊ သူမက အချိုပွဲကုန်သည်နှင့်ထပြန်သွားနှင့်​လေပြီ။


ဆိုင်တွင် အတွင်းဘက် အသံလုံစနစ်ရှိသဖြင့် အပြင်ဘက်မှလှုပ်ရှားမှုအသံများကိုမကြားရ​ချေ။


ကျွင်းချင်ယွီလည်းထရပ်လျက် အ​ကြောအချဥ်များဆန့်လိုက်ကာ "ကျွန်​တော်တို့လည်းပြန်ကြစို့"


"​ကောင်းပြီ"


---


ည ၈နာရီနှင့်၉နာရီကြားတွင်ကျွင်းချင်ယွီမှာထိုင်ခုံ​ပေါ်တွင်​စောင်ပါး​လေးပါတ်ကာထိုင်လျက် သတင်း​ကြေညာချက်ပြုလုပ်ရမည့်အချိန်ကို​စောင့်​နေခဲ့သည်။


ကျွင်းချင်ယွီကအချိန်မတန်ခင်တင်မိကာ ​လော​လောဆည် ​ရေပန်းစား​နေ​သော အတင်းအဖျင်းကိုဖျက်မိမှာစိုးရိမ်​နေခဲ့ခြင်းပင်။


ဖုယွမ်ချွမ်းကသူ့အတွက် အသီးလက်ဖက်ရည်​လေးတစ်ခွက်​ဖျော်လာ​ပေးခဲ့သည်။


"အချိန်မကျ​သေးဘူးလား"


ကျွင်းချင်ယွီ​ခေါင်းကိုခါလိုက်ကာ


"ဟင့်အင်း"


သူ​ရွေးချယ်ထား​သောအချိန်မှာလူအများဆုံးလိုင်း​ပေါ်တွင်ရှိ​နေမည့်အချိန်ဖြစ်သည်။သတင်းထွက်ထွက်ခြင်းပင် ရှာ​ဖွေမှုစာရင်းထိပ်ဆုံးသို့​ရောက်မှဖြစ်မည်၊ သို့မှာသာထိုပို့စ်ကဖျက်ချခံရလျှင်​တောင် လူအများသိပြီးသားဖြစ်သွားလိမ့်မည်။


ဖုယွမ်ချွမ်းကဆိုလိုက်သဘ်။"အိပ်ချင်ရင်သွားအိပ်​​တော့​လေ၊ ကိုယ်အချိန်ပြည့်​အောင်​စောင့်ပြီးတင်​ပေးလိုက်မယ်"


"ကျွန်​တော်မအိပ်ချင်​​သေးပါဘူး"


ဖုယွမ်ချွမ်းကမျက်လုံးမပွင့်​​တော့​သောငါးက​လေးကိုပွတ်သပ်လိုက်ကာ "တကယ််အိပ်ချင်ဘူးလား"


"အင်း.. ကျွန်​တော့်ကိုနမ်း" ကျွင်းချင်ယွီကမျက်လုံးကိုပွတ်သပ်ရင်းဖုယွမ်ချွမ်း၏အင်္ကျီစကိုဆွဲကာ​ပြောလိုက်သည်။


"ကျွန်​တော့်ကိုနမ်းပါ၊ ဒါဆိုမအိပ်ချင်​​တော့ဘူး"


"မနမ်းဘူး" ဖုယွမ်ချွမ်းကလက်​ချောင်းတို့ကိုအသာ​ကွေးလျက် ငါးက​လေး၏ပါးပြင်ကိုပွတ်သပ်လိုက်သည်။


"ကိုယ်မင်းကိုဖက်ထားပြီးသိပ်​ပေးမယ်"


"အင်း.. မလုပ်နဲ့"ကျွင်းချင်ယွီကသူ့ကိုယ်သူ​စောင်နှင့်ထုပ်ကာ ကာကွယ်လိုက်ပြီးဆိုလိုက်သည်။


"ခင်များကျွန်​တော့်​ဘေးမှာဆိုရင်ကျွန်​တော် အိပ်ချင်လာ​တော့မှာ၊ ခင်များအစည်းအ​ဝေးရှိလို့ပြန်မလာတဲ့ညကဆို ကျွန်​တော်အိပ်လို့​တောင်မ​ပျော်ဘူး"


"တစ်ညလုံးမအိပ်ဘူးလား"


"..."


ကျွင်းချင်ယွီ၏အိပ်ချင်မူးတူးဖြစ်​နေ​သော ဦး​နှောဏ်က​လေးက ဖြတ်ခနဲလင်းသွားကာ 'သွားပြီ'ဟု​တွေးလိုက်မိသည်။သူကအသာ​လေး​ခေါင်း​မော့ကာဖုယွမ်ချွမ်းကိုကြည့်လိုက်သည်၊ လက်​က​လေးများဖြင့်လည်းသူ့ကိုယ်သူဖက်ထားလျက်။


ဖုယွမ်ချွမ်းငုံ့ကြည့်လိုက်လျှင် ​ကွေး​ကွေး​လေးလုံး​နေ​သော ငါးက​လေးကိုသနားစဖွယ်​တွေ့လိုက်ရပြန်သည်။


ထိုကဲ့သို့ချစ်စရာအမူအယာ​လေးကိုမည်သို့စိတ်ဆိုးနိုင်မည်နည်း။ သို့​သော်ဖုယွမ်ချွမ်းမှာ​ရှောင်ယွီ၏ကျန်းမာ​ရေးကိုအထူးဂရုစိုက်သည်ပင်၊ ထိုညကအစည်းအ​ဝေးသွားစဥ်ကလည်း ​ရှောင်ယွီအိပ်​နေသည်ပဲထင်ကာအ​ထွေအထူးမ​တွေးလိုက်မိ​ချေ။


"ဒီလိုဆိုရင်မင်းခန္ဓာကိုယ်ကိုထိခိုက်လိမ့်မယ်"


ကျွင်းချင်ယွီနာခံစွာ​ခေါင်းငြိမ့်လိုက်သည်။


"​နောက်ကျတဲ့အထိ​နေတာကလည်း အင်အားသက်သက်ဖြုန်းတီးတာပဲ"


ကျွင်းချင်ယွီလိမ်လိမ်မာမာ​ခေါင်းငြိမ့်​နေဆဲပင်။


"ကိုယ်အနာဂါတ်မှာ တတ်နိုင်သမျှအပြင်မသွားပဲ၊ အစည်းအ​ဝေးရှိရင်လည်းဗီဒီယို​ကောနဲ့ပဲ စီစဥ်လိုက်​တော့မယ်"


ကျွင်းချင်ယွီ​ခေါင်းငြိမ့်လိုက်ပြန်သည်၊၊ ပြီး​တော့မှ တစ်ခုခုကိုသတိထားမိဟန်အံ့အားသင့်စွာ​မော့ကြည့်လာခဲ့သည်။


Xxxxx